Saturday, April 18, 2009

မြန်မာတို့ ရောက်ရှိရာ နိုင်ငံတိုင်းတွင် လိုအပ်နေဦးမည့်  ၀ံသာနု အဖွဲ့ အစည်းလေးများ

သတင်းစာ အဟောင်းကလေးတခုကို အခြေခံပြီး ဤဆောင်းပါးလေးဖြစ်ပေါ်လာခဲ့ ရပါသည်

ပြည်ပရောက် မြန်မာ တိုင်းရင်းသားများ အကြားတွင် ထိုကဲ့ သို့ သော အဖွဲ့ အစည်းမျိုး နိုင်ငံတိုင်းတွင်ရှိ
ရှိသင့်ပေသည်။မည်သည်ဘာသာရေးကိုအခြေခံ
သည်ဖြစ်စေ ၊ မည် သည့် နိုင်ငံရေး ကို နောက်ခံ
ထားသည်ဖြစ်စေ ၊ လူမှူရေး အသင်း အဖွဲ့ အစည်း
ပုံစံ ဖြင့် ဖြစ်စေ ရပ်ရွေ ရပ်မျိုးများကဲ့ သို့  မိန် ရာ

ဟင်းကောင်း ခင်ရာရွှေမျိုး ဆိုသည့် သဘောဖြင့် ဝံသာနုစိတ်ဓါတ် ၊ အမျိုးသားရေးစိတ်ဓါတ်ကို အခြေခံကာ ထိုကဲ့ သို့ သော အဖွဲ့ ငယ်ကလေးများ မိမိတို့ နိုင်ရာနိုင်ရာ တူရာ တူရာ အားဖြင့် သော် ၄င်း ၊ ပို မို စည်းလုံးညီညွတ်မှူ သို့ မဟုတ် ပိုမိုအရည်အချင်းရှိသော ခေါင်းဆောင်ကောင်းများ ရနိုင်ပါက Under One Umbrella အဖွဲ့ အစည်းကဲ့ သို့ ကြီးမားသော လူမှူကူညီ ကယ်ဆယ် ရေး Community အနေဖြင့် သော် ၄င်း ရှိသင့် ကြပါသည် ။
မြန်မာပြည်ဖွါး တိုင်းရင်းသားမြောက်များစွာတို့ သည် နိုင်ငံရပ်ခြားတိုင်းတပါး သို့ ရရာ ရောက်
ရာ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာကြပြီး ကြုံ ရာ အလုပ်ကို လုပ်ကိုင်စားသောက်ကြရသည် မှာ အဘယ်ကြောင့်
လို့ သင်ထင်ပါသလဲ ။
မည်သို့ ပင်သင်ဖြေစေကာမှူ ပြည်ပ ရောက်မြန်မာ လူမျိုးတို့ သည် မျက်နှာငယ်ကြရသည် အများစုတို့ မှာ အ
နည်း နှင့် အများဆိုသလို အနိုင်ကျင့် ခံကြရသည် ပုံစံမျိုးစုံဖြင့် တရားဝင် ထွက်ခွာ သွားကြသော သူများပင်
လျှင် ရောက်စ အခက်အခဲများစွာနှင့် တွေ ကြရသည် မှာမလွဲပင် ဖြစ်သည် ။
ဆိုလိုသည် မှာ ကျွန်ုပ်တို့ မြန်မာများသည် ရောက်ရာ နေရာ ဒေသတိုင်းတွင် တဦးနှင့် တဦး အပြန်အလှန် အ
ကူအညီလိုအပ်ကြသည် ပင် ဖြစ်သည် ။ ပြည်ပရောက်သံရုံးများသည်ထိုဒေသရှိ မြန်မာပြည်သူများကို ကိုညီ
ကာကွယ် စောင့် ရှောက်နိုင်ဖို့ နေနေသာ သာ အချို့ နိုင်ငံကြီးများတွင် သူတို့ ကိုယ်တိုင်ပင် လူရာမ၀င်ပဲ ရဲဝန့် 
စွာ ရင်ကော့ လမ်းမလျှောက်ရဲကြပါပေ၊ အချို့ ပလင်းတူ ဗူးဆို့ နိုင်ငံများတွင် သူတို့ လူရာဝင်လျှင်တောင်မှ ပြည်
သူများအတွက်တော့ အကူအညီ မရသည့် အပြင် ဖေါ်လံဖါး အထက်ဖါး အောက်ဖိ ပုံစံမျိုး ဖြင့် ပြည်သူကို သာ ဖိ
နိပ် ဂုတ်သွေး စုတ်လေ့ ရှိပါသည်။ ထို့ ကြောင့် နိုင်ငံ ဒေသ အသီးသီး ရောက် မြန်မာတိုင်း သည် မိမိတို့ အချင်း
ချင်းသာ ပုံသန်တန်မျိုးစုံဖြင့် ဝံသာနုအဖွဲ့ အစည်း ကလေးများ ဖွဲ့ ၍ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသကဲ့ သို့ အပြန်
အလှန် ကူညီ စောင့် ရောက်ကြ သင့် ပေသည် ။
ဘာသာတရားဖက်ကကြည့် ကြမည် ဆိုပါလျှင်လည်း ကမ္ဘာပေါ်ရှိဘာသာတရားအားလုံး၏ တူညီသော ဘုံသုံး
ကိန်း ဟုဆိုနိုင်သည့် သွန်သင်ဆုံးမမှူများမှာ လူလောက လူ့ မြေပြင်ပေါ်တွင် အသက်ရှင်နေထိုင်စဉ် ကာလအ
တွင်းတွင် တဦးကို တဦး အပြန်အလှန်အလေးထား ကြ၍ ဂုရုဏာတရား မေတ္တာတရား ကိုယ်ချင်းစာတရားများ
