အမှန်တရားရဲ့ ကျားမှီးကိုဆွဲ
ကမ္ဘာကြီးထဲ တံတိုင်းကာ
အရာရာကိုဖြတ်တောက်ပိတ်ဆို့ ဖို့ ကြိုးစားနေကြလေရဲ့ ..။
ဘယ်လိုကဘယ်လိုရလာမှန်းမသိတဲ့ အာဏာဟာ
ယနေ့ ကမ္ဘာမှာအသုံးမတဲ့ အတွက်
အရှက်မဲ့ နိုင်ငံများအချင်းသာမိတ်ဆွေဖွဲ့ 
အရှေ့ နဲ့ အနောက်တံတိုင်းကာ
ဒါဟာ ယဉ်ကျေးမှူကိုထိမ်းသိမ်းတာတဲ့ လား..။
နယ်မြေစီးခြား တံတားပိတ်ဆို့ 
သူတပါး ပြည်တွင်းရေးမို့ ငါတို့ မျက်ရည်ချုပ်တီး
လောကကြီးဖြစ်ချင်တာဖြစ်ရယ်လို့ 
နှလုံးသားနဲ့ လူသားများခံစားနိုင်ပါ့ မလား....။
- ဧရာဝတီမြစ်ကိုတံမန်တုပ်၍မရ
ကမ္ဘာအတွေးခေါ်ရေစီးကြောင်းဟာလျှင်မြန်စွာပြန့်ပွား
လူသားနဲ့ အသိညာဏ်ပညာ
ဒါအမှန်တရား ဒါမတရားဘူး
ကမ္ဘာဦးအစက ဦးရာလူဘုရင်ဖြစ်
ဒီခေတ်မှာ မရှိသင့် တော့ ပါဘူး..။
- ပိတ်ဆို့ ခြင်း တားမြစ်ခြင်း
ကန့် သတ်ခြင်း တွေမှာ
အာဏာသုံး အနိုင်အထက်
လက်နှက်အားကိုး ဒါမျိုးအုပ်ချုပ်ခြင်းဆိုတာ
ယနေ့ ကမ္ဘာလူ့ ယဉ်ကျေးမှူအသိုင်းအ၀န်းမှာ
လက်မခံတော့ ပါဘူး ။
- ကမ္ဘာအလယ်က ကန့် သတ်တိုင်းပြည်တခုဟာ
အတွေးခေါ် ပါ ကန့် သတ်ချုပ်ချယ်ထား
ပြည်သူများကမ္ဘာနဲ့ ယှဉ်ဘောင်တန်း
နောက်တန်းကို တွန်းပို့ နေတဲ့ စနစ်တခု ဆိုတာ
အာဏာလုယူထားသူတွေနားလည်ကြရဲ့ လား….။ ။ Type the rest of your post here.