Sunday, May 17, 2009

နိုင်ငံ တကာ ရှိ မြန်မာ သံ ရုံး များ သို့  သတိ ပေး စာ များ ရောက် ရှိ ခြင်း

နိုင်ငံ တကာ ရှိ မြန်မာ သံ ရုံး များ သို့  သတိ ပေး စာ များ ရောက် ရှိ ခြင်း

ပြည် တွင်း မှနေ ၍ နိုင်ငံ တကာ ရှိ မြန်မာ သံ ရှံး များ သို့  အထူး သတိထားနေကြရန်
( ပေါက် ခ်ျ မှ တဆင့် ) အ သေးစိပ် လျှို ၀ှက် ညွန်ကြားချက်များ နှင့်  တပ်လှန့် ထားကြောင်း ခိုင်လုံ သော သံတမန် သတင်း ရပ် ကွက်များ မှ တဆင့် သိရှိ ရသည် ။ အချို့ အရေး ကြီးသည့် ထိုင်း ၊ ဂျပန် ၊ အမေရိကား ၊ ကနေ ဒါ ၊ စသည့် နိုင်ငံများတွင် နေ့ ည မပြတ် အနည်း ဆုံး လူနှစ် ယောက် စီ ကင်း ကျ တာဝန် ယူ ခိုင်း ထား ပြီး နေပြည်တော် နှင် အမြဲ ဆက်သွယ် မှူ မပြတ်ရန် ညွန်ကြားထားသည် ။ သံတမန် မိသားစု ၀င် များ ဆွေမျိုး သားသမီးများကို ပါ ကင်း စောင့် ရန်နှင့်  ကျောင်းသွားခြင်း ၊ ရုံး သွားခြင်း ၊ ဈေး သွားခြင်းတို့ တွင် ၊ ဒေသခံ ဒရိုင်ပါ တို့ မောင်း နှင် သော သံရှံး ၏ ကားဖြင့် သာ သွားလာရန်
ညွန်ကြားထားကြောင်း သိရသည် ။ သံရုံး သို့ ဖုန်းဆက်လျှင်လည်း မြည်သည့် မြန်မာ သံဝန်
ထမ်း ကမျှ မကိုင်ရန်နှင့်  ဒေသခံ Receptionist များမှ သာ ဖုန်းတဆင့် ကိုင်ရန် နှင့်  အင်
တာကွန်ဖြင့် မြန်မာ ၀န်ထမ်း များမှ နားဆင် ရန် နေပြည်တော် မှ ညွန်ကြားထားသည် ။
သံရှံး မှ စာရွက်စာတမ်းများကို အမိုက်ပုံး ထဲ သို့ မပြစ် ရန် ၊ စာရွက် ဖျက်စက် များ သံရှုံးတိုင်း
အသစ် ၀ယ်ထားရန် ၊ ဒေသ လုံ ချုံ ရေး Alarm Company များ Motions Sensors သုံး မီး လုံး များ ကင်မရာ ရုပ် ဖမ်း စက်များ တပ်ဆင်ထားရန် Budget ခွင့် ပြု ထားပြီးဖြစ်သည် ။
အချို့ နိုင်ငံများ ဂျပန် ၊ ထိုင်း စသည် တို့ တွင် ဒေသခံ ရဲ များကို နာရီ ပြည့် ငှါး ထားရန် ၊ အ
နောက်နိုင်ငံကြီးများတွင် တခါဘူးမျှ မငှါးဘူးသည် ဒေသခံ Security များ ငှါး ယန်းအသုံးပြု
ရန် ညွန်ကြားထားသည် ။ အထူး ညွန်ကြားချက် မှာ သံရုံး တိုင်း မိမိ တို့ ရောက်ရှိရာ နိုင်ငံ
တိုင်း ရှိ အာဆီ ယံ သံ ရုံး ၀န်ထမ်း များနှင့်  မိမိတို့ အဆင့် ဆင့် အလိုက် အထူး ပိုမို မိတ်
ဆွေဖွဲ့ ထားရန် ( Lunch အတူ စားခြင်း ၊ လက်ဆောင်ပေးခြင်း ) ညွန်ကြားထားသည် ။
သံအမတ်ကြီး ၏နေအိမ်မှ ထမင်းချက် အမျိုး သမ္မီးများမှ အစ ဥယဉ် မှူး အဆုံး စနေ ၊ တ
နင်္ဂနွေ ထွက်လည် ခွင့် ကို ခေတ္တ ပိတ်ထားရန် စသည် တို့ ပါသည်..
ပြည်ပရှိ မိမိတို့ မိသားစုများထံ လိုက်လာရန် ၊ လည် ရန် အသင့် ဖြစ်နေသော ပြည်တွင်း ထဲ မှ သံတမန် မိသားစု ၊ ဆွေမျိုးစုများကို လည်း ယာယီထွက်ခွင့် ပိတ်ထားလိုက်သည် ။
ထို ထက်ပိုဆိုးသည် မှာ သံရုံး ၀န်ထမ်း အချင်း ချင်းကြားဉ် ပင် လျှင် အချင်း ချင်း အထူးသ
တိထားစောင့် ကြည့် ကြရန် ၊ အရေး ပေါ် အခြေအနေပေါ် အခွင့် ကောင်းယူ၍ နိုင်ငံ ရေး ခိုလုံ ခွင့် မျိုး ဖြင့် ထွက်မပြေး နိုင်စေရန် သံအမတ် ကို အထူး မှာကြားထားသည် ။ မည်သည့် မီဒီ
ယာနှင့် မျှ အင်တာဗျူး မလုပ်၇န် ၊ ဒေသဆိုင်ရာ နိုင်ငံခြားရေး ဌါန များ၊ ၀န်ထမ်းများကို အထူး
နည်းကပ်စွာဆက်ဆံရန် ( ဖါးထားရန် ) ညွန်ကြားထားသည် ။
နေပြီးစားပြီး US $ ၁၂၀၀ မှ ကျပ် ၄၀၀၀ ကျော်အထိရသော သံယုံးဝန်ထမ်းများကို လစာထပ်
မံတိုးပေးရန် အသံများလည်း ထွက်ပေါ် လျှက်ရှိသည် ။

ဘန်ကောက်သံရုံး အပိုင်စီး မှူမျိုး ကဲ့ သို့ ဖြစ်ပေါ် လာလျှင် အဘယ်သို့ အရေး ပေါ် လုပ်
ဆောင်ရမည် ကို လည်း သံအမတ်ကြီးကို လျှိုဝှက် သီးသန့် မှာကြားထားသည် …

သူတို့ ဘာကြောင့်  ပြည်ပတွင် ဤသို့ ကြောက်နေကြရတာလဲ ?

ရေဘုရင် မိကျောင်းသည်ပင် ကုန်း ပေါ် သောင်ပြင်ပေါ် တွင် ဖွတ်ကဲသို့  ပင်ဖြစ်ကြောင်း
မိမိကို မိမိသိရှိကြ၏

----------------------------------------------------------------------------------------

တော်လှန်သွေး

သွေးကြွနိုင်ငံရေးမှာ
သွေးဟာတွန်အား
သွေးများအေးစက်
ခြောက်ကပ်တဲ့ အခါ
ရပ်သွားမှာပဲ.....။

စစ်သွေးကြွတော်လှန်ရေး
စစ်ရေးမှာမူတည်
စစ်ဝါဒီထွန်းကား
စစ်သားခြင်းစစ်တိုက်
ဆန်းစစ်လိုက်တဲ့ အခါ
စစ်မှာ တော်လှန်တာ
ပျောက်ဆုံးနေတပ်....။

တော်လှန်ရေး
သွေးနဲ့ စပေမဲ့ 
အေးစက်ဖို့ မလို
ပွက်ဆူဖို့ လို
သွေးဆိုတာ နီးစွေး
နွေးနေရမယ်
နွေးနေရမယ်......။ ။

http://canadamyanmar.blogspot.com/

( ကဗျာများblog မှ )

တောင်းဆိုမှူကြေင့် တော်လှန်ရေးပေါ်ပေါက်လာရတာ
တော်လှန်ရေးပုံသန်ဏ္ဍန်တွေဟာလည်း လိုအပ်သလို
တောင်းဆိုမှူအရပြောင်းလွဲလာရလိပ်မယ်
တော်လှန်ရေးတိုင်းမှာပေးဆပ်မှူရှိတယ် ဘာမဆိုတရားတယ်



§ ဒေါ် စု ဟာ ငါတို့  မြန်မာ့ ဒီမိုကရေစီ အရေး တော်ပုံကြီးရဲ့ မီးရှူးတန်ဆောင်ပဲ …..

စစ်အစိုးရ လုပ်ရပ်ဟာ ငါတို့ အားလုံးကိုစိန်ခေါ်လိုက်တာပဲဖြစ်တယ် ၊ နိုင်ငံရေး အရ ဖြေရှင်း ခြင်း ၊ ငြိမ်း
ချမ်းရေး ၊ တွေ့ ဆုံ ဆွေးနွေးရေး ၊ ရင်ကြားစေ့ ရေး စတာတွေကို စစ်အစိုးရက ကျောခိုင်း နေကြောင်းထင်
ရှားစွာ ပြ သလိုက်တာပဲ ဖြစ်တယ်

သူတို့ ပြည်တွင်းထဲမှာ ငါတို့ ခေါင်းဆောင် တွေကို အနိုင် ကျင့် ရင် ငါ တို့ သူတွေဟာ ပြည်ပမှာ သူတို့ ရဲ့  သံရုံးတွေ သားသမ္မီးတွေ ၊ အဆက်အသွယ် ယန္တယားတွေကို လက်စားချေ မှူတွေ ဖြစ်လာနိုင်တယ်

ဂျော် နီ ပေါင်း မြောက်မြားစွာ နိုင်ငံ တကာ မှာ ပေါ် ပေါက်လာနိုင်တယ်

ပြည်တွင်းထဲ က ငါ တို့ ရဲ့  ခံတပ် ကြီး ကျဆုံး ပြို လဲ သွားရင် ကမ္ဘာ နဲ့ အ၀ှမ်းမှာ
ပျောက်ကျား လှူပ် ရှား မှူတွေ ပေါ် ပေါက် လာနိုင်တယ်

ပြည်တွင်း မှာ လည်း မြို့  တွင်း ပျောက်ကျားတွေ ပိုမို များပြားလာနိုင်တယ် .

စစ်အစိုး ရ ရဲ့ လုပ်ရပ် ဟာ ငါ တို့ အားလုံး ကို ကျားနာ တစ်ကောင်စိတ်ဓါတ် မျိုး
ဖြစ်သွားအောင် လမ်ကြောင်း ပြောင်းပေးလိုက်တာ ပဲ ဖြစ်တယ်

မိမိ နှင့် အနီး စပ် ဆုံး မှ စ၍ တော် လှန်ရေး ကို တိုးမြင့် လုပ်ဆောင် ကြ ဖို့  လို ပြီ
ပုံသန်တန် ပြောင်း ကြဖို့ လို ပြီ ....

No comments: