Friday, April 18, 2008

ကျေဇူးကန်းကြသူများ


ကျေးဇူးကန်းကြသူများ

အမျိုးသားမန် ဇာတိမန်
ရှင်သန်နိုးကြား တိုင်းတပါးတွင်
ငါလျှင် မြန်မာ မမေ့ ပါနှင့် ..။

ဤမြေမှာနေ ဤရေကိုသောက်
လူလားမြောက်ခဲ့ ဒို့ ရဲ့ သိဥာဏ်ဝန်ခံပါလျှင်
ရှေးစဉ် ဘိုးဖွား သင်ကြားပေးခဲ့ 
အတိတ် ရဲ့ မြန်မာ ကျေးဇူး သာ လော...။

မြန်မာ ပြည်မှာမွေး
မြန်မာ ကလေးဖြစ်ပေမဲ့ 
မြန်မာ ချစ်တဲ့ စိတ်ဓါတ်
မြင့် မြတ်မှ ရှိ မှာပေါ့ ....။

မြန်မာတော့ မြန်မာ
ကာလကြာရွေ့ လျှား
မေ့ သွားခဲ့ ဘဝ
အတ္တ ရဲ့ အဏာဂတ်မှာ
" ငါ " ကနေဒီယန် တဲ့ လေ.......။ ။

. ......... ( စိုးမိုးသူ ) ......
၂၀၀၁ - မြန်မာ့ စောင်း စာစောင် ( မြန်မာ ကနေဒီယန် အသင်း ) မှ



2 comments:

ကိုမိုးကြီး said...

ကိုကနေဒါမြန်မာရေ လာကြည့်တယ်ဗျာ။ နှောင့်ယှက်တာတော့ မဟုတ်ပေါင် ။ ဗဟုသုတရအောင်ပေါ့ ။ လာကြည့်ပါဦး ။ ကလေး ဘယ်လိုမွေးတယ်ဆိုတာ သိရအောင် ။

နေစိုးနိုင် said...

မှန်တယ်

ကြိုက်တယ်ဗျာကဗျာကို
ရေးတဲ့လူရဲ့စိတ်ဓာတ်နဲ့အတွေးကိုလေးစားတယ်