Friday, June 20, 2008

အလွမ်းနဒီဘေးမှာ

အလွမ်းနဒီဘေးမှာ

အလွမ်း တပွင့်
ပန်းတပွင့် 
လမ်းသင့် လျှင်မျှော
လွမ်းရေကျောမှာ
လွမ်းသောသူကမျှောလိုက်သည် ။

အနမ်းတခါ
ပန်းတခါ
အကျင်နာချွေချ
တချိန်ကပေါ့
သူမပေးဆက်ဖူးပါသည် ။

အနမ်းကြောင့်ဆွေး
ပန်းခြောက်ကလေး
ဖြေးဖြေးချွေမွှ
သတိယရင်
တစစီလွှင့် ချွေ တပ်ပါသည်။

အနမ်းတဆ္ဆေ
ပန်းကဝေ
လွမ်းလေပြေခ
လသာညမှာ
သူမပျော်မွေ့ ဘူးပါသည် ။

အနမ်းအိမ်မက်
ပန်းချိန်စက်ဖြင့် 
အိပ်စက်ညများ
ဘ၀တပါးမှ
သူ့ အားတောင်းဆုပြုပါသည် ။

( ရိုးမချောင်းခြားဘ၀တပါးမှ သူမသို့ )


ရိုးမချောင်းခြားဘ၀တပါးမှ သူမသို့ 

4 comments:

Unknown said...

ကောင်းလိုက်တာဗျာ။ စကားလုံးလေးတွေက နူးညံ့လိုက်တာ။ ဘ၀တပါးသာ ပြောင်းမသွားရင် ဒီကဗျာကို သေချာပေါက်ခိုးသွားမှာ...ဟီ..ဟိ

Anonymous said...

ကဗျာရဲ့ ခံစားမှုနဲ့ စာဘောင် အနားကွတ်တွေက အရမ်းလှတယ်ဗျာ..

Anonymous said...

ကဗျာရဲ့ ရသလေးက စာဘောင် အနားကွတ်နဲ့ အရမ်းလှနေတယ်ဗျာ..

YeYint Nge said...

တတိတွေရနေတယ်ပေါ့လေ