Thursday, April 12, 2012

 ” နှိပ်စက်တာ မခံနိုင်လို့ စစ်ထောက်လှမ်းရေးပါလို့ ပြောလိုက်ရသူတဦး၏ လောကငရဲအကြောင်း”

အမှတ်တရ ကဏ္ဍ  ” နှိပ်စက်တာ မခံနိုင်လို့ စစ်ထောက်လှမ်းရေးပါလို့ ပြောလိုက်ရသူတဦး၏ လောကငရဲအကြောင်း” (ကိုယ်တွေ့ကြုံ မကဒတ မြောက်ပိုင်း ရဲဘော်ဟောင်းတဦး) apr10,12 ကျနော့်ကို ၁၉၉၁ခု-နိုဝင်ဘာလလယ်မှာ SIO ထောက်လှမ်းရေးက-သံလိုင်ကတောင် (လိုင်စင်နဲ့ တဂိတ်ကျော်)လမ်းမှာ- ကျော်ထင်ဦ၊းမောင်ထွေး၊ဖိုးနှောင်း၊သက်နှင်းတို့ က မူးမူးနဲ့ -အတင်း ၀င်ဖမ်းပါတယ်။ကျော်ထင်ဦး အဓိကပါ။ လက်သီးနဲ့ ထိုး -လက်မ လက်ထိပ်ခတ်ပါတယ်။ ကျနော်တို့ လိုင်စင် စခန်းဂိတ်တဲ အရောက် မီးပုံက ထင်းမီးစနဲ့ မျက်နှာကို ရိုက် ...မီးစနဲ့ ထိုးပြီး- လမ်းတောက်လျှောက် ဆဲဆိုရိုက်နှက်လာပါတယ်။စခန်းမှူး အောင်ရဲစိုး(အရာခံဗိုလ်)က လှမ်းဟောက်လိုက်ပါတယ်။နောက် ထောက်လှမ်းရေးတဲကို အရောက်မှာ-သရေနံပါတ်ဒုတ်နဲ့ မျက်နှာနဲ့ခန္ဓာကိုယ်အနှံ့ ကို ရိုက်ပြီး-မင်အိုး ၂အိုးနဲ့ရိုက်ခွဲပါတယ်။ ကျနော့ တကိုယ်လုံး မင်တွေကော-သွေးတွေကော ရောကုန်ပါတယ်၊။ နောက် စစ်ရုံး အခန်းထဲ ခေါ်သွားပြီး လက်နောက်ပြန်ကြိုးတုပ်ပြီး-ကြသောင်းဝါးအချောင်း ၂၀လောက် ပုံထားပြီး-ခြေထောက်၂ချောင်းကို မေးလိုက် ရိုက်လိုက်-လုပ်လိုက်တာ ၀ါးချောင်းတွေဟာ ယင်လှန့် တဲ့ ယပ်လို ဖြစ်သွားပါတယ်။ ကျနော်က ထောက်လှမ်းရေးလို့ ဝန် မခံပါ၊။ခန္ဓာကိုယ်တခုလုံးက စုတ်ပြတ်နေပါပြီ။ ”နောက်ထပ် စစ်မယ်”ပြောပြီး-အချုပ်ဆောင်ကို ခေါ်သွားပါတယ်။ အချုပ် အဆောင်ဝမှာ လုံခြုံရေးတပ်စိတ်က ”လကော်”လို့ ခေါ်တဲ့ အ၀တ်လှော်ဒုတ်ထက် ၅ဆလောက်ကြီးတဲ့ဒုတ်တွေနဲ့ဆီးရိုက်ကြပါတယ်။ဘယ်နှစ်ချက်မှန်း မသိပါ။ ”အဲ့ဒါ အချုပ်ဝင်ကြေး...” တဲ့။ အချုပ်အဆောင်ထဲရောက်တော့-တန်းစီး ဘာဘူ(ခ)၀င်းမြင့် အပါအ၀င် ၅ယောက်က ထောင် စည်းကမ်း တွေ ပြောလိုက်-ရိုက်လိုက်ပါပဲ။ (အဲ့ဒါက-မျိုးဝင်းတို့ သင်ပေးတဲ့ လုပ်ခိုင်းတဲ့-န၀တ ထောင်ပုံစံပေါ့။) အချုပ်သားချင်း စိတ်မပါဘဲ ရိုက်တာဆိုပေမယ့် .. ကျနော်ကတော့ ပြီးရင် နာပေါ့။ (ဘာဘူ(ခ)၀င်းမြင့် ဆိုတဲ့ကောင်ကတော့ စိတ်ပါပုံ ရတယ် ။မျိုးဝင်းတို့ ကြိုက်ရင် သူ အနေချောင်မယ် ယူဆသလားတော့ မသိပါ။ ) ကျနော့် ပါးစပ် နဲ့ မျက်နှာတ၀ိုက်-ခန္ဓာကိုယ်အနှံ့  ဒဏ်ရာတွေနဲ့ ဆိုတော့ မငယ်(နန်းအောင်ထွေးကြည်)က ”ထမင်းစားနိုင်မှာ မဟုတ်ဘူး-။ဆန်ပြုတ်တိုက်ဖို့ လုပ်ရအောင် ” ဆိုပြီး ဆန်ပြုတ် ကျို ပါတယ်။ ကျနော်လည်း တပတ်လောက် ဆန်ပြုတ်သောက်ပြီး-ဒဏ်ရာ သက်သာသွားပါတယ်။ စောင်ပါးလေးတထည်ရပြီး ထိပ်တုံးခတ်ထားပါတယ်၊။လက်ကို ကြိုးတုပ်ပြီး-မျက်နှာကို အ၀တ်စီးပါတယ်။ (နေ့ စဉ် ရေခဲတဲ့ ဒေသမှာ စောင်တထည် ရတာဆိုတော့ စဉ်းစားသာကြည့်ပါ။) နှစ်ပတ်အကြာမှာတော့-နောက်တကြိမ် လာခေါ်ပါတယ် ။ SIO ရုံးကို တန်းခေါ်သွားပြီး- တုတ်တွေနဲ့ ရိုက်ပေမယ့်-ကျနော်က ”ထောက်လှမ်းရေး”လို့ မပြောလို့ -အဲ့ဒီရုံးအနားမှာရှိတဲ့ ကွင်းလေးထဲက-လက်ဝါးကပ်တိုင်မှာ ချည်ပြီး- သားရေဒုတ်နဲ့ ရိုက်လိုက် ..ပြန်သွားလိုက်.. လုပ်ပါတယ်။ မနက်-၁၁နာရီလောက်က စချည်တာပါ။ (အဲ့ဒါကို ယေရှုခရစ်နဲ့ တွေ့ တယ်လို့ ခေါ်ပါတယ်။) နေလှန်းပြီး ..မျက်နှာကို နေကို ကြည့်ခိုင်းပါတယ်။ တနေကုန် လှန်းထားပြီး ညနေ-၅နာရီ ကြိုးဖြေတဲ့အချိန်မှာ ကျနော်လည်း ပျော့ခွေလဲပြိုသွားပြီး-ပါးစပ်က အမြှုပ်တွေ ထွက်တာကို- သတိမလစ် တလစ်နဲ့ သိနေပါတယ်။ (လက်တွေကို သံနဲ့ မရိုက်တာကိုပဲ ကျေးဇူးတင်မိနေတယ်။) (ကိုထွန်းအောင်ကျော် ညီလေး ကိုချိုကြီးတုန်းက လက်ဝါးကို သံချောင်းတွေ ရိုက်တာပါ။) "လက် မေးထောက်ထားသူမှာ သန်းဇော်(ယခု ပြည်တွင်း)" ပြီးတာနဲ့ ကျနော့်ကို သန်းဇော်(ယခု ပြည်တွင်း)က ဆွဲခေါ်သွားပြီး-အိုင်အိုတဲထဲမှာ မီးလှုံခိုင်းထားပါတယ်၊။ မိနစ်၂၀လောက်အကြာမှာ တယ်လီဖုန်း ၀ိုင်ယာကြိုးစကို-ပါးစပ်ထဲ လှည့်ပြီး၊ သွားနဲ့ ကိုက်ခိုင်းပြီး-လက်ကိုင်ကို ဆွဲလှည့်တော့ ကျနော့်ခေါင်း တခုလုံး ကျင်တက်သွားပြီး-ခါထွက်သွားပါတယ်။ ကျနော်က ဆွဲဖြုတ်ပစ်လိုက်ပါတယ်။ကျနော့ကို ဒုတ်နဲ့ ထပ်ရိုက်ပြီး ..”ဒီတခါ ဆွဲဖြုတ်ရင်-ပလာစတာကပ်ထားမယ်-မင်းကို အများကြီးညှာထားတယ်” လို့ သန်းဇော်က ပြောပါတယ်။ (သူ.. ညှာတာက လူကို ၀ိုင်ယာရှော့ ရိုက်ပြီး-ရာဘာဒုတ်နဲ့ ရိုက်တာပါ။) တတိယအကြိမ်မြောက် ၀ိုင်ယာကြိုးကို ပါးစပ်ထဲ ပြန်ထိုးထည့်ပြီး သွားနဲ့ ကိုက်ရပါတယ်-။ ပိုပိုပြီး ပြင်းလာတော့ ကျနော် မခံနိုင်တော့ပါဘူး-။ဆွဲဖြုတ်ပြီး-”ပြောမယ်”လို့ ပြောလိုက်ပါတယ်။ ” ခဏ စဉ်းစားဦးမယ် ”ဆိုပြီး ကျနော်စဉ်းစားပါတယ်။”ဘယ်လိုပြောရင် ကောင်းမလဲ-။” ”ယုတ္တိ မတန်တာကို-ပြောမယ်”ဆိုပြီး--- "ဘိုဘို(ခ)မိုးကျော်သူ " ”ဒီပြဿနာမှာ အသက်(၁၈)နှစ်နဲ့ စစ်ထောက်လှမ်းရေး- တပ်ကြပ်ကြီး ရာထူးပေးထားတဲ့-ဘိုဘို(ခ)မိုးကျော်သူဟာ ကျနော့်အထက် အရာရှိ-။ကျနော်က ရဲဘော်ပါ-။” လို့ ပြောလိုက်တာကိုလည်း သူတို့ လက်ခံသွားပါတယ်-။ ”ဘာတွေလုပ်ခိုင်းသလဲ” တဲ့-။ ”အထက်အောက် မကျေနပ်မှုတွေပေါ် မူတည်ပြီး ၀င်ပါ ပေးရတယ်။” လို့။ ဒီလိုနဲ့ -သူတို့သတ်မှတ်တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ဝင် ဖြစ်သွားပါတယ်။ ကျနော့်ထက်ရာထူးကြီးတဲ့-ဘိုဘိုက-၁၉၇၃ခုမွေးပြီး-အသက် ၁၈နှစ်နဲ့ ထောက်လှမ်းရေးတပ်ကြပ်ကြီး-။ ဒုတ်တွေနဲ့ ရိုက်-၊လက်ဝါးကပ်တိုင်ချည်-နေလှန်း၊လျှပ်စစ်ရှော့ရိုက်မှတော့-”ကျနော်လည်း အသက်၂၀နဲ့ စစ်ထောက်လှမ်းရေးပါ..”လို့ ပြောလိုက်ရပါတယ်။ မပြောဘဲ ပေခံနေရင်-ကိုယ့်ရှေ့ မှာ-လက်ဖြတ်ခံရတာတွေ- စစ်ကြောရင်းနဲ့ အသက်ပေးလိုက်ရတာတွေက ရှိနေတယ်လေ။ ဟုတ်ကဲ့-ကျနော် စစ်ထောက်လှမ်းရေး ဖြစ်သွားပါတယ်။ ၀န်ခံတာ မဟုတ်ဘူးနော်-။ နှိပ်စက်တာ မခံနိုင်လို့ -ပြောလိုက်တာ။ (၀န်ခံတယ်ဆိုတာ ဟုတ်တာကို လက်ခံတာ။) ” ကိုယ်တွေ့ကြုံ မကဒတ မြောက်ပိုင်း ရဲဘော်ဟောင်းတဦး။” ------------------------------------------- ဓါတ်ပုံများကို google search မှ ရယူပါသည်။(ဟစ်တိုင်) ------------------------------------------------------------------------------- မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။ ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။ ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား ပေးပို့  လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။ မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။ စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။ ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။ လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်-- အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့် အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း  ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ , www.hittaing.org www.hittai.org www.hittai.net

No comments: