Wednesday, April 8, 2009

လွမ်းရပါပြီ ဂျာမဏီ ( ၁ )



လွမ်းရပါသည် မြန်မာပြည် ( ၀ထ္ထုတို )





အခန်း ( ၁ )

ဂျာမဏီ နိုင်ငံ၏နယ်သာလန်နှင့် ဒတ်(င်္ချတ်)သုံးနိင်ငံဆုံရာ နယ်စပ်မြို့ တမြို့ ဖြစ်သော အာချင်မြို့ ၏
တနင်္ဂနွေနေ့ နေလည်ပိုင်းသည်အေးစိမ့်စိမ့်စည်ကားနေဆဲx x x x x x x x x x ဟိုင်း x x x x x ဟဲလို x x x
x x ဟိုx x x x x ယူက x x x x x မြန်မာပြည်ကလားဟင်x x x x x ကျွန်တော်အံအားသင့် သွားခဲ့ ရသည် x
x x x x ချက်ခြင်းပြန်မဖြေ နိင်ခဲ့  x x x x x ဟုတ်ပါတယ် ကျွန်တော်မြန်မာပြည်ကပါ x x x x x ညီမကရောဒီ
ဂျာမဏီ မှာ ရောက်နေတာကြာပြီလား x x x x x ကျွန်မနာမည်က x x x x x သဲသဲ ပါ x x x x x သဲသဲ တို့ 
ဂျာမဏီမှာ ရောက်နေတာ ၁၂နှစ်လောက်ရှိပါပြီ x x x x x ရှစ်နှစ်သမ္မီး ကထဲက မြန်မာပြည်က ထွက်လာခဲ့ ရ
တာပါ x x x x x အကို့ လွယ်အိတ်မှာ ရေးထားတဲ့ မြန်မာစာတန်း ကို မြင်ပြီး မြန်မာပြည်ကပဲဆိုပြီး အားရ၀မ်း
သာလာနုတ်ဆက်တာပါ x x x x x
သူမအမူအရာကသွက်လက်ပွင့် လင်းသည် x x x x x အာရှ ကပြားပုံပေါက်နေသည် x x x x ကျွန်
တော်လွယ်အိတ်ကလေးကို ကိုင်ကြည့် ရင်း x x x x x အင်း ဘာ x x တဲ့ x x အော် x x x ကျောင်းတေသာ
x x ဟင်း ဟင်း x x x ဟုတ်လားဟင် x x x ဘာလဲ ကျောင်းတေသာ ဆိုတာ x x x သူ့ မျက်နှာပေါ်တွင် အံ့ 
သြမှူ ခင်မင်ရင်းနှီးလိုမှူ ဖေါ်ရွေမှူတို့ ကပေါ်လွင်နေသည် x x x x x
ကျောင်းတော်သားပါ x x x x x ကျောင်းတော်သားဆိုတာက ဒီလွယ်အိတ် ပြုလုပ်တဲ့ ကုမ္မဏီရဲ့ နာ
မည် ဆိုပါတော့  x x x ဟဲ ဟဲ x x x ကျွန်တော်လည်း ပြောမိပြောရာ ပြောချလိုက် မိသည်x x x သဲသဲက သုံး
တန်းလောက်အထိပဲ မြန်မာပြည်မှာ နေခဲ့ ရတာလေ x x x မာမီနဲ့ ဒယ်ဒီနောက်ကို လိုက်လာခဲ့ ရတာ မြန်မာ
စာတွေ နဲနဲ မေ့ ကုန်ပြီ x x x အော် အကို အချိန်ရလားဟင် x x x အခုဘယ်မှာနေ နေလဲ x x x ဘာလာလုပ်
တာလဲ x x x ဘယ်တော့ ပြန်မှာလဲ ဟင် x x x သူ့ ကစားသံက ၀ဲနေသည် x x x ကျွန်တော့် ကို မေးခွန်းတွေ
တသီကြီးမေးရင်း အကဲခတ်သလို ငေး ကြည့် နေသည် x x x x x
ကျွန်တော် ကိုယ်ချင်းစာမိပါသည် x x x မြန်မာ ငတ်နေသော မြန်မာပြည်မှ ဝေးကွာနေသူတို့ ၏ခံ
စားချက်မျိုး သူ့ မှာ ရှိနေပေလိမ့် မည် x x x ကျွန်တော် ခုလောလောဆယ် မစ်ဇီအို ကက်သလစ် ခရစ်ယန်ဂစ်
ဟောက် မှာ တည်းနေပါတယ် x x x NGOs ကိစ္စ အစည်းအဝေး လာတက်တာပါ x x x နောက်နှစ်ပတ်လေက်
ကြာရင် ပြန်ရမှာပါ x x x ဒီနေ့  တနင်္ဂနွေနေ့ ဆိုတော့ ကျွန်တော်နဲ့ အတူလာတဲ့  ဖါသာကြီးတွေ ဘုရား ၀တ်ပြု
နေတုန်း မြို့ ထဲ ကို လျှောက်လည်ကြည့် တာပါပဲ x x x x x
ဟယ် x x x ဒါဆိုရင် အိမ်ကို ခေတ္တ လိုက်လည်ပါလားဟင် x x x ဒယ်ဒီတွေ့ ရင် ၀မ်းသာမှာပဲ မြန်
မာစကားတွေအများကြီးပြောရအောင်ဟုဆို ကာ သူ့ အိယ်သို့ အလည် ခေါ်သွားသည် x x x ကျွန်တော်ဘယ်လို
မှ မျှော်လင့် မထားခဲ့ မိပါ x x x ဂျာမဏီ ရောက်စ က ဖရန့် ဖို့ လေဆိပ်တွင် မြန်မာ တယောက်ကို တွေ့ ခဲ့ ဘူး
ပါသည် x x x သို့ သော် ဤ နယ်စပ် မြို့ ကလေးတမြို့ ဖြစ်သော အာချင်မြို့ ကလေးတွင် မြန်မာ ရှိနေလိမ့်မည်
ဟု ဘယ်လို မှထင် မထားခဲ့ မိပါ x x x x x

အခန်း ( ၂ )

သဲသဲ မောင်းသော ကား အနီ ကလေးကို စီး နေ စဉ် ကမ္ဘာအနှံ့ တွင်မြန်မာတွေရောက်နေပါပြီလား
ဟု အံ အောဝမ်းသာ တစ်ယောက်ထဲ ကြိတ် ပြုံး မိသည် x x x ထို့ ထက်ပို၍ အံ အားသင့် ရသည် က အိမ်ပေါ်
အရောက် ပုဆိုးဝတ်ထားသော သဲသဲ ၏ဖခင် ဦးအောင်ကို အား တွေ့ လိုက်ရသောအခါတွင်ဖြစ်သည် x x x x
အန်ကယ် အမျိုးသမ္မီး က ဂျာမန်သူ သဦးပါ x x x တခါတလေ အန်ကယ်တို့ မိသားစု ဖရန့် ဖို့ မြို့ ကိုတက်ကြ
တော့ မှပဲ မြန်မာ အချို့ နဲ့ တွေ့ ရတာပါ x x x ဒါပေမဲ့ အန်ကယ်တို့ အိမ်မှာ လည်း မြန်မာစကား တခါတလေ
သုံးကြပါတယ် x x x အန်ကယ်ဦးအောင်ကိုက ၀မ်းသာအားရ ရှင်းပြသည် x x x x x
သူ့ ၏ ဧည့် ခန်းတွင် အလှဆင်ထားသော ထည်ဝါသည့် စောင်းကောက်ကြီး နှင့်  မြန်မာ ကောက်ရိုး
ပန်းချီ ကားများ ၊ ပုဂံ လက်ရာ ယွန်းထည် ပြစ္စည်းများ နှင့် ရွှေ တိဂုံ ဘုရားပုံ ပန်းချီ ကားချပ်ကြီးတို့ က သူတို့ မြန်
မာပြည် ကို အဘယ်မျှ လွမ်းဆွတ် တမ်းတ နေကြသည် ကို ကျွန်တော်ခန့် မှန်းမိပါသည် x x x x
ပြီးခဲ့ တဲ့  ၈၉ ခု နှစ်လည်လောက်က တို့ မြန်မာ မိသားစု တွေ စုပြီး ထိုင်း နိုင်ငံ ကို အလည် ရောက်
ကြသေးတယ်လေ x x x ထိုင်း နယ်စပ်ဖက်ကို မြန်မာလူငယ်လေးတွေ အများကြီး ထွက်လာတယ် ကြားလို့ x x
x x x သွားတွေ့ ကြ ရင်းနဲ့  x x x အင်း x x x ဦးအောင်ကို စကားသံ အနည်း ငယ် တိုးသွားနှေး သွားသည် x x
x x x အင်း x x x ထိုင်းမြန်မာ နယ်စမ် ချင်း ရိုင်ကို နှစ် ညအိပ်သွားလည် ကြရင်း x x x မြန်မာ ပြည်ဖက်ကမ်း
က တောင်တန်းကြီးတွေ ၊ အိမ်ငယ် ငယ် ကလေးတွေကို တ၀ ကြီး ငေး မျှော် ကြည့်  ပြစ်လိုက်ကြသေးတယ် x x
ဟဲ x x ဟဲ x x x x x
သူက ရယ်မောစွာ ပြာသော်လည်း ကျွန်တော် ကတော့ မရယ် နိုင်ပါ x x x ကိုယ့် နိုင်ငံ ကို ကိုယ်ပြန်
ငေးမျှော်ကြည့် ရင်း x x x အလွမ်း ဖြေ ခဲ့ ရပါ သည် ဟူ သော သူတို့ လို အလွမ်းမျိုး ကျွန်တော်လည်း x x x x ခံ
စား လာရဦးမည်လော ဟူသော အတွေး မျိုး ကျွန်တော် ချက်ချင်းတွေး မိသော ကြောင့် ဖြစ်ပါသည် x x x x x
မြန်မာပြည် အကြောင်းများကို သူတို့ အငန်းမရ မေး ကြသည် x x x ဖြေရသည်ကို ပင် ကျွန်တော်
ပျော်ပါသည် x x x သူတို့ ကဲ့ သို့ သော အမိမြေကိုလွမ်းနေကြမည် အဝေးရောက် မြန်မာ များ အဘယ်မျှ ရှိနေ
လေမည် နည်း ဟု စိတ်ထဲ မှ တွေးနေမိပါသည် x x x x သဲ သဲ က ယွန်း ဖြင့် ပြုလုပ်ထားသော နွားလှည်း ရုပ်
ကလေးကိုယူရင်း x x x ဒီလို နွားကားကလေးတွေ မြန်မာ ပြည်မှာ ရှိနေသေး လား x x x သဲသဲ စီး မောင်းချင်
လိုက်တာ x x x နွား ကား ဟု သူ မှားပြောခဲ့ သော်လည်း ကျွန်တော် မရယ်နိုင်ခဲ့ ပါ x x x အချို့ မြန်မာ ဝေါဟာ
ရများကို သူတို့ မသိနိုင်တော့ ပြီ ပေါ့ x x x သဲသဲ ဤ မျှ မြန်မာစကားပြောတပ်နေသေးသည်ကိုပင် ဦးအောင်ကို
အား ကြိတ် ၍ လေး စားနေမိပါ သည် x x x

အခန်း ( ၃ )

သူတို့ မိသား စု ကို ကျွန်တော် လက်ပြ နုတ်ဆက်ရင်း Thai Airway လေယဉ် ကြီးပေါ် သို့ ကျွန်တော်
တက်လာခဲ့ ပါသည် x x x ကျွန်တော် ပြန်ခါနီး မုံဟင်းခါးချက်ကျွေး မယ်ဟုဆိုကာ သဲသဲ ချက်ကျွေးခဲ့ သော မုံ့ 
ဟင်းခါး အရ သာနှင့် မတူသည့် ထို မုံ့ ဟင်းခါး ဆိုသော အရာကို ကျွန်တော် သတိယ နေမိပါသည် x x x မပီမသ
နှင့် သဲ သဲ ဆို ပြခဲ့ သော ကမ္ဘာ မကြေ သီချင်း ကို လည်း ကျွန်တော် ပြန်လည် ကြားရောင်နေမိပါသည် x x x
ဗမာဟာ ဗမာ ပဲ ကွ တဲ့  ဘယ်တော့ မှ ဒေါင်း ယောင် ဆောင် သောကျီး လုပ်ဖို့ မသင့် ဘူး ကွ တဲ့ x
x အန်ကယ် ဦးအောင်ကို ၏ စကားကို ကျွန်တော် ပြန်လည် ကြားယောင်မိတော့ လည်း ပိုက် ဆံ ရှိ ပညာ တပ်
သွားပေမဲ့ လည်း ဘ၀ မမေ့ တပ်သော ၊ အမျိုးသားရေး စိတ် ထက်သန်နေသေးသော အန်ကယ် ဦးအောင်ကို
လို မြန်မာ ကြီးများ အခြားနိုင်ငံ များတွင် လည်း ရှိနေကြ ဦးမည် လော ဟု အတွေး မျှင် ဆန့် နေမိသည် x x
x အင်း x x x နွားလှည်း စီးချင် တယ် ဆို သော သဲ သဲ ၏ စကား လေး ကို သူတို့ အိမ်ခြံ ၀န်းထဲ တွင် ရပ်ထား
သော ဂျာမန် ကားလှလှ သုံး စည်း က စိတ်ဆိုး နေမည် လား မသိ x x x
ကျွန်တော် လွယ်အိတ်ကလေး ကို သဲသဲ အား လက်ဆောင်ပေးခဲ့ စဉ်က x x x သဲသဲ ပြန်၍ လက်
ဆောင်ပေးလိုက်သော စက္ကူအိတ်နှင့် ပိတ်ထားသည့်  အချပ် တခုကို ကျွန်တော် ဖြေးညှင်း စွာ ဖေါက်ကြည့် 
လိုက်သည် x x x အမျိုး အမည် မသိသော ခံ စားချက် တခု ကြောင် ကျွန်တော် မျက်ရည် လည် လာမိသည်
သူ ပြန်ပေး လိုက်သည့် လက်ဆောင် က သူ သိပ်မြတ်နိုး သည် ကောက်ရိုး ပန်းချီ ကားချပ်ကလေး ပါ x x x
x x ကိန္နရီ ၊ ကိန္နရာ မောင်နှံ လပြည့် ည တွင် နဖေါ် ယှဉ်တွဲ ပျံ ၀ဲ နေကြ သည့် ပုံ လေး x x x x x သူတို့ ရော
လ ပြည့် ည မြန်မာ ပြည် ကောင်းကင် ထက်တွင် ပျံ ၀ဲနေကြသည် လော x x x x x
လ ပြည့် ည မြန်မာ ပြည် ထက်တွင် သူတို့ ပျော်ရွှင်စွာ ပျံ ၀ဲ နိုင်ကြပါစေ x x x x x ပျံဝဲ နေသော
ထိုင်း အဲယား ဝေး လေယဉ် ပျံ ကြီး ကတော့ ဘန်ကောက်လေဆိပ်ကို ဆင်းသက်ရန် စတင် ကြိုး စားနေပါပြီ
သို့ သော် ပျံ ၀ဲ နေသေး သော ကျွန်တော် အတွေး စတို့ က ဆင်းသက်ရန် နေရာ မရှိသေး ပါ x x x x x
ကျွန်တော်သည် ပင်လည်း မြန်မာပြည်မဟုတ်သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာပင် ခရီး အဆုံး
သတ်ရဦးမည် မဟုတ်ပါ လား x x x ကျွန်တော့် ဘ၀ ရော နောင် ဆယ် နှစ် အကြာ တွင် ဦးအောင်ကို လို ဖြစ်
လာ လိပ့် ဦးမည် လော x x x x x ကိုယ့် နိုင် ငံ ကို လွမ်းတိုင်း နယ်စပ် တနေ ရာ မှနေ၍ လာရောက် ပြန်လည်
ငေး မျှော် ကြည့် ရ ဦးမည် လော x x x x x နေ ပြည်တော် မျော်လေတိုင်း ဝေး ပြီလော x x x x x
အော် x x x x x လွမ်း ရပါ သည် x x မြန်မာ ပြည် ရယ် x x x x x
အော် x x x x x လွမ်း ရပါ ပြီ x x ဂျာမဏီ ရယ်

October 7 , 1996 ( ရပ်ဝေး မြေ ခြား ၀ထ္ထု များ ၊ စာအုပ် မှ )
၁၉၉၉ ( မြန့် မာ စောင်း စာ စောင် မှ ၊ တိုရွန်တို ၊ ကနေဒါ )



Type the rest of your post here.

5 comments:

မမသီရိ said...

လွမ်းစရာလေး ကွယ်
သဲသဲ ကိုရော
ပြီးတော့ မြန်မာ ပြည် ကို ရော
မြန်မာပြည် ကို လွမ်းနေသူလေး ကို လဲ
မျက်စိထဲ မြင်ယောင်လာမိရဲ့

Co2zeиith said...

ကိုကြီး အဲဗား လွမ်းရအောင် ကြည့်လုပ်မနေနဲ့ လေ၊၊
နဂိုထဲက သတိရနေလို့ ပါဆို၊၊

ဘိုင်သဝေး၊၊
ဝဲလ်းကမ်းတူ ဟက်ပီနယူးရီယားပါနော၊၊

win latt said...

လွမ်းလိုက်ကြစို့ ဆရာရေ...
အဝေးကနေ
မွေးမြေကိုလွမ်း
စိတ်ဝယ်တမ်းတ
ပြန်ချင်လှလဲ
ရင်ထဲမှာရှိ
ဒီအသိကြောင့်
မချိတင်ကဲဖြစ်ရသည်..
လွမ်းတော့လွမ်းသည်..မြန်မာပြည်..။

မသက်ဇင် said...

ကိုကနေဒါရေ--
မတွေ့ရတာကြာလှပေါ့နော်--
စာတွေလာဖတ်ပါတယ်---
ပျော်ရွှင်ပါစေ---

ဂျပန်ကောင်လေး said...

အိုး.. ဖတ်လို့ကောင်းလိုက်တာ... ကျေးဇူးတင်ပါတယ်အစ်ကို.. ဒီဘလော့ခ်ကိုတင်ပေးတဲ့အတွက်..