Tuesday, April 3, 2012

ရွေးကောက်ပွဲ






After half has English version





လက်တွေ့ အကောင်အထည်ဖေါ်ရတော့မယ် ။
ရှေ့ ဆက်ရမဲ့ ခရီးလမ်းမှာ ဆူးကြမ်းဆိုတဲ့  အချုပ်အခြာခိုင်မြဲရေး အသံလွင့်
လူကြမ်းစိတ်ကြမ်း သေနပ်ကိုင် ဥိးခေါင်းအခွံတွေနဲ့ လူတွေ 
ဝိုင်းဝန်း ကူညီကြဖို့ ပြင်ဆင်ထားကြပါ






ကော့မှုးမြို့ နယ် ကြံ့ ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာ စိုးမင်း( ဒုဗိုလ်မှုးကြီးဟောင်း) က လူထုက ပြောင်းလဲခြင်း( ???? ) ကို လိုလားနေတယ် ။ ကြံ့ ဖွတ်အနေဖြင့် အချုပ်အခြာအာဏာတည်မြဲရေးကို( တရုပ်လိုချင်သမျှ ရတဲ့ဈေးနဲ့ ရောင်း ။ ကုလားကြိုက်တာတွေ တလခါးဖွင့်ပေးထား ။ လူငသယ်လူရွယ် ၂ သန်းလောက် ထိုင်းမှာ ကျွန်လုပ်ခိုင်း စတဲ့ အိမ်နီးခြင်းပြေလည်ရေးမူး ) ကာတာကိုး ။ လူထုက စီးပွားရေး ပြသနာကို ဖြေရှင်းနေပုံရတယ် ။( ၁၉၆၂ ကထဲက ဓါးပြ အသွင်ပြောင်းတွေကို စောင့်နေတာ ) We are soldier. We don't beleived any one. တစက္ကန့် အတွင်း ရန်သူဖြစ်နိုင်သလို မိတ်ဆွေလည်းဖြစ်နိုင်တယ် ။( ကြံ့ ဖွတ်တဲ့ ခိုင်မာတဲ့ ယုံကြည်ချက် ) ။ ပြည်သူလူထုဆိုတာ တပ်မတော်က အကာအကွယ်ပေးနေရတဲ့ သနားစရာ သတ္တဝါ အဖြစ် ကြံ့ ဖွတ်တွေက မြင်နေပါတယ် ။တရုပ် ကုလား နိုင်ငံသားတွေ ယူထားတဲ့ မြန်မာပြည်ထဲက ဈေးကွက်ကို အနောက်နိုင်ငံသားတွေ စီးပွားရေးက တဆင့်နေရာ ဝင်လာရင် တချိန်မှာ နိုင်ငံတော် အာဏာ အုပ်ချုပ်ရေးကို ထိပါးလာမယ် ။ ကုလသမဂ္ဂမှာ မဲခွဲရင် တရုပ်က လက်ပိုက်ကြည့်နေမဲ့  ပြသနာတွေ ဖြစ်လာမယ် ။ ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံသူ ၅ သောင်း ၆ထောင် ရှိနေပြီး ၂ လကျော် လူထု အတွက် လိုအပ်တာတွေ ဖြည့်စည်းပေးခဲ့တဲ့ ဒေါက်တာ စိုးမင်း( ဒုဗိုလ်မှုးကြီးဟောင်း) က ၉ထောင်ကျော်ဘဲ ရပါတယ် ။( ရွာတန်းရှည်နဲ့ သမိန်ရွာ မှာတော့ ဒေါ်အောင်ဆန်းစုကြည် ရှုံးနှိမ့်ခဲ့ပါတယ်) ။ ကော့မှုးအမည်ရ ဆင်းရဲလှတဲ့ သမီးပျိုလေး သူယုံကြည် စိတ်ချရတဲ့ သူနဲ့ အိမ်ထောင်ပြုသွားပါတယ် ။ ဒေါက်တာ စိုးမင်း( ဒုဗိုလ်မှုးကြီးဟောင်း) က သူ့ ရဲ့  သမီးပျိုလေးကို စိတ်ချမ်းသာအောင် ထားပါတဲ့ ( NLD တွေ ကော့မှုးက ကြံ့ ဖွတ် အဖေကြီးကတော့ သမီးလေးကို ဗန်းပြပြီး ဆော်တော့မယ့် အသံတွေထွက်လာပြီ ။)(၃ ဧပြီလ နံနက်ပိုင်း ၁၅း၃၃ မှစနားထောင်ပါ )
 http://www.bbc.co.uk/burmese/includes/1024/screen/audio_console.shtml?programme=dawn
ဧပြီလ ၁ ရက်နေ့ ရွေးကောက်ပွဲက တပ်မတော်သားဟောင်းများနဲ့  
လက်ရှိ တပ်မတော်သားတွေ အနေဖြင့် တိုင်းပြည် ကာကွယ်ရေး တာဝန်ကို
 ကျေပြွန်စေရန် လိုလားကြောင်း ဆန္ဒပြသလိုက်သည် ။
 လူထု စားဝတ်နေရေးနှင့် လူထု ပိုင်ဆိုင်သော
 ဥစ္စာဓန ရေမြေတောတောင် သယံဇာတ များကို လူထုကိုယ်စားလှယ်များမှ
 တဆင့် စီမံခန့် ခွဲလိုသော ဆန္ဒရှိနေသည် ။
 တိုင်းရင်းသား ပြည်သူလူထု၏ နေ့ စဉ်ဘဝများနှင့် ဘိုးဘွား ပိုင်ဆိုင်မှုများကို
 နေပြည်တော်က လက်တစုတ်စာ တပ်မတော် အကြီးအကဲများ၏ 
စီမံမှုအတိုင်း လုက်နာနေသော တပ်မတော်သည်
 တိုင်းရင်းသား လုပ်သားပြည်သူများ၏ ဘိုးဘွားပိုင်များကို
 ခြိမ်းခြောက် လုယက် နေသော ဒါးပြများ ဖြစ်တော့မည် ။ 

သင်တို့ ၏ သားစဉ်မြေးဆက် ချမ်းသာရေးအစီအစဉ်သည် 
လူထု၏ တံထွေးခွက်ထဲ ပက်လက်မျောတော့မည် ။

ရွေးကောက်ပွဲမှ လူထု ဆန္ဒ အစစ်အမှန်ဖြင့် တက်လာမည့် 
လုထု ကိုယ်စားလှယ် ၄၄ ဦးကို ဦးဆောင်နေရာမှ ထားရှိပြီး 
၂၀၁၅ တွင် လူထု ကိုယ်စားများစစ်စစ် အားလုံးပါဝင်နိုင်သော 
လွတ်တော်ကြီး ဖြစ်လာအောင် တပ်မတော်ကိုယ်စားလှယ်များ ကြိုးစားသင့်သည် ။

No comments: