Saturday, December 22, 2012

မြောက်ပိုင်းကျောင်းသားများသတ်ဖြတ်ခံရမှုနှင့် ABSDF ၏အခန်းကဏ္ဏအကြောင်း လေ့လာမိသမျှ.....

မြောက်ပိုင်းကျောင်းသားများသတ်ဖြတ်ခံရမှုနှင့် ABSDF ၏အခန်းကဏ္ဏအကြောင်း လေ့လာမိသမျှ..... by Min Nyein Thit on Monday, December 17, 2012 at 10:10pm · အခုရက်ပိုင်း ABSDF လက်ရှိဥက္ကဋ္ဌ ကိုသံခဲ၊ ဒုဥက္ကဋ္ဌ ကိုမျိုးဝင်းနဲ့ ကိုယ်စားလှယ်အချို့ တာဝန်ရှိသူ တစ်ချို့နဲ့ဆွေးနွေးဘို့ ပြည်တွင်းကို ရောက်ရှိလာတော့မယ်လို့ သတင်းထွက်ပေါ်လာတာနဲ့ တစ်ချိန်တည်းမှာ ဘဲမြောက်ပိုင်းပြသနာနဲ့ ပတ်သက်ပြီး အမှန်တရားလိုလားသူတွေကြားမှာကော သတင်းလောကမှာပါ ပြောဆိုနေတဲ့ အသံတွေကြားလာရပါတယ်။ မြောက်ပိုင်းမှာ စစ်ထောက်လှမ်းရေးလို့စွပ်စွဲပြီး ၁၉၉၁-၉၂ မှာ ကျောင်းသားလူငယ်၁၀၀ကျော်ကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့မှုတွေဖြစ်ပေါ်ခဲ့ပါတယ်…ကျောင်းသားလူငယ် ၃၈ဦးသေဆုံးခဲ့ရပြီး ဥက္ကဋ္ဌကိုထွန်းအောင်ကျော်အပါအ၀င်၁၅ဦးကတော့ ၁၉၉၂ ဖေဖေါ်ဝါရီလ၁၂ ရက်နေ့မှာ တပြိုင်တည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပါတယ်…ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ၂၀၁၁ခုနှစ်ဒီဇင်ဘာအကုန်လောက်ကစလို့ အင်တာနက်စာမျက်နှာ တွေပေါ်မှာ စတင်ရေးသားလာကြတာတွေ့ရပြီး တိမ်မြုတ်နေတဲ့ မတရားပြုမူခံခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ တစတစ ရုပ်လုံးပေါ်လာတာတွေ့မြင်ရပါတယ်…. မြောက်ပိုင်းကျောင်းသားဟောင်းတွေအနေနဲ့ ၂၀၁၂ခုဖေဖေါ်ဝါရီလ၁၂ ရက်နေ့မှာ မြောက်ပိုင်းကျောင်းသားများ ကြွေလွင့်ခြင်း အမှတ်တရနေ့ ဆိုပြီး ရန်ကုန်၊မန္တလေး၊မြို့ကြီးများမှာ ကျင်းပခဲ့တာတွေ့ရပြီး သူတို့ရဲ့အမှန်တရားဖေါ်ထုတ်မှုတွေကို ပြုလုပ်ခဲ့တာတွေ့ရပါတယ်…. တချိန်တည်းမှာဘဲ ဒီမိုကရေစီရေးလိုလားသူ အမှန်တရားလိုလားသူ ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်အဖွဲ့အစည်းများကလည်း မြောက်ပိုင်းမှာသေဆုံးခဲ့ရတဲ့ ရဲဘော်များအတွက် အောက်မေ့ဘွယ်၊ဂုဏ်ပြု အခန်းအနားတွေ ပြုလုပ်ခဲ့ကြပါတယ်…အမှန်တရားဖေါ်ထုတ်ရေးနဲ့ တာဝန်ရှိသူတွေကို တာဝန်ခံရေးဆိုတဲ့ လမ်းကြောင်းကိုအခြေခံတဲ့ ရေးသား၊အကြံပေး၊ဆွေးနွေးချက်တွေ လုပ်ခဲ့ကြတာတွေ့ရပါတယ်…၀ိုင်းဝန်း ဖေါ်ထုတ် ရေးသားခဲ့ကြတာတွေ့ရပါတယ်… ၂၀၁၂ခုနှစ် နှစ်ဆန်းကစပြီး တစတစပွင့်လင်းလာတဲ့ ပြည်တွင်းမီဒီယာ အခြေအနေကနေတဆင့် မောင်မောင် (ရွှေကရ၀ိတ် ) ရေးတဲ့ ခေတ်သစ်ဟင်္သာကိုးသောင်း ပုံပြင် စာအုပ်ထွက်ရှိလာခဲ့ပြီး မြောက်ပိုင်း သတ်ဖြတ်မှုဖြစ်စဉ်များကို ပြည်သူတွေ တအံ့တသြ ဖတ်ရှူ့ခဲ့ကြရပါတယ်… ရက်စက်မှုမတရားမှုတွေ ကိုမြင်တွေ့ခဲ့ကြရပါတယ်… မိသားစုဆုံးရှုံးခဲ့ရတဲ့သူတွေထဲက မြောက်ပိုင်းမှာသေဆုံးခဲ့ရတဲ့ ဗဟိုကော်မတီဝင် ဦးစိန်ရဲ့သမီး ဒေါ်စန်းစန်းအေးက ABSDF မြောက်ပိုင်းဥက္ကဋ္ဌ ရော်နယ်အောင်နိုင်ပါ(၈) ဦးကို တရားဥပဒေအရအရေးယူပေးဘို့ မြောက်ဥက္ကလာရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာတွေ့ရပါတယ်… တဆက်တည်းမှာဘဲ ၂၀၁၂ခုသြဂုတ်လ ၃၁ ရက် တော်ဝင်နှင်းဆီမှာလုပ်တဲ့ မြောက်ပိုင်းကျောင်းသားဟောင်းတွေရဲ့ ၉၂ - ပါဂျောင်ရှင်းတမ်း ကြောင့် ၁၉၉၂ မြောက်ပိုင်းသတ်ဖြတ်မှု ကိုကျူးလွန်ခဲ့ကြသူတွေအကြောင်း ပိုမိုသိရှိလာကြပါတယ်….ထိုနေ့မှာဘဲပြည်တွင်းကို ပြန်ရောက်လာခဲ့တဲ့ ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် ရဲ့အတိတကာလက ပြစ်မှုတွေကို ရုပ်လုံးကြွလာစေခဲ့တာတွေ့ရပါတယ်…. ဆက်လက်ပြီး ပြည်တွင်းသတင်းဂျာနယ်တွေရဲ့ ရေးသားချက်တွေ၊သတင်းစီးဆင်းမှုတွေကြောင့် အဲဒီကာလက သတ်ဖြတ်မှုတွေမှာ တာဝန်ယူခဲ့၊ တာဝန်ခံခဲ့ တဲ့ကိစ္စတွေဟာ မြန်မာပြည်သူတွေကို အံ့သြ တုန်လှုပ်စေခဲ့ပါတယ်။ မရှေးမနှေင်းမှာဘဲ ပြည်တွင်းကိုပြန်လည်ရောက်ရှိလာခဲ့တဲ့ ABSDF ဥက္ကဋ္ဌဟောင်း မိုးသီးဇွန် ဟာလဲ အမိမြေငြိမ်းချမ်းရေးအဖွဲ့နဲ့အတူ ခေတ္တပြန်ရောက်လာခဲ့ပါတယ်…. ကိုမိုးသီးဇွန်အနေနဲ့ မြောက်ပိုင်းဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ ဆက်စပ်ပြီး သူတာဝန်ယူခဲ့တဲ့ ABSDF အခြမ်းမှာ ဖမ်းဆီးမှုအနည်းငယ်ရှိခဲ့တာတွေ့ရပါတယ်….ဒေါက်တာနိုင်အောင်ဘက်ခြမ်းမှာလည်း မြောက်ပိုင်းကရော်နယ်အောင်နိုင်တို့နဲ့ ချိတ်ဆက်ပြီး ကိုစိုးလင်း၊ဆရာနေ၀င်းအောင် တို့ကိုဒေါက်တာနိုင်အောင်က ဖမ်းဆီးထားခဲ့ပါတယ်….ကိုစိုးလင်းနဲ့ဆရာနေ၀င်းအောင်တို့ရဲ့အစစ်ခံချက်အရ ဆိုပြီး မိုးသီးဘက်ခြမ်းမှာ ကိုဋ္ဌေးနိုင်ကိုဖမ်းဆီးခဲ့ပါတယ်….၄ လနီးပါးမြေတိုက်ထဲမှာ ချုပ်နှေင်ထားပြီး သေဆုံးသွားခဲ့ တယ်လို့ ဖတ်ရှူ့ရပါတယ်… ကိုဋ္ဌေးနိုင်သေဆုံးရမှုနဲ့ပတ်သက်ပြီး ကိုဝင်းနိုင်ဦး( ယခု BBC ကိုရင်မောင် ) ကမိုးသီးဇွန်အမိန့်အရ ဆေးထိုးသတ်လိုက်တယ်လို့ ပြောဆိုမှုတွေ ရှိလာပါတယ်…သတ်ဖြတ်ခဲ့ခြင်းမဟုတ်ကြောင်းလဲ မိုးသီးဇွန်နဲ့ ပတ်သက်ခဲ့သူတချို့က ငြင်းချက်ထုတ်တာလဲတွေ့ရပါတယ်…ကိုဋ္ဌေးနိုင်ကို ကယ်တင်ဘို့လာတဲ့ ကိုလှဝင်းဆိုသူဟာလဲ သတင်းအစပျောက်၊သေဆုံးသွားခဲ့ရတယ်လို့ ရေးသားတာတွေ ဖတ်ခဲ့ရပါတယ်… ကိုဋ္ဌေးနိုင်ကိုဖမ်းဆီးဘို့ ဒေါက်တာနိုင်အောင်က သက်သေခံအဖြစ်ပေးလိုက်တဲ့ ဆရာနေ၀င်းအောင်နဲ့ကိုစိုးလင်းတို့ရဲ့ အသံဖမ်းခွေကို အဲဒီအချိန်က ကိုမိုးသီးဘက်ခြမ်းမှာ ဒုဥက္ကဋ္ဌလုပ်ခဲ့တဲ့ ကိုအောင်သူငြိမ်း ( ယခု/ပြည်တွင်းအကြံပေးအဖွဲ့ ) လက်ထဲကို ဒေါက်တာနိုင်အောင်က ထည့်ပေးလိုက်တာဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်…. ကိုဋ္ဌေးနိုင်သေဆုံးရတာနဲ့ပတ်သက်ပြီး ကိုမိုးသီးဇွန်က မန္တလေးမှာ မိမိကိုယ်သတ်သေသွားတာ ဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်….ထိုအချိန်က လုံခြုံရေးတာဝန်ကျခဲ့တဲ့ ကိုရဲလင်း ( တပ်ရင်း၂၀၄-၂၀၅ ) ( ယခုပြည်တွင်း ) ကသက်သေခံပြောကြားရာမှာ ကိုဋ္ဌေးနိုင်က မိမိလည်ပင်းမိမိချိုးပြီး သတ်သေသွားတာသာဖြစ်ကြောင်း ကိုမိုးသီးဇွန်နဲ့အတူပြောကြားခဲ့ပါတယ်…ကိုမိုးသီးဇွန်ရဲ့ဖြေရှင်းချက်နဲ့ ပတ်သက်ပြီး ABSDF ရဲဘော်ဟောင်းများ၊ကိုဋ္ဌေးနိုင်မိသားစု၊ နဲ့အမှန်တရားလိုလားသူများက ယုံကြည်ခြင်း /လက်ခံခြင်းသိပ်မရှိတာတွေ့ရပါတယ်…လည်းကောင်းတို့အနေနဲ့ ဒီထက်ပိုပြီး အမှန်တရားကို သိချင်/မြင်ချင်/ ဖေါ်ထုတ်ချင်ကြတာ ကြားနေရပါတယ်…ဖြေရှင်းချက်တွေဟာ ရှေ့နောက်ကွဲပြားမှုတွေ ရှိနေကြောင်း ပြောဆိုကြပါတယ်… ဒေါက်တာနိုင်အောင်အနေနဲ့လည်း ပြည်တွင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့မှုမှာ သူ့မှာအပြစ်မရှိကြောင်း ပြောဆိုခဲ့ပါတယ်…အဖြစ်မှန်တွေကို ပြောကြားပေးဘို့ ပျက်ကွက်ခဲ့တာတွေ့ရပါတယ်….မြောက်ပိုင်းသတ်ဖြတ်မှု နဲ့ပတ်သက်ပြီး ဒေါက်တာနိုင်အောင်ရဲ့ အပိုင်းကို လေ့လာမိတော့ ၁၉၉၁ အောက်တိုဘာလကုန်မှာ မြောက်ပိုင်း ဥက္ကဋ္ဌ ရော်နယ်အောင်နိုင်ရဲ့ အကြောင်းကြားစာအရ မြောက်ပိုင်းကော်မတီဝင်ကိုစိုးလင်းကို ABSDF ဗဟိုမှာဖမ်း ဆီးပါတယ်..အဲဒီအချိန်က ABSDF မြောက်ပိုင်းမှာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နဲ့ဗဟိုကော်မတီဝင်၅ဦး အပါအ၀င် ကျောင်းသား၁၀၀ကျော်ကို စွပ်စွဲဖမ်းဆီးထားချိန်ဖြစ်ပါတယ်…. စစ်ကြောရေးဒဏ်နဲ့ သေဆုံးမှုတွေ ရှိနေတဲ့အချိန်ဖြစ်ပါတယ်… ဆရာနေ၀င်းအောင်ရဲ့ ၁၉၉၆ခုနှစ် ABSDF ဗဟိုစစ်ကော်မရှင်ကို တင်ပြတဲ့စာအရ ကိုစိုးလင်းကို ဒေါက်တာနိုင်အောင်နဲ့ ဗဟိုကော်မတီဝင်များ ဆုံးဖြတ်ချက်အရ ဖမ်းတယ်လို့သိရပါတယ်….၁၉၉၂ဧပြီလ ၂၀ ရက်မှာတော့ ဒေါက်တာနိုင်အောင်က ဆရာနေ၀င်းအောင်ကို ထပ်မံဖမ်းဆီးခိုင်းခဲ့တာဖြစ်ပါတယ်… စတင်ဖမ်းဆီးချိန်က မာနယ်ပလောမှာ ဗဟိုဦးဆောင်ကော်မတီ အစည်းဝေးလုပ်နေတုံး CEC များရှေ့မှာတင် အတွင်းရေးမှူး ( ၂ ) ကိုလှဋ္ဌေး(မြောက်ပိုင်းမှဗဟိုသို့ရောက်နေသူ)၊ ကိုကျော်ကျော် ( မြောက်ပိုင်း မှဒုဥက္ကဋ္ဌ - ၂ )တို့မှ ဖမ်းဆီးခဲ့ပြီး ဆရာနေ၀င်းအောင်ကို ရက်စက်စွာ စစ်ဆေးခဲ့တယ်လို့ ဆရာနေ၀င်းအောင်ရဲ့ ၁၉၉၆ စစ်ကော်မရှင်သို့ရေးတဲ့စာမှာ ဖတ်ရပါတယ်… တဆက်တည်းမှာဘဲ အတွင်းရေးမှူးမျိုးဝင်း (ABSDF – ဒေါက်တာနိုင်အောင်ဘက်ခြမ်း) / ယခုလက်ရှိ ABSDF ဒုဥက္ကဋ္ဌ ကလည်း ဆရာနေ၀င်းအောင်ရဲ့ အကျိုးသင့်အကြောင်းသင့်ပြောကြားချက်များကို လက်မခံဘဲ နေ့ရောညပါ ညှင်းပန်းနှိပ်စက်မှုတွေလုပ်ပြီး မရရအောင်ဝန်ခံခိုင်းခဲ့တယ်လို့ သိရပါတယ်….ဆက်လက်ပြီး ကိုမြင့်ဦး၊ကိုထင်ကျော်၊ ကိုအောင်သူတို့ကိုဖမ်းဆီးခဲ့ပြီး ကျောင်းသားရဲဘော်ကိုအောင်သူဟာ အသတ်ခံရ/(သို့) စစ်ကြောရေးမှာသေဆုံးခဲ့တယ်လို့လည်းသိရပါတယ်…. အဲဒီလိုဖမ်းဆီးမှုတွေ/စစ်ဆေးတာတွေကို ဒေါက်တာနိုင်အောင် ၊ ကိုကျော်ကျော်(ယခုမြောက်ပိုင်းကိုဦးဆောင်နေသူ)၊ ကိုလှဋ္ဌေး(ယခုအိန္ဒိယနယ်စပ်)၊ ကိုမျိုးဝင်း (ယခု ABSDF ဒုဥက္ကဋ္ဌ ) ၊ ဗဟိုစစ်ကော်မရှင်တို့ မှပြုလုပ်ခဲ့တာ တွေ့မြင်နေရပါတယ်… ထူးခြားတာတစ်ခုက ၁၉၉၂ဧပြီ ၂၀မှာ ဆရာနေ၀င်းအောင်ကိုဖမ်းဆီးစဉ်မှာ ဒေါက်တာနိုင်အောင် တစ်ယောက် ၁၉၉၂ ဧပြီလ ၁၉ ရက်နေ့မှာ မြောက်ပိုင်း ABSDF ပါဂျောင်စခန်းကို ရောက်နေတယ်လို့ ဒေါက်တာနိုင်အောင်ရဲ့ ၂၀၁၂ခု မတ်လ၂၅ ရက်နေ့ တောင်းပန်စာ(ကြေညာချက်)မှာ ဖတ်ရပါတယ်…. ဒေါက်တာနိုင်အောင်က ၁၉၉၂ဖေဖေါ်ဝါရီ၁၂ရက်နေ့ ဥက္ကဋ္ဌကိုထွန်းအောင်ကျော်နဲ့ ကျောင်းသား၁၅ ဦးကိုသတ်ဖြတ်လိုက်ချိန်မှာ သူမရောက်ရှိသေးပါဘူးလို့ ပြောကြားခဲ့ပါတယ်…သို့ပေမယ့် ဒေါက်တာနိုင်အောင် သတ်ဖြတ်ခြင်းမပြုမှီကတည်းက ရောက်နေခဲ့ပါတယ်လို့ ပြောကြားတာတွေလဲ ဖတ်ရပါတယ်…. မည်သို့ပင်ဖြစ်ပါစေ ABSDF ဗဟိုက ဥက္ကဋ္ဌ ဒေါက်တာနိုင်အောင်နဲ့ ဗဟိုကော်မတီဆုံးဖြတ်ချက်အရ တောင်ပိုင်း ဗဟိုကိုရောက်နေတဲ့ ကိုကျော်ကျော်(ဒုဥက္က- ၂ / မြောက်ပိုင်း ) ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဘို့ မြောက်ပိုင်းကိုပြန်လည်စေလွှတ်လိုက်တယ်ဆိုတာ ဒေါက်တာနိုင်အောင်ရဲ့ စာအရသိရပါတယ်…. ကိုကျော်ကျော်က မြောက်ပိုင်းပါဂျောင်ကို ၁၉၉၂ခုနှစ်ဇန္န၀ါရီမှာပြန်ရောက်သွားပြီး ၁၉၉၂ဖေဖေါ်ဝါရီ၁၂ ရက် ၁၅ဦး သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်….ကိုကျော်ကျော်ဟာ မြောက်ပိုင်းဥက္ကဋ္ဌရော်နယ်အောင်နိုင်၊ စစ်ရေးတာဝန်ခံသံချောင်း၊မြောက်ပိုင်းအတွင်းရေးမှူးမျိုးဝင်း၊လှဆိုင်း၊ နေဒွန်း၊စိန်အေး၊အောင်ကြီးတို့နဲ့ ၁၅ဦးသတ်ဖြတ်မှုမှာဆုံးဖြတ်ချက်ချခဲ့ပြီး လည်းကောင်းတို့အားလုံးဟာလဲ သတ်ဖြတ်မှုမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြ ပါတယ်… ABSDF မြောက်ပိုင်း ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်စဉ်တွေမှာ ဒေါက်တာနိုင်အောင်၊ အတွင်းရေးမှူးမျိုးဝင်း (ယခု ABSDF ဒုဥက္ကဋ္ဌ ) ၊ဗဟိုကော်မတီ၊စစ်ကော်မရှင်တို့ဟာ ပါဝင်ပတ်သက်ခဲ့တာ ထင်ရှားနေပါတယ်… ထိုအချိန်က ဒေါက်တာနိုင်အောင်ဘက်ခြမ်း မှာအတွင်းရေးးမှူး-၂ လုပ်တဲ့ ကိုလှဋ္ဌေး(ယခုအိန္ဒိယနယ်စပ်) ဟာလဲ ကိုကျော်ကျော်နဲ့အတူ ပူးပေါင်းပါဝင်ခဲ့တာလဲတွေ့ရပါတယ်… လက်ရှိ ABSDF ဥက္ကဋ္ဌ ကိုသံခဲ ကတော့ ဒီမြောက်ပိုင်းဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်တာ မရှိပါဘူး…. အဲဒီအချိန်က သူဟာ အိန္ဒိယနယ်စပ်မှာရှိနေခဲ့တာဖြစ်ပြီး ၁၉၉၃ မတ်လခန့်မှာ လက်နက်ကိုင်တပ်ဖွဲ့စည်းရေး၊ အိန္ဒိယနယ်စပ်မှာရှိနေတဲ့ ကျောင်းသားတွေနဲ့ပတ်သက်ပြီး အလုပ်လုပ်ဘို့ မြောက်ပိုင်း ABSDF ကိုသွားရောက်ခဲ့ တာ ဖြစ်ပါတယ်…မြောက်ပိုင်းမှာ စစ်ရေးတာဝန်ခံ သံချောင်း(ယခုသာယာဝတီထောင်)၊ ရော်နယ်အောင်နိုင်တို့နဲ့ တွေ့ဆုံမှုရှိခဲ့တာပါ…ထိုအချိန်က တော့ ကိုသံချောင်းကိုလေးစား ခဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်…. နောက်ပိုင်း ၁၉၉၆- ၉၇ ခန့်မှာတော့ မြောက်ပိုင်းကျောင်းသူ မခင်ရွှေလှိုင်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်… နောက်ပိုင်း ABSDF ရဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ….၂၀၁၂ခုနှစ် မြောက်ပိုင်းသတ်ဖြတ်မှုတွေ ဖေါ်ထုတ်လာကြတဲ့ အချိန်မှာ ဥက္ကဋ္ဌကိုသံခဲအနေနဲ့ ဝေဖန်ပြောကြားတာမရှိခဲ့ပါဘူး…. ….ထိုအတွက် ဝေဖန်ပြောကြားတာတွေ ခံခဲ့ရပါတယ်…..မြောက်ပိုင်းမှာ ခံစားခဲ့ကြရတဲ့ အဖမ်းခံ/ကျဆုံးခဲ့သူတွေအပေါ် မစာနာပြောဆိုခဲ့တဲ့ မြောက်ပိုင်း ကျောင်းသူ မခင်ရွှေလှိုင်ရဲ့ ခင်ပွန်းဖြစ်နေတာဟာလဲ သူ့ရဲ့ပုံရိပ်ကို ထိခိုက်စေခဲ့ပါတယ်…. ABSDF အဖွဲ့ကိုလည်း တာဝန်ယူမှု တာဝန်ခံဖြေရှင်းပေးမှုမရှိဘူးဆိုပြီး ပြစ်တင်ပြောဆိုတာတွေ တွေ့လာရပါတယ်….ABSDF ကမြောက်ပိုင်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းဘို့ ဖွဲ့စည်းပေးလိုက်တဲ့ အမှန်တရားနှင့်တရားမျှတမှုကော်မတီ ကိုလည်း အယုံအကြည်မရှိတာမျိုးတွေ တွေ့ရပါတယ်…ဘာကြောင့် လဲဆိုတော့ လက်ရှိ ABSDF ရပ်တည်နေရတဲ့ အခြေအနေ အခင်းအကျင်းတွေ ကြောင့်ပါဘဲ…လက်ရှိ ABSDF က ဒေါက်တာနိုင်အောင်ရဲ့ အထောက်အပံ့ကို ရယူနေရတယ်လို့ သတင်းတွေထွက်ပါတယ်….လက်ရှိ အမှန်တရားနှင့်တရားမျှတမှုကော်မတီ ကအချို့ပုဂ္ဂိုလ်တွေ ABSDF အထောက်အပံ့ နဲ့ကျောင်းတက်နေရတာတွေရယ်…တစ်ဦးကတော့ ဒေါက်တာနိုင်အောင်ဘက်ခြမ်းက သေဆုံးခဲ့ရတဲ့ ကိုအောင်သူ နဲ့ပတ်သက်ပြီး တာဝန်ရှိနေတယ်လို့ သတင်းထွက်နေပါတယ်…. အရေးကြီးဆုံးကတော့ လက်ရှိ ABSDF ဒုဥက္ကဋ္ဌ ကိုမျိုးဝင်း ရဲ့ထိုအချိန်က ပါဝင်ပတ်သက်ခဲ့မှုတွေဟာ လည်း ရှိနေခဲ့တာကြောင့် ပါဘဲ….ဒါကြောင့် ABSDF ကဖွဲ့စည်းပေးလိုက်တဲ့ အမှန်တရားနှင့်တရားမျှတမှု ဖေါ်ထုတ်ရေးကော်မရှင် ကို သံသယနဲ့စောင့်ကြည့်နေကြပြီး အယုံအကြည်မဲ့နေတာဖြစ်ပါတယ်…. ၂၀၁၂ခုနှစ် စက်တင်ဘာမှာ ABSDF က မြောက်ပိုင်းသတ်ဖြတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ခံစားခဲ့ရသူများနှင့် မိသားစုများကို တောင်းပန်ပါကြောင်း ကြေညာချက်ထွက်လာခဲ့ပေမဲ့ …ကာယကံရှင်တွေ ရဲ့ အပြီးသပ် ကြေနပ်မှုမျိုးကို မရရှိခဲ့ပါဘူး… ABSDF အနေနဲ့ အဓိကတာဝန်ရှိသူတွေကို ABSDF စည်းမျဉ်းအရ ဖေါ်ထုတ်၊အရေးယူ၊ တာဝန်ခံစေတာမျိုး၊ တွေမရှိခဲ့လို့ သာဖြစ်တယ်လို့ တွေးဆနိုင်ပါတယ်… ဥက္ကဋ္ဌ ကိုသံခဲအနေနဲ့ ဒေါက်တာနိုင်အောင်၊မိုးသီးဇွန်၊ လက်ရှိဒုဥက္ကဋ္ဌ ကိုမျိုးဝင်း၊ လက်ရှိABSDF မြောက်ပိုင်း ကိုဦးဆောင်နေတဲ့ ၁၉၉၂ဖေဖေါ်ဝါရီ ၁၂ ရက် လူသတ်တရားခံ ကိုကျော်ကျော်နဲ့ကိုလှဆိုင်းတို့ အပါအ၀င် ၁၉၉၂ ကာလတွေမှာတာဝန်ရှိခဲ့တဲ့ ကိုလှဋ္ဌေး ( ယခုအိန္ဒိယနယ်စပ်ကျောင်းသားအဖွဲ့ကို ဦးဆောင်နေသူ) တို့အပေါ်မှာ တစ်စုံတစ်ရာပြောဆိုခြင်း၊ ABSDF စည်းမျဉ်းစည်းကမ်းနဲ့အညီ ကိုင်တွယ်ခြင်း မပြုလုပ်နိုင်သေးတာဟာလဲ အားနဲချက်အဖြစ်မြင်နေရပါတယ်…. ပိုပြီးဆိုးဝါးစေခဲ့တဲ့ အကြောင်းကတော့ မြောက်ပိုင်းလူသတ်တရားခံ ကျော်ကျော်၊လှဆိုင်း တို့ဦးဆောင်နေတဲ့ ABSDF မြောက်ပိုင်းကို မိမိသြဇာ ထူထောင်ထားခြင်းပါဘဲ….မြောက်ပိုင်းသတ်ဖြတ်မှု ပြသနာတွေ အကြီးအကျယ် ရှိနေစဉ်ကာလမှာဘဲ ကိုသံခဲဟာမြောက်ပိုင်းကိုသွားရောက်ခဲ့ပြီး ၁၉၉၂ ဖေဖေါ်ဝါရီ၁၂ ရက် လူသတ်မှုကိုကျူးလွန်ခဲ့တဲ့ ကိုကျော်ကျော်၊ကိုလှဆိုင်းတို့နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်…. တကယ်တော့မြောက်ပိုင်း ABSDF ကို KIA က ငြိမ်းချမ်းရေး ပျက်စီးတဲ့ ၂၀၁၂ နှစ်ဆန်းမှာ ပြန်ပြီး အသက်သွင်းခဲ့တာပါ…ယခင်၁၉၉၆ KIA ငြိမ်းချမ်းရေးယူစဉ်က ABSDF ကိုနေထိုင်ခွင့်မပေးတော့ဘဲ မောင်းထုတ်ခဲ့ တာပါ…. ယခု ၂၀၁၂ခုနှစ်ဆန်းကျမှ KIA က သူတို့ အကျိုးစီးပွားအတွက် သူတို့KIA နဲ့ အလျှင်းသင့်တဲ့ မြောက်ပိုင်း ABSDF လူသတ်ကောင်လှဆိုင်း (ကချင်လူမျိုး) ၊ကိုကျော်ကျော်တို့မှတဆင့် ABSDF မြောက်ပိုင်းဆိုပြီး ပြန်လည်အသက်သွင်းခဲ့တာပါ….မြောက်ပိုင်းABSDF ကျောင်းသားဆိုလို့ ဦးဆောင်နေတဲ့ သူ ၅ယောက်လောက်သာရှိတာပါ…..တပ်ဖွဲ့ဝင်ရရှိရေးနဲ့ပတ်သက်လို့ကတော့ မရေးလိုတော့ပါဘူး…. ဒီလိုအခင်းအကျင်းမျိုးရှိနေတဲ့ အနေအထားမှာ ABSDF ဥက္ကဋ္ဌ ကိုသံခဲအနေနဲ့ အများကြီးတာဝန်ရှိလာနိုင်ပါတယ်….မြောက်ပိုင်းသတ်ဖြတ်မှုတရားခံတွေ ကိုဆက်ဆံ၊လက်ခံနေတဲ့ကိစ္စရယ်.. ABSDF ရဲ့သမိုင်းဆိုင်ရာ ဆိုးဝါးမှုကို လက်ခံအတည်ပြုပေးသလို သက်ရောက်နေပါတယ်…. ဒီလိုအချိန်တွေမှာဘဲ ပြည်တွင်းကိုပြန်ဝင်လာပြီး အစိုးရနဲ့တွေ့ဆုံမှုတွေလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး ခံစားခဲ့ရတဲ့ မြောက်ပိုင်းကျောင်းသားတွေအနေနဲ့ စိုးရိမ်မှု၊ အမှန်တရားဆုံးရှုံးမှု၊ အပြစ်ရှိသူ၊ တာဝန်ရှိသူတွေ အနာဂတ်နိုင်ငံရေးမှာ ပါဝင်လာမှာတွေကို စိုးရိမ်လာနေကြပါတယ်…. သူတို့ရဲ့သမိုင်းကို နောက်တစ်ကြိမ် ခြေဖျက်ခံကြရမှာကို စိုးရိမ်နေကြပါတယ်….ဒါကြောင့်လဲ ဒေါက်တာနိုင်အောင်။မိုးသီးဇွန် တို့ ပြန်လာကြစဉ်က မြောက်ပိုင်းကျောင်းသားဟောင်းတွေက သူတို့ရဲ့ သမိုင်းကို သူတို့ ခုခံကာကွယ်ခဲ့ကြတာတွေ့ရပါတယ်…. လက်ရှိ ABSDF ကဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ရဲ့ အမှန်တရား ဖေါ်ထုတ်မှုအဖြေဟာ ABSDF ရဲ့ သိက္ခာနဲ့ သမိုင်းကြောင်းကို ကာကွယ်ရင်း မြောက်ပိုင်းမှာ အသက်ပေးခဲ့ရသူတွေနဲ့ လွတ်မြောက်ခဲ့သူရဲဘော်ဟောင်းတွေရဲ့ သမိုင်းကို အလဲအလှယ်လုပ်ယူသလို ဖြစ်သွားမှာကိုလည်း သတိကြီးစွာနဲ့ စောင့်ကြည့်နေကြတာ တွေ့ရပါတယ်…. ပြီးခဲ့တဲ့ ၁၃.၁၂.၂၀၁၂ နေ့ကလည်း ABSDF မိုးဦးဇွန်ဘက်ခြမ်းမှာ သေဆုံးခဲ့ရတဲ့ ကိုဋ္ဌေးနိုင်ရဲ့မိခင် ဒေါ်ခင်မေမြင့်က မြောက်ဒဂုံရဲစခန်းမှာ တရားဥပဒေကြောင်းအရ ကိုမိုးသီးဇွန်နဲ့ အဖွဲ့ကို အရေးယူပေးဘို့ အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ သိလိုက်ရပါတယ်….တကယ်တော့ဒီပြသနာတွေဟာ အမှန်တရားတစ်ခု ပေါ်ပေါက်လာတဲ့ အချိန်မှာ အမှားတွေကို တာဝန်မခံ၊တာဝန်မယူရဲဘဲ၊ မိမိတို့ရဲ့ဂုဏ်သိက္ခာ ကို မျက်စေ့မှိတ်ကာကွယ်လိုမှု တွေကြောင့် ပြသနာဟာကြီးထွားလာတယ်လို့မြင်ပါတယ်…. ရိုးသားစွာနဲ့ ဖြစ်စဉ်အမှန်ကိုဝိုင်းဝန်းဖေါ်ထုတ်။ပြောကြားကြပြီး မိသားစုတွေရဲ့ ဘ၀တွေကို ဖေးမ ကြရမယ့်အချိန်မှာ မိမိတို့ အတ္တတွေကိုရှေ့တန်းတင်ပြီး မာန်မာနတွေ မချခဲ့လို့သာ မလိုလားအပ်တဲ့ ကိစ္စတွေ ဆင့်ကဲပေါ်ပေါက်လာတာပါ… မြောက်ပိုင်းကျောင်းသားဟောင်းတွေရဲ့ ၁၂.၂.၂၀၁၂ ကြေညာချက်အမှတ် ၁/၂၀၁၂ ကိုကြည့်ရင်လဲ အမှန်တရား ဖေါ်ထုတ်ရေး၊သက်ဆိုင်သူတွေတာဝန်ခံရေး၊ နဲ့ ကျဆုံးခဲ့ရသူများ/နဲ့ သူတို့တတွေရဲ့ သမိုင်းတန်ဘိုး တွေအတွက်သာ ရည်ရွယ်ပြီး အမှန်တရားဖေါ်ထုတ်ခဲ့ကြတာ ဖြစ်ကြောင်းပေါ်လွင်ပါတယ်…အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း ကြိုဆိုကြောင်း ပြောကြားထားတာတွေ့ရပါတယ်…. တော်ဝင်နှင်းဆီမှာပြုလုပ်ခဲ့တဲ့ ၃၁.၈.၂၀၁၂သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အမှတ် ၂/၂၀၁၂ မှာလဲ မြောက်ပိုင်းကျောင်းသားတွေအနေနဲ့ သက်ဆိုင်သူမိသားစုတွေရဲ့ တရားဥပဒေကြောင်းအရ ဖြေရှင်းမှုကို ထောက်ခံကြောင်းနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားရေးမဏိုင်တောင့်တင်းခိုင်မာစေရေးအတွက် မြောက်ပိုင်းပြသနာကို မှတ်ကျောက်တစ်ခုအနေနဲ့ ရည်ညွှန်းထုတ်ပြန်ပြောဆို သွားတာတွေ့ရပါတယ်…. မည်သို့ဆိုစေ မြန်မာပြည် နိုင်ငံရေးသမိုင်းနဲ့ ကျောင်းသားတွေရဲ့ သမိုင်းမှာတော့ မြောက်ပိုင်းပြသနာ ဟာ ဆိုဝါးတဲ့ မှတ်တမ်းတစ်ခုအနေနဲ့ ရှိလာခဲ့ပါပြီ....တကယ်တော့ မြောက်ပိုင်းပြသနာတွေ စတင်ပြီး ဖြေရှင်းလာကတည်းက မြန်မာပြည်နိုင်ငံရေး လောကက အဖွဲ့အစည်းတွေ ဟာဒီပြသနာကို လက်ရှောင်ခဲ့ကြပါတယ်… ဒါးခုတ်ရာလက်ဝင်လျှိုတဲ့အဖြစ်မျိုး မရောက်ချင်ကြတဲ့အတွက် နှာစေးနေခဲ့ကြတာပါ… မြောက်ပိုင်းကျောင်းသားတွေဟာ သူတို့သမိုင်းကိုသူတို့ ဝေဖန်ပြောဆိုမှုတွေကြားကနေ ရေးခဲ့ကြပါပြီ…. သူတို့လိုချင်ခဲ့တဲ့ အားလုံးအတွက်အမှန်တရားတစ်ခုကို ပြန်လည်ရယူခဲ့ကြပါပြီ….ရှေ့ဆက်ပြီး သက်ဆိုင်ရာကာယကံရှင်မိသားစုတွေရဲ့ တရားမျှတမှုဆိုတဲ့ လမ်းကြောင်းကတော့ ဘယ်လိုဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ မင်းငြိမ်းသစ် ( ၁၈.၁၂.၂၀၁၂ )

Wednesday, October 31, 2012

ဘာတေးလ်၏ ဆောင်းပါးသစ် ကို သုံးသပ်ခြင်း။ Bertil Lintner's recent article: (Myanmar) Old Atrocity and New Implications by Aye Aye Soe Win on Thursday, November 1, 2012 at 4:31am · Bertil Lintner's recent article: (Myanmar) Old Atrocity and New Implications သူ. စူး ရှတဲ. ကလောင် နဲ. တည်.တည်.ပစ်၊ တည်.တည်.ရေး၊ ဒေါင်.စေ.လေ တဲ. သတင်းသမားလည်းဖြစ်၊ မြန်မာပြည်အကြောင်းအထူး ကျွမ်း ကျင်တဲ. စာရေးဆရာ လို. ကျော် ကြားလေတဲ. ချင်းမိုင် အခြေစိုက် ဘာတေး လင်.တ်နာ က Asia Times အေရှား တိုင်းမှာ ဒီနေ.ပဲ ဆောင်းပါးတပုဒ်တင်ဆက်ခဲ.ပါတယ်။သူ. ဆောင်းပါး ရဲ. ခေါင်းစဉ်က Old Atrocity and New Implications အတိပ်ကရက်စက်ကြမ်းကြုပ်သတ်ဖြတ်မှု နှင်.တကျော.ပြန်အသစ်ပေါ်လာသော ရှုတ်ထွေးမှု များ ( မြန်မာနိုင်ငံ) လို. ဆိုရပါမယ်။ ဘာတေးဆောင်းပါး က ပြည်.စုံပါတယ်။ ပြုသူနဲ. အပြုခံရသူ တနည်း ကျုးလွန်သူနဲ. ကျူးလွန်ခံရသူ ဒါတွေကို စကားလုံးများများ မသုံးပဲ တင်ပြခဲ.ပါတယ်။ မတရားမှူကြီးတခုနဲ. ဒီအမှုသက်ရောက်ရာ လမ်းကြောင်းကိုတော. တွေးတတ်သလိုတွေးနိုင်ဖို. ဖွင်.ပေးထားတယ်လို.ထင်ပါတယ်။ ဆောင်းပါးကောင်း တပုဒ် အင်္ဂံလိပ်ဘာသာနဲ. ရေးရင် ပြည်ပကလူတွေ နဲ. သံတမန်တွေအတွက် သိပ်အဆင်ပြေပါတယ်။ ဒါမျိုးဟာ မြန်မာအချင်းချင်းမုန်းတီးလို.၊ မသင်.မြတ်လို. ဒီမို အုပ်စုတွေကြား တကြော်ကြော် ထအော်၊ တမင် ဖေါ်နေကြတာမျိုးမဟုတ်ပဲ ၊ အချိန်လည်းသင်.ပြီမို. သမိုင်းတကျော.ပြန်ဖြစ်ရပ်မှန်အနေနဲ.သာ ထူးခြားစွာ ပေါ်ထွက်လာခြင်းပဲ ဖြစ်တယ်။ ခု အင်္ဂံင်္ံလိပ်ဘာသာနဲ. ဒီဆောင်းပါးဟာ၊ မြန်မာ မဟုတ်သော၊ သို.သော်မြန်မာ နိုင်ငံ နှင်.ပါတ်သက်နေသော အဖွဲ. အစည်းတွေ ကို စာပို.ရင် ကိုးကားပြော ဖို. အလွန်သင်.ပါတယ်။ အမှန်တရားကို မြတ်နိုးတဲ. မြန်မာတွေ အများကြီး ပြည်တွင်းပြည်ပမှာ ရှိတယ်။ သူတို. အားလုံး သိချင် လွန်းတဲ. မေးခွန်းကို ဘာတေးဆောင်းပါး ရှင် က လည်းမေးသွားတယ်။ ဒေါက်တာနိုင်အောင်ဟာ ဘာကြောင်. ပြည်ပကထောက်ပံ.ငွေ (အမေရီကန်ကွန်ဂရက် က တိုက်ရိုက်ဆင်းသက်တဲ. NED နဲ. တခြား အန်ဂျီအိုတွေအပါအ၀င်ငွေတွေ) ဒါတွေကိုဒီလောက်ကြာကြာရခဲ.သလဲ။ သူ. အမဲစက်ကြီး ရှိပါရဲ. သူ.လူတွေက ဘာကြောင်. အပြောမခံကြလဲ ဆိုတာတွေ ဆက်စက်စဉ်းစားဖို.လိုပါတယ်။ ခံရသူတွေအတွက် ဘယ်တုန်းကမှ တရား မျှတစွာ အကြည်.မခံခဲ. ရတဲ. ဒီဇတ်လမ်း ကို၊ တချိန်ကတော. စပိုင်တွေ သုတ်သင်ရေး လို. သူတို. ကျူးလွန်သူတွေဖက်က က ခေါင်းစဉ်တပ်ပါတယ်။ ၂၀၁၂ ဇန်န၀ါရီ မှာ အေဘီက ထုတ်တဲ. စာ တမ်းမှာ လည်း စပိုင်တွေမို. လုပ် ရပါတယ် ပဲ ထပ်ပြောခဲ.ပါတယ်။ ဒါပေမဲ.၊ အမှန်က ၂၀၁၂ နွေမှာ ထွက်လာတဲ. ဦးမောင်မောင် ရွှေကရ၀ိတ် ရဲ. စာအုပ်ခေါင်းစဉ်လိုပဲ၊ ဘယ်ဒေါင်. ဘယ်ကွေ.ကကြည်.ကြည်. ဒီ မိုကရေစီ ဘက်တော်သား ဆိုတဲ. အချင်းချင်းကြားထဲ ရက်ရက်စက်စက်ဇတ်တူသားစားခြင်းသာဖြစ်တယ်ဆိုတာ ဘာတေး က အတည်ပြုပေးသွားပါတယ်။ ၁၉၉၂ ဇူလိုင်လ မှာ ဘာတေး ဒီ အကြောင်းအရာအပေါ်မှာပဲ Far Eastern Economic Review က ဆောင်းပါးတပုဒ် ရေးခဲ.ပါသေးတယ်။ အဲဒီ. အချိန်က ဖြစ်ပြီးစ လေး ငါး လ အကြာမှာဆိုတော.၊ ပြုသူတွေ အချိန်နဲ. အမျှ ပြန်ရတဲ. ပြစ်ဒဏ် ကို ဆွေးနွေးပြောဆိုဖို. စောလွန်းနေသေးတဲ.ကာလလို. ဆိုရမယ်။ ဒါပေမဲ. နှစ်၂၀ အကြာ ခု ၂၀၁၂ မှာတော. ၊ ဒီ လုပ်ကြံသတ်ဖြတ်မှုကြီးရဲ. အကျိုးသက်ရောက်မှု တွေ က တစစ ပေါ်လာပါပြီ။ NED National Endownment for Democracy က မသိတာလား။ မသိချင်ယောင်ဆောင်တာလား။ ဒါမှ မဟုတ် အသိပေးမှုမှာ ဖိအားသိပ်မပါလို.လား။ ဒါတွေ ကို စာဖတ်သူတွေက ဆက်စဉ်းစားရမှာဖြစ်ပါတယ်။ ( ဖြတ်ပြောရမယ်ဆိုရင် အမေရိက က သူသူငါငါ နိုင်ငံသားတွေ ပေးနေတဲ. အခွန်တွေနဲ. ဒီက အစိုးရနဲ.ဆိုင်ရာ အဖွဲ. အစည်းတွေက ဒီလိုလူမျိုးတွေကိုလည်းထောက်ပံ.တယ်။ဒီလိုလူမျိုးတွေကိုထောက်ပံ.တာ အလွန်မှားနေတယ် ဆိုတာကို တခါတလေ စိတ်ပေါက်လာမှ ထတိုင်တဲ.သူ အချို. ရှိပေမဲ.၊ NED ထဲက သူတို. အတွင်းလူများကပါ ပေါင်းစားထားလေတော.၊ ဒီ လောက် ကြီးမားတဲ. သတ်ဖြတ်ရက်စက်မှုကြီးကို အမေရိက က လွှတ်တော်အမတ်တွေ၊အကုန်မသိတာ မဆန်းပါဘူး။ ငွေပေးနေတဲ. အန်ဂျီအိုတွေ၊ သူတို. အထက်က စူပါဗိုက်ဇာတွေက တော. မသိတာထက် မသိချင်ယောင်ဆောင်ခဲ.တာဖြစ်ဖို.ပိုများပါတယ်။ ဒါမှမဟုတ် လူဖြူတွေသိအောင် ဖေါ်ထုတ်ရတဲ. လူ တဦးစ ၂ဦးစ၊ တဖွဲ. တအုပ်စုက စိတ် ပင် ပန်းပြီး ရပ်လိုက်တာလား၊ ဒါမှမဟုတ် နိုင်အောင်.အပေါ်ကျလာမဲ. ပြစ်ဒဏ်ကျွေးကို သူ.ကိုခင်မင်မှုနဲ. အားနာပြီး ရပ်လိုက်ကြတာလား။ ဒါတွေကိုတော. ဆက် စဉ်းစား ရမှာဖြစ်ပါတယ်။) မြန်မာပြည် အရှေ.မြောက်ပိုင်း ကချင်နယ်မြေထဲက အေဘီ အကိစ်ဒီ အက်ဖ် တောတွင်းစခန်းမှာ ဒီပြစ်မှုကို စိမ်ပြေနပြေ ကျူးလွန်ခဲ. တဲ.သူတွေ၊ အမိန်.ပေးခဲ.တဲ.သူတွေ၊ ကျူးလွန်မှုမှာ ၀င်မတားပဲ ရပ်ကြည်.နေခဲ.သူတွေ၊ ဒီ.အပြင် နှစ် ၂၀ လုံးလုံး တုပ်တုပ်မလှုပ် အပြစ်ကို ၀န်မခံခဲ.တာတွေ၊ ပြီးတော. တာဝန်ရှိတဲ. အေဘီ ဥက္ကဌနိုင်အောင် နဲ. ကျူးလွန်သူများ ကို အနောက်နိုင်ငံတွေ က အန်ဂျီအို အချို.နဲ. ငွေပေး ထောက်ပံ.နေတဲ. အဖွဲ.အစည်းတွေ။ သူတို. တုပ်တုပ်မလှုပ် မြုံနေ၊ တမင် အသံတိပ်ပေးနေတာတွေ ကိုလည်း ဘာတေးက အများကြီး မရေုးပဲ၊ တကြောင်း တပုဒ်နဲ.ပဲ အလွန်ပြည်.စုံစွာ ရေးသားခဲ.ပါတယ်။ ကျမမြင်တာကတော. ဒီလိုပါ။ ဘာတေးရဲ. ဒီဆောင်းပါးမှာ၊ဒါတွေပေါ်လွင်ပါတယ်။ --ကိုထွန်းအောင်ကျော်၊ ခင်ချိုဦးကို သတ်နည်း နှိပ်စက်နည်း နဲ.တကွ (ဒုတ် ဒါး လှံ ခဲလုံး သုံးတဲ. အလယ်ခေတ် က လူရိုင်းများလို ) ပြုသူ ကျူးလွန်သူတွေ ရှိခဲ.တယ်။စပိုင်တွေဆိုပြီး နှီပ်စက်၊ မတရားရယူခဲ.တဲ.ထွက်ချက်တွေကို သုံးပြီး အေဘီအက်စ်ဒီဖက်ဖ်က သူ.ကိုယ်သူ အကာအကွယ်ပြုခဲ.တယ်။ --ဒီကျူးလွန်မှုကို ထပ်သက်သေပြစရာ မလိုတော.တဲ. အချိန်ရောက်ခဲ.ပြီ။ နှစ်၂၀။ --ခံရသူတွေဖက်က မတရားမှုကို ခဲယဉ်းစွာ ထုတ်ဖေါ်ရတယ် ဆိုနိုင်ပေမဲ.၊ အချို.နည်းတွေက ကျူးလွန်ခဲ.သူတွေကို တည်.တည်.ပစ် တည်.တည်.မှန်ခဲ.တယ်။ --တပိုင်းတစ အောင်မြင်ခဲ.တယ်။ အစိုးရကို အားကိုးလို. မရတဲ. ရှင်းလင်းနည်းတွေမှာ၊ လုပ်လို.ရတာတွေကိုလည်း၊ ဘာတေး က သွယ်ဝိုက်ပြော သွားတယ်လို.ထင်ပါတယ်။ မှန်ပါတယ်။ ထိရောက်တဲ.နည်းတွေကို ပဲ ဆက်တိုက်သုံးရတော.မယ်။ ဘာတွေ ထိရောက်ခဲ.သလဲ။ ၁- နိုင်ငံတကာအဖွဲ.များ၊ ငွေလှုထောက်ပံ.ပေးနေသော အန်ဂျီအို အသီးသီး များထံ နိုင်အောင်. မတရားမှုတွေနဲ.ပါတ်သက်ပြီး ရောက်သောတိုင်စာ အသီးသီးရှိခဲ.တယ်၊ (သုံးသပ်ချက်--တိုင်စာတွေ ကန်.ကွက်စာတွေ ထိရောက်မှုသိပ်မရှိခဲ.ပါ။ ပြည်ပနယ်ခြားအုပ်စုများ နိုင်ငံရေး သို. စစ်အစိုးရ ဆန်.ကျင်းရေးမှာ မြေအောက် အသွင်ဆောင်၊ လှို.၀ှက်လုပ်ငန်းများ ဆိုတဲ. သူတို.ခေါင်းစဉ်နဲ.အသံလှိုင်းတွေကြားမှာ သူတို. မိုးကောင်းခဲ.ပါတယ်။ နိုင်အောင် သောင်းထွန်း ဇော်ဦးကို လုပ်ပိုင်ခွင်.တွေပေးပြီး လုပ်ချင်ရာ လုပ်ခွင်.ပြုခဲ. သူကိုယ်တိုင်က ဦး စိန်ဝင်းဖြစ်ခဲ.ပါတယ်။ ဒေါ်စု နဲ.တော. လုံးလုံးမဆိုင်ပါ။ စစ်အစိုးရ ၀မ်းသာမှာ စိုးလို. ကျူးလွန်ခဲ.သူတွေကို ကို တန်ပြန်ဖို.၊ တန်ပြန်လော်ဘီ လုပ်နိုင်တဲ.သူတွေ၊ ထိထိရောက်ရောက် စွမ်းတဲ. သူတွေကလည်း ၀ါရှင်တန် ဒီစီ ဧရိယာမှာ ရှိမနေကြပါ။ ဒီတော. -အဲဒီ. ကာလတွေ မှာ နိုင်ငံရေးအရ ဟိုဝင်ဒီဝင် လုပ်လို.ရတဲ. အဖွဲ.ဆို ပြောရရင် (အများက မနှစ်သက်သော်လည်း) political mandate ရှိသလိုလို ဖြစ်နေတာဆိုလို. သူတို.ချည်းပဲဖြစ်နေတဲ. ဒီတချက် ပါ ပါတယ်) ၂--နိုင်အောင် ဟားဗတ် တက္ကသိုလ် မှာ ၂၀၀၂ က ၀င်ခွင်.ရပြီးမှ အငြင်းခံ ၊အထုတ်ခံရတဲ. ကိစ္စ ထည်.ပြောထားပါတယ် ( သုံးသပ်ချက်--ဟားဗာ.တ် ကျောင်းကို ရောက် သွားတဲ. စာ သိပ်ထိရောက်ပါတယ်။ တချက်ထဲ သော မြှားက တချက် ပစ် တချက်ထိပါတယ်၊ ဟားဗတ် ကျောင်းဝင်ခွင်.ကော်မတီ ဘုတ်အဖွဲ.မှာ ဒီ ကိစ္စ ကို ပေါ်လာချင်းချင်း၊ ဘယ်သူက စလို.တိုင်သည်ဖြစ်စေ ၊ယဉ်ကျေးမှုမြင်.မားတဲ.ကျောင်းတကျောင်း၏တာဝန်ခံများအနေနဲ. ဘယ်လိုဖြေရှင်း ရမယ်ဆိုတာ သူတို. တက္ကသိုလ်တခု ရဲ. အဆင်.အတန်း တန်ဖိုးတွေ နဲ. အညီ သက်သေပြသွားပါတယ်။ ၂၀၀၂ မှာ ဧရာဝတီမှာ ဒီ အကြောင်းအရာကိုပဲ အင်္ဂံလိပ်လို ရေးသားခဲ.ပါတယ်။) ၃- ရော်နယ်အောင်နိုင် BBC က ၂၀၀၈ မှာ အလုပ်ပြုတ်ခြင်း ( သုံးသပ်ချက်--ထိရောက်ပါတယ်။ ဒီအရေး လှုပ်ရှားပေးခဲ.သူတွေ လိုတာချက်ချင်းမရသော်လည်း၊ ဒေါ်တင်ထားဆွေကို ဆန်.ကျင်ပြီး ပင်ပင်ပန်းပန်း အဆင်.ဆင်.တက်ခဲ. ရပေမဲ.၊ ရော်နယ်အောင်နိုင် ၂၀၀၈ မှာ ဘီဘီစီက ရင်နာနာနဲ. ထွက်ခွာ ခဲ.ရပါတယ်။ တဖန် ၂၀၁၂ နှစ် ဥိး မှာ လန်ဒန်က ထိန်လင်း သန်းကြီးမ ဆောင်းပါးအပြီး သူ.ကို အလုပ်ပေးထားတဲ. အင်တာနယူးက ရော်နယ်ကို မဖြစ်မနေ ဖယ်ရှားပစ်လိုက်ရပါတယ်။ တဖန် ၂၀၁၂ နွေ လတွေမှာ ချင်းမိုင်မှာ လုပ်မဲ. သတင်းသမားများ စီမီနာ မှာ သူ. ကို သင်တန်းဆရာ လေ.ကျင်.ရေးမှုးအဖြစ်လျာ ထားပြီးမှ၊ သူ. အမည်ပါလို. တခြား အထင်ကရ ဂျာနယ်လစ်စ်တွေကကန်.ကွက်ခဲ. တဲ. အတွက်၊ အဲုဒီ. သတင်းသင်တန်းကို ငွေပေး စပွန်စာလုပ်တဲ. အမေရီက အခြေစိုက် အန်ဂျီအို ဒါရိုက်တာက သူဆွဲခဲ.ခဲ.တဲ. အစီအစဉ်အတွက် တောင်းပန်ခဲ.ရပြီး ရော်နယ်ကို ချင်းမိုင် မှာ သင်တန်းစကာနီး လေး မှာပဲ၊ အပြင်ကဖိအားတွေကြောင်.ထုတ်ပယ်ပစ်ခဲ.ရပြန်ပါတယ်။ ) ၄-- ၂၀၁၂ မှာ ဒီကိစ္စ အတွက် တရားမျှတမှုကို အများ ပြည်သူနဲ. မိသားစုတွေက တောင်းဆိုနေ ကြပါတယ်။ (သုံးသပ်ချက်--လိုချင်တဲ. အဖြေမရသေးသော်လည်း၊ ထိရောက်ပါတယ်။ အချိန်တန်လာလို.လားမသိ၊ ပြည်တွင်းပြည်ပ စာနယ်ဇင်းတွေကပါ ဖေါ်ထုတ်မှုတွေ အသီးသီး အားကောင်းလာကြတယ်။ သေချာတဲ. လူတွေက လမ်းဆုံးတဲ. အထိလိုက်မယ်၊ မတရားမှုကြီးပေါ်ကိုပေါ်ရစေမယ်လို. အာမခံထားကြတယ်၊ ဒီနှစ် စပ်ကူးမတ်ကူးကာလမှာ အစိုးရဖက်က ဖိတ်လို. ဆိုပြီး ပြည်တွင်းရောက်သွားတဲ. နိုင်အောင် နဲ. သူ. အမှုတွဲတွေကို ကို တည်တည်ငြိမ်ငြိမ်ရင်.ရင်.ကျက်ကျက် နဲ. ဆက် ဖေါ်ဆောင်လှုပ်ရှားသွားမဲ.သူတွေ အများကြီး ကျန်နေပါသေးတယ်။ ဦးးအောင်မင်းလည်း သူ. ရှုး သူပါတ်မှာ ကြောက်ပြီး နိုင်အောင်ကို ကုန်းတွင်းခရီးနဲ.ပဲ စက်တင်ဘာ တတိယပါတ်မှာ မြန်မာပြည်ကပြန်ခိုင်းလိုက်ပါတယ်။ နိုင်အောင်ပြည်တွင်းမှာ ငုတ်တုပ်ကြီး ရှိနေပါလျှက်နဲ. ဘာကြောင်. သူ.ကို အရေး မယူုနိုင်ရတာလဲ ဆိုတဲ . မေးခွန်းကို အေဘီ မြောက်ပိုင်းစခန်းမှာ အသတ်ခံခဲ.ရသူတွေရဲ. မိသားစုဝင်တွေ က မေးတဲ.အခါ ဤ.မေးခွန်းကို အစိုးရ ဖက်က မဖြေဆိုနိုင်ခဲ.ပါ။ ဒီတော. သူတို. လုံခြုံရေးမပေးနိုင်တော.တဲ. နိုင်အောင်.ကို ပဲ မဲဆောက်ပြန်ခိုင်းလိုက်ပါတယ်။) --ဒီဆောင်းပါးမှာ ဘာတေး ရေးသားထားချက်တွေအရ၊ ဒေါက်တာနိုင်အောင်၊ ရော်နယ်အောင်နိုင် အစသဖြင်. ကျူးလွန်သူများဘက်က ပြန်ရခဲ.တဲ. ပြစ်ဒဏ်ပမာဏနဲ. ထိရောက်မှု ရှိမရှိ ကို ကျမ မြင်တဲ.အတိုင်း ကိုယ်.အယူအဆနဲ.ကိုယ် အလွတ်ပြောခြင်းမျိုးပါပဲ။ ဒီကိစ္စနဲ.ပါတ်သက်ပြီး အမေရီကမှာ လွတ်လပ်ပွင်.လင်းနေပြီး အများသူငါပါဝင် လို. ရတဲ. Open Campaign လုပ်လို.ရမဲ. အချိန်သင်.ပြီလို. ထင်ပါတယ်။ ကဲ၊ တော်လောက်ပြီ။ ပြည်.စုံပြီးသား ဘာတေးလင်.နာ ဆောင်းပါးကို သုံးသပ်ရတာ၊ သိပြီးသားတွေအတွက် မလိုပါဘူးလို. ဆို နိုင်ပေမဲ.၊ သူ. မူရင်းကို ဖတ်ကြပါ၊ ဖတ်ပါ၊ဖတ်ပါလို. အထူးတိုက်တွန်းချင်ပါတယ်။ သူ.ဆောင်းပါးက ငြင်းမရတဲ. အချက်တွေ ကို ယူသုံးပါ။ လုပ်လို.ရတာ တွေကို အားလုံးက ကျွမ်းကျင်စွာ ၊သပ်ယပ်စွာ မကြွားမ၀ါပဲ၊ ရိုးသားစွာ လုပ်နိုင်ကြပါစေ။ ဘာတွေ လုပ်ကြရမလဲ လို.ဆိုရင် -- လွတ်လပ်ပြီး ၊တရားမျှတမှုကို တန်ဖိုးထားတဲ. တက်ကြွစွာ အလုပ်လုပ်နိုင်တဲ. လူသားတွေ အနေနဲ.၊ ဆိုင်ရာအစိုးရတွေနဲ. အဖွဲ.အစည်းတွေကို မေးခွန်းထုတ်ပါ လို.ပြောချင်တယ်။ စနစ်တကျ ရေးသား၊ ဇွဲကြီးကြီး နဲ. တိုင်ကြားကြပါ။ သူတို. အဖြူတွေ အကြောင်းပြန်မှာ မဟုတ်ဘူးဆိုတဲ.၊ ဆင်ခြေနဲ. ဘာမှ မလုပ်ပဲ ထိုင်မနေပါနဲ.။ လမ်းကြောင်းမှန်ပြီ ဆို မိမိဖက်က ဇွဲ ကြီးကြီးနဲ. လုပ်ဖို.သာ လိုအပ်တယ်။ လူသတ်သမားတွေက မျက်နှာပြောင်တိုက်ခဲ.တယ်။ သူတို.ကို အရေးယူနိုင်ဖို.ဝေးစွ၊ ယဉ်ကျေးပါတယ်ဆိုတဲ. နိုင်ငံကြီးတွေက အဖွဲ. အစည်းကြီးတွေ နဲ. သူတို. အတွင်းစည်း လူအချို.ကပင် သူတို.ကို အကူအညီတွေပေးခဲ.တယ်။ အမှန်ကတော. အဆိပ်ပင် ရေလောင်းတာပါပဲ။ ဘာကြောင်. ဆိုတာ လူတိုင်းက၊ အထူးသဖြင်. ဒီနိုင်ငံမှာ ၀င်ငွေခွန်ပေးနေတဲ.သူတွေက သူတို.အစိုးရတွေကို မေးခွန်း ထုတ်ရဲ မေးရဲ စိမ်ခေါ်ရဲ ရပါမယ်။ နောက်ဆုံး အတွေးတစ စဉ်းစားကြည်.ပါတယ်။ ကျူးလွန်ခဲ.သူတွေပဲ သိပ်တော်နေတာလား။ အတွေးအခေါ်အရ၊ ရပ်တည်ချက်အရ မခံနိုင်ဘူး၊ ဒီလောက်အမှားကြီး ကို တုန်.ပြန်ရမယ် လို.ဆိုတဲ.သူတွေပဲ ညံ.ဖျင်းနေတာလား။ နှစ် ၂၀ ကျော် တချက်လှမ်းပြန် ကြည်.ရင်၊ ဘာမှန်းမသိရတဲ. ပလပ်စတစ် အတောင်ပံတွေနဲ. သူတို. ပျံသန်းရပ်တည်နေတာ ကို အများက ဖာသိဖာသာ နေတာလား။ ကြိုက်လို. လက်ခံထားတာလား။ သူတို.ကို မိမိရရ တားသူဆီးသူ ကန်.သတ်သူတွေ မရှိလေတော.၊ ဒီလူတွေကပဲ သူ.မျက်ခုံး ၊ ကိုယ်.မျက်ခုံးမွှေးမှာ လာနား။ ဒီလိုဆို-သူတို.မှာ လိပ်ပြာ ဒါမှမဟုတ် ကိုယ်စောင်.နတ်ဆိုတဲ. အရာတွေ မပါလို.လား။ တဖက်မှာလည်း-- သူတို.ကို ပြန်ထိန်းချုပ် စရာက ငါ.တာဝန်မဟုတ်ဘူး။ ငါနဲ.မဆိုင်ဘူး။ ငါလုပ်စရာမလိုဘူး လို. အများက ဒီကျူးလွန်မှုကြီးအပေါ် တစစနဲ. သွေးအေးသွားခဲ.ကြရင်၊ မတရားတဲ.နည်းတွေသုံးပြီး သူတို. ရှင် သန်နေခြင်းမှာ သူတို. ရဲ. ရေသောက်မြစ်တွေကို ကိုယ်.ဖက်က ထိထိမိမိ မဖြတ်နိုင်ခဲ.တဲ. ညံ.ဖျင်းမှုတွေလည်းပါတယ်ဆိုတာ၊ အမှန်တရားကို ကြိုက်လှပါတယ်ဆိုတဲ. သူသူငါငါ အားလုံးက ၀န်ခံ ရပါလိမ်.မယ်။ ကျေးဇူးပါ။ အေးအေးစိုးဝင်း အောက်တိုဘာ ၃၁ ၂၀၁၂ Aye Aye Soe Win http://www.atimes.com/atimes/Southeast_Asia/NK01Ae01.html Asia Times Online :: Myanmar: Old atrocity, new implications www.atimes.com Asia Times Online. The Asia News Hub providing the latest news and analysis rega...See More

Monday, October 8, 2012

တော်လှန်ကော်မီတီရှင်းတမ်း

တော်လှန်ကော်မီတီရှင်းတမ်း ၁။၁၉၉၀ခုနှစ်ထဲမှာမကဒတအတွင်းတွင်တော်လှန်ကော်မီတီလှုပ်ရှားမှုဖြစ်ပေါ်ခဲ့ပါသည်။ ၂။တော်လှန်ကော်မီတီသည်မကဒတအားအာဏာဖီဆန်သော၊ တန်ပြန်အာဏာသိမ်းသောကော်မီတီမျိုးမဟုတ်တာအားတွေ့ ရပါသည်။ ၃။တော်လှန်ကော်မီတီသည်မကဒတ၏လက်နတ်ကိုင်တော်လှန်ရေးသန္ဓေအား ဖျက်ချရန်နှင့် စေ့စပ်ရေးအချောင်သမားအတွေးအခေါ်ဖြင့်ရန်သူကိုမျက်စပစ်ပြနေသော ဗဟိုဦးဆောင်မှုအခန်းကဏ္ဍမှကျောင်းသားခေါင်းဆောင်အရေခြုံလူတစု အားပြတ်ပြတ်သားသားဆန့် ကျင်ခဲ့ပါသည်။ ၄။သို့ သော်လည်းတော်လှန်ကော်မီတီသည်ဖောက်ပြန်ရေးဝါဒီများအားအပြီး သတ်မရှင်းထုတ်နိုင်ခဲ့သဖြင့် မကဒတသမိုင်းသည်လူယုတ်မာတစုကြောင့်ညစ်နွမ်းခဲ့ရပါသည်။ ၅။ထို့ အတူပင်တော်လှန်ကော်မီတီမှာပါဝင်ခဲ့သောကိုဇော်ထွန်း၊ကိုမျိုးသန့် တို့  ကိုလည်း ကွန်မြူနစ်၊ရန်သူဒလံအစရှိသည့်သွေးထိုးစကားများဖြင့်မဟာမိတ် (ကေအင်န်ယူ)အားလှူံဆော်ခဲ့မှုများကြောင့်လူမသိသူမသိလုပ်ကြံခံရပါသည်။ အလားတူပင်စာရေးဆရာနိုင်ဝင်းဆွေလည်းပျောက်ဆုံးသွားခဲ့ပါသည်။ ၆။တော်လှန်ကော်မီတီနှင့်ပက်သက်ပြီးကာယကံမြောက်ပက်သက်ခဲ့သော မိုးသီးဇွန်သည်လည်းစေ့စပ်ရေးအတွေးအခေါ်ဖြင့်၂၀၀၈ဖွဲ့ စည်းပုံအောက်မှာ ဒူးထောက်သွားခြင်းကိုကျဆုံးသွားရသည့်ရဲဘော်များမှမြင်တွေ့ ပါက ကျိန်န်စာတိုက်နေမှာဖြစ်ပါသည်။ ဒေါင်းနှင့်ကျီးခွဲခြားမြင်နိုင်ပါစေ စစ်အောင်

Saturday, October 6, 2012

ABSDF ကျောင်းသားရဲဘော် ဋ္ဌေးနိုင် မိသားစု

တောင်ပိုင်းမှာ သေဆုံးခဲ့ရတဲ့ ABSDF ကျောင်းသားရဲဘော် ဋ္ဌေးနိုင် မိသားစုရဲ့…

by May Thingyan Hein on Saturday, October 6, 2012 at 12:39pm ·
မေသင်္ကြန်ဟိန်(မြစ်မခ)

အောက်တိုဘာ ၆၊ ရန်ကုန်မြို့။

မိသားစုတိုင်း မိသားစုတိုင်းမှာ ရှိနေကြတဲ့ ချစ်မြတ်နိုးခြင်း၊ တန်ဖိုးထားခြင်း၊ မျှော်လင့်ခြင်း…စတာတွေရဲ့ လေးနက်မှုနဲ့ တန်ဖိုးဆိုတာကို လူတိုင်း နားလည်ခံစားနိုင်ကြပါတယ်။

အဲဒီခံစားချက်တွေကိုအခြေတည်ပြီး ဖြစ်တည်ရှင်သန်နေကြရင်း ကိုယ့်မိသားစုထဲက  တစ်ဦး ဦးကို အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးရချိန်မှာ  လူတိုင်းဟာ ၀မ်းနည်းခြင်း၊ ကြေကွဲခြင်းနဲ့အတူ နှမျောတသဖြစ်ခြင်း ဆိုတဲ့ စိတ်ထိခိုက်ဖွယ်ရာ ခံစားချက်တွေကို တသီကြီး ခံစားကြရပါတယ်။

ကိုဋ္ဌေးနိုင်ရဲ့ မိခင်နဲ့ တွေ့ဆုံလိုက်ရချိန်မှာတော့ အဲဒီလို ခံစားချက်တွေထက်ပိုတဲ့ ခံစားချက်တွေနဲ့ ထိခိုက်နာကျင်နေရတဲ့ မိခင်အိုတယောက်ကို တွေ့လိုက်ရတာပါပဲ။

 “မသေခင်မှာ ရက်ရက် စက်စက် စွပ်စွဲခံရပြီး ရိုက်နှက်စစ်ဆေးတာတွေရှိတယ် သိသိချင်း ဘယ်လိုမှ မခံနိုင်တော့ဘူး… သူ မသေခင် ဘယ်လောက်ခံစားလိုက်ရရှာမလဲ ဆိုတဲ့…စိတ်နဲ့.. အိမ်ရာထဲ ဘုန်းဘုန်းလဲတော့တာပဲ“

မိခင်တယောက်အနေနဲ့ သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် ၀မ်းနည်းခြင်း၊ နှမျောတသဖြစ်ခြင်း၊ ကြေကွဲခြင်းတို့အပြင် … ရက်ရက်စက်စက် ကြုံတွေ့ခဲ့ရှာရပါလား ဆိုတဲ့ သားအပေါ် မိခင်တယောက်ရဲ့ကြင်နာသနားခြင်းတို့ကြောင့်ဖြစ်ပေါ်လာတဲ့ နာကြင်ခြင်းနဲ့ မဖြေသိမ့်နိုင်ခြင်းတို့ကိုလည်း  တွေ့တွေ့ခြင်းနားလည် ခံစားစေခဲ့ရပါတယ်။

ဒီလို မျက်ရည်စိုနေတဲ့ မျက်ဝန်းတွေနဲ့ သွေ့သွေ့ခြောက်ခြောက် မိခင်အိုတယောက်၊ သား သေဆုံးမှုအတွက် နာကြင်ခံစားနေရတဲ့ မိခင်အိုတယောက်၊ ဖြစ်မှ ဖြစ်ရလေလို့ မဖြေသိမ့်နိုင်လောက်အောင် ကြေကွဲနေတဲ့ မိခင်အိုတယောက်…ကို ဘယ်လိုမေးခွန်းတွေနဲ့ စရမလဲ။ သူတို့ရဲ့ ခံစားချက်တွေနဲ့ ကိုဋ္ဌေးနိုင်ရဲ့ ရုပ်လုံးပေါ်လာအောင် ဘယ်လိုမေးရပါ့လို့ စဉ်းစားရင်း ကျမအတွက်လည်း ပင်ပန်းခက်ခဲလွန်းလှပါတယ်။

 (၁) မအေးအေးမာ

ကျမက ကိုဋ္ဌေးနိုင်ရဲ့ ညီမ အေးအေးမာပါ။ ကိုဋ္ဌေးနိုင်ကို အမေတို့က ၁၉၆၂ ခုနှစ်မှာ မွေးခဲ့ပါတယ်။

ကျမတို့ အဖေက ၁၉၅၈က စက်မှုအင်ဂျင်နီယာ ဘွဲ့ရပြီး၊ တရုပ်ကျူးကျော်ရန်ကို ကာကွယ်ဖို့အတွက် တပ်မတော်ထဲ ၀င်သွားပြီး တပ်မတော်အမှုထမ်းခဲ့သူတဦးပါ။

ကျမတို့ မောင်နှမတွေက အဖေတာဝန်ကျတဲ့ ဒေသတွေကိုလိုက်ပြီး ပြောင်းရွေ့နေထိုင်ခဲ့ရပါတယ်။ အဲလို နေထိုင်ရင်းနဲ့ ၁၉၇၈ မှာ တပ်မတော်ထောက်လှမ်းရေးရဲ့ မယုံကြည်ရတဲ့ အရာရှိ ၉၆ ဦး စာရင်းထဲမှာ ပါခဲ့တဲ့အတွက် အဖေ တပ်မတော်ကနေ ထုတ်ပါယ်ခြင်း ခံခဲ့ရတယ်။

ကျမအနေနဲ့ အကိုဖြစ်သူ ဋ္ဌေးနိုင်ရဲ့ ဘောလီဘောကစားရင်း အောင်မြင်ခဲ့တာကို ကောင်းကောင်းမှတ်မိနေသေးတယ်။

အကိုငယ်( ကိုဋ္ဌေးနိုင်)က ကျမတို့ငယ်ငယ်လေးကတည်းက အားကစားကို ၀ါသနာပါတယ်။ ဘောလီဘော ကစားတာကောင်းတယ်။

သူက ကျမရဲ့ အကိုကြီး ကိုဋ္ဌေးတင့်လို စကားသိပ်မပြောဘူး။ သူက တည်တည်တန့်တန့်နေတတ်တယ်။ ဒါပေမဲ့ ညီမတွေအပေါ်ကိုတော့ ဂရုစိုက်တယ်၊ မိသားစုအပေါ်မှာလည်း သံယောဇဉ်ကြီးတယ်။ ပုံမှန်အားဖြင့်ခပ်အေးအေးနေတတ်ပြီး စကားကိုလိုရင်းပဲ ပြောတတ်တယ်။ ပြီးတော့ သူက လုပ်မယ်ဆိုရင်လည်း လုပ်တယ် မလုပ်ဘူး ဆိုရင်လည်း လုံးဝ မလုပ်ဘူး ရှင်းရှင်းပြတ်ပြတ် နေတတ်တဲ့ သူမျိုး။

သူက ဆယ်တန်းတက်တော့လည်း အားကစားချည်းလုပ်နေတာနဲ့ တော်တော်နဲ့ မအောင်ဘူး ၅ နှစ်လောက်နေပြီး ဖြေရတယ်။ အဲဒီ ၅ နှစ်လုံး ဘောလီဘောပဲကစားနေတော့ ဘောလီဘောမှာတော့ ထူးချွန်တယ်ပေါ့နော်။

ကျနော် ရှစ်တန်းလား ကိုးတန်းလား ရောက်တဲ့ နှစ်မှာ အကိုက တက္ကသိုလ်တက်နေပြီ။ သူက လှိုင်ဒေသကောလိပ်မှာ သချာင်္အဓိကနဲ့ ၁၉၈၄ မှာ ၀င်ခွင့်ရပြီးကျောင်းတက်တယ်။ ကျောင်းမှာ ဘောလီဘောကစားတာ ထူးချွန်လို့ နာမည်ကြီးတယ်ပေါ့။

ဘောလီဘောကစားတဲ့ သူ့နံပတ်က 4 ဆိုတော့ သူ့ကို No.4 ဆိုရင် လူတိုင်း သိတယ်။ သူက ပထမနှစ်ကနေ နောက်ဆုံးနှစ်ထိ ဒီနံပတ်ကိုပဲ ယူသွားတာဆိုတော့ သူ့ကို ကျောင်းကတွဲသိတာက No.4 လို့ တွဲသိတာပေါ့။

ဘောလီဘောကစားတဲ့အခါမှာလည်း သူက လူကြိုက်များတဲ့ ထဲမှာပါတယ်၊ ကျမတို့ စတိတ်ကျောင်းသူ ဘ၀ကတည်းက အကို ဘောလီဘောစကားတဲ့ နေရာတွေကို လိုက်လိုက်ပြီး အားပေးခဲ့တာ။ သူက RC-2 ပေါ့ ဆရာကြီး ဦးကောင်းညွှန့်လက်ထပ်မှာ ဆရာကြီးနဲ့ တွဲပြီး ရိုက်ထားတဲ့ ဓါတ်ပုံတွေလည်း သူ့မှာ ရှိတယ်။
မှတ်မှတ်ရရပဲ သူက သူငယ်ချင်းတွေနဲ့ အဆောင်မှာ ဖဲရိုက်တယ်၊ ဖဲရိုက်တော့ သူတို့ကျောင်းက ပါချုပ်က အမေ့ကို ခေါ်တယ်ပေါ့။ ကိုဋ္ဌေးနိုင်ကိစ္စကို လာရှင်းဖို့ပေါ့။ အမေက သွားရှင်းတဲ့အချိန်မှာ အမေ ထွက်လာတဲ့အချိန်မှာ အကိုငယ်က ရှင်းပြီးပြီ။ ပါချုပ်အခန်းရှေ့မှာပဲ အမေ သွားရှင်းဖို့ မလိုတော့ဘူး ဆိုပြီးတော့ သူက ပြောတယ်။

ဘာကြောင့်လဲဆိုတော့ သူက အဲဒီလို မဖြစ်ခင် ၂ ရက် ၃ ရက်လောက်အလိုမှာပဲ ကျောင်းမှာ အကောင်းဆုံး အားကစားသမားဆု ရထားတယ်၊ ရထားတော့ သူ့ကို ပါချုပ်က မှတ်မိနေတယ်။ အဲဒါတွေလည်း ပါမှာပေါ့။ ကျမအတွက်ကတော့ လူကြိုက်များတဲ့ နာမည်ကြီးတဲ့ ခပ်တည်တည်ခပ်အေးအေးနေတတ်တဲ့ အကိုအတွက် ဂုဏ်ယူမိတာပေါ့။  ၁၉၈၆ မှာ မြန်မာ့လက်ရွေးစင် ပဏာမထိ အရွေးခံခဲ့ရတယ်။

နောက် ၁၉၈၈ မှာ ကျနော်က ဒုတိယနှစ်တက်ပြီ အကိုက နောက်ဆုံးနှစ်ပေါ့နော်။ တံတားနီ အရေးအခင်းဖြစ်တဲ့ နေ့ကို မှတ်မိနေသေးတယ်။

အဲဒီနေ့က ကျနော့်အကိုက စိတ်တွေ တိုပြီး အိမ်ပြန်လာတာ ကျနော်မှတ်မိတယ်။ သူက ပါးစပ်ကလည်း ကျောင်းသူလေးတွေကို …ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့…အဲလိုလည်း ပြောပြီး စိတ်တွေအရမ်းတိုပြီး အိမ်ပြန်လာတယ်။ အဲဒီလို သူ စိတ်တိုလာတာကိုလည်း ထူးခြားလို့ မှတ်မိနေခဲ့တယ်။

နောက် မြေနီကုန်းအရေးအခင်းပေါ့။ အဲဒီမြေနီကုန်းအရေးအခင်းမှာတော့ သူကိုယ်တိုင်ပါနေခဲ့ပြီ။  သူကိုယ်တိုင် ပါဝင်နေတော့ မျက်ရည်ဗုံးအကွဲခံရတာတွေလည်း သူပြောပြတယ်။ မျက်ရည်ဗုံးထိတဲ့ ကျောင်းသားတွေကို လိုက်ရှာပြီး ဖမ်းတာတို့ ဘာတို့လည်း ရှိတော့ အဲဒီမြေနီကုန်းက စာပေဗိမာန်ဆိုလား…ဘယ်ဋ္ဌာနကလည်းတော့ သေချာမသိဘူး သူတို့က မျက်ရည်ယိုဗုံးထိတဲ့ကျောင်သားတွေကို မျက်နှာတွေ ကယ်ပြီး သစ်ပေးပြီးမှ စိတ်ချရတဲ့အချိန်မှ အပြင်ထွက်ခွင့်ပေးတာပေါ့ အဲဒီအကြောင်းတွေလည်း သူပြောပြလို့ သိရတာပါ။

အဲဒီနေ့ကလည်း အိမ်ပြန်ရောက်တဲ့အချိန်မှာပေါ့ အမေရယ် …သေကုန်ပြီ …ကျောင်းသားတွေ သေကုန်ပြီ ဆိုပြီးတော့…ငိုပြီး ပြောတာ။ သူ မျက်ရည်ကျတာပေါ့နော်..အဲဒီကနေ သူက နိုင်ငံရေးဘက်ကို ရောက်သွားတော့တာ။

မိန်းထဲမှာလည်း ကိုမောင်မောင်ကျော်တို့နဲ့ နိုင်ငံရေးလုပ်တယ် အဲလို လည်း တစွန်းတစ  ကြားရတယ်။ သူ နိုင်ငံရေးကို စိတ်ဝင်စားတယ်ပေါ့ အိမ်ကတော့ အဲလိုပဲ နေလိုက်တာပေါ့။

အဲဒီမှာ ၁၉၈၈လောက်မှာပဲ့ တအားအုံကြွလာတဲ့အချိန်မှာ သူ အပြင်တွေ ဘာတွေ သိပ်မထွက်တော့ဘူး။သူ အိမ်ထဲမှာပဲ နေတာ များတယ်။ အဲဒီတုန်းက တကယ်လုပ်တာက ကိုကြီး သူက လှိုင်မြို့နယ်ကျောင်းသား သမဂ္ဂတွေ ဘာတွေလုပ်တယ်။

ကျနော်တို့အဲဒီတုန်းက နေတာ လှိုင်မှာဆိုတော့ လှိုင်မြို့နယ်မှာ အဲဒီတုန်းက ပြဿဖြစ်သေးတယ်။ တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ တပ်နဲ့ ပြည်သူတွေကြားထဲမှာ ရပ်ပေးပြီး လုပ်ပေးတာတွေဘာတွေ ရှိသေးတယ်။ သူက တကယ်တော့ြ့ပဿနာ မဖြစ်အောင်ရှင်းပေးတာ၊ အဲလို ရှင်းပေးတာကို ဥက္ကဋ္ဌက တပ်နဲ့ ပေါင်းတာလား ဆိုပြီး အထင်လွဲတာတွေ ဘာတွေလည်း ရှိတယ် ကျနော်တို့ရဲ့ အကို…ကို။

အဲဒီလိုပဲ နိုင်ငံရေးလုပ်နေကြရင်းနဲ့ နောက်ကျတော့ တော်တော်များများလည်း ထွက်ကုန်ကြတယ်၊ အကိုတို့လည်း ဆက်နေလို့မရတော့ဘူး။ ဒါနဲ့ ကိုကြီးက ကျနော်ရှောင်နေလိုက်မယ် အမေ ဆိုပြီး အမေ့ကို ခွင့်တောင်းတော့ ကိုငယ်ကလည်း ကိုကြီးကို စိတ်မချဘူးတဲ့ …သူလည်း လိုက်သွားမယ်ပေါ့၊ သူငယ်ချင်းတွေလည်း ထွက်ကုန်ကြပြီဆိုတော့ သူလည်း ညီအကိုနှစ်ယောက်အတူတူ ထွက်မယ်လို့ ခွင့်တောင်းပြီး ထွက်သွားခဲ့ကြတာ။

အဲဒီကတည်းက ညီအကို နှစ်ယောက် ထွက်သွားလိုက်ကြတာ…ဒီနေ့ထိ အိမ်ပြန်ရောက်မလာကြတော့ဘူး။

၁၉၉၄ လောက်မှာတုန်းကတော့ ကိုဋ္ဌေးနိုင် သတင်းသဲ့ သဲ့ကို ကြားရသေးတယ်၊ နယ်စပ်ဘက်သွားတဲ့  ကုန်သည်တယောက်ဆီကလား  ဘယ်ကလဲတော့ သေချာမသိတော့ဘူး။ ကိုဋ္ဌေးနိုင် ကို ဆေးထိုးသတ်လိုက်တယ်…တဲ့။ ကိုဋ္ဌေးနိုင် အချုပ်ခန်းထဲမှာ ၀ဲတွေပေါက်တယ်တို့…အဲလိုမျိုး ကြားရတာ တခုမှလည်း မကောင်းဘူး၊ ကြားတော့ သေချာမေးတော့လည်း ဘယ်သူကမှ သေသေ ချာချာ မပြောနိုင်ဘူး ဆိုတော့ ကျနော်တို့က မယုံဘူး။ ဘာမှလည်း တိတိကျကျ မသိရဘူး၊ အစိုးရကပဲ တောခိုသွားတဲ့ ကျောင်းသားတွေ ဒီလိုဖြစ်တယ်ဆိုတာကိုပဲ သတင်းလွှင့်သလား ဆိုပြီးတော့ မယုံခဲ့ဘူး။ လာပြောလို့ကြားရင်လည်း အရေးမလုပ်ဘဲနဲ့ အမှန်လို့ကို မယူဆခဲ့ဘူး။ အဲလိုနဲ့ပဲ နေလာတာ။

အဲလိုနဲ့ နေလာတုန်းမှာ ၁၉၉၅ မှာ ကိုကြီး ကိုဋ္ဌေးတင့်က စပြီး ဖုန်းဆက်တယ်။ ဖုန်းဆက်တော့ ကိုငယ်ရောလို့ မေးတယ်၊ မေးတော့ သူက ဋ္ဌေးနိုင် မြောင်းထဲ ရောက်သွားပြီလို့ သူကလည်း အဲဒါပဲ ပြောတယ်။

အကိုကြီးကတော့ ဖုန်းနဲ့ အသံလေး ဘာလေး ကြားရသေးတယ်။ အကိုငယ်ကိုတော့…အဲဒီနေ့ကတည်းက စပြီး အသံလည်း မကြားရ လူလည်း မမြင်ရ တော့တာ၊ ပြီးတော့ သတင်းလည်း မကြားရဘူး။ အကိုကြီးကလည်း ပါးစပ်ကနေ ပြောမထွက်လို့ ထင်ပါရဲ့ အကိုငယ်အကြောင်း မေးရင်လည်း မပြောဘူး။

သူက မြောင်းထဲရောက်သွားပြီလို့ ပြောတာက  သေတယ်လို့လည်း ယူဆမယ်ဆိုရင် ယူဆလို့ရတယ်၊ ဒါမှမဟုတ် မကောင်းတဲ့ နေရာ တခုခုကို ရောက်သွားတယ်လို့လည်း ယူဆလို့ရတယ်ပေါ့..ကျနော်တို့လည်း ဇဝေဇ၀ါနဲ့ပဲ နေလာတာ။ သူက မပြောပေမဲ့ အိမ်က သိချင်တာပေါ့နော်။ တခုခုတော့ တခုခုပဲပေါ့၊ ဘာမှန်းလည်း မသိဘူးပေါ့။

စိတ်ပူတာတော့ ပူတာပေါ့။နောက်တော့ ခုလို …သူများတွေ အိမ်ပြန်ချိန်ရောက်လာပြီး ကိုယ့်အကိုတွေ ပြန်မရောက်လာတော့မှ အကိုကြီးက အကိုငယ်အကြောင်း ကိုပြောပြတယ်။

ကြားကြားခြင်း ကျနော်တို့ မိသားစုတော်တော်လေး ခံစားရပါတယ်။ သူ့ကို ဘယ်လိုနှက်စက်တယ်တို့ ဘာတို့ ကြားရတော့ ….

.................ဆက်တောင် ပြောလို့မရတော့ဘူး။

သူ မသေခင်…ဘယ်လောက် ခံစားလိုက်ရမလဲ…ဆိုတဲ့ စိတ် နဲ့…ကျနော်တို့ အရမ်း စိတ်ထိခိုက်တယ်။

-------------------အမေလည်း အိပ်ရာထဲ လဲ…။

ကျနော်တို့တောင် ဒီလောက်ခံစားရတာ အမေဆိုရင်… အိပ်ယာထဲ လဲတော့တာပဲ။

အဲဒီအချိန်မှာ မိုးသီးဇွန်တို့ကလည်း မြန်မာပြည် ပြန်လာတာတွေကို ဂျာနယ်တွေစာစောင်တွေထဲမှာ ပါတာ ဖတ်ရတယ်၊ ဂျာနယ်တစောင်ထဲမှာ သူက ကိုဋ္ဌေးနိုင်နဲ့ပတ်သက်ပြီး မဟုတ်တာတွေ ပြောထားတာ ရေးထားတာလည်း တွေ့ရတယ်။

ကျနော်တို့ အကို ကိုဋ္ဌေးနိုင်က ထောက်လှမ်းရေး မဟုတ်ဘူးဆိုတာ ကျနော်တို့က သိတာပေါ့။ အဲဒါကို မဟုတ်တာကို စွပ်စွဲပြီး နှိပ်စက်တာ သေတဲ့အထိတောင် ဖြစ်ရတယ်ဆိုတော့ ဒေါသလည်း ထွက်တယ်၊ အရမ်းလည်း ခံပြင်းတယ်။


 (၂)ဒေါ်ခင်မေမြင့်( ကိုဋ္ဌေးနိုင်ရဲ့ မိခင်)

ကျမ သား ထောက်လှမ်းရေး မဟုတ်ဘူး ဆိုတာ အမေ တယောက်အနေနဲ့ ကျမ သိတယ်။ လုံးဝလည်း အာမခံတယ်။

အမေတယောက်အနေနဲ့ သူ့ကို ထောက်လှမ်းရေးလို့ စွပ်စွဲတာကိုလည်း လုံးဝ ငြင်းပါယ်တယ်။ သေချာ အာမခံပြီးတော့လည်း သူ ထောက်လှမ်းရေး မဟုတ်တဲ့အကြောင်း ကိုပြောနိုင်တယ်။

အမေကတော့ကိုယ့်သား အတွက် အမှန်တရားဖော်ထုတ်ချင်တယ်၊ မိုးသီးဇွန် သူ့ဟာသူ နိုင်ငံရေးလုပ်တာ မလုပ်တာကိုလည်း ကိုယ်နဲ့ မဆိုင်တော့ စိတ်မ၀င်စားဘူး။ အမေကတော့ အမေ့သား ဒီလိုဖြစ်ခဲ့ရတဲ့အတွက် အမှန်တရားကိုတော့ ဖော်ထုတ်ရမယ်။ ဖော်ထုတ်ချင်တယ်။ ခံထားရတာ ရက်ရက်စက်စက် နှိပ်စက်ခဲ့တာဆိုတော့လေ။
သာ ထောက်လှမ်းရေး မဟုတ်တဲ့အကြောင်းကို အမေက ရဲရဲအာမခံနိုင်တယ်။ ဒါကိုအမေ ကောင်းကောင်း သိတာပေါ့။

အမေ့မှာက သားနှစ်ယောက်တောခိုသွားပြီးတဲ့နောက်မှာ အမျိုးသားကလည်း ဋ္ဌာန ဆိုင်ရာကဆိုတော့ ရှင်းရတာတွေလည်းရှိတယ်။ သားနှစ်ယောက် တောခိုသွားတော့ အန်ကယ်က ဖြေရှင်းချက်တင်ရတယ်။ သားတွေ ထွက်သွားလို့ ဋ္ဌာနက အလုပ်ကို ထိခိုက်တာမျိုးတွေ ဘာတွေတော့ မရှိပါဘူး။

သူကတော့ “ဒီအရွယ်ကြီးတွေကို ဘယ်လိုလုပ်ပြီး လိုက်အုပ်ချုပ်လို့ရမှာလဲ၊ သူတို့ ရည်ရွယ်ချက် သူတို့ ခံယူချက်နဲ့ လုပ်ကြတာ ကျနော်လည်း မတတ်နိုင်ဘူး“ လို့ အဲလိုပဲ ပြောတယ်။

အန်တီတို့ အိမ်က သားသမီးကို ဖိနှိပ်ထားတဲ့ အိမ်မျိုး မဟုတ်ဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပေါ့။ဟိုတုန်းကလည်း အန်တီ သားသမီးကို အဲလိုပဲ ပြောတယ် သူတို့ယုံကြည်ချက် သူတို့ ခံယူချက်ပေါ့ မိဘနဲ့ အမြင်မတူတာလည်းရှိမှာပေါ့။

ရှေ့ဆက်ဖော်ပြပါမည်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)


Like · · Share

  • A Shin Kawlay စိတ်မကောင်းဖြစ်မိပါတယ်။
  • Mg Aye တရားခံ မိုးသီးကတော့ပြည်တွင်းပြန်ရောက်နေဘီ အမှုမှနိပေါ်ပေါက်ဖို့ ကို လုပ်ပါလို့ တိုက်တွန်းပါတယ် တရားခံကို အလွတ်မခံပါနဲ့  ဒီအမှုတွေအတွက် သူကိုယ်တိုင်ပြန်ခံစား ရပါစေ ဒီလိုလူမျိုးတွေလက်ထဲကိုသာ အာဏာရလို့ ကတော့ တွေးတောင်မတွေးဝံဘူး
  • Thant Zin Bravo Ma May Thingyan。 You r the only one person who can solve n justice who lost their love knee
  • Nicky Shein မတရား ညှင်းပန်းနှိပ်စက်ခံရပြီး ရက်စက်စွာ သတ်ဖြတ်ချင်းခံလိုက်ကြရတဲ့ ကျောင်းသားစစ်စစ်တွေရဲ့ သမ်ုင်းကု တိမ်မြုပ်ပျောက်ကွယ်အောင်နဲ့ သမိုင်းလိမ်ဖို့ကျိုးစားနေသူ သားသတ်သမားများရဲ့ နောက်ကွယ်ကအကြောင်းတစေ့စောင်းကို အများပြည်သူ လေ့လာ အကဲဖြတ်နိုင်အောင် တစိုက်မတ်မတ် တွေ့ဆုံမေးမြန်း တင်ပြပေးနေတဲ့ သတင်းထောက် ဆရာမလေး မေသင်္ကြန်ဟိန်းအား အထူးကျေးဇူးတင် ဂုဏ်ပြုပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။
  • Dogyi NB တေါင်နဲ့မြောက်ကဘဝတူတွေဟာအာဏာရှုးတွေရဲ့မြေစာပင်တွေဖြစ်ခဲ့ရပြီဘဝတွေအသက်တွေပေးခဲ့ရတယ်
    အာဏာရှုးတွေအကြွေးပြန်ဆပ်ဖို့လိုပြီ
    သမိုင်းဖြစ်ရပ်မှန်မကြာမှီပေါ်လာတော့မှာ
    ပါ ပြည်သူပေးတဲ့အပြစ်ကိုခံဖို့အာဏာ
    ရှုးတစုအတွက်ကြိုးစင်ဘဲရှိတယ်

Thursday, October 4, 2012

သြော်.. သူမှ မသိရှာပဲ ကိုး..

သြော်- သူမှ မသိရှာပဲကိုး (ကဗျာ) တီကောင်က မြွေကိုပြောတယ်၊ "လူနင်းမခံရအောင် သတိထား" တဲ့၊ အနင်းခံရတိုင်း ပြားပြားမ၀ပ်သွားတတ်တာကို သူမှမသိရှာပဲကိုး။ အိမ်ကြောင်က ကျားကိုပြောတယ်၊ "လူတွေက သိပ်ကြင်နာတာပဲ" တဲ့၊ သေနတ်တကားကားနဲ့ ရမ်းကားတတ်သူတွေကို သူမှ မမြင်ဖူးရှာပဲကိုး။ ကြွက်ကလေးက ဆင်ကိုပြောတယ်၊ "ခြေရာမခံမိအောင် ပုန်းနေပါလား" တဲ့၊ ဆင်သွားရာ လမ်းဖြစ်တတ်တာကို သူမှ မသိရှာပဲကိုး။ ဘဲလေးက ကြက်ကိုပြောတယ်၊ "ဟိုဘက်ကမ်း ကူးကြရအောင်" တဲ့၊ ကြက်ကလေး ရေကူးလို့မရတာကို သူမှ မသိရှာပဲကိုး။ ပုရွက်ဆိတ်လေးက ဇီးကွက်ကိုပြောတယ်၊ "အရာအားလုံးကို လိုက်ကြည့်မနေနဲ့" တဲ့၊ ဇီးကွက်မျက်လုံးက လိုက်မကြည့်လဲ မြင်နေတတ်တာကို သူမှ မသိရှာပဲကိုး။ ကြက်တူရွေးက ပါပီလေးကို ပြောတယ်၊ "လူတွေကို ကောင်းကောင်းနှုတ်ဆက်ပါ" တဲ့၊ အိမ်ရောက်လာသူတိုင်း ဧည့်ကောင်းမဟုတ်တတ်တာကို သူမှမသိရှာပဲကိုး။ စီးတော်မြင်းက ခြင်္သေ့ကိုပြောတယ်၊ "လူတွေကို လိုရာပို့ဖို့ ဂုတ်ခွစီးခွင့် ပေးရမယ်" တဲ့၊ တောဘုရင် ခြင်္သေ့မင်းရဲ့ စိတ်ဓာတ်က ကြာပွတ်ဒဏ်တွေ ခေါင်းငုံ့မခံနိုင်တာကို သူမှမသိရှာပဲကိုး။ သြော်- သူမှ မသိရှာပဲကိုး။ ခင်မမမျိုး (၄၊ ၁၀၊ ၂၀၁၂)

Sunday, September 30, 2012

အမှန်တရားကို လိမ်လည်ကြသူများ







































































မိုးသီးဇွန် ရိုးသားခဲ့ရင် ဘာလို့ လုပ်ရတာလဲ ။

ကိုဌေးနိုင်ကို စဖမ်းတော့လဲ ရိုးသားမှု မရှိခဲ့ဖူး ။
အဖွဲ့ အင်အားပြိုင်ရင်း ဖမ်းတယ်
နိုင်အောင် သတင်းပေးလို့ ဖမ်းတယ်
ကရင်ဖိအားပေးလို့ ဖမ်းတယ် ။


စစ်ဆေးတော့လဲ မြစ်တဖက်ကမ်း လူမသိအောင် စစ်ဆေးခဲ့တယ် ။
ကိုဌေးနိုင် ထောက်လှမ်းရေးပါလို့ ဝန်ခံတဲ့ အထိ နှိပ်စက်ခံရတယ် ။
ကိုဌေးနိုင် ဝန်ခံတဲ့ ဗီဒီယို ရှိနေတယ်

ကိုဌေးနိုင် သေဆုံးပြီးချိန်မှာ
ရဲလင်းကို ဝါးလုံးနဲ့ ပုဆိုးထဲမှာ ထဲ့ပြီး လှေဆိပ်ကို ထမ်းချသွားတယ် ။
ကျောင်းသားရဲဘော်တွေအားလုံးကိုတော့
ကိုဌေးနိုင်ကို အသက်ရှင်ရက် သယ်သွားတယ်လို့ ပြောခဲ့တယ် ။

မိုးသီးကို နှစ်ပေါင်းများစွာအသက်ပေးပြီး ယုံကြည်သူတွေက
ကိုဌေးနိုင် သေတဲ့ ကိစ္စကို ပြန်လည်ထုတ်နေကြပြီ ။

နှစ်ပေါင်း ၂၀ ကျော် ကိုဌေးနိုင်ကို ရန်သု့ လူလို့ ပြောခဲ့ ရေးခဲ့တယ် ။
စထဲက ရိုးသားခဲ့ရင် အခုရှင်းစရာမရှိတော့ဖူး ။


Aung Moe Win



ဒီစာလေးရဲ့ နောက်ခံဇာတ်လမ်းလေးကို နောက်တနေ့မှာ ပြောပါမယ်။
အော်-- လူတွေ လူတွေ အီးမေးတွေနဲ့ သူများမကောင်းကြောင်းအတင်းရေး၊
တချိန်မှာ သက်သေခံတွေဖြစ်လာမယ်ဆိုတာ မတွေးမိကြလေရော့သလား

--------- Forwarded message ----------
From: Win Naing Oo
Date: Sun, Feb 14, 2010 at 10:34 PM
Subject: Re: Two Letters
To: jee yu
Cc: Htein Lin

ma nge and ko htein lin, (following message are only for your eyes)
i think that than win has arranged ag moe win to write these letters is true, i think.
however, facts in letters of than win are mainly fabricated,
or he used the facts that fooled to him. i do not know why than win did this way.

than win worked for absdf, as far as i remember,
from 1988 to 1992 or 93. yea, at the begining of absdf,
he was gen secretary. ko moe thee arrived border in april or may of 1989.

when absdf split in 1991, than win took the site of ko moe thee, liked us.
they (we) have got along well, very close each others.
they both disliked, ko naing aung and his group members.
what was than win's position when absdf split, i forget -
may be he was holding gen sec or sec 1.

working style of than win is not systematic, but many including me -
i also cc (91), later cec (92), then gen sec (1995), like him.
he has humor sense, can do frontier duties, dealing with grassroot members well,
a sort of ablities he hold.

he was srtongly crritized by ko moe thee, as far as i remember,
over his handling on southern camps activities around 1992. later on,
they two not got along as before.

htay naing is his closed friend and he was also cc of,
then moe thee zun site central committee.

the central committee of mtz had to face if htay naing is slorc military intelligence as
we got some evidences while knowing his at that time,
silly activites in the organization, - in the late 1993.
i do not truly remember
, that happen before than win left absdf or after he left.
i think after he left the org.

we did make thorough team to handle about htay naing case and
this team arrested him and did not make any serious torture to him.
later on he confessed - what is he, some confessions of him were so interested, eg.
how they see the ways to infiltrate an org,
how to choose right man to approach in order to get coverage for himself and
make unstability among org members,
how they - intelligent guys contact each others,
liked when they arrive in border towns, and so on.
these facts he confessed are not from fiction stories,
not because of enforcement towards him to do so.

he never use a word of student to portray himself as a student,
since the beginning of his arrest. he just testify (wondering) the team
how much facts they knew about him. he just make defiance infront of his enemy.

so i, myself, basically believe him,
he is really guy from slorc, and all of our cc members were convinced we got real guy.
but i believe that he had many things kept by himself - liked he surrendered to us partially,
but not fully. we continue to detain him.

we had not chance to explain than win about him,
as he already left for absdf or left for US.

in early 1994, after we were arrested by Gen Mya, KNU and we had to leave from KNU area.
our camps including hqs area where custody of him located, were preparing for moving.
i think htay naing got sense of it and in feb of 1994 he suicided -
may be he thought the slorc offensive arrive to our areas and he might have got killed before we left the camps,
so instead of being killed, he made himself.
how to make suicide himself is another very interesting thing,
i can't write down here.
we did not have any intention to kill him even we were facing very critical time.

we made investigation if anyone involvement in this event. it is cleared that he suicided.
these are true facts - just for your eyes only,
it is liked sworn affidavit of me. i just trust you two and thus unfold this event.

we did arm struggle, that is not an easy way of life as you know.
i proud of myself on my 12 years life of absdf.
but we are cleared of that what than win accusing of.

htay naing case absolutely different with what you had been facing in northern absdf.
northern case was purely handled by - then splited naing aung group absdf.
--- let me make suggestion about than win's letter.
- do not response it.
just neglect it.
- do not believe - ko naing aung secretly wrote to than win -
i am 100% sure naing aung would not make that much fool move,
because he know than win never trust him even though than win hate moe thee now.
so, that was fooled to than win by someone.
now i even start to think what is than win????

----- ko moe thee e mail - wefightwewin@gmail.com - but i am not sure,
his e mail pass word only hold by him, so ask him first,
to get secure e mail of him by using this e mail.

Best regards,
WNO

ကဲ ကဲ ကဲ သမိုင်းဝင် အီမေးလေးတစောင် ဖတ်ကြည့်ရအောင်။
ကိုဝင်းနိုင်ဦး( ဘီဘီစီ ကိုရင်မောင် ကတော့ ကိုဋ္ဌေးနိုင် ဟာ ရန်သူ့လူဖြစ်ပါသတဲ့။
ကိုမိုးသီး တို့အုပ်စုကတော့ ဋ္ဌေးနိုင် ဟာ သူ့ကိုယ်သူ သတ်သေသွားပါသတဲ့။
အင်း စစ်အစိုးရကလည်း နိုင်ငံရေးအကျဉ်းသားတယောက် ထောင်ထဲမှာသေရင် ကိုယ့်ဘာသာ သတ်သေသွားတယ် လို့ ဆိုတယ်။
ကိုမိုးသီး အုပ်စုရဲ့ အဖြေနဲ့ စစ်အစိုးရပေးနေကျ ဆင်ခြေ၊ ဖြေရှင်းချက် ဘာကြောင့်တူနေရတာလဲ။
Aung Moe Win


Zaw Naing ဆိုသူသည် မိုးသီးနှင့် အမှတ်၁၁ မူလတန်းကျောင်း မိကျောင်းကန် သင်္ကန်းကျွန်း ရန်ကုန်မြို့ က ဖြစ်ပြီး မိုးသီးဇွန်ဟု ခေါ်သောသူကို ငယ်စဉ်ဘဝက စပြီး သိလာခဲ့သူဖြစ်သည် ။
 (http://www.facebook.com/zaw.naing.14 )
 September 17 2012
မိုးသီးဇွန်က ဌေးနိုင်ကို သတ်မိန့် မပေးခဲ့ဘူးဆိုရင်။ဒါကိုဖြေပေး။
စစ်ရုံးထဲမှာ ည၉နာရီကျော်ထိ ဌေးနိုင် အကောင်းပကတိရှိနေသေးတယ်။
ဝင်းနိုင်ဦး ( ခ ) ကိုရင်မောင်၊ဘ
စောထွန်း။့  အောင်လွန်း၊ရဲလင်း ။စိန်ရွှေ၊မက်ဒေါတို့ 
ဌေးနိုင်ကိုချုပ်ထားတဲ့ နေရာကို ၁၀နာရီလောက်မှာစဝင်တယ်။
စစ်ရေးချုပ် ဝင်းချို ( ယခု မဲဆောက် ) စစ်ရုံးအုပ် စိုးလွင် ( ကြီးမိုက် )တို့ ကို စစ်ရုံးဝန်းထဲက ထွက်ပေးဘို့  ဝင်းနိုင်ဦးပြောတယ်။
၁နာရီလောက်ကြာတော့ ပြန်ဝင်လို့ ရပြီးလို့ ဝင်းနိုင်ဦးပြောတယ်။ အချုပ်ထဲမှာ ဌေးနိုင်မရှိတော့ဘူး။ စစ်ရုံးဝန်းထဲက ကျင်းအဟောင်းထဲမှာ ထိုင်လျှက်ထည့်လိုက်တယ်။ ဌေးနိုင်ဆီမှာ ဒါး၊ ချွန်းထက်တဲ့အရာ။ကြိုး။ပုဆိုး၊မာကျောတဲ့ ပစ္စည်းတခုခုမရှိဘဲ ဘယ်လို လုပ် သူ့ ကိုယ် သူ သတ်သေလို့ ရမလဲ။
မိုးသီးဇွန် အဲ့ဒိလို သေလို့ ရရင် မင်း ငါ့ရှေ့ မှာ သေပြ။



Aung Htun ဌေးနိုင် သေဆုံးရခြင်း နဲ့  ပါတ်သက်ပြီး အကိုအရင်းဖြစ် သူက သေဆုံး သွားရတဲ့ နေ့ ရက် အတိအကျ နှင့်  သေဆုံးရပုံ ကိုသိဖို့  တောင်းဆိုနေတာ တရားမျှတပါတယ်။ အတိအကျ သိရှိထားသော လူများက မိမိတို့ ၏ AB မိသားစု သဖွယ် သဘောထား ကူညီပြောကြား ပေးစေချင်ပါတယ်။ဒါမှလဲ ကျန်ရစ်သူ မိသားစုများ အနေနဲ့  ရက်လည် သပိတ်သွတ် လုပ်ငန်းများ ကို စိတ်ရှင်းရှင်း သန့် သန့်  နှင့် လုပ်ဆောင်သွား နိုင်မှာဖြစ်ပါတယ်။ MTZ ကို ကျနော် မေးကြည့်တဲ့  အခါ သူကိုယ်တိုင် အတိအကျ မသိရှိရကြာင်း ပြောပါ တယ်။ အပေါ်က ပိုစ့်ကို ဖတ်လိုက်ရတော့  အသက်မသေပဲ ကျန်ရစ်ခဲ့ တဲ့ သူေ တွတောင် ကံကောင်းထောက်မစွာ လွတ်မြောက်လာတာ တွေရပါတယ်။ အဲဒိအချိန်ကာလ အကျဉ်းချခံထားရသူ လူတစ်ယောက် သေဆုံးသွားရတဲ့  ကိစ္စကို အရေးတယူ လုပ်ဆောင်နိုင်ဖို့  အလွန်တရာခက်ခဲးကြောင်း သုံးသတ်မိပါ သည်။ မည်သို့ ပင်ဖြစ်စေကာမူ ကျနော် အထက်မှ ဆိုခဲ့ သည့်အတိုင်း ၀ိုင်းဝန်းကူညီပေးပါရန် လေးစားစွာ တောင်းခံအပ်ပါသည်။

January 29 at 1:16pm · Like · 5
Soe Lwin ကိုအောင်ထွန်း...ဌေးနိင်ကိစ္စနဲ့ပတ်သက်ပြီး ကိုဌေးတင့်ကို အာလုံးပြောပြီပါပြီး...MTZတိတိကျကျမသိတာအမှန်ဘဲ..ဘကြောင့်ဆို HNကိုဖမ်းပြီးတဲ့နောက် သူ BKK ကိုပြန်တက်သွားပြီးကထဲက တောထဲကိုပြန်မလာတော့ဘူး...
February 2 at 5:30am · Like
Moe Zaw Aung    MTZတိတိကျကျမသိတာဘဲ ဘာဖြစ်လို့ တောင်ပိုင်းအေဘီအက်စ်ဒီအက်ဖ် ဗဟိုကော်မတီအစည်းအဝေးမှာ ကိုဌေးနိုင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ လံကြူပ်လုပ်ပြီး တင်ပြရတာလဲ!!!
February 2 at 12:26pm · Like
Soe Lwin ဒါတော့ ကျနော်လဲမသိတော့ပါ...
February 2 at 12:35pm · Like · 1
Zaw Ye Moe   Zaw Aung ကိုမိုးသီး က ဗဟို ရဲ့ ဥက္ကဌ လေ သူမရှိပေ မဲ့ ဗဟို မှာဘာဖြစ်ခဲ့လဲ ဆို တာ သူရှိ ကို အစီရင်ခံ သတင်းပို့  ရတယ် သူမရှိပင်ပဲ့ သူအကုန်သိတယ် ခင်ဗျာပြောပြောနေ တဲ့ လုပ်ကြံတင်ပြ တင်ပြောပြောနေရအောင် ခင်ဗျာ ကဘယ်လောက် သိလိုလဲ ဌေးနိုင် သတ်သေ တဲ့ အခါ ကျနော် တို့  အပေါ်မှာ ကွန့်မန့် ပေးသွား တဲ့ ကိုစိုးလွင် ပါရှိတယ် ဌေးနိုင် ကို ကျနော် တို့   ကောင်းကောင်းမွန်မွန် မြေမြုတ် ပေးခဲ့တယ် ဆိုတာ ခင်ဗျာနာလည်းပါ ကိုယ့် မသိတဲ့ ကိစ္စ တွေ ခင်ဗျာ လိုက်လိုက် မဖွပါနဲ့
February 2 at 3:07pm · Like
Moe Zaw Aung မိုးသီးရဲ့သဘောတူချက်မရဘဲ ကိုဌေးနိုင်ကိုဖမ်းလို့မရသလို ကိုဌေးနိုင်ဟာလဲသူဘာသာ နေရင်းထိုင်ရင်း အချုပ်ခန်းထဲမှာ သတ်တော့ သေမှာမဟုတ်ဘူး။ တနေရာမှာ ကွန့်မန်တခုသဘောကျလို့ဒီမှာ ပြန်ဖော်ပြပါစေ.... "မိုးသီးနောက်မှာရှိခဲ့ဘူးတဲ့ အမာခံတွေက ပုဂ္ဂိုလ်ရေးကိုးကွယ်မူ့ထက် အမှန်တရားကိုပိုချစ်မြတ်နိုးတာတွေ့ရတယ်"။ကိုဌေးတင့်မှာ ကိုဌေးနိုင်မတရား အသတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး videoနဲ့audio files တွေရှိပါတယ်။တချိန်ကြရင် သူအားလုံးကို ရှဲလုပ်နိုင်မယ်လို့ထင်ပါတယ်။ဖွတာကို လုံးဝ ဝါသနာမပါသလို အခုလို ရှင်းပြရတာတောင်းမော်လှပြီး။
February 2 at 3:54pm · Like
Zaw Ye တင်လိုက်လေ အဲဒီ ဗွီဒီဖိုင် ကို ရီရတာပေါ့ ဗျာ
February 2 at 4:05pm · Like
Moe Zaw Aung ကိုဌေးနိုင်ကို ကောင်းကောင်းမွန်မွန် မြေမြုတ် ပေးခဲ့တယ်အတွက် ကျေးဇူးတင်ပါတယ်
။နောက်ဆုံး..... သတ်သေသွားတယ် ဆိုတာလေးများသိခွင့်ရှိရင်သိပါရစေ ကိုZaw Ye ရယ်။
February 2 at 4:59pm · Like
Zaw Ye အမှန်တရား နဲ့နှီးစပ်ချင် ရင်လိုက်မဖွ နဲ့ပေါ့ ဖွနေရင်တော့ ဝေးနေအုံးမှာဘဲ ခင်ဗျာပြောတဲ့ အသံဖိုင် ပိုင်ရှင် ထွနိးထွန်ူဦး ပြောတာအကုန် လုပ်ဇတ်တွေဘဲ
February 2 at 5:06pm · Like
Moe Zaw Aung ဟုတ်ကဲ့....အခုလိုသိရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ထင်တော့ထင်မိ့သားပဲ အဲဒီပုဂ္ဂိုလ်ပြောနေတာ တခုခုလွဲနေသလိုဘဲလို့။ ကိုZaw Ye တခုခု ဖြည့်စွက်ချင်ရင်ကျနော့် Message boxက always welcome ပါ။
February 2 at 5:16pm · Like
Zaw Ye ကျတော် တို ရှိက အရင်တုံး က အဲဒီ ကိစ္စ မှာ တာဝန်ရှိတဲ့ သူတွေ မကြာခင်မှာ တရားဝင် ထုတ်ပြန်ပါ လိမ့်မယ် အခု လို အွန်လိုင်းပေါ်မှာ လျှောက်ပြောနေကြ တာ ကလဲ တကယ့် အမှန် တရားမှ မဟုတ်တာ ကျနော် လဲသိပ်မပြောချင်ဖူးအခုတောင် မှ မတတ်တာ လိုပြောနေ ရတာ ကျနော်တို လို တကယ် ဖြစ်စဉ် မှာရှိခဲ့တဲ့ ရဲဘော်တွေ ရှိပါတယ် သူတို ပြောဆိုချက်တွေ ကိုမှ မယုံဖူး ဆိုလဲ ကျတော် တိုလဲ မပြောတတ်တော့ဖူး အမှန်တရား နဲ့ဝေးဖို့ ကကြိမ်းသေဘဲ
February 2 at 5:31pm · Like · 1
Moe Zaw Aung ဟုတ်ကဲ့......အခုလို အမှန်တရားကိုပိုချစ်မြတ်နိုတဲ့ ကို Zaw Ye လိုလူမျိုးဆီက ကြားရတာ တကယ်ဝမ်းသာစရာပါ။ ဟုတ်ပါတယ်...တကယ် အရေးကြီးတာက ကို Zaw Ye လို တကယ် ဖြစ်စဉ်မှာရှိခဲ့တဲ့ ရဲဘော်တွေရဲ့ အမှန်တရားဘက်မှရပ်တည်မူ့ဟာ
မကဒတ အတွက်သမိုင်းတခုဖြစ်စင်ပါ။
February 2 at 5:44pm · Like · 1
Moe Thiha အခုလိုပြောပြပေးတာ..ကျေးဇူးပါဘဲ...ဘာကြောင့်လဲဆိုတော့..
.ဦးတည်ရာမဲ့..နိုင်ငံရေးမဲ့.သူတွေ..လုပ်လေ့လုပ်ထရှိတဲ့သမရှိးလမ်းစဉ်ပါ...
February 2 at 7:57pm · Like



ထပ်ပြီးပြောရ ရင် နိုင်အောင်တို့က ကိုမိုးသီးကို အမှုတွဲတာပါ. 
ကိုထွန်းအောင်ကျော်တို့ အသတ်ခံရတော့ ကိုမိုးသီးတို့ အေဘီဘက်က ကြေငြာချက်ထုတ်ပြီး ကန့်ကွက်ပါတယ် 
ဒါပေမဲ့..ကိုမိုးသီးက မျက်စေ့လည်သွားပုံ ရပါတယ်.
 ကိုမိုးသီးလူဖြစ်တဲ့ ကိုမိုးသီး ယူဂျီဖြစ်ခဲ့ဘူးတဲ့ 
ကိုနေ၀င်းအောင်က အေဘီ ၂ ခြမ်းကွဲတော့ ကိုနိုင်အောင် ဘက်ကို ပါသွားပါတယ် 
ပါသွားတော့ ကိုမိုးသီး ဘက်ခြမ်းက ကိုအောင်သူငြိမ်းတို့က စပြီးတော့ 
ကိုနေ၀င်းအောင်ဟာ ရန်သူ့လူဖြစ်တယ် လို့ စပြီးတိုက်ခိုက်ခဲ့ပါတယ် 
ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက နိုင်အောင်က ဒီလို ပြောရပါ့မလားဆိုပြီး ဒေါသတွေ ထွက်လို့ ဆိုပဲ 

ဒါပေမဲ့ မဟုတ်မခံပြောတတ်တဲ့ စာအုပ်ကြီးသမား လဲ ဖြစ်တဲ့ ကိုနေ၀င်းအောင်က
 ဥက္ကဌနဲ့ အဖွဲ့ကို ဝေဖန်ရေးတွေ ပေးမြောက်ပိုင်းကိစ္စ ကန်ကွက်လွန်းရာက နေ ခွင်ဆင်ပြီး 
ကိုစိုးလင်းနဲ့ အမှု တွဲပေးလိုက်တာပါ။ 

အမှုတွဲပေးပြီးမှ ကိုမိုးသီး ဘက်ခြမ်းမှာလဲ သတ်ဖြတ်မှုတွေ ညှင်းပမ်းမှုတွေ ဖြစ်လာအောင် 
ကိုအောင်သူနဲ့ ကိုဌေးနိုင်တို့ကို ဆက်ပြီး ရန်သူလူ ဖြစ်ကြောင်း ၀န်ခံလာစေအောင်
 ကိုနေ၀င်းအောင်ကို နှိပ်စက် ညှင်းပမ်းခဲ့တာပါ။ 
ဘယ်လိုညှင်းပမ်းခဲ့တယ်ဆိုတာတော့ ကိုနေ၀င်းအောင်ကိုသာ မေးပါ.

