Sunday, July 13, 2008

ဖြူစင်ခြင်းကို

ဖြူစင်ခြင်းကို

သိသာသိစေ
မမြင်စေနှင့်....

မြင်ရင်လည်းထား
မကြားစေနှင့် ....

ကြားတော့ လည်းလေ
မပြောစေနှင့် ....

ပြောတော့ လည်းကွာ
မကြာစေနှင့် ...

အဆင့် လျှော့ သွား
ရိုးသားတဲ့ သူ
ဘ၀ဖြူဖြူကို
ဘယ်သူဖျက်ဆီးလိုက်တာလဲ ...။ ။

( လူနှင့် ရုပ်ပတ်ဝန်းကျင်တို့ ၏အညမညဖြစ်စဉ်များကြားဉ် ရိုးသားခြင်းတို့ သည်မှေးမှိန်လာကြရလေပြီ )


3 comments:

ပန်းခရမ်းပြာ said...

အရမ်းကောင်းတဲ့ ကဗျာလေးပါပဲ။ လက်တွေ့ ဘဝမှာ ဖြူစင်ခြင်းတွေ ဆိတ်သုန်းလာပြီလေ။

Dream said...

အဆင့် လျှော့ သွား
ရိုးသားတဲ့ သူ
ဘ၀ဖြူဖြူကို
ဘယ်သူဖျက်ဆီးလိုက်တာလဲ ...။ ။

ကျိန်းသေတာကတော့
ဖြူဖြူကိုDREAM ဖျက်စီးလိုက်တာမဟုတ်နော်။ :P

အဒူယဲတိဝူး. ဖူဖူဂို ဖျက်ရှိးယာ.. ချူံရှမ်းပေးမယ်။
ဟိးဟီး...

ကိုရင်ညိန်း said...

ဒီကဗျာ က အား ကောင်းတယ်ဗျ ။ ကော်ပီ ယူသွားတယ် အစ်ကိုရေ