Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, June 11, 2012

ရိုဟင်ဂျာ၊ အနောက်ကမ္ဘာ၏ပစ်ဖဲနှင့် မြန်မာအတွက် Sensitive Area မောင်တော

From: Kyaw Than To: absl_india88 Sent: Tuesday, 12 June 2012 1:51 AM Subject: ရိုဟင်ဂျာ၊ အနောက်ကမ္ဘာ၏ပစ်ဖဲနှင့် မြန်မာအတွက် Sensitive Area မောင်တော ရိုဟင်ဂျာ၊ အနောက်ကမ္ဘာ၏ပစ်ဖဲနှင့် မြန်မာအတွက် Sensitive Area မောင်တော by Myo Set on Monday, June 11, 2012 at 10:59pm · ကျနော့်ရင်တွေပူနေပါတယ်။ ကျနော်အခု ထိုင်နေသောနေရာတွင် အေးစက်နေသော မိုးရေများ ကျဆင်းနေပါသည်။ သို့သော် မိုင်ပေါင်းထောင်နှင့်ချီ၍ ဝေးသော အမိမြန်မာနိုင်ငံမှ ရခိုင်ဒေသအတွက် အများကြီးစိတ်ပူနေပါသည်။ ဘင်္ဂလားများဘာကြောင့် ဒီလို ထကြွသောင်းကျန်းရသနည်း။ အသတ်ခံရသော မွတ်စလင်ဆယ်ဦးကိုယ်စား မကျေနပ်၍လား။ ကျနော်ကတော့ ဤမျှ ရိုးစင်းမည်မထင်ပါ။ ကျနော်တို့တတ်နိုင်လျှင် ၁၉၄၈ခုနှစ်မှစ၍ ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးများ ပျံ့နှံတည်ရှိပုံနှင့် ယနေ့ ၂ဝ၁၂ ခုနှစ်တွင် ၇ခိုင်လူမျိုးများ၊ ကျေးရွာများ ပျံ့နှံ့တည်ရှိပုံများကို နှိုင်းယှဉ်ဖော်ပြစေချင်သည်။ မိမိသိသလောက်က ရခိုင်များသည် တစ်ဖြေးဖြေး ဆုတ်ခွာလာခဲ့ရလေပြီ။ တိုးပွားလာသော လူဦးရေ၊ တရားမဝင်ခိုးဝင်မှု နှင့်တစ်ကွ အကာအကွယ်မဲ့ ရခိုင်များသည်အစိုးရ၏ ဖေးမခြင်းကို မရသည့်အပြင် တစ်ဖက်မှ ခိုးဝင်သူ ဘင်္ဂလားနွယ်များ၏ ကျူးလွန်ခြင်းကို ခံနေခဲ့ရသည်မှာ ဆယ်စုနှစ်များစွာကြာခဲ့လေပြီ။ ပါကစ္စတန်၊ ဘင်္ဂလား စစ်ရေးဖိုရမ်များတွင် သူရို့ဆွေးနွေးကြလေ၏။ မြန်မာပြည်လူဦးရေက ဘင်္ဂလားထက် သုံးဆနည်း၍ အကျယ်အဝန်းက သုံးဆပိုကြီးသည်။ ထိုအနေအထားက မက်လောက်စရာဖြစ်သည်။ တစ်ကယ့်တစ်ကယ် တိုင်းပြည်တစ်ခုသည် စိုက်ပျိုးစရာမြေမရှိလျှင် မလွယ်လှ။ ငွေမည်မျှပင်ရှိစေကာမူ ရေရှည်တွင် အခြားနိုင်ငံများမှ အစားအသောက်ဝယ်ယူနေရပါက ကီးမကိုက်လှချေ။ ထို့ကြောင့် စိုက်ပျိုးမြေများပြားကြွယ်ဝသော မြန်မာပြည်၊ နိုင်ငံတကာနှင့် ဆက်ဆံရာတွင် အစိုးရကြောင့် ပစ်ပယ်ခြင်းခံထားရသောမြန်မာပြည်၊ ပြည်တွင်းစစ်မီးလျှံများ၊ ဆန္ဒပြပွဲများဖြင့် အချိန်ပြည့် ဗဟိုအုပ်ချုပ်ရေးကို စိန်ခေါ်ခြင်းခံနေရသော မြန်မာပြည်အတွက် ရခိုင်နယ်ကို ကျူးကျော်ရေးသည် ထိုသူတို့အတွက် စိတ်အေးလက်အေး အကွက်ချခဲ့ဖို့ အချိန်ရပေမည်။ထိုသို့အကွက်အကွင်းများထဲမှ ယနေ့ မီဒီယာများကို ကြိုးကိုင်နေခြင်းနောက်ကွယ်အကြောင်းများကို ဥာဏ်မီသလောက် တွေးတောကြည့်မိလေသည်။ မြန်မာပြည်ကို ကျွန်ပြုခဲ့သော အင်္ဂလိပ်နှင့် ယနေ့စူပါ ပါဝါ အမေရိကန်တို့သည် ရိုဟင်ဂျာအရေးကို အရေးဆိုရာတွင် ထိပ်တန်းဖြစ်နေကြသည်။ အမေရိကန် စီအိုင်အေနှင့် အင်္ဂလိပ် MI5 တို့သည်ကား လက်စောင်းထက် ထိပ်တန်းထောက်လှမ်းရေးများဖြစ်ကြသည်။ ထိုသူတို့သည် ရိုဟင်ဂျာနှင့် အယ်လ်ခေးဒါး အဆက်အစပ်ကို ဘာတီးလင်တ်နာလို သတင်းထောက်တစ်ဦးထက်တော့ လျော့၍ သိဖွယ်မရှိချေ။ ပို၍သာသိနေမည်။ ထို့ပြင် မြန်မာပြည် သန်းခေါင်စာရင်းကိုကောက်ယူခဲ့သော၊ လူမျိုးစာရင်းကို ပြုစုခဲ့သော အင်္ဂလိပ်များက ပို၍ သိပေမည်။ ထိုသို့သိလျက်နှင့်င်္ အဘယ်ကြောင့် မြန်မာနိုင်ငံ ရခိုင်ဒေသရှိ ရိုဟင်ဂျာအရေးကို အရေးဆိုနေရပါသနည်း။ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားများမဟုတ်မှန်းသိလျက်နှင့်အဘယ်ကြောင့်အရေးဆိုနေကြပါသနည်း။ ထိုအခါ ပထမဆုံး မိမိအတွေးထဲ ဝင်လာသည်မှာ မြန်မာနိုင်ငံ၏ ပထဝီဝင်ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ယနေ့ ကြီးထွားဆဲပါဝါများဟုတင်စားကြသော တရုတ်နှင့် အိန္ဒိယတို့အကြားတွင် တည်ရှိနေပြီး အရှေ့တောင်အာရှနှင့် တိုက်ရိုက်ဆက်စပ်ပေးထားသည့် လမ်းဆုံလမ်းခွ သဖွယ်ဖြစ်သည်။ အင်္ဂလိပ်သည် ကြီးမားကျယ်ပြောလှသော တရုတ်ဈေးကွက်ကြီးကို လက်ဦးမှုရယူရန် မြန်မာသို့အရင်ဝင်လာခဲ့သည်ဟု သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ဆို၏။ ထိုသို့ပထဝီဝင်အရ အရေးပါလှသော မြန်မာနိုင်ငံသည် ယနေ့ ပါဝါအပြောင်းအရွှေ့ခေတ်ကြီး (ဝါ) အမေရိကားလွန်ခေ (Post American World) တွင် အာရှပစိဖိတ်ဒေသ၏ ထိပ်တန်း ဒေသတစ်ခု ဖြစ်လာနေပေသည်။ ထိုဒေသအား နိုင်ငံရေး၊ စစ်ရေးအရ လွှမ်းမိုးမှု၊ လက်ဦးမှု ရယူထားနိုင်ခြင်းသည် ယခုရာစုနှစ်၏ အနာဂါတ်မဟာဗျူဟာ မဖြစ်နိုင်သလောဟုမေးလျှင် မည်သူမျှ ယတိပြတ်ငြင်းနိုင်မည်မထင်ပေ။ အဓိက ကျသော အချက်တစ်ချက်မှာကား တရုတ်၏ လက်ကုန်မဟုတ်သေးသော ဖွံ့ဖြိုးမှုပင်တည်း။ တရုတ်၏ အတိုင်းအဆမဲ့ ကြီးထွားလာနေသော စီးပွားရေးအင်အားနှင့် တိုးချဲ့လာနေသော စစ်ရေးအင်အားတို့က အမေရိကန် ပေါ်လစီမဂ္ဂဇင်းများတွင် နေ့စဉ်အချက်ပေးခေါင်းလောင်းသံများကို မြည်နေစေသည်။ Mixed Economy ဟုဆိုသော်လည်း အနောက်ကမ္ဘာများနှင့် ကမ္ဘာ့ရန် ဆိုဗီယက်ကြီးနှင့် အလွမ်းသင့်နေဆဲ တရုတ်သည် အနောက်၏ ယနေ့နံပတ်တစ် ရန်သူဖြစ်ကြောင်းကိုတော့ ယနေ့အခင်းအကျင်းများကို တီးခေါက်သူအများစု သတိမူမိကြပေမည်။ ထိုအခါ ထိုတရုတ်ကြီး၏ အရေးအခင်းမှန်သမျှအား အနီးကပ်မျက်စိဒေါက်ထောက်ကြည့်နေရသည့်အပြင် ပါဝါစင်တာများကို တရုတ်ပတ်ချာလည် တည်ဆောက်ခြင်းအားဖြင့် တရုတ်၏ စစ်ရေးအရ အာရှအတွင်းလွှမ်းမိုးလာနိုင်မှုကို အမေရိကန် ဦးဆောင်သော အနောက်ကမ္ဘာက ပြုလုပ်ခဲ့ကြပါသည်။ ကံအားလျော်စွာ တရုတ်၏ မပျော့ပြောင်းသော နိုင်ငံခြားရေးမူဝါဒနှင့် အနိုင်ကျင့်လိုမှုတို့ကြောင့် အရှေ့အာရှနှင့်် အရှေ့တောင်အာရှ နိုင်ငံများသည် အမေရိကန်ကို လိုလိုလားလားပင် ဖိတ်ခေါ်ခဲ့ကြပေသည်။ ထို့ပြင် တရုတ်အား နိုင်ငံရေးအရ ဖိအားပေးရန် တရုတ်မှ လူ့အခွင်င့်္အရေးလှုပ်ရှားသူများအား ချီးမြှောက်ခြင်း၊ တိဗက်မှ ဒလိုင်လားမားအား အေ၇းတယူ ဆက်ဆံခြင်းတို့ဖြင့် Diplomatic Pressure ပေးခဲ့ပေသည်။ အိန္ဒိယနှင့် အပေးအယူတည့်ခြင်းအားဖြင့် တရုတ်အပေါ် ဖိအား သိသိသာသာ ကျရောက်စေခဲ့လေသည်။ နိုင်ငံတစ်ခုတွင်၊ အထူးသဖြင့် စက်မှုနိုင်ငံများတွင် စွမ်းအင်သည် အသက်သွေးကြောဖြစ်၏။ စွမ်းအင်ဖူလုံရေးအတွက် စစ်ပွဲများပင် ဖြစ်ကြရသည်။ ထို့ထက်ဆိုရလျှင်ယနေ့ကမ္ဘာအခင်းအကျင်းများသည် စွမ်းအင်ဖူလုံရေးနှင့် ဆက်စပ်သော အခင်းအကျင်းများ ဖြစ်နေကြကြောင်းမှာ အထူးငြင်းစရာလိုမည်မထင်ပါ။ ထိုအခါ တရုတ်အား ထိန်းချုပ်ရန် သူ၏ စွမ်းအင်စီးဆင်းရာလမ်းကြောင်းကို ခြေရာခံကြည့်ဖို့လိုလာလေသည်။ ယနေ့တရုတ်ပြည်ကြီးသည် ကမ္ဘာတွင်လောင်စာဆီထုတ်လုပ်သူများအနက် ကြီးကြီးမားမား ထုတ်နိုင်သူဖြစ်သော်လည်း ၁၉၉ဝ ခုနှစ်မှစ၍ သူ၏ လောင်စာဆီ ပြည်တွင်းသို့တင်ပို့နှုန်းမြင့်မားလာခဲ့သည်။ ဤတွင် တရုတ်ပြည်၏ စွမ်းအင်ဖူလုံရေးအတွက် ပစိဖိတ်သမုဒ္ဒရာရေပြင်တွင် သူ၏ လောင်စာဆီတင် သင်္ဘောများလွတ်လပ်စွာ သွားလာခွင့်ရရှိရေးအတွက် ရေတပ်အင်အားတိုးချဲ့လာခဲ့သည်ကို သိသိသာသာတွေ့ရပေမည်။ ထိုသို့ရေတပ်များ တိုးချဲ့ရလာခြင်းသည် အမေရိကန်၏ သြစတေးလျနှင့်ပူးပေါင်းစစ်ရေးလေ့ကျင့်ခြင်းတို့်ကို သိသာစွာဖြစ်လာစေခဲ့ပါသည်။ တရုတ်၏ ရေနံတင်သင်္ဘောများကို စစ်ေ၇းအရ ခြိမ်းခြောက်ခြင်းခံရနိုင်သော ပွိင့်မှာ မလက္ကာရေလက်ကြားဖြစ်သည်။ ထိုအန္တရာယ်ကို ရှောင်ကွင်းရန် တရုတ်သည် ပိုက်လိုင်းစီမံကိန်းလေးခုကို စဉ်းစားရပါတော့သည်။ ထိုအထဲတွင် မြန်မာနိုင်ငံကို ခါးလည်မှ ဖြတ်သန်းသွားသော ကူမင်း-ကျောက်ဖြူ ရေနံပိုက်လိုင်း သည်လည်း အပါအဝင်ဖြစ်သည်။ ထိုစီမံကိန်းလေးခုအတွင်းတွင် မြန်မာသည်ကား တရုတ်နှင့် နိုင်ငံရေးတင်းမာမှု အနည်းဆုံးဟုပင်ဆို၍ ရနိုင်သည်။ ထိုပိုက်လိုင်းသည် ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှ သဘာဝဓါတ်ငွေ့ကုဗမီတာ ၁၂သန်း ကို တင်ပို့သွားမည်ဖြစ်သည်။ ထိုပိုက်လိုင်းသည် ယနေ့ အရေးအခင်းဖြစ်သော ကျောက်ဖြူမြို့အနီးတွင် ရှိလေသည်။ မိမိ အလွန်စိတ်ကူးယဉ်နေခြင်းလော။ ဆက်စပ်ရလျှင် မြန်မာနိုင်ငံသည် တိုင်းရင်းသားအမျိုးစုံနေထိုင်သော ထူးခြားသည့်ဒေသဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်တို့၏ နာမည်ကျော် Divide and Rule ပေါ်လစီအရ ဗုဒ္ဓဘာသာတိုင်းရင်းသားများမှာ အနှိမ်ခံခဲ့ရပြီး ခရစ်ယာန်တိုင်းရင်းသားများမှာ အင်္ဂလိပ်တပ်ရင်းများထဲတွင်နေရာရခဲ့ကြသည်။ လွတ်လပ်ရေးရပြီးသောအခါ ထိုပေါ်လစီအရိပ်မည်းနှင့် ထိုခေတ်နိုင်ငံရေးခေါင်းဆောင်များ၏ မပါးနပ်မှုကြောင့် တိုင်းရင်းသားအရေးသည် မြန်မာပြည်အပေါ်ထားသော နိုင်ငံကြီးများ၏ နိုင်ငံခြားရေးပေါ်လစီတွင် အရေးပါသည့် ဖဲချပ်တစ်ချပ် ဖြစ်လာခဲ့ပါသည်။ ယနေ့ရိုဟင်ဂျာ ဘင်္ဂါလီဟု ခေါ်သောသူများသည် သိသိသာသာ အင်အားကောင်းနေသည်။ ကျောက်ဖြူမြို့အနီးသို့လည်း အလွယ်တကူ ခြိမ်းခြောက်နိုင်စွမ်းရှိနေပါသည်။ ထိုအစုအဖွဲ့ကလည်း တိုင်းရင်းသားဖြစ်သည်ဟု တောင်းနေသည်။ တိုင်းရင်းသားအခွင့်အရေးတည်းဟူသော ဖဲချပ်သည် မြန်မာ့နိုင်ငံရေးတွင် အတော်ပင်အရေးပါနေသည်။ ထိုသို့သောအချက်အလက်များကို တရုတ်ကြီး၏ စွမ်းအင်မွတ်သိပ်ဆာလောင်မှုကို သွေးကြောဖြတ်တောက်ထိန်းကြောင်းနေလိုသော အမေရိကန်နှင့် အနောက်ကမ္ဘာအတွက် ကျောက်ဖြူပိုက်လိုင်းကို အနှောက်အယှက်ပေးရန်အလို့ငှာ ဆက်စပ်ကြည့်သင့်ပေသည်။ ဖဲချပ်တွင် သေရေးရှင်ရေး အရေးပါသော ဖဲချပ်တစ်ချပ်အဖြစ်ကား ရိုဟင်ဂျာကို မမြင်မိချေ။ ခေါ်ဖဲ တစ်ချပ်ဟုသာ မြင်သည်။ ထိုအရေးအခင်းသည် အမေရိကန်နှင့် မြန်မာတို့ ဆက်ဆံရေးပြေလည်သွားလျှင် ပိုမို မှေးမှိလျှက် ပြေလည်သွားနိုင်ဖွယ်ရှိသည်။ သို့သော် အမေရိကန်သည် သူမွေးသောမျောက်ကို သူမနိုင်သည့်အခါများရှိခဲ့ဖူးသည်။ ပင်လယ်ကွေ့စစ်ပွဲနှင့် သူမနိုင်သော ဘင်လာဒင်သည် သူမွေးသည့်မျောက်ပြန်ခြောက်ခြင်းပင်မဟုတ်ပါလော။ ယနေ့ အယ်လ်ခေးဒါးနှင့် ရိုဟင်ဂျာတို့ ဆက်စပ်ကြောင်း အမေရိကန်သံရုံးကေဘယ်လ်များတွင် အခိုင်အမာဆိုထားသည့်ပြင် ဆက်စပ်သတင်းသက်သေခံများကိုလည်း ဖမ်းဆီးသိမ်းမိကြောင်း ဆက်တိုက်ထွက်လာသည်။ ချုပ်ရလျှင် ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းကို မလုပ်ဖြစ်ရန် သို့မဟုတ် မြန်မာအစိုးရအပေါ် Bilateral Policy ဖြင့်အမေရိကန်သွားနေစဉ် အမေရိကန်က မြန်မာ့တိုင်းရင်းသားအခွင့်အရေး၏ Vitality (သေရေး၇ှင်ရေးအရေးပါမှု) အပေါ် အမြတ်ထုတ်ကာ တရုတ်ကို နားရင်းအုပ်ရန် ရိုဟင်ဂျာကို ပစ်ဖဲခေါ်လိုက်ခြင်း ဖြစ်နိုင်သည်။ သူတို့အတွက် အစားခံရသော်လည်း အရေးမကြီးသည့် နယ်ရုပ်မှာ ရိုဟင်ဂျာ ဖြစ်သောလည်း ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ အနောက်ဖက်လုံခြုံရေးတံတိုင်းမှာ ဘူးသီးတောင်၊မောင်တော ဒေသဖြစ်နေသည်။ ထို့ကြောင့် မြန်မာအနေဖြင့် ထိုကိစ္စကို ဒေသတွင်းဖြစ်စဉ်သက်သက်သာမက၊ နောက်ပိုင်း နိုင်ငံရေးလုပ်ကြံမှု ဖြစ်စဉ်များအထိပါ ထည့်သွင်းတွက်ချက်စေလိုသည်။ ရိုဟင်ဂျာသည် အမေရိကန်နှင့်အင်္ဂလန်မွေးသော မျောက်ဖြစ်လာပါစေဦး..သူတို့အတွက် အနေသာကြီးပင်ဖြစ်သည်။ ထိုအချက်ကို လေးလေးနက်နက် ဆင်ခြင်စေလိုသည်။ သူတို့အတွက် ဘာမျှမဟုတ်သည်ထားဦး..ဒေသတွင်းရခိုင်များအတွက် သေရေးရှင်ရေးပင်ဖြစ်လေသည်။ ဤအချက်များကို ဒေါ်အောင်ဆန်းစုကြည်လည်းတွေးမိကောင်းတွေးမိပေမည်။ မိမိနိုင်ငံသားများ၏ အကျိုးစီးပွားသည်သာ ပဓာနဟုတွေးလျှင် ဤရိုဟင်ဂျာကိစ္စသည် အစိုးရနှင့် အဓိကအတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်၇န်များများစားစားမရှိလှပါ။ ခပ်ရှင်းရှင်း ကိုင်တွယ်ဖြေရှင်းပေးလိုက်ရုံသာရှိပါသည်။ ကိုးကား http://www.chinapost.com.tw/china/national-news/2011/09/07/315879/Chinese-pipeline.htm http://pennyforyourthoughts2.blogspot.co.uk/2010/05/china-expands-navy-to-protect-oil.html http://www.bakerinstitute.org/publications/chinas-growing-energy-dependence-the-costs-and-policy-implications-of-supply-alternatives http://www.ucm.es/info/eid/pb/BusteloWPoil05eng.pdf http://www.facebook.com/notes/myo-set/%E1%80%9B%E1%80%AF%E1%80%AD%E1%80%9F%E1%80%84%E1%80%B9%E1%80%82%E1%80%BA%E1%80%AC-%E1%80%A1%E1%80%B1%E1%80%94%E1%80%AC%E1%80%80%E1%80%B9%E1%80%80%E1%80%99%E1%80%AC%E1%81%BB%E1%80%95%E1%80%85%E1%80%B9%E1%80%96%E1%80%B2%E1%80%94%E1%80%BD%E1%80%84%E1%80%B9%E1%82%94-%E1%81%BF%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-sensitive-area-%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E 1%80%B9%E1%80%B1%E1%80%90%E1%80%AC/265767973530715

Tuesday, November 16, 2010

BRAIN DAMAGING HABITS & FOOD TO AVOID

BRAIN DAMAGING HABITS





1. No Breakfast
People who do not take breakfast are going to have a lower blood sugar level. This leads to an insufficient supply of nutrients to the brain causing brain degeneration.

2 . Overeating=2 0
It causes hardening of the brain arteries, leading to a decrease in mental power.

3. Smoking
It causes multiple brain shrinkage and may lead to Alzheimer disease.

4. High Sugar consumption
Too much sugar will interrupt the absorption of proteins and nutrients causing malnutrition and may interfere with brain development.

5. Air Pollution
The brain is the largest oxygen consumer in our 20 body. Inhaling polluted air decreases the supply of oxygen to the brain, bringing about a decrease in brain efficiency.

6 . Sleep Deprivation
Sleep allows our brain to rest.. Long term deprivation from sleep will accelerate the death of brain cells..

7. Head covered while sleeping
Sleeping with the head covered increases the concentration of carbon dioxide and decrease concentration of oxygen that may lead to brain damaging effects.

8. Working your brain during illness
Working hard or studying with sickness may lead to a decrease in effectiveness of the brain as well as damage the brain.

9. Lacking in stimulating thoughts
Thinking is the best way to train our brain, lacking in brain stimulation thoughts may cause brain shrinkage.

10. Talking Rarely
Intellectual conversations will promote the efficiency of the brain

The main causes of liver damage are:



1. Sleeping too late and! waking up too late are main cause.

2. Not urinating in the morning.

3 . Too much eating.

4. Skipping breakfast.

5. Consuming too much medication.

6. Consuming too much preservatives, additives, food coloring, and artificial sweetener.

7. Consuming unhealthy cooking oil.
As much as possible reduce cooking oil use when frying, which includes even the best cooking oils like olive oil. Do not consume fried foods when you are tired, except if the body is20very fit.

8. Consuming raw (overly done) foods also add to the burden of liver.
Veggies should be eaten raw or cooked 3-5 parts. Fried veggies should be finished in one sitting, do not store.

We should prevent this without necessarily spending more. We just have to adopt a good daily lif! estyle and eating habits. Maintaining good eating habits and time condition are very important for our bodies to absorb and get rid of unnecessary chemicals according to 'schedule.'

The top five cancer-causing foods are:


1.. Hot Dogs



Because they are high in nitrates, the Cancer Prevention Coalition advises that children eat no more than 12 hot dogs a month. If you can't live without hot dogs, buy those made without sodium nitrate.

2.. Processed meats and Bacon



Also high in the same sodium nitrates found in hot dogs, bacon, and other processed meats raise the risk of heart disease. The saturated fat in bacon also contributes to cancer.

3. Doughnuts



Doughnuts are cancer-causing double trouble.. First, they are made with white flour, sugar, and hydrogenated oils, then fried at high temperatures. Doughnuts, says Adams , may be the worst f! ood you can possibly eat to raise your risk of cancer.

4. French fries



Like doughnuts, French fries are made with hydrogenated oils and then fried at high temperatures. They also contain cancer- causing acryl amides which occur during the frying process. They should be called cancer fries, not French fries, said Adams .

5. Chips, crackers, and cookies



All are usually made with white flour and sugar. Even the ones whose labels claim to be free of trans-fats generally contain small amounts of trans-fats.




Type your summary here.Type the rest of your post here.

Wednesday, October 6, 2010

Waihnin Pwint Thon

Waihnin Pwint Thon Speaks for Burma

ဝေနှင်း ပွင့်သန်
နာမည်က ကဗျာဆန်တယ်။
အေးမြမှုထုထည်က ကြီးမားတယ် ။
တိုးတက်မှုဟာ ဆက်လက်ရှင်သန်နေတယ် ။
ရုပ်ရည်ဟန်ပန်က တည်ကြည်မှုပေါ် အခြေပြု
ယုံကြည်မှု အပြည့်အဝနဲ့ မိန်းမပျိုလေး အသွင်။
သာမာန်ချိန်မှာ သိုးမလေး အသွင်နဲ့ 
လိုအပ်ချိန်မှာ ခြသေ့်မလေး ဝိဥာဏ်နဲ့ ။
အသံကို နားထောင်ကြည့်တော့
အေးမြပြီး စူးရှထက်မြက်နေတယ် ။
မိမိရဲ့ ခံစားချက်တွေကို
နားထောင်သူတွေ အားလုံး ရင်ထဲရောက်အောင်
ရသမျိုးစုံနဲ့  ရှင်းလင်း ပြောပြတတ်တယ် ။

ပြောပြနေတာတွေကတော့
သူ့ အတွက် မဟုတ်ပါဘူး
သူနေခဲ့တဲ့  တိုင်းပြည်က လူတွေအကြောင်း
လူသားတဦးရဲ့  ရပိုင်ခွင့်တွေ
အများအကျိုးအတွက် ဆောင်ရွတ်ရင်း
သူ့ ကိုမွေးဖွားခဲ့တဲ့
ထောင်ကို အိမ်လုပ်နေရတဲ့ ဖခင်အကြောင်း။

အသက်အရွယ်က ၂၁ နှစ်
ဖွံ့ ဖြိုးနေတဲ့ တိုင်းပြည်က လူငယ်တွေ
မိမိဘဝအတွက်
အပျော်ဆုံးအချိန်
ပညာတွေရှာတဲ့ ကာလမှာ။

ဒီကလေးမ ပုခုံးပေါ်မှာ
ကြီးမားတဲ့ အရှုပ်ထုတ်ကြီးကို
ရှာပြီးထမ်းပိုးထားတယ် ။

လူ့ အခွင့်အရေးတွေ ပျောက်နေတဲ့မြန်မာပြည်
အရာရာကို သေနပ်ပြပြီး အမိန့် ပေးတဲ့ တိုင်းပြည်
အများအကျိုးဆောင်ရွတ်သူတွေ ထောင်ထဲမှာဘဲနေခွင့်ရှိတဲ့ တိုင်းပြည်
မနာလိုမှုတွေကြီးထွားပြီး အလုပ်မရှိ အတင်းတုတ်တဲ့ တိုင်းပြည်

သူ့ ကို ဘယ်သူဝိုင်းကူကြမှာလည်း။
ဘယ်လို နည်းတွေနဲ့ ကူညီဲကမှာလဲ။

Monday, October 4, 2010

BSDO လူ့ အခွင့် အရေးပြခန်း နှင့်  CCIJ ပွဲတော်

ကနေဒါနိုင်ငံ၊တိုရန်တိုမြို့တွင်...

October 2 ,2010 ညနေ၆နာရီကစပြီး CCIJ (Canadian Centre for International Justice)မှကျင်းပတဲ့ပြပွဲမှာ မြန်မာကျောင်းသားများဒီမိုကရက်တစ်အဖွဲ့(တိုရန်းတို)မှမြန်မာကိုယ်စားပြုဝင်ရောက်ပြသခွင့်ရခဲ့ပါတယ်၊
သံဃာ့ဥသျှောင်ဆရာတော်ဦးကောဝိဒလည်းကြွရောက်ချီးမြှင့်တော်မူပါတယ်။အားကစားကွင်းအတွင်းဓါတ်ပုံနှင့်နိုင်ငံတကာ
မှတရားမမျှတမှုများကိုဖေါ်ညွန်းအထောက်အထားများကိုကွင်းလုံးပြည့်ပြသရာမြန်မာနှင့်သက်ဆိုင်သောအထောက်အထား
များလည်းပါဝင်ခဲ့ပါတယ်။ထို့အပြင်ခန်းမထဲတွင်ပြသရန်နေရာရရှိသေး၍သီးသန့်ရှင်းလင်းတင်ပြခွင့်လည်းရရှိခဲ့ပါသည်။
လက်ကမ်းစာစောင်များ ၊ ကဗျာများ ၊ ပန်းချီကားများ လူအခွင့် အရေး ချိုးဖေါက်မှူ့ မှတ်တမ်း ဓါတ်ပုံ များ ၊ လက်မှတ်ကောက် ခံ လှုံ့ ဆော် မှူ့ များ ကို လည်း လုပ်ဆောင်နိုင်ခဲ့ ကြပါသည် ၊

Invitation CCIJ

Bsdo Flyer

Flyer 2 Oct CCIJ

Letters to the Permanent Representatives to the United Nations

Letterto UNSG October 2010 (2)

ပြခန်းမှ ဓါတ်ပုံ များ ကွင်းပြင်ထဲ မှ ဓါတ်ပုံ များ အပြည့် အစုံ ကို

http://www.yeyintnge.com/2010/10/c-c-i-j.html

ဒီမှာ ကြည့် ရှူ့ နိုင်ပါသေးသည်

www.bsdo.ca

Thursday, July 15, 2010

United Democratic Youth League



မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် အနီးစပ်ဆုံး အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကို ၀န်းရံကြပြီး ကျရာအခန်းက ကျွမ်းကျင်ရာ တာဝန်ကို ပါဝင်ထမ်းဆောင်ပြီး တိုက်ပွဲဝင်ကြပါ ။





ဆရာကြီး အား အလေး အနက် ဦးညွတ် ဂုဏ်ပြုရင်း မိသားစုနှင့် အတူ ထပ်တူထပ်မျှ ၀မ်းနည်း
ပါကြောင်း ပြည်ပရောက် U.D.Y.L ပါတီအနေနှင့်  အလေးအနက် မှတ်တမ်းတင်အပ်ပါသည်။


U.D.Y.L
United Democratic Youth League
ဒီမိုကရက်တစ် လူငယ် ညီညွတ်ရေး အဖွဲ့ ချုပ်
(Outside Burma Branch )

ငါ ၏ တောက်ခေါက်သံများ" ဌေးတင့် (နယ်သာလန်) jul21 ,2010
အနှစ် ၇၀ ဆယ်ကျော် ကာလ တလျှောက်လုံး သေနတ်သံ နာကျည်းသံ ပြေးလွှားသံတွေက
နားစည်အိမ်ကို ရိုက်ခတ်ပြီး ရင်ထဲကို နက်နက်ရှိုင်းရှိုင်း နေရာယူလိုက်တယ် ။
အဆုတ်က သန့် ပြီး ဦးနှောက်ကို ပို့ လိုက်တဲ့ သွေးတွေထဲမှာ ပြင်းထန်နေတဲ့ ခံစားမှုတွေပါသွားတယ် ။
ဆက်တိုက် လှုပ်ရှားမှုတွေရဲ့ ဦးဆောင်သူ အားမာန်အသံ။
နိုင်ငံတကာရဲ့ ဝိုင်းဝန်း ကူညီဟန်တွေက စာမျက်နှာတွေကတဆင့်
မျက်လွှာကြည်ကို ဖေါက်ပြီး ဦးခေါင်းအနောက်နေရာမှာ မှတ်တမ်းတင်လိုက်တယ် ။
ဘုရားသခင်ထည့်ပေးလိုက်တဲ့  ဝိဥာဏ်လှုံ့ ဆော်မှုတွေနဲ့ အတူ
ရင်ထဲက ခံစားချက်တွေကို သိစိတ် နဲ့ မသိစိတ်က အဖြေတခုပေးလိုက်တယ် ။
အသက်ကို ဝအောင်ရှု-အံကိုတင်းတင်းကြိတ်-လက်သီးကို နာနာဆုတ်ထား။ မ
နက်ဖြန်တွေ အများကြီးထဲမှာ အာဏာရှင် ဆိုတာ မပါစေရ ။
တိုက်ပွဲ ဝင်ကြ ...တဲ့။

တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။
လုပ်နိုင်တာတွေထဲက အများဆုံးပဲလေ ။ဒီထက် ဘာများလုပ်နိုင်မှာလဲ ။
ကျွန်တော်တို့ မှာ ရှိနေတာကဖေါင်တိန်တွေ စာရွက်တွေ..ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။

နယ်ချဲ့ တိုက်ပွဲကို မြေအောက်က ကူညီခဲ့တယ် ။
ဂျပန်တော်လှန်ရေးအတွက် နယ်လှည့်ကပြပြီး ဆက်သားလုပ်ခဲ့တယ် ။
လွတ်လပ်ရေး အရယူရေးအတွက် ပြည်သူတွေကို အနုပညာနဲ့ လှုံ့ ဆော်ပေးခဲ့တယ် ။
အခြေအနေယိုင်နေတဲ့ အင်္ဂလိပ်တပ်ထဲက
အခြေအနေမဲ့  စစ်ကျွန်တွေနဲ့  ပေါင်းပြီး သေနတ်တွေ ခိုးဝယ်တဲ့ ..
အနံကြီး ကွင်းကျယ် ..ပညာတဝက် မောင်စောက ခိုးသေနတ်တွေနဲ
့ဗိုလ်ချုပ် အပါအဝင် တိုင်းပြည်ခေါင်းဆောင်တွေကို လုပ်ကြံလိုက်ကြပြီ ။
ဒုတိယအကြိမ် တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။
ဒီထက်ဘာများလုပ်နိုင်မှာလဲ ။
ကျွန်တော်တို့ မှာ ရှိနေတာကဖေါင်တိန်တွေ စာရွက်တွေ..ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။

လွတ်လပ်ရေးရပြီး အချိန်ကစပြီး မြန်မာ့ ယဉ်ကျေးမှုအနူပညာတွေကို လွတ်လပ်စွာ ဖေါ်ထုတ်ခဲ့တယ် ။
ကွဲပြားနေတဲ့ ပါတီတွေ အကြားမှာ ဒေါသထွက်နေတဲ့ လူထုတွေ အကြားမှာ
အနူပညာ စာပေနဲ့  ဒေါသမီးတွေကို ငြိမ်းရန်ကြိုးစားခဲ့တယ် ။
ပူးပေါင်းဆောင်ရွက်ရေး ၊ညီညွတ်ရေး တရားတွေကို သီချင်းစာသားရေးခဲ့တယ်။
ဦးနု က အရူးကို ဘုံမြှောက်လိုက်တယ်။ ရိုးရိုး သာမာန် အရူးမဟုတ်ဘူး။
စာတိုက်စာရေး ။
ပိုက်ဆံကို ဖြတ်လမ်းက ရှာတဲ့ မြင်းလောင်း သမား။
များများလိုချင်ရင် သေနတ်ကိုင်ရမယ်ဆိုပြီး
စစ်ထဲဝင်သွားတဲ့ နှာခေါင်းတို နေဝင်း။

၁၉၆၂ မတ်လမှာ အာဏာသိမ်းလိုက်ပြီ ..တဲ့။
လက်ရှိ ဒီမိုကရေစီ တိုင်းပြည်ခေါင်းဆောင်တွေ..လူမျိုးစုခေါင်းဆောင်တွေ အားလုံး ထောင်ထဲရောက်ကုန်ပြီ။
တတိုင်းပြည်လုံးက နိုင်ငံရေး ခေါင်းဆောင်ငယ်တွေပါ မလွတ်ဘူး။
နိုင်ငံရေးအရ ဦးဆောင်သူ ကင်းမဲ့သွားတဲ့ မြန်မာပြည် ။
တောက်ခေါက်သံနဲ့ အတူ သစ္စာစကား ရင်ထဲမှာ ဖြစ်ပေါ်လာခဲ့တယ် ။
အနာဂါတ်တိုင်းပြည်အတွက် ဒီမိုကရက်တစ် လူငယ်တွေ မွေးထုတ်ရတော့မယ် ။
(http://htaytintnl.blogspot.com/2010/07/leadership-development-academy.html)

ပြည်သူ့ ကြက်ရင်ဘတ်က နို့ ကို စစ်မြွေက မြင်သလို..စစ်မြွေခြေထောက်ကိုလည်း ပြည်သူ့  ကြက်က မြင်နိုင်တယ်လေ ။ မြွေမြွေခြင်း ခြေမြင်တယ်ဆိုတဲ့ စကားမသုံးချင်ပါဘူး။အတွေးအခေါ် တဖက်တည်း ဖြစ်နေလို့ ပါ ။
စစ်တပ်ထဲက သူဌေးရူးတွေ အားနည်းချက်ကို လိုက်လံ စနည်းနာပြီး လူငယ်တွေကို သင်ပေးခဲ့တယ် ။
တတိယအကြိမ် တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။
ဒီထက်ဘာများလုပ်နိုင်မှာလဲ ။
ကျွန်တော်တို့ မှာ ရှိနေတာက ဖေါင်တိန်တွေ စာရွက်တွေ ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။

၁၉၇၄ ပြည်လုံးကျွတ် ဆန္ဒခံပြီး မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် စနစ်နဲ့ တိုင်းပြည်ကို တိုးတက်အောင်လုပ်မယ်..တဲ့။
ညာချတဲ့ ခေါင်းပေါင်း အတုကြီးတွေနဲ့ သတင်းစာထဲမှာ ယုတ်ပုံ ကြီးတွေမှ အကြီးကြီး...
အသုဘ အခမ်းအနားလို ပါလာတယ် ။
မဆလ အစည်းအဝေးတွေမှာ သေးကြိုပြီး ပေါက်လာပါ..တဲ့ ။

ရေကြည်အိုင်မှာ ချီးအိုး ရှိတယ်။ အင်းစိန် အပါအဝင် ထောင်တွေမှာ ချီးအိုး သေးအိုးရှိတယ်။
ဆူးလေမှာ ညစ်ပတ်နေတဲ့ အများမသုံးချင်အောင် ညစ်ပတ်နေတဲ့ အိမ်သာရှိနေတယ် ။
မဆလ အစည်းအဝေးခန်းမ တွေမှာ အိမ်သာ မရှိပါဘူး။ လက်နက် ဝှက်မှာ စိုးလို့ ..တဲ့ ။
စတုတ္ထအကြိမ် တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။

ဒီလိုနဲ့ အချိန်မင်းကြီးက သူ့ တာဝန်အတိုင်း သွားနေခဲ့တယ် ။
ဒီထက်ဘာများလုပ်နိုင်မှာလဲ ။
ကျွန်တော်တို့ မှာ ရှိနေတာက ဖေါင်တိန်တွေ စာရွက်တွေ ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။

အာရှ စပါးကျည် ..ဆီကို ရေချိုး....စပါးတောင်လိုပုံ နေတဲ့ တိုင်းပြည်..... အဆင်းရဲဆုံး မွဲပြီ.....တဲ့။
လည်ပတ်နေတဲ့ ငွေသားတွေ စက္ကူစုတ် ဖြစ်သွားပြီ...တဲ့။
ရက်ပေါင်းများစွာ စဉ်းစားပြီး ရေးထားတဲ့ စာမူခတွေ မဆီမဆိုင် စာရေးလို့ မရတဲ့ စက္ကူစုတ် ဖြစ်ပြီ..တဲ့ ။
ကြေလွယ်လို့ အီအီးတောင် ကုန်းမရတော့ဘူး။
မျက်လှည့်ဆရာ နေဝင်းနဲ့  မဆလ အဖွဲ့ သားများပြကွက်လေ ။



ကြဲထားတဲ့ နိုင်ငံရေး မျိုးစေ့လေးတွေ နေရာအနှံ့ အပင်ပေါက်လာကြပြီ။
ဒီမိုကရေစီ မမြင်ဖူးတဲ့ လူငယ်တွေ... မကျင့်သုံးဖူးသေးတဲ့ လူငယ်တွေ.... အခြေခံက ညီညွတ်ရေး ဆိုတာနဲ့ စလုပ်တော့မယ် ။
ရင်ထဲက နာမည်တခု ပေးလိုက်တယ် ။
ဒီမိုကရက်တစ်လူငယ် ညီညွတ်ရေး အဖွဲ့ ချုပ်။



ပဉ္စမအကြိမ် တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။
ဒီထက်ဘာများလုပ်နိုင်မှာလဲ ။ကျွန်တော်တို့ မှာ ရှိနေတာက ဖေါင်တိန်တွေ စာရွက်တွေ ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။

ဆူးလေက စပြီး ရန်ကုန်တမြို့ လုံး..... ရန်ကုန်က စပြီး တတိုင်းတပြည်လုံးကို စစ်မြေပြင် သတ်မှတ်ပြီး၊
မြင်းသမား နေဝင်းတပ်တွေ...... ၁၉၈၈ စက်တင်ဘာလ မှာ
ဒုတိယမ္ပိ ဂန်းစာမိ.. တတိယမ္ပိ ကျည်ဆံကြည့်......
အာဏာသိမ်း လူသတ်ပွဲ ကျင်းပလိုက်တယ် ။
တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။

ပါတီပေါင်းစုံ ရွေးကောက်ပွဲ လုပ်ပေးမယ်...တဲ။့
ပြည်သူ့ ကြက်ရင်ဘတ်က နို့ ကို .....စစ်မြွေကမြင်သလို၊ စစ်မြွေခြေထောက်ကိုလည်း ပြည်သူ့  ကြက်က မြင်နိုင်တယ်လေ ။

ဒီတခါ တရားဝင် မှတ်ပုံတင်ပြီး၊ မြေပေါ်က တိုက်ရမယ့် အလှည့်ရောက်ပြီ။ မှတ်ပုံတင်လိုက်တယ် ။
အဓိက ဦးဆောင်ပါတီကြီးက ဗိုလ်ချုပ်သမီး ပါတီလေ ။
ဘေးက ဝိုင်းရံပေးရမှာက ပါတီငယ်လေးတွေ ။
အတွေ့ အကြုံနည်းပြီး ထောက်လှမ်းရေး မက်လုံးတွေကြောင့်..
ပါတီဝင်တွေ လမ်းတဝက်မှာ လုပ်ကြံမှု ၊ငွေကြေးချမ်းသာမှု ၊ရေနစ်ပြီး ကျဆုံးကုန်ပြီ ။
တတိုင်းပြည်လုံး ပါတီတခုလုံး ဆွေမျိုးတစုလုံး မိသားစုအားလုံး မပါတော့ဘူး။
တကိုယ်ရည် တယောက်တည်း ချမ်းသာရေးဆိုတဲ့ မြင်းလောင်းသမား နေဝင်းမူ ကိုင်ကြပြီ။
နောက်ဆုံးအကြိမ် ၂၀၁၀ မှာ တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။

ပြည်သူ့ ပါတီတွေထဲက နောက်ပိုင်း တက်လာတဲ့ လူထု ခေါင်းဆောင်အားလုံး၊
စစ်တိုင်းတပ်မ အမိန့် မလိုက်နာသူ အားလုံး၊ တရားမဝင်တဲ့..မရှိတဲ့ ဥပဒေ အမှုတွေနဲ့  ထောင်ထဲပို့ လိုက်ကြပြီ ။
တဘက်သတ် စစ်တပ်က တစညနဲ့ ကြံ့ ဖွံ့  ကို ရွေးပေးရမယ်..တဲ့။
အဲဒါ စစ်တပ်က လိုချင်တဲ့  ဒီမိုကရေစီ အဆင့်ဆင့် ပြောင်းလဲရေးမူ..တဲ့ ။

တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။
ဒီထက်ဘာများလုပ်နိုင်မှာလဲ ။ ကျွန်တော်တို့ မှာ ရှိနေတာက ဖေါင်တိန်တွေ စာရွက်တွေ ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။

ခင်ဗျားက လူငယ်ဆိုတော့ ပိုတတ်နိုင်တယ် ထင်တယ် ။ ဒီထက်ဘာများ ပိုပြီး လုပ်ချင် လုပ်နိုင်ပါလဲ ။ လုပ်ကြစမ်းပါလေ ။

ဌေးတင့် (နယ်သာလန် )
(၁၄.၇.၂၀၁၀ ရက်နေ့ (ဗုဒ္ဒဟူးနေ့ ) ညနေ (၅း၀၀)နာရီမှာ.. ဒီမို ရဲဖော်ရဲဖက်၊ ဇာဂနာရဲ့ ဖခင်ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇ နှစ်)ကိုဂုဏ်ပြုပြီး အနုပညာ ဝိဥာဏ်ဖြင့် ရေးသားပါသည် ။)




မြန်မာပြည်က စစ်အာဏာရှင်ကို ဆက်တိုက်ပွဲဝင်ဖို့ 
ကွန်ပြူတာ အခြေခံတတ်ဖို့ လိုတယ် ။
ကနေဒါမှာ ပြေလည်တဲ့ ဘဝရပ်တည်မှု တခုလိုတယ် ။
သင့်တင့်တဲ့ အလုပ်ကို ရှာဖွေနိုင်ဖို့ 
အင်္ဂလိပ်စာ အခြေခံ တတ်ဖို့ လိုတယ် ။
အမွေရတဲ့ ပစ္စည်းနဲ့  သွားကတော့
အသက်ရှင်ဖို့ နဲ့ မျိုးဆက်ပြန့် ပွားလို့ ဘဲရတယ် ။

http://www.directjobs.ca/search/
http://www.find-a-job-canada.com/
http://www.find-a-job-canada.com/employee.html
http://www.workopolis.com/EN/Common/HomePage.aspx
http://www.bestjobsca.com/

Friday, May 28, 2010

ကိုသန်းနိုင်နဲ့ ကျွန်တော်တို့ ၆ယောက်( အတွဲ ၃)

တတိယပိုင်း
ရင်ခုံသံဟာ ကျောက်မီးသွေး ရထားခေါင်းတွဲကဲ့သို့ ခန္တာကိုယ်ကို မောင်းစေခဲ့ပါတယ် ။
သောင်ရင်းမြစ်ကမ်းပါး ၁၀မီတာကျော် ကို သူငယ်ချင်း ကျောင်းသားများအတွက်
နှလုံးသားလေးထဲက ပူပင်နေသော စိတ်တွေက တွန်းပို့ ပေးလိုက်ပါသည် ။
ဘယ်လို ရောက်သွားမှန်းမသိဘူး ။
ခပ်ဝေးဝေးတုံးက မြူနှင်းတွေလို့  မြင်နေရခဲ့တဲ့ လေငွေ့ ထုကြီးဟာ
အနီးရောက်မှ မြင်ရတာက ဖုန်မှုံ့  တပ်ပေါင်းစုကြီးဖြစ်နေပါတယ် ။
မြေပြင်က ပျံတက်လာတဲ့ ပြည်သူ့ သစ္စာ သွေးမှုံတွေရယ်
နအဖက တညလုံး ပစ်လိုက်ခဲ့တဲ့ ၁၂၀ မမ ကျည်ငွေ့ တွေရယ်
တရားတဲ့ ခံစစ်ပွဲကို ဆင်နွဲနေတဲ့ မြေပြင်က မြေမှုံတွေရယ်
သောင်ရင်းမြစ်က အပြစ်မဲ့တဲ့ ရေမှုံတွေရယ် ဟာ
နံနက်ခင်း မိန်းမပျိုရဲ့ အလှသစ္စာ တရားကို ငြိမ်သက်စွာ ပကတိဖေါ်ကျူးနေပြတယ် ။

ရေစပ်ကို စစ်ဖိနပ်စီးထားတဲ့ ခြေထောက်ကို လှမ်းတော့မယ် ဆိုလိုက်တာနဲ့ 
အားလုံးရဲ့ ခေါင်းတွေဟာ တဦးကို တဦး ကြည့်လိုက်ကြပြီး
မေးခွန်းပေါင်းများစွာကို အသံတိတ်မေးလိုက်ကြတယ် ။
နောက်ဆုံးနှတ်ဆက် တဲ့အနေနဲ့  စစ်ဦးထုတ်ရှေ့ ကအပြားလေး တွေ ညိမ့်ပြကြတယ် ။
အေးမြနေတဲ့ ရေထဲကို ဆင်းလိုက်ခြင်းဟာ မြန်မာပြည်ထဲကို စတင်ဝင်ရောက်တဲ့ သက်ေတပါ ။
တနည်းအားဖြင့် နအဖ စစ်အာဏာရူးတွေ သိမ်းပိုက်လိုက်တဲ့ နယ်မြေ ။
ကျွန်တော်တို့ အတွက်ကတော့ ရန်သူ့ က အားလုံးအသက်ကို ချွေတော့မဲ့
သတ်ကွင်းတခုအဖြစ် တညအတွင်း ပြောင်းသွားခဲ့ပါသည် ။
မနေ့ ညကအထိတော့ လွတ်မြောက်ရာနယ်မြေ ။
အခုမနက်မှာတော့ ရန်သူ့ နယ်မြေပါ ။
ခဲတပစ်စာအဝေး ကျဉ်းနေတဲ့ သိမ်လှီနေတဲ့ မြစ်နေရာက စကူးပါပြီ ။
ဆောင်းတွင်းဆိုတော့ ရေကအေးမြပြီး တိမ်နေပါသည်
ဒူးဆစ် အထိ အေးပြီး ကျင်တက်သွားပါသည် ။
တခါတရံ ကျွန်တော်တို့ က ငယ်ပါချောင်းလို့ စနောက်ခေါ်ကြပါသည် ။
ခါးအောက်အထိ ရေအောက်ရောက်ရင်
အေးလွန်းလို့  ငယ်ပါလေးကကျုံ့ ပြီး အထဲကို ပြေးဝင်လို့ အတွဲလေးကို ကြိုးချည်ပြီးမှ ဆင်းရပါတယ်။
ရှမ်းပြည် ဆောင်းတွင်းမှာ ရေဆင်းချိုးသူတွေ နားလည်ပါတယ်။
မိုးတွင်းတုံးက တဝေါဝေါနဲ့  သစ်လုံးတွေ ဆင်တွေကို ဆွဲချဘူးတာ
သူနဲ့ မဆိုင်တော့တဲ့ နာဂစ်သင်တန်းက
အပျိုမလေးတွေလိုဘဲ ငြိမ်သက်စွာ အသံတိတ်နေတယ် ။
ရင်ထဲကအပူတွေဟာ အေးမြတဲ့ရေ မွန်းကြပ်နေတဲ့ ယမ်းငွေ့ တွေကြောင် တောင့်တောင့်ကြီးဖြစ်စေခဲ့တယ်။

ရေထဲကို စနစ်တကျ တဦးကိုတဦး ကာပစ် အနေအထားနဲ့  ဖြတ်ကူးကြပါတယ် ။
မြစ်ကိုကျော်ပြီး ကမ်းပါးကိုရောက်ပါပြီ ။
တဦးခြင်း သတိကြီးစွာနဲ့ သဲမြေကတဆင့် ကမ်းပါးပေါ်ကို တဆင့်တက် လိုက်ပါတယ် ။
မြေပြင်တခုလုံးဟာ ယမ်းငွေ့ တွေကြားမှာ ထိတ်လန့်  တုံလှုပ်ဖွယ်ကောင်းအောင် ငြိမ်သက်နေပါတယ် ။

ညင်သာတဲ့ လှုပ်ရှားသံလေး နားထဲကို ရိပ်ကနဲ ဝင်လာပါတယ် ။
အသံကြားရာကို သေနပ်ပြောင်းနဲ့ ထိုးချိန်လိုက်ပါတယ် ။
ဆေးတပိုင်းသုတ်ထားတဲ့ လှေဖက်ကပါ ။

လေးငါးလှမ်း လျှေက်ပြီး လှေအောက်ကို ငုံ့ ကြည်လိုက်တော့ ကရင်တပ်က ရဲဘော် လူငယ် ။
ဘာလုပ်နေတာလဲ မေးလိုက်တော့ မနက်ထမင်းချက် တာဝန်ကျလို့  ရေဆင်းခတ်တာ
လက်နက်ကြီးတွေ မိုးရွာသလိုကျတာနဲ့ ဝင်ပုံးနေရင်း အိပ်ပျော်သွားတာပါတဲ့ ။
လူကြီး(ဖထီး)ကို ပြန်မပြောနဲ့ နော်တဲ့ ။
ပြည်သူပြည်သားတွေရဲ့ ကောက်ပဲသီးနှံတွေနဲ့ 
တရုပ်ပြည်က အပေါစား ဒုံးကျည် အမြောက်တွေကို လဲလှည်ပြီး မိုးမွန်အောင် ပစ်ခတ်လို့ အားလုံးဆုတ်သွားလို့ 
သူ့ လူကြီး(ဖထီး)လဲမရှိတော့ဘူးလို့ ရှင်းပြလိုက်ပါတယ်
ကရင်ရဲဘော်လေးက ချက်ခြင်းဘဲ အမိုးနဲ့ အပါးကို သတ်ထားတဲ့ မြန်မာစစ်တပ်ကို
ဒီနေရာက မသတ်ရရင် တခြားနေရာက သွားသတ်မယ်ဟု ပြောပြီး မြစ်ကမ်းစပ်ကို ပြေးဆင်းသွားပါတယ် ။

( ၁၂၀ မမ ကျည်ဆံထိပ်ဖူးတလုံးသည် ၄၀၀၀ဘတ် (၁၅၀ ဒေါ်လာ)မှ ၆၀၀၀ ဘတ် (၂၀၀ ဒေါ်လာ)အထိရှိပါသည် ။
နအဖစစ်တပ်က တမိနစ်လျှင် အလုံး ၃၀ ပစ်ပါသည် ။
တမိနစ်လျှင် ဒေါ်လာ ၆၀၀၀ ကို လေထဲမှာ ခွဲလိုက်တာပါ ။
တနာရီ ဆိုလျှင် ၃၆၀၀၀ ဒေါ်လာ ပြည်သူ့ ငွေနဲ့ လုပ်အားကို ဖြုန်းတီးနေတာပါ၊
သေနပ်ပြောင်းဝက အာဏာနဲ့ ပြည်သူ့ လုပ်အားတွေနဲ့ ပြည်သူ့ အာဏာတွေ သိမ်းတဲ့ ပွဲ)

ကမ်းနဖူးပေါ်က နောက်ကာ ကတုတ်ကျင်းတွေ ဆက်သွယ်ရေးမြောင်းတွေ ကို အရေးပေါ် ဇော်ဂျီတွေလို
သေနပ်ကိုကိုင်ပြီး အပြေးတက်ကြပါတယ် ။
မတိုင်ပင်ထားတဲ့ ပြေးနေတဲ့ ပစ်မှတ်နေရာက ကျောင်းသားတပ်မတော် ရုံးတည်ရာ ကတုတ်ကျင်းဆီသို့  ။

တာဝန်ကျ ကျောင်းသား ၂ဦးက အနီးအနားမှာ ဗုံးမှန်လို့ သေနေတဲ့ ကြက်သေတွေကို
တယောက်က အမွေးနှတ်ပြီး တယောက်က ထမင်းချက်နေပါသည် ။
ကိုသန်းနိုင်က ဟေ့ကောင်တွေ နင့်မေကလွား ညကဘယ်မှာအိပ်နေတာလဲ ဟု မောမောပန်းပန်းနဲ့ မေးလိုက်ပါတယ် ။

တပ်ရင်းမှုး ကျွန်တော်တို့ ကမိုးလင်းချိန်ကင်း ဆိုတော့ တညလုံး ဆူနေတာနဲ့ 
ခေါင်းအုံးကို အပေါက်ဖေါက် ခေါင်းကိုစွပ်ပြီး ဆန်အိပ်တွေကြားမှာ ဝင်အိပ်နေတာဟု မှို့ တွေ ဖွေးဖွေးနဲ့  စပ်ဖြီးဖြီး ပြောပါတယ် ။

ကျွန်တော်တို့ တာဝန်တွေပြီးခါနီးပြီး ခဏနေရင် ထမင်းရော ဟင်းရော ရပြီဟု သတင်းဆက်ပို့ ပါသည် ။
ကိုသန်းနိုင် စိတ်ဆိုးပြီး တယောက်တည်း တပြစ်တောက်တောက်နဲ့ ဆဲပါတော့သည်။
ပြီးမှ ချက်ပြီးသားထမင်းဟင်းတွေ မင်းအဘတွေ ကျွေးမလို့ လားမေးရာ
ကျောင်းသား၂ ယောက်က တယောက်မျက်နှာ တယောက်ကြည့်ပြီ
ကျွန်တော်တို့ ဖက် မေးစေ့ငေါ့ပြီးမေးပါသည် ။

ကျွန်တော်တို့ လည်း ဘာပြန်ပြောရမှန်းမသိဖြစ်သွားပါတယ် ။
သူတို့ ၂ ယောက်ရဲ့ အူကြောင်ကြောင် အမူအရာကို ကြည့်ပြိး
ရီရမှာလား
ဒေါသထွက်ရမှာလား
စိတ်ဆိုးရမလား ။
ဒီလောက် အရေးကြီးတဲ့ အချိန်မှာ ရှိစုမဲ့စု ခေါင်းအုံးကို ဖေါက်ပြီး
ကမ္ဘာပျက်သွားတာ မသိလိုက်ဘဲ အိပ်နေတဲ့ သူ ၂ ယောက်

သင်လဲကျွန်တော်တို့ နေရာမှာဆိုရင်ကော

( ၂၀၁၀ အထိ မြန်မာပြည်ထဲမှာ ကမ္ဘာပျက်လောက်တဲ့ အဖြစ်အပျက်တွေ
အကြိမ်ကြိမ်ဖြစ်ပွားခဲ့တယ် ။
ဘီယာအိုး အရက်အိုး အတင်းအိုး အာဏာအိုးတွေထဲမှာ စိမ်ပြီး
အိပ်မောကျနေတဲ့ ကျောင်းသားတွေ ကျောင်းသူတွေ နိုင်ငံရေးသမားတွေ
အများကြီးဘဲလေ အစည်းပြေနေကြတာ )

၂ဖွဲ့ ခွဲမယ် ။ ကျန်တဲ့ကျောင်းသားတွေ လိုက်ရှာကြမယ် ။
ရန်သူနဲ့ အရင်တွေ့ သူက သေနပ်ဖေါက်အချက်ပေးပြီး စပြေးတော့ လို့ 
ကိုသန်းနိုင်က အမိန့် စပေးပါတယ် ကျွန်တော်နားလည်ပါသည်

ထိုစဉ်က ကိုသန်းနိုင်က စစ်မြေပြင်တာဝန်ခံပါ ဗဟိုကလူလည်း သူ့ အမိန့် နာခံရပါသည် ။
အဓိက တာဝန်က ကျန်နေသော ရဲဘော်ရဲဘက် ကျောင်းသားရှာရန်သာဖြစ်ပါသည် ။
ထို့ အတွက် အသက်ပေးသင့်ရင် ပေးရပါမည် ။
ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရာနေရာက ပွိုင့် ဖိုက်သံကမှန်မှန်ထွက်နေသေးပါတယ် ။
ကရင့်တပ်မတော်က ကွန်မန်ဒို တချို့ ရှိနေသေးတဲ့သက်ေတပါ ။

နေုာက်ဆုံးအချိန်ထိ တာဝန်ယူပြီး ဖလူးထိပ်တိုက်ကနေ သေဆုံးသည်အထိ
စစ်အာဏာရှင်စစ်တပ်ကို ကာပစ်ပြီး တာဝန်ယူသွာခဲ့သော
ကရင့်တပ်မတော်မှ ကွန်မန်ဒို ကရင်ရဲဘော်များကို ဒီနေရာက ဂုဏ်ပြုပါတယ်

ရန်သူနှင့်ပေါင်းသွားသော ကရင်များကို ပြင်းထန်စွာနာကျည်းပါသည် ။
ကျွန်တော်တို့  စစ်မြေပြင်ကို နောက်ဆုံး အကြိမ် စစ်ဆေးရမယ့် တာဝန်ဖြစ်လာပါသည် ။
ကတုတ်ကျင်းတွေထဲမှာတော့ မည်သူမျှမရှိတော့ပါ ။

နောက်မှသိရတာက ရန်သူ့ တပ်ခွဲ တခွဲ ဟာ ထိုင်းနိုင်ငံကို ည၁၂နာရီလောက်မှာ ခိုးဝင်ကာ
အနောက်ဖက်က ဝင်တိုက်တာပါ ။ အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေမှာ လုပ်ခွင့်မရှိပါဘူး ။

ခုခံရေးတာဝန်ကျသူတွေကလဲ သဝခ လို့ ခေါ်တဲ့  ကရင်အရံတပ်ခွဲကဆိုတော့ ခံစစ်ပေါက်ခဲ့တာပါ ။
သဝခမှာက အရံတပ်တွေဖြစ်ပြီး စစ်မြေပြင် အတွေ့ အကြုံနည်းကြပါတယ် ။
မကြာခဏဖြစ်ပွားခဲ့လို့ ထိုင်းစစ်တပ်ကရှောင်ခဲ့ရပါတယ်ကလိမ်ကကျစ်မြန်မာ့တပ်မတော်အစစ်ပါ ။

နောက်က ရန်သူဝင်ပြီး ပေါက်တာဆိုတော့ ပြန်ပြီး ပိတ်ဆို့ ရှင်းလင်းရေးလုပ်ဖို့ ကလဲ
ကရင်အရာရှိတွေက ဝလေက ခရစ်စမတ် ဘာသာရေးပွဲ မှာရောက်နေကြပါတယ် ။

ကျောင်းသားတပ်ခွဲမှုးတွေကလဲ ကျွန်တော်တို့ နဲ့  စခန်းအပြင်မှာပါ ။

အောက်ခြေကဆိုတော့ အဆက်အသွယ်ပြတ်ပြီး
ဆုတ်ရန်တခုထဲ နားလည်ပြီး ဆုတ်ခွာကြပါတယ် ။

မြန်မာ့အသံကတော့ အကြီးအကျယ်ကြွားလုံးထုတ်ပါတော့တယ် ။

ဖလူးတိုက်ပွဲကြီးကို ဘယ်လိုတိုက်ခဲ့ရတယ်။ ကြိုးစားခဲ့ရတယ်ပေါ့ ။
ကရင့်လက်နက်တွေ အစုလိုက် အပုံလိုက်ရတာကိုမြန်မာ့ ရုပ်မြင်သံကြားမှာ ပြတော့
ကျွန်တော်အံကြိတ်မျက်ရည်ကျပြီး ကြည့်ရပါတယ် ။

အဲဒီတုံးက ပြောပြချင်ပေမဲ့ အခြေအနေက မပေးခဲ့ပါဘူး။
ရန်ကုန် စစ်ရုံးချုပ်က လူကြီးနဲ့ နီးသူတွေရာထူးတွေ တက်ကုန်ပါတယ် ။
မိုးရွာသလို လက်နက်ကြီး ပစ်ခတ်မှုအောက်မှာ ဆက်သွယ်မှုမှားပြီးကရင့်တပ်က ဆုတ်ပေးလိုက်တာပါ ။

မြန်မာစစ်အာဏာရှင်ဖက်က တပ်စုမှုး တပ်ခွဲမှုး တပ်ရင်မှုး တချို့  သီဟတွေ သူရတွေ အချောင်ရသွားတာပါ ။
ပေါ်တာစရိပ်တွေ ဖြတ်ခုတ်ဝေစားပြီး ဗျုဟာမှုးတွေ အုပ်လိုက်ချမ်းသာပါတော့တယ် ။
မြန်မာပြည်တွင်းမှာ ပြဿနာ ဖြစ်နေသမျှ စစ်ဆင်ရေးစားရိတ်ကို ဝေစားမျှစားတာ
အကျင့်ဖြစ်နေပါပြီ ။

ကိုသန်းနိုင်၊ ကိုဇော်ဖော် ကိုကျော်မင်းဦး ကိုနေမျိုး ကိုအေးဝင်းတို့ က
မြစ်ကမ်းပါးတလျှောက် ကတုတ်တွေကို လိုက်စစ်ပါတော့တယ် ။
ကျွန်တော်နှင့် ကိုမောင်လှက အလယ်ကဖြတ်ပြီး ကရင့် ဆေးရုံဖက်သို့ သွားကြပါသည် ။
အချိန်က နံနက် ၆ နာရီကျော်ကျော်မှာပါ ။

ရန်သူမြန်မာစစ်တပ်ကလည်း စစ်ကြောင်း များဖြန့် ပြီး
ဖလူးစခန်းရှင်းလင်းရေး အတွက်ဝင်လာပါသည် ။

ဆင်နဲ့ ကျား လယ်ပြင်မှာတကယ်တွေ့ ခဲ့တဲ့ ပွဲပါ။
ရန်ငါ စည်းဆိုတာ အဲဒါပါဘဲ ။
ထိပ်တိုက်ရင်ဆိုင်ခြင်း အစစ်ပါ ။
သူသေ ကိုယ်ရှင် လုတဲ့ပွဲ အစစ်ပါ ။

စားပွဲပေါ်က လက်နက်ကိုင်တော်လှန်ရေး သမားများ
ပိုက်ဆံ ကောက်လို့ ကောင်းအောင် ရေးကြ ပြောကြနေပါတယ် ။
ပြည်ပနေ အာကြီး အာလေးများကို မှတ်ထားပါသည် ။
မကြာမှီ လာတော့မည့် စစ်ပွဲတွေကို ဖိတ်ခေါ်ပါသည် ။

မိုးလင်းကာစဆိုတော့ လူတရက်ကျော် မြက်ပင်တွေက နှင်းတွေ စိုနေပါသည် ။
စစ်ဘောင်းဘီကလည်း နှင်းတွေကြောင့် စိုရွဲနေပါသည် ။
တလှမ်းခြင်း ရှောက်လာရင်း မောင်လှက သတိထား ရှေ့ မှာ အသံကြားရတယ် ။
ရိပ်ကနဲ ရှေ့ ခပ်လှမ်းလှမ်း စစ်ယူနီဖေါင်းနဲ့ လူတစုကို ဘွားကနဲ တွေ့ လိုက်သည် ။

ပုခုံးတံဆိပ်ကို အမြန်ကြည့်လိုက်တော့ မဟာဗန္ဒုလ တံဆိပ်ကိုတွေ့ လိုက်တယ် ။
အနီးဆုံးမှ လူတရပခန့်  သစ်ပင်ငယ်နဲ့ ကျွန်တော်ပုခုံးက ဓါးနဲ့ လှံ တံဆိပ်ကို ကွယ်လိုက်တယ် ။
ဒီနေရာမှာ မှန်ကန်သော ဆုံးဖြတ်ချက် ဟာ အသက်ရဲ့ ထွက်ပေါက်ဆိုတာ တွေ့ လိုက်ရတယ် ။
ဘယ်ထွက်ပေါက်ကို ရွေးမှာလဲ

မြန်မာတပ်ကြပ်ကြီးက စပြီး ကျွန်တော့်ကို ပစ်ပါတယ် ။
မောင်လှက ကျွန်တော်နောက်မှာရပ်နေတာပါ ။
ဂျီသရီး ကျည်ဆံတွေ ကာဘိုင်ကျည်တွေ ဘေးကသစ်ပင်တွေကို ဖြတ်ချလိုက်ပါတယ် ။

ကျွန်တော် တက္ကသိုလ် အရံတပ်ရင်းမှာ တပ်ကြပ်အထိ မြန်မာစစ်ပညာ သင်ခဲ့ဖူးပါတယ် ။
တောတွင်းမှာလည်း နိုင်ငံတကာ သင်တန်းတွေ တက်ဖူးပါတယ် ။
ဘယ်မအေပေးတပ်စုလဲ မြေပုံညွန်းမှားလာတာ ၊ စကားဝှက်ပြောဟု ကျွန်တော်အော်ပြီးမေးလိုက်ပါသည် ။

ပုခုံးပေါ်က အနက်တစ်ပွင့်နဲ့  မျောက်တကောင် ခုန်ထွက်လာပါသည် ။
မောင်လှ တာဝန်သိပ်သိပါတယ်
ကျွန်တော့နောက်ကနေ အေကေ ၄၇ ကိုင်ပြီး ရှေ့ တက်ခါ ပစ်ပါတော့တယ် ။
အဲဒီတအုပ်လုံး ဂျွမ်းထိုးမှောက်ခုံဖြစ်သွားပါသည် ။
ပြည်သူ့ ကျောင်းသားနဲ့ လခစားစစ်သား အရည်အချင်းကွာပါတယ် ။
သတ္တိခြင်းလည်းကွာပါတယ် ။ ခံယူချက်ခြင်းလည်းကွာပါတယ် ။
လခစားနဲ့  ပုတ်သင်ညိုစား တာလဲကွာပါတယ် ။
၁၀ ယောက်တယောက် ပေးတိုက်ချင်တယ် ။

ကိုဌေးပြေးတော့ဆိုပြီး မောင်လှက အချက်ပေးပါတယ် ။
လမ်းကျွမ်းကျင်သော မောင်လှက လွှားကနဲ လွားကနဲ ရိပ်ကနဲ ရိပ်ကနဲ
သစ်ပင်များက နောက်မှာကျန်ခဲ့ပါသည် ။
ထိုစဉ်မှာဘဲ ကိုသန်းနိုင်တို့ ဖက်က သေနတ်သံမှာ ကြားပါတော့တယ် ။
ပြေးရမဲ့ လမ်းကြောင်းဟာ သေနပ်သံ ထွက်ခဲ့တဲ့ ၂ နေရာရဲ့ ဆန့် ကျင်ဖက်ကနေ
ထိုင်းနိုင်ငံကမ်းဖက်ဆီ ဆိုတာ ကွန်ပြူတာမေးရင် နောက်ကျနေအုံးမယ် ။

အသက် ၁၃ နှစ်သားကထဲက နည်းမျိုးစုံပြေးခဲ့ဘူးပါတယ် ။
ပေါ့ပါးခြင်း သွက်လက်ခြင်းဟာ ငှက်အသွင်ပါဘဲ ။
နောက်က ပြေးလိုက်လာတဲ့ ကာဘိုင် ဂျီသရီး ကျည်ဆံတွေက
ဘေးကမြက်ပင်တွေ သစ်ပင်ငယ်တွေကို ဒါးတွေနဲ့ လိုက်ရှင်းနေသလိုဘဲ ။
သေချာတာက ဖြောင့်ဖြောင့်မပြေးဘဲ အခုတ်ခံရတဲ့ သစ်ပင်ငယ်တွေကို ဖြတ်ပြေးတာပါ ။

အရှိန်နဲ့ လှည့်ပစ်နေတဲ့သေနပ်ပြောင်းဝဟာ ရုပ်တရက် ပြန်လှည့်ရန် ဘယ်လိုမှ မဖြစ်နိုင်ပါ ။
ဒီအတွက်သေဘေးကို တထွာကျော်က ၁၀မိနစ်အတွင်းမှာ လွတ်သွားပါတယ် ။

ကိုသန်းနိုင်တို့  ကိုဇော်ဇော်တို့ အုပ်များပြီး ရန်သူနဲ့ တွေ့ တော့ တိုင်ပင်စရာမလိုဘဲ
အေကေ ၂လက်ကို နောက်ပြန်ထမ်းပြီး ပစ်ခတ်ရင်း ရင်ဘောင်တန်းပြေးကြပါတယ် ။
သူတို့ အဖွဲ့ က ငှက်ပျောတောကို ဖြတ်ပြေးပြီး သောင်ရင်းမြစ်ကို ဖြတ်ကူးကြတာပါ ။

နှလုံးအားနဲနေတဲ့ ကိုသန်းနိုင်ကတော့ အမောဆို့ နေလို့  ၂ ခါလောက်နားပြီး
နောက်ဆုံး တော့ ကိုဇော်ဇော် ကဘဲ တွဲ တဝက် ထမ်းတဝက်နဲ့ ပြေးခဲ့ရပါတယ် ။

သစ္စာတရားနည်းသွားတဲ့ 
မေတ္တာတရားကျဲနေတဲ့
မှားခဲ့သူကိုခေါင်းဆောင်ကိုးကွယ်တဲ့
မှန်တဲ့သူတွေကိုအပြစ်ရှာ တဲ့
၂၀၁၀ မှာ ဖြစ်နေတဲ့ အပုတ်ချ အစည်းပြေ တော်လှန်ရေးကာလ ဆိုရင်တော့

ကိုသန်းနိုင်ဆုံးတာ အဲဒီကထဲက တောထဲမှာ ကျန်ခဲ့ဘို့ ပါဘဲ ။

၂နေရာခွဲပြေးနေပေမဲ့ တူတာတွေရှိနေခဲ့တယ် ။
မောလွန်းလို့  အံဖတ်လားမသိပါဘူး ဆို့ တို့ တို့ ကြီး၊ ရေငတ်ပြီး အာတွေခြောက်လာပြီး
ချွဲတွေ သလိပ်တွေပြန်ထွက်လာတယ် ။

မျက်လှည့်ဆရာတွေ အတုယူနိုင်တဲ့ သင်ခန်းစာ တခုလဲပြီးသွားတယ် ။
သေနတ်ကိုင်ပြီး ဒုံးကျည်လိုပြေးနေရာကနေ စစ်ဝတ်စုံနဲ့ စစ်ဖိနပ်ကို အရှိန်မလျှော့ဘဲ ချွတ်တဲ့ နည်းပါ ။

မြန်မာစစ်တပ်က ဝတ်စုံပြည့် လက်နက်အပြည့်နဲ့  ထိုင်းနိုင်ငံကို ဝင်ရောက်ဖြတ်သန်းခဲ့ပါတယ် ။

ကျွန်တော်တို့ ကတော့ ထိုင်းနိုင်ငံကို ဖြတ်ဖို့  သေရေးလား ရှင်ရေးလားမသိခင်မှာ
အပြေးမပျက် စစ်ယူနီဖေါင်းကို အပြီးချွတ်နိုင်ခဲ့ပါတယ် ။

မောနေတဲ့ကြားက အချစ်ဆုံး သေနပ်ကိုလည်း သစ်ပင်ကြီး ၂ ပင်က
ဆွဲလာတဲ့ ကောက်ကြောင်းဆုံမှတ် ဖြတ်ရာမှာ သဲတူးပြီး အနားပေးလိုက်ပါတယ် ။
ပြီးတာနဲ့  ချောင်းထဲကို ဒိုင်ဗင် အတင်းထိုးရပါတယ် ။
ခေါင်းနဲ့ သဲဝင်ဆောင့်တဲ့အထိ ရေငုတ်လိုက်ပါတယ် ။

နောက်လိုက်ပစ်နေတဲ့ ကျည်ဆံတွေက ချောင်းထဲကို ခဲနဲ့ ပစ်နေသလိုပါဘဲ ။
မောင်လှကြီးပြောသလို ဘုရားသခင်က ကျွန်တော်တို့ ကို မခေါ်သေးလို့ ဆိုတာ မှန်သလို
သေနေ့ မစေ့သေးဘူးဆိုတာ သိပ်မှန်တာပါဘဲ ။

ဟောဟဲခတ်နေတဲ့ ကျွန်တော် ချောင်းတဝက်ကျော် ကူးမိတော့ အင်ဂျင်စက်သံကြီးတွေ စကြားပါတယ် ။
ထိုင်းနိုင်ငံ ကမ်းစပ်ရောက်တော့ ထိုင်းမြေပြင် လက်နက်ကြီး တပ်ရင်းက
ထိုင်းနယ်မြေကို စစ်ဆေးချိန်နဲ့ တိုးပါတော့တယ် ။

လက်နက်ကြီး သံချပ်ကာကားတပ်ဖွဲ့  ထိုင်း ရဲဘော်တွေက လံကွတ်တီ နဲ့ ကျွန်တော်တို့ ကို
ဖမ်းဆီးပြီး အထက်အရာရှိထံပို့ ပါတော့တယ် ။
ထိုင်းနိုင်ငံ စစ်မြေပြင် သတင်း ထောက် လည်းရောက်လာပါတယ် ။
ကျွန်တော့မိတ်ဆွေဟောင်းပါ ။
(လေယာဉ်ပျံ ကိုပြန်ပေးဆွဲရာမှာ ဘယ်လိုထင်လဲမေးတော့
ကျွန်တော်က သူရဲကောင်းတို့ လုပ်ရပ်ဖြစ်တယ်ဆိုတာ သဘောတူပြီး
ဘန်ကောက်ပို့ က ရေးပေးသူဖြစ်ပါတယ် ။
(ခင်ဗျားပြောတဲ့ လေယာဉ်က ရဲရင့် (အခု အမေရိက)၊ စန်းနိုင် (ရဲသီဟ)တို့ မြန်မာလေကြောင်းပိုင် ဖော်ကာကို ဆွဲပြီး ထိုင်းစစ်တပ်လေယဉ်ကွင်းမှာ ဆင်းခိုင်းတဲ့ကိတ်စ။ ဘန်ကောက်ပို့စ် မျက်နှာဖုံးမှာပါခဲ့တယ်။ လေယဉ်ကြီးကို သိပ်မနီးမဝေးကနေညဘက်မှာ ရိုက်ထားတာ။ မီးတွေထိန်လို့။
ခင်ဗျားက ဌေးတင့် အေဘီ စစ်ရေး ဌာနလုပ်လို့ ဒေါက်တာသောင်းထွန်း မြွေကိုက်သွားတယ်။ အေဘီစစ်ရေးဌာနရှိတယ်ဆိုလို့နိုင်ငံခြားအဖွဲ့ အစည်းတွေကို ဒိုင်ခံရှင်းလိုက်ရတယ်။မိတ်ဆွေတဦး)
အဲဒီ အစ ၈၈ကာလတုံးကထဲက မြန်မာပြည်ကို လက်နက်ကိုင်တိုက်ပွဲနဲ့  ပြောင်းလဲဖို့ ဆိုရင်
အကူအညီမရဘူးဆိုတဲ့မူနဲ့ သွားနေတာ အခုထိဘဲ ။ မဖေါက်နိုင်သေးဘူး ။
နာဂစ်မှာ စစ်သဘော်ကြီးတွေ ရိက္ခာအပြည့်နဲ့ အကူညီဝင်မပေးရဲကြဘူး။
တချို့ နိုင်ငံတွေတော့ လက်နက်တိုက်ပွဲကနေ
လွတ်လပ်ရေးရကုန်ပြီ။ ကြောက်တတ်ရင် လွဲဆိုတာမှန်သလားမသိ ။

ကျွန်တော်က ၁၉၈၈က ကျောင်းသားဆိုရင် လုပ်ဖေါ်ကိုင်ဖက် အမြဲတန်းသဘောထားပါတယ်)

လံကွတ်တီနဲ့ ကျွန်တော်တို့ ကို ဖါးခပ်မတ် လို့ ခေါ်တဲ့  ထိုင်းပုဆိုးလာပေးပါတယ် ။
မြန်မာပုဆိုးက ကွင်းဖြစ်အောင်ချုပ်ထားသော်လည်း ထိုင်းရေလဲပုဆိုးက အစအရှည်ကြီးပါ ။

ထိုင်းစစ်တပ်က တပ်ရင်းမှုးနဲ့ တွေ့ ကာ စစ်ဆေးခံပြီး အခြေအနေအရ ထိုင်းနိုင်ငံကိုဝင်လာခဲ့ပြီး
ကျောက်ခက်မှာ စခန်းချနေသော ကိုမျိုးချစ် တပ်ရှိရာသို့  ပြန်မည် ဖြစ် ကြောင်း တင်ပြသောအခါ
ယာယီဖြတ်သန်းခွင် လက်မှတ်ထုတ်ပေးလိုက်ပါသည်။
ကိုသန်းနိုင် အပါအဝင် ကိုဇော်ဇော်တို့ နှင့်ပြန်တွေ့ ကြပါသည် ။
တယောက်မျက်နှာ တယောက် အားပါးတရ ကြည့်ကြပါသည် ။

ပြန်မတွေ့ တော့ဘူးလို့ မနက်ကတင် ဆုံးဖြတ်ခဲ့ကြတာ ။
တော်လှန်ရေး သံယောဇဉ် ခံစားမှုနဲ့ အသက်ပေးပြီး
ကျန်ခဲ့ သူတွေကို စွန့် စွန့် စားစား ဝင်ကယ်နိုင်ခဲ့ပါတယ်
တယောက်မှ မှန်ကန်သော သစ္စာတွေကြောင့် ဒဏ်ရာမရခဲ့ပါဘူး ။

ကျွန်တော်တို့ အသက်ပေးပြီး ချစ်ခဲ့ဘူးကြပါသည် ။

ဒေါက်တာဆင်သီယာ ဆေးခန်းဖွင့်စမှာ အလှုရှင်က စောင်တွေပေးလို့ သွားယူခဲ့ပါသည် ။
ပိုသည့်စောင်များကို လိုအပ်နေသည့် ငှက်ဖျားပျောက်ဆေးဝယ်ရန် အတွက်ရောင်းလိုက်ပါသည်
ကိုသန်းနိုင်စောင်ရောင်းသည်ဆိုတဲ့ တဖက်သတ် အပုတ်ချသံဟာ
မဲဆောက်မြို့ နေ ကျောင်းသားစု ကထွက်လာပါသည် ။
အဲဒီတုံးက စတင်မွေးဖွားလိုက်တဲ့ အပုတ်ချစိတ်ဓါတ် ၊ အတင်းပြောစိတ်ဓါတ်တွေဟာ
အနှစ်၂၀ လုံးလုံး ကျွန်တော်တို့ အုပ်စုတွေ ဆီမှာ ကြီးထွားခဲ့ပါတယ် ။

ကိုသန်းနိုင်က ဒေါပွပြီး ရဲဘော်ကျောင်းသားတွေ
တောထဲမှာ စစ်တိုက်ရင်းငတ်နေတာ ဘယ်သူကမှ မမြင်ကြဘူး ။
လိုအပ်ရင် ဒမြတိုက်ပြီး တိုက်ပွဲဆက်ဝင်မည်ဟု ကြွေးကြော်လိုက်ပါသည် ။

ကြားဖူးနားဝနဲ အများက ဒမြသန်းနိုင်ဟု သေဆုံးသည်အထိ ခေါ်ကြပါသည် ။

တကယ် ဒမြတိုက်ခဲ့သူမှာ သူ့ လက်အောက်က
နာမည်ခံမည်ဆိုပြီးမှ ခွဲထွက်ခဲ့သူ အခြားတဦးဖြစ်ပါတယ် ။

၂၀၁၀ မှာ ကိုသန်းနိုင် ဆုံးတော့ ဘာမှသေသေချာချာ မမေးတော့ဘဲ ဒမြသန်းနိုင်ဆုံးပြီတဲ့ 
ကိုသန်းနိုင်မိဘတွေက ကြေးရည်တတ်တွေဖြစ်ပါတယ် ။
ဒီမိုကရေစီ တိုက်ပွဲအတွက် စည်းစိမ်နဲ့ နေရတဲ့ ဘဝကို စွန့် လွတ်ခဲ့သူတဦးပါ ။
တော်လှန်ရေးကို တခြားသူတွေလာသလို့ သွားနဲ့ ဟိုပစ္စည်း ၂ ခုတည်း လာခဲ့သူမဟုတ်ပါ ။

ရွေထုတ်နဲ့ လာခဲ့ပြီး သေနတ် စဝယ်ကိုင်ခဲ့သူပါ ။


၁၉၈၈ တောထဲရောက်ခါစက စိတ်ဓါတ်တွေ ဘယ်ရောက်ကုန်တာလဲ ရဲဘော်ရဲဘက်တွေ ဘယ်မှာလဲ ။
ဘယ်နတ်ဆိုးက ခိုးပြေးကုန်ပြီလဲ ။
သတင်းတွေ အတင်းတွေကြားရတာ ရင်ထဲမှာ တင်းကြပ်အောင်နာမိတယ် မျက်ရည်ကျမိတယ် ။
အရေးတော်ပုံမှာ အပစ်ခံကျောင်းသားတွေ
တိုက်ပွဲကျခဲ့တဲ့သူတွေ
ထောင်ထဲမှာ လက်နက်မချသေးတဲ့သူတွေ ကို
မေ့လိုက်ကြပြီ ။


အချင်းချင်းတွေလဲ အပုတ်သံတွေဘဲ ထွက်ထွက်နေတယ် ။
တရားခံကတော့ ၁၉၉၃မှာ အာဏာရူးတစုကြောင့် ကျောင်းသားတွေ ၂ ခြမ်းကွဲပြီး
ကျောင်းသားသွေးတွေ စွန်းရာက မြစ်ဖျားခံတာဘဲ ။

အခုတော့ ၁၈၈၄ တုံးကလို ဒို့ မြန်မာတွေ အစည်းပြေသွားပြီး
အဲဒီတုံးက နယ်ချဲ့ က ဝင်အုပ်ချုပ်တာ နှစ် ၁၀၀ လောက် ကြာသွားတယ် ။

အခုရော ၁၉၈၈ လူငယ် လူလတ်တွေ တိုက်ပွဲဝင်နေတာ ၂၀ နှစ်ရှိပြီ ။
အသက် ၄၀ နဲ့ ၅၀ အရွယ်ကောင်းတွေ နောက်ဘယ်လောက်ကြာမှာလဲ ၂၀ လား ၄၀ လား
၂၀၁၀ မှာ စုစည်းရေးမူ မချနိုင်သေးရင် အာဏာရှင်ကတော့ နောက် နှစ် ၁၀၀ ကျော်ဘဲလေ ။

ဌေးတင့်
၂၈ မေလ ၂၀၁၀
(ကိုသန်းနိုင်ကို ဂုဏ်ပြုပြီး ပြန်လည်ညီညွတ်ရေးအတွက် အမှန်တွေကို ရေးပြတာပါ )



(ကိုဇော်ဇော် (ကနေဒါ) ကိုကျော်မင်းဦး ( သတင်းပျောက်) ကိုမောင်လှ (မဲဆောက်)
ကိုနေမျိုး ကိုအေးဝင်းတို့ တသိုက်ကို
သန်းနိုင်သေဖို့ ဆိုတာတွေ .
စခန်းထဲက ရဲဘော်တွေ ၂ ယောက်ကို
ကယ်ထုတ်နိုင် ခဲ့ တာတွေ ။
ငှက်ပြောတောထဲ မှာ အံဖတ်ဆို့ လုနည်းပါး
ချွဲ တွဲကျ နေတာတောင် မရပ်ရဲပဲ ပြေးခဲ့ ကြတာတွေ ၊
သတင်း ထောက် ၊ လာတာတွေ ကို ရေး ပါ..
ဖလူးစခန်းကို ထိုင်းဖက်ကမ်း တောင်ပေါ်က ပြန်ကြည့် ပြီး မျက်ရည် ကျဖြစ်ကြတာတွေ

အဲဒီ ဒုတိယပိုင်း က ပိုပြီး အသက်ဝင်တဲ့ ကျုပ်တို့ ကျောင်းသားတွေ ရဲ့ အနစ်နာခံမူ့ တွေ စိတ်ဓါတ်
တွေကို မီမောင်းထိုးပြမဲ့ အပိုင်း ဖြစ်လိမ့် မယ်..

နောက်မှ ၀က်ဆိုက်ပေါ်မှာဖြေးဖြေးခြင်း ပြန်ပြင်လို့ ရတယ်
ပထမပိုင်းနှင့် ဒုတိယပိုင်း အရမ်းကြာသွားရင် မဖြစ်ပါ..

ခင်ဗျား စာရေး အား ကောင်းတာအရင်က မသိခဲ့ ပါ့ လား ..အမှန်တိုင်း
ပြောရ ရင် ဘယ်မှာမှ ခင်ဗျား ခုလိုရေးတာတွေမတွေ့ ခဲ့ ဘူးပါဘူး..
ကျပ်က မှ ကဗျာလေးကာတွန်းလေး အေဘီ ခွပ်
ဒေါင်း ဂျာနယ်မှာပါဘူးသေးတ.ယ်..
ဘာပဲ ဖြစ်ဖြစ် မျိုသိပ်ထားတာတွေ မအောင့် အီးနိုင်တော့လို့ 
နှစ်တရာ ကို တခါ
အားပြင်းစွာပေါက်ကွဲတပ်တဲ့ 
ဥရောပ က မီတောင် ကြီးလို့ ပဲ ခင်ဗျားကို တင်စားလိုက်ပါတယ်...)

Wednesday, May 12, 2010

တော်လှန်ရေးကို မိမိမျက်စေ့ ရှေ့ က စတင်ကြဖို့ လိုပါပြီ

တော်လှန်ရေးကို မိမိမျက်စေ့ ရှေ့ က စတင်ကြဖို့ လိုပါပြီ ၊ ပြည်တွင်း ပြည် ပ ဆက်စပ်လုပ်ကိုင်ကြဖို့ လို
အပ်လာကြခြေပြီ ၊ ပြည်ပ မှ ပြည်တွင်းထဲကို UG တွေထားသလို ပြည်တွင်းထဲမှလည်း ပြည်ပ သို့ ပြန်လည် ၍ UG များထားကာ အပြန်အလှန် ညပ်ပူးညုပ်ပိတ် ၊ ပါးကိုက်လျှင် နားကိုက် စစ်ဆင်ရေးမူ ဖြင့် ရ ရာ နည်း လမ်း ပေါင်းစုံ ဖြင့် မိမိတို့ ရောက်ရှိရာ နေရာ ဒေသ တိုင်းတွင် မိမိ တို့ ၏ နည်းစပ်ရာ ပြစ်မှတ်များကို အသီးသီး တာဝန်ယူ စတင် ကြရ တော့ မည် .. ပြည်တွင်း မှ တိုက်ပွဲ များကို ပြည်တွင်း မှ သူများက ရရာ နည်းလမ်းပေါင်းစုံ ဖြင့် စွမ်းစွမ်းတမံ အသက်စွန့် တာဝန်ယူဆောင်ရွက်နေကြသလို ကျွန်ုပ်တို့ ပြည်ပရောက် တော်လှန်ရေး ရဲဘော်ကြီးများကလည်း ပြတ်ပြတ်သားသား ထိထိရောက်ရောက် စစ်တပ် နှင့် ၎င်း တို့ ၏ သားသမီးများ ဆွေမျိုးများ နည်းစပ်ရာ စစ်အစိုးရ ၏ သံရုံးများ ကို မိမိတို့ ရောက်ရှိရာ ဒေသခံများနှင့် ပေါင်းပြီး နည်းမျိုးစုံ ဖြင့်  တော်လှန် ဆန့် ကျင်ကာ မြန်မာ စစ်အစိုးရ ကို အချက်ပြ သတင်း ပို့ ရတော့ မည် အချိန်ရောက်ပြီ ဖြစ်သည် ၊ ကျွန်ုပ်တို့ တော်လှန်ရေး ကြီး၏ အထိကရ ပြစ်မှတ်ကြီး တခုဖြစ်သည့်  NLD ပြည်တွင်းခံတပ်ကြီးကို စစ်အစိုးရမှ အပြီးသတ်ချေမုံးရန် တိုက်ပွဲ
ခေါ်လိုက်ပြီဖြစ်သည် ၊ ပထမ ဆင့် တွင် ထိုသူများကို ကျန်ုပ်တို့ ဖက်ပါလာအောင် စည်းယုံး ရမည် ၊ သ
ဘောထား ဆွေးနွေးရမည် ဖြစ်သည် ၊ ဒုတိယအဆင့် တွင် ပုဂိုလ်ရေး အရမဟုတ်ပဲ စစ်အစိုးရကို မိမိတို့ 
တော်လှန်နေသည့်  လုပ်ရပ်တိုင်း ၊ စတိတ်မန့် တိုင်းကို ထိုသူတို့ ကို တိုက်ရိုက်ပေးရမည် ဖြစ်သည်
သံရုံး မှ သူများ ၄င်းတို့ ၏ သားသမီးများ နှင့်  ကြိုးစားဆက်သွယ် စကားပြောကာ မြန်မာပြည်သို့ မပြန်
ရန် ၊ မိမိရောက်ရှိ၇ာ နိုင်ငံတွင် နိုင်ငံရေး ခိုလုံခွင့် လျှောက်ရန် လုပ်ဆောင် ကူညီပေးရမည် ။ ဥေ၇ာပ
အမေရိက နှင့် ကနေဒါ နိုင်ငံ စသည် တို့ တွင် နာမည် မဖေါ်ပြလိုသော်လည်း ထိုသို့ ဖြစ်ရပ်များ အောင်မြင်ပြီးဖြစ်သည် အချို့ အများစုမှာ နိုင်ငံေ၇းခိုလုံချင်နေကြသူများ မြန်မာအစိုးရကို တနည်းနည်း
ဖြင့် အတွင်းစိတ်ထဲ မှ ကြိတ်၍ မကျေနပ်နေကြသူများဖြစ်ကြသည်... သံရုံးရှေ့ တွင် မတ်တပ် ရပ် ၍
ဆန္ဒပြကြရမည့် အချိန် ကုန်ဆုံးသွားခဲ့ ပြီဖြစ်သည် ကျွန်ုပ်တို့ ကြိမ်ဖန်များစွာ ငြိမ်းချမ်းစွာ လုပ်ပြီးခဲ့ ပြီ
ဖြစ်သည် ၊ သံရုံးအထသို့ ဝင် ရောက် တွေ့ ဆုံ ကြရတော့ မည် အချိန်ဖြစ်သည် ၊ ပြည်တွင်းတွင်လည်း
လမ်းပေါတွင် ငြိမ်းချမ်းစွာ ဆန္ဒ ပြ တန်းစီ လှည့် လည်ခဲ့ ကြပြီးပြီဖြစ်သည် ၊ ပြည်သူတို့ သည် အကြောက်
တရား ဖြင့် ငြိမ် ၀ပ် သွားကြမည် မဟုတ် ပဲ ပေါက်ကွဲတပ်သည့် ယမ်းတို့ ကို စုစည်း ဖိသိပ်ထားသကဲ့ သို့ 
၎င်းတို့ အစိုးရအတွက် အန္ဒရယ် ကြီးကြောင်း ၄င်းတို့ သဘောပေါက်သင့် ကြပြီဖြစ်သည် ။

ရောက်ရာ နေရာ က တပ်နိုင်သောနည်းလမ်းများဖြင့်  တော်လှန်ရေး အရှိန်အဟုန်မြှင့် တင်ကြ..

http://www.youtube.com/watch?v=cM7VIetsvdE&feature=player_embedded




Type your summary here.Type the rest of your post here.

Friday, May 7, 2010

ကိုသန်းနိုင်နှင့် ကျွန်တော်တို့ ၆ ယောက်( အပိုင်း၂)




စာမူကို အချောသတ်ရန်စီစစ်နေပါသည် ။ မှားနေသည့်နေရာများ အချက်အလက်များကို အကြောင်းအရာများကို
ဝေဖန်လိုသူများကို ဖိတ်ခေါ်ပါတယ် ။ သင့်အတွက် မဟုတ်သလို ကျုပ်အတွက်လည်း မဟုတ်ပါ ။
တော်လှန်ရေးကို ရေသာခို လိုက်နေသူများနှင့် လူငယ် လူသစ်များ ဖတ်ရန်ဖြစ်ပါသည် ။ ပါဝင်ရေးသား အကြံပြု ကြပါ



အေးစက်နေတဲ့ သေနပ် ဖိုင်ဘာအစိတ်အပိုင်းကို ပူပန်နေစိတ်နဲ့  တင်းတင်းဖိကိုင်ရင်း ပူနွေးလာပါတယ် ။
၁၉၈၈ စက်တင်ဘာလက စစ်အာဏာသိမ်းပြီး စစ်ရူးတွေအမိန့် ကို အောက်ခြေကရဲဘော်လေးတွေက သေနပ်တွေနဲ့  ကျောင်းသားပြည်သူတွေကို ပစ်သတ်ခဲ့ပါတယ် ။ ကျောင်းသားတွေ အုပ်စုလိုက် လူမျိုးစုတွေဆီမှာ လက်နက်တောင်းဖို့ သွားခဲ့ကြပါတယ်
သေနပ်ဆိုတာ လူသတ်လက်နက်ပါ ။ ထက်နေတဲ့ ဒါးတောင် မကိုင်တတ်ရင် မိမိလက်ကို လှီးမိပါတယ် ။ သေနပ်မကိုင်တတ်ရင် အန္တရာယ်ရှိပါတယ် ။
ထိုအတူ သေနပ်ကိုင်ထားသူရဲ့  ဦးနှောက်ထဲမှာ အများစုအတွက် ပြည်သူ့ လုံခြုံရေးအတွက် ခံယူချက်မရှိရင်လဲ
သူခိုးထက်နဲနဲသာသူ ဒါးပြ အဆင့်ပါဘဲ ။ ဒီကနေ့ မြန်မာပြည်ထဲက နေပြည်တော်လက်အောက်ခံ လက်နက်ကိုင်သူတွေ အားလုံးဟာ
၁၉၆၂ ခုနှစ်က စပြီး ပြည်သူ့ အာဏာ လုယူခဲ့လို့  သူခိုး ဒါးမြ အဆင့်ပါ။ ဆိုရှယ်လစ်ကို နားမလည်ဘဲ ဖုတ်ပူမီးတိုက် သင်တန်းတွေနဲ့  ရိုက်ထဲ့ပေမဲ့ လဲ ၁၉၈၇ မှာ မြန်မာပြည်ဟာ အဆင်းရဲဆုံး အဆင့်ကိုရောက်သွားပါတယ် ။
သူခိုး ဒါးပြ ပီပီ ဖြစ်လာတဲ့ပြသနာတွေကိုလည်း သူခိုးနည်းနဲ့ ဖုံးဖိ လိမ်ညာခဲ့ ကြတဲ့အဆုံး ၁၉၈၈ က အမှန်တရားဘက်တော်သား ကျောင်းသားက စပြီးတော်လှန်လို့ နာမည်ခံ မဆလကြီး ပြုတ်ခဲ့ပါတယ် ။ နေဝင်း စိန်လွင် မောင်မောင် ၃ ဆက်ပါ ။
၂၀၁၀ မှာလည်း လူညီရင် အဖွဲ့ တွေ ညီညွတ်ရင် အာဏာရှင်ပြုတ်နိုင်ပါတယ် ။
အစိုးရသစ်အတွက်လဲ ၁၉၈၈ တုံးကလို သိပ်ရှာစရာမလို အဆင်သင့်ဘဲ
သူခိုး ဂျပိုး လူသတ်သမား ဒါးမြ ဇာတိရုပ်က ဆိုရှယ်လစ်နဲ့ အုပ်ထားတာ ဘွားကနဲ
၁၉၈၈ က ၁၈ စက်တင်ဘာလမှာ ပေါ်သွားပါတယ် ။
အခုတော့ တော်လှန်ရေးနယ်မြေထဲမှာ သင်တန်းပြီးတဲ့ ကျောင်းသားတွေ လက်နက်ကိုယ်စီနဲ့  တိုက်ပွဲဝင်ကြပြီ ။

