Saturday, September 29, 2012
မေသင်္ကြန်ဟိန်းနှင့် ကိုဌေးနိုင်မိခင်၊နှမတို့
မေသင်္ကြန်ဟိန်းနှင့် ကိုဌေးနိုင်မိခင်၊နှမတို့
အမေ့ မျက်နှာပေါ်က အဓိပ္ပါယ်
by Htay Tint on Sunday, September 30, 2012 at 3:55am ·
တိုင်းပြည်အတွက် အသက်စွန့် သွားကြတဲ့
ပြည်ပက သားတို့ တတွေ အိမ်ပြန်ဖို့  အထုတ်ပြင်ဆင်ချိန်မှာ
အမေ့သားငယ် ဌေးနိုင် မပါခဲ့တာ အမေနားလည်ခဲ့တယ် ။
ပွင့်လင်းလာတဲ့ လူ့ အဖွဲ့ အစည်းနဲ့ အတူ လူလူချင်း ဆက်သွယ်တဲ့
နည်းပညာတွေ မီဒီယာတွေ မိနစ် အတွင်း တိုးတက်လာခဲ့တယ် ။
ရိုးသားဖြောင့်မတ်တဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့  ၈၈က ထွက်သွားခဲ့တဲ့ အမေ့သား
အငတ်ဘေး စစ်ဘေး ငှက်ဖျားဘေး တွေကို တော်လှန်ရေးအတွက် ကျော်ဖြတ်နိုင်ခဲ့တယ် ။
မှန်တာလုပ် ဟုတ်တာပြောခဲ့လို့  မုန်းတဲ့သူလည်း အမေသားကို မုန်းခဲ့ကြတယ် ။
သူငယ်ချင်း တသိုက် အတွက်လည်း အချုပ်ထဲမှာ ခေါင်းငိုက်စိုက်နဲ့ အိပ်ခဲ့ဖူးတယ် ။
အများကရွေးချယ် ဗဟိုကော်မီတီနေရာကိုလည်း မဝယ်ဘဲလုပ်ခဲ့ရတယ် ။
အတွေးအခေါ်တွေ လွန်ဆွဲ ကျောင်းသားတပ်တွေ ပြန့် ကြဲသွားချိန်မှာ
ကျောင်းသားတပ်ဦး ဒူးမထောက်ဖူးတဲ့ ။ ရှိတဲ့ ကျောင်းသား စုစည်းကြနဲ့ 
ပေးတဲ့ တာဝန် အမေ့သားငယ် ကျေပြွန်ခဲ့တယ် ။
လူအကြောင်းပေါင်းမှသိ ။ ခေါင်းဆောင်အကြောင်း ကြာညောင်းမှသိခဲ့တဲ့ အမေ့သားငယ်
ဥက္ကဌခေါ်လို့  လာခဲ့ပါတဲ့။
ကျောင်းသားတပ်မတော် စစ်ဦးစီးချုပ် အမျိုးပါ အဖြုတ်ခံလိုက်ရတယ် အမေရယ် ။
ညီအကို ၂ ပါး ထောက်လှမ်းရေးအမည်နဲ့ ညားခဲ့ရတယ် အမေ ။
နှိပ်စက်ဖန်များလာတော့ ခြေတွေကျိုး လက်တွေကျိုးနဲ့ 
အမေ့သားငယ် တက္ကသိုလ်ကျောင်းသားအရွယ်က စင်စစ်က
စစ်ထောက်လှမ်းရေးဖြစ်သွားတယ် အမေရယ် ။
ဝန်ခံတဲ့ ဗီဒီယိုရိုက်ချက် ဝါးရင်းတုတ်ထက် နာကျင်တဲ့ ရိုက်ချက်ကတော့
နိုင်ငံတကာက လာသမျှလူကို အမေ့သားငယ် ရန်သူပါလို့ 
သားသတ်သမားတွေက ဂုဏ်ယူဝင့်ကြွား ပြသခဲ့တယ် ။
လူတွေ့ တောင်းဆို စစ်ဆေးမယ်ဆိုတော့
ကျိုးကန်းနေတဲ့ အမေ့သား လူကြားထဲ ဘယ်လိုခေါ်သွားကြမလဲ ။
ဒေဝတ်ဥာဏ်သာသာ ဆေးကျောင်းသား လက်စွမ်းပြတာကတော့ အသေထွက်တဲ့ ။
အရှင်ထွက်ဖို့  လူစားထိုးပြီး နိုင်ငံတကာကို ဟိုးဟိုးကျော်အောင် ကျေညာလိုက်တယ် ။
အားမရှိတော့တဲ့ အမေ့သားငယ် ကိုယ့်ကိုကိုယ် သတ်သေသွားတယ်တဲ့ ။
ပိပိရိရိ မလိမ်တတ်တဲ့  ကျီးကန်းတအုပ်ကြောင့်
အချိန်တန် အိမ်ပြန်လာမဲ့ သားတွေကိုမျှော်နေတဲ့ အမေ
အနှစ် ၂၀ ကျော် မမြင်ဖူးတဲ့
အမေ့မျက်နှာမှာ
အခြားအမေတွေနဲ့ မတူတဲ့
ကြေကွဲမှုတွေ
နောင်တတွေ
ဒေါသတွေ
ဝမ်းနည်းမှုတွေ
ခါးသီးမှုတွေက
ရင်ထဲက ဒဏ်ရာတွေရဲ့ 
အသီးအပွင့်တွေပါလား အမေရယ် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment