Wednesday, July 30, 2008

စိတ္တဇကွန်ခြာထဲမှာ

စိတ္တဇကွန်ခြာထဲမှာ

အနည်းနှင့် အများ
အမှားနှင့် အမှန်
သဏ္ဌာန်တူကွာခြားချက်
အဖက်ဖက်ရှူ့ ဒေါင့် များနဲ့ 
အနားမညီ ဗဟုဂံကတစ်ခု ။

အတုအပ အပြိုင်အဆိုင်
စတိုင်ဟန်ထုတ်
သရုပ်ဆောင်မှူပီပြင်
ရုံမတင်သော ကပွဲများ ။

ခြစားဖုံတက်
ရင်ကျက်ဟောင်းနွမ်း
လရောင်လမ်းမှ
မျှော်မှန်းအိမ်မက်
အတွေးနက်မည့် 
စာအုပ်တွေ ။

အပြုံးအမဲ့ နဲ့ 
ကဲ့ ရဲ့ ရှုတ်ချရင်း
အတ္တမြင်းစီး
အမှောင်ခရီးနှင်
မပီပြင်သော
ခရီးသွားကတချို့ ။

ကောင်းကင်မြေထက်
နေထွက်လ၀င်
အသွင်သဏ္ဌာန်ပြောင်း
လဟောင်းနှစ်ထပ်
လည်ပတ်နေမည့်  ကမ္ဘာမြေ ။ ။



3 comments:

ကိုရင်ညိန်း said...

အပြုံးအမဲ့ နဲ့ 
ကဲ့ ရဲ့ ရှုတ်ချရင်း
အတ္တမြင်းစီး
အမှောင်ခရီးနှင်
မပီပြင်သော
ခရီးသွားကတချို့ ။

အဲဒီ အပိုဒ်က အဓိပ္ပါယ် ကိုတော်တော်လေးကြိုက်တယ်ဗျာ ။
ကဗျာကောင်းလေး မို့ ကော်ပီယူသွားတယ်ဗျာ ။

ပန်းခရမ်းပြာ said...

အတုအပ အပြိုင်အဆိုင်
စတိုင်ဟန်ထုတ်
သရုပ်ဆောင်မှူပီပြင်
ရုံမတင်သော ကပွဲများ ။ ...ကိုတော့ အသက်ရှင်နေသ၍ ဆက်က ရဦးမှာပဲ။

winlatt said...

မျက်ရည်ဖြိုင်ဖြိုင်
အော်ငိုနိုင်သူတစ်ယောက်..
တ၀ါးဝါးတဟားဟား
ကမ္ဘာအပြင်ကကြားအောင်
ရယ်မောနိုင်သူတစ်ယောက်..
ထိုလူနှစ်ယောက် ကမ္ဘာကို ပတ်လျှောက်နေ..
ကနေဒါကိုရောက်ရင် ပြောပါလေ..