Wednesday, August 6, 2008

* ပန်းတို့ ၏၀ိညာဉ် များ *

* ပန်းတို့ ၏၀ိညာဉ် များ *


ပန်းချွေလက်တို့ ၏
ရက်စက်သောဒိုင်ယာယီအား
စေစားမှူ့ မဲ့ ပန်းတို့ ရဲ့ သွေးသတ္တိသည်နီရဲ ကြောင်း
ထပ်လောင်းဖြည့် စွက်ရေးသားခဲ့ ပြီးသည့် နောက်
မှောက်ခဲ့ သည် သပိတ်
အတိတ်ကနောင်တော်တို့ ရဲ့ သွေး
ဆွေးမြည့် သည့် ခေတ်ဟောင်းအစက
ပြိုကြခဲ့ သည့် အဆောက်အဦး
အာဏာရူးတို့ ရဲ့ ရက် စက်ယုတ်မာမှူ့ 
အစုစု တို့ ကိုလက်စာခြေရန်အတွက်
လွတ်မြောက်တဲ့ နယ်မြေမှာ
ပန်းတွေဟာမွေးဖွား
ရေးထားတဲ့ ပန်းဒိုင်ယာယီမှာ
ဒီတစ်ခါ အောင်မြင်ရမယ် တဲ့ 
ပန်းတို့ ရဲ့ ၀ိညာဉ် များ
ကြုံးဝါးထားကြလေတယ် ။ ။

1988 နိုဝင်ဘာ

***

Type the rest of your post here.

3 comments:

Myo Win Zaw said...

အောင်မြင်မှုဆိုတာထက် အပြောင်းအလဲဖြစ်ချင်တယ်ဗျာ ၂၆ နှစ်မှတကြိမ်ပြောင်းတဲ့မြန်မာပြည်ဆိုတာ မဖြစ်ချင်တော့ဘူး ကျွန်တော်တို့အတွက် ဘာမှခံစားချက်မရှိပေမယ့် မျိုးဆက်သစ်တွေအတွက်... တစုံတခုတော့ လွတ်လပ်စေချင်တယ်

Myo Win Zaw said...

အောင်မြင်မှုဆိုတာထက်အပြောင်းအလဲဖြစ်စေချင်တယ် ၂၆ နှစ်မှ တစ်ကြိမ် ပြောင်းတဲ့မြန်မာနိုင်ငံလား နှစ် ၂၀ ရှိပြန်ပြီ ကျွန်တော်တို့ ခံစားမှုမရှိပါဘူး မျိုးဆက်သစ်တွေအတွက် လွတ်လပ်တဲ့လေကို ရှုနိုင်ရင်တော်ပါပြီ

Mc w@i y@n ! said...

ကျွှန်တော် လည်း ကနေဒါကို စိတ်ဝင်စားပါတယ်
အခု အထက် တန်းကျောင်း တတ်နေတုန်းဆို
တော့ ကျောင်းပြီးရင်တော့ နိုင်ငံ ခြားထွက်ဖြစ်
မယ်

လာရောက်သွားပါတယ် ကျေးဇူးပါ