Sunday, March 1, 2009

ပန်းလှောင်အိမ်

ပန်းလှောင်အိမ်
( မြန်မာပြည်တွင်းမှနိုင်ငံရေးအကျဉ်းထောင်များသို့ )

စိတ်ကူးယဉ်ကာလ
ဒဿန ဥတုရဲ့ 
ယုယမဲ့ အခန်းလေးထဲမှာ
အမှောင်ကမ္ဘာ တခု
အတွေးစုတို့ ရှင်သန်
အမှန် အမှားတို့ 
မုန်ဝါးခဲ့ ကာလ
သွေးစ စွန်းထင်း
လွန်ရင့် ခြင်းကမ္ဘာမှာ
ဝေဒနာတစ္ဆေညနဲ့ အတူ
မန်မာနမျက်ရည်ဟာ
နံရံလွှာလေးဖက်
ကွဲအက်စေသတည်း... ။ ။

( အမှန်တရား၏ ပန်းပွင်းများ မြန်မာပြည်တွင် ဝေဆာလှပစွာပွင့် ဖူးစေရမည် )

(မတရားဖမ်းဆီးခံထားကြရသောနိုင်ငံရေးအကျဉ်းသားများ
အားလုံး အမြန်လွတ်မြောက်ကြပါစေဟု ,အမှောင်တိုက်ထဲမှ ဘ၀တူများ မျိုးဆက်သစ်များသို့ 
ရည်ဇူး၍ ....)


( အမှေင်တိုက်မှကဗျာများ စာအုပ်မှ )








2 comments:

မသက်ဇင် said...

ကဗျာတွေတော်တော်ကောင်းပါတယ်--
ပျော်ရွှင်ပါစေ--

Unknown said...

ကဗျာလေးကြိုက်ပါတယ်။အာားလုံးရဲ့ယုံကြည်ချက်တွေရှင်သန်လာပါစေ။