Saturday, May 2, 2009

ဝက်တုပ်ကွေး နှင့် ကနေဒါ မြန့် မာ ကွန်မြူနတီ

ဝက်တုပ်ကွေး နှင့် ကနေဒါ မြန့် မာ ကွန်မြူနတီ

ဒီကိုနှိုပ်ပါ Click HERE




http://karygiannismp.com/7thpressreleases/swinefluburmese1.pdf

ကနေဒါ အစိုးရသည် ပြည်သူ့ အပေါ် လျို ၀ှက်သော ဖုံးဖိသော ထိမ်းချုပ် ထိန်ချန် အစိုးရမဟုတ်သလို ကနေဒါ
မီဒီယာများသည် လည်း ကြောက်လန့် နေရသော လွတ်လပ်စွာ အမှန်ကို မဖေါ် ထုတ် ရဲ သော အခြေအနေတွင်
မရှိကြသောကြောင့်  အချီန်လွန်လျှင် သေစေနိုင်သော ၀က်တုပ်ကွေး ကဒ်ဆိုး ၏ အဖြစ်မှန် ကို နာရီ မိနှစ်မခြား
နည်းမျိုးစုံဖြင့် တင်ပြ သတိပေးလေ့ ရှိသည့် အပြင် လူမျိုးကြီး လူမျိုးငယ် မရွေး ဘာသာပေါင်းစုံဖြင့် လည်း အစိုး
ရကိုယ်တိုင်မှ ကြော်ငြာ ပေးလေ့ ရှိသည် အချိန်မလွန်ခင် ကာကွယ် တားဆီးစရာများ ပြင်ဆင်စရာများကို
ပြည်သူများဖက်မှ လုပ်ဆောင်နိုင်ပေသည် ။
မြန်မာအစိုးရ ၊ တရုပ်အစိုးရများကဲ သို့ သော ပြည်သူရွေးချယ်မထားသည့်  အာဏာရှင် အစိုးရများသည် အဖြစ်
မှန်ကို ထိမ်းချုပ်ဖုံးဖိထားတပ်သည့် အပြင် လွတ်လပ်သော သတင်း မီဒီယာ စံနစ်ကို အားမပေးပဲ ၀ါဒဖြန့် ချီ မှိုင်း
တိုက် လှည့် စားသည့်  အဆိပ်အတောက်မီဒီယာ စံနစ်မျိုးကိုသာ အသုံးပြုသည့် အတွက် တိုင်းပြည်အတွက်ရော
ကမ္ဘာ့  ပြည်သူများအတွက်ပါ မယုံကြည် မစိတ်ချရသည့်  လက်လွန်သည့် အဖြစ်မျိုး များစွာ တွေ့ ရတပ်ကြရ
သည် မှာ ၁၉၉၂ ခု နှစ် တရုပ်ပြည်မှ စတင် သော ဆား SARS ရောဂါဆိုးကြီး ကမ္ဘာကို ပြန့် ပွားပုံ ၊ ငှက် တုပ်
ကွေးရော ဂါ နှင့်  မြန်မာ AIDS ရောဂါ ၊ မြောက်ကိုရီးယား ၏ ဒုံးကျဉ် ပြနာ စသည့် သာတကများက သက်သေ
ခံနေပါသည် ။
ဘာကြောင့်  ယနေ့ ကမ္ဘာကြီးပေါ်တွင် ပြည်သူ ရွေးချယ်သောအစိုးရအုပ်ချုပ်သည့် နိုင်ငံများနှင့် ပြည်သူ မ
ရွေးချယ်ခဲ့ ပါပဲ အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေသော နိုင်ငံများ ကွာခြားနေကြရပါသလဲ ...
ဘာတွေကွာခြားပါသလဲ ၊ ထိုနိုင်ငံ၏ ပြည်တွင်းရေး အပြင် ကမ္ဘာ့ နိုင်ငံ အသီးသီးရှိပြည်သူများကိုပါ ထိခိုက်
အန္ထရယ်ပြု ချိမ်းခြောက်လာနိုင်ပါသလော ၊ အဖိနိပ်ခံပြည်သူများ၏ အနာဂတ်မျိုးဆက်သစ်များအတွက်အ
ဘယ်မျှ စိုးရိပ်စရာကောင်းပါသလဲ ၊ ထိုးထွင်းမြင်နိုင်စွမ်းရှိသောပြည်သူများ နှင့် အတ္တနည်းပါးသော ပြည်သူ
များအနေနှင့်  ခေါင်းငုံ့ ငြိမ်ခံနေသင့် ပါသလော ၊ လူ့ အခွင့် အရေး နှင့် လွပ်လပ်ခွင့် ကို လေးစား ခံစားနေ
ကြရသော အခြားနိုင်ငံများမှ လူသားများအနေနှင့်  ငါတို့ ပြည်တွင်းရေး မဟုတ်ဟု မျက်စေ့ မိတ်နားပိတ်
နေသင့် ပါသလော ..စသည့် စသည့် မေးခွန်းများစွာကို စစ်အုပ်စုများ မှ အစ သာမန် ပြည်သူများအလည်
တိုက်ပွဲဝင် လတ်မြောက်ရေး လိုလားသူများအဆုံး မိမိဖာသာ ဖြေကြည့် လျှင် တူညီသောအဖြများကို ရ
ရှိလာနိုင်ပါသည် ။





No comments: