Saturday, August 30, 2008

သံသယ ဘီလူး ..

သံသယ ဘီလူး .... ( ကဗျာပုံပြင်)


ဟိုး...............
ရှေးရှေးတုန်းက ဒသနပြည်မှာ
တပ်စွစုံလင် ရှင်ဘုရင်နှင့် 
လုလင်မင်းသား မူးမတ်များစုံ
သင်းထုံ ပညာရှိ ပေါများဘိ၏...။

တိုင်းသူပြည်သား လူအများလည်း
တိုးပွားဆန်ရေ ဥစ္စာတွေနှင့် 
ဘုရင့် တိုင်းပြည်သာ ရာစည်ခိုက်....။

ယုတ်မာဘီလူး အသားစားကျုးဘို့ 
ပြည်သို့ ဝင်ရန် သူကြံသော်လည်း
စစ်ကဲတံခါး များပြားစောင့် ကြပ်
မြင့်မြတ်သည့် ဘုန်း စည်းရုံးမြဲ မြံ
ဝန်းကာရံသော် ၀င်ရန်မရ
ယုတ်စွအကြံ ကလိန်ဉာဏ်ဆင်၍
ရသေ့ ယောင်ဆောင်လျှက်နေလေ၏..။

မိုးသောက်နံနက် မြို့ ပြင်ထွက်၍
လယ်ထွက်ယာသွား အလုပ်များသော်
မသူတော်ရသေ့  လူတွေရှေ့ မှာ
ဆိတ်စွ ဣနြေ္ဒ တင်ပျင်ခွေထိုင်ကာ
ဘာဝနာတရား ပွားများနေ၏..။

ရွာသူရွာသား ကြည်ညိုပွား၍
များပြားလှူရှာ ၀တ်ပြုကာပင်
" အရှင်ဘုရား ကျွန်တော်များ၏
တည်ရှိပြည်ရွာ ကြွမြန်းပါ၍
ပျော်မွေ့ သီတင်းသုံးပါ ဖရား"..ဟု
လျှောက်ကြားလေသော်....။

မသူတော်ရသေ့  အကြံစေ့ ကာ
" ဒီမှာတကာ... ကြွလာချင်ပေမဲ့ 
သင်တို့ ပြည်မှာ လူယောင်ဆောင်ထား
ဘီလူးများရှိလို့  ကြွဘို့ မရဲ ဘူး
ဒကာ ကြီးတို့ ..".... တဲ့ .....။

ဤသို့ ဆိုသော် ထိုပြည်တော်တွင်
ပြည့် ရှင် ရွာသား လူအများတို့ 
ကြောက်ရွံ့ ထိတ်လန့်  သတင်းပြန့် ကာ
သူငါကြည့် ကြ သံသယ ဖြင့် 
စု ကြတီးတိုး ရွပိုးထိုး ကာ
ခြောက်ခြားလာ ၏....။

ညဖက်ဆိုလည်း မအိပ်ရဲ ပဲ
မဲ မဲ မြင်ရာ စိတ်ထင်ကာ ဖြင့် 
တူရာစု ကြ သံသယမှာ
ဖမ်းဆီးကာပင် ရွာအပြင်သို့ 
သတ်ပြီးပို့ ၏....။

ဘုရင်က အစ စန္ဒာလအထိ
ကြည့် ကြပြူးပြဲ ဘီလူးပဲထင်ရာ
တစ်ချို့ မှာလည်း ကံမွဲသည့် ဘုန်း
လူတွေမုန်းလို့ စုဂုံးချောကာ
သန်ပြန်ပါရော.......။

ရွာအပြင်ပို့  အလောင်းတို့ ကို
ဆို့ မျို ပျော်ပါး အောင်သွားသူ့ အကြံ
သူထပ်မံလို့ " ဒကာတို့ ပြည်မှာ
နောက်ထပ်ရှာဦး လူ့ ဘီးလူး တို့ 
ကျန်သေး၏.." .....တဲ့ .....။


သာစွပြည်မှာ ခြောက်ခြားလာပြီ
မစည်မကား ကုန်သည်များလည်း
ရဲရဲမလာဝံ့  တချို့ စွန့် သွား
မင်းသားပညာရှိ သာသည့် တိုင်းပြည်
ပြောင်းရွေ့ လေ ပြီ.......။

တိုင်းပြည်မှာလည်း သူ့ မဲ ငါ့ မဲ
တူရာတွဲကာ အစိတ်စိတ်ကွဲပြား
ဂလဲ့ စားတန်ပြန် မူမမှန်ဖြတ်ထုံး
အမုန်းနောက်ဆုံးမှာ.....
တိုက်ကြပါရော အချင်း ချင်း...
သတ်ကြပါရော အချင်းချင်း....။

အင်း.................
တိုင်းပြည်လည်းပျက် ကျိုးပဲ့ကန်းတည်း
အဆိုးချည်းကျန်မှ သံသယဘီလူး ကုန်သွား၏..။

ထိုအခါမှကြွယ်ဝပရိယယ်
ဘီလူး တကယ် မှာ ဟင်္သာကိုးသောင်း
ပျက်စီကြောင်းဖြင့်  ဖြားယောင်းဇတ်ခင်း
သူသိမ်းသွင်း၏...။

လူတုံးလူအ ကျန်သမျှလည်း
ရင်ထဲနောင်တ ခုမှရကား....
" အသားစားဘီလူးသာ ရွာဝင်ပါလည်း
ရွာထဲ ဒီလောက်မပျက်စီးတဲ့ ..." ။

သံသယ ဘီလူး ပါ ရွာဝင်ကာမှ
ယုတ်စွအဆုံး ပြုတ်ပြုတ်ပြုန်း၍
ရွာလုံးကျွတ်မျှ နောင်တရ သည်...
ရိုးမ ပုံ ပြင်ပါ တကား....။ ။

( ကဗျာပုံပြင်ပြီး၏ 19** )
( အဇ္ဈထ မဂ္ဂဇင်း မှ ...)


No comments: