Tuesday, July 29, 2008

ငါ့ ကိုယ်ငါ တော်လှန်ခြင်း

ငါ့ ကိုယ်ငါ တော်လှန်ခြင်း

တော်လှန်သတဲ့ 
ဘာ့ တွက်ဘယ်ကို
ကိုယ့် ကိုယ်ကို အရင်
သုံးသပ်ရတော့ မယ်...။


စိတ်ဓါတ်တွေမှား
သူတပါးအခက်
အုပ်စုဖွဲ့ အနိုင်ယူ
လူမိုက်ဆန်ဆန်ဖြေရှင်းကာ
အာဏာအလွဲသုံးစား
သူတပါးအထင်သေး
ကိုယ့် သွေးနားထင်ရောက်
အောက်ကျသည့် အမြင်
မခံခြင်စိတ်လား
မနာလိုစိတ်လား
အမှန်တရားမြတ်နိုးရင်
ကိုယ့် ကိုယ်ကိုအရင်သုံးသပ်
ပြတ်ပြတ်သားသားဝေဖန်
တော်လှန်တာအစ
ကိုယ်ကိုယ်ကို ကဖြစ်သင့်တယ်မဟုတ်လား...။

တော်လှန်သတဲ့ 
ဘာ့ အတွက်ဘယ်ကို
ကိုယ့် ကိုယ်ကို အရင်သုံးသပ်ရတော့ မယ်...။ ။

( ထိုနယ်မြေ၏နောက်ဆုံးနေ့ များကဗျာစာအုပ်မှ )

1 comment:

Kaung Kin Ko said...

ကဗျာအရမ်းကောင်းတယ်ဗျာ။ ကန့် သတ်လူသားများ ကဗျာ ကိုလည်း အရမ်းကြိုက်တယ်