Monday, October 20, 2008

ကလေးများအတွက် ကဗျာများ..

ကလေးများအတွက် ကဗျာများ..

( ၁ ) မွေးဌာနီ...

နှင်းပွင့် ကလေးတွေ ဖွေးရင်ကွယ်
သားလေးချမ်းလှတယ်
မေမေရယ် စောင်ခြုံပေး
ကနေဒါ ကအေး..။

ဖေဖေချစ်တဲ့ မြန်မာပြည်
သားလေး ရောက်ချင်သည်
မွေးဌာနီဘာကြောင့်များ
ဖေဖေ ပြန်မသွား... ။ ။


( ၂ ) လိမ်မာတဲ့ သားကလေး

ကြေးစည်ကလေးထုလို့ ရယ်
ဘုရားရှစ်ခိုးမယ်
ဦးချကွယ်သုံးကြိမ်မြောက်
ရွှေနိဗ္ဗန်သို့ ရောက်..။

လူတွေကြောက်တဲ့ ငရဲပြည်
သားတို့ မသွားပေ
ငြိမ်းချမ်းပါစေမြန်ပြည်သို့ 
ဆုတောင်းမေတ္တာပို့ ...။ ။


( ကနေဒါနိုင်ငံ တိုရွန်တိုမြို ထုတ် မြန်မာ့ စောင်း စာစောင်မှ )

No comments: