Thursday, December 25, 2008

ခရစ်စမတ် အထူး လက်ဆောင်

" GOD IS LOVE "


" ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မှူ၏ "

( ခရစ်စမတ်ဆိုသည်မှာ ပေးဆပ်ခြင်း၏ ပုံသက်သေ ဟူ၍လည်းယူဆ၍ ရနိုင်ပါသည် )

ဤကမ္ဘာမြေပေါ် ရှိ သက်ရှိ သတ္တ၀ါ တိုင်းသည် အသက်ရှင်သန်နေနိုင်ရန်အတွက် နီးစပ်ရာ ဆက်
စပ်ရာ သို့ မဟုတ် မိရှိးဖလာ အလိုက် အစား အစာတခုခုကို စားသုံးကြရသလို အဆင့် အမြင့်ဆုံး
သတ္တ၀ါဖြစ်သည့် လူသားများသည် ခန္ဓာကိုယ်ရှင်သန်နေယုံသာမကပဲ ၀ိညာဉ် ရေးရာဆက်လက်
ရှင်သန်နေနိုင်ရန်အတွက် ဘာသာတရားတခုခုကို မိရိုးဖလာအလိုက်ဖြစ်စေ ၊ မိမိကိုယ်တိုင်ရွေးချယ်
၍ ဖြစ်စေ ကိုးကွယ်ဆီးကပ်ပူဇော်ပသ တပ်ကြလေ့ ရှိသည် ။

ထိုသို့ ကိုးကွယ်ကြရာတွင် ကယ်တင်သောအရှင် မစသောအရှင် သို့ မဟုတ် လမ်းပြသောအရှင်
စသည့် ကြီးမြတ်သော ထူးခြားသော ပုဂ္ဂိုလ် တို့ ကိုတို့ ကို ပူဇော်ဆီးကပ်ကိုးကွယ်ကြလေ့ ရှိရာ
အဘယ်အရာသည် ဘုရားဖြစ်တော်မူသနည်း အဘယ်ကြောင့် ထိုသူကို ကိုးကွယ်ဆီးကပ်ကြရ
ပါနည်း ၊ ထိုကိုးကွယ်သင့် သောပုဂ္ဂိုလ်သည် အခြားသောသူများထက် အဘယ်သို့ ထူးခြားနေ
သင့် ပါသနည်း စသည့် မေးခွန်းများကို မိမိကိုယ်မိမိ မေးမြန်းရန် လူအများစုတို့ သည် မေ့လျှော
နေတပ်ကြပေရာ ရှူဒေါင့် တခုမှနေ၍ အချို့ ကျမ်းချက်များကို ကိုးကား၍ဝေငှ လိုက်ပါသည် ။
" Whoever does not love does not know God, because God is Love "
( 1 John
4:8 )
တွင် " ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်ကိုမသိ ၊ အကြောင်းမူကား ဘုရားသခင်
သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ ။ " ( ဓမ္မသစ်ကျမ်းပိုင်း စာမျက်နှာ ၃၁၇ ၊ ရှင်ယောဟန်သြ၀ါဒစာ
အခန်းကြီး ၄ ၊ အခန်းငယ် ၈ )
တွင် ဆိုထားပေသည်
ထိုအခါ မေတ္တာဆိုသည် ကိုကျမ်းစာက အဘယ်သို့ ဆက်လက်ဖွင့် ဆိုထားပါသနည်း ဟု
လေ့ လာကြည့် သော် " Love is patient, Love is kind. It does not envy, it does not boast,
it is not proud, it is not rude, it is not self-seeking, it is not easily angered, it keeps no
record of wrongs. ( 1 Corin 13:4-5 ) " ငါ့ ၌ မေတ္တာမရှိလျှင်အကျိုးမရှိ ၊ မေတ္တာသည် စိတ်ရှည်
တပ်၏ ၊ ကျေးဇူးပြုတပ်၏ ၊ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ ၊ ၀ါကြွားခြင်းမရှိ ၊ မာန်မာနမရှိ ၊ မလျှောက်
ပတ်စွာမကျင်တပ် ၊ ကိုယ်အကျိုးကိုမရှာတပ် ၊ ဒေါသအမျက်မထွက်တပ် ၊ အပြစ်ရှိသည်ဟုမထင်တပ်
မတရားသောအမှူ၌ ၀မ်းမြောက်ခြင်းမရှိတပ် ၊ သမ္မာတရား၌ ၀မ်းမြောက်တပ်၏ ခပ်သိမ်းသောအရာ
တို့ ကိုဖုံးအုပ်တပ်၏။ " ဟုဆိုထားပေသည် ။
ခရစ်တော်ဘုရားသခင်ကိုယ်တော်တိုင်ကလည်း လူသားခြင်းမေတ္တာပြကူညီကြရန် ဤသို့ 
မိန့် မှာခဲ့ ဘူးပါသည် ။ " A new command I give you: Love one another . As I have Loved
you, so you must love one another." ( John 13:34 ) " သင်တို့ သည် အချင်းချင်း တယောက်
ကို တယောက် ချစ်ကြလော့ ။ ငါသည် သင်တို့ ကိုချစ်သည့် နည်းတူ အချင်းချင်းချစ်ကြလော့ ဟုပ
ညတ်သစ်ကိုငါပေး၏ " ဘုရားသခင်သည် လူအများတို့ ကိုအဘယ်ကဲ့ သို့ ချစ်ကြခဲ့ ပါသနည်း ၊ ချစ်
ရန်တိုက်တွန်းမိန်မှာခဲ့ ပါသနည်း ဟု ကျမ်းစာများ၌လေ့ လာကြည့် ပြန်သော် ..
( ၁ ) စွန့် ကြဲ ပေးကမ်းကူညီခြင်း
( ၂ ) စွန့် လွတ်အနစ်နာခံကူညီခြင်း
( ၃ ) စွန့် စား ကယ်တင်တော်မူခြင်း
စသည့်  စွန့်  ၃ စွန့် ကို အဓိကထားကူညီလမ်းပြ သွားကြောင်း ကြမ်းစားများတလျှောက်တွေ့ ရှိရ
ပါသည် ။
လူသားအချင်းချင်း လူမျိုးအချင်းချင်း မိမိရောက်ရှိရာ နေထိုင်ရာ မွေးဖွားရာ ပတ်ဝန်းကျင်
တွင်မိမိတပ်နိုင်သည့် ဖက်များမှ ကူညီကြရာတွင်
( ၁ ) အချိန်ပေးကူညီခြင်း
( ၂ ) ငွေပေးကူညီခြင်း
( ၃ ) အကြံ ပေးကူညီခြင်း
( ၄ ) သတိပေးကူညီခြင်း
( ၅ ) လုပ်အားပေးကူညီခြင်း
( ၆ ) ဆုတောင်း ကူ ညီခြင်း
စသည် ဖြင့် မိမိတပ်နိုင်သည့် ဖက်များမှ တပ်နိုင်သလောက် အနစ်နာခံကူညီကြခြင်းသည် မင်္ဂလာ
ရှိသော လုပ်ရပ်များဖြစ်ကြောင်း ဘာသာတရားတိုင်းက လက်ခံထားကြပေသည် ။ လူတိုင်းသည်
မပြည့် စုံ ခြင်း အလျှင်းရှိသည့် အလျှောက် တပ်နိုင်သလောက် အကောင်းမြင်ဝါဒ ဖြင့် သာ သဘော
ထားကြီး မေတ္တာပြ သဘောထားကြီး ကူညီ အနစ်နာခံကြရန် ကြိုးစားသင့် ပေသည် ။
ယနေ့ ကမ္ဘာပေါ်တွင် လူသားအများစုကလေးစားကြရသော နိုဘယ်ဆုရှင်ပုဂိုလ်ကြီးများ
ကမ္ဘာကျော်ပုဂိုလ်ကြီးများကိုအနည်းစပ်ဆုံးလေ့ လာကြည့် ကြမည် ဆိုလျှင် သူတို့ ၏ ပညာမြင့် မား
တပ်မြောက်ခြင်း ၊ ချမ်းသာကြွယ်ဝကြခြင်း ၊ သြဇာအာဏာမြင့် မား ခြင်းတို့ ကြောင့် မဟုတ်ကြပဲ
ထိုသူနှင့် ဆက်ဆိုင်သော လူအများစုအတွက် အဘယ်မျှ အနစ်နာခံ ကိုယ်ကျိုးစွန့် စွန့် စားလုပ်
ဆောင်ခဲ့ ကြသည် ဆိုသည် ဖြင့် သာအများသဘောတူတိုင်းတာ လေးစားကြလေ့ ရှိ့ ကြောင်း
တွေ့ မြင်ကြရပါသည် ။ အခြားအရည်အချင်းများကြောင့် အထင်ကြီးချင်ကြီး ကြပါလိပ်မည် ၊ ကြောက်
ရွံ့ ချင်ကြောက်ရွံ့ ကြပါလိမ့် မည် သို့ သော် နောက်ကွယ်တွင် မလေးစားတပ်ကြပါ ။ လူအများ၏
စစ်မှန်သောအလေးစားခံရတပ်မှူသည် အဘယ်မျှအနစ်နာခံခဲ့ခြင်းဖြင့် သာ တိုက်ရှိက်အချိုးကြ
လျှက်ရှိကြောင်းရိုးရှင်းစွာ တွေရပေသည် ။
သို့ သော်ထိုသူအများစုတို့ သည် အလေးစားခံခြင်၍ အနစ်နာခံပြကြခြင်းမဟုတ်ကြ
ပဲ မိမိတို့ ၏ ၀ါသနာ ၊ စေတနာ ၊ အနစ်နာ တို့ နှင့် မခံခြင်စိတ် တို့ ၏တွန်းအားများကြောင့် သာ
တဖြေးဖြေး ၀င်ရောက် ပတ်သက်လာကြရကြောင်း တွေ့ ရတပ်ပေသည် ။ ထိုအနစ်နာခံ ဦး
ဆောင်လိုစိတ်အများစုတို့ သည် ပြည်သူ အများစုအပေါ် မေတ္တာ၊ စေတနာ ထားမှူများမပေါက်
ဖွားလာတပ်ပေရာ မေတ္တာသည်သာ အမြတ်ဆုံးဖြစ်ကြောင်းတွေ့ ရပေသည် ။
" Whoever does not love does not know God, because God is Love " ( 1 John
4:8 )
တွင် " ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်ကိုမသိ ၊ အကြောင်းမူကား ဘုရားသခင်
သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ ။ " ဟုသာဖေါ်ပြလိုပါသည်
ယနေ့ ကမ္ဘာကြီးပေါ်တွင် ဘာသာတရားတိုင်း၌ အစွန်းရောက်ဝါဒီများရှိတပ်ကြ
သလို။ အ ကောင်းအဆိုး အားနည်းချက်အားသာချက် နှင့် လူအမျိုးစုံ တို့ ကို ဒွန်တွဲ၍ဘာသာတိုင်း၌
တွေ့ ရှိနိုင်ကြပေရာဘာသာတရားအားလုံး၏ ဘုံ လေးစား ထိုက်သော တူညီသော အမြင့် မြတ်ဆုံး
သော အရာသည် ကား Love ချစ်ခြင်းမေတ္တာ ဖြစ်ကြောင်း ရိုးသားနိမ့် ချစွာ ဝေငှလိုက်ရပါသည် ။

" Qualities of a Leader "

" Patience, Vigilance and industry, Liberality , compassion and hope-these are the qualities
of a leader; these the qualities that should be wished for by the righteous. "

နာယကဂုဏ် ၆ ပါး

" ထကြွ နိုးကြား သနား သည်းခံ ဝေဖန် ထောက်ရှူ ဤခြောက်ခု ကြီးသူ ကျင့် ဝတ်သာ ။ "




Thursday, December 18, 2008

စိတ္တဇကွန်ခြာထဲမှာ

စိတ္တဇကွန်ခြာထဲမှာ

အနည်းနှင့် အများ
အမှားနှင့် အမှန်
သဏ္ဌာန်တူကွာခြားချက်
အဖက်ဖက်ရှူ့ ဒေါင့် များနဲ့ 
အနားမညီ ဗဟုဂံကတစ်ခု ။

အတုအပ အပြိုင်အဆိုင်
စတိုင်ဟန်ထုတ်
သရုပ်ဆောင်မှူပီပြင်
ရုံမတင်သော ကပွဲများ ။

ခြစားဖုံတက်
ရင်ကျက်ဟောင်းနွမ်း
လရောင်လမ်းမှ
မျှော်မှန်းအိမ်မက်
အတွေးနက်မည့် 
စာအုပ်တွေ ။

အပြုံးအမဲ့ နဲ့ 
ကဲ့ ရဲ့ ရှုတ်ချရင်း
အတ္တမြင်းစီး
အမှောင်ခရီးနှင်
မပီပြင်သော
ခရီးသွားကတချို့ ။

ကောင်းကင်မြေထက်
နေထွက်လ၀င်
အသွင်သဏ္ဌာန်ပြောင်း
လဟောင်းနှစ်ထပ်
လည်ပတ်နေမည့်  ကမ္ဘာမြေ ။ ။




Type the rest of your post here.

Sunday, December 14, 2008

' C '

* c ၊ ပ ၊ ဂ နှင့် ၁ *

မင်းမမှားပါ
ငါလည်း မှန်တယ်
အလည် မှာ င
ဘက်စုံ မှ ကြည့် 
ရှိသည့် သန်တန် မတူပြန်ဘူး
သူ ငယ် ချင်း ။


Friday, November 28, 2008

VOICE FROM THE DARK EARTH

VOICE FROM THE DARK EARTH


The world is rounding
on his pole…..

But some parts were
dark forever….

They are trying to dawn..

If you love human rights…

If you like rightness….

If you have sympathy
for the oppressed ….

If you have compassion….
for these humans in darkness.

Give a voice to
freedom from fear….



Friday, November 21, 2008

အမှန်တရားကိုရှာဖွေခြင်း

အမှန်တရားကိုရှာဖွေခြင်း

အဆန်းဆုံးဆိုတာတွေဟာ
ရိုးသွားပြီးတဲ့ နောက်
အဆိုးဆုံးလူတယောက်
အကောင်းဖက်ပြန်ရောက်တဲ့ အခါမှာ
အမှန်တရားဟာ အမှားတရံလားတဲ့
လောကရဲ့ ဒဿနအသစ်
အချစ်ရဲ့ အဆုံး အမုန်း
အပြုံးရဲ့ တဖက် အမဲ့ 
ကဲ့ ရဲ့ ခြင်းဆိုတာ
အခါခါမချီးမွမ်းနိုင်တော့ လို့ ပါ
ရိုးသားမှူတွေဟာ
ရိုးသွားခဲ့ ရ
ဘ၀ရဲ့ အစွန်းနှစ်ဖက်
ရောက်ခဲ့ ပြီးတဲ့ အခါ
ကမ္ဘာကြီးဟာလည်နေကြောင်း
ကောင်းကောင်းသဘောပေါက်
နားလည်ခဲ့ ရပါပြီလေ....။ ။


( ချီးမွမ်းခုနှစ်ရက် ၊ ကဲ့ရဲ့ ခုနှစ်ရက်အား ဖွဲ့ ဆိုပါသည် )


Type the rest of your post here.

Saturday, November 15, 2008

ဒီမို ဘာလဲ ဘယ်လဲ

ဒီမို ဘာလဲ ဘယ်လဲ

၈ မှဒီမိုကရေစီတော်လှန်ရေးကြီးစပြီး ပြည်တွင်းပြည်ပရှိမြန့် မာပြည်သူတွေကြားထဲမှာ အဓီကအုပ်စု
သုံးစုပေါ်ပေါက်ခဲ့ ပါတယ်။
( ၁ ) ပြည်သူမှစစ်မှန်စွာရွေးချယ်တင်မြှောက်သော အစိုးရတစ်ရပ်မြန်မာပြည်အတွက်ပေါ်ပေါက်သင့် ပြီဟု
ယူဆသော ပြည်သူများ ။
( ၂ ) ဘယ်သူတွေကမိမိကိုဘယ်လိုစံနစ်နဲ့ အုပ်ချုပ်သည်ဖြစ်စေ မခံစားတပ်၊မခံစားလို
မတွေးတောချင်၊မိမိနှင့်ဆိုင်သည်ဟုမထင်သောသဗေသတ္တာကံမသကာပြည်သူများ ။
( ၃ ) မှားသည်မှန်သည်ကိုသိသော်လည်းတိုက်ရိုက်သော်၎င်း၊သွယ်ဝိုက်၍သော်၎င်းပတ်
သက်ဆက်စပ်အကျိုးခံစားနေရ၍ မျက်စေ့ မှိတ်ကျားကန်ထောက်ခံနေကြရသောပြည်သူများ၊အုပ်ချုပ်သူများ ၊ အကြောင်းအမျိုးမျိုးကြောင့် အာဏာကို ဆက်လက်ဆုတ်ကိုင်ထားရန်လိုအပ်နေသေးသောသူများ
ဟူ၍ဖြစ်ပါသည် ၊
မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံမှာကြီးပြင်းခဲ့ ကြသော ကျွန်တော်တို့ မြန်မာလူမျိုးအချင်းချင်း
တဦးနှင့် တဦးနားလည်ခန့် မှန်းသုံးသပ်ရန် မခဲရင်းလှပါ ။

( ၁ ) ပါတီစုံဒီမိုကရေစီ(၀ါ)စစ်မှန်သောပြည်သူ့ အစိုးရကိုလိုလားသောမြန်မာပြည်သူများသည် နံပါတ်တစ်အများ
ဆုံးသောအုပ်စုဖြစ်သည်ဟုရဲဝန့် စွာဝံခံရပါမည်။
ဘ၀ပျက်အသက်အသေခံအနစ်နာခံရဲ့ ဝန့် စွာပြင်းထန်စွာတွန်းလှန်တိုက်ခိုက်နေသူများမှအစပျော့ပျောင်းညင်သာစွာဆန္ဒဖေါ်ထုတ်ကြသည့် 
ပြည်သူများအလည် နောက်ကွယ်မှ နည်းမျိုးစုံဖြင့်ထောက်ခံအားပေးနေသူများအဆုံးအားလုံးပါဝင်ပါသည် ။

ထိုသူတို့ သည် ဒီမိုကရေစီရသွားလျှင်၊ စစ်အစိုးရပြုတ်ကျသွားလျှင်မြန်မာနိုင်ငံကြီးနေ့ တွင်းညတွင်းခြင်း
ချမ်းသာလာတော့ မည် ပြည်သူတို့ ရွေးချယ်တင်မြှောက်လိုက်သော ဒီမိုကရေစီအစိုးရသည် သန့်ရှင်း
မြင့် မြတ်စဉ်ကျယ်သော ခေါင်းဆောင်များချက်ခြင်းရလာလိမ်မည်ဟုမျှော်လင့် မထားကြပါ။
စစ်အစိုးရလုပ်သမျှတစ်ခုမှမကောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများ အားလုံးရက်စက်ရုတ်မာ
သည်ဟုကျွန်တော်တို့ မဆိုလိုပါ။
ဒီမိုကရေစီအခြေခိုင်ခန့် နေပါပြီဆိုသော ကမ္ဘာ့ နိုင်ငံကြီးများတွင်ပင်လျှင် အစိုးရထဲမှချစားမှူများ
မတရားမှူများရှိနေတယ်ပါသေးသည် သေနပ်ပြောင်းဝ မှအာဏာကို ဆက်လက်ထိမ်းသိမ်းဖက်
တွယ်ထားသော ပြည်သူ့ အာဏာကိုမလေးစားသော အာဏာရှင်နိုင်ငံများတွင်လည်း အတုယူ
စရာများရှိတပ်ပါသည်။ လူဟာဘယ်စံနစ်မှာမဆိုအနည်း
နဲ့ အများဖေါက်ပြန်တယ်ပါတယ် ဖေါက်ပြန်နေမှာပါပဲ ရာထူးအကြီးအသေးအလိုက်ပေါ့ 
တိုင်းပြည်တခုဟာလွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းကို ဘယ်လောက်ထိမ်းထားနိုင် သလဲဆိုတဲ့ အချက်က
ထိုတိုင်းပြည်နဲ့ ထိုပြည်သူတွေအတွက် အခြေခံကျပါတယ် အုပ်ချုပ်သူတွေဘာလုပ်လုပ် မျက်စေ့ မိတ်ပြီးမကောင်း
ထိုင်ပြောနေမယ်ဆိုတဲ့ အတွေးမျိုးဟာတော်လှန်ရေးမဟုတ်ပါဘူး သူတို့ လုပ်မှအောင်မြင်မယ် ၊ ငါတို့ လုပ်မှ
အောင်မြင်မယ်ဆိုတဲ့ ငါစိတ် လွန်ကဲခြင်းဟာလည်း ထွက်ပေါက်မရှာနိုင်သော ပြည်သူအများစုနှင့် မျက်နှာငယ်
နေသောတိုင်းပြည် နစ်နာရုံမတပါးအခြားကောင်းကျိုးမရှိနိုင်ပါ ။ မြန်မာပြည်သားတိုင်းအဖြစ်မှန်ကို ရိုးသား
စွာမြင်တပ်ဖို့ လက်ခံတပ်ဖို့ အရေးကြီးပါသည် ။ မြန်မာပြည်သူပြည်သား တဦးချင်းစီရဲ့  လွတ်လပ်ခြင်း ၊ တရားမျှတခြင်း နဲ့ အခြေခံလူ့ 
အခွင့် အရေးတွေကို ဘယ်သူတွေက ဘယ်အချိန်မှာ အာမခံချက်ပေးနိုင်မှာလဲ ဆိုတဲ့ မေးခွန်းကို မိမိဖာသာ စိတ်အေးအေးထားပြီးတဦးချင်းစီအနေနဲ့ ဖြေ
ကြည့် ကြရအောင်ပါ ။ ဒါဟာယနေ့ ကမ္ဘာလူမှူအသိုင်းအ၀ိုင်းမှာ တိုင်းနိုင်ငံတိုင်း ပြည်သူတိုင်းအတွက်အခြေခံလိုအပ်ချက်တွေပါ
အဲဒါတွေရှိလာမှတဦးချင်းစီရဲ့ ကျိုးစားမှူတွေဟာညီမျှစွာအရာထင်လာပြီး တိုင်းပြည် တခုလုံး လူမျိုးတမျိုးလုံး
အဆင့် ဆင့် တိုးတက်လာမှာဖြစ်ပါတယ် ။
ီဒီမိုကရေစီစံနစ်သည်သာ တစ်ခုတည်းသောတိုင်းပြည်နှင့် လူမျိုးကိုတိုးတက်စေသောစံနစ်တခုဟုကျွန်တော်
တပ်အယ်မပြောလိုပါ သို့ သော် သူအလိုအလျှောက်ဖြစ်နေသောအစိုးရ ( သဘာဝပေါက်ပင်အစိုးရ) မျိုးများ
သည်မနေခောတ်ကမ္ဘာနှင့် မကိုက်ညီတော့သည်မှာသေချာပါသည်။ ဒါကိုစိတ်ထဲကကြိတ်၍သဘောပေါက်နား
လည်နေသောစစ်အစိုးရများ၊ တိုင်းပြည်ကိုကယ်တင်လိုက်ရပါသည် စိတ်မချသေး၍ဆက်လက်ထိမ်းသိမ်းထား
ရပါသေးသည်ဆိုသောအစိုးရခေါင်းဆောင်ကြီးများနိုင်ငံကြီးများသည် အကင်းပါးစွာဖြင့် မသိမသာပြောင်းလွဲ
လွတ်လပ်မှူများကို လျှောပေါ့ ပေးလာရသည်ကို တရုတ် ၊ ရုရှ ၊ ကျုးဘား ၊ စသည့်နိုင်ငံများတွင်ထင်ရှားစွာတွေ
မြင်နိုင်ပေသည် ၊ အာဏာရှင်ဆန်သောလေသံများဖြေးညှင်းစွာပပြောက် လာသည် ၊ သို့ သော် မိမိပြည်သူများ
ကို တပ်နိုင်သမျှ ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်ထားနေဆဲဖြစ်သည် ။
ထို အလိုအလျှောက်ဖြစ် အစိုးရများသည် သေနတ်ပြောင်းဝမှအာဏာကို ဗြောင်မသုံးရဲတော့ ပဲ မျက်စေ့ ပွင့် 
နေသောပြည်သူများကို မျက်စေ့ မပွင့်နေသောပြည်သူများဖြင့် လှဲ့ တိုက်ပေးသောနည်းဗျူဟာကိုတဖက်လှည့် 
သုံးစွဲလာခဲ့ သည် ။ အမှန်တရားကို သူတို့ နားလည် ၏သို့ သော် တပ်နိုင်သမျှ ၊ ဖြစ်နိုင်သမျှ ၊ ကြာနိုင်သမျှ သူ
တို့ ထိမ်းချုပ်ထားချင် အချိန်ဆွဲထား ကြဦးမည်ဖြစ်သည်။
နောက်ကွယ်မှ သေနတ်ကိုင် ပြီးကလိန်စေ့ညာဏ်ဆင်၍ အာဏာဆုပ်ကိုဖက်တွယ်ထားကြမည့် အစား ပြည်သူ
လူထုစင်မြင့် ရှေ့ မှောက်ပေါ်သို့ ရဲဝန့် စွာရင်ကော့ တက်လာပြီး မဲဆွယ်စီးယုံး ၍ ခေါင်းဆောင်နေရာကို ထိုက်
တန်စွာရယူ ကြစေလိုပါသည် ။
ကမ္ဘာာပေါ်ရှိထို အလိုအလျှောက်ဖြစ် အစိုးရများသည် ဝေဖန်တပ်သောပြည်သူများနှင့် သတင်းမီဒီယာများကို
နည်းမျိုးစုံဖြင့် ဖိနိပ်ဟန့်တားလေ့ ရှိသည် မိမိတို့ ၏သတင်းများကိုလည်း အာဏာသုံ၍နည်းမျိုးစုံဖြင့် ဖြန့်ချီမိုင်း
တိုက်လေ့ရှိသည် အဘယ်ကြောင့် ထိုတိုင်းပြည်ခေါင်းဆောင် ဟုအတင်းအဓမ္မခံယူထားသော ပုဂ္ဂိုလ်များသည် အဝေဖန်မခံရဲရပါသနည်း မီဒီယာများကိုပိတ်ဆို့ ထားရပါသနည်း ကမ္ဘာနှင့် ပြည်သူကို မျက်ချေဖြတ်ရပါသနည်း
ဆိုသည့် အဖြေကို တိုင်းပြည် ၏အခြေခံလူတန်းစားများမှအစ အသိပညာအတပ်ပညာရှင်များအဆုံး တဦးချင်းစီ
လွပ်လပ်စွာဖြေကြည့် ကြစေချင်ပါသည်
ယနေ့ ကမ္ဘာနိုင်ငံအများစု ( အနောက်နိုင်ငံကြီးတွေကိုထားပါဦးတော့ ) သည် ( ဥပမာ အိမ်ဒိယ ၊ ထိုင်း ၊ စင်္ကာ
ပူ၊ ဖိလိပီး ) နိုင်ငံအများစု၏အစိုးရနှင့် ပြည်သူဆက်ဆံရေးကိုပြည်တွင်းမှ ပြည်သူများလေ့ လာရန် အခွင့် အရေး နည်း ပါး သည့် ကြားမှ လေ့ လာကြည့် ကြစေလိုပါသည် ရာနှုံးပြည်ကောင်းမွန်သောစံနစ်ဟုမဆိုလိုပါ အားနည်း
ချက်အားသာချက်များစွာ ရောပြွန်းနေသေးလင့် ကစား ပြည်သူတို့ ၏လွတ်လပ်ခွင့် ၊ ကမ္ဘာမှပြည်သူနှင့် နိုင်ငံအ
စိုးရကိုလေးစားအသိအမှတ်ပြုမှူ အတွေးခေါ် ပညာရေးနှင့် ကမ္ဘာကြီးကိုလွတ်လပ်စွာဆက်သွယ်နိုင်ခွင့် တို့ သည်
တရုပ် ၊မြောက်ကိုရီးယား ၊ မြန်မာစသည့် နိုင်ငံတို့ နှင့် ယှဉ်လျှင် လွန်စွာကွာခြားကြောင်း သိသာလှပါသည် ။
ဒီမိုကရေစီနိုင်ငံကြီးများသည်သာ ကောင်းသည့် အစိုးရစံနစ်ဖြစ်သည် မဟုတ်ကြောင်းကျွန်ုပ်ထပ်ခါတလည်း
လည်း သတိပေးလိုပါသည် သို့ သော်မည်သို့ ဆိုစေ ယနေ့ ခေတ်ကမ္ဘာကြီးတွင် မိမိမမွေးခင်ကပင် အလိုအ
လျှောက်ဖြစ်နေပြီးဖြစ်သောအစိုးရမျိုး ၊ အတင်းအဓမ္မဖြစ်ထွန်းလာသောအစိုးရမျိုး လက်နှက်အားကိုးဖြင့်ရွေး
ချယ်ခံခဲ့ ရသောအစိုးရမျိုး ၊ ဘုရင်စံနစ် စစ်အာဏာရှင် စံနစ် ဆန်ဆန်အစိုးရမျိုးများသည် တဖြေးဖြေး ပြောင်း
လွဲ ပပြောက်လာကြသည်ကို ရိုးသားစွာဝန်ခံကြပါစို့ ။
လူမျိုးချင်းအတူတူ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား ဘာကြောင့် တိုးတက်မှူကွာခြားလာရတာလဲ ဂျပန်
နဲ့ တရုပ်အောင်မြင်တာတူရင်တောင် ကမ္ဘာကလက်ခံတာ မြင်တာဘာကြောင့်မတူကြတာလဲ ၊ ရိုးသားစွာစဉ်း
စားကြရအောင်ပါ ၊ ပဒေသရဇ် ခေတ်ကာလတွေမှာ ဘုရင်တွေ သားစဉ်မြေးဆက် ကံကောင်းယုံနဲ့ အုပ်ချုပ်ကြ
တာမျိုး ၊ ကမ္ဘာစစ်ကာလတွေမှာ စစ်တပ်ကနိုင်ငံကိုအုပ်ချုပ်ကြရတာမျိုး မဆန်းပေမဲ့  ယနေ့ ခေတ်ကမ္ဘာကြီး
မှာ မြန်မာစစ်တပ်အခန်းကဏ္ဌဘယ်နေရာမှာရှိသင့် ပါသလဲ ၊ ကမ္ဘာက လေးစားဆက်ဆံအသိအမှတ်ပြုလာ
ဖို့ ဘာတွေလိုက်နာဖို့ လိုအပ်ပါသလဲ ၊ ကမ္ဘာကလူရာမသွင်းရင် ရေရှည် ပြည်သူနဲ့ နိုင်ငံဘာတွေဖြစ်လာမ
လဲ ( ဒီနေရာမှာလူဦးရေများနေသောတရုပ်ကိုတုမိုက်၍မရပါ )၊ လူတိုင်းစဉ်းစားနိုင်ပါသည် ၊ ဒါဆို ယနေ့ 
စစ်တပ် လာလုပ်နေသလဲ့ ၊ ဘယ်လမ်းကြောင်းပေါ်မှာဘယ်လို ဦးတည်ချီလှမ်းနေသလဲ ၊ အတိုက်အခံတွေ
အပေါ်တရားမျှတမှူရှိသလော၊ ပြုစုပြိုးထောင်အားပေးမှူရှိသလော၊ ဒီအဖြေတွေကို မိမိဖါသာ မိုင်းတိုက်မခံ
ပဲ လွပ်စွာ သဦးချင်းစီဖြေကြည့် ကြပါ ၊ ဒါဆိုရင် တိုင်းပြည်လူမျိုးအတွက်ဘယ်ဘက်ကရပ်တည်တာမှန်တယ်
ဆိုတာ မိမိသမိုင်းကိုမိမိလိပ်ပြာလုံပါလိမ့် မယ်
ယာရီ အရှုံးအနိုင်သည် အခြေအနေအချိန်အခါအရပ်ရပ်ပေါ်တွင်ရပ်တည်နေသဖြင့် အဓိကမကြပါ မိမိ စိတ်
ဓါတ် ယုံကြည်ချက် သန့် စဉ်မှူသာလျှင် သမိုင်းမျိုးဆက်တွေက မှတ်ကျောက်တင်သွားပါလိမ့် မည်


ဆက်ရေးပါဦးမည် ...



Saturday, November 8, 2008

အုပ်စုဥပဒေ

အုပ်စုဥပဒေ

တော်လှန်သူဟာ
ဗမာပြည်ကွန်မြူနစ်တဲ့ ...
ညစ်ပတ်တဲ့ ဥပဒေ
ပြည်သူတွေကို စွပ်စွဲ
ထောင်ထဲကိုသွင်းလို့ 
ဒို့ တတွေ ရှောင်တိမ်းလာတာ
ဒီနေရာမှာပြန်တွေရ
မ ဆ လ တဲ့ စွပ်စွဲ
အဲဒီလူ ဟာ သူလျှို
မလို သူတွေတစု
ပြုလုပ်တဲ့ ဥပဒေ
ဒီနယ်မြေမှာ
မရှိပါစေနဲ့ ...။ ။


( ၁၉၉၀ ရိုးမ၏ရှိုက်သံများ ကဗျာစာအုပ်မှ )


Saturday, November 1, 2008

အတ္တ၏သားကောင်များ

အတ္တ၏သားကောင်များ

သိ၍မဟုတ်
ကျွန်နုပ်သိ၏...။

မကြား၍မဟုတ်
ကျွန်နုပ်ကြား၏..။

မမြင်၍မဟုတ်
ကျွန်နုပ်မြင်၏..။

သိ ကြား မြင်လည်း
ရဲရဲမ၀န့် 
ကျွန်နုပ်အဖြစ်ကား
ဘာများတပ်နိုင်ဦးမည် နည်း..။ ။


( စိတ်ကောင်းရှိသော တပ်မတော်အရာရှိကြီးများသို့ )


Friday, October 24, 2008

သူတို့ ကိုဂုဏ်ပြုခြင်း

သူတို့ ကိုဂုဏ်ပြုခြင်း

သူတို့ 
ယုံကြည်ချက်မျက်ခင်းပြင်ပေါ်မှာ
ထိုင်နေရင်း
စိတ်ဓါတ်အဟာရကိုသာ
စားသုံးနေကြတယ် ။

ဒါပေမဲ့ 
မျှော်လင့် ချက်
အားအင် အပြည့် နဲ့ အတူ
မြန်မာပြည်သူတွေအတွက်
၈၈ ရဲ့ သူရဲကောင်းများအတွက်
၉ ရက် အစာငတ်ခံတိုက်ပွဲ
ရဲသလားမမေးနဲ့ ။

ကိုးရက် ကိုး လ ကိုး ဆယ့် ကိုး
အစပျိုးတဲ့ တိုက် ပွဲ
ရင်ထဲကဂုဏ်ပြု
ယခုခေတ်ရဲ့ အာဇာနည်များ။ ။

( ကိုးလေးလုံး နေ့  အထိမ်းအမှတ် အဖြစ်မျက်ခင်းပြင်ပေါ် မှ
ငြိမ်း ချမ်း စွာ အစာငတ်ခံ ထိုင်သပိတ်မှောက်ဆန္ဒပြ
သွားခဲ့ ကြသော သူရဲကောင်းများသို့ အမှတ်တရ )




Monday, October 20, 2008

ကလေးများအတွက် ကဗျာများ..

ကလေးများအတွက် ကဗျာများ..

( ၁ ) မွေးဌာနီ...

နှင်းပွင့် ကလေးတွေ ဖွေးရင်ကွယ်
သားလေးချမ်းလှတယ်
မေမေရယ် စောင်ခြုံပေး
ကနေဒါ ကအေး..။

ဖေဖေချစ်တဲ့ မြန်မာပြည်
သားလေး ရောက်ချင်သည်
မွေးဌာနီဘာကြောင့်များ
ဖေဖေ ပြန်မသွား... ။ ။


( ၂ ) လိမ်မာတဲ့ သားကလေး

ကြေးစည်ကလေးထုလို့ ရယ်
ဘုရားရှစ်ခိုးမယ်
ဦးချကွယ်သုံးကြိမ်မြောက်
ရွှေနိဗ္ဗန်သို့ ရောက်..။

လူတွေကြောက်တဲ့ ငရဲပြည်
သားတို့ မသွားပေ
ငြိမ်းချမ်းပါစေမြန်ပြည်သို့ 
ဆုတောင်းမေတ္တာပို့ ...။ ။


( ကနေဒါနိုင်ငံ တိုရွန်တိုမြို ထုတ် မြန်မာ့ စောင်း စာစောင်မှ )

Saturday, October 11, 2008

နိဂုံး

နိဂုံး

အမှန်တရားသည်
အင်အား.....။

အများစုသော်
အောင်မြင်ခြင်း....။

အရည်အချင်းသည်
အချေအနေ တစ်ရပ်...။

စိတ်ဓါတ်အင်အားသည်
ရဲ ရင့် မှူ....။

တခုသောအတိုင်းအတာသည်သာ
ရိုးသားခြင်းပဲ....။

အရောင်ကွဲ များစွာ၏အဆုံးအစွန်ဟာ
အဖြူလွာ တစ်ခုဖြစ်၏ ။ ။



Saturday, October 4, 2008

လမ်းပျောက်သူများသို

လမ်းပျောက်သူများသို့ 

ဘာလဲ ဘယ်လဲ
ရဲ ရဲလျှောက်
ပျောက်သောလမ်း
စမ်းတ၀ါးဝါးနဲ့ 
လမ်းအမှားမှားနဲ့ 
လမ်းသလားသူလဲ ရှိရဲ့ 
ဘုမသိ ဘမသိပေမဲ့ 
ယခုရှိတဲ့ စိတ်ဓါတ်
မြင့်မြတ်တဲ့ တော်လှန်ရေးပဲ
ရဲ ရဲ လျှောက်
သူနောက် ငါ့ နောက်နဲ့ 
ဂရောက်ဂရက်တွေတက်
မပြောက်ပျက်လေနဲ့ 
ရောက်တဲ့ နေရာ မှာ
ဒါ .... တော်လှန်ရေးပဲ...
ရဲ ရဲ လျှောက်....။ ။


(၁၉၉၃ - ထိုနယ်မြေ၏နောက်ဆုံးနေ့ များ ကဗျာစုမှ)

( သင်၏တော်လှန်ရေးစိတ်ဓါတ်ကြံ့ခိုင်နေသ၍
သင်ရောက်ရှိနေရာနေရာတိုင်းသည်
သင်၏တော်လှန်ရေးနယ်မြေသာဖြစ်၏ ။ )


တော်လှန်ရေးတစ်ရပ်တွင် အဓိက M ခြောက် လုံး လိုအပ်သည်။

( ၁ ) Money ငွေကြေးအင်အား
( ၂ ) Material ရုပ်ဝထ္ထုပစ္စည်းများ
( ၃ ) Men power လူအင်အား
( ၄ ) Managements စီမံခန့် ခွဲ မှူ
( ၅ ) Movement လုပ်ရှးမှူ
( ၆ ) Mind Power စိတ်ဓါတ်အင်အား

လက်ရှိ အချို့ ကမ္ဘာ့ နိုင်ငံများ၏ လှုပ်ရှားမှူများတွင်
( ၇ ) Mine ဖေါက်ခွဲရေး ( အချို့ နိုင်ငံများတွင် တွေ့ ရသည် )

အချို့ နိုင်ငံတော်လှန်ရေးများတွင် Mine ( ဖေါက်ခွဲရေး ) များကိုပါတွေ့ ရှိရပါသည် ။ ။



Friday, September 26, 2008

စစ် ငြိမ်း ကိုယ်

စစ် ငြိမ်း ကိုယ်

( စစ်ငြိမ်းချမ်းရေးနှင့်  ကိုယ် တို့ အကြောင်း ဆောင်းပါးမှ )

အချစ်
မင်းကိုငါယုံပါတယ်
ဒါပေမဲ့  ငါ သူ့ ကို ကြိုက်တယ်
သူဟာငါနဲ့ လိုက်ဖက်တဲ့ သူပဲ....
ပြီးတော့ 
ငါ့ ပန်းတိုင်ကို
လျှောက်လှမ်းတဲ့ အခါမှာ
မင်းဟာ
ငါနဲ့ မဖြစ်နိုင်သလိုပါပဲလေ...
အဲ...ဒါပေမဲ့ ...
သူနဲ့ ဆိုရင်တော့ 
ငါ ရောက်ကောင်းရောက်သွားမယ်ပေါ့ 
တကယ်ပါ
ငါဟာမင်းကိုချစ်ခဲ့ ပေမဲ့ 
ရက်စက်တဲ့ မင်းရဲ့ လက်ချောင်းကလေးတွေပေါ်မှာ
အခါခါ ကြွေခဲ့ ဘူး
နှင်းဆီ နီဖူးလေးတွေအကြောင်းတွေးရင်း
မင်းကို မေ့ လိုက်ပြီအချစ်...။ ။


( ၂၁၊ ၈၊၉၂ ရိုးမရိုက်သံများ ကဗျာစာအုပ်မှ )

( ၁၉၉၃ ထိုနယ်မြေ၏နောက်ဆုံးနေ့ များ ကဗျာစာအုပ်မှ )


စစ်ကိုယုံသော်လည်း ငြိမ်းချမ်းရေးကိုမြတ်နိုးသောကျွန်နုပ်တို့ သည်
ပြစ်မှတ်တူ လက်နှက်ကွဲ တိုက်ပွဲများ
လက်နှက်တူနေရာကွဲတိုက်ပွဲများ
ဖြင့် အမြဲ လက်တွဲတိုက်ပွဲဝင်သွားမည်ဟု...



Type the rest of your post here.

Sunday, September 21, 2008

ဂနိုင် ၈၈

ဂနိုင် ၈၈

ဘုရင်တောက်တဲ့ 
တိုင်းခန်းလှည့် သော်
ဇီးကွက်တွေမှာ
ခရီးထွက်ရှာ၏...။

ဗိုလ်မှူးမြေခွေး
အမိန့် ပေးခိုက်
နောက်လိုက်ဂဏန်း
ဘေးတိုက်လှမ်း၏..။

ယုံကလေးဖွေးမောင်
နားရွက်ထောင်လည်း
ကြောင်ကလေးလက်သည်း
ဝှက်ထားဆဲ ပါ..။

လိပ်ပညာရှိ
ဗေဒင်ကြည့် ၍
တပြည့် တစ်တီတူး
မည်သံကြူး၏..။

ပျော်မြူးနေထိုင်
ထိုဂနိုင်ဝယ်
ဘယ်သူပြိုင်ဖက်
ရှိမည်နည်း....။ ။


( ၄ ရက် ၂ လ ၁၉၉၂ တနင်္လာနေ့  နံက် ၄ နာရီ )
( ထိုနယ်မြေ၏နောက်ဆုံးနေ့ များ စာအုပ်မှ ) ( ရဲရဲတွေး၊ရဲရဲရေး၊ရဲရဲပြေး ကဗျာစာအုပ်မှ )


Saturday, September 13, 2008

ရွှေနီယာမ

ဦးတည်ချက်မဲ့ တဲ့ 
ခြေလှမ်းတိုင်းဟာ
အသက်မရှိပါဘူး.....။

ယုံကြည်ချက်မရှိတဲ့ 
လုပ်ရပ်တိုင်းဟာ
မအောင်မြင်နိုင်ပါဘူး...။

ဆုံးဖြတ်ချက်မရှိတဲ့ 
ဘ၀တွေဟာလည်း
မရေရာပါဘူး...။

ရင်ဆိုင်မှူကင်းမဲ့ တဲ့ 
မျက်လုံးတွေဟာလည်း
မတည်ကြည်ပါဘူး....။

အနစ်နာခံမှူကင်းမဲ့ တဲ့ 
တော်လှန်ရေးဟာလည်း
မအောင်မြင်နိုင်ပါဘူး...။

ဒိုလိုပဲ
ရိုးစဉ်းမှူကင်းမဲ့ တဲ့ 
ခေါင်းဆောင်ဟာလည်း
တည်မြဲမှူမရှည်နိုင်ပါဘူးလေ...။ ။



Saturday, September 6, 2008

ပန်းလှောင်အိမ်

ပန်းလှောင်အိမ်

စိတ်ကူးယဉ်ကာလ
ဒဿန ဥတုရဲ့ 
ယုယမဲ့ အခန်းလေးထဲမှာ
အမှောင်ကမ္ဘာ တခု
အတွေးစုတို့ ရှင်သန်
အမှန် အမှားတို့ 
မုန်ဝါးခဲ့ ကာလ
သွေးစ စွန်းထင်း
လွန်ရင့် ခြင်းကမ္ဘာမှာ
ဝေဒနာတစ္ဆေညနဲ့ အတူ
မန်မာနမျက်ရည်ဟာ
နံရံလွှာလေးဖက်
ကွဲအက်စေသတည်း... ။ ။

( အမှန်တရား၏ ပန်းပွင်းများ မြန်မာပြည်တွင် ဝေဆာလှပစွာပွင့် ဖူးစေရမည် )

(မတရားဖမ်းဆီးခံထားကြရသောနိုင်ငံရေးအကျဉ်းသားများ
အားလုံး အမြန်လွတ်မြောက်ကြပါစေဟု ,အမှောင်တိုက်ထဲမှ ဘ၀တူများ မျိုးဆက်သစ်များသို့ 
ရည်ဇူး၍ ....)


( အမှေင်တိုက်မှကဗျာများ စာအုပ်မှ )





Thursday, September 4, 2008

ဆူး

ဆူး

တဆစ်ဆစ်
နစ်ခဲ့ တဲ့ ဆူး....

မထူးဘ၀အသဲစမှာ
ရက်လရှည်ကြာ ဝေဒနာအဖြစ်
အမြစ်တွယ်ဆဲ မနုပ်ရဲလို့ 
အသဲဆိပ်သင့် ကြွေလွင့်မျက်ရည်
ကြိပ်ခံနေဆဲ တယောက်ထဲငါ
ရင်မှာတမ်းတ ဆူးမှဆူးရယ်
သိပ်ချစ်တယ်ပေါ့ .....

ကြွေတော့ ရာသီ နာရီတွေပြောင်း
ဒဏ်ရာဟောင်းက ကုမရချိန်
အသဲအိမ်စူးနစ် တဆစ်စစ် နဲ့ 
နုပ်ပြစ်ဖို့ လည်း ဒို့ မရဲ လို့ 
ဒို့ အသဲ လည်း ကြွမ်းတော့ မယ်....

1997 , June , မဟေသီမဂ္ဂဇင်းမှ




Saturday, August 30, 2008

သံသယ ဘီလူး ..

သံသယ ဘီလူး .... ( ကဗျာပုံပြင်)


ဟိုး...............
ရှေးရှေးတုန်းက ဒသနပြည်မှာ
တပ်စွစုံလင် ရှင်ဘုရင်နှင့် 
လုလင်မင်းသား မူးမတ်များစုံ
သင်းထုံ ပညာရှိ ပေါများဘိ၏...။

တိုင်းသူပြည်သား လူအများလည်း
တိုးပွားဆန်ရေ ဥစ္စာတွေနှင့် 
ဘုရင့် တိုင်းပြည်သာ ရာစည်ခိုက်....။

ယုတ်မာဘီလူး အသားစားကျုးဘို့ 
ပြည်သို့ ဝင်ရန် သူကြံသော်လည်း
စစ်ကဲတံခါး များပြားစောင့် ကြပ်
မြင့်မြတ်သည့် ဘုန်း စည်းရုံးမြဲ မြံ
ဝန်းကာရံသော် ၀င်ရန်မရ
ယုတ်စွအကြံ ကလိန်ဉာဏ်ဆင်၍
ရသေ့ ယောင်ဆောင်လျှက်နေလေ၏..။

မိုးသောက်နံနက် မြို့ ပြင်ထွက်၍
လယ်ထွက်ယာသွား အလုပ်များသော်
မသူတော်ရသေ့  လူတွေရှေ့ မှာ
ဆိတ်စွ ဣနြေ္ဒ တင်ပျင်ခွေထိုင်ကာ
ဘာဝနာတရား ပွားများနေ၏..။

ရွာသူရွာသား ကြည်ညိုပွား၍
များပြားလှူရှာ ၀တ်ပြုကာပင်
" အရှင်ဘုရား ကျွန်တော်များ၏
တည်ရှိပြည်ရွာ ကြွမြန်းပါ၍
ပျော်မွေ့ သီတင်းသုံးပါ ဖရား"..ဟု
လျှောက်ကြားလေသော်....။

မသူတော်ရသေ့  အကြံစေ့ ကာ
" ဒီမှာတကာ... ကြွလာချင်ပေမဲ့ 
သင်တို့ ပြည်မှာ လူယောင်ဆောင်ထား
ဘီလူးများရှိလို့  ကြွဘို့ မရဲ ဘူး
ဒကာ ကြီးတို့ ..".... တဲ့ .....။

ဤသို့ ဆိုသော် ထိုပြည်တော်တွင်
ပြည့် ရှင် ရွာသား လူအများတို့ 
ကြောက်ရွံ့ ထိတ်လန့်  သတင်းပြန့် ကာ
သူငါကြည့် ကြ သံသယ ဖြင့် 
စု ကြတီးတိုး ရွပိုးထိုး ကာ
ခြောက်ခြားလာ ၏....။

ညဖက်ဆိုလည်း မအိပ်ရဲ ပဲ
မဲ မဲ မြင်ရာ စိတ်ထင်ကာ ဖြင့် 
တူရာစု ကြ သံသယမှာ
ဖမ်းဆီးကာပင် ရွာအပြင်သို့ 
သတ်ပြီးပို့ ၏....။

ဘုရင်က အစ စန္ဒာလအထိ
ကြည့် ကြပြူးပြဲ ဘီလူးပဲထင်ရာ
တစ်ချို့ မှာလည်း ကံမွဲသည့် ဘုန်း
လူတွေမုန်းလို့ စုဂုံးချောကာ
သန်ပြန်ပါရော.......။

ရွာအပြင်ပို့  အလောင်းတို့ ကို
ဆို့ မျို ပျော်ပါး အောင်သွားသူ့ အကြံ
သူထပ်မံလို့ " ဒကာတို့ ပြည်မှာ
နောက်ထပ်ရှာဦး လူ့ ဘီးလူး တို့ 
ကျန်သေး၏.." .....တဲ့ .....။


သာစွပြည်မှာ ခြောက်ခြားလာပြီ
မစည်မကား ကုန်သည်များလည်း
ရဲရဲမလာဝံ့  တချို့ စွန့် သွား
မင်းသားပညာရှိ သာသည့် တိုင်းပြည်
ပြောင်းရွေ့ လေ ပြီ.......။

တိုင်းပြည်မှာလည်း သူ့ မဲ ငါ့ မဲ
တူရာတွဲကာ အစိတ်စိတ်ကွဲပြား
ဂလဲ့ စားတန်ပြန် မူမမှန်ဖြတ်ထုံး
အမုန်းနောက်ဆုံးမှာ.....
တိုက်ကြပါရော အချင်း ချင်း...
သတ်ကြပါရော အချင်းချင်း....။

အင်း.................
တိုင်းပြည်လည်းပျက် ကျိုးပဲ့ကန်းတည်း
အဆိုးချည်းကျန်မှ သံသယဘီလူး ကုန်သွား၏..။

ထိုအခါမှကြွယ်ဝပရိယယ်
ဘီလူး တကယ် မှာ ဟင်္သာကိုးသောင်း
ပျက်စီကြောင်းဖြင့်  ဖြားယောင်းဇတ်ခင်း
သူသိမ်းသွင်း၏...။

လူတုံးလူအ ကျန်သမျှလည်း
ရင်ထဲနောင်တ ခုမှရကား....
" အသားစားဘီလူးသာ ရွာဝင်ပါလည်း
ရွာထဲ ဒီလောက်မပျက်စီးတဲ့ ..." ။

သံသယ ဘီလူး ပါ ရွာဝင်ကာမှ
ယုတ်စွအဆုံး ပြုတ်ပြုတ်ပြုန်း၍
ရွာလုံးကျွတ်မျှ နောင်တရ သည်...
ရိုးမ ပုံ ပြင်ပါ တကား....။ ။

( ကဗျာပုံပြင်ပြီး၏ 19** )
( အဇ္ဈထ မဂ္ဂဇင်း မှ ...)


Friday, August 22, 2008

မီးခဲပုလ္လင်

ညှာတာရမဲ့ 
စိတ်ထားတို့ 
နိမ့် ပါးနေရင်....

ဦးဆောင်ရမဲ့ 
အတွေးအခေါ်တို့ 
ဘေးချော်နေရင်....

စံပြရမဲ့ 
လုပ်ရပ်တို့ 
စုတ်ပြတ်နေရင်...

သင်ကိုယ်သင်သိ
သင်၏ပုလ္လင်
နေ၀င်လုဆဲ
မီကြီးခဲလို
ရဲရဲသင့် ကို
ဝါးမြိုမည်...။ ။

( ၉ ရက် နိုဝင်ဘာလ ၁၉၈၈ ဒီမိုကရက်တစ်လူငယ်ညီညွတ်ရေးအဖွဲ့ ချုပ် အစီးအဝေးမှ )


Monday, August 18, 2008

တော်လှန်သွေး

တော်လှန်သွေး

သွေးကြွနိုင်ငံရေးမှာ
သွေးဟာတွန်အား
သွေးများအေးစက်
ခြောက်ကပ်တဲ့ အခါ
ရပ်သွားမှာပဲ.....။

စစ်သွေးကြွတော်လှန်ရေး
စစ်ရေးမှာမူတည်
စစ်ဝါဒီထွန်းကား
စစ်သားခြင်းစစ်တိုက်
ဆန်းစစ်လိုက်တဲ့ အခါ
စစ်မှာ တော်လှန်တာ
ပျောက်ဆုံးနေတပ်....။

တော်လှန်ရေး
သွေးနဲ့ စပေမဲ့ 
အေးစက်ဖို့ မလို
ပွက်ဆူဖို့ လို
သွေးဆိုတာ နီးစွေး
နွေးနေရမယ်
နွေးနေရမယ်......။ ။


( ရိုးမရင်ခုံသံ ကဗျာများစာအုပ်မှ )

အခြေအနေရဲ့ တောင်းဆိုမှူ့ 
ှူကြေင့် တော်လှန်ရေးဆိုတာ ပေါ်ပေါက်လာရတာ

တော်လှန်ရေးပုံသန်ဏ္ဍန်တွေဟာလည်း လိုအပ်သလို
တောင်းဆိုမှူအရပြောင်းလွဲလာရလိပ်မယ်
တော်လှန်ရေးတိုင်းမှာပေးဆပ်မှူရှိတယ် ဘာမဆိုတရားတယ် မတရား မှူ ကို မတရားမှူ့ နှင့် တုန့် ပြန်ရင်တောင်မှ တရားတယ်..

ဆူး စူး ၍ ပင်
အပ် နှင့် ထွင်သည်
အသင် ဘာပြောချင်သနည်း...။ ။


Friday, August 15, 2008

ပုံ ဆောင် မဲ့ ပန်း

ပုံ ဆောင် မဲ့ ပန်း

မမိခင် လူရိုး မခိုးခင် လူ ကောင်း
ပြောင်းလွဲတာကစိတ်
အတိတ်ကသူ ဟာလူကောင်းတစ်ယောက်ပါ ။

မှားယွင်းမှူဟာ ၀ါသနာ မဟုတ်
စာနာမှူသရုပ် ခွဲ လူထဲ ကလူမှာ
ဘယ်သူဟာအမှားကင်းပါသလဲ ။

အကြာင်းရင်းရှာ အမှားမှာ ဒဏ်ရာ တွေ့ 
မနေ့ ကလူကောင်း ပြောင်းလွဲ ခဲ့ ပစ္စု ပန်မှာ
သူဟာလူဆိုး ရိုးသားမဲ့  နံနက်ဖန်ဟာ
မင်္ဂလာပဲ ပေါ့ ။

ရိုးသားမှူတဲ့  ပုံဆောင်မဲ့ ပန်းကလေး
အရမ်းမမွှေးနဲ့  ပန်းကလေး
ကြွေသွားတပ် တယ် ။ ။

( ရေသည်ပုံဆောင်မဲ့ အရာဝထ္ထုတခုဖြစ်၍ ရောက်ရှိနေသောခွက်၏
ပုံသဏ္ဌာန်အတိုင်းလိုက်၍ ပြောင်းလွဲ တည်ရှိနေ ရသည် )

Monday, August 11, 2008

သွေးမှတ်တမ်း

သွေးမှတ်တမ်း

ရဲဝန့် စွာရင်ဆိုင်မှူတဲ့ 
ရက်စက်ယုတ်မာတဲ့ သူတွေကို
တော်လှန်တာပေါ့ ...။

ဝေတော့ မဲ့ ပန်းကလေးတွေ
ငြိုးနွမ်းရတာလည်း
သူတို့ ကြောင့် ပဲ မဟုတ်လား...။

ရှည်လျှားတဲ့ အမှောင်ထုထဲ က
လှပတဲ့ ကြယ်ပွင့် ကလေးတွေကို တော့ 
ဘာနဲ့ မှဖုံးကွယ်လို့ မရခဲ့ ပါဘူးလေ....။

ပြုံးနေတဲ့ ကျောက်ရုပ်တွေလဲ
အံကြိတ်ထားဆဲ တခဏ
အငိုညရဲ့ သွေးကွက်များ
ပျောက်ဆုံးမသွားပါဘူး....။

တွေဝေနေမဲ့ အစား
သီးခြား ဒီမိုကရေစီနိုင်ငံတော်သစ်
မဖြစ်ဖြစ်အောင်
တည်ထောင်ကြပါစို့ ......။ ။

( ရိုးမရှိုက်သံ ကဗျာစုမှ )



Type the rest of your post here.

Wednesday, August 6, 2008

မော်ကွန်းမဲ့ သွေး...များ

မော်ကွန်းမဲ့ သွေး ( ၁ )

မော်ကွန်းမဲ့ သွေး
ရေးထိုးဖွင့် လှစ်
ရှစ်ဆယ် ရှစ်လော... ။

သွေးမဲ့ မော်ကွန်း
ရည်ညွန်းဖွဲ့ ဆို
ပန်းတွေကို လော... ။

မှောင်သောအရိပ်
တိတ်တဆိပ်ဉ်
ကြိတ်ကြိတ်ပျောက်သွား
ပန်းပွင့် များကို
မှတ်သားဂုဏ်ပြုကြစေလော....။ ။

( ထိုနယ်မြေ၏နောက်ဆုံးနေ့ များ ကဗျာစာအုပ်မှ )

..............................................................

မော်ကွန်းမဲ့ သွေး ( ၂ )

ရှင်သန်လျှက်နဲ့ 
သေဆုံးခဲ့ ကာလ
ဘ၀ အသက်
အမှောင်ဖက် ကမ္ဘာမှာ
ဒဏ်ရာရ ဥတု
ကြွေလုလု ညများ
ဝါးမြိုခံခဲ့ ရ
စိတ္ထဇတစ္ဆေ
အိပ်မရစေခဲ့ 
မှောင်တဲ့ ညဆို
သွေးယိုစီးကျ
ထိုညသွေးစက်
မော်ကွန်းမဲ့ လည်း
ရဲ ရဲနီစွေး
တော်လှန်ရေးတည်း....။ ။

( အမှောင်တိုက်မှ ကဗျာများ၊ စာအုပ်မှ )

Type the rest of your post here.

* ပန်းတို့ ၏၀ိညာဉ် များ *

* ပန်းတို့ ၏၀ိညာဉ် များ *


ပန်းချွေလက်တို့ ၏
ရက်စက်သောဒိုင်ယာယီအား
စေစားမှူ့ မဲ့ ပန်းတို့ ရဲ့ သွေးသတ္တိသည်နီရဲ ကြောင်း
ထပ်လောင်းဖြည့် စွက်ရေးသားခဲ့ ပြီးသည့် နောက်
မှောက်ခဲ့ သည် သပိတ်
အတိတ်ကနောင်တော်တို့ ရဲ့ သွေး
ဆွေးမြည့် သည့် ခေတ်ဟောင်းအစက
ပြိုကြခဲ့ သည့် အဆောက်အဦး
အာဏာရူးတို့ ရဲ့ ရက် စက်ယုတ်မာမှူ့ 
အစုစု တို့ ကိုလက်စာခြေရန်အတွက်
လွတ်မြောက်တဲ့ နယ်မြေမှာ
ပန်းတွေဟာမွေးဖွား
ရေးထားတဲ့ ပန်းဒိုင်ယာယီမှာ
ဒီတစ်ခါ အောင်မြင်ရမယ် တဲ့ 
ပန်းတို့ ရဲ့ ၀ိညာဉ် များ
ကြုံးဝါးထားကြလေတယ် ။ ။

1988 နိုဝင်ဘာ

***

Type the rest of your post here.

Sunday, August 3, 2008

လွတ်လပ်သော မြန်မာ စာပေ ရှင်သန် တိုးပွား ပါ စေ


လွတ်လပ်သော မြန်မာ စာပေ ရှင်သန် တိုးပွား ပါ စေ


မန်မာ Blog တွေ တိုးပွား များပြားလာ တာဟာ

( ၁ ) နိုင်ငံတကာရောက်မြန်မာမျိုးဆက်တွေကြားထဲမှာ မြန်မာစာပိုမို
တည်တံခိုင်မြဲဖို့ အတွက်အခွင့်ကောင်းတစ်ခုဖြစ်သလို

( ၂ ) ပြည်တွင်းပြည်ပရှိမြန်မာလူမျိုးအချင်းချင်းလည်း
အပြန်အလှန် ပိုမိုဆက်သွယ်ရိုင်းပင်းကူညီ နိုင်ခွင့် တွေရလာနိုင်တဲ့ အပြင်

( ၃ ) လက်လှမ်းမှီရာကလေးတွေလည်း အပြန်အလှန်နှီးနှော
ဖလှယ် မျှဝေကြတာ ပေါ့

( ၄ ) လွပ်လပ်သော မြန်မာစာပေ ရှင်သန်တိုးပွားရေး အတွက်လည်း အရေး ကြီးပါတယ် ။
အထူးသဖြင့် အကန့် အသတ်မရှိပွင့် နေတဲ့ ဒီခောတ်ကြီးထဲ မှာ


လူနွား


မှန်သလား
မှားသလား
ခွဲ ခြားမသိ
ရှိသည့် ခွန်အား
ကြီးသော်ညားလည်း
နဖါးကြိုးလစာ
တာဝန်တံပိုး
ရိုကျိုးသခင့် ထံ
နှင်တံအမိန့် 
တံဆိပ်ချူဆွဲ
ခိုင်းလည်းကောင်းအောင်
ဖေသားမောင်ရေ
ကောက်ရိုးတွေစား
မင်းခွန်အားမှ
စပါးဆန်တို့ 
သူယူ ၏ ။ ။


( အချို့ သောတပ်မတော်သားများသို့ သတိပေးချက် ) (အချို့ သော ကြီးမိုက် ကြံဖွတ် အဖွဲ့ ဝင် များသို့ )

( ၂၀ ရက် ၈ လ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ဂျာနယ်မှ )
( ၁၂ ရက် ၁ လ ၁၉၈၉ ခုနှစ် ဒို့ ခွပ်ဒေါင်းစာစောင်မှ )






Wednesday, July 30, 2008

စိတ္တဇကွန်ခြာထဲမှာ

စိတ္တဇကွန်ခြာထဲမှာ

အနည်းနှင့် အများ
အမှားနှင့် အမှန်
သဏ္ဌာန်တူကွာခြားချက်
အဖက်ဖက်ရှူ့ ဒေါင့် များနဲ့ 
အနားမညီ ဗဟုဂံကတစ်ခု ။

အတုအပ အပြိုင်အဆိုင်
စတိုင်ဟန်ထုတ်
သရုပ်ဆောင်မှူပီပြင်
ရုံမတင်သော ကပွဲများ ။

ခြစားဖုံတက်
ရင်ကျက်ဟောင်းနွမ်း
လရောင်လမ်းမှ
မျှော်မှန်းအိမ်မက်
အတွေးနက်မည့် 
စာအုပ်တွေ ။

အပြုံးအမဲ့ နဲ့ 
ကဲ့ ရဲ့ ရှုတ်ချရင်း
အတ္တမြင်းစီး
အမှောင်ခရီးနှင်
မပီပြင်သော
ခရီးသွားကတချို့ ။

ကောင်းကင်မြေထက်
နေထွက်လ၀င်
အသွင်သဏ္ဌာန်ပြောင်း
လဟောင်းနှစ်ထပ်
လည်ပတ်နေမည့်  ကမ္ဘာမြေ ။ ။



Tuesday, July 29, 2008

ငါ့ ကိုယ်ငါ တော်လှန်ခြင်း

ငါ့ ကိုယ်ငါ တော်လှန်ခြင်း

တော်လှန်သတဲ့ 
ဘာ့ တွက်ဘယ်ကို
ကိုယ့် ကိုယ်ကို အရင်
သုံးသပ်ရတော့ မယ်...။


စိတ်ဓါတ်တွေမှား
သူတပါးအခက်
အုပ်စုဖွဲ့ အနိုင်ယူ
လူမိုက်ဆန်ဆန်ဖြေရှင်းကာ
အာဏာအလွဲသုံးစား
သူတပါးအထင်သေး
ကိုယ့် သွေးနားထင်ရောက်
အောက်ကျသည့် အမြင်
မခံခြင်စိတ်လား
မနာလိုစိတ်လား
အမှန်တရားမြတ်နိုးရင်
ကိုယ့် ကိုယ်ကိုအရင်သုံးသပ်
ပြတ်ပြတ်သားသားဝေဖန်
တော်လှန်တာအစ
ကိုယ်ကိုယ်ကို ကဖြစ်သင့်တယ်မဟုတ်လား...။

တော်လှန်သတဲ့ 
ဘာ့ အတွက်ဘယ်ကို
ကိုယ့် ကိုယ်ကို အရင်သုံးသပ်ရတော့ မယ်...။ ။

( ထိုနယ်မြေ၏နောက်ဆုံးနေ့ များကဗျာစာအုပ်မှ )

Monday, July 28, 2008

မစည်းရုံးစေသူသာ

မစည်းရုံးစေသူသာ

အမှန်တရား
အမှားတရံ
ကျားကန်ငြင်းကြ
ငါအတ္တစွဲ
ငါပဲလူတော်
ထုတ်ဖေါ်ဒဿန
ဖွင့်ဟအတွေးအခေါ်
ဆော်ကြကော်ကြ
ထုကြနှက်ကြ
မရသည့် အဆုံး
ပြုံးဖြင့် ကြိတ်ကြံ
ဟန်ဆောင်အုပ်စုဖွဲ့ 
သူ့ ဖက်ငါ့ ဖက်နဲ့ 
ဦးတည်ချက်တွေလွဲ
အကွဲကွဲအပြားပြား
အင်အားချိနဲ့ 
ဒို့ ရဲ့ ရန်သူ
ဘယ်မှာလဲ ....။ ။

(ဟင်္သာကိုးသောင်းပျက်စီကြောင်းကို ဖျားရောင်းဟင်္သာမပြုရာတည့် )

(တော်လှန်သတိ၊အတွင်းပတိပက္ခ အပြင်ပတိပက္ခ ခွဲခြားသတိထားကြစေလိုပါသည်။ )

အာဏာရှင်ကြီးများကိုတော်လှန်နေခြင်းသည်
အာဏာရှင်ကလေးများကိုပြုစုပျိုးထောင်ပေးနေခြင်းမဟုတ်စေရ)

တော်လှန်သောလူသားများသည်လည်းသာမန်ပုထ္ထုစဉ်လူသားများသာဖြစ်သည့်
အလျှောက် အနဲနှင့် အများအမှားနှင့် အမှန်ရှိကြမည်သာဖြစ်သည် အပြန်အလှန်
နားလည်မှူပေးကြပါစို့  )






Bencher Paul Copeland honoured at reception for International

Day for the Elimination of Racial Discrimination

Wednesday, August 12
Apr 5, 2007

|For his long-term work defending human rights, equality and social justice, bencher Paul Copeland was honoured by a special tribute at a reception held in honour of the International Day for the Elimination of Racial Discrimination on March 28, 2007.

"Tonight, the Equity and Aboriginal Issues Committee would like to take the opportunity presented by this special occasion to honour Paul Copeland for his exceptional commitment and support of human rights causes here in Canada, and internationally," Treasurer Gavin MacKenzie said. He noted that Paul has most recently been defending people charged under the Canadian anti-terrorism law and subjected to the national security process.

|As a large screen beside the podium showed photos of Paul at various stages of his life, Paul's friends and colleagues reflected on his achievements and contributions. Speakers included bencher Carole Curtis; the Honourable Mr. Justice Melvyn Green, of the Ontario Court of Justice; Bush Gulati, of the Committee for Restoration of Democracy in Burma; and Timothy Zaw Zaw, of the Toronto Burma Roundtable. Bencher Joanne St. Lewis topped off the tribute with a rendition of Mahalia Jackson's "I Live the Life I Sing About in my Song," which she chose after learning it has long been a source of inspiration to Paul.

"Paul inspires me to be a better lawyer every day," Carole Curtis said in her tribute.

In describing his longtime friend, Justice Green said, "Paul's enemies have always been the same: Injustice; Inequity; Tyranny; Bigotry; Oppression; Official Hypocrisy; and, of course, just plain Stupidity."

|Bush Gulati from the Committee for the Restoration of Democracy in Burma spoke about the many years of passionate volunteer work Paul has done to help Burmese refugees and to support the Burmese community in Canada. "If we need him, Paul always responds; he is literally a phone call or fax away."

Timothy Zaw Zaw, who came to Toronto in 1998 as a Burmese political refugee, said, "I too thank Paul for all his good work for us. We, the Burmese community, need more people like Paul to work to achieve democracy in Burma."

|Paul spoke after hearing his friends' and colleagues' remarks. "I'm honoured, humbled and also stunned," he said, before speaking briefly about legal activism, the topic of the day. "Thank you to everyone for being here and to the Law Society for organizing this wonderful evening."

from/

http://www.lsuc.on.ca/latest-news/b/archives/index.cfm?c=1029&i=11693






Sunday, July 27, 2008

ကန့် သတ်လူသားများ

  • ကန့် သတ်လူသားများဟာ

အမှန်တရားရဲ့ ကျားမှီးကိုဆွဲ

ကမ္ဘာကြီးထဲ တံတိုင်းကာ

အရာရာကိုဖြတ်တောက်ပိတ်ဆို့ ဖို့ ကြိုးစားနေကြလေရဲ့ ..။

  • ဘယ်သူကပေးမှန်းမသိ

ဘယ်လိုကဘယ်လိုရလာမှန်းမသိတဲ့ အာဏာဟာ

ယနေ့ ကမ္ဘာမှာအသုံးမတဲ့ အတွက်

အရှက်မဲ့ နိုင်ငံများအချင်းသာမိတ်ဆွေဖွဲ့ 

အရှေ့ နဲ့ အနောက်တံတိုင်းကာ

ဒါဟာ ယဉ်ကျေးမှူကိုထိမ်းသိမ်းတာတဲ့ လား..။

  • လူသားချင်းစာနာမှူတွေဆိုတာ

နယ်မြေစီးခြား တံတားပိတ်ဆို့ 

သူတပါး ပြည်တွင်းရေးမို့ ငါတို့ မျက်ရည်ချုပ်တီး

လောကကြီးဖြစ်ချင်တာဖြစ်ရယ်လို့ 

နှလုံးသားနဲ့ လူသားများခံစားနိုင်ပါ့ မလား....။

  • ဧရာဝတီမြစ်ကိုတံမန်တုပ်၍မရ

ကမ္ဘာအတွေးခေါ်ရေစီးကြောင်းဟာလျှင်မြန်စွာပြန့်ပွား

လူသားနဲ့ အသိညာဏ်ပညာ

ဒါအမှန်တရား ဒါမတရားဘူး

ကမ္ဘာဦးအစက ဦးရာလူဘုရင်ဖြစ်

ဒီခေတ်မှာ မရှိသင့် တော့ ပါဘူး..။

  • ပိတ်ဆို့ ခြင်း တားမြစ်ခြင်း

ကန့် သတ်ခြင်း တွေမှာ

အာဏာသုံး အနိုင်အထက်

လက်နှက်အားကိုး ဒါမျိုးအုပ်ချုပ်ခြင်းဆိုတာ

ယနေ့ ကမ္ဘာလူ့ ယဉ်ကျေးမှူအသိုင်းအ၀န်းမှာ

လက်မခံတော့ ပါဘူး ။

  • ကမ္ဘာအလယ်က ကန့် သတ်တိုင်းပြည်တခုဟာ

အတွေးခေါ် ပါ ကန့် သတ်ချုပ်ချယ်ထား

ပြည်သူများကမ္ဘာနဲ့ ယှဉ်ဘောင်တန်း

နောက်တန်းကို တွန်းပို့ နေတဲ့ စနစ်တခု ဆိုတာ

အာဏာလုယူထားသူတွေနားလည်ကြရဲ့ လား….။
Type the rest of your post here.

Saturday, July 26, 2008

ဆွစ်ဇာလန်မှ အတွေး

ဦးသန့် သို့ အမှတ်တရ

ထိုဓါတ်ပုံ ရှေ့ 
တမေ့ တ မော
ရပ်နေသောငါ
ဂျီဏီဗာတွင် ( Geneva )
ငါပင်မြန်မာ
ဝင့် ကြွားစွာဖြင့်
ထပ်ဆင့် ရှင့် ပြ
ဂုဏ်ယူရခဲ့ 
အတိတ်ရဲ့ ကြီးမြတ်
ဘ ဘ သန့် သည်
တပ်လှန့် နိုး ကြား
ခွပ်ဒေါင်းများ၏
ကြိးမားမှတ်တိုင်ပါတကား ။ ။

( ခေတ္တ ဆွစ်ဇာလန် ) Oct 03, 1996
( UNHCR - Room XVII, NGOs Conference သို့ အမှတ်တရ

မြန်မာပြည်မှာ သေရမယ်။
အကြောင်းအမျိုးမျိုးကြောင့်
ရေမြေခြားကိုရောက်နေရပေမယ့်
တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။
အခွင့်အရေး တစ်စုံတစ်ရာကြောင့်
နိုင်ငံခြားသားလုပ်ဖို့
ဘယ်တော့မှ စိတ်မကူးလေနဲ့။

(ဦးသန့်)

ဦးသန့်  အား စိတ်မှန်းဖြင့် တောင်းပန်အပ်ပါသည်....
ယနေ့  လက်ရှိ မြန်မာနိုင်ငံအခြေအနေအရပ်ရပ် အရ တော့ 
ကမ္ဘာ မှာ မြန်မာ ပြန့် ရမယ် လို့  ကျွန်တော်ယုံကြည်ပါသည်။





Type the rest of your post here.

Friday, July 25, 2008

ဂျာမဏီ ညများသို့ ....

ဟစ်တလာညများသို့ ....

ဟစ်တလာည
သိပ်လှပ၏..။

သူ၏သမိုင်း
ဘယ်သို့ ရိုင်းလည်း
သူ့ တိုင်းပြည်အတွက်
သူလုပ်ခဲ့ တာ
ယနေ့ ကမ္ဘာမှာ
ဂျာမဏီ....။

သူမည်သည်ကား
သမိုင်းမှားလည်း
ရဲရဲစွန့် ခဲ့ 
တိုင်းပြည်အတွက်မို့ 
သူ့ ရဲ့ ပြည်သား
သူ့ လေး စား၏....။

သူ၏ပြည်မှာ
ဟစ်တလာည
သိပ်လှပ၏...။ ။


( 1996, ဖရန့် ဖို့ ညများသို့ အမှတ်တရ )
ခေထ္ထ ဂျာမဏီ


Type the rest of your post here.

Tuesday, July 22, 2008

ထိုနယ်မြေမှဒဏ်ရာများ

ထိုနယ်မြေမှဒဏ်ရာများ

ဒဏ်ရာရအတွေး
ရေဆေးသန့် စင်ပြီးတဲ့ နောက်....

ဒဏ်ရာရဦးနှောက်
ဖြတ်တောက်ခွဲစိတ်ပြီးတဲ့ အခါ.....

ဒဏ်ရာရစိတ်ဓါတ်
လတ်ဆတ်ကျန်းမာလာတဲ့ နေ့ ....

ငါမတွေ့ ချင်တော့ တဲ့ 
ဆရာဝန်တွေနဲ့ 
ငါမနေချင်ခဲ့ တဲ့ ဆေးရုံကြီပေါ်က
မ၀တ၀ ဓါတ်စာတွေကိုလွှင့် ပြစ်ရင်း
မြူနှင်းတွေဝေတဲ့ တောင်ကုန်းတွေဆီကို
လသာတဲ့ ညအခါမှာ
ငါပြန်လာခဲ့ ဦးမယ်လေ.....။ ။


( ထာဝရလမိုက်ညဒေသများသို့ အမှတ်တရ - ၂၁၊၈၊----)
ထိုနယ်မြေ၏နောက်ဆုံးနေ့ များ ကဗျာစုမှ

( လူသားတဦး၏ အမှားအမှန်သည်တော်လှန်ရေးစိတ်
ဓါတ်နှင့် ဆက်စပ်နေခြင်းမရှိ၊ လူသားသဘာဝလူပတ်
ဝန်းကျင်နှင့် သာဆက်စပ်နေတပ်သည်-တော်လှန်ရေး
သများများသည်လည်းသာမန်လူသားများသာဖြစ်ကြ
သည် ။ )




Sunday, July 13, 2008

ဖြူစင်ခြင်းကို

ဖြူစင်ခြင်းကို

သိသာသိစေ
မမြင်စေနှင့်....

မြင်ရင်လည်းထား
မကြားစေနှင့် ....

ကြားတော့ လည်းလေ
မပြောစေနှင့် ....

ပြောတော့ လည်းကွာ
မကြာစေနှင့် ...

အဆင့် လျှော့ သွား
ရိုးသားတဲ့ သူ
ဘ၀ဖြူဖြူကို
ဘယ်သူဖျက်ဆီးလိုက်တာလဲ ...။ ။

( လူနှင့် ရုပ်ပတ်ဝန်းကျင်တို့ ၏အညမညဖြစ်စဉ်များကြားဉ် ရိုးသားခြင်းတို့ သည်မှေးမှိန်လာကြရလေပြီ )


Sunday, July 6, 2008

7-July (သို့ ) သက်သက်မဲ့ မိုး

7-July (သို့ ) သက်သက်မဲ့ မိုး


မိုး...................
အညိုးမဲ့ ရွာလာ
အပြာရောင်ကောင်းကင်
ဖိတ်စင်လွင့်ပြောက်
မိုးပေါက်မျက်ရည်
လေပြင်းထန်ခိုက်
အသဲတိုက်ပြောက်ဆုံး
နှလုံးသားကြေမွ
ကြွေကျရွက်နု
အချစ်ထူပျိုကွဲ
ရင်ထဲစူးနစ်
ဆက်မချစ်နိုင်
မျက်ရည်အိုင်ဘေး
လွမ်းတေးသီဆို
လွမ်းသလိုပေါ့ 
မိမိုးကိုတော့...ဒို့ ......
စိတ်နာတယ်.......။ ။


ဇွန်လ ၂၀ရက် ၈၈ ( RASU ) သက်သက်မဲ့ မိုးစီးရီးမှ


Saturday, July 5, 2008

ပြည်သူတို့ ပေါက်ကွဲကြပြီ

ပည်သူတို့ ပေါက်ကွဲကြလေပြီ

အုပ်ချုပ်သူနှင့်အုပ်ချုပ်ခံလူတန်းစား နှစ်ရပ်တွင် အုပ်ချုပ်သူတို့ ဖက်မှ
တရားမျှတမှူကင်းမဲ့ ကြီးထွားလာသည်နှင့် အမျှ ထက်မြက်တက်ကြွသော
ပြည်သူတို့ မှဦးဆောင်၍ ပြောင်းလွဲမှူတစ်ရပ် (၀ါ )တော်လှန်ရေး ဖြစ်
ပေါ်လာတပ်သည်မှာ မြန်မာ့သမိုင်းနှင့် ကမ္ဘာ့ သမိုင်း နှစ်ရပ်စလုံးတွင်
ထင်ရှားစွာတွေမြင်နိုင်ပါသည် ။
ဗိုလ်ချုပ်အောင်ဆန်းနှင့်ရဲဘော်သုံးကြိပ်အပါအ၀င်မြန်မာတို့ အင်္ဂလိပ်ကို
အဘယ်ကြောင့်အဆင့်ဆင့်ပုံသန်တန်မျိုးစုံဖြင့်တော်လှန်ခဲ့ ကြပါသနည်း။
ကမ္ဘာ့ သမိုင်းကြောင်းကိုပြန်ကြည့်မည်ဆိုလျှင်လည်း အဆမတန်အင်အား
ကြီးသော ယောမအင်ပါယာကြီးကို တော်လှန်ပြောင်းလွဲခဲ့ သောသာတက
များမှအစ ပြည်သူတို့ ၏ပြန်လည်ဒက်ခတ်ခြင်းကိုခံခဲ့ရသောရိုမေးနီးသမ္မတ
ချောင်ဆက်စကူးတို့ အလည် နောက်ဆုံးအသေဆိုးဖြင့် သေခဲ့ ရသော
ဆာဒန်ဟူစိန်တို့ အဆုံး အာဏာရှင်တို့ ၏ဇတ်သိမ်းခန်း မတရားသောအစိုး
ရ၏ နေ၀င်ခန်းတို့ ကိုထင်ရှားစွာတွေ့ မြင်ကြရပေသည် ။
သတ္တိသွေးနီရဲ ရာတွင် ထူးခြားပြောင်မြောက်လှသော မြန်မာတိုင်းရင်းသား
အများစုသည် အင်္ဂလိပ်ဗြိတိသျှသာမကဖက်ဆစ်ဂျပန်တို့ အလည် တပါတီ
အာဏာရှင်နေ၀င်းအစိုးရအဆုံးမတရားသောအုပ်ချုပ်သူမှန်သမျှကို ရရာလက်
နှက်စွဲကိုင်ကာနည်းလမ်းပေါင်းစုံတို့ ဖြင့် အဆင့် လက်ဆင့်ကမ်း တော်လှန်အောင်
ပွဲခံခဲ့ ကြသည်မှာသမိုင်းအစဉ်အလာဖြစ်ပါသည် ။
ယနေ့ မြန်မာပြည်သူတို့ သည်လည်းထိုအစဉ်အလာကို ထိမ်းသိမ်းကာ ငြိမ်းချမ်းစွာ
လမ်းလျှောက်ဆန္ဒပြကြရာမှ လက်နှက်စွဲကိုင်တိုက်ပွဲများအလည် ယနေ့ ပြည်တွင်း
စစ်တိုက်ပွဲများအထိဖြစ်လာတော့ မြည့်အရေးသို့ ဦးတည်နေပေပြီ ။
ဘယ်လောက်ပင်အင်အားကြီးပါစေ၊ဘယ်လိုပင်ဖိနိပ်အကွက်ဆင်ထိမ်းချုပ်
ထားပါစေ၊ပြည်သူတို့ ၏စိတ်ထဲမှအမှန်တရားနှင့် မခံခြင်စိတ်များသည်ပြောက်ဆုံး
သွားမည်မဟုတ်ပေ၊
သို့ သော် ပြည်သူကိုချစ်သောပြည်သူများ၊အနစ်နာခံလူငယ်များသည် ပြည်သူတို့ 
ထိခိုက်နစ်နာဆုံးရှူံးမည့် နေရာများကို အတပ်နိုင်ဆုံးရှောင်ရှားပြီး မြို့ တွင်းတိုက်ပွဲ
များ၊အာဏာရှင်တို့ ၏ပြစ်မှတ်များ၊၄င်းတို့ ၏လက်ပါးစေများကို နည်းမျိုးစုံဖြင့် ပြင်း
ထန်စွာတိုက်ပွဲဝင်သွားကြတော့မည်ကို တွေ့ ရှိရပေသည်၊
ယနေ့ အရှေ့ အလည်ပိုင်းဒေသလှုပ်ရှားမှူများ၊ အာဖရိကဒေသလှုပ်ရှားမှူများကိုကြည့် 
မည်ဆိုလျှင်လည်း မလွဲမရှောင်သာသည့် အဆုံး မြို့ တွင်းစစ် ပြောက်ကျားတိုက်ပွဲများ
ကို ဆင်နွဲနေကြရသည်ကိုတွေ့ နိုင်ပါသည်၊ အချို့ နိုင်ငံများတွင်မြို့ တွင်းပေါက်ကွဲမှူများ
များပြားလာသဖြင့် ကမ္ဘာ့ ကုလသမဂ္ဂတပ်များ၊နိုင်ငံတကာတပ်များ ပြည်တွင်းထဲအထိ
ဝင်ရောက်ထိမ်းသိမ်းတားမြစ်စောင့် ကြပ်ပေးရသည်အထိဖြစ်လာပေသည် ။ကြားဝင်
ဖျန်ဖြေစေ့စပ်ပေးရသည်အထိဖြစ်လာပေသည် ။
မြန်မာပြည်သူအများစုဖြစ်သည့် ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် သနားကျင်နာတပ်
ခြင်း ၊ အေးဆေးနိမ့်ချကာရောင့်ရဲတင်းတိမ်တပ်ချင်း ၊ သဘောထားကြီးခြင်း စသည့် 
နူးညံ့ သိမ်မွေ့ သောသဘောတရားများအပေါ်တွင် မြန်မာစစ်အာဏာရှင်များသည်
ချိမ်းခြောက်၊နိပ်စက်၊ရက်စက် ပြ၍ အနိုင်ကျင့် အုပ်ချုပ်ထားကြောင်းသဘောပေါက်
လာသော မြန်မာပြည်သူအများစုသည် ဖိလျှင်ချ ၊ထိလျှင်ချ ဟူသည့်  နူတန်၏ physics
နိယာမ သဘောတရားနှင့် ခပ်ဆင်ဆင်တူသော တန်ပြန်မှူများကိုပြုလုပ်လာကြပေပြီ ။
ယနေ့ မြန်မာနိုင်ငံတွင်အုပ်ချုပ်ဖက်မှသာ အာဏာလက်နှက်များဖြင့် တဖက်သတ်အနိုင်
ကျင့်လာနေရာမှပြည်သူတို့ မခံနိုင်သည့် အဆုံးမြို့ တွင်းလက်နှက်ကိုင်ဆန္ဒပြသောပြောက်
ကြား ဖေါက်ခွဲရေးများပါ ဖြစ်ပေါ်လာရသည်မှာ မတရားအာဏာလုအုပ်ချုပ်သူနေသူ
စစ်အစိုးရတွင်သာတာဝန်ရှိကြောင်း ကမ္ဘာမှအာရုံစိုက်လာနေပေပြီ
ဖိနိုပ်ခြင်းကြောင့် ကြောက်ရွှံ့ စွာရပ်တမ်းကရပ်သွားကြမည်မဟုတ်ပဲ
ပိုမို နီစွေးသောသွေးများဖြင့် ဒေါသအိုး ပေါက်ကွဲကြဖို့ သာရှိလာနိုင်ပါသည်
ယနေ့ ထက်မျက်သော မြန်မာပြည်သူတို့ မခံနိုင်သည့် အဆုံး
ဒေါသအိုး ပေါက်ကွဲ ကြသော ပြရုတ်များသည် ယနေ့ ပြည်တွင်းရှိအချို့  မြို့ များတွင်
ဗုံးပေါက်ကွဲမှူများပင်ဖြစ်လေသည် ။
ငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒပြမှူများမအစ ၊ နယ်စပ်လက်နှက်ကိုင်တိုက်ပွဲများအလည်
မြို့ တွင်ဗုံးပေါက်ကွဲမှူများ ၊ ပျောက်ကျားစစ်များ နည်းမျိုးစုံဖြင့် ဆက်လက်ဖြစ်ပေါ်နေဦး
မည်ကို ၀မ်းနည်းစွာတွေ့ မြင်ရပါသည် ။
မြန်မာပြည်၏ စစ်မှန်သောငြိမ်းချမ်းရေးကို လက်နှက် အာဏာဖြင့် တဖက်သတ်ထိမ်း
ချုပ်မထားနိုင်ကြောင်း တွေမြင်ကြရပါသည်။

ဆက်ရေးပါဦးမည်


ဆက်ရေးပါဦးမည် ....


ဆက်ရေးပါဦးမည် ....




Tuesday, July 1, 2008

ကိုယ်အတိုင်းအတာနဲ့ ကိုယ်

ကိုယ်အတိုင်းအတာနဲ့ ကိုယ်

အနီးအဝေး
ခရီးကလေးတခုမှာ
နီးတာ ဝေးတာ
ဘာကိုစံညှိ
မတိကျတဲ့ အတိုင်းအတာ
ဘယ်ဟာမှန်မလဲ ..။

အကြီးအသေး
ပစ္စည်းကလေးတခုဟာ
ကြီးတာသေးတာ
ဘာကိုစံထား
မမှားမဲ့ အတိုင်းအတာ
ဘယ်ဟာယူမလဲ ...။

လူတော်လူညံ
သတ်မှတ်တဲ့ အခါ
ညံ့ တာတော်တာ
ဘာကိုဆိုလို
ဘယ်လိုသတ်မှတ်
ဘယ်ဖြစ်ရပ်နဲ့ နိုင်း
ဘယ်လိုတိုင်းမလဲ ...။

အမှားအမှန်
ပုံသဏ္ဌန်တခုမှာ
ဘယ်ဟာအမှား
ဘယ်နားကအမှန်
ဘယ်ပေတံနဲ့ 
ဘယ်သူထံ
အဆုံးအဖြတ်ခံမှာလဲ ....။ ။


အမှန်အမှားသည်ပင်လျှင်အချိန်အခါနေရာဒေသပေါ်လိုက်၍ ပြောင်းလွဲတပ်ပြန်၏
သို့ သော် ထိုအချိန်ထိုနေရာထိုဒေသရှိ အများ၏ဆုံးဖြတ်ချက်ကိုသာလေးစားလိုက်နာသင့်
ပေသည်...။




Sunday, June 22, 2008

ပျောက်သောကြယ် ဘယ်မှာလဲ

အမှန်တရားရဲ့ အနောက်
မြှောက်ပင့်တဲ့ လူတစုအကြား
ပြောက်သွားတဲ့ မှန်တချပ်..
ရစ်ပတ်ခဲ့ အမှားများစွာ
ဘ၀ပါသေဆုံး
အပြုံးတို့ ပျောက်ကွယ်
ယုံလွယ်တဲ့ဦးနှောက်
ဖေါက်ဖျက်ခဲ့ သစ္စာတရား
စေစားတဲ့ အတ္တစိတ်
အတိတ်ကကြီးမြတ်မှူ
ဘယ်သူကိုဘာ့အတွက်
ငဲ့ ကွက်နေရမှာလဲ ...


၁၉၈၉ ခုနှစ်

Friday, June 20, 2008

အလွမ်းနဒီဘေးမှာ

အလွမ်းနဒီဘေးမှာ

အလွမ်း တပွင့်
ပန်းတပွင့် 
လမ်းသင့် လျှင်မျှော
လွမ်းရေကျောမှာ
လွမ်းသောသူကမျှောလိုက်သည် ။

အနမ်းတခါ
ပန်းတခါ
အကျင်နာချွေချ
တချိန်ကပေါ့
သူမပေးဆက်ဖူးပါသည် ။

အနမ်းကြောင့်ဆွေး
ပန်းခြောက်ကလေး
ဖြေးဖြေးချွေမွှ
သတိယရင်
တစစီလွှင့် ချွေ တပ်ပါသည်။

အနမ်းတဆ္ဆေ
ပန်းကဝေ
လွမ်းလေပြေခ
လသာညမှာ
သူမပျော်မွေ့ ဘူးပါသည် ။

အနမ်းအိမ်မက်
ပန်းချိန်စက်ဖြင့် 
အိပ်စက်ညများ
ဘ၀တပါးမှ
သူ့ အားတောင်းဆုပြုပါသည် ။

( ရိုးမချောင်းခြားဘ၀တပါးမှ သူမသို့ )


ရိုးမချောင်းခြားဘ၀တပါးမှ သူမသို့ 

Wednesday, June 4, 2008

ပွဲဖျက်မည့် သူ

ပွဲဖျက်မည့် သူ

ကမှာလား..
သွားသွား ကချေ...။

ကြည့် ရင်လည်း
ကဲ ကဲ ငြိမ်ငြိမ်ထိုင်....။

အလိုလေး
မကလည်းမက
မကြည့် လည်းမကြည့် 
ငတိလက်ထဲ
ခဲ နဲ့ ပါလား...။ ။


သားမောင်စစ်သည်သို့ 

သားမောင်စစ်သည်သို့ 
အမေ့ ထံမှစာ

ပန်းတို့ ကြွေကာ
ရေမှာမျောရ
သောကပင်လယ်မှာဆုံး
ပန်းတကုံးသီဖို့ ဆိုရင်
ပန်းပင်ပေါ်ကမင်း
ဆင်းခဲ့ ပါတော့ ....

Type the rest of your post here.

Monday, June 2, 2008

မစည်းရုံးစေသူသာ

မစည်းရုံးစေသူသာ

အမှန်တရား
အမှားတရံ
ကျားကန်ငြင်းကြ
ငါအတ္တစွဲ
ငါပဲလူတော်
ထုတ်ဖေါ်ဒဿန
ဖွင့်ဟအတွေးအခေါ်
ဆော်ကြကော်ကြ
ထုကြနှက်ကြ
မရသည့် အဆုံး
ပြုံးဖြင့် ကြိတ်ကြံ
ဟန်ဆောင်အုပ်စုဖွဲ့ 
သူ့ ဖက်ငါ့ ဖက်နဲ့ 
ဦးတည်ချက်တွေလွဲ
အကွဲကွဲအပြားပြား
အင်အားချိနဲ့ 
ဒို့ ရဲ့ ရန်သူ
ဘယ်မှာလဲ ....။ ။


Saturday, May 31, 2008

ယုံကြည်ချက်၊ခံယူချက်ကွဲတိုင်းရန်သူမဟုတ်

ယုံကြည်ချက်၊ခံယူချက်ကွဲတိုင်းရန်သူမဟုတ်

ရဲရဲတွေးရဲရဲရေးကိုရဲရဲလက်ခံကျင့်သုံးလာခဲ့ပြီးတဲ့နောက်လှေနံဒါးထစ်ဝါဒတွေကိုပြောင်း
လွဲရင်း စိတ်တံခါးကိုဖွင့်ထားခဲ့ကြပါတယ်၊ယုံကြည်ချက်ခံယူချက်အမြင်အဘောထာရှူ
ဒေါင့် ကွဲတိုင်းရန်သူမဟုတ်ကြပါ
လွတ်လပ်စွာကွဲလွဲပိုင်ခွင့်ရှိကြပါတယ်မိမိယုံကြည်ချက်
ကိုနိုင်းယှဉ်တင်ပြပိုင်ခွင့်ဆက်လက်ဆုပ်ကိုင်ထားပိုင်ခွင့် ထပ်မံကြိုးစားပိုင်ခွင့်ဆိုတာ
တွေဟာသဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေလက်ခံသည်ဖြစ်စေမခံသည်ဖြစ်စေ နေရာတိုင်းမှာဆက်လက်ရှင်သန်နေကြမှာပါ ဘယ်သူကို့ ဘယ်သူကမှပိတ်ထား၍မရ
ကြပါလမ်းကျဉ်းကလေးထဲမှာရှေ့ကရောက်နှင့်နေပြီးသားကားကလမ်းဖယ်မပေးရင် နောက်ကားကကျော်တက်လို့ မရခဲ့ ပေမဲ့ ဟိုက်ဝေး
လမ်းမကျယ်ကြီးထဲ ရောက်သွား
ကြတဲ့ အခါမှာတော့တကားကိုတကားပိတ်မောင်းလို့ မရတော့ ပါဘူး ။

အဲ ဒါပေမဲ့ အရေးအကြီးဆုံးအချက်တခုကတော့  တရားမျှတစွာ ယှဉ်ပြိုင်နိုင်ခွင့် 
လိုပ်ကိုင်နိုင်
ခွင့် ရှိဖို့ ပါ ၊အပြန်အ
လှန်တန်းတူလေးစားဆက်ဆံခြင်း ဆိုတာလည်း
လိုပါတယ် ။

လူဆိုတာလူ့ အတ္ထနည်းအများမကင်းကြပါဘူး လူကိုလိုအပ်တဲ့ အခါမှာထိမ်းချုပ်
တဲ့ စံနစ်တခု သို့ မ
ဟုတ် ဥပဒေ တခုခိုင်မာစွာလွမ်းမိုးရပ်တည်ထားဖို့ တော့ လို
ပါတယ် ဘယ်စံနစ်ဘယ်ဝါဒ ဘယ်လောက်ပဲကောင်း
နေစေကာမူ လူသဘောသ
ဘာဝ ကိုထည့် မတွက်ထားခဲ့ ဘူးဆိုရင်ဖြည်းဖြည်းခြင်းပျက်စီးဆုံးရှံးတိမ်မြုတ်
ပျောက်
ကွယ်သွားပါလိပ့်မယ်လူတို့ ၏ယုံကြည်ချက်ခံယူချက်လုပ်ဆောင်ချက်
စိတ်ဓါတ်တွေဟာမိမိကြိုးစားနေရစဉ်ကာ

လနဲ့ မိမိအောင်နိုင်ပြီးကာလနေရာရပြီကာလ မတူတပ်ကြပါဘူး အမျိုးသားရေးစိတ်ဓါတ်အစစ်အမှန်တွေဟာ မိမိ
တိုင်းပြည်တကယ်ကောင်းစားတိုးတက်မယ်ဆိုရင် မိမိနောက်မှာနေရရင်၊ နောက်ဆုတ်ပေးလိုက်ရရင်လဲ ၀န်မ
လေးတပ်ကြသလို ၊ လိုအပ်ရင်လဲ စွန့် လွတ်အသက်စတေးဖို့ ကိုပင်ဝန်မလေးတပ်ကြကြောင်းတွေ့ ရကြမှာပါ၊
ဘယ်နေရာကီစ္စမျိုးမှာမဆိုသဘောထားတင်းမာသူတွေနဲ့ သဘောထားပျော့ ပြောင်းသူ တွေဆို ပြီးနှစ်မျိုး (နှစ်အုပ်စုမဟုတ်ပါ )ရှိနေတယ်ကြတာလဲအဆန်းတကျယ်မဟုတ်ကြတော့ပါဘူး တော်လှန်ရေးတစ်ရပ်
ဆိုတာ ဒေါသရှေ့ ထားဂလဲ့ စားချေခြင်းတစ်ရပ်မဟုတ်ပါဘူး လိုအပ်လို့ အပြေင်းအလွဲ တစ်ရပ်ကို ဖြစ်ပေါ်စေခြင်း မျှသာဖြစ်ပါတယ် ၊နိုင်ငံရေးတရပ်မှာလည်းပါတီစွဲ ၊လူမျိုးစွဲပြင်းထန်လွန်းရင် အမျိုးသားနိုင်ငံရေးပျောက်ဆုံးတပ်
ပြီးလမ်းမှားရောက်တပ်တာတွေလည်းရှိတယ်ပါတယ်။ ကမ္ဘာ့ သမိုင်းတွေကိုပြန်ကြည့် မယ်ဆိုရင်လည်းတော်လှန်
ရေးတိုင်းမှာသွေး ၊ချွေး ၊အသက်တွေစတေးခဲ့ ကြရတာကို တွေရမှာဖြစ်ပါတယ် ၊ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာတော့
အခြားအရှေ့ အလယ်ပိုင်းလုပ်ရှားမှူတွေ ၊ အာဖရိက ကလုပ်ရှားမှူတွေနဲ့ ရှင်ရင် ပျော့ ပြောင်းညင်သာတာကိုတွေ့ 
ရပါတယ်။ နှစ်ပေါင်း ၄၀ ကျော်ကြာ ကြောက်ရွံ့ မှူအရိုးစဲနေတော့လက်နက်မဲ့ အခြေအနေမပေးတာတွေလဲ ပါ
နေပါတယ်၊ ဒါတွေဟာစစ်အစိုးရအခွင့် ကောင်းရပြီးသက်ဆိုးရှည်နေခြင်းရဲ့ အဓိကအချက်ဖြစ်ပါတယ်။ UN တပ်
တွေ ၊ ဘာ တွေဆိုတာလဲ ဘယ်လို့ မှဝင်ဖို့ အခြေအနေဖြစ်မလာတော့ ပါဘူး။
သမိုင်းမှာကျွန်ုပ်တို့ ဟိုဖက်ဒီဖက်အားလုံး လေးစားခဲ့ ကြရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဖွဲ့ ဟာအ
င်္ဂလိပ်ကိုတိုက်ထုတ်ဖို့ ဂျပန်ကိုခေါ်လာခဲ့ တာဘယ်သူငြင်းမလဲ့ ဒီဆိုးကျိုးကောင်းကြိုးတွေကို သူတို့ ဟိုင်နန်ကျွန်း
မှာဂျပန်ဖက်စစ်တွေနဲ့ စစ်ပညာသင်ကြားနေစဉ် ကြိုတင်ခန့် မှန်းသိရှိခဲ့ ကြပါတယ်၊ သိုတို့ လဲ့ ဖြစ်နိုင်ရင်ဘယ်သူ့
အကူအညီမှမပါပဲ ပြည်သူတွေနဲ့ ဝေးရာနယ်မြေမှာ အင်္ဂလိပ်စစ်တပ်ကိုအမှန့် ကြိတ်ချင်ခဲ့တဲ့ သူတွေပါပဲ
တိုင်းပြည်တိုင်းမှာစစ်တပ်လိုပါတယ် ၊ဒါပေမဲ့ စစ်တပ်ရဲ့ အခန်းကန်ဏ္ဍဟာအကန့်အသတ်ဥပဒေ
ဘောင်ရဲ့ အောက်မှာလုံးဝရှိသင့် ပါတယ် ၊စစ်တပ်ဟာတိုင်းပြည်ကိုရွေချပေးနိုင်ရင်တောင်မှလုံးဝ အစိုးရမဖြစ်သင့်
ပါဘူး ယနေ့ ကမ္ဘာလူမှူအသိုင်းအ၀ိုင်းဟာ ကမ္ဘာစစ် ဖြစ်ခဲ့ ကြတဲ့ ကာလကြီးတွေနဲ့ မတူကြတော့ တာပြေင်းလွဲ
နေတာတွေ့ မြင်သတိထားမိဖို့ လိုပါတယ် ။ တရုပ်လို ၊ ရုရှနိုင်ငံလို နိုင်ငံတွေရဲ့ လူအင်အားနဲ့ အုပ်ချုပ်မှူစနစ်တွေ
ကို မြန်မာနိုင်ငံနဲ့ နိုင်းယဉ်လို့ မရပါဘူး ...
တရုတ်ဟာလူဦးရေအဆမတန်များလွန်းပြီး ရှားပါးဆင်းရဲတဲ့ နိုင်ငံဘ၀ဟာ လူတဦးချင်းစီရဲ့ 
ကျိုးစားမှူအရည်အချင်းတွေကို တန်းအားပေးခဲ့ ပါတယ် နောက်တခုကအာဏာရှင်အစိုးရဆိုတာ နည်းပညာတွေ
အခြားနိုင်ငံကနေခိုးဖို့ တရားမ၀င်နည်းလမ်းပေါင်းစုံနဲ့ ပြန်လည် ဖြန့်ချီဝေငှရောင်းဝယ်ဖေါက်ကားဖို့ ဝန်လေးတပ်
တဲ့ နိုင်ငံမဟုတ်ပါဘူး ၊ အနောက်နိုင်ငံကြီးတွေမှာလည်း ဒီလိုမျိုးရှိတယ်ပေမဲ့ ဥပဒေလမ်းကြောင်းပေါ်ကပြန်လည်
တရားစွဲလို့ ရပါတယ် ဥပမာ Patent Law လိုမျိုးပါ ၊ တရုပ်ဟာကိုယ်ပိုင်နည်းပညာတည်ထွင်မှူကိုအဓိကမထား
ပဲ ဂျပန်၊ရုရှ အပါအ၀င် အနောက်နိုင်ငံကြီးတွေက Technology တွေကို မြန်ဆန်စွာခိုးယူ ပြုပြင်သုံးစွဲခဲ့ ကြရာမှ
လူဦးရေများသဖြင့် လုပ်ခသက်သာပြီး ကမ္ဘာဈေးကွက်ကိုအမြန်ထိုးဖေါက်ဝင်ရောက်အောင်မြင်ခဲ့ တာပါ ၊ကျွန်
တော်တို့ နိုင်ငံလည်းအဲဒါမျိုးဖြတ်လမ်းမြန်မြန်လုပ်သင့် တယ်လို့ လောလောဆယ်မြင်ပါတယ်..။ ကောင်းတာဆိုး
တာ၊တရားတာမတရားတာကို ကျွန်တော်ပြောနေခြင်းမဟုတ်ပါ အခြေအနေမှန်ကိုပြောနေခြင်းသာဖြစ်ပါတယ်။
ဒေသဆိုင်ရာ အားနည်းချက်ကိုကြည့် မယ်ဆိုရင်လည်း မြန်မာစစ်အုပ်စုအုပ်ချပ်သူတွေနဲ့ အာဆီ
ယံနဲ့  အကျိုးတူစည်းပွားဖြစ်နေတာကိုတွေ့ ရပါတယ် မြန်မာပြည်သူတွေ၇ဲ့ ခံစားခွင့် ဘယ်လောက်အထိရှိနိုင်မှာ
လဲ ဆိုတာက အားလုံးသိကြပါတယ်၊ ထက်မျက်ရဲ ရင့် တဲ့ မြန်မာလူမျိုးတွေ၇ဲ့ သမိုင်းကို အာဆီယန်နိုင်ငံအများစု
က ကြောက်ကြပါတယ် မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ အစိုးရရဲ့ ဦးဆောင်မှူအောက်မှာ စင်္ကာပူနိုင်ငံလို ထောင်တက်
သွားပြီး သူတို့ နဲ့ ဒေသဆိုင်ရာ စီးပွားပြိုင်ဖက်နိုင်ငံဖြစ်လာမှာမျိုး ကို အာဆီယံနိုင်ငံအချို့ အထူးစိုးရိမ်နေကြပါ
တယ် ဒါကြောင်လည်းမြန်မာစစ်အစိုးရကို အသိမသာ မြှောက်ပင့် ထောက်ပံပေးပြီး ပြည်တွင်းရေးပြသနာကို အာဆီယံနိုင်ငံတွေက ဆွဲဆန့် ထားကြတာပါ ။ တရုပ်ကလည်း သူတပြည့် ပဲ ဖြစ်နေစေ ချင်ပြီး တောင်ကိုယီယား
ထိုင်း ဖိလပိုင် နိုင်ငံတွေလိုကမ္ဘာနဲ့ လွတ်လပ်စွာ မြန်မာနိုင်ငံဆက်ဆံ လာမှာမျိုးသူတို့ မလိုလားကြပါဘူး ။ဒါကြောင့် အာဆီယန်နိုင်ငံအချို့ ဟာမြန်မာပြည်မှာစစ်မှန်သောအစိုးရတရပ်ပေါမှာသူတို့ သိပ်မလိုလားတာပါ
မြန်မာနိုင်ငံကသယံဇာတတွေ သူတို့ ဈေးပေါပေါနဲ့ မရတော့ ဘူးပေါ့ 
လူဆိုတာအနဲအများဆိုသလိုအာဏာတို့ စည်းစိမ်တို့ မက်တပ်ကြတဲ့ သဘောကရှိလေတော့ ရှေ့ 
ခေါင်းဆောင်ကြီးဗိုလ်ချုပ်အကြီးဆုံးကြီးတွေကပေးဖို့ ကြံရွယ်တယ်ပဲထားဥိး နောက်တက်လာမဲ့ သူတွေကငါတို့ 
အလှဲ့ ပြီးမှ ပေးရင်တော့ ပိုကောင်းမှာပဲလို့ လက်တွေအကောင်အထည်မဖေါ်ရင်တောင်မှတွေးမိကြမှာပါပဲတ
ကယ်ကို ရိုးသားတဲ့ တပ်မတော်ခေါင်းဆောင်ကြီးတွေနဲ့ သူတို့ ရဲ့ မိသားစုတွေ အနီးကပ်သိပါတယ် သူတို့ ကိုယ်
တိုင်ပင်လျှင်ပြည်တွင်းထဲမှနေတုန်းက ယုံကြည်ချက်ခံယူချက်တွေနဲ့ ပြည်ပမှာအတန်ကြာနေထိုင်ပြီးသကာလ
အတွေးအခေါ်ယူဆချက်တွေဟာမတူညီပဲပြောင်းလွဲလာတာတွေရပါတယ်၊ ဧရာဝတီမြစ်ရေကို တားဆီးတမန်
တုပ်၍မရသလို ယနေ့ ကမ္ဘာကြီးနဲ့ ပြောင်းလွဲနေတဲ့ လူမှူအသိုင်းအ၀န်းကြီးနဲ့ ကိုက်ညီမဲ့ စနစ်ဆိုတာ ပြောင်းလွဲ
ရစမြဲပါ လူဟာလူပါပဲ အရှေ့ တိုင်းမှာနေလို့ ၊အနောက်တိုင်းမှာနေလို့  ဗုဒ္ဓဘာသာကိုးကွယ်လို့ ခရစ်ယန်ကိုးကွယ်
လို့ ဆိုတာတွေနဲ့ မဆိုင်ပါဘူး အားလုံးလွတ်လပ်မှူနဲ့ တရားမှတမှူကိုလိုလားကြတာပါပဲ
အားလုံးသိပြီးသားစကားတခုဖြစ်တဲ့ လူနှင့် ရုပ်ပတ်ဝန်းကျင်တို့ ၏အင်ညမညဖြစ်စဉ်ဆိုတဲ့ စကား
အတိုင်း ယနေ့ တိုးတက်ပြောင်းလွဲနေတဲ့ ရုပ်ဝထ္ထု ပစ္စည်းတွေ နည်းပညာတွေနဲ့ လိုက်ညီပြီးလူတွေရဲ့ စိတ်ဓါတ်
တွေတွေးခေါ်ခံယူပုံတွေဟာလည်းပြေင်းလွဲတိုးတက်နေတယ်ဆိုတာမေ့ လို့ မရပါဘူး ပြည်သူတတွေအပေါ်မှာ သတင်းအမှေင်ချ ၀ါဒဖြန့် ချီမှူ ဟာ ယနေ့ တရုပ်နိုင်ငံမှာရော မြန်မာနိုင်ငံမှာပါ ရေရှည်လုပ်လို့ မရတော့ ပါဘူး
ပြည်သူတွေကိုမျက်စေ့ ပိတ်နားပိတ်ထားချင်းဟာ လူမျိုးတမျိုးလုံး အနာဂတ်အညွန့် တုံးစေမဲ့  ဘိန်းကြွေးအုပ်ချုပ်
နေတာနဲ့ အတူတူပါပဲ
ဂဠုန် ဦးစော မျိုးနွယ်ဆက်တွေဖြစ်လာမဲ့ ကြံ့ ဖွတ်တို့ ၊ စွမ်းအားရှင်တို့ ဆို တဲ့ ပြည်သူတွေကို
လည်း အတွေးခေါ်ရေးရာတိုက်ပွဲ သဘောတရားရေးရာစည်းယုံးမှူတွေနဲ့  ချည်းကပ်ကြိုးစားယူဖို့ လိုပါတယ်ပြည်
သူကို ပြည်သူနဲ့ ပြန်လှည့် တိုက်ပေးတဲ့ ဖက်ဆက်နာဇီတို့ ရဲ့ လုပ်ထုံးလုပ်နည်းထောင်ချောက်ထဲ မှာသိပ် အချိန်ကုန်ခံနေလို့ အဖြစ်ပါဘူး စစ်တပ်ကွဲဖို့ ဆိုတာကို ဗေဒင်ဆရာရဲ့  ထီပေါက်ကိန်းဟောစာတမ်းလို့ စိတ်ကူး
ယဉ်ဖက်တွယ်ပြီး ရသေ့ စိတ်ဖြေလုပ်နေလို့ မရတော့ ပါဘူး လက်တွေကျတဲ့ ချေလှမ်းတွေကိုစတင်သင့်ပါတယ်
တလှမ်းပဲဖြစ်ဖြစ်ပေါ့ ။မိမိတို့ နဲ့ အနည်းဆုံးမှာရှိတဲ့ မျက်စေ့ ရှေ့ ကအနည်းဆုံးပြစ်မှတ်သည်သာ မိမိတာဝန်ဖြစ်
တယ်လို့ ခံယူသင့် ပါတယ် ။
တမျိုးသားလုံးပြန်လည် နလံထူလာဖို့ အတွက် ရိုးသားတဲ့ အမျိုးသားရေး စိတ်ဓါတ်အတွေးအခေါ်
နည်းလမ်းတရပ်မှာ သဘောထားကွဲလွဲသူတိုင်းယုံကြည်ချက်ခံယူချက်မသူတူတိုင်းဟာ ရန်သူမဟုတ်ဘူး ဆိုတဲ့ 
သဘောတရားရေးကိုလက်ခံထားကြပါတယ် အမျိုးသားပြန်လည် ထူထောင်ရေး ( သင့် မြတ်ရေး အပြီး ) အ
တွက် အမျိုးသားရေးစိတ်ဓါတ်အခြေခံရှိသောသူတိုင်းနဲ့ လက်တွဲလုပ်ဖို့ အချိန်ကြရောက်လာနေလေပြီ ကျွန်
တော်အနေနှင့် တော့ ဒီမိုကရေစီစံနစ်ကိုမြတ်နိုးသောသူလက်ခံသောသူများမှသာတိုင်းပြည်ကိုချစ်ကြသည်လို့ 
မခံယူပါ သို့ သော် ပြည်သူမှစစ်မှန်စွာရွေးချယ်တင်မြှောက်သောအစိုးရတရပ်သာလျှင် စစ်မှန်သောအမျိုးသား
ရေးနှင့် ကမ္ဘာ့အဆင့် အတန်းမှီတိုင်းပြည်ကိုပြန်လည်ထူထောင်နိုင်မည်ဟုသာယုံကြည်ပါသည်...




Thursday, May 29, 2008

ပဲ့ တင်ငှက်

ပဲ့ တင်ငှက်

ပည်သူနံရံ
ပဲ့ တင်သံမှာ
နာခံချီတက်
အတွေးငှက်သည်
ရှေ့ ဆက်ပျံသန်း
မနားတမ်းတည့် ....။ ။



Tuesday, May 27, 2008

ငှက်ငယ်များ

ငှက်ငယ်များ

လရင်ခွင်ထက်
အတွေးငှက်တို့ 
လွင့်ထွက်ပျံပြေး
ဟိုအဝေးမှာ......။

ဒဏ်ရာတစ
မျက်ရည်ကျလျှက်
ကြွေကျကန့် ကော်
ဒို့ ကိုမျှော်နေ.......။

ကန်ရေအင်းယား
အလွမ်းများနဲ့ 
တွေးသွားရှိုက်ငို
လွမ်းချင်းဆိုဆဲ....။

အမိရင်ခွင်ထက်
အပျံခက်သည့် 
အတွေးငှက်များ ( ငှက်များနားပါစေ )
နားပါစေ......။

( သက်သက်မဲ့ မိုးစီရီးမှ )


Type the rest of your post here.

တော်လှန်ရေးဆိုတာ ဘာလဲဘယ်လဲ

တော်လှန်ရေးဆိုတာ ဘာလဲဘယ်လဲ

တော်လှန်ရေး
ဆွေးမြေ့ တဲ့ စရိုက်
အမှိုက်ကစတော်လှန်
မမှန်ကန်တဲ့ လုပ်ရပ်
ပြတ်ပြတ်သားသား
ဆန့် ကျင်သွားရမယ်.....။

ဒီမိုကရေစီ
ညီညာတဲ့ သဘောထား
အများက အုပ်ချုပ်
ညစ်စုတ်တဲ့ အာဏာရှင်
မြင်မြင်သမျှတော်လှန်
စစ်မှန်တဲ့ခေါင်းဆောင်
ဒို့ ထူထောင်ရမယ်...။

အာဏာရှင်ဝါဒ
မညီမျှတဲ့ ဥပဒေ
ပြည်သူတွေကိုလှည့် စား
အမှားနဲ့ အမှန်
တယူသန်ဆုံးဖြတ်
ရပ်တည်မှူလူရွေး
သူပေးတဲ့ အပြစ်ဒဏ်
ဒို့ ဖီဆန်ရမယ်...။

အာဏာရှင်ဝါဒ
တိုက်ဖျက်ကြဖို့ ထက်
ဒို့ ရဲ့ ရှေ့ မှာ
အာဏာရှင်အသစ်
ထပ်မဖြစ်ဖို့ အရေး
အလေးပေးဆောင်ရွက်ကြရမယ်....။ ။


( အာဏာရှင်ကြီးများကိုတော်လှန်တိုက်ခိုက်နေခြင်းသည်
အာဏာရှင်ကလေးများကို လေ့ကျင့် ပြုစုပျိုးထောင်ပေးနေခြင်းမဟုတ်စေရ)



Monday, May 26, 2008

ငြိမ်းချမ်းရေးအိမ်မက်

ငြိမ်းချမ်းရေးအိမ်မက်

မျော်လင့် ချက်မှာ
စကားဘာသာ
ကမ္ဘာ အနှံ့ ပျံ့ နှံ့ လင့် ကစား.....။

မျှော်လင့် ချက်ကိုတွေး
ရေးရေးမြင်ရ
မြောက်အရပ်ကကြယ်လိုပ....။

မျှော်လင့် ချက်ကိုဖက်
အိမ်မက်ရှည်ညများ
လွင့် ပါးနေတဲ့ဟင်းလင်းပြင်
ဘာ မမြင်ရတောင်မှ.....။

မျှော်လင့် ချက်အတွက်
လွင့်ပျက်ခဲ့ ဘ၀တွေ
ရင့်ကျက်ခဲ့ ညတွေနဲ့ 
ရယ်နေတဲ့ အာရုဏ်ဦးတို့ 
လွန့် လူးနေဆဲ.....။

အခိုးအငွေ့ တွေမှာ
အရာရာမျှော်လင့် ချက်
နံနက်ဖြန်အတွက်စုစည်း
ပြုပြီးတဲ့ အရာတွေမှာ
အခါခါမျှော်လင့် ချက်
အရာရာမျှော်လင့် ချက်
မျှော်လင့် ချက်
မျှော်လင့် 
မျှော်.....

( ဖလူးစခန်း ယန်းငွေ့  မြူနှင်းငွေ့ များကြားမှ )

Type the rest of your post here.

စစ်တပ်ကို တိုက်ခိုက်နေတာမဟုတ်ပါ သို့ သော်

အိမ်မက်ထဲက ခင်ဗျားနဲ့ က္ဈန်တော်

စစ်တပ်ကိုတိုက်ခိုက်နေတာမဟုတ်ဘူး...
တိုင်းပြည်အတွက်မတရားမှူကိုတွန်းလှန်နေတာပါ..
အဲဒါပေမဲ့ မတရားသူအများစုကစစ်တပ်ထဲမှာရှိနေတော့ 
သူတို့ ကိုပြစ်မှတ်ထားရတာပေါ့ ..
ဗျာ ... ဒါ ပေါ့ .......
ကျဉ်ဆံကုန်တဲ့ အခါလည်းခေတ္တနားချင်နားမယ်
ဗိုက်ဆာတဲ့ အခါလည်း ခေတ္တနားချင်နားချင်နားနေမယ်
အဲဒါလက်နှက်ချသွားတာမဟုတ်ဘူး...
အင်း..ဘယ်သူကမှ ခိုင်းလို့ မဟုတ်ဘူး..
သွေးတွေ ၊မျက်ရည်တွေရဲ့ တွန်းအား
နာကျည်းမှူတွေရဲ့ တွန်းအား
မာန တွေရဲ့ တွန်းအား
မတရားမှူကို မခံချင်စိတ်ရဲ့ တွန်းအားတွေကလာတာပါ
ဒါပေါ့ ကောင်းတာတွေလည်းရှိပါတယ်
ဒါပေမဲ့ တိုင်းပြည်ကိုရွှေချပေးရင်တောင်
စစ်တပ်ကိုအစိုးရအဖြစ်လက်မခံနိုင်ပါဘူး
ပြည်သူကရွေးချယ်တင်မြှာက်ထားထားတဲ့ တရားဝင်အစိုးရမှနိုင်ငံသိက္ခာရှိမှာပေါ့
ဟုတ်တယ်....ပင်ပန်းတယ်...
ဝတ်ကြွေးလို့ ပဲဆို ဆို
ဝါသနာလို့ ပဲပြောပြော
ကို့ ကို ကိုယ် မှရပ်ပြစ်လို့ မရတာ...
စဉ်းစားတယ်လေ....
အမှန်တရားအတွက် ချွေးသုတ်ရင်း
ရင်ကော့ လမ်းလျှောက်နေမလား
အမှားတွေကိုချိုမိန်စွာပွေ့ ဖက်ရင်း
နောင်တရပုန်းအောင်းနေမလားဆိုတာကိုပါပဲ
တစ်သက်မှာတခါပဲ လူဖြစ်ရတဲ့ ဘ၀မှာ
စစ်မှန်တဲ့ ကြည်နူးစိတ်ချမ်းသာမှူဟာ
တရားမျှတမှူကလာတယ်လို့  မထင်ဘူးလားဗျာ....


Type the rest of your post here.

Tuesday, May 20, 2008

လတ်တလောလှုပ်ရှားဓါတ်ပုံမှူများ

Burma: Global Day of Action ( Toronto )

http://flickr.com/photos/photopia/sets/72157605125829779/?page=2

Burma Relief: Local Donation Sites by Countries

နိုင်ငံအလိုက် အလူ ငွေထည့် ဝင်နိုင်သော နေရာများ

http://nagris-donations.blogspot.com

Sunday, May 18, 2008

ဆင်းရဲဘေးဒုက္ခမှလွတ်ငြိမ်းကြစေရန်



မြန်မာပြည်သူပြည်သားအားလုံးသို့ပန်ကြားချက်

မြန်မာလူမျိုးများ၏သေရေးရှင်ရေးကို မြန်မာလူမျိုးများသာလျှင်အဓိကတာ
ဝန်ရှိကြပါသည်... အားလုံးတပ်နိုင်သမျှအဖက်ဖက်မှဝိုင်းဝန်းလုပ်ဆောင်နေ
ကြသည်ကို အားလုံးသိရှိလေးစားကြပါသည်.. မိမိတို့ ရသမျှ သတင်း ၊ ဓါတ်ပုံ များ ၊ဇတ်လမ်း များ ကို တပ်နိုင်သမျှလမ်း ကြောင်းအမျိုးမျိုးမှ သတင်းဌါနများ၊ သူငယ်ချင်းများ ၊ ကမ္ဘာနိုင်ငံအသီးသီး
သို့ ထပ်ကာတလဲ လဲ ပို့ ဆောင်ပေးကြစေလိုပါသည်..
တရုပ်ပြည်၏ ငလျှင်ဘေးဒဏ်သည် ကျွန်တော်တို့မုန်တိုင်းဘေးဒုက္ခလောက်မကြီးလှပါ
ကမ္ဘာအရပ်ရပ်ရောက်တရုပ်လူမျိုးတို့ ၏လှုပ်ရှားမှူသည် ကျွန်တော်တို့ မြန်မာ မုန်တိုင်း အရေးကြီးနောက်ရောက်သွားမည်ကို အထူးစိုးရိမ်မိပါသည်..
ယနေ့ ကျွန်တော်ကုန်တိုက်ကြီးတစ်ခုသို့ သွားရာ ထိုကုန်တိုက်ရှေ့ တွင် တရုပ်လူမျိုးများသည် ဆင်တူ အဖြူ
ရောင် ( တရုတ်ငလျှင်ဘေးဒုက္ခသယ်များကို ကူညီကြပါ ဟုရေးထားသော ) ၀တ်စုံ ကိုဝတ်ဆင်ပြီး ဓါတ်ပုံ ပိုစတာ များ လက်ကမ်းစာစောင်များ အလှူခံပုံးများကို ခေါက်လျှက် မရှက်မကြောက်အော်နေကြပါသည်. ထိုသို့ နေရာအ နှံ့ အပြားသူတို့ လုပ်နေကြကြောင်း သိရပါသည်...ကျွန်တော်လည်း ငွေအလှူထည့် ဝင်ခဲပါသေးသည
်ဘဏ်များ သို့ မည်သူမဆို ပိုမို လွယ်ကူစွာ တိုက်ရိုက်လှူနိုင်သောစနစ်များ ပြုလုပ်ထားသည့် အပြင် သက်ဆိုင်ရာ အစိုးရသို့ ဝင်ထွက်မှူမှာလည်း သွက်လှပါသည်..တရုပ်လူမျိုးများ၏ငလျှင်ဘေးဒုက္ခကို စာနာသနားမိသော်လည်း ပိုမိုကြီး မားသည့်  ကျွန်တော်တို့ မြန့် မာ လေမုန်တိုင်းဘေးဒုက္ခကြီး ဖြေးဖြေးခြင်း မှေး မှိန်သွားမှာကို စိုးရိမ်မိပါသည်.. ကျွန်တော်တို့ ချည်းပဲ မနိုင်ပါ ကမ္ဘာ့ အကူအညီ မလွဲ မသွေလိုအပ်ပါသည်.. ရေရှည်ထိတိုင် လိုအပ်ပါသည်...
ကျွန်တော်တို့ နိုင်ငံသည် ပို မိုဆင်းရဲပြီး ကျွန်တော်တို့ အစိုးရသည် မိမိတို့ အာဏာမြဲဖို့ ဆိုလျှင်ပို မို ၍ လူသား
ခြင်းစာနာမှူကင်းမဲ့ သည့် အပြင် ကမ္ဘာပြည်သူတို့ ၏အကူအညီများကို လည်း ရသင့် သလောက်မရခဲ့ ကြသော
အခြေအနေတွင် ..အဘယ်မျှကြာအောင် ၊ ဘယ်လောက်အထိအောင် ကူညီကြရမည် ကို ကျွန်တော်တို့ အား
လုံးအသိဖြစ်ပါသည်..
ကျွန်တော်တို့ မြန်မာတမျိုးသားလုံး၏ အမျိုးဂုဏ်သိက္ခာနှင့် အဏာဂတ်အောင်မြင် မှူလမ်းစများအတွက် ပြည်တွင်းနှင့် ပြည်ပ သည်..တဦးကို တဦးအပြန်အလှန်အားကိုးအလေးထား သွားကြရမည့် အနေအထားဖြစ်ပါသည်
ပြည်တွင်းရှိရဟန်းရှင်လူ ပြည်သူများ ၊ တော်လှန်ရေးခေါင်းဆောင်များသည် သေနတ်ပြောင်းဝရှေ့ နှင့် ထောင်
နုတ်ခမ်းဝများတွင် တိုက်ပွဲ ၀င်နေကြသလို ပြည်ပရောက်မြန်မာ့ တိုင်းရင်းသား အင်အားစုတစ်ရပ်လုံးသည်
လည်း မိမိတို့ နှင့် အနီးစပ်ဆုံးဖြစ်သည့် စစ်အစိုးရယန္တရားများ အပေါ်တွင်တိုက်ပွဲဝင်နေကြပါသည်..မိမိတို့ နေ
ထိုင်ရာနိုင်ငံအစိုးရအဆင့် ဆင့် နှင့် လည်း ပူးပေါင်းတိုက်ပွဲဝင်လျှက်ရှိသလို မိမိတို့ လက်လှမ်းမှီသ၍ နီးစပ်ရာ မြန်မာပြည်သူများအပေါ် တွင်လည်း အလျှင်းသင့် သလို့ စီးယုံး လျှက်ရှိနေကြပါသည်..
မြန်မာနိုင်ငံတွင် ဘယ်အစိုးရ ဘယ်လို ပင် ထပ်မံပေါ်ပေါက်စေတော့ လက်ရှိစစ်အစိုးရထက်ကောင်းမှာသေချာ
ပါသည်.. ယခုကဲ့ သို့ ကမ္ဘာက မြန်မာပြည်သူများကို သနားအာရုံစိုက်နေသည့် အချိန်တွင် ပြည်ပအဖွဲ့ အစည်းများ၊ သတင်း မီဒီယာများ ရှေ့ တွင် ပြည်သူအုံကြွမှူကြီးထပ်မံဖြစ်မည် ကို မြန်မာ စစ်အစိုးရ ကြောက်ရွံ့ လျှက်ရှိသဖြင့်အလှူပစ္စည်းများကို ပင် လျှင် ဒုက္ခရောက်နေသောပြည်သူတို့ ၏ မျက်ရေ ကို မငှဲ့ ပဲ တားဆီးလျှက်ရှိနေရသည်.နိုင်ငံခြား သားများပြည်တွင်းသို့ ဝင်မှကို အစဉ်အမြဲကြောက်နေသော တံခါးပိတ်အစိုးရ ၊ အိုးမှုတ်ခွက်အောက်ကဖါးအစိုးရ ၀ါးလုံးခေါင်းထဲ လသာသည်သည့် အစိုးရဖြစ်ပါသည်.. သူတို့ ကိုယ်တိုင်လည်း ဘယ်နိုင်ငံမှမထွက်ရဲပါ ၊ အာရှနိုင်ငံအ ချို့ သို့ သေရေးရှင်ရေးသွားရသည့် ကိစ္စမျိုးရှိလျှင်ပင် စကား ကျယ်ကျယ်မပြောရဲသော ၊ရင်ကော့ လမ်းမလျှောက်
ဝင့် သော အစိုးရဖြစ်ပါသည်.. ပြည်တွင်းမှပြည်သူများကို သာ လက်နှက်အားကိုးဖြင့် အနိုင်ကျင့် ရဲပြီး ပြည်ပမှ ခေါင်းဆောင်အချင်းချင်းကြားတွင် အမှီးကုတ်နေလေ့ ရှိသော အိမ်ကျယ် အစိုးရဖြစ်ပါသည်.. ဒင်းတို့ မည်သို့ ပင် ချိမ်းခြောက်အနိုင်ကျင့် အုပ်ချုပ်ပါစေ အမှန်တရား သည် အင်အားအဖြစ် တနေ့ ပေါက်ကွဲ အုံ ကြွ ရမည် မှာ ကမ္ဘာသမိုင်းအစဉ်အလာဖြစ်ပါသည်... နာကြီးမှူအဆင့်ဆင့် အဆက်ဆက် ဒေါသမီးများသည် .. စစ်အစိုးရတို့ ၏ ယမ်းတိုက်များကို ဆက်လက်ကူးစက်လောင်မြိုက်စေ ရမည်... လက်တွေကျသော မျက်စေ့ရှေ့ မှတော်လှန်ရေးသည် .. မိမိလက်တကမ်းအတွင်းရှိပြည်သူများ၊ သံရှံးများမှစ တင်ကြရမည်ဖြစ်သည်...
အကယ်၍သာယခုနေစစ်မှန်၍တရားမျှတသော ပြည်သူများမှ ရွေးချယ်ထားသည့် အစိုးရတရပ် အုပ်ချုပ်နေပါ
က မြန်မာပြည်သူများ သဘာဝဘေးအန္တရယ်ခံစားရဦးတော့ ဤမျှလောက် နာတာရှည် ဖြစ်နေ ကြမည်မဟုတ်
ပါ မြန်မာပြည်သူများ ၏ အမှန်စင်စစ်ရေရှည် ဆင်းရဲဒုက္ခတွင်းမှ လွတ်မြောက်ရာ လမ်းကြောင်းသည်ကား မြန်
မာစစ်အစိုးရ ပြုတ်ကျရေးပင်ဖြစ်သည်ကို ကျွန်ုပ်တို့ မေ့ လျှောမနေကြပေ..

Thursday, May 15, 2008

ကူညီလက်မှတ်ထိုးပေးကြပါ.....

I need your urgent help to save the hundreds of thousands lives in Burma if not millions. Please sign the petition immediately and here is the link. Pls forward as much as you can.

Thank you very much.

TO SIGN CLICK လက်မှတ်ထိုးကြပါHERE



Bloody River came from China Video Click ဒီမှာနိပ်ပါ



Global Day of Action on Burma HERE



မိမိတတ်နိုင်သည့် ဖက်မှ ၀ိုင်းဝန်းကူညီကြပါရန်....
ဆက်လက် လက်ဆင့် ကမ်း ပေးကြပါရန်...

Wednesday, May 14, 2008

ဒီမိုကရေစီမုန်တိုင်းကြီး ထပ်မံ ဖြစ်ပေါ်လာဦးမည်...



သွေးချောင်းစီးတဲ့ မြန်မာပြည် VIDEO HERE



အင်္ဂလိပ် အခက် ဗမာ အချက်

ဟူ၍ နယ်ချဲ့ တော် လှန်ရေးခေတ်က စကားပုံပေါ် ပေါ်က်ခဲ့ ဘူးသည်..

ယခုလည်း မြန်မာစစ် အစိုးရ၏ ပြည်သူတို့ အား အနိုင်ကျင့် အာဏာာ
သိမ်းပိုက် အုပ်ချုပ်ထားမှူသည် အခက်အခဲ များ နှင့် ပိုမို တွေ့ ကြုံ လာ
တော့မည်.. ထူထုအုံကြွမှူများ ထပ်မံဖြစ်ပေါ်လာဦးမည်.

ပြည်တွင်းအခြေနေများကိုကြည့် မည်ဆိုလျှင်လည်း စားနပ်ရိက္ခာ၊လောင်
စာဆီ၊ရာသီဥတုဖေါက်ပြန်မှူ၊စသည် တို့ ၏ ကွင်းဆက်များကို ပြည်သူ
တို့ ပိုမိုခံစားရတော့ မည့်အပြင် ကာကွယ်ခြင်း၊ကယ်ဆယ်ခြင်း၊စောင့် 
ရှောက်ခြင်းမပေးနိုင်သည့် အစိုးရ ၊ ကမ္ဘာနိုင်ငံအများစုနှင့် ဆက်ဆံရေး
မပြည်လည်သည့် အစိုးရကို ပြည်သူတို့ ၏မုန်းတည်းမှူသည်ပိုမိုအားကောင်းလာ
နေသည်

ကမ္ဘာ့ မျက်နှာဇာတွင် လည်း မြန်မာစစ်အစိုးရ၏ အသုံးမကျ ညံဖျင်း
မှူသည် ကမ္ဘာနိုင်ငံအသီးသီးကပိုမိုအာရုံစိုက်လာသည့် အပြင် ကမ္ဘာက မြန်မာ
ပြည်သူများအပေါ်ပိုမိုဂရုဏာ သက်လာနေချိန်ဖြစ်သည်..

မြန်မာစစ်အစိုးရသည်လည်း ကမ္ဘာ့ မိဒီယာများ၊ လူမှူကူညီကယ်ဆယ်ရေးအသင်း
အဖွဲ့ များ မြန်မာနိုင်ငံအတွင်းဝင်ရောက် နေထိုင်နေကြမည်ကို တွေးတောကြောက်
လန့် နေချိန်ရလည်း ဖြစ်သည်...

နိုင်ငံတကာရောက် မြန်မာလူမျိုးအသီးသီး၊ ဒီမိုကရေစီအင်အားစုအသီးသီးသည်
လည်း ပြည်တွင်းရှိ မိမိ လူမျိုးများ ၊ ဆွေမျိုးများ အတွက် တပ်လှန့် နိုးကြား..
စိတ်အားတက်ကြွနေချိန်လည်းဖြစ်သည်..

လတ်တလောပြရုပ်ဖြစ်သည့် ပြည် သူများလေဘေးသင့် သည် ကိစ္စ
ကိုပင်လျှင်ပြည်သူများအား ကာကွယ် သတိပေးခြင်းမပြုနိုင်သည့် 
အပြင် ကယ်ဆယ်ရေး စောင့် ရှောက်ရေးအပိုင်းဉ်လည်း အားမကိုးလောက်
သည့် ဤတရားမ၀င်စစ်အုပ်စုသည် ... သူခိုးကြီးတော့ ဒမြ ၊ ဒမြကြီး
တော့ သူပုန် ၊ သူပုန်ကြီးတော့ အစိုး
ရဟူသည့် စကားအတိုင်း သူခိုး
ကြီးများအဆင့် သာ ကမ္ဘာကအသိအမှတ်ပြုထားသဖြင့် ဒုက္ခသယ်
များကိုပေးမည့် ပစ္စည်းများကို ပင် သူတို့ အား မယုံကြည် ကြတော့ 
ပေ.........

ဤသည် မှာ မြန်မာပြည်သူများအတွက်၊ဒီမိုကရေစီဘက်တော်သား
များအတွက် အကွက်ကောင်းအချက်ကောင်းဖြစ်၏...မြန်မာပြည်သူ
အချို့ ၏ မုန်တိုင်း ဘေးအန္တရယ်မှ ကယ်ဆယ် လိုက်ရုံတင်မကပဲ မြန်
မာပြည်သူတစ်ရပ်လုံးအတွက် နာတာရှည်ခံစားနေကြရသည့် 
အာဏာရှင်တို့ ၏မတရားမှူ မုန်တိုင်းကြီး၏
ဘေးရန်မှ ကယ် တင် ရန် ..မိမိတို့ နိုင်ရာ သန် ရာ ယုံကြည်ရာ
လက်လှမ်းမှီရာ ဘက်အသီးသီးမှ ဒီမိုကရေစီမုန်တိုင်းကြီး
မြန်မာ နိုင်ငံအ၀ှမ်းတွင် စတင်တိုက်ခိုက်ရတော့ မည့် နှစ် ဖြစ်ပေ တော့ သည်...
အင်း မုန်တိုင်းဆိုကထဲ က အနဲ နှင့် အများ တော့ တိုင်းပြည်ပျက်စီးဆုံးရှံးနစ်နာ
ရဦးမည် ပင်...
သို့ သော်.....
မုန်တိုင်း ပြီးလျှင် လေပြေလာစမြဲ ဖြစ်သည်.....
ယနေ့ အရှိန်အဟုန်နှင့်တိုးတက်နေသော ကမ္ဘာ့ နိုင်ငံအသီးသီးအလည်တွင်
ငါ့ နိုင်ငံ ငါ့ လူမျိုးသည် အဘယ်ကြောင့် ဆက်တိုက်ကံဆိုးနေရပါသနည်း..

Monday, May 12, 2008

ငါ၏သေနပ်များ...

ငါ၏သေနပ်များ...

ငါ့ သေနပ်ဟာ
မင်းခန္ဓာကိုယ်ကိုလည်း
ထိမှန်နိုင်တယ်....။

ငါ့ သေနပ်ဟာ
မင်း ဦးနှောက်အတွေးခေါ်ကိုလည်း
ထိမှန်နိုင်တယ်....။

ငါ့ သေနပ်ဟာ
မင်း နှလုံးသားခံစားချက်ကိုလည်း
ထိမှန်နိုင်တယ်... ။

အဲဒါပေမဲ့ 
ငါ့ သေနပ်ဟာ
မင်းလက်ထဲက လူမမယ်ကလေးငယ်ကို
မထိမှန်စေရဘူး....။ ။

( ၁၉၉၂ )

ကမ္ဘာ့ နိုင်ငံအသီးသီးရှိ တော်လှန်ရေးတိုင်းတွင်
စစ်ရေးလက်နှက် ၊ စီးယုံးရေးလက်နှက် ၊ စီးပွားရေးလက်နှက် ၊
ဆက်သွယ်ရေးလက်နှက် ၊ ၀ါဒဖြန့် ချီရေးလက်နှက်
စသည် တို့ ကို သုံးရတပ်သည် ....။ ။

မှတပါး....

မှတပါး....

ကလောင်တလက်
တဖက် သေနပ်
မပြတ်တော်လှန်
ဒေါင်းအလံကို
မိုးယံဝင့် ဝင့် 
လွင့် ထူမည် ...၊၊ ။

( ၁၉၈၈ )

တော်လှန်ရေးမှာ

တော်လှန်ရေးမှာ

တွေဝေလွန်သောလက်
တွက်ချက်လွန်သောဦးနှောက်
ဖျောက်ဖျက်လွန်းသောအမှား
များပြားလွန်းသော အတ္တစိတ်
ထိတ်လန့် လွန်းသောအတွေး
နှေးကွေးလွန်းသောလုပ်ရပ်
မပြတ်သားလွန်းသော အတွေးအခေါ်
မမျှော်မြင်လွန်းသောဆုံးဖြတ်ချက်နဲ့ 
မနက်ဖြန်ကို စောင့် ဆိုင်းခြင်း
မင်းသတိထားရလိမ့် မယ်...။ ။

( ၁၉၈၉ )

Saturday, May 10, 2008

အတ္တမုန်တိုင်း ကြီး

နာဂစ်မုန်တိုင်းထက်အဆပေါင်းများစွာ ကြီးမားသော
စစ်အာဏာရှင်တို့ ၏ အတ္တမုန်တိုင်း ကြီးလာဦးမည်


VDO ဗီဒီအို ဖြင့် ကြည့် ရန်
http://www.youtube.com/watch?v=8PemtGzevT4&eurl=http://diaryinthelife.blogspot.com/

မုန်တိုင်းကြားကပြည်သူများ ( အတ္တမုန်တိုင်း )

ထိုသတင်းကြားရသော နေ့ က ......
ကျွန်ုပ်တို့ ရင်ထဲ တွင် ဒေါသမုန်တိုင်းကြီးတိုက်ခတ်လျှက်ရှိ၏၊ ထိုမုန်တိုင်းနှင့် အတူ ဂရုဏာ
မျက်ရည်မိုး ပေါက်တို့ လည်း ရွာဆင်းလာလေသည်...
တောက်......... ကိုယ့် ပြည်သူတွေကို ကာကွယ်မှူမပေးနိုင်တဲ့ အစိုးရ၊လူသားခြင်းကယ်
ဆယ်ရေးထက် မိမိအာဏာတည်မြဲ ရေးကို ပိုမို အာရုံစိုက်နေသောအစိုးရ..စစ်အသုံးစ
ရိတ် ( ၀ါ ) စစ်တပ်အာဏာ ပိုမိုခိုင်ခန့် ကြီးများလာရေး အတွက်ကိုသာ
ပိုမိုသုံးစွဲ ခဲ့ ကြသည့် အပြင် အရာရှိကြီးငယ်တို့ ၏အဆင့် ဆင့် လဒ်စားမှူ များက ပြည်သူ
တို့ ကို ပိုမိုဆင်းရဲတွင်းနက်စေခဲ့ သည်၊ မြန်မာ ပြည်သူတို့ ဘ၀မှာ မိုးမှောင်ကျ
လမ်းစ ပျောက်နေကြရသည် မှာ ကြာလှပြီဖြစ်သည် ..ယခုဆိုလျှင်ဧရာဝတီတိုင်း အထိနာသွား
သဖြင့် မြန်မာနိုင်ငံ၏ဆန်ဈေးနှင့် အခြားကောက်ပဲသီးနှံဈေးများ ကမောက်ကမဖြစ်
လာကာ အထိကရုံးများပိုမိုဖြစ်လာတော့ မည်၊ ကမ္ဘာပြည်သူတို့ ၏အာရုံစိုက်မှူက
လည်း ပိုမိုအရှိန်အားကောင်းလာနေသည် စစ်အစိုးရ၏နေ၀င်ချိန်ပို၍နီးလာပြီ
မိုးလေ၀သနှင့် ဇလဗေဒ ဦးစည်းဌါနတွင် ခေတ်မှီနည်းပြညာများ ၊ ခေတ်မှီ
မိုးလေ၀သ တိုင်းတာရေး ၊ ထောက်လှမ်းရေး ကရိယာများ မရှိ
သည့် အပြင် အိမ်နည်းခြင်းနိုင်ငံများ၏ သတိပေးချက်ကိုပင် အလေးမထားခဲ့ ပေ..
အမှန်တစ်ကယ်တော့ မြန်မာပြည်သူအများစု ၏ဘ၀သည် အတင်းအဓမ အုပ်ချုပ်သော
စစ်အာဏာရှင်တို့ ၏ အတ္တ မုန်တိုင်း ၊ လောဘ မုန်တိုင်းများ ကြားတွင် လမ်းစပျောက်
ဒုက္ခရောက်နေ ကြရ သည်မှာ ကြာလှပြီဖြစ်သည်၊
နာဂစ်မုန်တိုင်းသည် မြို့ အချို့ ရွာအချို့ ပျက်စည်းပြီး လူသိန်းချီ၍သေ ကြေခဲ့ ရလေ
ပြီ သို့ သော် ထို့ ထက်ကြီးမာသောစစ်အာဏာရှင်တို့ ၏ အထ္ထမုန်တိုင်းကြီးကား မြန်မာ
တစ်နိုင်ငံလုံး တစ်မျိုးသားလုံးကို ချေမုန်းတိုက်ဖျက်ပြစ်ရန် မြန်မာပြည် အလည်ပိုင်း ဒေသ
တွင် ဗဟို ပြုလျှက် စတင်အရှိန် ယူနေပေပြီဖြစ်သည်။
ထို မြန်မာစစ်အာဏာရှင်ကြီး များ၏ ၁၉၈၈ အတ္တမုန်တိုင်းများကြောင့် ပြညာတပ် များ
ကျောင်းသားများ၊ ပြည်သူများ ပြောက်ဆုံးခဲ့ ရပြီးပြီ၊ ယခုနှစ်ဦးပိုင်းကလည်း သံဃာတော်များ
စွာ သေကြေ ပျက်စီးပျောက်ဆုံးခဲ့ ရပြီးပြီ ဖြစ်သည်..ရွာပေါင်းများစွာ အတင်းပြောင်းရွေ့ ခိုင်း
ခြင်းအားဖြင့် ပျက်စီး ပျောက်ဆုံးခဲ့ ရပြီးပြီဖြစ်သည်၊ ပြည်သူများ၏ အဏာဂတ်များစွာ
ဘ၀များစွာမိုးမှောင်ကျ ပျောက်ဆုံးခဲ့ ကြပြီးပြီ ဖြစ်သည်..
မြန်မာပြည်သူများ၏ ဘ၀ ရှေ့ ရေး သည် ရှေ့ ဆက်၍ အဘယ်မျှ ပျောက်ဆုံးနေ
ကြရဦးမည်နည်း... အဘယ်သို့ ကာကွယ်တားဆီးကြမည် နည်း ၊ အဘယ်သူ လာ
ရောက်ကယ်တင် ကြမည် နည်း ဆို သည့် မေးခွန်းများ ကို မိမိတို့ အဏာဂတ်ကို
မိမိတို့ ဖန်တည်းလို သော မြန်မာ ပြည်သားတစ်ယောက်စီတိုင်း စဉ်းစားအဖြေထုတ်
သင့် ပါသည်၊
ပြည်သူမှတရားဝင်ရွေချယ်ထားခြင်းမရှိသော အာဏာရှင်စစ်အစိုးရမည်သည်ကား
တိုင်းပြည်ကို ရွေချ ပေးလျှင်တောင်မှ အမှန်တရားကို မြတ်နိုးသော ကျွန်ုပ်တို့ နှင့် 
ယနေ့ ကမ္ဘာ မှ လေးစားလက်ခံမည်မဟုတ်ပါ...
အဘယ်ကြောင့်ဆိုသော် ..ယနေ့ ကမ္ဘာမည်သည်ကား လွတ်လပ်ခြင်း၊တရားမျှတခြင်းတို့ နှင့် အတူ...
ကိုယ့်င်္ကြမ္မာကိုယ်ဖန်တည်းခွင့် တို့ ကို တန်ဖိုးထားမြတ်နိုးလာ ကြသောကြောင့် ဖြစ်သည်
စစ်ဏာနာရှင် တို့ ၏ အတ္တမုန်တိုင်း၊ လော ဘမုန်တိုင်း ကြီး၏ဘေးကို လည်း
ကြိုတင်ကာကွယ်တားဆီးကြပါ စို့ ...

Tuesday, May 6, 2008

ကနေဒါ နိုင်ငံအကြောင်း

ကနေဒါ နိုင်ငံအကြောင်း တစေ့ တစောင်း....


ကနေဒါ နိုင်ငံသည် မြောက်အမေရိကတိုက်၏မြောက်ပိုင်းတွင်တည်ရှိပြီး ၁၆ ရာစုနှစ်လောက်မှစ၍ပြင်သစ်လူမျိုး
တို့ စတင်ဝင်ရောက်ခဲ့ သည် ၊ များမကြာမှီအင်္ဂလိပ်တို့ လည်းဝင်ရောက်လာကာ ဒေသခံ အင်ဒီးယန်းလူမျိုးတို့ ထံမှတ
ဖြေးဖြေးသိမ်းပိုက်နယ်ချဲ့ ခဲ့ ကြသည်။ ၁၈၆၇ နှစ်ခုနှစ်လောက်တွင် အင်္ဂလိပ်သည် ပြင်သစ်ကိုစစ်နိုင်ပြီး ကနေဒါ နိုင်
ငံအဖြစ် အင်္ဂလန်မှစတင်တိုက်ရိုက်အုပ်ချုပ်ခဲ့ သည်။ စတင်ဖွဲစည်းတည်ထောင်ကာစက ပြည်နယ်ကြီး ၄ ခုသာရှိသော်
လည်း ယခုအခါတွင် ပြည်နယ် ၁၀ ခုနှင့် ဒေသ ၃ ခုရှိလေသည်။ ၄င်းတို့ မှာ Alberta , British Columbia ,Manitoba
,New Brunswick ,Newfoundland ,Nova Scotia ,Ontario ,Prince Edward Island ,Quebec , Saskatchewan
ဖြစ်ကြပြီးဒေသကြီးသုံးခုမှာ Northwest Territories ,Nunavut ,Yukon တို့ ဖြစ်ကြသည်။

နိုင်ငံရေးအကျဉ်းချုပ် ။ ကနေဒါနိုင်ငံသည် ဒီမိုကရေစီ ၀ါဒကိုအထူး လက်ကိုင်ထားပြီးလွပ်လပ်စွာ တွေးခေါ် ရေးသား
ပြောဆို စည်းရုံး ခွင့် သည် မွေးရာပါလူ့ အခွင့်အရေးအဖြစ် အသိအမှတ်ပြုသည့် နိုင်ငံဖြစ်သည်။ ဖက်ဒရယ်အစိုးရ ၊ ပြည်နယ်
အစိုးရ နှင့် မြူနီစပါယ်အစိုးရဟူ၍ သုံးဆင့် ရှိပါသည်၊ သို့ သော် ဗြိတိသျှကော်မင်းဝက်အတွင်းပါဝင်နေသေးသဖြင့် နိုင်ငံဦး
လျှောင်အဖြစ် ဗြိတိသျှဘုရင်မကြီး အက်လီဇဘက် ၂ အား တင်မြှောက်ထားသည်၊ သူမကိုယ်စား ဘရင်ခံချုပ်ကို ၄ နှစ်တစ်
ကြိမ်ရွေးချယ်ခန့် ထားပြီး ပြည်နယ်တစ်ခုခြင်းစီတွင်လည်း လက်ထောက်ဘုရင်ခံတဦးစီရှိကြသည် ။ ထိုဘုရင်ခံများအားလုံး
သည် အုပ်ချုပ်ရေးတွင်မပါဝင်ကြပဲ အဆောင်အရောင် အဖြစ်သာဆောင်ရွက်လေ့ ရှိကြသည်။
လက်ရှိနိုင်ငံရေးပါတီများမှာ လစ်ဘရယ်ပါတီ ၊ ကနေဒီယန်အလိုင်းရင့် ပါတီ ၊ ပီစီပါတီ ၊ အင်ဒီပီပါတီ နှင့် ကီဘက်ကာ ပါတီ
တို့ ဖြစ်ကြသည်၊ အုပ်ချုပ်ရေးအဆင့် သုံးဆင့် အတွက် ထိုပါတီမှ ကိုယ်စာလှယ်များကို ပြည်သူများက လျှိုဝှက်မဲ စနစ်ဖြင့် 
ရွေးချယ်တင်မြောက်ကြရသည်၊
ပညာရေး ။ ပညာကိုဦးစားပေးသည့် နိုင်ငံဖြစ်သည့် လျှောက် မူလတန်းပညာကို ၄ နှစ်မှစတင်သင်ကြာရကာ
အသက် ၁၈ နှစ် တွင် အထက်တန်းပညာကို ၁၂ တန်းအထိ အခမဲ့ သင်ကြားပေးသည့် အပြင် အတန်းတစ်ခုစီတွင်လည်း
ကျောင်းသာ ၂၀ မှ ၂၅ ယောက်ထက်ပိုထားလေ့ မရှိပေ။ ကောလိပ်နှင့် တက္ကသိုလ်ပညာရေးများတွင် ကျောင်လခပေး
ရသော်လည်း ပြညာထူချွန်သူများသို့ စကောလပ်ရှစ်များ ထောက်ပံကူညီမှူများရှိသည့် အပြင်ဝင်ငွေနည်းသည့် မိသားစုဖြစ်
ပါက နေထိုင်စားသောက်ပညာသင်စရိတ် ၏ ရာနူံးအများစုကို အစိုးရထံမှ ငွေချီးရယူ၍ အဆင့် မြင့် ပညာကို သင်နိုင်
သေးသည်၊ အလုပ်လုပ်နေသူများအတွက်ပါ အချိန်ပိုင်းတက်နိုင်သည့် ကောလိပ်ကျောင်းများလည်း ရှိပါသည် ။

ှစီးပွားရေး။ ။ လွပ်လပ်သောဈေးကွက်စီပွားရေးစနစ်ဖြစ်ပြီး လွပ်လပ်စွာရောင်းဝယ်ပိုင်ဆိုင်
ခွင့် ပေးထားပါသည်။ ကားပြင်ရုံမှအစ လေယဉ်ပျံစက်ရှုံကြီးများအထိပိုင်ဆိုင်တည်ထောင်
လုပ်ကိုင်ကြပါသည်နိုင်ငံသုံးငွေကိုလည်းအစိုးရကထိမ်းထားသဖြင့် ငွေစုခြင်း အရောင်းအ၀ယ်
လုပ်ငန်းတို့ ကို ပါ စိတ်ချလက်ချလုပ်ကိုင်နိုင်သည်၊
ကနေဒီယန် ဒေါလာ Canadian dollar (CAD) ကိုသုံးစွဲ ပြီး US ဒေါလာနှင့် တန်းတူတန်ဖိုး
ညီမျှသည်( အကြမ်းဖြင်း ) Trade organizations များမှာ NAFTA, OECD, WTO and others
Statistics တို့ ဖြစ်သည်. GDP မှာ (PPP) $1.274 trillion (2007 est.) (13th) ဖြစ်ပြ၊ီး
GDP growth မှာ 2.7% (2007 est.) ဖြစ်သည် GDP per capita $38,200 (2007 est.)
GDP by sector agriculture (2.1%), industry (28.8%), services (69.1%) (2007 est.)
ငွေကြေးဖေါင်းပွမှူ Inflation (CPI) 2.4% (2007 est.) ဖြစ်သည် Population
below poverty line 10.8% (relative) (2005) / 4.9% (absolute) (2004)
Gini index 31.5% (2004) Labour force 17.9 million (2007 est.)
Labour force by occupation agriculture (2%), manufacturing (13%), construction (6%),
services (76%), other (3%) (2006) Unemployment 5.98% (2007 est.)
အဓီကလုပ်ငန်းကြီးများမှာ transportation equipment, chemicals, processed and unprocessed
minerals, food products, wood and paper products, fish products, petroleum and natural gas
External Exports $440.1 billion (2007 est.) Export goods motor vehicles and parts,
industrial machinery, aircraft, telecommunications equipment, electronics, chemicals,
plastics, fertilizers, wood pulp, timber, crude petroleum, natural gas, electricity, aluminum
Main export partners U.S. 81.6%, UK 2.3%, Japan 2.1% (2006) Imports $394.4 billion (2007 est.)
Import goods machinery and equipment, motor vehicles and parts, electronics, crude oil,
chemicals, electricity, durable consumer goods .Main import partners U.S. 54.9%,
People's Republic of China 8.7%, Mexico 4% (2006) Gross External Debt $758.6 billion (2007 est.)
Public finances Public debt $467.3 billion CAD (Federal, 2007) Revenues $565.8 billion
Expenses $551.2 billion (2007 est.) Economic aid $3.9 billion (donor) (2007) အကြမ်းဖြင်းတင်
ပြထားခြင်းဖြစ်သည်..အသေးစိပ် တစ်ခုခြင်း လေ့လာနိုင်ရန် လင့် များ တင်ပြပေးပါမည်.. ကက်စီနိုကစားရှံ
ကြီးများ၊ မြင်း လောင်းပွဲ များ ကို လည်းဖွင့် ထားပေးသည်..( အပျော်အတွေ့ အကြုံ အတွက်သာကောင်းပါသည်)



ဖွဲ့ စဉ်းပုံ ဥပဒေ ။ ။

အကျဉ်းချုပ်သာတင်ပြထားခြင်းဖြစ်ပြီးအသေးစိတ်ကိုတိုက်ရိုက်လေ့ လာနိုင်ရန် သက်ဆိုင်ရာ တရားဝင် ၀က်ဆိုက်များကိုလည်းဖေါ်ပြပေးပါမည်။ ။

ဆက်လက် ရေးသားတင်ပြပါမည်.....