Friday, November 28, 2008

VOICE FROM THE DARK EARTH

VOICE FROM THE DARK EARTH


The world is rounding
on his pole…..

But some parts were
dark forever….

They are trying to dawn..

If you love human rights…

If you like rightness….

If you have sympathy
for the oppressed ….

If you have compassion….
for these humans in darkness.

Give a voice to
freedom from fear….



Friday, November 21, 2008

အမှန်တရားကိုရှာဖွေခြင်း

အမှန်တရားကိုရှာဖွေခြင်း

အဆန်းဆုံးဆိုတာတွေဟာ
ရိုးသွားပြီးတဲ့ နောက်
အဆိုးဆုံးလူတယောက်
အကောင်းဖက်ပြန်ရောက်တဲ့ အခါမှာ
အမှန်တရားဟာ အမှားတရံလားတဲ့
လောကရဲ့ ဒဿနအသစ်
အချစ်ရဲ့ အဆုံး အမုန်း
အပြုံးရဲ့ တဖက် အမဲ့ 
ကဲ့ ရဲ့ ခြင်းဆိုတာ
အခါခါမချီးမွမ်းနိုင်တော့ လို့ ပါ
ရိုးသားမှူတွေဟာ
ရိုးသွားခဲ့ ရ
ဘ၀ရဲ့ အစွန်းနှစ်ဖက်
ရောက်ခဲ့ ပြီးတဲ့ အခါ
ကမ္ဘာကြီးဟာလည်နေကြောင်း
ကောင်းကောင်းသဘောပေါက်
နားလည်ခဲ့ ရပါပြီလေ....။ ။


( ချီးမွမ်းခုနှစ်ရက် ၊ ကဲ့ရဲ့ ခုနှစ်ရက်အား ဖွဲ့ ဆိုပါသည် )


Type the rest of your post here.

Saturday, November 15, 2008

ဒီမို ဘာလဲ ဘယ်လဲ

ဒီမို ဘာလဲ ဘယ်လဲ

၈၈ မှဒီမိုကရေစီတော်လှန်ရေးကြီးစပြီး ပြည်တွင်းပြည်ပရှိမြန့် မာပြည်သူတွေကြားထဲမှာ အဓီကအုပ်စု
သုံးစုပေါ်ပေါက်ခဲ့ ပါတယ်။
( ၁ ) ပြည်သူမှစစ်မှန်စွာရွေးချယ်တင်မြှောက်သော အစိုးရတစ်ရပ်မြန်မာပြည်အတွက်ပေါ်ပေါက်သင့် ပြီဟု
ယူဆသော ပြည်သူများ ။
( ၂ ) ဘယ်သူတွေကမိမိကိုဘယ်လိုစံနစ်နဲ့ အုပ်ချုပ်သည်ဖြစ်စေ မခံစားတပ်၊မခံစားလို
မတွေးတောချင်၊မိမိနှင့်ဆိုင်သည်ဟုမထင်သောသဗေသတ္တာကံမသကာပြည်သူများ ။
( ၃ ) မှားသည်မှန်သည်ကိုသိသော်လည်းတိုက်ရိုက်သော်၎င်း၊သွယ်ဝိုက်၍သော်၎င်းပတ်
သက်ဆက်စပ်အကျိုးခံစားနေရ၍ မျက်စေ့ မှိတ်ကျားကန်ထောက်ခံနေကြရသောပြည်သူများ၊အုပ်ချုပ်သူများ ၊ အကြောင်းအမျိုးမျိုးကြောင့် အာဏာကို ဆက်လက်ဆုတ်ကိုင်ထားရန်လိုအပ်နေသေးသောသူများ
ဟူ၍ဖြစ်ပါသည် ၊
မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံမှာကြီးပြင်းခဲ့ ကြသော ကျွန်တော်တို့ မြန်မာလူမျိုးအချင်းချင်း
တဦးနှင့် တဦးနားလည်ခန့် မှန်းသုံးသပ်ရန် မခဲရင်းလှပါ ။

( ၁ ) ပါတီစုံဒီမိုကရေစီ(၀ါ)စစ်မှန်သောပြည်သူ့ အစိုးရကိုလိုလားသောမြန်မာပြည်သူများသည် နံပါတ်တစ်အများ
ဆုံးသောအုပ်စုဖြစ်သည်ဟုရဲဝန့် စွာဝံခံရပါမည်။
ဘ၀ပျက်အသက်အသေခံအနစ်နာခံရဲ့ ဝန့် စွာပြင်းထန်စွာတွန်းလှန်တိုက်ခိုက်နေသူများမှအစပျော့ပျောင်းညင်သာစွာဆန္ဒဖေါ်ထုတ်ကြသည့် 
ပြည်သူများအလည် နောက်ကွယ်မှ နည်းမျိုးစုံဖြင့်ထောက်ခံအားပေးနေသူများအဆုံးအားလုံးပါဝင်ပါသည် ။

ထိုသူတို့ သည် ဒီမိုကရေစီရသွားလျှင်၊ စစ်အစိုးရပြုတ်ကျသွားလျှင်မြန်မာနိုင်ငံကြီးနေ့ တွင်းညတွင်းခြင်း
ချမ်းသာလာတော့ မည် ပြည်သူတို့ ရွေးချယ်တင်မြှောက်လိုက်သော ဒီမိုကရေစီအစိုးရသည် သန့်ရှင်း
မြင့် မြတ်စဉ်ကျယ်သော ခေါင်းဆောင်များချက်ခြင်းရလာလိမ်မည်ဟုမျှော်လင့် မထားကြပါ။
စစ်အစိုးရလုပ်သမျှတစ်ခုမှမကောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများ အားလုံးရက်စက်ရုတ်မာ
သည်ဟုကျွန်တော်တို့ မဆိုလိုပါ။
ဒီမိုကရေစီအခြေခိုင်ခန့် နေပါပြီဆိုသော ကမ္ဘာ့ နိုင်ငံကြီးများတွင်ပင်လျှင် အစိုးရထဲမှချစားမှူများ
မတရားမှူများရှိနေတယ်ပါသေးသည် သေနပ်ပြောင်းဝ မှအာဏာကို ဆက်လက်ထိမ်းသိမ်းဖက်
တွယ်ထားသော ပြည်သူ့ အာဏာကိုမလေးစားသော အာဏာရှင်နိုင်ငံများတွင်လည်း အတုယူ
စရာများရှိတပ်ပါသည်။ လူဟာဘယ်စံနစ်မှာမဆိုအနည်း
နဲ့ အများဖေါက်ပြန်တယ်ပါတယ် ဖေါက်ပြန်နေမှာပါပဲ ရာထူးအကြီးအသေးအလိုက်ပေါ့ 
တိုင်းပြည်တခုဟာလွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းကို ဘယ်လောက်ထိမ်းထားနိုင် သလဲဆိုတဲ့ အချက်က
ထိုတိုင်းပြည်နဲ့ ထိုပြည်သူတွေအတွက် အခြေခံကျပါတယ် အုပ်ချုပ်သူတွေဘာလုပ်လုပ် မျက်စေ့ မိတ်ပြီးမကောင်း
ထိုင်ပြောနေမယ်ဆိုတဲ့ အတွေးမျိုးဟာတော်လှန်ရေးမဟုတ်ပါဘူး သူတို့ လုပ်မှအောင်မြင်မယ် ၊ ငါတို့ လုပ်မှ
အောင်မြင်မယ်ဆိုတဲ့ ငါစိတ် လွန်ကဲခြင်းဟာလည်း ထွက်ပေါက်မရှာနိုင်သော ပြည်သူအများစုနှင့် မျက်နှာငယ်
နေသောတိုင်းပြည် နစ်နာရုံမတပါးအခြားကောင်းကျိုးမရှိနိုင်ပါ ။ မြန်မာပြည်သားတိုင်းအဖြစ်မှန်ကို ရိုးသား
စွာမြင်တပ်ဖို့ လက်ခံတပ်ဖို့ အရေးကြီးပါသည် ။ မြန်မာပြည်သူပြည်သား တဦးချင်းစီရဲ့  လွတ်လပ်ခြင်း ၊ တရားမျှတခြင်း နဲ့ အခြေခံလူ့ 
အခွင့် အရေးတွေကို ဘယ်သူတွေက ဘယ်အချိန်မှာ အာမခံချက်ပေးနိုင်မှာလဲ ဆိုတဲ့ မေးခွန်းကို မိမိဖာသာ စိတ်အေးအေးထားပြီးတဦးချင်းစီအနေနဲ့ ဖြေ
ကြည့် ကြရအောင်ပါ ။ ဒါဟာယနေ့ ကမ္ဘာလူမှူအသိုင်းအ၀ိုင်းမှာ တိုင်းနိုင်ငံတိုင်း ပြည်သူတိုင်းအတွက်အခြေခံလိုအပ်ချက်တွေပါ
အဲဒါတွေရှိလာမှတဦးချင်းစီရဲ့ ကျိုးစားမှူတွေဟာညီမျှစွာအရာထင်လာပြီး တိုင်းပြည် တခုလုံး လူမျိုးတမျိုးလုံး
အဆင့် ဆင့် တိုးတက်လာမှာဖြစ်ပါတယ် ။
ီဒီမိုကရေစီစံနစ်သည်သာ တစ်ခုတည်းသောတိုင်းပြည်နှင့် လူမျိုးကိုတိုးတက်စေသောစံနစ်တခုဟုကျွန်တော်
တပ်အယ်မပြောလိုပါ သို့ သော် သူအလိုအလျှောက်ဖြစ်နေသောအစိုးရ ( သဘာဝပေါက်ပင်အစိုးရ) မျိုးများ
သည်မနေခောတ်ကမ္ဘာနှင့် မကိုက်ညီတော့သည်မှာသေချာပါသည်။ ဒါကိုစိတ်ထဲကကြိတ်၍သဘောပေါက်နား
လည်နေသောစစ်အစိုးရများ၊ တိုင်းပြည်ကိုကယ်တင်လိုက်ရပါသည် စိတ်မချသေး၍ဆက်လက်ထိမ်းသိမ်းထား
ရပါသေးသည်ဆိုသောအစိုးရခေါင်းဆောင်ကြီးများနိုင်ငံကြီးများသည် အကင်းပါးစွာဖြင့် မသိမသာပြောင်းလွဲ
လွတ်လပ်မှူများကို လျှောပေါ့ ပေးလာရသည်ကို တရုတ် ၊ ရုရှ ၊ ကျုးဘား ၊ စသည့်နိုင်ငံများတွင်ထင်ရှားစွာတွေ
မြင်နိုင်ပေသည် ၊ အာဏာရှင်ဆန်သောလေသံများဖြေးညှင်းစွာပပြောက် လာသည် ၊ သို့ သော် မိမိပြည်သူများ
ကို တပ်နိုင်သမျှ ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်ထားနေဆဲဖြစ်သည် ။
ထို အလိုအလျှောက်ဖြစ် အစိုးရများသည် သေနတ်ပြောင်းဝမှအာဏာကို ဗြောင်မသုံးရဲတော့ ပဲ မျက်စေ့ ပွင့် 
နေသောပြည်သူများကို မျက်စေ့ မပွင့်နေသောပြည်သူများဖြင့် လှဲ့ တိုက်ပေးသောနည်းဗျူဟာကိုတဖက်လှည့် 
သုံးစွဲလာခဲ့ သည် ။ အမှန်တရားကို သူတို့ နားလည် ၏သို့ သော် တပ်နိုင်သမျှ ၊ ဖြစ်နိုင်သမျှ ၊ ကြာနိုင်သမျှ သူ
တို့ ထိမ်းချုပ်ထားချင် အချိန်ဆွဲထား ကြဦးမည်ဖြစ်သည်။
နောက်ကွယ်မှ သေနတ်ကိုင် ပြီးကလိန်စေ့ညာဏ်ဆင်၍ အာဏာဆုပ်ကိုဖက်တွယ်ထားကြမည့် အစား ပြည်သူ
လူထုစင်မြင့် ရှေ့ မှောက်ပေါ်သို့ ရဲဝန့် စွာရင်ကော့ တက်လာပြီး မဲဆွယ်စီးယုံး ၍ ခေါင်းဆောင်နေရာကို ထိုက်
တန်စွာရယူ ကြစေလိုပါသည် ။
ကမ္ဘာာပေါ်ရှိထို အလိုအလျှောက်ဖြစ် အစိုးရများသည် ဝေဖန်တပ်သောပြည်သူများနှင့် သတင်းမီဒီယာများကို
နည်းမျိုးစုံဖြင့် ဖိနိပ်ဟန့်တားလေ့ ရှိသည် မိမိတို့ ၏သတင်းများကိုလည်း အာဏာသုံ၍နည်းမျိုးစုံဖြင့် ဖြန့်ချီမိုင်း
တိုက်လေ့ရှိသည် အဘယ်ကြောင့် ထိုတိုင်းပြည်ခေါင်းဆောင် ဟုအတင်းအဓမ္မခံယူထားသော ပုဂ္ဂိုလ်များသည် အဝေဖန်မခံရဲရပါသနည်း မီဒီယာများကိုပိတ်ဆို့ ထားရပါသနည်း ကမ္ဘာနှင့် ပြည်သူကို မျက်ချေဖြတ်ရပါသနည်း
ဆိုသည့် အဖြေကို တိုင်းပြည် ၏အခြေခံလူတန်းစားများမှအစ အသိပညာအတပ်ပညာရှင်များအဆုံး တဦးချင်းစီ
လွပ်လပ်စွာဖြေကြည့် ကြစေချင်ပါသည်
ယနေ့ ကမ္ဘာနိုင်ငံအများစု ( အနောက်နိုင်ငံကြီးတွေကိုထားပါဦးတော့ ) သည် ( ဥပမာ အိမ်ဒိယ ၊ ထိုင်း ၊ စင်္ကာ
ပူ၊ ဖိလိပီး ) နိုင်ငံအများစု၏အစိုးရနှင့် ပြည်သူဆက်ဆံရေးကိုပြည်တွင်းမှ ပြည်သူများလေ့ လာရန် အခွင့် အရေး နည်း ပါး သည့် ကြားမှ လေ့ လာကြည့် ကြစေလိုပါသည် ရာနှုံးပြည်ကောင်းမွန်သောစံနစ်ဟုမဆိုလိုပါ အားနည်း
ချက်အားသာချက်များစွာ ရောပြွန်းနေသေးလင့် ကစား ပြည်သူတို့ ၏လွတ်လပ်ခွင့် ၊ ကမ္ဘာမှပြည်သူနှင့် နိုင်ငံအ
စိုးရကိုလေးစားအသိအမှတ်ပြုမှူ အတွေးခေါ် ပညာရေးနှင့် ကမ္ဘာကြီးကိုလွတ်လပ်စွာဆက်သွယ်နိုင်ခွင့် တို့ သည်
တရုပ် ၊မြောက်ကိုရီးယား ၊ မြန်မာစသည့် နိုင်ငံတို့ နှင့် ယှဉ်လျှင် လွန်စွာကွာခြားကြောင်း သိသာလှပါသည် ။
ဒီမိုကရေစီနိုင်ငံကြီးများသည်သာ ကောင်းသည့် အစိုးရစံနစ်ဖြစ်သည် မဟုတ်ကြောင်းကျွန်ုပ်ထပ်ခါတလည်း
လည်း သတိပေးလိုပါသည် သို့ သော်မည်သို့ ဆိုစေ ယနေ့ ခေတ်ကမ္ဘာကြီးတွင် မိမိမမွေးခင်ကပင် အလိုအ
လျှောက်ဖြစ်နေပြီးဖြစ်သောအစိုးရမျိုး ၊ အတင်းအဓမ္မဖြစ်ထွန်းလာသောအစိုးရမျိုး လက်နှက်အားကိုးဖြင့်ရွေး
ချယ်ခံခဲ့ ရသောအစိုးရမျိုး ၊ ဘုရင်စံနစ် စစ်အာဏာရှင် စံနစ် ဆန်ဆန်အစိုးရမျိုးများသည် တဖြေးဖြေး ပြောင်း
လွဲ ပပြောက်လာကြသည်ကို ရိုးသားစွာဝန်ခံကြပါစို့ ။
လူမျိုးချင်းအတူတူ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား ဘာကြောင့် တိုးတက်မှူကွာခြားလာရတာလဲ ဂျပန်
နဲ့ တရုပ်အောင်မြင်တာတူရင်တောင် ကမ္ဘာကလက်ခံတာ မြင်တာဘာကြောင့်မတူကြတာလဲ ၊ ရိုးသားစွာစဉ်း
စားကြရအောင်ပါ ၊ ပဒေသရဇ် ခေတ်ကာလတွေမှာ ဘုရင်တွေ သားစဉ်မြေးဆက် ကံကောင်းယုံနဲ့ အုပ်ချုပ်ကြ
တာမျိုး ၊ ကမ္ဘာစစ်ကာလတွေမှာ စစ်တပ်ကနိုင်ငံကိုအုပ်ချုပ်ကြရတာမျိုး မဆန်းပေမဲ့  ယနေ့ ခေတ်ကမ္ဘာကြီး
မှာ မြန်မာစစ်တပ်အခန်းကဏ္ဌဘယ်နေရာမှာရှိသင့် ပါသလဲ ၊ ကမ္ဘာက လေးစားဆက်ဆံအသိအမှတ်ပြုလာ
ဖို့ ဘာတွေလိုက်နာဖို့ လိုအပ်ပါသလဲ ၊ ကမ္ဘာကလူရာမသွင်းရင် ရေရှည် ပြည်သူနဲ့ နိုင်ငံဘာတွေဖြစ်လာမ
လဲ ( ဒီနေရာမှာလူဦးရေများနေသောတရုပ်ကိုတုမိုက်၍မရပါ )၊ လူတိုင်းစဉ်းစားနိုင်ပါသည် ၊ ဒါဆို ယနေ့ 
စစ်တပ် လာလုပ်နေသလဲ့ ၊ ဘယ်လမ်းကြောင်းပေါ်မှာဘယ်လို ဦးတည်ချီလှမ်းနေသလဲ ၊ အတိုက်အခံတွေ
အပေါ်တရားမျှတမှူရှိသလော၊ ပြုစုပြိုးထောင်အားပေးမှူရှိသလော၊ ဒီအဖြေတွေကို မိမိဖါသာ မိုင်းတိုက်မခံ
ပဲ လွပ်စွာ သဦးချင်းစီဖြေကြည့် ကြပါ ၊ ဒါဆိုရင် တိုင်းပြည်လူမျိုးအတွက်ဘယ်ဘက်ကရပ်တည်တာမှန်တယ်
ဆိုတာ မိမိသမိုင်းကိုမိမိလိပ်ပြာလုံပါလိမ့် မယ်
ယာရီ အရှုံးအနိုင်သည် အခြေအနေအချိန်အခါအရပ်ရပ်ပေါ်တွင်ရပ်တည်နေသဖြင့် အဓိကမကြပါ မိမိ စိတ်
ဓါတ် ယုံကြည်ချက် သန့် စဉ်မှူသာလျှင် သမိုင်းမျိုးဆက်တွေက မှတ်ကျောက်တင်သွားပါလိမ့် မည်


