Saturday, September 13, 2008

ရွှေနီယာမ

ဦးတည်ချက်မဲ့ တဲ့ 
ခြေလှမ်းတိုင်းဟာ
အသက်မရှိပါဘူး.....။

ယုံကြည်ချက်မရှိတဲ့ 
လုပ်ရပ်တိုင်းဟာ
မအောင်မြင်နိုင်ပါဘူး...။

ဆုံးဖြတ်ချက်မရှိတဲ့ 
ဘ၀တွေဟာလည်း
မရေရာပါဘူး...။

ရင်ဆိုင်မှူကင်းမဲ့ တဲ့ 
မျက်လုံးတွေဟာလည်း
မတည်ကြည်ပါဘူး....။

အနစ်နာခံမှူကင်းမဲ့ တဲ့ 
တော်လှန်ရေးဟာလည်း
မအောင်မြင်နိုင်ပါဘူး...။

ဒိုလိုပဲ
ရိုးစဉ်းမှူကင်းမဲ့ တဲ့ 
ခေါင်းဆောင်ဟာလည်း
တည်မြဲမှူမရှည်နိုင်ပါဘူးလေ...။ ။



3 comments:

Chaos said...

ကဗျာလေးက အတွေးလေးရော
ရေးထားတဲ့ပုံစံလေးပါမိုက်တယ်
ကောင်းတယ် အစ်ကို

ဂျူနို said...

ဒါပေမဲ့
ခြောက်ပြစ်ကင်း သဲလည်းစင်တော့အမြဲမျော်လင့်လို့ မဖြစ်နိုင်ပါဘူး
အဖိုးတန်ကျောက်ဆိုတာ အနာတော့ကင်းခဲတယ်။

အလင်းစေတမန် said...

ဒီကဗျာ ကြိုက်တယ်ဗျာ။