Monday, July 28, 2008

မစည်းရုံးစေသူသာ

မစည်းရုံးစေသူသာ

အမှန်တရား
အမှားတရံ
ကျားကန်ငြင်းကြ
ငါအတ္တစွဲ
ငါပဲလူတော်
ထုတ်ဖေါ်ဒဿန
ဖွင့်ဟအတွေးအခေါ်
ဆော်ကြကော်ကြ
ထုကြနှက်ကြ
မရသည့် အဆုံး
ပြုံးဖြင့် ကြိတ်ကြံ
ဟန်ဆောင်အုပ်စုဖွဲ့ 
သူ့ ဖက်ငါ့ ဖက်နဲ့ 
ဦးတည်ချက်တွေလွဲ
အကွဲကွဲအပြားပြား
အင်အားချိနဲ့ 
ဒို့ ရဲ့ ရန်သူ
ဘယ်မှာလဲ ....။ ။

(ဟင်္သာကိုးသောင်းပျက်စီကြောင်းကို ဖျားရောင်းဟင်္သာမပြုရာတည့် )

(တော်လှန်သတိ၊အတွင်းပတိပက္ခ အပြင်ပတိပက္ခ ခွဲခြားသတိထားကြစေလိုပါသည်။ )

အာဏာရှင်ကြီးများကိုတော်လှန်နေခြင်းသည်
အာဏာရှင်ကလေးများကိုပြုစုပျိုးထောင်ပေးနေခြင်းမဟုတ်စေရ)

တော်လှန်သောလူသားများသည်လည်းသာမန်ပုထ္ထုစဉ်လူသားများသာဖြစ်သည့်
အလျှောက် အနဲနှင့် အများအမှားနှင့် အမှန်ရှိကြမည်သာဖြစ်သည် အပြန်အလှန်
နားလည်မှူပေးကြပါစို့  )






1 comment:

Myo Win Zaw said...

ဟုတ်တယ်ဗျာ သွားနေတာတလမ်းထဲတောင်မှ ငြင်းခုံနေတာတို့ ၀ါဒမတူတာတို့ရှိသေးတယ် အဲဒါပြည်သူအတွက်မဟုတ်ဘဲ ကိုယ့်အတွက် သမားတွေဖြစ်မယ်