Friday, March 30, 2012

မခင်ဆွေလိုင် ဘာပြောသလဲ ၊ ဘယ်သူ့ အတွက်လဲ

မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၃) Posted by admin on March 30, 2012 22 Comments မြောက်ပိုင်းရဲ့ ယူဂျီ (ပင်မ) လမ်းကြောင်းက တနိုင်ငံလုံးရဲ့ ဆက်သွယ်ရေး စုံချက်ဖြစ်တဲ့ မန္တလေး၊ ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော် (မန္တလေး အသတ်ခံရ) နဲ့ အတူ အစီစဉ်ရှိရှိ ထိုးကျွေးတာခံခဲ့ရတဲ့ (ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးနဲ့ အချိန် ကိုက် မြို့မှာနေလို့မရအောင် ဖန်တီးပြီးမောင်းပို့ခဲ့လို့ တောထဲကိုရောက်လာခဲ့ရတဲ့) ကိုချိုကြီး (မန္တလေး အသတ်ခံရ)၊ ကိုအောင်မင်း (မန္တလေး၊ အသတ်ခံရ) တို့ဆိုတာ မြို့မှာယူဂျီလိုင်းတွေကို အဓိက ကိုင်ထားသူတွေ။ ဖြစ်သွားတဲ့ အဖြစ်အပျက်က တောနဲ့မြို့ပြ ဆက်သွယ်ရေး လမ်းကြောင်းကို အပြီးအပိုင် ဖြတ်တောက်ခံလိုက်ရခြင်း၊ (ဒီ နေရာမှာ ကျမတခု ပြောချင်တာက မြောက်ပိုင်းဗဟိုကော်မတီတွေကလွဲရင် ကျမအပါအ၀င် မြောက်ပိုင်း ရဲဘော်ရဲမေ တွေဟာ ရောက်တဲ့နေရာမှာ ကိုယ်လုပ်ရမဲ့အလုပ်ကို လုပ်နေကြသူတွေဖြစ်တဲ့အတွက် အေဘီ (ဗဟို) နဲ့ပတ်သက်ပြီး ကိုမိုးသီး၊ ကိုနိုင်အောင်တို့ နာမည်တွေကို မကြားမဖြစ် ကြားဖူးနေတာကလွဲလို့ အဲဒီတုန်းက ဗဟိုနဲ့ပတ်သက်ပြီး တခြား ဘာကိုမှ သိလည်းမသိခဲ့ကြသလို စိတ်ဝင်စားမှုလည်းမရှိခဲ့ကြဘူး။ ကျမကိုယ်တိုင် ထိုင်းဘက်ရောက်မှ တချို့နာမည် တွေနဲ့ ရင်းနှီးခဲ့တာပါ။ လူ (၁၅) ယောက်ကို သတ်ပြီးတဲ့နောက် အဖမ်းခံထားရတဲ့ နန်းအောင်ထွေးကြည်၊ ဘိုဘိုတို့ မိဘ တွေ တောထဲလာကြတဲ့အချိန် ဥက္ကဋ္ဌ ကိုနိုင်အောင်ကို (၁၉၉၂) ခုနှစ် ဧပြီလထဲမှာမှ မြင်ဖူးတွေ့ဖူးခဲ့တာပါ) သေချာတာကတော့ ရန်သူ့လူတွေ ရှိနေတယ်ဆိုတာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအ၀င် ကိုညီညီကျော်တို့ကအစ မြောက်ပိုင်းဗဟိုကော်မတီတခုလုံးက လက်ခံခဲ့ကြတယ်။ သတင်းပေါက်ကြားမှုတွေကြောင့် စစ်ကြောင်းထွက်ချိန် မမျှော်လင့်တဲ့နေရာတွေကနေ ဖြတ်တိုက်ခံခဲ့ရတဲ့အတွက် ရဲ ဘော်တချို့ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတာတွေ။ ရင်ဘတ်တည့်တည့်ကို မှန်ရမှာဖြစ်ပေမဲ့ အီကွေးမန့်မှာချိတ်ထားတဲ့ ဓါး မြှောင်ဓါးရိုးခံနေလို့။ ကျောတည့်တည့်ကို မှန်ရမှာ ဖြစ်ပေမဲ့ နောက်ကျောမှာ ချိတ်ထားတဲ့ ဟန်းကောခံနေလို့။ ဦးခေါင်း ဘေးနားရွက်အထက်မှာပဲ ရှပ်ထိသွားလို့ သေကံမရောက်အသက်မပျောက်ခဲ့တဲ့ ရဲဘော်တွေလည်း ရှိခဲ့တယ်။ ရှေ့တန်း ထွက်ချင်လို့ ပူဆာခဲ့တဲ့ ကျမတို့ရဲမေတွေတောင် ရှေ့တန်းမရောက်ခင်၊ ရှေ့တန်းအလယ်လောက် ဖျားနာကုန်လို့ လှည့် ပြန်ခဲ့ကြသူတွေရှိသလို နှစ်လနီးပါး တောထဲတောင်ထဲမှာ ရေငတ် ထမင်းငတ်နဲ့ ညတိုင်းဓါတ်မီးမပါ ဘာမပါနဲ့ ချီတက်ရ၊ ရောက်တဲ့နေရာထိုးအိပ်လို့မရ၊ ကင်းစောင့်ရနဲ့ တိုက်ပွဲတွေကြားမှာ တချို့ရဲမေတွေ စစ်ဆင်ရေးအစအဆုံး ပါဝင်ခွင့်ရခဲ့ ပေမဲ့ တကြိမ်ဆို တကြိမ်ပါပဲ နောက်တကြိမ် ရှေ့တန်းထွက်ချင်တယ်ပြောဖို့ အတော်လေး အားပြန်ယူရအုံးမယ်။ ဒါ တောင် ရှေ့တန်းထွက်တဲ့ ရဲဘော်တွေအပေါ် နောက်တန်းက ရဲမေတွေ ကိုယ်ချင်းစာနားလည်တတ်အောင် လုပ်ပေးတဲ့ အစမ်းသဘောပဲ ရှိပါသေးတယ်။ ရန်သူနဲ့ လက်တကမ်း (လူ့အခွင့်အရေးတွေ ခံစားခွင့်ရနေတဲ့ နိုင်ငံခြားမှာ နေကြရသူများမဟုတ်) အသက်ကိုဖက်နဲ့ ထုပ် ထားရသလို ကိုယ်မချရင် သူချတာခံရမဲ့ အမှန်တကယ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေအတွက်ကတော့ ဆိုဖွယ်မရှိပါဘူး။ ကျမတို့ရဲဘော်တွေဟာ နောက်တန်းမှာ မူးရူးပြီး အချင်းချင်း အော်ဟစ်ဆဲဆို ထိုးကြကြိတ်ကြလိမ့်မယ်။ ရှေ့တန်းရောက် ရင် အဲဒါတွေ သတိမရတော့ဘူး။ တက်ညီလက်ညီနဲ့ တယောက်ကိုတယောက် ကာကွယ်စောင့်ရှောက်ကြလိမ့်မယ်။ ရဲဘော်အချင်းချင်းကြားမှာရှိတဲ့ သံယောဇဉ်ကြိုးဟာ အိမ်ကမိန်းမတွေထက်တောင် ခိုင်မြဲပါသေးတယ်။ ဒါကို တကယ်အ သက်ပေးပြီး အမှန်တကယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူတွေသာ ခံစားနိုင် နားလည်နိုင်တယ်။ ဒီခံစားမှုမျိုးကို ပိုက်ဆံဘယ် လောက်ရှိရှိ ယူထားတဲ့နေရာ ဘယ်လောက်ကြီးကြီး အချောင်သမားတွေ ခံစားနိုင် နားလည်နိုင်မှာ မဟုတ်ဘူး။ ရွာတွေနဲ့မနီး နက်ရှိုင်းတဲ့တောတောင်တွေ တတောင်ပြီးတတောင် မြစ်တွေ၊ ချောင်းတွေ၊ ချောက်ကမ်းပါးတွေ တခုပြီး တခု ကျော်လွှားဖြတ်သန်းရင်း ရှေ့တန်းထွက်ခဲ့ရတဲ့ ရဲဘော်တွေရဲ့အသက်ဟာ “ဆန်နဲ့ ကျည်ဆံ” ဖြစ်သလို ရဲဘော်တွေ အတွက် အလေးဆုံး သယ်ပိုးရတဲ့အရာဟာလည်း ဆန်နဲ့ကျည်ဆံ ပါပဲ။ ရှေ့တန်းထွက်တဲ့ ရဲဘော်တိုင်း ဆန်ကြိုးပါရသ လို လက်နက်၊ ကျည်ဆံ၊ ဆေးဝါး၊ ရေဘူး၊ ရိက္ခာခြောက် သွားရမဲ့ခရီး တက်ရမဲ့တောင် အနေအထားနဲ့ နှစ်ရက်စာအပြင် ပိုမသယ်နိုင်ပါဘူး။ ဒါကြောင့် ချီတက်ရမဲ့ခရီးတလျှောက် တောတောင်ချောက်ကမ်းပါးတွေမှာပဲ ဆန်တွေကို ကြိုတင် လှောင်ထားရတယ်။ ဆန်ထုတ်ဖို့လိုပြီ ဆိုရင် ရှေ့တန်းထွက်ရင်း ခဏစခန်းချထားရာ နေရာကနေ အနည်းဆုံး (၁၀) မိ နစ်လောက် လမ်းလျှောက်ပြီ ချောက်တွေထဲမှာ အသင့်ဝှက်ထားခဲ့တဲ့ဆန်တွေကို ဆင်းယူကြရတယ်။ ကျမကိုယ်တိုင် အဲ ဒီလိုသွားယူခဲ့ဖူးတဲ့အတွက် သိနေတာပါ။ နအဖ ထိုးစစ်ဆင်တဲ့အချိန်ဟာ မိုးတွင်းအချိန်ပါ။ တောတောင်နယ်မြေအနေအထားက ဆိုးဝါး၊ ရာသီဥတုက ကြမ်းတမ်း၊ ရွှံ့တွေ ဗွက်တွေ ကျွတ်တွေ ဒက်တွေ မျှော့တွေနဲ့ အင်းဆက်ပိုးတွေမျိုးစုံကြား ငှက်ဖျား၊ တုပ်ကွေး၊ ၀မ်းရောဂါတွေက ပြင်းထန် ကိုယ်ခံအားကောင်းနေမှသာ တွန်းလှန်နိုင်တဲ့ အနေအထားမျိုးပါ။ အဲဒီလိုအချိန် အဲဒီလိုအခါမျိုးမှာမှ ခရီးစဉ်တ လျှောက် ဆန်တွေသိုလှောင်ထားရာနေရာတွေ (တနေရာတည်းမှာမဟုတ်) ကို ရန်သူက သိရှိရရှိသိမ်းပိုက်သွားနိုင်ခဲ့ဟာ မတော်တဆ တိုက်ဆိုင်မှုလို့ ယူဆနိုင်ပါသလား။ အပြင်းအထန် ထိုးစစ်ဆင်လာခဲ့တဲ့အပေါ် စားစရာဆန်တောင် မရှိတော့ တဲ့ ရဲဘော်တွေဟာ တောထဲမှာ တွေ့သမျှ စားလို့ရတာမှန်သမျှ အကုန်ကောက်စားရင်း ခရီးကြမ်းကို မရရအောင်ဖောက် ထွက် ကျော်ဖြတ်ခဲ့ကြရတယ်၊ အဲဒီအတွက် ကျဆုံးကျန်ခဲ့တဲ့ ရဲဘော်တွေ။ အဟာရငတ်ပြတ်ဖျားနာပြီး လမ်းခရီးမှာ သေ ဆုံးသွားခဲ့ကြတဲ့ ရဲဘော်တွေ စခန်းရောက်မှ သေဆုံးသွားတဲ့ ရဲဘော်တွေ၊ ဒါတွေကို ဒီရဲဘော်တွေနဲ့အတူ ဖြတ်သန်းရင်း မျက်စိရှေ့မှာတင် မြင်ရတွေ့ရ ကိုယ်တိုင်ခံစားခဲ့ရသူက ရဲဘော်မျိုးဝင်း။ ဒီလူဟာ ရန်သူလို့ သူထင်ခဲ့တဲ့ သူတွေအပေါ် ရက်စက်ချင် ရက်စက်လိမ့်မယ်(ရန်သူနဲ့ပတ်သက်တဲ့ သူရဲ့စိတ်ဓါတ်ကိုလည်း ရန်သူသူလျှိုတွေက ကြိုတွက်ထားပြီးသား ဖြစ်ပါလိမ့်မယ်) သူ့ရဲဘော်တွေကိုတော့ သူချစ်ခဲ့တယ်၊ ကာကွယ်စောင့်ရှောက်ခဲ့တယ်။ (ဘယ်သူပြောပြခဲ့တာလည်း မ မှတ်မိ) စားစရာ နောက်ဆုံးလက်ကျန်ဆန်ကို ရဲဘော်တွေ ဆန်ပြုတ်ပြုတ်စားကြတဲ့အချိန်မှာ လူကြီးဖြစ်တဲ့သူ့အတွက် ဟန်ကောချိုင့်လေးနဲ့ ထမင်းချက်ထားပေးခဲ့တယ်။ အဲဒီ ဟန်ကောချိုင့်ထဲကထမင်းကို ဆန်ပြုတ်အိုးထဲလာသွန်ထည့်ပြီး ရဲဘော်တွေနဲ့အတူစား အတူနေပြီး သေတဲ့အထိ တိုက်ပွဲဝင်သွားခဲ့တဲ့သူ။ ကျောင်းသားတပ်မတော်ရဲ့ အဓိကလိုအပ်ချက်က ကိုယ်ပိုင်သီးသန့်နယ်မြေဖြစ်သလို ရေမဲ့ငါးလို မဖြစ်ရအောင် ၀ိုင်းရံ ထောက်ပံ့ပေးမဲ့ မိဘပြည်သူတွေလည်း လိုပါတယ်။ အဲဒီလိုအပ်ချက်ကို ဖြည့်နိုင်ဖို့ ကော်လင်း၊ ၀န်သို၊ ကသာ၊ စစ်ကိုင်း တိုင်းဘက်က ကျောင်းသားရဲဘော်တွေ အများဆုံးပါဝင်တဲ့ ပထမအကြိမ် “စစ်ကိုင်းတိုင်းထိုးဖောက်ရေးစစ်ကြောင်း” ဆို ပြီး ထွက်ခဲ့ကြတာရှိပါတယ်။ သတင်းပေါက်ကြားမှုကြောင့် လမ်းမှာတင် ဖြတ်တိုက်ခံခဲ့ရပြီး စစ်ကြောင်းပျက်သွားခဲ့ရ တယ်။ ရဲဘော်တွေ ကစင့်ကလျားနဲ့ ဆုတ်ခွာခဲ့ရတဲ့အတွက် နစ်နာဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ရပြီး ရဲဘော်အနည်းစု လောက်ပဲ ဗဟိုကိုပြန် ရောက်လာခဲ့ကြတယ်။ (ဒီအဖြစ်အပျက်ကိုတော့ ကိုရဲလင်း (ဗဟိုကော်မတီ) ပိုသိပါလိမ့်မယ်) ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ထိုးဖောက်ရေးစစ်ကြောင်းကို ရင်းမှူးအောင်ဆွေဦး ဦးဆောင်ပြီး ရဲဘော်မင်းဌေး (မိုး ကောင်း၊ ရမ်ဘိုကားရိုက်ခဲ့သူ) အပါအ၀င် ရဲဘော်တွေ ထပ်ပြီးကြိုးစားကြည့်ခဲ့ကြတယ်။ နယ်မြေအနေအထား ကြမ်း တမ်းခက်ခဲမှု၊ ရိက္ခာမလုံလောက်မှု၊ ငတ်ပြတ်ဆင်းရဲနေမှုတွေနဲ့အတူ ရှေ့ဆက်ရင် အားလုံးသေတွင်းထဲဝင်သွားသလို ဖြစ်နိုင်တဲ့ အခက်အခဲအမျိုးမျိုးတွေကြောင့် ပြန်ဆုတ်လာကြရတယ်။ ရဲဘော်သံချောင်းနဲ့ ရဲဘော်တစု အဖမ်းခံခဲ့ရတာက တတိယအကြိမ် “စစ်ကိုင်းတိုင်း ထိုးဖောက်ရေး စစ်ကြောင်း” ပါ၊ ရှမ်း ပြည်တောင်ပိုင်းကနေ စထွက်တဲ့စစ်ကြောင်းဟာ ပင်းပန်းဆင်းရဲတဲ့ဒဏ်မခံနိုင်တဲ့ ရဲဘော်တချို့ လမ်းခရီးမှာ ထွက်ပြေး ခဲ့တဲ့အတွက် သတင်းပေါက်သွားပြီး တပ်ရင်း (၂၀) လောက်နဲ့ ဖြတ်လေးဖြတ်ကိုသုံးပြီး လမ်းကြောင်းတလျှောက် ပိတ် ဖမ်းခဲ့တဲ့အတွက် အားအင်ကုန်ခမ်းငတ်ပြတ်ပြီး လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တော့တဲ့ ရဲဘော်သံချောင်းနဲ့ ရဲဘော်တွေကို ၀ိုင်းပြီးအဖမ်းခံခဲ့ရတဲ့နေရာက ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ်းခမ်းဘက်မှာပါ။ သေဒဏ်ကျခံနေရတဲ့ရဲဘော်သံချောင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ်က စာရင်းဖျက်ပေးပါလို့ တောင်းဆိုနေတဲ့သူတွေ။ ကိုယ့်ခွင်ထဲက ကိုယ့်ဖီးတွေအကြောင်းပဲ ပြောမနေပါနဲ့ ဆိုတဲ့လူတွေကို “တောင်မတက်ခိုင်းပါဘူး။ အဲဒီလိုလူမျိုးတွေကို ပြေးပြီးတက်ခိုင်းကြည့်ချင်တာက ဒုက္ခသည်က တောင်ကုန်းလေး တကုန်းလောက်ပါပဲ။ လိုအပ်တဲ့အစာလည်း အ၀ကျွေး ပါ့မယ်၊ စိန်ခေါ်ရဲရင်ပေါ့၊ မြောက်ပိုင်းရဲ့တောတောင်တွေထဲမှာ ကျဆုံးသေဆုံးခဲ့ရတဲ့ ရဲဘော်ရဲမေပေါင်း (၇၀) ကျော်ရှိတယ်။ အများစုက ဒေသခံ ကျောင်းသားရဲဘော်ရဲမေတွေ။ အဲဒီ ရဲဘော်ရဲမေတွေမှာလည်း သူ့သားလိုချင်တဲ့ ဒီမိုကရေစီမရမချင်း ဆွမ်းသွပ်အမျှမဝေ ဘူးလို့ ဆုံးဖြတ်ထားတဲ့ ကြက်ကလေးချီတစ် (ခ) ရဲဘော် မျိုးကိုကို (မိုးညှင်း၊ ရန်သူဖမ်းမိပြီး ညဉ်းပမ်းနှိပ်စက်အသတ်ခံ ခဲ့ရတဲ့အပြင် အလောင်းကို ရွာလည်ခေါင်ကအပင်မှာ ကြိုးနဲ့ချိတ်ဆွဲ အပြခံခဲ့ရသူ) ရဲ့ အမေလို အမေမျိုးတွေလည်း ရှိကြ တယ်။ အခု အသတ်ခံခဲ့ရတဲ့သူတွေနဲ့ပေါင်းရင် မြောက်ပိုင်းတခုတည်းမှာပဲ အနည်းဆုံး အမေတရာလောက် ငိုကြပေအုံး တော့။ ကိုယ့်ကိုယ်ကို တော်လှန်ရေးဘက်တော်သားပါလို့ ခံယူထားတာမှန်ရင် ရဲဘော်အားလုံးကို သိမ်းကြုံးပြီး ၀ါးလုံးရှည်နဲ့ မ ရမ်းပါနဲ့။ အဖွဲ့ကို မစော်ကားပါနဲ့။ အဖြစ်အပျက်ကို အဖြစ်အပျက်အတိုင်း ခွဲခြားပြီး မြင်အောင်ကြည့်ပါ။ မပြောမဖြစ်လို့ ပြောချင်ရင်လည်း ငါအချောင်သမားဟုတ်မဟုတ် ကိုယ့်ကိုယ်ကို မှန်ထဲ အရင်ပြန်ကြည့်ပါ။ နက်ရှိုင်းတဲ့ တောတောင်တွေထဲမှာ တွေ့ကြုံလာသမျှ အခက်အခဲ ဆင်းရဲဒုက္ခတွေကို လက်သီးဆုပ်တွေထဲမှာထည့် အ မှုန့်ခြေရင်း အသက်ပေးသွားခဲ့ကြရတဲ့ (တောထဲက ရဲဘော်တွေ ပိုင်ဆိုင်တဲ့အရာဆိုလို့ အမေတွေပေးခဲ့တဲ့ အဲဒီအသက် လေးတွေပဲ ရှိပါတယ်) မြောက်ပိုင်းက ရဲဘော်တွေ၊ ကေအိုင်အေ အပစ်အခတ်ရပ်ပြီးတဲ့နောက် ဘ၀ကို သုံညကနေ ဆင်း ဆင်းရဲရဲ အငတ်ငတ်အပြတ်ပြတ်နဲ့ ကုန်းရုန်းရှာဖွေရင်း ရပ်တည်ခဲ့ကြရတဲ့ လက်ရှိတရုတ်နယ်စပ်မှာ ကျန်ရှိနေတဲ့ တိုက်ပွဲ ၀င်နေဆဲ ရဲဘော်ရဲမေတွေကိုယ်စား အချောင်သမားတွေ အချောင်နာမည်ရဖို့ ပြောနေတာမျိုးဆိုရင် ရင်နာလွန်းလို့ပါ။ မြောက်ပိုင်းမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ဒူဝါ လှဆိုင်း (မြစ်ကြီးနား၊ဂုဏ်ထူးတန်းကျောင်းသား) ဆိုတာ ရဲဘော်ရဲမေများရဲ့ (ကျမ က အက်စ်အက်စ်အေ (ရှမ်းပြည်) မှာ စစ်သင်တန်းယူခဲ့သူပါ) သင်တန်းဆရာ၊ သင်တန်းမှူးတဦးဖြစ်သလို ဒါတွေ မဖြစ်ခင်က နန်းအောင်ထွေးကြည်၊ ကျော်ခိုင်ဝင်း၊ သင်းသင်း၊ ဘိုဘိုတို့တွေနဲ့ သီချင်းဆိုဖော်ဆိုဖက် ဂစ်တာတီးဖော်တီး ဘက် ရဲဘော်တဦးဖြစ်ပြီး ရဲဘော်ရဲမေတွေကြားမှာ ဟာသလေးတပြောပြောနဲ့ ရယ်ရယ်မောမော ပျော်ပျော်ရွင်ရွင် နေ တတ်တဲ့ အားလုံးရဲ့ အချစ်တော်ထဲမှာပါခဲ့တဲ့ ဗဟိုကော်မတီဝင်ပါ။ ကျမတောင် ဒူဝါလှဆိုင်းနဲ့ အဖမ်းခံခဲ့ကြရတဲ့သူတွေ လောက် မရင်းနှီးခဲ့ပေမဲ့ ဒူဝါလှဆိုင်းရဲ့ ရိုးရှင်းတဲ့မျက်နှာ အပြောအဆိုတွေနဲ့တင် “ကျောင်းသား” ဆိုတာ ကျမယုံတယ်။ အပြောသက်သက် အချောင်သမားတွေမဟုတ်ဘဲ (အနုနည်းဖြစ်စေ၊ အကြမ်းနည်းဖြစ်စေ ကြိုက်တဲ့နည်းကိုသုံး) တိုက်ရဲ တယ်ဆိုရင်တော့ ဒီအဖြစ်အပျက်မျိုးတွေ တော်လှန်ရေးအင်အားစုကြားမှာ တကြိမ်မဟုတ် အကြိမ်ကြိမ် အခါခါဖြစ် အောင် ဖန်တီးနေတဲ့ တရားခံအစစ်က နေပြည်တော်မှာ အသင့်ရှိနေပါတယ်။ စိတ်ဝင်စားစရာကောင်းတာက တရားခံ လိုက်ရှာနေတဲ့ သူတွေအားလုံး စနစ်ဆိုးအတွင်းက သားကောင်တွေချည်း ဖြစ်နေတာကိုပါ။ ပြောတော့ကျောင်းသား လုပ်နေတာကခွေးသား ခွေးကျင့်ခွေးကြံတွေနဲ့ ဒါတွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ တရားခံအစစ် ကတော့ လက်ရှိရပ်တည်နေတဲ့အဖွဲ့ကိုပါ ဘယ်လိုနည်းနဲ့တွန်းပို့ ဇာတ်သိမ်းပေးရရင် ကောင်းမလဲဆိုပြီး ဖြစ်ပျက်နေသမျှ တွေကို အခုအချိန်ထိ စင်ပေါ်ကနေ အပြုံးမပျက် ကြည့်နေအုံးမှာပါပဲ။ “တခါသေဖူး ပျဉ်ဖိုးနားလည်” ဆိုသလို ဘယ်သူတွေက အဖြစ်အပျက်အမှန်ကို နစ်နာခဲ့ရသူတွေအတွက် ရိုးသားစွာ ဖော် ထုတ်လိုတာ ဘယ်ကောင်တွေက အေဘီပျက်စီးရေးအတွက် ရည်ရွယ်လုပ်နေတာဆိုတဲ့ စာရင်းကို ပြောပုံဆိုပုံရေးသား တင်ပြနေပုံတွေနဲ့ အဲဒီလူတွေရဲ့နောက်ခံသမိုင်းတွေကို လေ့လာရင်း အခုကတည်းက ခွဲခြားပြီး ကျမ စာရင်းပြုစုနေပါ တယ်။ နောင်တချိန် “အေဘီကို ဘယ်သူတွေ ဖြိုခွဲဖျက်စီးခဲ့ကြတာလဲ” ဆိုပြီး တရားခံရှာကြတဲ့အခါ အသုံးပြုနိုင်ဖို့ပါ။ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိခဲ့ဖူးတဲ့ “ကျောင်းသားတပ်မတော်” ဆိုတာ စစ်အစိုးရစကား ဌားသုံးပြောရရင် ကမ္ဘာ့အလယ် မှာ မြန်မာဟေ့လို့ ၀င့်ကြွားဂုဏ်ယူနေတဲ့နိုင်ငံမှာမှ သမိုင်းရဲ့လိုအပ်ချက်အရကို ပေါ်ပေါက်လာခဲ့ရတယ်။ သမိုင်းအဆက် ဆက် တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတို့ရဲ့သင်္ကေတ ခွပ်ဒေါင်းဘက်တံဆိပ်တပ်ထားတဲ့ “ABSDF ဆိုတာ တစုတဖွဲ့တည်း က ပိုင်တဲ့နာမည် မဟုတ်ဘူး၊ သမိုင်းက ပေးခဲ့တဲ့နာမည် သမိုင်းက ပိုင်တဲ့နာမည်၊ တောထဲမှာ လက်ရှိရှိနေကြတဲ့ ရဲဘော် တွေ တင်မက ပါဝင်ပတ်သက်ဖူးခဲ့တဲ့ ထောင်ပေါင်းများစွာသော ပြည်တွင်းပြည်ပ ကျောင်းသားအားလုံးရဲ့ ရင်ထဲနှလုံး သားထဲက နာမည်၊ ထပ်တူပြုလို့လည်းမရ ရူပကအလင်္ကာလည်းမမြောက်တဲ့ “ကျောင်းသားတပ်မတော်” ဆိုတဲ့ ဒီနာ မည်ကို နောင်လာ နောက်သားတွေ သမိုင်းစာမျက်နှာတွေမှာ တွေ့နေရတိုင်း။ ကြားနေရတိုင်း စစ်အစိုးရဟာ မိဘပြည် သူတွေရဲ့ သားသမီးတွေဖြစ်တဲ့ တိုင်းပြည်ရဲ့အရင်းအမြစ် ကျောင်းသားလူငယ်တွေအပေါ် သူတို့လုပ်ခဲ့သမျှတွေအတွက် အမေပေါင်းများစွာ ငိုကျွေးခဲ့ကြရတာတွေအတွက် အမြဲတမ်း အရှက်ရနေစေရပါမယ်။ (ဆက်ရန်) ခင်ရွှေလှိုင် မပ ၀၀၃၆ ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း) မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့ လက်ဆင့်ကမ်းဖြန့်ဝေရန် Facebook Share 22 Responses to “မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၃)” ကမ္ဘာကျော်လျောက်လဲချက်ကိုလေ့လာနေသူ March 30, 2012 ခင်ရွှေလှိုင်ရဲ့အမှတ်(၃)ကိုဖတ်ကြည့်ရတဲ့အခါမှာ ကမ္ဘာကျော် လျောက်လဲချက်များလို့ သတ်မှတ်ပေးသင့်ပါတယ်။ ကိုကြီးမျိုးဝင်းက သူ့အတွက်ချက်ပေးတဲ့ထမင်းကိုသွန်ပစ်ပြီး ရဲဘော်တွေနဲ့ ဆန်ပြုတ်အတူဆိုတာလေးဖတ်မိတော့ ရင်ထဲကိုနစ်အောင်ခံစားရတယ်ဗျာ…..ကိုကြီးမျိုးက တကယ်ရဲဘော်စိတ်ပြည့်သူကြီးပါလားလို့…. နောက် ကိုကြီးသံချောင်းကလည်း ထမင်းငတ်ပြတ်လို့အဖမ်းခံလိုက်ရတာဘဲ။ ကိုကြီးသံချောင်း၊ကိုကြီးမျိုးဝင်း၊ကိုကြီးလှဆိုင်း၊ကိုကြီးအောင်နိုင်တို့ဟာ အနော်ရထာလက်ထက်ကလို သူရဲကောင်းကြီး(၄)ဦးဆိုတာပေါ်လွင်အောင်အမှတ်(၄)မှာဆက်ရေးပေးဖို့တိုက်တွန်းပါတယ်။ခင်ရွှေလှိုင်ရဲ့ ကမ္ဘာကျော်လျောက်ချက်များအမှတ်(၄)ကိုမျော်နေပါတယ်။ ပြည်တွင်း၊ပြည်ပက အသက်မသေဘဲကျန်ခဲ့တဲ့ ညီနောင်ညီမတို့ရေ မင်းတို့ဟာသေချာပေါက် ထောက်လှမ်းရေးဘဲလို့ပြောနေပြီ နောက်တကြိမ်ထပ်အဖမ်းခံရပြီး