 မိုးမခမှာ ၁၉၉၆ ခုနှစ် ကိုနေ၀င်းအောင် အေဘီအချုပ်ထောင် ဖေါက်ထွက်ပြေးလာပြီး
 ရေးခဲ့တဲ့ စာ တင်ထားပါတယ် ဖတ်ပြီး လေ့လာနိုင်ပါတယ်။ 
ကိုနေ၀င်းအောင်လဲ နောက် ထပ်ရေးဦးလို့ ပြောပါတယ် ကိုဌေးတင့် ခင်ဗျား.





ဋ္ဌေးနိုင်ဘယ်လို အသတ်ခံခဲ့ရသလဲ

ပြည်သူ၊ရဲဘော်၊မိတ်ဆွေများခင်ဗျား
မိုးသီးဇွန်ဆီမှ အီးမေးတစောင်၊ လျှို့ဝှက်စွာ တွဲပြီးပို့ခဲ့ပါတယ်။ အီးမေးထဲမှာကျနော့ရဲ့အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှုတွေကို အခုလိုအရေးကြီးကာလမှာ
ဖြေရှင်းစရာမလိုဘူး။ ဋ္ဌေးနိုင်ကိုသူမသတ်ဘူးလို့ရေးထားပါတယ်။ဒီကိစ္စနှင့်ပတ်သက်လို့ ဋ္ဌေးနိုင်ကိုမိုးသီးသတ်သလားမသတ်ဘူးလားဆိုတာ ကို အများက
ဆုံးဖြတ်ပါ။ ကျနော်သိသလောက်ရှင်းလင်းတင်ပြပါ့မယ်။
ဋ္ဌေးနိုင် ဟာ ၁၉၈၈ ရန်ကုန်တက္ကသိုလ်ကျောင်းသားတယောက်ပါ။ ၁၉၈၈ မှာ ကျနော် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကို တည်ထောင်တဲ့အခါဋ္ဌေးနိုင်ဟာ ကျနော့ရဲ့လက်အောက်ဖြစ်တဲ့ 
 ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ဒေသကောလိပ် () ရဲ့ သမဂ္ဂတာဝန်ခံတယောက်ဖြစ်ပါတယ်။
ကျနော့ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး ၁၉၈၈ နယ်စပ်ကိုရောက်တော့ သေဘောဘိုး စခန်းကိုရောက်ပါတယ်။
အဲ့ဒီအချိန်ဟာ ABSDF ပထမသက်တန်း ကျနော်အထွေထွေအတွင်းရေးမှူး ( အေဘီ ဗဟို) မှာ တာဝန်ထမ်းဆောင်နေတဲ့ ကာလဖြစ်ပါတယ်။
ဒီလိုနဲ့ နှစ်လ သုံးလ အကြာမှာ ဋ္ဌေးနိုင်ဟာ ကျနော်နဲ့အတူနေဖို့ အေဘီ ဗဟို ကိုရောက်လာပြီး၊ ကျနော့နားမှာနေခဲ့ပါတယ်။ ABSDF နှစ်ခြမ်းကွဲတော့ကျနော် ကိုကိုဦး၊ မိုးသီး ဦးဆောင်တဲ့ဘက်ကိုရပ်ခဲ့ပြီး မိုးသီးဥက္ကဋ္ဌ ဖြစ်ပါတယ်။ 
 ကိုကိုဦး က အထွေထွေအတွင်းရေးမှူး၊ ကျနော် က EC ပါ။
မိုးသီး က ဋ္ဌေးနိုင်ကို ဗဟိုစစ်ရေးတာဝန်ခံပေးအပ်ခဲ့ပါတယ်။
  ဒီလိုနဲ့ ကိုကိုဦးနဲ့ကျနော် တောင်ပိုင်းမှာတာဝန်ထမ်းဆောင်နေတဲ့အချိန် ဋ္ဌေးနိုင်ကို မိုးသီး က
ဖမ်းလိုက်ပါတယ်။ ဒီအချိန်မှာ နုငိအောင်ဘက်မှာ ကိုနေဝင်းအောင် နှင့် ကိုစိုးလင်း ( မြောက်ပိုင်း ABSDF) ကို သူလျှိုမှုနှင့်ဖမ်းဆီးပြီး မြေကျင်းမှာထည့်ထားခဲ့တယ်။ ( တလအကြာမှာ ဋ္ဌေးနိုင်အဖမ်းခံရတယ်ဖြစ်ပါတယ်)  
ကျနော်နှင့် ကိုကိုဦးက မိုးသီးဆီကိုစက်ရိုက်ပြီး၊ ဘာကြောင့် ဋ္ဌေးနိုင် ကို
ဖမ်းရတာလဲ လို့လှမ်းမေးပါတယ်။ မိုးသီး က နိုင်အောင်တို့ဘက်မှ ကိုနေဝင်းအောင်နှင့် ကိုစိုးလင်း ကို စစ်ဆေးတဲ့အခါ  
သူတို့က မိုးသီးဘက်ကဋ္ဌေးနိုင်ဟာလည်း သူတို့နဲ့အတူတူပါပဲလို့ထွက်ဆိုလို့ ဖမ်းဆီးလိုက်ရတယ် လို့ဖြေရှင်းပါတယ်။ 
 ကျနော်က ပြင်းပြင်းထန်ထန်ကန့်ကွက် ငြင်းချက်ထုတ်ခဲ့ပါတယ်။
ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဟုတ်ဘူး။ ငါနဲ့အတူတူလုပ်ခဲ့တာ။ လွှတ်ပေးပါ။ ငါအာမခံတယ်။ ဋ္ဌေးနိုင်နဲ့ပတ်သက်လို့ငါတာဝန်ယူတယ်လို့
စက်သွယ်ရေးစက်မှတဆင့်ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ မိုးသီး ဟာ ကျနော့်တောင်းဆိုချက်ကို ဂရုမစိုက်ပဲ ဖမ်းမြဲဖမ်းထားပါတယ်။
ကျနော် ကိုကိုဦး ကို မေးတော့လည်း ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဖြစ်နိုင်ဘူး။ နောက်ပြီး နိုင်အောင့် ဘက်ကပေးတဲ့သတင်းနဲ့ဖမ်းတယ် ဆိုတာ
အခြေအမြစ်မရှိဘူး လို့ သူ့စဉ်းစားချက်ကိုပြောပြီး၊ ကိုကိုဦး ဟာ သူ့ရဲ့အထွေထွေအတွင်းရေးမှူးတာဝန်ကို အသုံးပြုပြီး မိုးသီးထံကိုကြေးနန်းရိုက်ပါတယ်။
မိုးသီး ငါအထွေထွေအတွင်းရေးမှူးတယောက်အနေနဲ့ သဘောထားပေးတယ်။ ချက်ခြင်းလွှတ်ပေးပါလို့တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ မိုးသီးဂရုမစိုက်ပါဘူး။ ဋ္ဌေးနိုင်ကိုဖမ်းမြဲဖမ်းထားပါတယ်။ အဲ့ဒီတော့ ကျနော်အတော်ဒေါသဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မိုးသီး
မင်းဋ္ဌေးနိုင်ကိုချက်ခြင်းလွှတ်ပါ။ မင်း မလွှတ်ရင် ငါမာနယ်ပလော ကို ရောက်၊ ငါ့တပ်နှင့်တိုက်ပြီး ဋ္ဌေးနိုင် ကို ရအောင်ထုတ်ယူမယ် လို့
အကြောင်းကြားခဲ့ပါတယ်။ ဒီလိုနဲ့ ကျနော်မာနယ်ပလော ကို ဆင်းဖို့ကြိုးစားနေတဲ့အချိန်မှာ ကျနော့်ဆီကို ဖုံးတခုဝင်လာပါတယ်။ အဲ့ဒါကတော့ ချင်းမိုင်မြို့က ဗိုလ်မှူးကြီး ထုံ လို့ခေါ်တဲ့ ထိုင်းထောက်လှမ်းရေးအကြီးအကဲပါ။ သူကသန်းဝင်း မင်းမဆင်းနဲ့ မင်းဆင်းရင် မယ်ဇရင်း ဘတ်စ်ကားဂိတ်မှာ ပလိပ်တွေက မင်း ကိုစောင့်ပြီး အပြီးသတ်လိုက်လိမ့်မယ် လို့ပြောပါတယ်။ အဲ့တော့ ကျနော်က မေးတယ်။ ပလိပ်တွေက ကျနော့် ကို ဘယ်လိုလုပ်သိလဲ ဆိုတော့သူက မင်းကိုနယ်စပ်ကိုမရောက်အောင် ထိုင်းနယ်မြေထဲမှာ အပြတ်ရှင်းဖို့ ထိုင်းပုလိပ် ကို ဘတ် တသောင်းပေးထားပြီးဖြစ်တယ် လို့ ပြောပါတယ်။
ကျနော်အတော်အံ့သြပြီး အတော်လည်း ဒေါသဖြစ်ရပါတယ်။ ဒီလောက်တောင်ယုတ်မာရသလား လို့။ ဒါနဲ့ ကျနော် မာနယ်ပလော ကို လုံခြုံရေးအရ မဆင်းဖြစ်တော့ပါဘူး။ နောက်တော့ မာနယ်ပလောကျခါနီးမှာ မိုးသီးဘက်ကရော၊ နိုင်အောင့်ဘက်ကပါ ဋ္ဌာနချုပ်ကိုရွေ့ပြောင်းရပါတော့တယ်။ အဲ့ဒီအချိန်မှာ နိုင်အောင့်ဘက်မှာ ကိုနေဝင်းအောင်နဲ့ ကိုစိုးလင်းတို့ဟာ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ မိုးသီး ဘက်မှ ဋ္ဌေးနိုင်ကတော့ အသတ်ခံလိုက်ရပါတယ်။
နောက်ပိုင်း ကျနော်ဟာ ဋ္ဌေးနိုင်ကိစ္စနဲ့ပတ်သက်လို့ ကိုယ်တိုင်မြင်တွေ့ရတဲ့ သူတွေ အားလုံး ကို မေးမြန်းပါတယ်။ 
 သူတို့ရှင်းပြတာက ဋ္ဌေးနိုင် ကိုစဖမ်းဖမ်းခြင်း၊ တဲအိမ်တခုမှာ လှောင်ပိတ်ထားတယ်။  
ဗဟိုထဲမှာပေါ့။ နောက်နှစ်ပတ်အကြာမှာတော့ ဋ္ဌေးနိုင် ကို ဗဟိုရဲ့တဘက်ကမ်း သောင်ရင်းမြစ်ရဲ့
တဘက်ခြမ်းမှာမြေကျင်းသေးသေးလေးတူးပြီးတယောက်တည်းထားပါတယ်။ 
 ဘာအစောင့်မှမထားပဲ ထမင်းပို့မှ လှေနှင့်သွားပို့ကြပါတယ်။
နောက်ပိုင်းအစောင့်စစ်သား နှစ်ယောက်ကိုမေးတော့ သူတို့က ကိုဋ္ဌေးနိုင် ကို ထားတာသိတ်ရက်စက်တယ်ဗျာ တဲ့။
  သူ့အရပ် သူ့ကိုယ်ခန္ဓာနဲ့မဆန့်တဲ့ခြေထောက်ဆန့်လို့မရတဲ့ မြေကြွင်းထဲမှာထည့်ထားပြီး ခြေထောက်ကလည်း 
 အချိန်တိုင်းကွေးထားရတော့ တလလောက်အကြာမှာ ဋ္ဌေးနိုင်ဟာမတ်တပ်ရပ်လို့မရတော့ပဲ၊ ချိသွားတယ် တဲ့။ နောက်စစ်သားတယောက်ကမျက်ရည်ဝြဲပီးပြောတာက သူတို့ထမင်းသွားပို့တဲ့အချိန်မှာ
တာဝန်ခံတယောက်ပါတယ် တဲ့။ သူတို့ ဋ္ဌေးနိုင် ကိုတွေ့တဲ့အခါ၊ 
 ဋ္ဌေးနိုင် ကမင်းတို့ငါ့ကိုဘယ်တော့သတ်မလဲ၊ မြန်မြန်သတ်လိုက်ပါကွာ။
ငါမင်းတို့နှပ်စက်တဲ့ ဒဏ်ကိုမခံနိုင်တော့လို့ပါလို့ နေ့တိုင်းတောင်းပန်ပြောတယ်လို့ ကျနော့ကိုရှင်းပြပါတယ်။
ဒီလိုနဲ့ ဗဟိုဟာ စစ်ရေးအရရွှေ့ပြောင်းတဲ့အချိန်မှာ မိုးသီးဟာ သူများတွေမရိပ်မိအောင်  
ဋ္ဌေးနိုင်လိုသရုပ်ဆောင်တဲ့တယောက်ကိုရွေးပြီး
မျက်နှာကိုဂုံနီအိပ်အုပ် သဏ္ဍန်လုပ်သရုပ်မှန်အောင်လိမ်ညာပြီး လှေပေါ်ကိုတရားခံခေါ်သွားတယ်ဆိုတဲ့ပုံစံနဲ့ ဖန်တီးပါတယ်။ အဲ့ဒီသရုပ်ဆောင်တဲ့သူကကိုရဲလင်း လို့ခေါ်ပါတယ်။ 
 သူကိုယ်တိုင် ကျနော့ ကို ပြောပြတာဖြစ်ပါတယ်။ 
 သူတို့ရွေ့ပြောင်းကြတဲ့အချိန်မှာ ဋ္ဌေးနိုင်သေပြီးဖြစ်တယ်။
သူတို့သတ်ပြီးဖြစ်တယ်။ ဒီတော့ ဘယ်သူ့မှာတာဝန်ရှိသလဲ။ 
 ဋ္ဌေးနိုင်ကိုသတ်တာမိုးသီးမှာတာဝန်ရှိတယ်။ မိုးသီး ဟာ အဲ့ဒီအဖွဲ့ရဲ့ဥက္ကဋ္ဌ ပါ။
ဒါကို သူမသတ်ပါဘူး လို့ ရှောင်ထွက်လို့မရပါဘူး။ 
 ခေါင်းဆောင်လုပ်ချင်ရင်တာဝန်ယူရဲတဲ့သတ္တိရှိရပါတယ်။
ပြည်သူရဲဘော်မိတ်ဆွေအပေါင်းတို့ခင်ဗျား
အထက်ပါအဖြစ်အပျက်ကိုဖတ်ကြည့်ကြပါ။ မိုးသီးဟာ ၈၈၈၈ ခေါင်းဆောင်တယောက်မဟုတ်ပါ။
နိုင်ငံရေးခေါင်းဆောင်လည်းမဟုတ်ပါ။ ကျောင်းသားချင်းသွေးစွန်းတဲ့လူသတ်ကောင်သက်သက်သာဖြစ်ပါတယ်။
ကျနော်တို့က စစ်အဏာရူးပြီးပြည်သူကိုသတ်တဲ့ စစ်အာဏာရှင်ဘီလူးတွေကို တိုက်နေတာပါ။
အခု မိုးသီးနှင့် နိုင်အောင်ဟာ အာဏာတခြမ်းပဲ့လေး ကို ရတာတောင် ဒီလိုယုတ်ယုတ်မာမာ ရက်ရက်စက်စက် 
 လူမဆန်စွာသတ်ဖြတ်ကြတဲ့လူသတ်ကောင် လူယုတ်မာများသာဖြစ်တယ်။ နိုင်ငံရေးခေါင်းဆောင် ကျောင်းသားခေါင်းဆောင်များလုံးဝမဟုတ်ပါ။
ဒီတော့ ခင်ဗျားတို့ကိုသတိပေးချင်ပါတယ်။မိုးသီးဒီလိုစွပ်စွဲချက်ဟာ အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှု လို့ မင်းကပြောတယ်။
မိုးသီး မင်းဘဝမှာ ဒီကိစ္စဟာ အရေးကြီးတယ် ဆိုတာသတိပြုပါ။ နိုင်ငံရေးဆိုတာ မင်းလိုလူသတ်ကောင်နဲ့မပတ်သက်ဘူးဆိုတာနားလည်ပါ။
မင်းသတ်ခဲ့တဲ့ လူသတ်မှုအတွက်ဖြေရှင်းဖို့မင်းပြင်ဆင်ပါ။ ဒီနေ့က စပြီး ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်ဆိုတာလုံးဝမသုံးပါနဲ့။
မိုးသီးနဲ့နိုင်အောင်ဟာ စစ်ဘီလူးကောင်တွေလိုပဲ ဆိုးတဲ့လူသတ်တရားခံ၊ လူယုတ်မာများသာဖြစ်ပါကြောင်းရှင်းပြလိုက်ရပါတယ်။
ရှစ်လေးလုံးဂုဏ်သိက္ခာ ကို အစဉ်ဦးထိပ်ထားလျှက်
သန်းဝင်း__