ဖြင့် ဖေးမကူညီ စောင့် ရှောက်ကြဖို့ ကိုသာ တိုက်တွန်းထားကြပေရာ ဘယ်ဘာသာရေး အဖွဲ့ အစည်း ကိုပင် အ
ခြေခံ ဖွဲ့ စည်းစေကာမှူ ( အစွန်းရောက်ဝါဒ မဟုတ်လျှင် ) ကိုယ်နှင့် ဆက်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်
လော ဟူသည့် ဥပမာ အတိုင်း နည်း စပ်ရာ မိမိ တို့ မြန်မာ ပြည်ဖွား အချင်း ချင်း ကူညီကြဖို့ ကိုသာ ဦးတည်
နေပေသည် ။
နိုင်ငံရေးဖက်က ကြည့် မည်ဆိုပြန်လျှင်လည်း မျက်စေ့ ရှေ့ က လက်တွေ ကျသော နိုင်ငံရေး ဆိုသည်မှာ သန်း
ငါးဆယ်သော ပြည်သူကို ကယ်တင်မည် ဆို သည့် အစား မိမိမျက်စေ့ရှေ့ ကအနည်းငယ်သော ပြည်သူ များကို
သာ ကူညီ ခြင်းသည် တိုက်ရင်း စီးယုံ စည်းယုံးရင်းတိုက်ဆိုသကဲ့ သို့ လက်တွေ့ ကျသော မျက်စေ့ ရှေ့ က တော် လှန်ရေး တရပ် ပင်ဖြစ်ပေသည် ။ ပါတီနိုင်ငံရေးဘဲဆိုဆို ၊ အမျိုးသားနိုင်ငံရေးလို့ ဘဲပြောပြော ၊ တော်လှန်ရေး
တရပ်ကိုပဲ ဆင်နွဲ ဆင်နွဲ မိမိနှင့် အနည်းစပ်ဆုံး မြန်မာပြည်သားအချင်းချင်းကို ကူညီ စီးယုံးနိုင်ဖို့ သင့် ပေသည်။
ထို့ ကြောင့် ပင် OBYCA ကဲ့ သို့ သော အဖွဲ့ အစည်းမျိုး နေရာတိုင်းတွင်ဖွဲ့ စည်း ခြင်း အားဖြင့် လက်တွေ့ ကျ
သော လှုပ်ရှားမှူများကို စတင်သင့် ကြပေသည် ။
ယခုအချိန်တွင် ထိုင်းနိုင်ငံတွင် ထိုကဲ့ သို့ သော အဖွဲ့ များ ၊ ထို့ ထက် ထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်နေကျ
သော အဖွဲ့ အစည်းများစွာ ပေါ်ပေါက် နေသည်ကို တွေ့ ရပေသည် ။ သို့ သော် အချို့ နိုင်ငံများတွင် သူတလူငါ
တမင်း အကျင့် အတိုင်း သုံးချောင်းထောက် ကုလားထိုင်ကို လုနေကြဆဲ ဖြစ်သည် ။ ၁၉၉၂ ပတ်ဝန်းကျင်
လောက်က ပြည်ပေရောက်မြန်မာများအကြားတွင် အထူးသဖြင့် ဘန်ကောက်လိုနေရာမျိုးတွင် အားကောင်း
မောင်းသန် ကူညီ ကယ်ဆယ် နိုင် သည့်  မားမားမတ် မတ် ရပ်ပေးနိုင်သည့် အဖွဲ့ များ သိပ်မရှိလှသေးပေ ။
ထိုသို့ သော အချိန် တွင် ၈၈ မျိုးဆက် လူငယ်တစု သည် ဘန်ကောက်ရောက် အဖိနိပ်ခံ မြန်မာပြည်သား
များ အတွက် တပ်နိုင်သလောက် တဒေါင့် တနေရာမှ အားပေးဆောင်ရွက်လိုသည့် ရည်ရွယ်ချက်ဖြင့် ထို
Oversea Burmese Youth Christian Association ကို ဖွဲ့ စည်းတည်ထောင်ကာ မိမိတိုင်သမျှဖြင့် စတင်
အကောင်အထည် ဖေါ်ဆောင်လာခဲ့ ရာမှ ဒေသခံ အသင်းတော်များ ၊ NGOs များ ၏ ထောက်ခံ အားပေး
မှူကို တစတစ ရလာခဲ့ ယုံသာမကပဲ ဂျာမဏီနိုင်ငံ ၊ ဆွစ်ဇာလန်နိုင်ငံ ၊ လားအိုးနိုင်ငံ များမှ NGOs များအ
ထိပါ သွားရောက်ဆက်သွယ် အကူအညီများ ကို ရရှိလာခဲ့သည်မှာ နောက်လူတို့ နမူနာ ယူစရာဖြစ်ပါ
သည် ။
မြန်မာပြည် လွတ်လပ်ရေး ကာလက YMBA အသင်းကြီး၏ လှုပ်ရှားမှူများကဲ့ သို့ ပင် ပြည်ပရောက်မြန်မာ
လူမျိုးများ ၊ ဘန်ကောက်ရောက်မြန်မာလူမျိုးများအတွက် ထိုအချိန်က မှာ တော့ ဘန်ကောက်ရှိမြန်မာ ခရစ်
ယန် ဘုရားကျောင်းများသည် မြန်မာလူမျိုးတို့ အတွက် အသင့် တော် ဆုံး စုရပ် ဆုံ ရပ် ဖြစ်ခဲ့ ပေရာ ထို
OBYCA အသင်း ကြီး၏ အချက်ကျသော လှုပ်ရှားဆောင်ရွက်မှူကို မြင်တွေ့ နိုင်သလို သူတို့ ဘာကို ဦးတည်
အလေးထား ဆောင်ရွက်သွားကြသည်ကိုလည်း တွေ့ ရှိနိုင်ပါသည် ။



( ၁၉၉၅ ခု နှစ် စက်တင်ဘာလထုတ် ခေတ်ပြိုင် သတင်းစာ ဟောင်းလေး တခုမှ ဆောင်းပါးလေးကို ပြန်လည်
ဖတ်ရှူရင်း ၍ဆောင်းပါးလေး ဖြစ်ပေါ်လာရပါသည် ။ သတင်းစာဟောင်းလေးကိုပါ ပူးတွဲ တင်ပြထားပါသည် ။


2 comments:

Timmy Dream said...

ဟုတ်ပါတယ် တကယ်တော့ ဘာသာရေးတွေ အားလုံးရဲ့ အ
ဓိကတူညီချက်ဟာ မိမိတို့ နည်းစပ်ရာ မျက်စေ့ ရှေ့ ကဒုက္ခ
သယ်များကို ကူညီခြင်းဖြစ်သလို မျိုးချစ်စိတ်ဓါတ်ဆိုတာ
ဟာလည်း ပြည်သူတွေကို ကူညီခြင်းပဲဖြစ်တဲ့ အတွက် ထို
အသင်းဟာ ဘယ်ဖက်က ကြည့် ကြည့် လက်တွေ့ ကျတဲ့ 
လုပ်သင့် လုပ်ထိုက်တာကို လုပ်ခဲ့ တဲ့ အသင်းကြီးပါပဲဗျာ ကိုကနေဒါက အဲဒီ အသင်း ၀င်လား ဗျာ ကျွန်တော်တို့ 
ကြားဖူးပါတယ် ဒီအသင်းအကြောင်း နယ်စပ်ကနေ ...

win latt said...

အကို...
နေကောင်းလား...
လာဖတ်သွားတယ်။ကျွန်တော်တို့ ကိုရီးယား မှာလဲ မြန်မာအချင်းချင်း အဖွဲ့လေးဖွဲ့ပြီး ကူညီမှုတွေရှိပါတယ်။ကောင်းတာလေးတွေလဲ လုပ်ကြ ပါတယ်အကိုရေ..။