Monday, March 12, 2012

ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရား သတ်ဖြတ်ခံခဲ့ရသည့်အမှု] ABSDF လူသတ်ပွဲ ဘယ်သူတရားခံလဲ

[8888peoplepower] Fw: [ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရား သတ်ဖြတ်ခံခဲ့ရသည့်အမှု] ABSDF လူသတ်ပွဲ ဘယ်သူတရားခံလဲ အ... Forwarded Message ----- From: Ko MoeJee To: ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရား သတ်ဖြတ်ခံခဲ့ရသည့်အမှု <344699038880694@groups.facebook.com> Sent: Monday, 12 March 2012, 23:31 Subject: Re: [ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရား သတ်ဖြတ်ခံခဲ့ရသည့်အမှု] ABSDF လူသတ်ပွဲ ဘယ်သူတရားခံလဲ အ... Ko MoeJee commented on UZa Wana's post in ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရား သတ်ဖြတ်ခံခဲ့ရသည့်အမှု. (ညီညီ-မန္တလေး)အပိုင်း ၃(က)။ ၅၅... Ko MoeJee 11:31pm Mar 12 (ညီညီ-မန္တလေး)အပိုင်း ၃(က)။ ၅၅ ဦးထွက်ပြေးလွတ်မြောက်ပြီးတဲ့အချိန်မှာ မျိုးဝင်းနဲ.အဖွဲ.ရှေ.တန်းသွားရာမှာမျိုးဝင်းနောက် ကျည်မှန်ပြီးသေသွားတယ်။(ကျရှုံးသွားတဲ့ကွန်မန်ဒါတဦးကို အပြတ်ရှင်းတဲ့သဘောပါ)။အဲဒီမျိုးဝင်းတိုက်ပွဲကျတဲ့သတင်း ဌါနချုပ်ကိုဝင်လာတဲ့အချိန်ကနေ.လည်ခင်းမှာပါ။ဒါပေမဲ့အဲဒီသတင်းကိုလစ်လျှုရှုပြီး သံချောင်းနဲ.အဖွဲ.ရှေ.တန်းမှာအောင်ပွဲရလာလို.ဆိုပြီးအဲဒီညကကျောင်းသားတပ်ထဲမှာစတိတ်ရှိုးပွဲလုပ်ပြီးပျော်ပွဲရွှင်ပွဲကျင်းပခဲ့တယ်။ဒီနေရာမှာဒီလူသတ်မှုတွေရဲ.အကြောင်းရင်းမှာဘယ်သူတွေတာဝန်ရှိလဲဆိုတာစုံစမ်းရအုံးမှာဖြစ်ပေမဲ့ဘယ်သူတွေမှာတာဝန်မရှိဘူဆိုတာတော့ရှင်းးနေပါပြီ။ရှေ.မဆက်ခင်ကျနော် KIA ဘက်ကိုစာသင်ဖို.ခေါ်ရာမှာတပ်မဟာ ၅ တပ်မှုးဗိုလ်မှုးကြီးဆမ်လီက ကျနော့်ကိုသံချောင်းနဲ.အတူခေါ်တွေ.ပါတယ်။ကျနော်ကို ကျောင်းသားတပ်ထဲကဆွဲထုတ်ဖို.အတွက်ပါ။ကျောင်းသားတပ်ကိုအပြန်မှာသံချောင်းနဲ.ကျနော်ပြောခဲ့တဲ့စကားတွေကိုပြန်ပြောပြချင်ပါတယ်။အဲဒီအချိန်ကဘေးမှာသက်လင်းလည်းကျနော်တို.နဲ.အတူရှိနေပါတယ်။တပ်အပြန်မှာသံချောင်းက ကျနော့်ကိုစကားတွေအများကြီးပြောပါတယ်။စကားပြောတာထက် ရင်ဖွင့်တာလည်းဟုတ်ပါတယ်။ Comment History Ko MoeJee Ko MoeJee 11:27pm Mar 12 (ညီညီ-မန္တလေး)အပိုင်း ၂။ အဲဒီနောက်မှာကျနော်.ကို KIA ရဲ.စစ်ရုံးချုပ်ထောက်လှန်းရေးဌါနတာဝန်ခံ စစ်ဦးစီးချုပ် ပထမတန်း ဗိုလ်မှုးကြီးပန်းအောင်ရဲ.ကိုယ်ရေးအရာရှိအဖြစ်ခန်.လိုက်ပါတယ်။ ၅ ရက်လောက်အကြာ ရင်ကျန်းမြို.ကို ဗိုလ်မှုးကြီးပန်းအောင်နဲ.အသွားမှာ ဗိုလ်မှုးကြီးနဲ.ကျနော်တို.တည်းနေတဲ့တည်းခိုခန်းကို NLD (LA) က ဦးကျော်မြအရေးတကြီးလာရှာသွားတယ်လို.ကြားရတယ်။သူတည်းတဲ့ ဝိုင်မော် တည်းခိုခန်းကို လိုက်သွားတဲ့အခါ ဦးကျော်မြက သူ.မိန်းမရဲ.တူအရင်းဘာအပြစ်မှမရှိပဲ ကျောင်းသားတပ်မှာအ သတ်ခံရတဲ့အကြောင်းကိုဗိုလ်မှုးကြီးပန်းအောင်ကိုငိုပြီးတိုင်တန်းပါတယ်။"ဘာ-ဒီကောင်တွေ သတ်ကြပြန်ပြီးလား?"လို.ပြောပြီးအဲဒီပြောဆိုဆွေးနွေးဖို.တပ်ကိုချက်ချင်းပြန်သွားပါတယ်။ တရက်မှာ NLD (LA) လွတ်မြောက်နယ်မြေကလူတယောက် KIA စစ်ရုံးချုပ်ကိုရောက်လာပြီး ဦးကျော်မြပျောက်နေလို.စုံစမ်းပေးဖို.အမှု.လာတိုင်ပါတယ်။ စစ်ရုံးချုပ်ကစုံစမ်းစစ်ဆေးမှုချက် ချင်းစတင်ပြီး စုံစမ်းစစ်ဆေးစဉ်ကာလအတွင်း NLD (LA) ရုံးကလူတွေဘယ်သူမှအပြင်မထွက်ရအမိန်.ထုတ်လိုက်ပါတယ်။ စုံစမ်းစစ်ဆေးချက်အရ ဦးကျော်မြကို NLD (LA) ရုံးမှ ရုံးအကူ ဦးသာမြ(နမ္မတီး)နဲ.အခြားတယောက် (နာမည်မမှတ်မိ)တို.ကသတ်တာဖြစ်ကြောင်းနှင့် အလောင်းကို NLD (LA) ရုံးအတွင်းထမင်းစားဆောင်ရဲ.မြေစိုက်ထမင်းစားပွဲခုံရဲ.အောက်မှာ တူးမြုပ်ထားတာကိုတွေ.ရပါတယ်။ဒီ ဦးကျော်မြရဲ.တူရော၊ဦးကျော်မြရော အသတ်ခံရတာက ဦးကျော်မြရဲ.ကျောင်းသားတပ်မတော်အပေါ်ဝေဖန်မှု၊ဝန်ကြီး ဦးဝင်းကိုအသတ်ခံရတာကို တရားဝင်စုံစမ်းစစ်ဆေးဖို. NLD-LA ကိုတောင်းဆိုခဲ့လို.ဖြစ်ပါတယ်။ဦးကျော်မြကိုသတ်တဲ့ လူသတ်တရားခံ ၂ ဦးကို NLD-LA တာဝန်ရှိသူတွေဖြစ်တဲ့ ဒု-ဥက္ကဌ ဦးတင်အောင်နဲ.အရွေး ချယ်ခံအမတ် ဦးကြာမြတို.က အဓိကတာဝာန်ရှိသူ ကိုအလုပ်ကြမ်းနဲ.ထောင်ဒဏ် ၁၈ နှစ်၊ အားပေးကူညီသူကို အလုပ်ကြမ်းနဲ.ထောင်ဒဏ် ၅ နှစ်ချလိုက်ပါတယ်။လွတ်မြောက်နယ်မြေ မှာပဲချုပ်ထားပြီး အလုပ်ကြမ်းခိုင်းစေပါတယ်။နောက်သုံးလ လောက်အကြာမှာအဲဒီပြစ်ဒဏ်ကျကျဉ်းသားနှစ်ယောက်စလုံးကို ဦးတင်အောင်နဲ.ဦးကြာမြတို.ကအထွေထွေလွတ်ငြီမ်းချမ်းသာခွင့်ပေးပြီးပြစ်ဒဏ်ကနေကွင်းလုံးကျွတ်လွတ်ပေးလိုက်ပါတယ်။အဲဒီလွတ်ငြီမ်းချမ်းသာခွင့်ရသူနှစ်ဦးဟာသူတို.ကိုပြစ်ဒဏ်ချခဲ့ပြီး၊လွတ်ငြီမ်းချမ်းသားခွင့်ပေးခဲ့တဲ့သူနှစ်ဦးနဲ.အတူ NLD-LAရုံးအတွင်းပြန်နေပြီးအရင်လိုပဲအလုပ်တွေကိုပြန်တွဲလုပ်နေပြန်ပါတယ်။ Ko MoeJee Ko MoeJee 11:23pm Mar 12 UZa Wana .. ဘုန်းဘုန်းရေ။ မဖတ်ရသေးသူတွေ အမြန်ဖတ်နိုင်အောင်လို့ ကျန်ရှိနေတဲ့အပိုင်းကို တပည့်တော်ကို ဖြည့်စွက်ခွင့်ပြုစေချင်ပါတယ်။ Khun Gamanii Khun Gamanii 1:06pm Mar 12 NLD-LA ရဲ့ ဇာတ်ရှုပ်ပါ ပါလာပြီ Maung Than Swe Maung Than Swe 12:59pm Mar 12 FB နယ်ရဲ့အပြင်ဘက်ကလူတွေ၊ အဓိကအားဖြင့် ပြည်သူတွေဖတ်နိုင်အောင်တတ်သမျှမှတ်သမျှကော်ပီလုပ်ပြီးဖြန့်ပါတယ်။မရဘူး။ကိုညီညီ၊ကိုလင်းဝေအောင်၊ကိုဗေဒါလမ်းတို့အနေနဲ့ မေးလ်ဂရုတခုခုထဲကဖြန့်ပေးကြပါလားဗျာ။အများဖတ်ရတာပေါ့။ ကျနော်တို့လိုနည်းပညာမကျွှမ်းတဲ့လူတွေလည်းဆက်ဖြန့်လို့ရတာပေါ့။ Ko Baloi Ko Baloi 8:16am Mar 12 အစုလိုက်အပြုံလိုက် မ- ပ မတရားစွတ်စွဲခံရတဲ့ လုပ်ကြံသတ်ဖြတ်မှုကြီးက တဖြည်းဖြည်းနဲ့ ရုပ်လုံးတွေပေါ်လာပါပြီး။ ဒီလို ရုပ်လုံးတွေပေါ်လာတာ ဒီဂရုထားရှိခြင်းရဲ့ ရလဒ်အကျိုးကျေးဇူးကြောင့်ပဲလို့ ယုံကြည်ပါတယ်။ ဒီဂရုကို ဖွဲ့ထားတဲ့ admin တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ View All Comments Original Post UZa Wana UZa Wana 6:18am Mar 12 ABSDF လူသတ်ပွဲ ဘယ်သူတရားခံလဲ အပိုင်း(၁) ဖတ်ဖြစ်အောင်ဖတ်ပါ(၊ရေးသားသူ ညီညီ-မန္တလေး ) မကဒတ(မပ)မှာ ကိုထွန်းအောင်ကျော်နဲ. ၁၅ ဦးကိုရက်ရက်စက်စက် သက်ဖြတ်မှုကြီးအပြီးမှာအဲဒီကိစ္စတွေကိုစုံစမ်းစစ်ဆေးအစီရင်ခံစာတင်ဖို. NLD (LA) ကနေ အဝေးရောက်အစိုးရအဖွဲ.၀န်ကြီးဦးဝင်းကိုနဲ. ဒုဥက္ကဌ (မိုးညင်း-မိုးကောင်း-နမ်းမား ဒေသခံ)ဦးတင်အောင်တို.မြာက်ပိုင်းဒေသလွတ်မြောက်နယ်မြေကိုရောက်လာပါတယ်။။အဲဒီအချိန်မှာ ကျနော်(ညီညီ-မန္တလေး)ကို KIA ဘက်ကအင်္ဂံလိပ်စကားပြောသင်တန်းဖွင့်ဖို.ဆိုတဲ့ရည်ရွယ်ချက်ဆိုတာကြီးနဲ.ခေါ်ယူထားပြီးပါပြီ။ညနေပိုင်းမှာအင်္ဂံလိပ်စကားပြောသင်တန်းဖွင့်နေပါတယ်။ကျနော်.ကိုစစ်ရုံးချုပ် G3 လိုင်စမ်းရဲ.အီမ်မှာထားပါတယ်။ဦးဝင်းကိုကနောက်ပိုင်းကျနော်နဲ.ရင်းနှီးသွားပြီးတဲ့နောက်မှာသူရဲ.လာ ရင်းကိစ္စကိုဖွင့်ပြောပါတယ်။စစ်တပ်ကထောက်လှမ်းရေးရဲ.ဗိုလ်လို.စွတ်စွဲခံရသူတဦးကို KIA ထောက်လှမ်းရေးဌါနရဲ.ရုံး စစ်ရုံးချုပ်မှာခေါ်ထားတယ်ဆိုကတည်းက ဒီကိစ္စမဖြစ်နိုင်ဖူးဆိုတာသူသိ ပါတယ်တဲ့။သူကလွတ်မြောက်နယ်မြေရုံးကိုခေါ်လို.အကြီမ်ကြီမ်သွားပြီးဒီထောက်လှန်းရေးလို.စွတ်စွဲကာဖမ်းဆီးမှု၊နှိပ်စက်မှု၊အတင်းအဓ္ဓမ၀န်ခံထွက်ဆိုစေမှု၊သတ်ဖြတ်မှုတွေကိုရှင်းပြခဲ့ပါတယ်။ဦးဝင်းကိုကအကူအညီတောင်းလို.အဝေးရောက်အစိုးရအဖွဲ.က ကုလသမဂ္ဂမှာတင်တဲ့အင်္ဂလိပ်စာတန်းကိုမြန် မာလို ဘာသာပြန်ပေးခဲ့ပြီး ကျောင်းသားတပ်နဲ. KIA တပ်ထဲကိုလဲဖြန်.ချီခဲ့ပါတယ်။အဲဒီရုံးကိုကြီမ်ဖန် များစွာသွားရောက်ခဲ့ရာမှာ အဲဒီမှာရှိတဲ့အရွေးချယ်ခံအမတ် ဦးကြာမြနဲ.ဒု-ဥက္ကဌ ဦးတင်အောင်တို.ဟာကျနော်ကိုမလိုလားကြောင်းကိုယ်နှုတ်အမူအရာနဲ.အကြီမ်ကြီမ်ပြခဲ့ကြပြီး၊ကျနော်နဲ.တကြီမ်မှစကားမပြောခဲ့ကြပါဘူး။မိုးညင်းမြို.နယ် NLD စည်းရုံးရေးမှုးဦးကျော်မြကတော့သူသိသမျှကိုဝင်ရောက်ပြော ဆိုပြီးကျောင်းသားတပ်ရဲ.လွဲမှားမှု တွေကိုထောက်ခံဆွေးနွေးလေ့ရှိပါတယ်။ မတ်လဆန်းမှာ ၀န်ကြီးဦးဝင်းကို တရုပ်ပြည်ခွေးမှင်(ကူမင်း) ကတဆင့်အမေရိကန်ကိုပြန်ပါတယ်။ဒါပေမဲ့သူဟာ အမေရိကန်မပြောနဲ. ကူမင်းမြို.တော်တောင်မ ရောက်ခဲ့ပါဘူး။လမ်းခုလတ် တရုပ်ပြည်မန်ရှီမြို.က သူတည်းခိုတဲ့ဟိုတယ်အခန်းထဲမှာဓါးထိုးလုပ်ကြံခံ ခဲ့ရပါတယ်။ဝန်ကြီးရဲ.အပြန်ခရီးကိုတာဝန်ခံပို.ဆောင်ခဲ့တဲ့သူတွေဟာ ABSDF (NB) ကွန်မန်ဒိုတပ်က ဖြစ်ပါတယ်။နောက်တရက်ခြားမှာ ABSDF(NB) ကစစ်ရေးတာဝန်ခံ သံချောင်း၊၀ါဒဖြန်.ချီရေးက အရာခံဗိုလ် စိန်သန်း၊တပ်ကြပ်ကြီးစောမြအောင်နဲ.ထောက်လှမ်းရေးက ရဲဘော်သက်လင်း တို.၄ ရောက် KIA က ကျနော်နေတဲ့ဗိုလ်ကြီးလိုင်စမ်း G3 ရဲ.အီမ်ကိုရောက်လာပြီးကျနော်ကို ABSDF ကိုပြန်ခေါ်ဖို.ဆိုပြီး ဒေါသတကြီးနဲ.ရောက်လာပါတယ်။ဗိုလ်ကြီးလိုင်စမ်းကပြန်မထဲ့ပေးသေးပဲ KIA ရဲ.စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဇော်မိုင်ကိုသွားတင်ပြပါတယ်။ဗိုလ်ချုပ်ဇော်မိုင်ရဲ.အမိန်.နဲ.ကျနော်ကိုသံချောင်း ပြန်ခေါ်ခွင့်မရပါဘူး။နောက်တခါ ကျနော်ကိုချက်ချင်း KIA အဖွဲ.၀င်အဖြစ်ကျမ်းသစ္စာကြီမ်ဆိုခိုင်းပြီးစာရင်းသွင်းမှာဖြစ်လို.နောက်နောင် ကျနော်ရဲ.လုံခြုံရေးကိုမထိပါးဖို.သံချောင်းကိုအမိန်.ပေးလိုက်ပါ တယ်။ သံချောင်းကဗိုလ်ချုပ်အီမ်ကပြန်ဆင်းလာပြီး “မင်းကံကောင်းသွားတယ်မှတ်၊မင်းအတွက် ငါ ကျင်းတူးခဲ့ခိုင်းခဲ့ပြီးပြီ၊ မင်းတပ်ပြန်မရောက်ဖူး လမ်းတင်ရှင်းပြစ်ခဲ့မလို. ၊အေးကွာနောက်တော့တွေ. တာပေါ.” လို.မချင့်မရဲနဲ.ကြီမ်းဝါးသွားခဲ့ပါတယ်။ဆက်လက်ရေးသားပါမည်။ ညီညီ မန္တလေး

No comments: