Saturday, May 9, 2009

ဒီမိုကရက်တစ် လူငယ် ညီညွတ်ရေး အဖွဲ့ ချုပ်




ဒီမိုကရက်တစ် လူငယ် ညီညွတ်ရေး အဖွဲ့ ချုပ်

( ၉ ရက် ၁၁ လ ၁၉၈၈ ခုနှစ် ထုတ် လုပ်သားပြည်သူ့ နေ့ စဉ် သတင်းစာ ဖြတ်ပိုင်း )

United Democratic youth League ( Canada )


ဒီမိုကရက်တစ် လူငယ် ညီညွတ်ရေး အဖွဲ့ ချုပ် ကို ၁၉၈၈ ခုနှစ်တွင် ရွေဂုံတိုင် အုတ်လမ်းတွင် စတင်၍ ကျောင်းသားလူငယ်များ ၊အနုပညာရှင်များ ၊ ၀ါရင့် နိုင်ငံ ရေး ခေါင်းဆောင် များဖြင့် ဖွဲ့ စည်း ခဲ့ ကြ စဉ်
ကပင် ဒေါ်အောင်ဆန်း စုကြည် နှင့်  NLD ပါတီကို ထောက်ခံ ပံ ပိုးပေးရေး ရည်ရွယ်ချက် အဓိက ဖြင့် 
NLD ၏ ၇ ပါတီ တပ်ပေါင်းစုတွင် ပါဝင် ခဲ့ ကြသော်လည်း အကြောင်း ကြောင်းကြောင့် အချို့ မှာပြည်ပ
သို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့ ရခြင်း ၊ အချို့ မှာ လည်း စစ်အစိုးရ၏ စည်းယုံးဖျားရောင်းမှူအပေါ် နား
လည်မှူ ရယူကာလမ်းကြောင်း ပြောင်းလွဲ သွားခဲ့ ကြ သည့် အပြင် ၊ အချို့ မှာ လည်း ယုံကြည်ချက် ခံယူ
ချက် အမြင် သဘောထား ကွဲလွဲမှူများ ဖြင့် အဖွဲ့ နှင့် အဆက် အသွယ်ဖြတ်ကာနောက်ဆုံးတွင် စစ်အစိုး
ရ၏ ဖိအားပေးမှူ ၊ ဖျားယောင်း မှူ များ ကြား ပြည်တွင်းတွင် အဖွဲ့ ကို ဖျက်သိမ်း လိုက် ခဲ့ ကြရသည် ။
သို့ သော် လှေခွက်ကြီး ကျန် အလံ မလဲ စတမ်း ဆိုသည့် အတိုင်း ပြည်ပရောက် လူငယ် အချို့ မှ ဆက်
လက် ၍ ပါ တီဖျက်သိမ်းခြင်း ၊ စစ် စိုးရနှင့် အပေး အယူ လုပ် ခြင်း တို့ အ ပေါ် အဘောမတူပဲ အဝေး
ရောက် ပါတီကို မလေးရှား နှင့် ကနေဒါ တို့ မှ နေ၍လက်ဆင့် ကမ်း တာဝန်ယူ ထားခဲ့ ကြ သည် ။
သို့ သော် ပါတီနိုင်ငံရေး ဆန်လွန်းသော ၊ အမျိုးသား နိုင်ငံရေး ကို နောက်ချန်ထားသော ၊ အဖွဲ့ မဟုတ်
သည့် အပြင် ၊ ဒေါ်အောင်ဆန်း စုကြည် နှင့်  NLD ပါတီ ကို ၄င်း ၊ ပြည်တွင်းပြည်မ တိုင်းရင်းသားအဖွဲ့ 
အစည်း များ ၊ တော်လှန်ရေး အဖွဲ့ အစည်း များကို သော် ၄င်း နောက်တန်း မှ နေ၍ ပံ ပိုးလို သောအ
ဖွဲ့ အဖြစ် သာ ဆက်လက်ရပ်တည် နေကြ ပြီ ဖြစ်သည် ။
ယနေ့ NLD ပါတီ ၏ ရွေဂုံတိုင် ကြော်ငြာချက် အပေါ် မိမိတို့ အဖွဲ့ အနေနှင့် ထောက်ခံ ကြောင်း နှင့်
စတင် ဖွဲ့ စည်း စဉ် ကကဲ့သို့ ပင် ၇ ပါတီ တပ်ပေါင်း စု အဖြစ်နှင့် နောက်တန်းမှ ကြားကန်ပေးရန်အ
သင့် ရှိကြောင်း အောက်ပါ ကြော်ငြာ ချက်က ပြသလိုက်ခြင်းဖြစ်သည့် အပြင် ပြည်တွင်းပြည်ပ ရှိ အ
ခြား အဖွဲ့ အစည်း များနှင့် လည်း တသွေး တည်း ရှိပါကြောင်း ပြသလိုက်ခြင်းဖြစ်သည်။

http://gab-burma.weebly.com/new-groups-joined-today.html



( အမြင် သဘောထား မတူ သော အဖွဲ့ ဝင် များ အခြင်း ခြင်း ပုဂ္လိုလ် ရေး အသေးစိပ် သ
ဘောထားကွဲလွဲ မှူများ ကို တင်ပြ ရေးသား ရန် မဟုတ်ပါ )

ဆက်ရေးပါမည် ။။

Type the rest of your post here.

1 comment:

Echo said...

UDYL အဖွဲ့ ဟာ စတင်တည်ထောင်စဉ်ထဲကအ
စိုးရကို ဖါးသူတွေနဲ့ NLD ကိုထောက်ခံလိုသူတွေ
နှစ်ဖွဲ့ ကွဲတယ်လို့ နယ်စပ်ရောက် ဗဟိုကော်မီတီ
ဝင်တဦးကပြောဘူးပါတယ် အမျိုးသားနိုင်ငံရေး
အတွက်ပါတီအဖွဲ့ ဆိုတာ တရားဝင်လှုပ်ရှားလို့ 
ရအောင်ဥခွံအနေနဲ့ အသုံးပြုပြီး တော်လှန်ရေး
မျိုးဆက်သစ်ကိုသာပေါက်ဖွါးလာကြပါစေ
ခင်ဗျား ပြည်တွင်းက အဖွဲ့ ဝင်လူကြီးအချို့ ရဲ့ အကြံပေးမှူတွေ အ ရ လွတ်မြောက်နယ်မြေမှာ ဆက်လက်လှုပ်ရှားနေနိုင်တာ အားပေးပါတယ်