Thursday, April 2, 2009

မြန်မာ ပြည် သင်္ကြန် သို့  အလွမ်း ပြေ ကဗျာ များ


သင်္ကြန်သို့ လွမ်းခြင်း

တန်ခူးရည်မှတ်
ဖက်ဆွတ်ရည်တိုး
သင်္ကြန်မိုး ဟု
ဆိုရိုးစကား
ရှိခဲ့ ငြားလည်း
ဒို့ များ မြန်မာ
ကနေဒါ တွင်
ဖွေရှာ မှန်းဆ
ပိတောက်ညကို
တမ်းတ အိမ်မက် ခါခါတည်း ။ ။

( ရိုးရာ ရေမြေ နှင့် အတိတ် သင်္ကြန်ည များစွာကို လွမ်းရင်း
နေပြည်တော် မျော်လေတိုင်း ဝေးပြီလော...... )

သင်္ကြန်အလွမ်းပြေ

နှင်းပွင့် တွေကြား
ရေကစားသည့် 
ဒို့ များ မြန်မာ
ကနေဒါ တွင်
ဖွေရှာ တမ်းတ
အတိတ် ဘ၀ကို
မှန်းဆ ရေးရေး မျှသာတည်း ...။ ။

( ကနေဒါ ဧပြီလသည် အေးနေသေးသဖြင့်  ခန်းမကြီးများထဲတွင်သာ
သင်္ကြန် အတု ဖန်တည်း အလွမ်းဖြေလာခဲ့ ရသည်မှာ ဆယ်စုနှစ် ကြာ
ပြီဖြစ်သော မြန်မာတို့၏ဘ၀သည် နှစ်စဉ်ထွက်သမျှ သင်္ကြန်ခွေက
လေးများကို နားထောင်ရင်း ကြည့် ရင်း...မှန်းဆ ရေး ရေး မျှသာဖြင့် ...)



Type the rest of your post here.

3 comments:

RePublic said...

ကဗျာ လေးဖတ်ပြီးသင်္ကြန် ကိုလွမ်း သွားပါတယ်ဗျာ၊၊

နေစိုးနိုင် said...

ကိုယ်ချင်းစာတယ်ဗျာ

Co2zeиith said...

အကိုက ရောက်တိုင်း အိမ်လွမ်းအောင် အားကြီး လုပ်တာပဲ၊၊

;(