Sunday, July 6, 2008

7-July (သို့ ) သက်သက်မဲ့ မိုး

7-July (သို့ ) သက်သက်မဲ့ မိုး


မိုး...................
အညိုးမဲ့ ရွာလာ
အပြာရောင်ကောင်းကင်
ဖိတ်စင်လွင့်ပြောက်
မိုးပေါက်မျက်ရည်
လေပြင်းထန်ခိုက်
အသဲတိုက်ပြောက်ဆုံး
နှလုံးသားကြေမွ
ကြွေကျရွက်နု
အချစ်ထူပျိုကွဲ
ရင်ထဲစူးနစ်
ဆက်မချစ်နိုင်
မျက်ရည်အိုင်ဘေး
လွမ်းတေးသီဆို
လွမ်းသလိုပေါ့ 
မိမိုးကိုတော့...ဒို့ ......
စိတ်နာတယ်.......။ ။


ဇွန်လ ၂၀ရက် ၈၈ ( RASU ) သက်သက်မဲ့ မိုးစီးရီးမှ


2 comments:

Anonymous said...

ကဗျာလေးကို ကြိုက်တယ်ဗျာ သက်သက်မဲ့မိုးနဲ့ပိုလိုက်သလိုပဲ

Welcome said...

နည်းနည်းတော့ ပြောလိုက်အုန်းမယ်
လေးလုံးစပ်ကဗျာလေးမို့
နှစ်သက်စွာဖတ်သွားပါတယ်။
ကဗျာပါ စာလုံးပေါင်း သတ်ပုံမှားတွေကြောင့်
အဓိပ္ပာယ်တွေ အများကြီး လွဲသွားနိုင်ပါတယ်။

ခင်မင်လျက်
ဝင်းဇော်