အနှိပ်စက်မခံရအောင်ခေါင်းဖြတ်မခံရအောင် ခင်ရွှေလှိုင်နဲ့ သူရဲ့ ကိုကြီးသူရဲကောင်းကြီးများကို အမြန်ဆုံးတောင်းပန်ရတော့မယ်ထင်တယ်နော်။ Reply CanadaMyanma March 31, 2012 ဒါ တွေကို တကယ် ရိ့းသားစွာ ယုံကြည်တယ် ဆိုရင် လည်း Group Email, မီဒီယာတွေမှာ ဖြန့် ပါ ၊ စာဖတ်သူ နှင့် စာရေးသူ လွန်ဆွဲကြပါလိမ့် မယ် ၊ အမှန်တရားဟာ တနေ့ ပေါ်လာပါလိမ့် မယ် ၊ အဲဒီသူတွေဟာထောက် လှမ်းရေး အစစ်တွေ ဖြစ်နေရင်တောင် စံနစ်တခုရဲ့ သား ကောင်တွေ မြန်မာလူမျိုး အခြင်းခြင်းတွေ ဒီလောက်ဘာ လို့ ရက်စက် ရိုင်းစိုင်း နိုင်ခဲ့ ကြသလဲဆိုတာ တောထဲမှာ နေဘူးတဲ့ သူခြင်း ၊ ကျောင်းသားခြင်း ၊မြင်နိုင်ပါတယ် သိနိုင်ပါတယ် ၊ တိုက်ပွဲထဲက တိုက်ပွဲများကို ပါဝင်ဘူးသူ များသာနားလည်နိုင်ကြမှာပါ ၊ ရုပ်ရှင်ကြည့် သူဟာ ရှုပှ်ရှင်ရိုက်ကွင်းအကြောင်းကိုနားမလည်နိုင်ပါဘူး Reply Your comment is awaiting moderation. ကြည်ယု March 30, 2012 မခင်ရွှေလှိုင် ပြောတဲ့ ကိုမျိုးဝင်း၊ကိုသံချောင်း တို့ရဲ့ တော်လှန်ရေးရဲ့ အနစ်နာခံမှုတွေကို မြင်နိုင်ပေမဲ့ လည်း၊ လူလောကနဲ့ အယုတ်စွအဆုံး တိရိစ္ဆာန်လောက မှာတောင် မတွေ့နိုင်တဲ့ မြန်မာ့သမိုင်း၊ ကမ္ဘာသမိုင်းနဲ့ အဆုံးစွန် လူ့သမိုင်းမှာတောင် မကြားဘူးခဲ့တဲ့ ရဲဘော်ရဲဘက် အချင်းချင်းကို ခေါင်းဖြတ်၊ အမေနှစ်မ ကိုယ်ချင်း မစာနာစွာနဲ့ ရဲမေတွေကို အ၀တ်ချွတ်၊ မိန်းမအင်္ဂါထဲ ရှာဖွေတာကိုလုပ်ခဲ့တာ၊ electric shock ပေးတာ၊ သေသည် အထိ (နံချုပ်ကုနဲ့) ရိုက်နှက် ခဲ့တာနဲ့ စာရင်၊ အပေါ်မှာပြောခဲ့တဲ့ ဆန်ပြုတ်စားပြီး တော်လှန်ရေးအတွက် အနှစ်နာခံတာတွေဟာ ဘာမှမဟုတ်ပါ။ အကယ်၍ အထက်ပါခေါင်းဆောင်များက ရဲဘော် ရဲဘက်အချင်းချင်း မနှိပ်စက်ခဲ့ပဲ၊ ရဲဘော်တွေနဲ့အတူ စားအတူတူ၊ ငတ်အတူတူ၊ သေအတူတူ ဆိုပြီး တော်လှန်ရေးကို ဦးဆောင်ခဲ့တယ် ဆိုပါက၊ (အများက မသတ်မှတ်တောင်) ကျွန်တော်အနေနဲ့ သူတို့ကို သေသည်အထိ လေးစားသွားမှာပါ။ ဒါပေမဲ့ အေဘီမြောက်ပိုင်းရဲ့ ခေါင်းဆောင်တွေက အဲဒီလိုမဟုတ်တဲ့ အတွက် ရွံရှာတယ်။ Reply စာဖတ်သူ March 30, 2012 သူဘာတွေပြောနေတာလဲ။ သူရဲကောင်းတွေရှိသေးတဲ့အကြောင်း ထုတ်ဖော်ပြနေတာလား။ Reply moe aung March 30, 2012 ဟုတ်ပါ့ ခင်ရွေလှိုင်ရေ။ မင်းရဲ. ကိုကြီးတွေက တကယ့်မဟာ သူရဲကေါင်းကြီးတွေပါလား။ ကိုယ်လဲမင်းရေးတဲ့စာ ဖတ်တော့မှ သတိထားမိတော့တယ်။ ကိုယ့်ရဲ.အတွင်းခံလေးပျောက်သွားတာ စပိုင်တွေကြောင့်ဖြစ်ရမယ်ဆိုတာကို။ ၁၀ မိနစ်လောက်လမ်းလျှောက်ပြီး ဖွက်ထားတဲ့ဆန်ကို သွားယူရတယ်ဆိုတာ တော်တော်ကို စွန်.စားခန်းကြီပါလား။ ကိုယ်တို.တွေက ဖြတ်လေးဖြတ်နယ်မြေထဲမှာ တောင်အဆင်း ၂ နာရီခွဲခရီးသွားပြီး ဆန်ဝယ်တာတောင် မရခဲ့ဘူး။ မင်းတို.ငတ်တာထက်စာရင် ပိုငတ်ခဲ့တယ်။ ရက်ပေါင်းများစွာ ငတ်ခဲ့တာ။ စားလိုက်ရ မစားလိုက်ရနဲ.၊ တောထဲမှာ ရန်သူကိုတိုက်ရင်း အသက်ပေးသွားတဲ့ ရဲဘော်တွေကို လေးစားတယ်။ အမြဲတမ်းအလေးပြုနေမယ် (လူသတ်သမားမျိုးဝင်းမပါ)။ အချင်းချင်း လူမဆန်စွာနှိပ်စက်သတ်ဖြတ်ခဲ့တဲ့သူတွေဖြစ်တဲ့ သံချောင်းလို လူုသတ်သမားကို နိုင်ငံရေးအကျဉ်းသား အဖြစ်က ပယ်ဖျက်ပေးဖို.တောင်းဆိုတာ ကိုယ်ပါတယ်။ တပြားဖိုးလောက်ယောင်ခဲ့ပြီး တသိန်းဖိုးလောက်လုပ်ခဲ့သလို ကြွေးကြော်နေတဲ့ အချောင်သမားမဟုတ်ဘူး။ မင်းလိုမျိုးဒူးထောက်အညံ့ခံပြီးမှ အဖွဲ.အစည်းကို ချစ်ပြနေတဲ့သူမျိုးကိုလဲ ရွံတယ်။ Reply ငကြောက် March 30, 2012 ဒေါ်ခင်ရွှေလှိုင် ဆိုလိုတာက ကိုမျိုးဝင်း၊ကိုသံချောင်း၊လှဆိုင်း တို့ရဲ့ တော်လှန်ရေးပေါ် အနစ်နာခံမှုတွေ ဒုက္ခခံဖူးတဲ့သူတွေက သံသယရှိတာနဲ့  လူတွေကို ကျော်မကောင်းကြားမကောင်း ပြန်နားထောင်လို့  မှမကောင်းအောင် နှိပ်စက်သတ်ဖြတ်ခွင့်ရှိသတဲ့လားဗျာ။ ဒီလိုဆိုရင်တော့ ခင်ဗျားသဘောမကျတဲ့ (ဒါမှမဟုတ် ကြိတ်ပြီးသဘောကျနေတဲ့) စစ်ဗိုလ်ချုပ်တွေ ပြောပြာနေတဲ့ “ငါတို့ က အသက်သွေးနဲ့  ရင်းပြီး တိုင်းပြည်အတွက် ပေးဆပ် လာတာ အဲဒီ့မိန်းမက တိုင်းပြည်အတွက် မျက်တပင်တောင် နှုတ်ပေးဖူးလို့ လား” ဆိုတဲ့ စကားလုံးနဲ့ ဘာများကွာတော့လို့ လဲဗျာ။ ခင်ဗျားတို့ အာဏာသာရရင် ခင်ဗျားကတော့ ဒေါ်ကြိုင်ကြိုင် ထက်ယုတ်မာမဲ့ ပုံပဲ။ ဘုရား ဘုရား ကျနော် ABSDF ကိုကျနော့်လခလှူဘူးတယ်ဗျ ၊ အဲဒီပိုက်ဆံက ကျနော့်လက်မှာ ကပ်ချည်မယ့် ယမ်းဖိုးမဖြစ်ပါစေနဲ့ ။ ခင်ဗျားဒီစာရေးတဲ့အချိန်မှာ ABSDF ဥက္ကဋ္ဌ ရဲ့ ဇနီးဖြစ်နေတော့ ဒီစာဟာ တဦးတယောက်ရဲ့ ခံယုချက်လား အဖွဲ့  အစည်းရဲ့ ခံယူချက်လားဆိုတာ ခွဲရခက်တယ်ဗျ။ Reply မင်းသစ် March 30, 2012 ဒေါ်ခင်ရွှေလှိုင်ပြောမှဘဲကျနော်လဲ ကျနော်တို့ရပ်ကွက် ထဲက မိသားစုတခုကိုသွားသတိရတယ်။ မိသားစုစုစု ပေါင်းငါးယောက်ရှိတယ်။ သားသမီးသုံးယောက်ပေါ့ဗျာ။ အဖေလုပ်သူက အရက်သောက်၊ ဖဲရိုက်၊ ဖါပွေတယ်။ ဒါပေမဲ့သားသမီးတွေမိန်းမတွေကိုတော့လဲချစ်တယ်။ ထမင်းဆိုသားသမီးတွေစားပြီးမှစားတယ်။ မလောက်မှာ စိုးလို့တဲ့။ တနေ့တော့ သားအကြီးဆုံးကအဖေအရက် သောက်၊ ဖဲရိုက်၊ ဖါတွေနဲ့အိပ်လုပ်နေတာမကောင်းဘူး။ သားတို့သိက္ခါကျတယ်၊ သားတို့မိသားစုသုံးဖို့ပိုက်ဆံ ကုန်ကုန်တယ်လို့ ပြောမိလို့ ရိုက်လိုက်တာဗျာ။ ကလေးမှာ ဆေးရုံကိုတင်ယူရတယ်။ မသေယုံတမယ်ဘဲ။ ကျန်တဲ့သားသမီးတွေကလဲ သူတို့ကိုလိုချင်တာလေးတွေငမြောက်ငခြောက်ဝယ် ပေးထားတဲ့အဖေကိုဝေဖန်တဲ့သားကို မကြေနပ်ကြ ဘူးတဲ့။ အရိုက်ခံရတာတောင် နဲသေးတယ်ဆိုဘဲ။ Reply ကျော် March 30, 2012 မခင်ရွှေလှိုင် ။။ ဆောင်းပါးကိုပြန်တည့်ဖို့ လိုနေပြီ ။ Reply အမည်မသိလူ March 30, 2012 အရင်ချိန်က မြောက်ပိုင်းကျောင်းသားသတ်မတော် ခေါင်းဆောင်တွေကို လေးစားလောက်ပါတယ်….လေးစားပါတယ်။ မိုးညှင်းသားပါ…အောင်သပြေမှာနေခဲ့တယ်…ကြုံဖူးတဲ့ အစ်ကိုတွေမေးတိုင်း မမေးပါနဲ့ကွာတဲ့…ပြန်မပြောချင်တော့ဘူးတဲ့…ဘာလို့လဲဆိုတာ အရွယ်ရောက်ချိန် ထမင်းစားတဲ့လူတိုင်း သိလောက်ပါပြီး။ Reply ပေါက်စ March 30, 2012 ဆက်ရေးပါ။ အားပေးပါသည်။ အခုမှပဲ ဘက်ပေါင်းစုံ ကနားထောင်ပြီးတဖြည်းဖြည်းဇတ်ရည်လည် လာတယ်။ Reply yetkha March 31, 2012 အခုမှစာ၇င်းပြုစုတုန်းလားကွယ်… အနှစ် ၂၀ လောက်ကြာတာတောင်မပြီးသေးဘူးဆိုတော. နာမည်စာ၇င်းတော်တော်၇ှည်မယ်ထင်တယ်..ကွန်မန်.ပေးတဲ.လူတွေစာ၇င်းပါထည်.တွက်နေတာလားမသိဘူး..ဟီးဟီး ကြက်သီးထလိုက်တာ..ကိုယ်တုံလုံးနဲ. အနှိပ်စက်ခံ၇မယ်ဆို၇င်တော. second world war မတိုင်ခင်က နာဇီက ဂျူးတွေကို နှိပ်စက်တဲ. အကြောင်း၇ိုက်ထားတဲ.ဇာတ်ကားထဲကလိုများဖြစ်နေမလား..ကျောချမ်းလိုက်တာ..ဟီး..ဟီး.. ကျတော်က မြန်မာစာသိပ်မတက်လို.လားမသိဘူး ဖတ်၇တာဘာကိုဆိုလိုမှန်း၇ှင်း၇ှင်းလင်းလင်းကိုမသိ၇ဘူး…ခေတ်သစ်စကားပြေေ၇းနည်းထင်တယ်.. ၇ှင်းပြချင်လွန်းအားကြီးတော. ၇ှူပ်သွားတာနေမယ်ထင်တယ်… Reply မယုံဘူး March 31, 2012 ဪတလောကလုံးက သူတို့ ပါလို့ပြောနေတာတောင်မှ၊ အတင်းကြီးမဟုတ်ပါဘူးလုပ်နေတယ်။ ခင်ရွှေလှိုင် ကိုသေသွားတဲ့လူတွေလာခြောက်လေ့မယ်။ သမိုင်းကိုကြည့်ပြီး သင်ခမ်းစာယူ စမ်းပါ။ ယခင်သမိုင်းမှာ မဟုတ်တာလုပ်ခဲ့လို့ အပုပ်တွေပေါ်နေပြီ၊ လိုက်ဖုံးလို့ရော ဘယ်လောက်ကြာကြာ ရမှာလဲ။ အရှက်မရှိ ဖုံးလေပေါ်လေ၊ ပေါ်လေဖုံးလေ၊ လက်ရှိအစိုးရနဲ့ ထူးမခြားနားဘဲ။ နိုင်ငံရေးသမားလို့မပြောနဲ့ဟေ့ ရှက်ဖို့ကောင်းတယ်။ သူများလှူတာတွေနဲ့ အရက်တွေသောက် ထိုင်းမှာပျော်ခြင်သလိုပျော်နေပြီး အခုမှ။ အစိုင်လမ် ဇတ်လမ်းတွေ ရောင်း နိုင်ငံရေးကို ခုတုံးလုပ်ပြီး တဦးတယောက်ကောင်းစားဖို့ အတွက်ပဲမဟုတ်လား။ နာဇီ ဇတ်လန်းတွေတောင် ဒီနေ့အထိမပြီးသေးဘူး။ မင်းတို့ဇတ်လန်း ရောလွယ်လွယ်နဲ့ပြီးမယ်ထင်လို့လား။ မင်းတို့တွေ ရှက်တတ်ရင် မြန်မာပြည်တောင်ပြန်မလာသင့်ဘူး။ Reply tartay March 31, 2012 စိတ်ဝင်စားလွန်းလို့ လက်လှမ်းမိသလောက်ဆက်တိုက် ဖတ်ပြီး ကိုယ်ညာဏ်မီသလောက်လေ့လာသုံးသပ်နေပါ တယ်..ကွန့်မန့်ရေးသူများကလည်း နံမည်အစစ်အမှန်နဲ့ သို့…ဓါတ်ပုံအစစ်အမှန်တင်ပြီးရေးစေ့ချင်ပါတယ်.ပါဝင် ခဲ့သူများကိုဆိုလိုတာပါ…အဖြစ်အပျက်မှာမပါဝင်ခဲ့သူများ ကတော့ အစစ်အမှန်ဓါတ်ပုံနဲ့.နံမည်ဖေါ်ပြစ၇ာမလိုပါဘူး အားလုံးကဒီမိုကရေစီကိုလိုချင်လို့တိုင်းပြည်ကောင်းစေ ချင်လွန်းလို့ လက်နက်ကိုင်လမ်းစဉ်ကိုယုံကြည်လို့လက် နက်ကိုင်ပြီးတော်လှန်ခဲ့ကြတာပါဆိုတာယုံပြီးသားပါ. အခုဖြစ်နေတဲ့ဖြစ်ရပ်မှာအထက်ကတင်ပြခဲ့သလိုဓါတ်ပုံနဲ့ နံမည်အမှန်နဲ့ ရေးကြပါလို့ တိုက်တွန်းချင်ပါတယ် Reply U tint March 31, 2012 မခင်ရွှေလှိုင် ရေ ဒီ အလိမ်အညာ ဇာတ်လမ်းကြီးကို ဆက်ပြီးမရေးပါနဲပါတော့ဗျာ – — လူတိုင်း ခင်ဗျား ဘာပြောပြောမယုံတော့ဘူးဆိုတာ ခင်ဗျားနားလည်သင့်ပြီ။ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖို့ ထက်မကြိုးစားပါနဲပါတော့– ဒီလို လူမဆန် ရက်စက်မှုတွေကို ခင်ဗျား ဆောင်းပါးလေးတစ်ခုနဲ့ ဖုံးကွယ် နိုင်လိမ့်မယ်လို့ ခင်ဗျားမျှော်လင့်သလား– Reply အလည်ပိုင်း March 31, 2012 ခင်ရွှေလှိုင်ပြန်ပြောတာတွေကို သဘောမတူပါဘူး။ ဒါပေမယ့် နအဖ က လုပ်ခဲ့တဲ့ ရန်သူမဟုတ်တဲ့ပြည်သူလူထု တောနေတောင်သူတွေကို တပ်ဖွဲ့ လိုက်မုဒိန်းကျင့်သတ်၊ မိန်းမအင်္ဂါကို နှစ်ချောင်းပြူးထည့် ၊ ယောက်ျား ကို ရင်ခွဲပြီး တရွာလုံးရှေ့ မှာ အသည်းထုတ်ကြော်ပြတာတွေက ခွင့်လွှတ်စရာတွေမဟုတ်သလို ခု လို သတ်ခဲ့တာတွေကလဲ ခွင့်လွှတ်စရာမဟုတ်ဘူး။ ခင်ရွှေလှိုင် ခင်ဗျားပြောခဲ့သလို ကျုပ်တို့ လဲ သံချောင်းတို့ လိုပဲ တောထဲမှာ ငတ်ခဲ့တိုက်ခဲ့သူတွေပါပဲ ၊ မ.က.ဒ.တ က ရဲဘော်ပါပဲ ။ ကျုပ်တို့ ကတော့ ကျောင်းသားတပ်မတော် မိုးသီးဘက်ခြမ်းကဖြစ်တယ် ။ ဒါပေမယ့်ကျောင်းသားတပ်မတော်ဆိုတာနဲ့ကျုပ်တို့ ပါရောခံရတာပဲ။ Reply ကိုကိုဇော် March 31, 2012 ဒီလိုတွေရှင်းမနေပါနဲ့။ ကိုယ့်ကိုယ်ကို လိပ်ပြာသန့်တယ် ထင်ရင် မြန်မာပြည်ကိုအခုပြန်ပါ။ နိုင်ငံတော်အစိုးရက လည်းဖိတ်ခေါ်ထားပြီးပြီပဲလေ။ စုံးစမ်းစစ်ဆေးပါ။ အစိုးရ နှင့်ပူးပေါင်းပြီး လူသတ်တရားခံအစစ်အမှန်ကို ဖေါ်ထုတ်နိုင်ပါတယ်။ နိုင်ငံမျိုးစုံရောက် သက်သေတွေ၊ တရားခံတွေကို သက်ဆိုင်ရာနိုင်ငံတွေကတဆင့် ဆင့်ခေါ်နိုင်တာ ပြည် ထောင်စုမြန်မာနိုင်ငံတော်အစိုးရကသာလျှင် လုပ်နိုင်မှာပါ။ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဌာန၊ ကာကွယ်ရေးရုံး၊ တရားလွှတ်တော်ချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ ခင်ဗျားတို့လျှောက်ပြောသလို သူလျှိုတော့မဖြစ်နိုင်ပါဘူး။ ခင်ဗျားတို့ဘာသာခင်ဗျား တို့အာဏာလုကြတာပါ။ သူလျှိုဖြစ်ဦး အခုလို မသတ်ဖြတ်သင့်ပါ။ ခင်ဗျားတို့က ကျောင်းသားတွေလေ၊ ဒမြတွေမှမဟုတ်ဘဲ။ လူသတ်မှုကလူသတ်မှုဘဲလေ။ လူသတ်မှုတောင် တင်ကူးကြံရွယ်ပြီးသတ်တဲ့ လူသတ်မှုပါ။ Reply ko gyi March 31, 2012 သေနတ် သေနတ် ချင်းပစ်တာဘဲဗျာ လှမ်းလျှောက်နေတာကိုသေနတ်နဲ့ပစ်ခံရတာထက်တော့သာပါတယ် ကြားဖြတ်ဘဲတိုက်တိုက် တောင်ကုန်း၁၀၀၀ဘဲတက်တက် ပြန်ချဖို့သေနတ်တော့ရှိသေးတာဘဲ ပြန်ချခွင့်ရသေးတယ် အဖမ်းခံရတဲ့သူတွေသာ အချုပ်(ထောင်)ထဲလဲထည့်ထားသေး လက်ထိပ်(ကြိုး)လဲတုတ်ထားသေး ဘာမှပြန်မလုပ်နိုင်တဲ့သူကို လုပ်ရဲတဲ့သတ္တိကိုပြောနေတာ ……စစ်တိုက်တိုင်းလေးစားရမယ်ဆိုရင် မဆလ နဝတ နအဖ စစ်သားတွေလဲ ဒီထက်မကဆင်းရဲတာတွေ အပုံကြီးပါ ကြည့်လဲလုပ်ပါဦး ရန်သူတောင်ခေါင်းဖြတ်သတ်ခဲ့တယ်မကြားမိဘူးထင်တာဘဲ…..ရန်သူတဲ့ဆိုးတဲ့ လူယုတ်မာတွေဘဲလုပ်ခဲ့တာ ..ဆန်ပြုတ်စားတာနဲ့ ခေါင်းဖြတ်သတ်တာနဲ့လာချေနေသေးတယ် အေဘီသမိုင်းကရှိပြီးသားပါ(အာဏာရှုးများမပါ)မခင်ရွှေလှိုင် အခုဘယ်မှာနေတယ် ဘာလုပ်နေတယ်ပြောပါဦး တွေ့ချင်လို့ပါ…… Reply မန္တလေးသူ March 31, 2012 ခင်ရွှေလှိုင်က မန္တလေးသူဟုတ်ရဲ့လားဗျာ။ အရမ်းရိုင်းတယ်။ အရမ်းကိုယ်ရည်သွေးတယ်။ ပြီးတော့ ရီရတယ်ဗျာ Reply Lin March 31, 2012 That article is only anti-attach from Aung Naing. Take care, she has co-operated with him. Lin Reply စိုးမြင့် March 31, 2012 မခင်ရွှေလှိုင်ရဲ့ ဆောင်းပါးတွေကို ဒီ အပိုင်း ၃ အထိ ဂရုတစိုက် ဖတ်လာခဲ့တယ်၊ ပြောရရင် အပိုင်း ၃ သာ ရောက်လာတယ်၊ မြောက်ပိုင်း အေဘီခေါင်းဆောင် တွေရဲ့ သိက္ခာဆယ်ဖို့ ကြိုးစား နေတာကနေ မတက်သေးဘူး၊ ဒီ အပိုင်း ၃ မှာလည်း ဒီအတိုင်းပဲ၊ ဒီလူတွေကို သိဒ္ဓိတင်ဖို့ ဒီလောက် လက်ညောင်းခံပြီး ရိုက်နေစရာ မလိုပါဘူးဗျာ၊ သူတို့တွေလည်း အတိုင်းအတာ တစ်ခုအထိ အနစ်နာ ခံခဲ့တာ ကျနော်တို့ ယုံကြည်ပြီးသားပါ၊ ခေါင်းဆောင်တွေ ဖြစ်ခဲ့တယ်ဆိုတာ အကြောင်းမဲ့မှ မဟုတ်ဘဲ၊ ငယ်သားရဲဘော်တွေကို ညှာတာတယ် ဆိုတာလည်း ယုံတယ်၊ ဥပမာတွေ ထပ်မပေးနဲ့တော့၊ မြောက်ပိုင်းကို သူလျှို အစစ်တွေ ရောက်လာခဲ့တယ် ဆိုတာလည်း ယုံတာပဲ၊ ၅ ယောက်ဆိုလည်း ယုံသလို အယောက် ၅၀ ဆိုလည်း ယုံတယ်၊ အခု လူတွေ အားလုံးက (အော့နှလုံး နာနာနဲ့) သိချင်နေကြတာက (၁) ဒီလူတွေ ဘာဖြစ်လို့ အဲဒီလို လူစိတ်ကင်းမဲ့တဲ့ နည်းတွေနဲ့ သတ်ရတာလဲ? (၂) အေဘီဥပဒေမှာ သူလျှိုဆိုရင် ခေါင်းသာဖြတ်ဟေ့ လို့ တကယ်ပဲ ရေးဆွဲထား တာလား? (၃) စစ်အစိုးရရဲ့ ကောက်ကျစ်၊ ရက်စက်မှုတွေကို ရွံလို့ သေနတ်ကိုင် တိုက်တဲ့ လူတွေက ဘာဖြစ်လို့ စစ်အစိုးရ ထက်တောင်မှ ပိုပြီး ရက်စက်၊ ကောက်ကျစ်၊ လူမဆန်တဲ့ နည်းတွေနဲ့ နှိပ်စက်ရတာလဲ? အချုပ်အနေနဲ့ ထပ်ပြောမယ်၊ သူလျှိုတွေ ရှိခဲ့တယ် ဆိုတာကို ယုံတယ်၊ အဲဒီလို သူလျှိုလို့ ယူဆခံရသူတွေကို ခေါင်းဖြတ်သတ်တဲ့ အထိဖြစ်သွားအောင် ရဲဘော်၊ ရဲမေတွေ အပေါ် လူသားချင်း စာနာထောက်ထားတတ်တဲ့ ခေါင်းဆောင်ကြီး တွေကို ဘယ်အရာတွေက တွန်းပို့ခဲ့သလဲ ဆိုတာပဲ သိချင်တာ..။ Replyုလူဝ March 31, 2012 မလှိုင်ရေ။စိတ်ဝင်စားစ၇ာကောင်းတဲ့ရေးသားမှုတွေအတွက်ကြိုဆိုပါတယ်။မလှိုင်လည်းစာရေးစရာမဟုတ်တဲ့အ တွက်ရေးသားချက်များမှာလိုအပ်ချက်များရှိမှာပါပဲ။ ကျနော့်အနေနဲ့အကြံပေးချင်တာကမလှိုင်ရဲ့စာထဲမှာ ခိုင်လုံတဲ့အချက်အလက်တွေများများပါဘို့ပါပဲ။ ဒီမြောက်ပိုင်းအရေးကိုအင်တာနက်ပေါ်မှာစတွေ့က တည်းကစိတ်ဝင်တစားနဲ့ရေးသမျှအားလုံးကိုဖတ်ဖြစ်ပါ တယ်။ကျနော်နောက်ဆုံးသိချင်တာကအချုပ်ထောင်က နေလူသုံးဆယ်ထွက်ပြေးလွတ်မြောက်သွားတဲ့အကြောင်းပါ။ရမ်ဘိုရုပ်ရှင်မဟုတ်တဲ့အတွက်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုရဲ့ဗဟိုကနေလူသုံးဆယ်ထွက်ပြေးဘို့ဆိုတာအနည်းဆုံးကေအိုင်ကေရဲ့သဘောတူညီချက်ရှိရမယ်ဆိုတာကျောင်းသားတပ်မတော်တပ်မှုးဟောင်း တစ်ယောက်အနေနဲ့ကျနော်နားလည်ပါတယ်။ သို့သော်လည်းအစောင့်ကျတဲ့ရဲဘော်ကိုကွက်မျက်ခဲ့တယ်လို့လည်းစာတွေကဆိုပါတယ်။ အဲဒိအချက်ကိုရှင်လင်းအောင်ရေးသာပေးဘို့တောင်ဆိုပါတယ်။ Reply Name (required) March 31, 2012 တို့တွေဟာ အဲဒီအချိန်တုန်းက တော်လှန်ရေးလုပ်နေကြတာပါ ။ဆွေမျိုး စပ်နေကြတာမဟုတ်ဘူး။ Reply mg thant March 31, 2012 ဟား..ဟား..ခင်ဆွေလှိုင်နင်တို့က..နအဖ လေသံပါလာ;?ငါတို့အနစ်နာခံခဲ့ရတယ်..ဒီလောက်တော့မှားမှာပေါ့ဆို.. ဆိုတဲ့..လေသံပါလား အော်လူတွေကလက်နက်လက်ထဲ ရောက်သွားရင် အတူတူပါပဲလား?နိုင်ငံခြားမှာအခွင့်ထူး ခံတွေမသိဘူး ဟုတ်လား ငါတို့လူမသတ်ဘူးခင်ဆွေ လှိုင် နင်တို့ကော နင်တို့စိတ်နဲ့ နင်တို့လာတပဲမို့ နင်လဲ န.အ.ဖ စိတ်ဓာတ်နဲ့ တတန်းထဲပဲ နင်ဆီကစကားသံတွေ ကြားရတာ ကြံ့ဖွတ်က ဌေးဦးရဲပ လေသံတွေအတိုင်ပဲ လက်နှက်ကိုင်ရေးလမ်းစဉ်ကိုဘယ်လိုယု့ရတော့မှာလဲ ဂျပန်ကိုတော်လှန်တော့ နေ၀င်းလို လူပေါ်လာတယ် နင်တို့လက်နက်ကိုင်တော်လှန်ရးနဲ့ တော်လှန်ရေးကြီး အောင်မြင်တယ်တယ်ဆိုရင်တောင် နေ၀င်းလို နအဖ စိတ်ဓာတ်နဲ့ နင်လိုမိန်းမတွေပေါ်လာဦးမှာပဲ လက်နှက်ကိုင်တော်လှန်ရေးမှာ တကယ် စိတ်ဓာတ် မှန်ကန်တဲ့သူတွေဟာ ကျဆုံးကျန်၇စ်ခဲ့ပြီ လူယုတ်မာ တွေပဲ ကြီးစိုးခဲ့တယ်ဆိုတဲ့ သာဓကတွေကလဲ၇ှိခဲ့ တယ် အနီစပ်ဆုံး ရဲဘော်သုံးချိတ်ပဲကြည့်ပါ အဖိနှိပ်ခံ ပြည်သူတွေကိုစာနာလို့ တော်လှန်ရေးလုပ်တဲ့သူနဲ့ သူတို့ဖိနှိပ်တာကိုမခံနိုင်လို့ ငါတို့လဲဒီအခွင့်အရေးမရ လို့တော်လှန်တဲ့ ရေရှည်မှာ ဘွာဘွာကြီး အစွယ်တွေ ပြူးလာလာတာပါပဲ တော်လှန်ရေးသမာအမည်ခံ နအဖစိတ်ဓာတ်နဲ့ ခင်ဆွေလှိုင်ရေ့..

No comments: