Friday, March 30, 2012

ကိုမိုးသီး ဖြေရှင်း ချက်

ကိုမိုးသီးဇွန် ဖြေရှင်းချက် Posted by admin on March 29, 2012 27 Comments မြောက်ပိုင်းသတ်ဖြတ်မှုအပေါ် ကိုနိုင်အောင် အဖွဲ့မှာသာ တာဝန်ရှိကြောင်း အချက်အလက်များ (မတ်လ ၂၈ ရက်၊ ၂၀၁၂) ရဲဘော်များနှင့် မိတ်ဆွေများ ခင်ဗျား မြောက်ပိုင်းကိစ္စကို ကျနော် သိပ်မပြောလိုတော့သော်လည်း ကိုနိုင်အောင် ရဲ့ မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ် နေ့စွဲပါ စာ မှာ အေဘီအက်စ်ဒီအက်ဖ် မကွဲခင်က ကျနော်က ဘာညွှန်ကြားခဲ့သလဲ မသိပါလို့ ကောက်ချက်ဆွဲထားပြန်သဖြင့် ဒီဖြစ် ရပ်ကို မသိသူများ အနေနဲ့ ဖြစ်ရပ်မှန်အပေါ် သို့လောသို့လောဖြစ်ဖွယ် သူရေးထားတဲ့အတွက် ကျနော့် အနေနဲ့ ရှင်းလင်း တင်ပြဖို့ လိုလာပါတယ်။ မြောက်ပိုင်းသတ်ဖြတ်မှုဟာ ကိုနိုင်အောင်အဖွဲ့မှာသာ လုံးဝတာဝန်ရှိနေပါတယ်။ ဖမ်းဆီးမှုများကို ကျနော်တို့ သတင်းရရှိ စဉ်က ကျနော်တို့ကန့်ကွက်ခဲ့တယ်။ သူလျှိုလို့ ဖမ်းထားသူတွေကို မသတ်ဖို့၊ သူလျှိုလို့ ယူဆရင်တောင် မသတ်ဘဲ လွှတ် ပေးဖို့ ကချင်ခေါင်းဆောင်တွေကတဆင့် ကြေးနန်းပေးပို့ခဲ့တယ်။ ဖမ်းဆီးမှုဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ နှစ်ဖွဲ့ကွဲသွားပါ တယ်။ မြောက်ပိုင်းကော်မတီက ကိုနိင်အောင် အဖွဲ့ကို ထောက်ခံခဲ့ကြပါတယ်။ နှစ်ဖွဲ့ကွဲပြီးနောက် မြောက်ပိုင်းကော်မတီ က ကိုနိုင်အောင် ဗဟိုကိုထောက်ခံ ပြီးနောက်ပိုင်းမှာ သတ်ဖြတ်မှုများ ဖြစ်ပွားလာခြင်း ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ နိုင်ငံတကာတရားရုံး အပါအ၀င် ဘယ်တရားရုံးမှာမဆို သက်သေခံ (Testimony) လုပ် ပေးနိုင်ပါ တယ်။ လုပ်ဖေါ်ကိုင်ဖက်ရဲဘော်များ၊ မိတ်ဆွေများ အတွက် အောက်ဖေါ်ပြပါ အချက်အလက်များကို ပြန်လည်အမှတ်ရစေ နိုင် ဖို့အတွက် တင်ပြလိုက်ပါတယ်။ ၁- ကျနော်တို့ကျောင်းသား နှစ်ဖွဲ့ ပြန်လည်ပေါင်းစည်းရေးလုပ်စဉ်က ဒီမိုကရေစီမဟာမိတ်အဖွဲ့ချုပ် (DAB) နှင့် ပြည် ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ခေါင်းဆောင်များရှေ့တွင် သဘောတူစာချုပ်တခု လက်မှတ်ရေးထိုးခဲ့ ထားပါတယ်။ ဒီသဘောတူညီချက်မှာ မြောက်ပိုင်းကိစ္စကို ကိုနိုင်အောင်နှင့်တကွ သူတို့အဖွဲ့မှာ တာဝန်ရှိခေါင်းဆောင်များက တာဝန်ယူ ဖြေရှင်းရမည်ဖြစ်ကြောင်း အချက်တချက်ပါဝင်ပါတယ်။ ဒီအချက်ကို ပေါင်းစည်းရေးမတိုင်မီ ကျနော်တို့အဖွဲ့ကတောင်းဆို ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအချက်ကို သူတို့ သဘောတူလက်ခံခဲ့ကြရပါတယ်။ ၂- ကိုနိုင်အောင် အဖွဲ့က မြောက်ပိုင်းသတ်ဖြတ်မှုဟာ မှန်ကန်ကြောင်းနဲ့ ဒီကိစ္စကို သူတို့တာဝန်ယူကြောင်း ၁၉၉၂ မေလ ၃၁ ရက် နေ့စွဲပါ ထုတ်ပြန်ကြေညာချက်မှာလဲ အခိုင်အမာ ဖေါ်ပြထားပါတယ်။ ၃- ကိုအောင်ထူး ဦးဆောင်တဲ့ မြန်မာနိုင်ငံ ရှေ့နေများအဖွဲ့ (Burma Lawyer Council) ကလဲ ၁၉၉၂ မတ်လ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်နဲ့ ကိုနိုင်အောင် တို့ ကြေညချက်ကို မှန်ကန်ကြောင်း၊ သူတို့လုပ်ရပ်ဟာ တရားဝင်မှုရှိ ကြောင်း ထောက်ခံဖေါ်ပြထားတယ်။ ဒီကြေညာချက်နှစ်စောင်ဟာ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး အဓိက တာဝန်ရှိသူ တွေအဖြစ် အခိုင်အမာသက်သေတွေ ဖြစ်ပါတယ်။ ကိုအောင်ထူးဟာ ထိုစဉ်က ကိုနိုင်အောင် အဖွဲ့မှာ ဗဟိုအလုပ်မှု ဆောင် ကော်မတီဝင်တဦးလည်းဖြစ်၊ ရှေ့နေအဖွဲ့မှာလည်း ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ မတရားမှုတွေကို ဥပဒေအရ တာဝန်ယူဖြေရှင်းပေးရမယ့် ရှေ့နေအဖွဲ့ဟာ ဘာကြောင့် မြောက်ပိုင်းလူသတ်မှု ကျူးလွန်သူတွေဖက်က ကာကွယ်ပေးခဲ့ တာက အလွန်ရုပ်ဆိုးတဲ့ဖြစ်ရပ် ဖြစ်တယ်။ ၄- ၁၉ ၉ ၂ ခုနှစ် မတ်လ ၈ ရက်နေ့မှာ မြောက်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့သူလျှိုမှုနှင့် သတ်ဖြတ်မှုများကို ကျနော်တို့ ဆန် ကျင်ကန့်ကွက်ကြောင်းနှင့် ကျန်ရှိသူတွေကို ပြန်လွှတ်ပေးဖို့အတိအလင်း တောင်းဆိုခဲ့ပါတယ်။ ကြေညာချက်မူရင်း ကို အောက်မှာဖေါ်ပြထားပါတယ်။ ၅- မြောက်ပိုင်းကိစ္စနှင့်ပတ်သက်ပြီး ဘီဘီစီက အင်တာဗျူးတခု ပြုလုပ်ခဲ့ပါတယ်။ (အသံဖိုင်တွေ ဘီဘီစီမှာ ရှိနိုင်ပါသေး တယ်) ကိုနိုင်အောင်နှင့် ကိုအောင်ထူး က တဖက်၊ ကိုအောင်နိုင်ဦး (ABSDF – Moe) က တဖက် အခြေအတင်ဆွေးနွေး ခန်းမှာ ကိုနိုင်အောင်နှင့် ကိုအောင်ထူး က မြောက်ပိုင်းကိစ္စကို တာဝန်ယူဖြေရှင်းနိုင်ကြောင်း ဆွေးနွေးခဲ့တယ်။ ကိုအောင်နိုင်ဦး ကတော့ သတ်ဖြတ်မှုကို ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ ၆- ပြန်လည်ပေါင်းစည်းရေးလုပ်ပြီးနောက် ကိုနိုင်အောင်တို့အဖွဲ့မှာ တာဝန်ရှိသူများနှင့် မြောက်ပိုင်းကိစ္စ အလွတ်သဘော မျိုး ဆွေးနွေးခဲ့စဉ်များမှာလည်း သူတို့တာဝန်ယူ ဖြေရှင်းပေးနိုင်ကြောင်းကိုသာ တလျောက်လုံး ဆွေးနွေးပြောဆိုခဲ့ကြပါ တယ်။ ၇- ရော်နယ် အောင်နိုင်၊ ကိုနိုင်အောင်တို့ အာအက်ဖ်အေ၊ ဧရာဝတီသတင်းဌာနများနဲ့ အင်တာဗျူးများမှာလဲ သူတို့မှာ သာတာဝန်ရှိကြောင်း ဖေါ်ပြပြောဆိုခဲ့ပါတယ်။ ၈- အေဘီအက်စ်ဒီအက်ဖ် မကွဲခင်အချိန်ကလေးမှာ ကချင်ကိုယ်စားလှယ်အဖွဲ့ကတဆင့် ကျနော်ပေးပို့ခဲ့တဲ့ ကြေးနန်မှာ (က) သူလျှိုဟု အစွပ်စွဲခံရသူများကို စစ်ဆေးလျှင် ကျောင်းသားနှင့် ကချင်အဖွဲ့မှာ တာဝန်ရှိသူများ ပူးတွဲစစ်ဆေးပါ။ ရိုက်နှက်ညဉ်းပန်းမှုများ မပြုလုပ်ရန်။ (ခ) သူလျှိုများ ဖြစ်ခဲ့ရင်တောင် နိုင်ငံတကာကြက်ခြေနီ တဖွဲ့ဖွဲ့ထံ အကူညီတောင်းပြီး လွှတ်ပေးလိုက်ရန်။ ဒီလို မသတ်ဖို့လွတ်ပေးဖို့ ညွှန်ကြားခဲ့သော်လည်း ရော်နယ် အောင်နိုင်နဲ့ အဖွဲ့ဟာ မလိုက်နာကြတဲ့အတွက် အပြစ်မဲ့ ရဲဘော်တွေ ကြွေလွင့်ခဲ့ရတယ်။ (ဂ) သူတို့မှာ တာဝန်ရှိကြောင်း ၀န်ခံခဲ့ပြီးမှ ဘာကြောင့် အဖြစ်မှန်ကိုဖုံးကွယ်ပြီး အပြစ်မရှိသူများကို အပြစ်မကင်းသလို လို ပြောဆိုခဲ့ခြင်း၊ ရေးသားခြင်းဟာ မကောင်းပါ။ ရိုးသားမှု မဟုတ်ပါ။ ကိုနိုင်အောင် အနေနဲ့ ဖြစ်ရပ်မှန်များကိုသာ ဖေါ် ထုတ်ပေးဖို့ တိုက်တွန်းပါတယ်။ မိုးသီးဇွန် မတ်လ ၂၉ ၊ ၂၀၁၂ခုနှစ်။ moetheezun@hotmail.com 08 9542 7837 ……………………………………………………… ကြေညာချက်မူရင်းများ ဦးအောင်ထူး လက်မှတ်နဲ့ ထုတ်ခဲ့တဲ့ ၁၉၉၂ ခုနှစ် မတ်လ ၁ ရက်နေ့ ကြေညာချက် …………………………………………………………. ကိုမိုးသီးဇွန် ဗဟိုမှ ၁၉၉၂ မတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် (ဘာသာပြန်) ၈ရက်၊ မတ်လ၊ ၁၉၉၂ မြန်မာစစ်ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော (၁၅) ဦးကို သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ABSDF မှ သဘောထားထုတ်ပြန်ကြေငြာချက် (ABSDF led by Moe Thee Zune) ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများနှင့် ကျောင်းသားတပ်မတော်၏ ညီညွတ်မှုကို အလေးထားသောအားဖြင့် ဦး စွာ (ကျနော်တို့သည်) ကျောင်းသားတပ်မတော် နှစ်စုကွဲသွားပြီဖြစ်ကြောင်းကို ၀မ်းနည်းစွာအသိပေးပြီး ယခု ကြေညာ ချက်ကို ထုတ်ပြန်ရပါသည်။ သို့သော် မြန်မာပြည်ဒီမိုကရေစီရေး တိုက်ပွဲကို ထောက်ခံစာနာနားလည်ပေးသော ပြည်တွင်းပြည်ပအင် အားစုများ၏ အ ရည်အသွေးကို နိမ့်ကျတန်ဖိုးမဲ့စေသောအကြောင်းရင်းများကို ဖြေရှင်းရန်ဆန္ဒထားပြီး ဒီမို ကရေစီတော်လှန်ရေး ရေရှည် အကျိုးစီးပွားရေးကို ဦးထိပ်ထားသော (ကျနော်တို့သည်) ABSDF ကျောင်းသားတပ်မတော်၏ မူရင်းအခြေခံဥပဒေတွင် ဗဟိုကော်မတီအဆင့်ထက် အဆင့်နိမ့်သော လက်အောက်ခံစခန်းများ၊ တပ်ရင်းများတွင် လူသတ်အပြစ်ပေးခြင်းအား တားမြစ်ထားသောအချက်ကို ထောက်ပြသုံးသပ်ရမည် ဖြစ်သည်။ မြန်မာပြည်သားတို့၏ လူ့ဂုဏ်သိက္ခာ၊ လူသားဘ၀၊လူ့တန်ဖိုးနှင့် လူ့အခွင့်အရေးများကို (ကျနော်တို့သည်) တန်ဖိုးထား သောကြောင့် လူအချင်းချင်း ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာနှိပ်စက်ဖျက်ဆီး၊ ဂုဏ်သိက္ခာမဲ့စေသော ဆက်ဆံခြင်း၊ အပြစ်ပေးခြင်းများကို ဆန့်ကျင်ရမည် ဖြစ်သည်။ လူအချင်းချင်း ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာနှိပ်စက်ခြင်း၊ ဂုဏ်သိက္ခာမဲ့စေသောဆက်ဆံခြင်း၊ အပြစ် ပေးခြင်းများ ကို ဆန့်ကျင်ပြီး ထိုသို့ဆက်ဆံခံရသူများအား ကာကွယ်စောင့်ရှောက်မှုပေးသော ကုလသမဂ္ဂ၏ အထွေထွေဆုံးဖြတ်ချက် အမှတ် -၃၄၅၂(၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်) ကို ကျနော်ထောက်ခံသည်။ ကျောင်းသားတပ်မတော် အဖွဲ့ဝင်အားလုံး သဘောတူညီမှု၊ နားလည်မှုမပါဘဲ သူလျှိုဟု စွပ်စွဲခံရသူများအား သတ်ဖြတ်ခြင်း၊ အရေးယူခဲ့သော ကိစ္စနှင့်စပ်လျဉ်း၍ တခြား အောက်ခြေရဲဘော်များ လုံခြုံရေးကိုပါ ကျနော်တို့ အထူးစိုးရိမ်ကြောင်း ပြောကြားလိုသည်။ ဘန်ကောက် နေးရှင်းသတင်းစာ (မတ်လ ၁၊ ၁၉၉၂) အရ သူလျှိုဟု စွပ်စွဲ၍ အသတ်ခံရသော လူ ၁၅ ယောက်တွင် အ မျိုးသမီးရဲမေတဦး ပါဝင်ခဲ့ခြင်းနှင့် သက်ဆိုင်ပြီး (အောင်ထူး – ယခု BLC ထုတ်ပြန်သော March 1, 1992 ကြေငြာချက်) တွင် အတည်ပြုခဲ့ပါသည်။ ကျနော်တို့သည် လက်ရှိကျောင်းသားတပ်မတော်မြောက်ပိုင်း အကျဉ်းထောင်တွင် ဆက်လက်ဖမ်းဆီးထားသော လူ ၆၅ ဦးကို ညှဉ်းပမ်းနှိပ်စက် တရားစီရင်ခြင်းများ ချက်ချင်းရပ်တန့်ရန် ကျနော်တို့မှ တောင်းဆိုလိုက်ပါသည်။ အလားတူပင် DAB အဖွဲ့ဝင်များကလည်း အားလုံးအတည်ပြုထောက်ခံသည့် DAB တရားစီရင်မှုများကို စံထား၍ (ဖြစ်ပျက်ခဲ့သောကိစ္စကို DAB ခေါင်းဆောင်များမှ ပြန်လည်သုံးသပ်ပေးပါရန် ကျနော်တို့မှ တောင်းဆိုလိုက်ပါသည်။) လူ့အခွင့်အရေးချိုးဖောက်သည့် မြန်မာစစ်အာဏာပိုင်များကို ကျနော်တို့တွန်းလှန်တိုက်ပွဲဝင်ရာတွင် လူ့အ ခွင့်အရေးဆို သော စကားလုံးသည် စကားလုံးသက်သက်မျှမဟုတ်ဘဲ လူမျိုးမရွေး၊ ဒေသမရွေး လက်တွေ့ကျင့်သုံးရမည်ဟု ကျနော်တို့ မှယုံကြည်ပါသည်။ သို့ကြောင့် ကျောင်းသားတပ်မတော်အတွင်း ပိုမိုမြင့်မားသော ဗဟိုတရားရုံး၏ ခွင့်ပြုချက်နှင့် သိနားလည် မှုမပါဘဲ တပ်ဖွဲ့ ၀င် အမြောက်အများကို သူလျှိုဟုစွပ်စွဲပြီး အလျင်စလို သတ်ဖြတ်အရေးယူခြင်းအပေါ် ကျနော်တို့ (မိုးသီးဇွန်) ဦးဆောင် သော ကျောင်းသားတပ်မတော်အဖွဲ့မှ အထူးသံသယ ဖြစ်မိပါသည်။ ထို့ကြောင့် ဖြစ်ပျက်ခဲ့သောကိစ္စများကို သွေးရိုးသားရိုး ပုံမှန်မဟုတ်ဟု ကျနော်တို့မှ ထင်မြင်ဖြစ်သည်။ အလားတူပင် ယုံ ကြည်အားထားလောက်သည့် ခိုင်မာသောအထောက်အထားမရှိဘဲ သူလျှိုဟု စွပ်စွဲခံရသော ရဲဘော်များအား ကွပ်မျက် သည်အထိ လုပ်ဆောင်မှုများအားလုံးတွင် အမှားပေါင်းများစွာပါဝင်နေသည်။ အထက်မြန်မာပြည် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် အလွန်ထင်ရှားသော ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အား စွပ်စွဲခံရသော သူများ၏ သူလျှိုခေါင်းဆောင်ဟု သတ်မှတ်ခဲ့ခြင်းသည် ကြီးမားသောအမှားတခု ဖြစ်သည်။ စစ်အာဏာရှင်အကြိုက်ဖြစ်မည့် မိမိကျောင်းသားတပ်မတော်အဖွဲ့ဝင်အချင်းချင်း မညီညွတ်ရာမှ တဦးနှင့်တဦး သား ကောင်ပြု အနိုင်ကျင့်ခြင်းကို ဒီမိုကရေစီလိုလားသော ပြည်သူများနှင့် ကျောင်းသားတပ်မတော်အဖွဲ့ဝင်အားလုံး သတိကြီး စွာထားရန် မိမိတို့မှ တိုက်တွန်းလိုက်သည်။ နောက်ဆုံးအနေဖြင့် မြန်မာပြည်ဒီမိုကရေစီလှုပ်ရှားမှု အရေးတော်ပုံကြီး၏ ဂုဏ်သိက္ခာနှင့်အတူတကွ ကျောင်းသားတပ် မတော်အဖွဲ့ဝင်အားလုံး၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ကြီးမားသည့်အမဲစက် ဖြစ်စေခဲ့သည် ကိစ္စအပေါ်တွင် ကျနော်တို့ဖက်မှ အထူးစိုးရိမ်မိကြောင်း ပြောကြားရင်း ယခုသဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ပါသည်။ မိုးသီးဇွန် ဥက္ကဋ္ဌ မာနယ်ပလောရုံးချုပ် Ph: 662 318 0593 fax 662 318 8697 PO BOX 42 Hua mark, P.O.BKK 10243, Thailand …………………………………………………… ဒေါက်တာနိုင်အောင် ဗဟိုမှ ၁၉၉၂ ခုနှစ် မေလ ၃၁ ရက်နေ့မှ ထုပ်ပြန်ခဲ့တဲ့ ကြေညာချက် (ဘာသာပြန်) (၁၉၉၂ မေလ ၃၁) မြောက်ပိုင်းကျောင်းသားတပ်မတော်တွင် ဖမ်းဆီးခံရသော သူလျှိုများနှင့်ပတ်သက်ပြီးကျောင်း သားတပ်မတော် ဥက္ကဋ္ဌ (ဒေါက်တာနိုင်အောင်) ၏ ၁၉၉၂ခုနှစ် တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ကချင်ပြည်နယ်ကို တလသွားရောက်သွားခဲ့ပြီးနောက် စစ်အာဏာရှင်အစိုးရ၏ရက်စက်မှုကို ယခင်က ထက်ပိုပြီး ခါးသီး မုန်းတီးမိပါသည်။ မြောက်ပိုင်းတွင်ဖမ်းဆီးခံရသူတို့၏ ထွက်ဆိုချက်များ သက်သေခံပစ္စည်းများကို ဖတ်ရှုခဲ့ရပါသည်။ အထူးသဖြင့် နအဖ၏ အဓိက ဖိနှိပ်ရေးယန္တရားတခုဖြစ်သော အမျိုးသားထောက်လှမ်းရေးဗျူရိုတွင် အဓိက တာဝန်ရှိပါ သည်။ အတိုက်အခံအဖွဲ့များအကြား သပ်လျှိုရန်၊ အထင်အမြင်မှားစေရန်အတွက် စနစ်တကျ စီမံထားသော အစီအမံများ စီမံထားပြီး ဖြစ်သည်။ နအဖသည်သတင်းပေးများ ထောက်လှမ်းရေးများကို ရည်ရွယ်ချက်မျိုးစုံဖြင့် အသုံးချခဲ့သည်။ ကျောင်းသားတပ်မတော်သည် အဓိကပစ်မှတ်တခု ဖြစ်လာခဲ့သည်။ သူလျှိုများကို ရေလှိုင်း (water wave) စီမံကိန်းဟု အမည်ရသော စစ်ဆင်ရေး ဖြင့်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ - အဖွဲ့အတွင်း တည်ငြိမ်မှုပျက်ပြားစေရန် - ထောက်ပံ့သည့်အုပ်စုနှင့် မဟာမိတ်အဖွဲ့များအကြား နားလည်မှုလွဲမှားစေရန် -စိတ်ဓာတ်ကျပြီး လက်နက်ချလာစေရန် -အတိုက်အခံခေါင်းဆောင်များကို သုတ်သင်ရန် ဖြစ်သည်။ အပြီးသတ် ဆောင်ရွက်ရမည့်နေ့မှာ အမျိုးသားညီလာခံကျင်းပနေမည့် ၁၉၉၂ နှစ်ကုန်ပိုင်းတွင်ဖြစ်သည်။ တချို့အဖွဲ့များ က အမျိုးသားညီလာခံမတိုင်မီ လက်နက်ချရန်နှင့် ကျန်ရှိသောအဖွဲ့များက အမျိုးသားညီလာခံအပြီး အထွေထွေ လွတ် ငြိမ်းချမ်းသာခွင့်ပေးသည့်အချိန်တွင် လက်နက်ချရန် ဖြစ်သည်။ (သူလျှိုအုပ်စု၏ခေါင်းဆောင်များသည် အမျိုးသားညီလာခံကို ၁၉၉၂ နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ကို သိရှိကြပြီး ဖြစ် သည်) အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပြီးနောက် ကျန်ရှိသောအဖွဲ့မှာ စစ်တပ်၏ချေမှုန်းခြင်းကို ခံကြရမည် ဖြစ်သည်။ သူလျှို ၁၅ ဦးကို သုတ်သင်ခဲ့မှုအပေါ် လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး ထပ်မံအငြင်းမပွားလိုတော့ပါ။ ဆုံးဖြတ်ချခဲ့သည့်ဖြစ် စဉ်တွင် ဗဟိုကော်မတီအနေဖြင့် မပါဝင်ခဲ့သော်လည်း ဗဟိုကော်မတီ၏ကိုယ်စား ကျနော့်တွင် တာဝန်ရှိပါသည်။ ကျနော် တို့အနေဖြင့် ကျန်ရှိသည့် သူလျှိုများနှင့်ပတ်သက်၍ အပြုသဘောဆောင်ပြီး ဖြေရှင်းလိုကြောင်း နိုင်ငံတကာကို ရှင်းလင်း လိုပါသည်။ လက်တလော ABSDF (Nothern)၊ (KIO) တို့နှင့် ကျနော်ဆွေးနွေးခဲ့ပြီး အောက်ပါဆုံးဖြတ်ချက်များကို ချခဲ့ပါသည်။ ၁။ အေဘီအက်စ်ဒီအက်ဖ်သည် ကျန်ရှိသည့် သူလျှိုများကို သေဒဏ်ပေးတော့မည်မဟုတ်။ ၂။ သဘောထားပြောင်းလဲ၍ ကျနော်တို့၏ လှုပ်ရှားမှုတွင် ပါဝင်လိုသူများကို အဖွဲ့ဝင်အဖြစ်လက်ခံမည်။ ၃။ အဖွဲ့ဝင်အဖြစ် ကျနော်တို့မှ လက်မခံသောသူများကို ၎င်းတို့၏လုံခြုံရေးနှင့် အနာဂတ်အတွက် နိုင်ငံတကာအဖွဲ့အစည်း များသို့ လွှဲပြောင်းပေးသွားမည်။ ထို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒီမိုကရေစီအစိုးများအနေဖြင့် မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲများဖြစ်ချိန်ထိ လက်ခံထားရန် မေတ္တာရပ်ခံပါသည်။ အကယ်၍ မြန်မာပြည်ပြင်ပတွင် ထိုသူလျှိုများကို လက်ခံထားနိုင်ရန် အနေအထားမရှိပါက တနှစ်ထိန်းသိမ်းပြီးနောက် ၎င်းတို့၏ မိဘ(သို့မဟုတ်) ဆွေမျိုးသားချင်းတို့၏ အာမခံချက်ဖြင့် ပြန်လွှတ်ပေးမည်ဖြစ်သည်။ သူလျှိုများကို ရန်သူအဖြစ် သတ်မှတ်ဆက်ဆံရန် သဘောထားရှိသော်လည်း၊ ၎င်းတို့သည် စစ်အာဏာရှင်စနစ်၏ သား ကောင်များဖြစ်သည်ဟု ကျွန်ုပ်တို့လက်ခံသည်။ ထို့ကြောင့် ကျနော်တို့သည် ရေရှည်အကျိုးစီးပွားနှင့် လူသားချင်းစာနာ ထောက်ထားမှုကို မျှော်ရှုပါသည်။ သူလျှိုများ၏ ထွက်ဆိုချက်များနှင့် အသေးစိတ်အချက်အလက်များကို ဆက်လက် ထုတ်ပြန်သွားမည်။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများအနေဖြင့် သူလျှိုများ၏ အနာဂတ် အခြေချနေထိုင်ရေးအ တွက် နည်းလမ်း ၀ိုင်းဝန်းရှာဖွေပေးကြရန် ကျနော်တို့အနေဖြင့် မေတ္တာရပ်ခံပါသည်။ လေးစားစွာဖြင့် ဒေါက်တာနိုင်အောင် ဥက္ကဋ္ဌ ဗဟိုကော်မတီ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ၃၁ မေလ ၁၉၉၂ လက်ဆင့်ကမ်းဖြန့်ဝေရန် Facebook Share 27 Responses to “ကိုမိုးသီးဇွန် ဖြေရှင်းချက်” ZIZI March 29, 2012 ပြန်လည်ပေါင်းစည်းရေးလုပ်စဉ်ကဒီမိုကရေစီမဟာမိတ်အဖွဲ့ချုပ်(DAB) နှင့် ပြည် ထောင်စု မြန်မာနိုင်ငံအမျိုး သားကောင်စီ (NCUB) ခေါင်းဆောင်များရှေ့တွင် သဘောတူစာချုပ်တခု လက်မှတ်ရေးထိုးခဲ့တာဟာ၊ဘယ် သူကမှငြင်းလို့မရတဲ့သက်သေဘဲ၊ကျနော်တို့ကဒီအချက် ကိုအလေးထားပါတယ်၊ကိုအောင်ထူးနှင့်ကိုနိုင်အောင် လက်မှတ်ရေးထိုးပြီးထုတ်ထားတဲ့ကြေငြာချက်အရဆို လျှင်ထပ်မံအငြင်းပွါးဘွယ်ရာမရှိတော့ပါ၊ Reply ညွန့်ရွှေ March 29, 2012 ဒီလို ဖြေရှင်းချက်ကို အားပေးထောက်ခံလိုက်တယ်။ အဖြစ်မှန်ပေါ်ပေါက်ဖို့ မှန်မှန်ကန်ကန်တရားစီရင်နိုင်ဖို့ ပူးပေါင်းသူတိုင်းကို အမှုမှန်ပေါ်ပေါက်ရေး၊ မတရားသဖြင့် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သူတွေ ထိုက်သင့်တဲ့ အပြစ် ကျခံရရေးအတွက် အားလုံးက ကြိုဆိုရမယ်။ ယေဘုယျအားဖြင့် အေဘီမြောက်ပိုင်းကိစ္စမှာ မိုးသီးဇွန်အဖွဲ့တင်ပြတဲ့ သက်သေအထောက်အထားများကို အသေအချာ စစ်ဆေးစဉ်းစားပြီး မှတ်တမ်းတင်ပေးသင့်တယ်။ တခြားကိစ္စရှိရင် တခြားကိစ္စက ကဏ္ဍတစ်ခုဖြစ်တယ်လို့ အကြံပြုချင်တယ်။ Reply မိုးကောင်းသား March 29, 2012 မိုးသီးရေ…. နိုင်အောင်ကတော့ ခေါင်းခါ ခေါင်းညိတ်လုပ်နေပြီ၊ ပြတ်ပြတ်သားသားသာလုပ်ပေတော့ဟေ့။ နိုင်အောင် ဆက်ရှင်းပါ။ အထဲကို ပြန်လာချင်တာနဲ့ ကြေညာချက်တွေ မဖြစ်ဖြစ်အောင် ထုတ်နေတာ၊ ကလိန်ကကျစ်ညဏ်တွေနဲ့ နိုင်အောင်ကတော့ အောက်လမ်းတွေသုံးနေပြီဟေ့။ Reply မြောက်ကျွန်းသူ March 29, 2012 ကိုယ်တိုင်ကြောင့်ဘဲဖြစ်ဖြစ် ဘေးကလက်သည်ကြောင့်ဘဲဖြစ်ဖြစ် ထွက်လာတဲ့ဒီရှင်းလင်းချက်ကိုကြိုဆိုပါတယ် Reply KIO* March 29, 2012 ABSDF(North) was depending on KIO/KIA for territory, foods and weapons ; why not master KIO/KIA prevent this massacre ? Due to hate to Bamar?? Moe Thee Zun should also present telegraph letter with day and date to KIA/KIO for his request as he described in this explanation. Less-law territory is law-less!! May God bless to souls of victums.. Reply မန္တလာသား March 29, 2012 အောင်နိုင်ကဘာမှမဖြေရှင်းသေးတော့စောင့်လိုက်ဦးမယ်။ နိုင်အောင်ရေ မင်းပြည်တွင်းမှာ ဝင်လာရဲရင်လာခဲ့ပါ။ မင်းဖွဲ့ပေးထားတဲ့အဖွဲ့ လေးနဲ့တော့ ပြည်တွင်းမှာ နိုင်ငံရေး လူရာဝင်မယ်မထင်နဲ့။ မင်းရှင်းလင်းချက်ကိုဖတ်ပြီးကတည်းက မင်းမိုးသီးအပေါ်ပုံချလိုက်တာ ဖြတ်သန်းဘူးသူးတိုင်းသိတယ်။မသိချင်ယောင်ဆောင်တာကတော့ မင်းရဲ့ပေးစာကမ်းစာ စားနေရတဲ့ မဲဆောက်ကအဖွဲ့အားလုံးဘဲ၊ မင်းပြည်ဝင်လာတာကို စောင့်နေပါတယ်။ အခု မင်းက ပြည်တွင်းအကွက်ရွှေ့ဖို့ ယောင်ယောင်ဝါးဝါးရှင်းလင်းချက်က ချီးတွင်းထဲသာချလိုက်ပါ။ အထဲကသူတွေက မင်းအနားကနေတဲ့ကောင်တွေလို နလပိန်းတုန်းတွေမဟုတ်ကြဘူးနော်။ စောင့်နေမယ်။ Reply မန္တလေးကစောင့်နေမယ်။ March 29, 2012 အခုလို အချက်အလက်နဲ့တကွရှင်းပြတာ ကျေးဇူးပါပဲ ကိုမိုးသီးရေ။ ဒေါက်တာနိုင်အောင်နဲ့ ရော်နယ်အောင်ကို ကိုချိုကြီးတို့မိသားစုနဲ့အတူ မန်းသားတွေက စောင့်နေကြပါတယ်။ Reply ပြည်စောင့်နတ် March 29, 2012 နိုင်အောင်ရေ မင်းပြည်တွင်းပြန်ဝင်လာတာနဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရတော့မယ်။ Reply သတိုးစည်သူ March 29, 2012 မိုးသီးဇွန် ရဲ့ ရှင်းလင်းချက်က သိပ်ပြီးရှင်းလင်းပါတယ် ကောင်းပါတယ် အဖြေတွေ့နေကြပါပြီး….. လူသတ် ခေါင်းဖြတ် ခြေလက်တွေပေါ် ဗုံးခွဲခဲ့တဲ့ သူသတ်ကောင်တွေ မင်းတို့ ဘယ်သူလဲ ဆိုတာ လူတိုင်းသိနေကြပါပြီး…. ပြေးလို့လည်း မလွတ်တော့ပါဘူး ကိုယ့်ကို ကိုယ်တိုင် သတ်သေရင်တောင် အပြစ်ကတော့ ကျေမှာမဟုတ်ဘူးနော် ….. Reply ဗိုလ်ယက္ခ March 29, 2012 ရောက်တဲ့အရပ်မှာစီးပွားရှာပြီး အကွဲအပြဲအထဲပါတာဒေါက်တာနိုင်အောင်ပါ။ မြောက်ပိုင်းပြီးတော့ ဒီဘက်ရောက်တော့လည်း အကွဲအပြဲအထဲပါတာနိုင်အောင်ပဲ။ အခုလည်းနိုင်ငံရေးလုပ်စား။ ဒီဘက်အခြေအနေမကောင်းတော့ အထဲပြန်ဝင်ပြီးလုပ်စားမယ့်အကောင်ပါ။ အဲ့ဒါကြောင့်များများစား မြန်မြန်သေပါမယ့်နိုင်အောင်။ Reply mankyi March 29, 2012 ရှုပ်ပါတယ်ကွာ ပြည်တွင်းဝင်လာတာနဲ့ လျှော့ပစ်လိုက် အဲ ဒီကောင်တွေကို ခုလည်း သိနေပြီပဲ ။ တရားရင်ဆိုင်တာစောင့်နေရင် မြန်မာပြည် တရားရုံးအကြောင်းလည်း သိသားနဲ့ ခွေးမသားတွေ လျွှတ်သွားအုံးမယ်။ အဲတော့ မလွတ်အောင် လုပ်နည်းက ပြည်တွင်းဝင်လာတာနဲ့ တွေ့တဲ့လူက ဦးအောင် သတ်လိုက်ဖို့ပဲ။ အဲဒါဆို နောက်တာဝန်ယူနေတဲ့ လူတွေလည်း လုပ်ရဲမှာ မဟုတ်တော့ဘူး။ အားလုံးရှင်းတယ်နော် ။ လူမိုက် စကားပြောတာတော့ မဟုတ်ဘူး ။ လိုအပ်ရင် တော့ လူမိုက်အလုပ်လုပ်ဖို့ ဒီလောကသားတိုင်းသိပါတယ်။ ခွေးရုးကို သတ်သလိုပေါ့ Reply Ko Baloi March 29, 2012 ကောင်းတယ်…အခုလိုပြန်လည်ဖြေရှင်းချက်ပေးထားတာတွေ။ ဘာပဲဖြစ်ဖြစ် အခုလိုအပြန်အလှန်ဖြေရှင်မှသာ အဖြေမှန်က ပေါ်လာမှာဖြစ်တယ်။ Reply မီးဖိုကြီး March 29, 2012 ကိုနိုင်အောင်ရဲ့အုပ်စု အာဏာဖြန့်ကျက်ပုံလေးတခုပါ။ မြောက်ပိုင်းသတ်ဖြတ်မှုအပြီး၊အေဘီ၂ခြမ်းကွဲကာလတွေမှာ၊အိန္ဒိယကိုလာပြီးABSDFအလံစိုက်ဘို့ကျိုးစားတယ်။ နယူးဒေလီကျောင်းသားအဖွဲ့တွေ့မြောက်ပိုင်းသတ်ဖြတ်မှုအနေအထားတွေကြားထားတော့အေဘီရဲ့ခွတ်ဒေါင်း အလံကျောင်းသားသွေးစွန်းနေလို့ကိုနိုင်အောင်စည်းရုံးမှုကိုအလိမ္မာနဲ့ငြင်းလိုက်တယ်။နောက်ဆုံးနယ်စပ်ဒုက္ခ သည်စခန်းမှာABSDFအလံစိုက်တယ်။မြောက်ပိုင်းကိစ္စ ရော၊တောင်ပိုင်းလုပ်ကြံလုပ်ကြံမှုနဲ့ဆက်နွယ်လှဌေးကို လွှတ်ပြီးဘင်္ဂလား၊အိန္ဒိယ၊မြန်မာနယ်စပ်တောမှာစခန်းဖွင့်ဘို့လုပ်တယ်။ပွဲဦးထွက်တောထဲအသွားရဲဘော် ၀င်းထွဋ်ဘယ်ကမှန်းမသိတဲ့နောက်ကျောကျီဆံထိပြီးကျသွားတယ်။ အနောက်ဘက်အေဘီတပ်ဦးလည်းအဲဒီကစပြီးဦးကျိုးခဲ့တယ်။ဒီကိစ္စတွေအခုထိသူတို့တတွေဖုံးဖိထားတယ်။ ကိုနိုင်အောင်တို့အာဏာတည်ဆောက်ရေးဟာအဲဒီကတည်းကဖရိုဖရဲပါ။တနေ့အရိုးတွန်လာမှာပါ။ Reply koko March 29, 2012 သို. ကိုမိုးသီးဇွန်။ အခုလိုတိတိကျကျရှင်းပေးတဲ့အတွက်ကျေးဇူးတင် ပါသည်။အခုမြောက်ပိုင်းလူသတ်မှူတွင်နိင်အောင်တို.၏ လက်ချက် 100% သေချာသွားပြီ။မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးအစားပေးစနစ်ပေါ့နော် Reply zaw March 29, 2012 naing ag & aung ng , you will get what you deserve. stand like a man not like a gay. Reply သာခွေး March 29, 2012 ဒီကိတ်စ၊ ခဏခေါက်ထားလို့ မ၇ဘူးလားကိုယ့်လူတို့ ။ေ၇ွးကောက်ပွဲကိတ်စဘယ်လိုလာမလဲအ၇င်စောင့်ကြည့် ကြ၇င်မကောင်းဘူးလား။ Reply CanadaMyanmarGroup March 31, 2012 ကိုသာခွေးရယ် ၊ တချိန် မှာ တစ်ခုပဲ လုပ်လို့ ရတာမျိုးမဟုတ်ပါဘူးဗျာ ရွေး ကောက်ပွဲလဲစောင့် ကြည့် နေကြပါတယ် ၊ မြောက်ပိုင်းကိ စ္စကသေရေးရှင်ရေးကစ္စပါ ၊ နာရေး ကိစ္စပါ၊ ဒီအိမ်မက်ဆိုး တွေကို ဘယ်အ၇ာကမှ မဖုန်းကွယ်နိုင်ပါဘူးဗျာနောက် ရွေ့ ဖို့ ထပ်မလုပ်ပါနှင့် တော့ ခုတောင် နှစ်၂၀ ကျော်ဆို တော့ အတော် အထောက်အထားတွေပြန်၇ှာနေကြရ ငြင်းခုံနေကြ၇တာလေ၊တော်ကြာ ဂျပိုးကလိပ်ဖြစ်သွားမှာ မစိုးရိပ်ဘူးလား.. http://www.CanadaMyanmar.com Reply Your comment is awaiting moderation. moenager March 30, 2012 ကျေးဇူးပါကိုမိုးသီး၊ အထောက်အထားနဲ့တင်ပြရှင်းလင်းပေးတဲ့အတွက် ဘယ်သူက တာဝန်ရှိတယ်ဆိုတာသိသာသွားပါပြီ။ Reply အိုးဝေအောင် March 30, 2012 ကိုမိုးသီးရဲ့ဖြေရှုင်းချက်ကို ကြိုဆိုပါတယ်။အမှန်တရားဟာ နောက်ကျမှ ရောက်လာတတ်တာ ဆိုပေမယ့် အခုကိုမိုးသီးရဲ့ ဖြေရှင်းချက်ဟာ နောက်မကျသေးဘူးလို့ ယူဆပါတယ်။မြောက်ပိုင်းက အရိုးတွန်သံများ မီဒီယာမှာ စတင်ကျယ်လောင်လာကတည်းက ကျနော်တို့ဟာ ကိုမိုးသီးရဲ့ဖြေရှင်းချက်ကို စောင့်မျှော်နေခဲ့တာပါ။ကိုမိုးသီး ဂျပန်တွေ့ဆုံပွဲ မသွားခင် ဖြေရှင်းစေချင်လို့ ကျနော့်ဖေ့စ်ဘွတ်ခ်မှာ ကိုမိုးသီးကို မေးခွန်းထုတ်ခဲ့ပါတယ်။((ဒက်စ်မွန်တူးတူးနဲ့တွေ့ခဲ့ဖူးတဲ့ ကိုမိုးသီးဟာ ဒက်စ်မွန်တူးတူး စကားကို နားမထောင်ဘူး)) လို့ ရေးပြီး သူ့ကို တက်(၈်)လုပ်ခဲ့ပါတယ်။နောက်တရက်မှာ ကိုမိုးသီးရဲ့ဖြေရှင်းစာ မရတဲ့အပြင် ကျနော့ကိုပါ သူ့ဖေ့စ်ဘွတ်ခ်ကနေ ဘလော့ခ် လုပ်ခဲ့တာ ယနေ့ထိပါပဲ။ယခုလို ကိုမိုးသီးရဲ့ အမှန်တရားဘက်ကနေ ရပ်တည် ဖြေရှုင်းပေးတာဟာ အဖိနှိပ်ခံ တရားလိုတွေဘက်က ရပ်တည်ပေးသလို ဖြစ်တာမို့ အားရှိပါတယ်။ဆက်လက်ပြီးလည်း မတရားမှုတခုမှာ ကြား(ဂျား)မနေဘဲ ဖိနှိပ်ခံပြည်သူတွေဘက်က ရပ်တည်ပေးပါ။ဆက်လက်ရပ်တည်ပေးလာမယ့် ကိုမိုးသီးရဲ့ဖြေရှင်းချက်နဲ့ရပ်တည်ချက်တွေကို ကြိုဆိုကြောင်း ထပ်လောင်းပြောဆို ကောင်းချီးပေးလိုက်ပါတယ်။ (အိုးဝေအောင်-မြောက်ပိုင်းလူသတ်မှု အမှုမှန် အမြန်ပေါ်စေလိုသူ။ခေတ္တ-အမေရိက) Reply Charlie March 30, 2012 Ko moe thee, I don’t like your ideas that much, But this time I will go with you justice for Whose so much sacrifice,so carry on. With respect. Reply Myathit Nge March 30, 2012 ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေကို ဘေးဖယ်ထားနှိုင်မှ စစ်မှန်တဲ့ အမှန်တရားဆိုတာ ပေါ်ပေါက်လာမှာပါ။ မိုးသီးရေ ပြန်ပြောလိုက်ကွ၊ နိုင်အောင်ရေ ပြန်စော်လိုက်ကွနဲ့ ကြက်ဝိုင်းမှာ အားပေးသလို လျှောက်အော်မနေကြပါနဲ့။မိုးသီးဘက်က ရပ်တဲ့သူရပ်။ နိုင်အောင်ဘက်က ရပ်တဲ့သူရပ်ပြီး နိုင်ငံရေး စည်းဝိုင်းအလယ်မှာ သူတို့နှစ်ယောက်ကို ခွပ်ခိုင်းသလို ဖြစ်နေတယ်။ စဉ်းစဉ်းစားစားနဲ့ အမှုမှန်ပေါ်ပေါက်ရေးကိုဘဲ ဦးတည်သင့်တော့တဲ့အချိန်ဖြစ်နေပါပြီ။ Reply Name (required) March 30, 2012 အမြန်ဆုံး အမှန်တရား ပေါ်ပေါက်လာပါစေ။ Reply vv March 30, 2012 နိုင်အောင်က ကြာကူလီပါ ခင်ဥမ္မာကိုလည်း ကြာကူလီလုပ်ထားတာပါ။ကျောင်းသားအဖွဲ့ကိုလည်း သူပဲဖြိုခွဲခဲ့တာပါ။ဒီတော့ နိုင်အောင်နေတဲ့နေရာကိုလည်းသိနေပြီ သူလက်ရှိနေတဲ့နေရာကိုလည်း အားလုံးသိနေကြပြီ မဲဆောက်မှာနေတာပဲ ။ဖထီးမန်းရှာကိုလုပ်ကြံတာလည်း နိုင်အောင်ပါပဲ .သူကအရင်ကတည်းက ဖထီးမန်းရှာကိုမကြည်ခဲ့ဘူး။ ဖထီးမန်ရှာက ဖက်ဒရယ်မူကိုကြိုးစားမယ်ပြောတုန်းက နိုင်အောင်ဒေါ်သထွက်ခဲ့တယ်.သူကလက်မခံနိုင်ဘူး ဒါပေမယ့်ဖထီးက KNUကဖြစ်တော့သူပြန်ပြောလို့မရခဲ့ဘူး အဒီနောက်သူဖထီးကိုလုပ်ကြုံဖို့ ကြိုးစားတော့တာပါပဲ။သက်သေတွေထုပ်ပြဦးမယ်။ Reply သိကြားမင်း March 30, 2012 သိပ်ကောင်းပါတယ်။ လူသတ်မှုများကို အော့နှစ်လုံး နာနေပါပြီ။ သက်သေပြ စရာမလိုတော့ပေမဲ့ ဖော်ပြပေးပါ။ ကြိုဆိုပါတယ်။ Reply Nyunt Shwe March 30, 2012 မဟုတ်သေးဘူးရဲဘော်။ အဲလိုလုပ်ပေးလိုက်ရင် ဆုချသလိုတောင် ဖြစ်သွားဦးမယ်။ ခင်ဗျားတို့ကို ဒီကောင်တွေလဲ လူမိုက်တွေပါပဲကွာ၊ သိပ်မထူးကြပါဘူးလို့ပဲ အများထင်ကြလိမ့်မယ်။ သတ္တိရှိလို့ လုပ်ချင်သပဆိုရင် အခုနိုင်အောင်နေတဲ့အရပ်ကို သွားပါ။ သူသွားတဲ့ အခန်းအနားမှာ ဒါမှမဟုတ် လူတောသူတောမှာ ပထမ ပါးကို ခပ်ပြင်းပြင်း ရိုက်ပါ။ လဲအောင်ထိုးပါ၊ ပြီးတော့ ခေါင်းကို ဖိနပ်နဲ့တက်နင်းထားပါ၊ မကန်ပါနဲ့ ကန်ရင် မတော်ရင် သေနိုင်တယ်။ အဲလိုလုပ်တာကို တခြားမိတ်ဆွေကို တယ်လီဖုန်းကင်မရာနဲ့ဖြစ်ဖြစ် ဗီဒီယိုရိုက်ခိုင်းပြီး နက်ပေါ်သာတင်ပေးလိုက်ပေတော့၊ အော် မျက်နှာကို သတွေးနဲ့ထွေးဖို့လဲ မမေ့ပါနဲ့။ ဒါက လက်ငင်း လုပ်ချင်သပ လုပ်ရဲသပဆိုရင် လုပ်ရမဲ့ ဇာတ်ညွှန်းဖြစ်တယ်။ တကယ်လုပ်ရမှာက ပြည်တွင်းတင်မဟုတ်ဘူး၊ ပြည်ပက နိုင်ငံတကာခုံရုံးကို တင်နိုင်ဖို့ဖြစ်တယ်။ အဲဒါတွေဖြစ်အောင် ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခု ဖွဲ့ကြပါ။ ထင်သာမြင်သာ ပွင့်လင်းတဲ့ ရံပုံငွေအဖွဲ့လဲ ထောင်ကြပါ။ ဒီအလုပ်က ငွေကုန်ရမဲ့အလုပ်ဖြစ်တယ်။ Reply CanadaMyanmarGroup March 31, 2012 လစဉ်ပေါ့ ဗျာ တနေ့ တဒေါ်လာနှံးပဲဖြစ်ဖြစ်ပေါ့ ၊နာမည် မဖေါ်လိုသူတွေကိုလည်းလက်ခံနိုင်တဲ့ နယ်မြေအလိုက် နိုင်ငံအလိုက်အဆင့် ဆင့် စုစည်းထားတဲ့ အဖွဲ့ မဟုတ် တောင်ဖြစ်မြောက်ရေးသဘောမျိုးပေါ့ ဗျာ၊အရေးကြီးတာ ကအဲဒီကာယကံရှင်တွေကိုပဲဦးဆောင်မူ့ နေရာတွေမှာ ထားပေးကြပြီးအမူ့ မှန်ပေါ်ပေါက်ရေးလိုလား သူတေက ရှေ့ တန်းနောက်တန်းတွေဝန်းရံပေးသင့် ပါတယ်၊ အာဇာနီမလေး နန်းအောင်ထွေးကြည်တို့ ၊ သူရဲကောင်း ထိန်လင်းတို့ စတဲ့ သူတွေပြည်တွင်းထဲကမသေပဲ လွတ် လာသူတွေပါပေါ့ ဗျာ၊ ဒါမှာလည်းသူတို့ စိတ်ဒဏ် ရာတွေကို ကုစားပေး ရာ အားပေးရာ ရောက်မှာပေါ့  ဗျာ ကျပ်တို့ လည်းပဲ ဒီကနေဒါ ကနေ လူစု ငွေစု ပို့  ပေး ပါ့ မယ် တပ်နိုင်သလောက်ပေါ့ လူတိုင်းဟာ စာ ဖတ်ပရိသတ် ဘ၀ကနေ နောက်တဆင့် တက်ဖို့ လို လာကြပါပြီ Reply Your comment is awaiting moderation. Name (required) March 30, 2012 thanks Reply soe than March 30, 2012 Great job Ko Moe Thee. Reply Set Htun March 30, 2012 Ko Moe Thee, your smart in documentation ! In Dr. Naing Aung statment “I have no more disputes about the righteousness to execute 15 spies. However, I myself, on behalf of the central committee, have the responsibilities for that even though there was no participation by central committee on decision process.” Dr. Naing Aung and Ko Aung Htoo secondly took responsible the case though they did not participate for AB (North) Than Chaung, Myo Win, Ronal Aung Naing group’s crimes who primarily committed but a worse thing was Dr. Naing Aung used “the righteousness to execute 15 spies”. Please see စစ်ကြောရေးမှာ ပါဝင်ခဲ့တဲ့ တပ်ရင်းမှုးတစ်ဦးဖြစ်သူကိုသိုက်ထွန်းဦးရဲ့ ဖွင့်ဟ၀န်ခံချက်ြ: “ကိုသိုက်က ဒေါက်တာနိုင်အောင်မှာ အပြစ်မရှိဘူးလို့ ပြောတယ်။ အဓိက အပြစ်ရှိတဲ့သူက ကိုရော်နယ်အောင်နိုင်(ခ)ဥက္ကဌလေးဖြစ်ပါတယ်လို့  ၀န်ခံပါတယ်။” http://phonekyaw.blogspot.com/2011/12/blog-post_31.html This case needs Int’l Criminal Council (ICC) judgment. Reply http://www.naytthit.net/?p=25912#comment-6522

No comments: