Wednesday, April 30, 2008

ဂျာမဏီ ညများသို့ ...

ဟစ်တလာညများသို့ ....

ဟစ်တလာည
သိပ်လှပ၏..။

သူ၏သမိုင်း
ဘယ်သို့ ရိုင်းလည်း
သူ့ တိုင်းပြည်အတွက်
သူလုပ်ခဲ့ တာ
ယနေ့ ကမ္ဘာမှာ
ဂျာမဏီ....။

သူမည်သည်ကား
သမိုင်းမှားလည်း
ရဲရဲစွန့် ခဲ့ 
တိုင်းပြည်အတွက်မို့ 
သူ့ ရဲ့ ပြည်သား
သူ့ လေး စား၏....။

သူ၏ပြည်မှာ
ဟစ်တလာည
သိပ်လှပ၏...။ ။


( 1996, ဖရန့် ဖို့ ညများသို့ အမှတ်တရ )
ခေထ္ထ ဂျာမဏီ


( ဟစ်တလာအား လေးစားစရာ သူရဲ ကောင်းတဦးအနေနှင့် 
ရေးသားခံစားထားခြင်း မဟုတ်ပါ ၊ သမိုင်းမှာ အမှားလုပ်တာ
ရက်စက်တာခြင်းတူရင်တောင်မှ မြန်မာ စစ်ခေါင်းဆောင်များ
၏ မိမိလူမျိုးခြင်းအပေါ် ရက်စက် မှူများကို နိင်းယှဉ် ခံစားဖွဲ့ 
ဆိုထားခြင်းမျှသာ ဖြစ်သည့် အပြင် မိမိလူမျိုးချင်းအပေါ်သာ
အနိုင်ကျင့် ရဲ သော အိမ်ကျယ် မြန်မာ စစ် အစိုးရကို မီးမောင်း
ထိုးပြခြင်း သာဖြစ်ပေ၏ ။


1 comment:

Amanda Sobek said...

သူ့ ရဲ့ ပြည်သား
သူ့ လေး စား၏....။ ဆိုတော့ အဓိပ္ပာယ်က သူ့ရဲ့
ပြည်သားတွေက သူ့ကိုလေးစားသလို ဖြစ်နေတယ်။

သူ့ ရဲ့ ပြည်သား
သူ လေး စား၏....။ ဆိုမှ သူ့ရဲ့ ပြည်သားတွေ ကို သူက လေးစားပါတယ်ဆိုတဲ့ ဆိုလိုချင်တဲ့ အဓိပ္ပာယ် ပေါက်ပါမယ်။