ဆက်ရေးပါဦးမည် ...



Saturday, November 8, 2008

အုပ်စုဥပဒေ

အုပ်စုဥပဒေ

တော်လှန်သူဟာ
ဗမာပြည်ကွန်မြူနစ်တဲ့ ...
ညစ်ပတ်တဲ့ ဥပဒေ
ပြည်သူတွေကို စွပ်စွဲ
ထောင်ထဲကိုသွင်းလို့ 
ဒို့ တတွေ ရှောင်တိမ်းလာတာ
ဒီနေရာမှာပြန်တွေရ
မ ဆ လ တဲ့ စွပ်စွဲ
အဲဒီလူ ဟာ သူလျှို
မလို သူတွေတစု
ပြုလုပ်တဲ့ ဥပဒေ
ဒီနယ်မြေမှာ
မရှိပါစေနဲ့ ...။ ။


( ၁၉၉၀ ရိုးမ၏ရှိုက်သံများ ကဗျာစာအုပ်မှ )


Saturday, November 1, 2008

အတ္တ၏သားကောင်များ

အတ္တ၏သားကောင်များ

မသိ၍မဟုတ်
ကျွန်နုပ်သိ၏...။

မကြား၍မဟုတ်
ကျွန်နုပ်ကြား၏..။

မမြင်၍မဟုတ်
ကျွန်နုပ်မြင်၏..။

သိ ကြား မြင်လည်း
ရဲရဲမ၀န့် 
ကျွန်နုပ်အဖြစ်ကား
ဘာများတပ်နိုင်ဦးမည် နည်း..။ ။


( စိတ်ကောင်းရှိသော တပ်မတော်အရာရှိကြီးများသို့ )


Friday, October 24, 2008

သူတို့ ကိုဂုဏ်ပြုခြင်း

သူတို့ ကိုဂုဏ်ပြုခြင်း

သူတို့ 
ယုံကြည်ချက်မျက်ခင်းပြင်ပေါ်မှာ
ထိုင်နေရင်း
စိတ်ဓါတ်အဟာရကိုသာ
စားသုံးနေကြတယ် ။

ဒါပေမဲ့ 
မျှော်လင့် ချက်
အားအင် အပြည့် နဲ့ အတူ
မြန်မာပြည်သူတွေအတွက်
၈၈ ရဲ့ သူရဲကောင်းများအတွက်
၉ ရက် အစာငတ်ခံတိုက်ပွဲ
ရဲသလားမမေးနဲ့ ။

ကိုးရက် ကိုး လ ကိုး ဆယ့် ကိုး
အစပျိုးတဲ့ တိုက် ပွဲ
ရင်ထဲကဂုဏ်ပြု
ယခုခေတ်ရဲ့ အာဇာနည်များ။ ။

( ကိုးလေးလုံး နေ့  အထိမ်းအမှတ် အဖြစ်မျက်ခင်းပြင်ပေါ် မှ
ငြိမ်း ချမ်း စွာ အစာငတ်ခံ ထိုင်သပိတ်မှောက်ဆန္ဒပြ
သွားခဲ့ ကြသော သူရဲကောင်းများသို့ အမှတ်တရ )




Monday, October 20, 2008

ကလေးများအတွက် ကဗျာများ..

ကလေးများအတွက် ကဗျာများ..

( ၁ ) မွေးဌာနီ...

နှင်းပွင့် ကလေးတွေ ဖွေးရင်ကွယ်
သားလေးချမ်းလှတယ်
မေမေရယ် စောင်ခြုံပေး
ကနေဒါ ကအေး..။

ဖေဖေချစ်တဲ့ မြန်မာပြည်
သားလေး ရောက်ချင်သည်
မွေးဌာနီဘာကြောင့်များ
ဖေဖေ ပြန်မသွား... ။ ။


( ၂ ) လိမ်မာတဲ့ သားကလေး

ကြေးစည်ကလေးထုလို့ ရယ်
ဘုရားရှစ်ခိုးမယ်
ဦးချကွယ်သုံးကြိမ်မြောက်
ရွှေနိဗ္ဗန်သို့ ရောက်..။

လူတွေကြောက်တဲ့ ငရဲပြည်
သားတို့ မသွားပေ
ငြိမ်းချမ်းပါစေမြန်ပြည်သို့ 
ဆုတောင်းမေတ္တာပို့ ...။ ။


( ကနေဒါနိုင်ငံ တိုရွန်တိုမြို ထုတ် မြန်မာ့ စောင်း စာစောင်မှ )

Saturday, October 11, 2008

နိဂုံး

နိဂုံး

အမှန်တရားသည်
အင်အား.....။

အများစုသော်
အောင်မြင်ခြင်း....။

အရည်အချင်းသည်
အချေအနေ တစ်ရပ်...။

စိတ်ဓါတ်အင်အားသည်
ရဲ ရင့် မှူ....။

တခုသောအတိုင်းအတာသည်သာ
ရိုးသားခြင်းပဲ....။

အရောင်ကွဲ များစွာ၏အဆုံးအစွန်ဟာ
အဖြူလွာ တစ်ခုဖြစ်၏ ။ ။



Saturday, October 4, 2008

လမ်းပျောက်သူများသို

လမ်းပျောက်သူများသို့ 

ဘာလဲ ဘယ်လဲ
ရဲ ရဲလျှောက်
ပျောက်သောလမ်း
စမ်းတ၀ါးဝါးနဲ့ 
လမ်းအမှားမှားနဲ့ 
လမ်းသလားသူလဲ ရှိရဲ့ 
ဘုမသိ ဘမသိပေမဲ့ 
ယခုရှိတဲ့ စိတ်ဓါတ်
မြင့်မြတ်တဲ့ တော်လှန်ရေးပဲ
ရဲ ရဲ လျှောက်
သူနောက် ငါ့ နောက်နဲ့ 
ဂရောက်ဂရက်တွေတက်
မပြောက်ပျက်လေနဲ့ 
ရောက်တဲ့ နေရာ မှာ
ဒါ .... တော်လှန်ရေးပဲ...
ရဲ ရဲ လျှောက်....။ ။


(၁၉၉၃ - ထိုနယ်မြေ၏နောက်ဆုံးနေ့ များ ကဗျာစုမှ)

( သင်၏တော်လှန်ရေးစိတ်ဓါတ်ကြံ့ခိုင်နေသ၍
သင်ရောက်ရှိနေရာနေရာတိုင်းသည်
သင်၏တော်လှန်ရေးနယ်မြေသာဖြစ်၏ ။ )


တော်လှန်ရေးတစ်ရပ်တွင် အဓိက M ခြောက် လုံး လိုအပ်သည်။

( ၁ ) Money ငွေကြေးအင်အား
( ၂ ) Material ရုပ်ဝထ္ထုပစ္စည်းများ
( ၃ ) Men power လူအင်အား
( ၄ ) Managements စီမံခန့် ခွဲ မှူ
( ၅ ) Movement လုပ်ရှးမှူ
( ၆ ) Mind Power စိတ်ဓါတ်အင်အား

လက်ရှိ အချို့ ကမ္ဘာ့ နိုင်ငံများ၏ လှုပ်ရှားမှူများတွင်
( ၇ ) Mine ဖေါက်ခွဲရေး ( အချို့ နိုင်ငံများတွင် တွေ့ ရသည် )

အချို့ နိုင်ငံတော်လှန်ရေးများတွင် Mine ( ဖေါက်ခွဲရေး ) များကိုပါတွေ့ ရှိရပါသည် ။ ။



Friday, September 26, 2008

စစ် ငြိမ်း ကိုယ်

စစ် ငြိမ်း ကိုယ်

( စစ် ၊ ငြိမ်းချမ်းရေးနှင့်  ကိုယ် တို့ အကြောင်း ဆောင်းပါးမှ )

အချစ်
မင်းကိုငါယုံပါတယ်
ဒါပေမဲ့  ငါ သူ့ ကို ကြိုက်တယ်
သူဟာငါနဲ့ လိုက်ဖက်တဲ့ သူပဲ....
ပြီးတော့ 
ငါ့ ပန်းတိုင်ကို
လျှောက်လှမ်းတဲ့ အခါမှာ
မင်းဟာ
ငါနဲ့ မဖြစ်နိုင်သလိုပါပဲလေ...
အဲ...ဒါပေမဲ့ ...
သူနဲ့ ဆိုရင်တော့ 
ငါ ရောက်ကောင်းရောက်သွားမယ်ပေါ့ 
တကယ်ပါ
ငါဟာမင်းကိုချစ်ခဲ့ ပေမဲ့ 
ရက်စက်တဲ့ မင်းရဲ့ လက်ချောင်းကလေးတွေပေါ်မှာ
အခါခါ ကြွေခဲ့ ဘူး
နှင်းဆီ နီဖူးလေးတွေအကြောင်းတွေးရင်း
မင်းကို မေ့ လိုက်ပြီအချစ်...။ ။


( ၂၁၊ ၈၊၉၂ ရိုးမရိုက်သံများ ကဗျာစာအုပ်မှ )

( ၁၉၉၃ ထိုနယ်မြေ၏နောက်ဆုံးနေ့ များ ကဗျာစာအုပ်မှ )


စစ်ကိုယုံသော်လည်း ငြိမ်းချမ်းရေးကိုမြတ်နိုးသောကျွန်နုပ်တို့ သည်
ပြစ်မှတ်တူ လက်နှက်ကွဲ တိုက်ပွဲများ
လက်နှက်တူနေရာကွဲတိုက်ပွဲများ
ဖြင့် အမြဲ လက်တွဲတိုက်ပွဲဝင်သွားမည်ဟု...



Type the rest of your post here.

Sunday, September 21, 2008

ဂနိုင် ၈၈

ဂနိုင် ၈၈

ဘုရင်တောက်တဲ့ 
တိုင်းခန်းလှည့် သော်
ဇီးကွက်တွေမှာ
ခရီးထွက်ရှာ၏...။

ဗိုလ်မှူးမြေခွေး
အမိန့် ပေးခိုက်
နောက်လိုက်ဂဏန်း
ဘေးတိုက်လှမ်း၏..။

ယုံကလေးဖွေးမောင်
နားရွက်ထောင်လည်း
ကြောင်ကလေးလက်သည်း
ဝှက်ထားဆဲ ပါ..။

လိပ်ပညာရှိ
ဗေဒင်ကြည့် ၍
တပြည့် တစ်တီတူး
မည်သံကြူး၏..။

ပျော်မြူးနေထိုင်
ထိုဂနိုင်ဝယ်
ဘယ်သူပြိုင်ဖက်
ရှိမည်နည်း....။ ။


( ၄ ရက် ၂ လ ၁၉၉၂ တနင်္လာနေ့  နံက် ၄ နာရီ )
( ထိုနယ်မြေ၏နောက်ဆုံးနေ့ များ စာအုပ်မှ ) ( ရဲရဲတွေး၊ရဲရဲရေး၊ရဲရဲပြေး ကဗျာစာအုပ်မှ )


Saturday, September 13, 2008

ရွှေနီယာမ

ဦးတည်ချက်မဲ့ တဲ့ 
ခြေလှမ်းတိုင်းဟာ
အသက်မရှိပါဘူး.....။

ယုံကြည်ချက်မရှိတဲ့ 
လုပ်ရပ်တိုင်းဟာ
မအောင်မြင်နိုင်ပါဘူး...။

ဆုံးဖြတ်ချက်မရှိတဲ့ 
ဘ၀တွေဟာလည်း
မရေရာပါဘူး...။

ရင်ဆိုင်မှူကင်းမဲ့ တဲ့ 
မျက်လုံးတွေဟာလည်း
မတည်ကြည်ပါဘူး....။

အနစ်နာခံမှူကင်းမဲ့ တဲ့ 
တော်လှန်ရေးဟာလည်း
မအောင်မြင်နိုင်ပါဘူး...။

ဒိုလိုပဲ
ရိုးစဉ်းမှူကင်းမဲ့ တဲ့ 
ခေါင်းဆောင်ဟာလည်း
တည်မြဲမှူမရှည်နိုင်ပါဘူးလေ...။ ။



Saturday, September 6, 2008

ပန်းလှောင်အိမ်

ပန်းလှောင်အိမ်

စိတ်ကူးယဉ်ကာလ
ဒဿန ဥတုရဲ့ 
ယုယမဲ့ အခန်းလေးထဲမှာ
အမှောင်ကမ္ဘာ တခု
အတွေးစုတို့ ရှင်သန်
အမှန် အမှားတို့ 
မုန်ဝါးခဲ့ ကာလ
သွေးစ စွန်းထင်း
လွန်ရင့် ခြင်းကမ္ဘာမှာ
ဝေဒနာတစ္ဆေညနဲ့ အတူ
မန်မာနမျက်ရည်ဟာ
နံရံလွှာလေးဖက်
ကွဲအက်စေသတည်း... ။ ။

( အမှန်တရား၏ ပန်းပွင်းများ မြန်မာပြည်တွင် ဝေဆာလှပစွာပွင့် ဖူးစေရမည် )

(မတရားဖမ်းဆီးခံထားကြရသောနိုင်ငံရေးအကျဉ်းသားများ
အားလုံး အမြန်လွတ်မြောက်ကြပါစေဟု ,အမှောင်တိုက်ထဲမှ ဘ၀တူများ မျိုးဆက်သစ်များသို့ 
ရည်ဇူး၍ ....)


( အမှေင်တိုက်မှကဗျာများ စာအုပ်မှ )





Thursday, September 4, 2008

ဆူး

ဆူး

တဆစ်ဆစ်
နစ်ခဲ့ တဲ့ ဆူး....

မထူးဘ၀အသဲစမှာ
ရက်လရှည်ကြာ ဝေဒနာအဖြစ်
အမြစ်တွယ်ဆဲ မနုပ်ရဲလို့ 
အသဲဆိပ်သင့် ကြွေလွင့်မျက်ရည်
ကြိပ်ခံနေဆဲ တယောက်ထဲငါ
ရင်မှာတမ်းတ ဆူးမှဆူးရယ်
သိပ်ချစ်တယ်ပေါ့ .....

ကြွေတော့ ရာသီ နာရီတွေပြောင်း
ဒဏ်ရာဟောင်းက ကုမရချိန်
အသဲအိမ်စူးနစ် တဆစ်စစ် နဲ့ 
နုပ်ပြစ်ဖို့ လည်း ဒို့ မရဲ လို့ 
ဒို့ အသဲ လည်း ကြွမ်းတော့ မယ်....

1997 , June , မဟေသီမဂ္ဂဇင်းမှ




Saturday, August 30, 2008

သံသယ ဘီလူး ..

သံသယ ဘီလူး .... ( ကဗျာပုံပြင်)


ဟိုး...............
ရှေးရှေးတုန်းက ဒသနပြည်မှာ
တပ်စွစုံလင် ရှင်ဘုရင်နှင့် 
လုလင်မင်းသား မူးမတ်များစုံ
သင်းထုံ ပညာရှိ ပေါများဘိ၏...။

တိုင်းသူပြည်သား လူအများလည်း
တိုးပွားဆန်ရေ ဥစ္စာတွေနှင့် 
ဘုရင့် တိုင်းပြည်သာ ရာစည်ခိုက်....။

ယုတ်မာဘီလူး အသားစားကျုးဘို့ 
ပြည်သို့ ဝင်ရန် သူကြံသော်လည်း
စစ်ကဲတံခါး များပြားစောင့် ကြပ်
မြင့်မြတ်သည့် ဘုန်း စည်းရုံးမြဲ မြံ
ဝန်းကာရံသော် ၀င်ရန်မရ
ယုတ်စွအကြံ ကလိန်ဉာဏ်ဆင်၍
ရသေ့ ယောင်ဆောင်လျှက်နေလေ၏..။

မိုးသောက်နံနက် မြို့ ပြင်ထွက်၍
လယ်ထွက်ယာသွား အလုပ်များသော်
မသူတော်ရသေ့  လူတွေရှေ့ မှာ
ဆိတ်စွ ဣနြေ္ဒ တင်ပျင်ခွေထိုင်ကာ
ဘာဝနာတရား ပွားများနေ၏..။

ရွာသူရွာသား ကြည်ညိုပွား၍
များပြားလှူရှာ ၀တ်ပြုကာပင်
" အရှင်ဘုရား ကျွန်တော်များ၏
တည်ရှိပြည်ရွာ ကြွမြန်းပါ၍
ပျော်မွေ့ သီတင်းသုံးပါ ဖရား"..ဟု
လျှောက်ကြားလေသော်....။

မသူတော်ရသေ့  အကြံစေ့ ကာ
" ဒီမှာတကာ... ကြွလာချင်ပေမဲ့ 
သင်တို့ ပြည်မှာ လူယောင်ဆောင်ထား
ဘီလူးများရှိလို့  ကြွဘို့ မရဲ ဘူး
ဒကာ ကြီးတို့ ..".... တဲ့ .....။

ဤသို့ ဆိုသော် ထိုပြည်တော်တွင်
ပြည့် ရှင် ရွာသား လူအများတို့ 
ကြောက်ရွံ့ ထိတ်လန့်  သတင်းပြန့် ကာ
သူငါကြည့် ကြ သံသယ ဖြင့် 
စု ကြတီးတိုး ရွပိုးထိုး ကာ
ခြောက်ခြားလာ ၏....။

ညဖက်ဆိုလည်း မအိပ်ရဲ ပဲ
မဲ မဲ မြင်ရာ စိတ်ထင်ကာ ဖြင့် 
တူရာစု ကြ သံသယမှာ
ဖမ်းဆီးကာပင် ရွာအပြင်သို့ 
သတ်ပြီးပို့ ၏....။

ဘုရင်က အစ စန္ဒာလအထိ
ကြည့် ကြပြူးပြဲ ဘီလူးပဲထင်ရာ
တစ်ချို့ မှာလည်း ကံမွဲသည့် ဘုန်း
လူတွေမုန်းလို့ စုဂုံးချောကာ
သန်ပြန်ပါရော.......။

ရွာအပြင်ပို့  အလောင်းတို့ ကို
ဆို့ မျို ပျော်ပါး အောင်သွားသူ့ အကြံ
သူထပ်မံလို့ " ဒကာတို့ ပြည်မှာ
နောက်ထပ်ရှာဦး လူ့ ဘီးလူး တို့ 
ကျန်သေး၏.." .....တဲ့ .....။


သာစွပြည်မှာ ခြောက်ခြားလာပြီ
မစည်မကား ကုန်သည်များလည်း
ရဲရဲမလာဝံ့  တချို့ စွန့် သွား
မင်းသားပညာရှိ သာသည့် တိုင်းပြည်
ပြောင်းရွေ့ လေ ပြီ.......။

တိုင်းပြည်မှာလည်း သူ့ မဲ ငါ့ မဲ
တူရာတွဲကာ အစိတ်စိတ်ကွဲပြား
ဂလဲ့ စားတန်ပြန် မူမမှန်ဖြတ်ထုံး
အမုန်းနောက်ဆုံးမှာ.....
တိုက်ကြပါရော အချင်း ချင်း...
သတ်ကြပါရော အချင်းချင်း....။

အင်း.................
တိုင်းပြည်လည်းပျက် ကျိုးပဲ့ကန်းတည်း
အဆိုးချည်းကျန်မှ သံသယဘီလူး ကုန်သွား၏..။

ထိုအခါမှကြွယ်ဝပရိယယ်
ဘီလူး တကယ် မှာ ဟင်္သာကိုးသောင်း
ပျက်စီကြောင်းဖြင့်  ဖြားယောင်းဇတ်ခင်း
သူသိမ်းသွင်း၏...။

လူတုံးလူအ ကျန်သမျှလည်း
ရင်ထဲနောင်တ ခုမှရကား....
" အသားစားဘီလူးသာ ရွာဝင်ပါလည်း
ရွာထဲ ဒီလောက်မပျက်စီးတဲ့ ..." ။

သံသယ ဘီလူး ပါ ရွာဝင်ကာမှ
ယုတ်စွအဆုံး ပြုတ်ပြုတ်ပြုန်း၍
ရွာလုံးကျွတ်မျှ နောင်တရ သည်...
ရိုးမ ပုံ ပြင်ပါ တကား....။ ။

( ကဗျာပုံပြင်ပြီး၏ 19** )
( အဇ္ဈထ မဂ္ဂဇင်း မှ ...)


Friday, August 22, 2008

မီးခဲပုလ္လင်

ညှာတာရမဲ့ 
စိတ်ထားတို့ 
နိမ့် ပါးနေရင်....

ဦးဆောင်ရမဲ့ 
အတွေးအခေါ်တို့ 
ဘေးချော်နေရင်....

စံပြရမဲ့ 
လုပ်ရပ်တို့ 
စုတ်ပြတ်နေရင်...

သင်ကိုယ်သင်သိ
သင်၏ပုလ္လင်
နေ၀င်လုဆဲ
မီကြီးခဲလို
ရဲရဲသင့် ကို
ဝါးမြိုမည်...။ ။

( ၉ ရက် နိုဝင်ဘာလ ၁၉၈၈ ဒီမိုကရက်တစ်လူငယ်ညီညွတ်ရေးအဖွဲ့ ချုပ် အစီးအဝေးမှ )


Monday, August 18, 2008

တော်လှန်သွေး

တော်လှန်သွေး

သွေးကြွနိုင်ငံရေးမှာ
သွေးဟာတွန်အား
သွေးများအေးစက်
ခြောက်ကပ်တဲ့ အခါ
ရပ်သွားမှာပဲ.....။

စစ်သွေးကြွတော်လှန်ရေး
စစ်ရေးမှာမူတည်
စစ်ဝါဒီထွန်းကား
စစ်သားခြင်းစစ်တိုက်
ဆန်းစစ်လိုက်တဲ့ အခါ
စစ်မှာ တော်လှန်တာ
ပျောက်ဆုံးနေတပ်....။

တော်လှန်ရေး
သွေးနဲ့ စပေမဲ့ 
အေးစက်ဖို့ မလို
ပွက်ဆူဖို့ လို
သွေးဆိုတာ နီးစွေး
နွေးနေရမယ်
နွေးနေရမယ်......။ ။


( ရိုးမရင်ခုံသံ ကဗျာများစာအုပ်မှ )

အခြေအနေရဲ့ တောင်းဆိုမှူ့ 
ှူကြေင့် တော်လှန်ရေးဆိုတာ ပေါ်ပေါက်လာရတာ

တော်လှန်ရေးပုံသန်ဏ္ဍန်တွေဟာလည်း လိုအပ်သလို
တောင်းဆိုမှူအရပြောင်းလွဲလာရလိပ်မယ်
တော်လှန်ရေးတိုင်းမှာပေးဆပ်မှူရှိတယ် ဘာမဆိုတရားတယ် မတရား မှူ ကို မတရားမှူ့ နှင့် တုန့် ပြန်ရင်တောင်မှ တရားတယ်..

ဆူး စူး ၍ ပင်
အပ် နှင့် ထွင်သည်
အသင် ဘာပြောချင်သနည်း...။ ။


Friday, August 15, 2008

ပုံ ဆောင် မဲ့ ပန်း

ပုံ ဆောင် မဲ့ ပန်း

မမိခင် လူရိုး မခိုးခင် လူ ကောင်း
ပြောင်းလွဲတာကစိတ်
အတိတ်ကသူ ဟာလူကောင်းတစ်ယောက်ပါ ။

မှားယွင်းမှူဟာ ၀ါသနာ မဟုတ်
စာနာမှူသရုပ် ခွဲ လူထဲ ကလူမှာ
ဘယ်သူဟာအမှားကင်းပါသလဲ ။

အကြာင်းရင်းရှာ အမှားမှာ ဒဏ်ရာ တွေ့ 
မနေ့ ကလူကောင်း ပြောင်းလွဲ ခဲ့ ပစ္စု ပန်မှာ
သူဟာလူဆိုး ရိုးသားမဲ့  နံနက်ဖန်ဟာ
မင်္ဂလာပဲ ပေါ့ ။

ရိုးသားမှူတဲ့  ပုံဆောင်မဲ့ ပန်းကလေး
အရမ်းမမွှေးနဲ့  ပန်းကလေး
ကြွေသွားတပ် တယ် ။ ။

( ရေသည်ပုံဆောင်မဲ့ အရာဝထ္ထုတခုဖြစ်၍ ရောက်ရှိနေသောခွက်၏
ပုံသဏ္ဌာန်အတိုင်းလိုက်၍ ပြောင်းလွဲ တည်ရှိနေ ရသည် )

Monday, August 11, 2008

သွေးမှတ်တမ်း

သွေးမှတ်တမ်း

ရဲဝန့် စွာရင်ဆိုင်မှူတဲ့ 
ရက်စက်ယုတ်မာတဲ့ သူတွေကို
တော်လှန်တာပေါ့ ...။

ဝေတော့ မဲ့ ပန်းကလေးတွေ
ငြိုးနွမ်းရတာလည်း
သူတို့ ကြောင့် ပဲ မဟုတ်လား...။

ရှည်လျှားတဲ့ အမှောင်ထုထဲ က
လှပတဲ့ ကြယ်ပွင့် ကလေးတွေကို တော့ 
ဘာနဲ့ မှဖုံးကွယ်လို့ မရခဲ့ ပါဘူးလေ....။

ပြုံးနေတဲ့ ကျောက်ရုပ်တွေလဲ
အံကြိတ်ထားဆဲ တခဏ
အငိုညရဲ့ သွေးကွက်များ
ပျောက်ဆုံးမသွားပါဘူး....။

တွေဝေနေမဲ့ အစား
သီးခြား ဒီမိုကရေစီနိုင်ငံတော်သစ်
မဖြစ်ဖြစ်အောင်
တည်ထောင်ကြပါစို့ ......။ ။

( ရိုးမရှိုက်သံ ကဗျာစုမှ )



Type the rest of your post here.

Wednesday, August 6, 2008

မော်ကွန်းမဲ့ သွေး...များ

မော်ကွန်းမဲ့ သွေး ( ၁ )

မော်ကွန်းမဲ့ သွေး
ရေးထိုးဖွင့် လှစ်
ရှစ်ဆယ် ရှစ်လော... ။

သွေးမဲ့ မော်ကွန်း
ရည်ညွန်းဖွဲ့ ဆို
ပန်းတွေကို လော... ။

မှောင်သောအရိပ်
တိတ်တဆိပ်ဉ်
ကြိတ်ကြိတ်ပျောက်သွား
ပန်းပွင့် များကို
မှတ်သားဂုဏ်ပြုကြစေလော....။ ။

( ထိုနယ်မြေ၏နောက်ဆုံးနေ့ များ ကဗျာစာအုပ်မှ )

..............................................................

မော်ကွန်းမဲ့ သွေး ( ၂ )

ရှင်သန်လျှက်နဲ့ 
သေဆုံးခဲ့ ကာလ
ဘ၀ အသက်
အမှောင်ဖက် ကမ္ဘာမှာ
ဒဏ်ရာရ ဥတု
ကြွေလုလု ညများ
ဝါးမြိုခံခဲ့ ရ
စိတ္ထဇတစ္ဆေ
အိပ်မရစေခဲ့ 
မှောင်တဲ့ ညဆို
သွေးယိုစီးကျ
ထိုညသွေးစက်
မော်ကွန်းမဲ့ လည်း
ရဲ ရဲနီစွေး
တော်လှန်ရေးတည်း....။ ။

( အမှောင်တိုက်မှ ကဗျာများ၊ စာအုပ်မှ )

Type the rest of your post here.