Sunday, August 9, 2009

တိုရန်တို့ မြို့  ၂၁ ကြိမ်မြောက် ၈၈၈၈ လုပ်ရှားမှူ များ


၂၁ ကြိမ်မြောက် ၈၈၈၈ လှုပ်ရှားမှူ များ ( တိုရန်တို - ကနေဒါ )
Burma VJ Theatrical Opening & 21 anniversary of 8888 in Toronto
မြန်မာ့  VJ ရုပ်ရှင်ပွဲတော် ဖွင့် ပွဲ နှင့်  ၂၁ နှစ် မြောက် ရှစ်လေးလုံး လှုပ်ရှားမှူများ

Burma VJ ရုပ်ရှင် ပွဲ ဖွင့် ပွဲ အခမ်းအနားကို သြဂုတ် လ ၇ ရက်နေ့ က စတင်ပြီး
ဖွင့် လှစ် ရုံတင်ပြသခဲ့ တာဖြစ်ပါတယ် ။ ရုပ်ရှင်မစခင်မှာ မြန်မာ့ နိုင်ငံရေး လှုပ်ရှား
မှူ့ များကို ထောက်ခံ အားပေးကြောင်းနဲ့  ကနေဒါ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးကို တိုက်
ရိုက်စာရေးတောင်းဆိုစာများကို ပရိသတ်များထံမှ လက်မှတ်ရေးထိုးကောက်ခံပြီး မြန့် 
ရုပ်ရှင် ပြပွဲ ပြီးတဲ့ အခါမှာ တော့  ရုပ်ရှင်ကြည့် ပရိသတ်များထံမှ အမေးခွန်းများကို ပွဲ
ဖွင့် ပွဲ နေ့  မှာ ကို ဇော်ဇော် က တာဝန်ယူ ဖြေကြားပေးသွားပါတယ် ၊ ပွဲ ရဲ့ ဒုတိယနေ့ 
သြဂုတ်လ ၈ ရက်နေ့ မှာတော့  တိုရန်တိုမြို့ မှာရှိသော မြန်မာ့ နိုင်ငံရေး လှုပ်ရှားသူ အဖွဲ့ 
အစည်း ပေါင်းစုံ စုပေါင်းပါဝင် ပြီး ထိုရုပ်ရှင်ရုံ ရှေ့ မှာပဲ ရှစ်လေးလုံး အခန်းအနားကို ကျင်း
ပပြုလုပ်ကြပါတယ်။ ရုပ်ရှင်အပြီးမှာတော့ အမေးဖြေများကို ကိုကျော်ဇောဝေ ၊ ဦးပဇင်း ဦး
နန္ဒ၀န်သ နှင့် လူအခွင့် ရေး အဖွဲ့ မှ တာဝန်ရှိသူတဦးက ဖြေကြားကြပါတယ် ။ ထိုရုပ်ရှင်ပွဲ
တော်ကို ၁၃ ရက်နေ့ အထိ မြို့ လည်ခေါင်ရှိ The Royal Theater မှာ ပြသသွားမှာဖြစ်
တဲ့ အပြင် ရှုပ်ရှင် ပြပွဲအပြီးများမှာလည်း ၉ ရက်နေ့ တွင် ကိုဝင်းမောင် ၁၀ ရက်နေ့ တွင်
ကိုအောင်တင် ၊ ၁၁ ရက်နေ့ တွင် ကိုဇော်ဇော် ၊ ၁၂ ရက်နေ့ တွင် ကိုမျိုးသိန်းနှင့် ၁၃ ရက်
နေ့ တွင် ကိုကျော်ဇောဝေ တို့ မှ ရုပ်ရှင်ကြည့် ပရိသတ်များထံမှ အမေးအဖြေများကို ထိုရုပ်
ရှင် ရုံထဲတွင်ပင် ဖြေကြားသွားမှာဖြစ်သည့် အကြာင်း သိရပါသည် ။

ထို အခမ်းအနား ကို ပါဝင်ပူးကြသည့် အဖွဲ့ အစည်းများနှင့်  တာဝန်ခံ ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်း
ဖြစ်ကြပါသည် ။

Burma VJ Theatrical Opening & 21 anniversary of 8888 in Toronto Video Click ဒီမှာနိပ်ပါ



ပါဝင် ပူးပေါင်း လက်တွဲကြသော အဖွဲ့ အစည်းများမှာ အောက်ပါအတိုင်းဖြစ်ကြပါသည်။

International Burmese Monks Organization (Canada)
Parliamentary Friends of Burma
National League for Democracy (LA) Canada Branch
Canadian Campaign for Free Burma
Burmese Students Democratic Organization
Karen Canadian Community
Chin Human Rights Organization
Free Burma Federation
Burmese Muslim Association (Canada)
Arakanese Canadian Society (Toronto)
United Democratic Youth League (Canada Branch)
Burma Watch International
Burma Forum Canada


BSDO သတင်းစဉ်

Type the rest of your post here.

No comments: