Thursday, December 18, 2008

စိတ္တဇကွန်ခြာထဲမှာ

စိတ္တဇကွန်ခြာထဲမှာ

အနည်းနှင့် အများ
အမှားနှင့် အမှန်
သဏ္ဌာန်တူကွာခြားချက်
အဖက်ဖက်ရှူ့ ဒေါင့် များနဲ့ 
အနားမညီ ဗဟုဂံကတစ်ခု ။

အတုအပ အပြိုင်အဆိုင်
စတိုင်ဟန်ထုတ်
သရုပ်ဆောင်မှူပီပြင်
ရုံမတင်သော ကပွဲများ ။

ခြစားဖုံတက်
ရင်ကျက်ဟောင်းနွမ်း
လရောင်လမ်းမှ
မျှော်မှန်းအိမ်မက်
အတွေးနက်မည့် 
စာအုပ်တွေ ။

အပြုံးအမဲ့ နဲ့ 
ကဲ့ ရဲ့ ရှုတ်ချရင်း
အတ္တမြင်းစီး
အမှောင်ခရီးနှင်
မပီပြင်သော
ခရီးသွားကတချို့ ။

ကောင်းကင်မြေထက်
နေထွက်လ၀င်
အသွင်သဏ္ဌာန်ပြောင်း
လဟောင်းနှစ်ထပ်
လည်ပတ်နေမည့်  ကမ္ဘာမြေ ။ ။




Type the rest of your post here.

1 comment:

ပျံသန်းခြင်းရပ်ဝန်း said...

တကယ်တော့...ဒီကွန်ယက်ကြီးထဲမှာပဲ
ကျွန်တော်တို့တတွေ
လှည့်ပတ်သွားလာနေကြရတာပါဗျာ....


အားပေးလျက်
နွေသူရ