အေကေ ၄၇ သေနပ်မှတဆင့် ဥက္ကဌကြီး စောမော်ရယ်(၁၉၈၈ ၁၉၈၉ NDF) ၏အသံများ နားထဲ စီး ဝင်လာ ပါသည် ။
အဲဒီ၁၉၈၈ အောက်တိုဘာလမှာတုံးက ကျွန်တော်က ဟွေစေတီ စခန်းကော်မတီ
လုပ်ငန်း စစ်ဆေးရေး အတွင်းရေးမှုး တာဝန်ယူနေတဲ့အချိန်ပါ ။
၁၉၈၈ လူထုအုံကြွတောင်းဆိုမှုကနေ ကြားဖြတ်အစိုးရဖွဲ့ စည်းနေတုံး စစ်တပ်ကအာဏာသိမ်းလို့ 
လက်နက်ကိုင် တော်လှန်ရေးနဲ့ အပြီးတိုက်ပွဲဝင်နေတာ နှေးနေတယ် သုံးသပ်မိပါတယ် ။
ီ ဦးစောမော်ရယ် လှေနဲ ရောက်လာကာ ကျွန်တော့ ဝါးတဲကို လာပြီးကျောင်းသားတွေ ရှာစားတာ ကင်းလိပ်ချောနဲ့ ပုတ်သင်ညိုတွေကုန်ပြီကြားတယ် ။ လိုက်ခဲ့ကြ ငှက်ပစ်ထွက်မယ် ။
ကိုဂဏန်း ကိုတင်ဝင်းအောင် ကိုသိန်းနိုင် ကိုဇော်လင်း(မကသ) ကိုဂါမဏိ(လက်ဝှေ့ ) ကို မန္တလေးတို့ ကမျက်စိမှိတ်ပြပါတယ် လိုက်သွားတဲ့ ။
ကိုဆန်နီ (အထွေထွေအတွင်းရေးမှုး) ရစ်ချပ်ဌေးရယ်(ဥက္ကဌကျောင်းသားစခန်း) တို့ လည်းနောက်က ပါလာသည်

အန်ဒီအက်ဖ် ဥက္ကဌ လှေကိုစုန်စီးပြီး ငှက်ပေါသည့် တောထဲရောက်တော့
လူနဲတာနဲ့  ရင်ထဲက အောင့်ထားတာတွေ မေးမိပါတယ် ။
စခန်းမှာနေတုံးက ဦးပြည်မရှိရင် တကျီကျီနဲ့  ကျောင်းသားတွေ ပြောနေကြတဲ့
အဘတို့ လူမျိုးစုတပ်ပေါင်းစုက ရေဒီယိုကနေပြီး ကျေညာခဲ့တယ် ။
ပြည်တွင်းက ကျောင်းသားတွေကို လိုအပ်တာတွေအကူအညီပေးဖို့ ဆုံးဖြတ်ထားတယ်ဆို ။

အခု လက်တွေ့ မှာ ငပိတောင် နပ်မမှန်ဖြစ်နေပြီ ။ လက်နက်ဆိုတာ အဝေးကြီးလဲ ။
ကျွန်တော် လူထုလွတ်မြောက်ရေး ဒီမိုကရေစီတော်လှန်ရေးအတွက် အားမနာတော့ပါ ။
စခန်းထဲမှာ နားပူနဆာ အမြဲလုပ်ခံနေရတဲ့ ကိစ္စမေးပါတော့တယ် ။

ဦးစောမော်ရယ်က ခပ်ပြုံပြုံး ရင့်ကျက် လေသံအေးအေးနဲ့ 
ခင်ဗျားတို့ ကျောင်းသားတွေ လက်နက်လိုချင်တာ နားလည်ပါတယ် ။
ခင်ဗျားတို့ ကျောင်းသား တော်လှန်ရေးကို အခုမှ စတင်ပြင်ဆင်နေတာပါ ။

ကျွန်တော် စိတ်ထဲက မရိုးမရွဖြစ်သွားပါတယ် ။
နယ်စပ်မှာ စခန်းတွေ အခိုင်အမာဆောက် ကားတွေ လက်နက်တွေ အများကြီးနဲ့ 
ငါတို့ က ငပိတောင် နပ်မမှန်တဲ့ ဘဝ မို့ 
အဂ်လိပ် လက်အောက်လွတ်လပ်ရေး တိုက်ပွဲဝင်စဉ်က စလာတဲ့ သမိုင်းကို ချန်ထားပြီး
ဒါဆိုရင် အဘတို့ ဘယ်လို စိတ်ဓါတ်နဲ့ တည်ဆောက်လာတာလဲဟု ငတ်ငတ်နဲ့  ရွဲ့ ပြီးမေးလိုက်ပါသည် ။

မောင်ရင်လေးတို့  ကျောင်းသားတွေကို ရှင်းပြဖို့ စောင့်နေတာကြာပါပြီ ။
ဘယ်သူမှ ဒီမေးခွန်းမမေးလို့ စောင့်နေတာပါ ။
ဦးစောမောရယ်က သစ်ပင်ဖျားကို မော့ကြည့်လိုက်ပါတယ် ။
အသက်ကို ပြင်းပြင်းရှုရင်းက သူ့ မျက်လုံးတွေဟာ တစတစနဲ့  ရီဝေလာပါတယ် ။

ကျုပ်တို့ ပိုင်တဲ့ မြေကို ကျုပ်တို့ လူမျိုးတွေ စည်းလုံးညီညွတ်စွာ အုပ်ချုပ်ခဲ့ဖို့ ကြိုးစားခဲ့တယ် ။
ပင်လုံစာချုပ်ထဲမှာ ကရင်နီ လက်မှတ်မထိုးပါဘူး ။
ရလာတဲ့ အကျိုးဆက်က ပြည်မကြီးက စစ်တပ်တွေ
၁၉၄၈က စပြီး အကြိမ်ကြိမ် စစ်ဆင်ခဲ့ တာပါ ။
On August 9th 1948 at 04:00, the AFPFL military police attacked the headquarters of
the Karenni National Organization in Myaleh Daw.
On August 17, 1948 the United Karenni States Independent Army (UKSIA) was formed.
On August 19, 1948 the Karen National Defense Organization occupied Mawchi.
On December 29, 1948 the Kalaw-based Burmese troops attacked Loikaw.
On February 9, 1949 Saw Maw Reh,
a guard commander of Sawpja Saw Shwe was arrested by Burmese troops.

ဘတပြန် ကျားတပြန် ကရင်နီလွတ်လပ်ရေး တိုက်ပွဲတွေနဲ့ အတူ
ကြိုးပန်းနေတုံး
၁၉၆၂မှာ ဗိုလ်နေဝင်း အာဏာသိမ်းလိုက်တယ် ။
ကျွန်တော်တို့  မျှော်လင့်ချက် ကုန်သွားပါတယ် ။
တိုင်းရင်းသားတွေ တိုးတက်မှု အတွက် ကိုယ်ပိုင်လုပ်ပိုင်ခွင့်လေးရှိဘို့ ပါ ။

On July 5, 1963 the KNPP sent a letter, signed by Saw Maw Reh,
responding to the Burmese peace announcement.
On August 28, 1963 the Karen National Union,
New Mon State Party and KNPP jointly sent a letter to the Burmese regime
as a three-coalition party asking for a joint meeting to negotiate peace.
On October 4, 1963 leaders of the three parties arrived in Rangoon for
peace negotiation with the Burmese regime. However,
negotiation was collapsed and
the Burmese troops pushed three parties’ leaders back into the jungle.
In December 1964 Saw Maw Reh was elected to be the seventh KNPP chairman.
In 1976 the PNDF was renamed the National Democratic Front.
KNPP was a member of it and later withdrew from the NDF in 1996.

သေချာတာက အဲဒီတုံးက ကရင်နီသမိုင်းကို တိတိကျကျမလေ့လာခဲ့ဘူးပါဘူး။
ကရင်နီမှာ နေခဲ့စဉ်က ကြားခဲ့သည်များကို ပြန်ရေးတာပါ ။ မှားခဲ့ရင် နားလည်မှုပေးပါ။
သမိုင်းအမှန် အစစ်အမှန်က
http://www.karennihomeland.com/ArticleArticle.php?ContentID=55 မှာရေးထားပါတယ်
ကျေးဇူးတင်ပါတယ် ကိုဇော်လေး ၊ သမိုင်းမှန်ကို လမ်းညွန်ပေးလို့ 

အေးချမ်းပြီး ဖေါ်ရွေရိုးသားတဲ့ ကရင်နီပြည်ကို
မသေခင်လောက်တော့ ပြန်လည်ချင်ပါသေးတယ် ။
ဆရာရေမင်ထူး ဆရာဖုန်းနိုင် မိသားစုတို့ ပြောခဲ့ဘူးပါတယ်
ကျောင်းသားလေးတွေ ကရင်နီကို ပြန်လာလည်ပါအုံးတဲ့ ။


ကျွန်တော်တို့ ကတောင်ပေါ်မှာနေကြတာ ။
တောင်ပေါ်ရဲ့ သဘာဝ ရေမြေတော တောင်တွေကို နားမလည်ဘဲ
မြေပြန့် ကလူတွေက အာဏာရူးတွေ ဘယ်လိုအုပ်ချုပ်မလဲ ။

ကျွန်တော်တို့  ဘိုးဘွားပိုင် သယံဇာတတွေ ပျက်စီးတော့မှာလို့ မြင်မိတယ် ။
မြန်မာပြည်မက နိုင်ငံရေးသမားတွေနဲ့  နေဝင်း စစ်တပ်ဟာ တနေ့ ကြရင်
ကယားပြည်နယ်(ကရင်နီနိုင်ငံ) ကို ကျူးကျော်ပြီး လူထုကို နှိပ်စက်လာနိုင်တယ် ။

ကရင်နီလူထုကို ပြည်မနဲ့ ဝေးရာမှာ နေပြီး အင်အားစုပြည့်စုံတဲ့ တချိန်မှာ သီးခြားလွတ်လပ်သော
ကရင်နီနိုင်ငံထူထောင်မယ်ဆိုတဲ့စိတ် တခုထဲနဲ့ နယ်စပ်ဘက်က တောထဲကိုထွက်လာခဲ့တာပါ ။

ကျောင်းသားတွေ တောထဲရောက်တော့ နေစရာ စားစာတွေနဲ့ ပါ ။
တော်လှန်ရေးနယ်မြေဆိုတာ တည်းခိုခန်း မှာနေသလိုတော့ ဘယ်ပြည့်စုံပါ မလဲ ။

ကျွန်တော့ လူတချို့  တောထဲကို စပြောင်းတော့ ၂ ပေလောက်ရှိတဲ့ ဓါးမကြီးတချောင်းဘဲ ပါလာပါတယ် ။

စစ်တပ်ကတော့ ကျွန်တော့ကို တောခိုတယ်လို့  နောက်ကလိုက်ပြီး သမုတ်တာ နောက်မှသိပါတယ် ။

ဓါးမကြီးတချောင်းနဲ့  တော်လှန်ရေး စလုပ်ဖို့ တိုက်တွန်းခဲ့သူ ဦးစောမော်ရယ် က
၁၉၈၈မှာ လူ လက်နက်ကိုင် ၃သောင်းကျော်ပါဝင်တဲ့
NDF ကိုဦးဆောင်နေတဲ့ ဥက္ကဌ နေရာမှာ တာဝန်ယူနေ တုံးလေ ။
ကျွန်တော်စိတ်ဝင်စားသလို စာဖတ်သူများနဲ့ နောက်လူငယ်တွေလည်း စိတ်ဝင်စားမယ်ထင်ပါသည် ။

ကရင်နီ တွေချောင်းဘေးမှာ တဲဆောက် တဝမ်းစာ တောင်ယာခုတ်ပြီး ရိက္ခာစပြီးစုပါတယ် ။
အချိန်ရရင် ရွာတွေဝင်ပြီး မြန်မာ ရဲ စစ်တပ်နဲ့ ပြတ်ဿနာဖြစ်ပြီး ရွာမှာနေလို့ မရသူတွေကို ခေါ်လာပြီးလူစုကြတယ် ။
သိုင်းသင်ကြတယ် ။ နောက်တော့ ရဲကင်းစခန်း ငယ်ငယ်လေးတွေကို ဓါးမတွေနဲ့ တက်ခုတ်ပြီး သေနပ်လုကြပါတယ်တဲ့ ။
ကရင်နီက လွတ်လပ်ရေးလိုချင်သူတွေ ကြိးစားခဲ့သူတွေသမိုင်း

တိုင်တရာကို ချိန်သားကိုက်ရင် ယင်ကောင်တောင် မလွဲတဲ့ ရိုင်ဖယ်ခေတ်ကပါတဲ့ ။

ဒီလိုနဲ့ တစတစနဲ့  လွတ်လပ်ရေးတိုက်ပွဲ သက်တမ်းရှည်လာပါတယ်ဟုပြောပါသည် ။

ကျောင်းသားတွေ ဦးဆောင်မှုနောက်မှာ လူထုရှိရင် တော်လှန်ရေးဟာ ခဏပါဘဲလို့ ပြောခဲ့ပါတယ် ။

ကျောင်းသားတွေကတော့ အဆင်သင့်ပါဘဲ ။
လူမျိုးစု ကျောပေါ်ကနင်းပြီး အောင်မြင်အောင် လုပ်ကြ ဟုပြောပါသည် ။
ကျောင်းသားနဲ့ ပြည်သူ အစေးမကပ်အောင် ထောက်လှန်းရေးကလဲ နည်းမျိုးစုံ သုံးခဲ့တာ အခုထိဘဲ ။

(တချို့ ကျောင်းသားတွေ တကယ်ယုတ်မာပြီး လုပ်ခဲ့ပါသည် ။
၁၉၈၈ကို ဝေလေလေ အဖွဲ့ ထဲမှာပါလာပြီး ဇွဲမရှိဘဲ
ကြိုဆိုရေးစခန်းမှ ပြန်ကာ မြက်ခင်းသစ် စာစောင်ထုတ်ပြီး
အဝီစိမှာ ဂျိုးကပ်အောင် စော်ကားပြီးရေးကြပါတယ်
အခုလည်း အီးမေးအုပ်စုတွေထဲဝင်လာပြီး သတ်သျှိုစာတွေ ရေးနေတုံးပါ ။ )

ကျွန်တော် နားလည်သဘောပေါက်သွားပါသည် ။
တခါတည်း ရစ်ချက်နဲ့ ဆန်နီကို ခေါ်ပြီး ကျောင်းသားများ စစ်သင်တန်းကိစ္စများ
လက်နက်ဝယ်ယူဖို့ သစ်ရောင်းရန် စသည်တို့ ကို ဆွေးနွေးခွင့်တောင်းဖြစ်ပါသည် ။

တော်လှန်ရေးနယ်မြေ တည်တန့် ခိုင်မာနေသမျှ
ကျောင်းသားတော်လှန်ရေးကြီးထွားလာရေး မူဖြစ်ပါတယ်။

(၃၀၃ တပ်နာမည် မရခင်ကပင် ကရင်နီက ကျောင်းသားတွေ
စစ်သင်တန်းများပြီးကာ နယ်မြေ လုံခြုံရေး တွဲပြီးယူခဲ့ပါသည် ။
သံလွင်မြစ်ကမ်းပါးတွေမှာ ခံစစ်စခန်းတွေ နေရာချခဲ့ပါသည် ။
တောင်ပေါ်က လက်ထောင်းဆန်ကြမ်းနီနီစေးစေး နဲ့ 
လက်ကြိတ်မြေပဲဆီကတော့ ပေါင်မုန့် ထောပတ်နဲ့ မလဲနိုင်ပါ ။
ပဲပုတ် လတ်လတ်ဆတ်ဆတ် အခြောက်က မီးဖုတ်ရင်
KFC ကြက်ကျော်တောင် နောက်ဆုတ်ရမယ်နော့်

၁၉၈၈ နိုဝင်ဘာ မှာ ပြည်တွင်းကို ယူဂျီတွေ စဝင်ကြပါပြီ။
ကယားပြည်နယ်ထဲမှာ ကျောင်းသားပါတဲ့ တိုက်ပွဲငယ်တွေ စနေပြီဖြစ်ပါသည်၊
ရေကျော်မှာခေါင်းဆောင်တွေ စကားနိုင်လု စကားများလို့ ကောင်းနေ ပါသေးသည် ။
(အသေးစိတ်ရေးပါမယ်)

ကျွန်တော် မယ်နပလော လူမျိုးစု စစ်ဆင်ရေးရုံးတွင်
ဦးခိုင်စိုးနီုင်အောင် ဗိုလ်ချုပ်မောင်မောင် (ကေအန်ယူ)နဲ့ လက်နက် ကိစ္စများ ညှိနှုင်းပြီး
ကရင်နီပြည် ကျောင်းသား စခန်းသို့ ပြန်ခဲ့ပါသည် ။
ဒီဇင်ဘာလ ရှေ့ တန်းက အပြန် မယ်နပလောမှာ သင်တန်းတက်ပြီး
ပြည်တွင်း လှုပ်ရှားမှုနဲ့ နယ်စပ် စစ်ဆင်ရေး အတွက်
ကျောင်းသားတပ်မတော် ဌါနချုပ်စစ်ရေးကော်မီတီကို ဝင်ရောက်တာဝန်ယူရပါသည် ။

စစ်အာဏာရှင် စစ်တပ်တွေ ကရင်နယ်မြေကို စစ်ဆင်သောအခါ
ကရင်ပြည်နယ် ကာကွယ်ရေးမလုပ်နိုင်ဟု တချို့ ကအော်ကာ
အနေအစား ချောင်သည့် ဘုရားသုံးဆူ မဲဆောက် မဲအောင်ဆောင် တက်ပြေးသူများရှိ ဘူးပါတယ် ။

တပ်ရင်း ၂၀၆ မှ ကိုသန်းနိုင်တပ်ခွဲ (၁) နဲ့  ကိုမျိုးချစ် တပ်ခွဲ (၄) က
ကရင်နယ်မြေ ခုခံစစ်အတွက် ဖလူးတွင်တာဝန်တွဲယူမည်ဟု အကြောင်းကြားပါသည် ။
ထိုအချိန်တွင် ဝမ်ခစစ်မြေပြင်မှာလည်း ကျောင်းသားတပ်ရင်း ၂၁၁ ( မူလဖွဲ့ စည်းပုံက၂၀၁ ဟုသတ်မှတ်ပါသည် )
က တာဝန်ယူပြီး ကရင့်တပ်မတော်နှင့် အတူတိုက်ပွဲ ဝင်နေပါသည်။
ဘုရားသုံးဆူမှ ကျောင်းသားတပ်ကလဲ တပ်ခွဲမှုး ကိုကျော်သက်တို့ ဦးဆောင်ပြီး စစ်ကူလိုက်လာပါတယ် ။



ပြန်စဉ်းစားမိလျှင် ပါဝင်ခဲ့သူများကိုယ်စား ကြက်သီးများ ထအောင် ဂုဏ်ယူမိပါသည် ။
လက်နက်ကိုင်တော်လှန်ရေး လုပ်ရန် တောထဲဝင်ခဲ့သူ ကျောင်းသားခေါင်ဆောင်တချို့ 
ငလျှင်လှုပ်သလို ဖြစ်နေသော ခံစစ်စစ်မြေပြင်ကို ကြောက်ကြပါပြီ။
အဆိုတော် ကို မွန်းအောင်ကတော့ ဗုံးသံတွေ ပွိုင့် ဖိုက်သံ တွေ
နားထောင်ရင်း သီချင်း အသစ်တွေရေးသွားပါသည် ။



အတွေးလွန်သွားပြီး ခလုပ်တိုက်ကာ လဲမလို ဖြစ်သွားပါသည် ။

သေသေချာချာ မမြင်လို့  သဲသဲကွဲကွဲ မြင်အောင် ငုံ့ ကြည့်လိုက်တော့
သဲရောထားတဲ့ မြေပြင်ဟာ သွေးတွေ ပက်ထားသလိုပါဘဲ ။

တိုက်မိတဲ့ ခလုပ်ကြီးက စစ်ဘောင်းဘီနဲ့ စစ်ဖိနပ်ကြီးပါလား ။

ခြေထောက်နဲ့ ကန်လိုက်တော့ စစ်ဖိနပ်စီးထားတဲ့ ခြေပြတ်ကြီးပါလား ။

ဖလူးက ဆုတ်ခွာပြေးရင်း ပြတ်ကျန်ခဲ့တဲ့ ပိုင်ရှင်မဲ့ ခြေထောက်ပြတ်ကြီးပါလား ။

သွေးတွေ အလုံးလုံးနဲ့ ပိုင်ရှင်က စွန့် ခဲ့ပြီနော် ။

ပိုင်ရှင်က ကရင်တပ်က ရဲဘော်လား ကျောင်းသားတပ်က ကျောင်းသားလား

လျှောက်နေတဲ့ ခြေလှမ်းတွေ
သူငယ်ချင်းကျောင်းသားတွေ အတွက်
ရင်နှစ်ခြမ်း ဗျန်းဗျန်း ကွဲပါစေ
ဘယ်ကလာ မှန်းမသိတဲ့ သေမင်းကို
မင်းလားကွသေမင်း
ဒူးမထောက်နဲ့  လက်မမြောက်နဲ့ သူငယ်ချင်း

ထိတ်တိုက်လဲရင်ဆိုင်ဘူးတယ်
လှံစွပ်ချင်းလဲထိုးဘူးတယ်
သူသေ ကိုယ်ရှင်လဲ ပစ်ဘူးတယ်
မကြောက်တတ်တဲ့ အင်အားကို
ပြည်သူ့ ဆီကရထားတာ


ဌေးတင့်
နယ်သာလန်

Thursday, May 6, 2010

ကိုသန်းနိုင်နဲ့ ကျွန်တော်တို့  ၆ ယောက်

နေရာက ဖလူးစခန်း တဖက်ကမ်းက မက်ကိုကင်းရွာအစွန်က
ကရင့်တပ်မတော် လက်အောက်ခံ မူဆလင်တပ်ဖွဲ့ ဝင်တဦးရဲ့ တဲငယ် ။

အချိန်ကာလက ၁၉၈၉ အေးချမ်းလှတဲ့ ဒီဇင်ဘာ ၂၆ နံနက် ဝေလီဝေလင်းစ

အခြေအနေကတော့ အာဏာရှင်စစ်တပ်သည်
၁၉၈၈ကျောင်းသားများ လက်နက်ကိုင်တော်လှန်ရေး မလုပ်နိုင်ရန် နှင့်
အမြစ်ပြတ် ခြေမှုံးရန် လူမျိုးစုနယ်မြေ အားလုံးကို နည်းမျိုးစုံဖြင့် ထိမ်းချုပ်ရေး စီမံချက်ကာလ






ချောင်းရေသည် ကြည်လင်နေပြီး အောက်ခြေကို ရှင်းရှင်းကြီးမြင်နေရသည် ။
နံနက်လင်းခါစ နေစထွက်သည်ဆိုသော်လည်း အလင်းရောင်ပြပြသာမြင်ရသည် ။
နေလုံးသည် တောင် ၂ လုံးကြားက ချောင်းကိုတိုက်ရိုက် အလင်းရောင်မကျနိုင်သေးပါ ။
ခပ်လှမ်းလှမ်းမှာ ဆိုလျှင် ရေငွေ့ ဖြူဖြူ မြူမူန်များ တွေ့ နေရသေးသည် ။
ရှုလိုက်သောလေထဲမှာလဲ သစ်ပင် သစ်ရွတ် အနံ့ နှင့်အတူ တချက်တချက် ပန်းရနံ့ များရပါသည် ။
စစ်ရေဘူးထဲကရေကို လက်ခုတ်နဲ့ ရေခပ်ပြီး အာလုပ်ကျင်းလိုက်ပါသည် ။
ပြောပြမတတ်သော လေးပင်သည်လား ဆိမ့်နေတာလား မသိသော
ရေ၏အရသာသည် နှတ်ခမ်းဖျားကို စိုစွပ်ပြီး အာခေါင်အဖျားအထိ ရောက်သွားသည် ။
အော် မြန်မာပြည်က ထွက်ကုန်တွေထဲက ရေတောင် အရသာရှိပါလားလို့ တခြားနိုင်ငံတွေ ရောက်မှ တန်ဖိုးကိုနားလည်မိသည် ။
သောင်ရင်းမြစ်ကို တချက်ကြည့်ပြီး မိမိတို့ ရုံးရှိရာဖုက်ကို မျှော်ကြည့် လိုက်သည် ။
မီးခိုးမှုတွေကြားမှာ သဲသဲကွဲကွဲ မမြင်ရသေးပါ ။
အခုလောက်ဆို စားဖိုဖုတ် က ချက်ပြုတ်ပြီးလောက်ရောပေါ့
ကျောင်းသားရဲဘော်တွေလည်း တညလုံးတာဝန်ယူထားတာဆိုတော့ ဆာကြပြီပေါ့ ။

(အမြောက်ကျည်ဆံ ဒဏ်ခံရန် သစ်လုံးများအောက်တွင် ၁၀ပေ ပတ်လည် အနက် ၅ ပေ ကျင်းတူးပြီး အိပ်သည့် ကျည်ကွယ်မျက်ကွယ်ကို ခေါ်ပါသည် ။တချို့ က ဘန်ကာ ဟုလည်းခေါ်ပါသည် )

နောက်မှ ချွတ်ချွတ် အသံ ခြုံကြားမှ လှည့်ကြည့်လိုက်တော့ ကိုသန်းနိုင် ။
စစ်ဘောင်းဘီရှည် ဇစ်ကို ဆွဲရင်း ကားရား ကားရား တောထိုင်ရာက ကမန်းကတန်းပြန်လာပုံရပါသည် ။
အားလုံး နိုးကုန်ကြပြီလား ။ စခန်းပြန်မယ် ။ ကျွန်တော့ ရဲဘော်တွေကို စိတ်ပူနေပြီ ။
ယိုင်နဲ့ နဲ့ ဝါးတဲ ထဲမှ ကိုဇော်ဇော် (၈၈ တတိယနှစ် မှာ တတိယနှစ် ကျောင်းသား ယခု ကနေဒါမှာနေ) ကိုကျော်မင်းဦး ( ၈၈စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသား ။ သတင်းပျောက်)
ကိုမောင်လှ (မဲဆောက်) ကိုနေမျိုး ကိုအေးဝင်းတို့ တသိုက် အိပ်ချင်မူးတူးနှင့် ထလာကြပါသည် ။
မရှိလို့ ထွက်ဝယ်တာ အေးအေးဆေးဆေးပေါ့လို့  ကိုနေမျိုးက လည်ချောင်းကွဲသံဖြင့်ပြောလိုက်သည် ။
ကိုသန်းနိုင်မျက်နှာညိုညိုက ရဲကနဲ မဲသွားပါသည် ။
ငါတို့ ဒီဘက်ကမ်းကို အပျော်လာတာမဟုတ်ဘူး ။
တိုက်ပွဲဖြစ်နေတဲ့ စခန်းထဲမှာ ကျောင်းသားရဲဘော်တွေ ထမင်းဆာပြီ ။
ရိက္ခာ တာဝန်ခံ ကိုဇော်ဇော် အထုတ်တွေ အဆင်သင့်လုပ် ပြီးရင် ထွက်မယ် ။
ကိုသန်းနိုင်က ကျွန်တော့နားကပ်လာပြီး တိုးတိုးလေးပြောပါတယ်
“ကိုဌေးတင့် ကျွန်တော်က အရမ်း စိတ်ပူတတ်တယ် ။
သပိတ်မှာကထဲက အတူတူ သေဖေါ်သေဖက်လုပ်လာကြတာ ဘာရယ်လို့ မဟုတ်ပါဘူး
သူတို့ အားလုံးအတွက် စိတ်ပူလို့ ပါ ။
ကိုသန်းနိုင် စိတ်ပူလွန်ပြီး အမေရိက ရောက်တော့ နှလုံးကို ဖြုတ်လိုက်ပြီး စက်နဲ့ အစားထိုးရတယ်နော်”
နောက်ဆုံးတော့ လူကကောင်းကောင်းကြီး အပူလွန်တဲ့စိတ်ကို စက်နှလုံးက မလိုက်တော့ဘူးထင်တယ် ။
အသံပြာပြာ နားထဲဝင်လာပါသည် ။ ကြားလား ကြားရင်အကြောင်းပြန် သန်းနိုင် ။။ နားနားကပ်အော်လိုက်တာပါ ။
ကျွန်တော်လည်း ညကအရှိန်နဲ့  အော်ဟုတ်လားဟု မူးကြောင်ကြောင် အဖြေပေးတတ်တာ အခုထိထင်ပါတယ် ။
ကိုဇော်ဇော်ကတော့ လူငယ်ပြီပြီ သွက်လက်ချက်ချာပါတယ် ။အခုထိပါဘဲ ။
နေမျိုးတယောက် အခုထိမူးနေတုံးဘဲလား မသိဘူးနော် ။
မောင်လှကတော့ စကားနည်းတယ် ။ အမြဲတန်းတခုခုကို ငြီမ်ပြီးစဉ်းစားနေတတ်တယ် ။
အခုများတော့လဲ တကမ္ဘာစီမဟုတ်သော်လည်း
တနိုင်ငံစီ ဝေးကုန်ကြပြီနော် ။
ကျောပိုးအိတ် တလုံးစီနဲ့ ရိက္ခာတွေထမ်းပြီး သောင်ရင်းမြစ်ဆီသို့ ချီတက်ကြပါတယ် ။
မြစ်နားနီးလာတော့ စစ်ယူနီဖေါင်း အချို့ ကို လမ်းဘေးတွေမှ ပစ်ထားတာ မသဲမကွဲ မြင်ရပါတယ် ။
ရေတွေလဲ လမ်းမှာစိုနေပါတယ် ။ မကောင်းတဲ့ အတိတ်နမိတ်ပါဘဲ ။
ကိုသန်းနိုင်နဲ့ ကျွန်တော်က ရေစိုဝတ်တွေကို ကိုင်ကြည့်ရင်း စခန်းထဲမှာ တခုခုဖြစ်နေပြီ။
ဒီဇင်ဘာလ ၂၅ ရက်နေ့ ည မှာ စခန်းတာဝန်ခံ ကရင်ခေါင်းဆောင်တွေ
ဝါလေ ဌါနချူပ်မှာ ပြန်စုပြီး ယေရှုခရစ်တော်မွေးနေ့ ကျင်းပနေကြတယ် ။

မြန်မာအာဏာရှင် စစ်တပ်ကတော့ အစွမ်းကုန်ယုတ်မာပြီ ထင်တယ် ။
ကျွန်တော်တို့ အခြေအနေကို သုံးသပ်ပြီး ခေါင်းနပန်း ကြီးသွားပါသည် ။

စခန်းကို စွန့် ခွာကြပြီလား ။ စခန်းကျပြီ လား ။ ငါတို့ ဘာလုပ်ကြမလဲ ။
တိုင်ပင်စရာမလိုဘဲ ရ ယောက် ခေါင်းခြင်းဆိုင်လိုက်ပါသည် ။
ကိုသန်းနိုင်က ကျွန်တော်ရသလောက် စခန်းထဲကို ခိုးဝင်မယ်
၄၅ဘို့ ပစ္စတိုချိတ်ထားသော ခါးဘက်ကို လက်ထောက်ပြီး ပြောလိုက်ပါသည် ။
ကျောင်းသား ရဲဘော်တွေရဲ့ အခြေအနေကြည့်ဘို နဲ့ ကူညီဘို့ အသက်ပေးသင့်ရင် ပေးရမယ် ။
ဘယ်သူလိုက်မလဲ ဟုမေးပါသည် ။

ကျွန်တော်လိုက်မယ် ဆိုတဲ့အသံက ၆ ယောက်စလုံး စက္ကန့် မခြားဘဲ
တပြိုင်ထဲ ထွက်လာပါသည် ။
ကျွန်တော်အပါအဝင် စခန်းမှာနေစဉ်က တာဝန်ခွဲတဲ့ ရွေးကောက်ပွဲတွေမှာ
နောက်က ပုန်းနေတတ်သူတွေပါ ညနေ ထမင်းစားပြီး လေပေါကြရင် နားထောင်တတ်သူတွေပါ ။
စကားကို အပိုမပြောဘဲ အလိုပြောတတ်ကြသူတွေပါ ။
အခုကာလမှာလို ပြည်ပမှာ ခေါင်းဆောင်နေရာလုသူတွေ ရေဒီယိုမှ ဖိုးပြောချင်တွေကို
ခေါ်သွားချင်ပါသည် ။

သူငယ်ချင်း ကျောင်းသားတပ်ဖွဲ့ ဝင်တွေအတွက် အသက်စွန့် ကူညီရန် အဆင်သင့်ဖြစ်ကြပါဘီ ။
ကျွန်တော်တို့ အားလုံး အပိုပစ္စည်းများ သစ်ပင်ကြီး တပင်အောက်တွင် သစ်ခက်များနှင့် ဖုံးပြီးဖွက်လိုက်ပါသည် ။

အေကေ ၄၇ တလက်စီ ကျည်ထိုး ။ လက်ပစ်ဗုံးများကို အလွယ်ပစ်ရန် ရင်ပတ်မှာ တွယ်လိုက်ပါသည် ။
အသက်တွေကို ဝဝရှုလိုက်ကြသည် ။
ကျည်ဆံ သေမင်းတမံဟာ အချိန်မရွေး ရင်ဘတ်ထဲကို ဝင်မည့်
စခန်းထဲသို့  ဝင်ကြတော့မယ် ။
အမှန်တရားနဲ့  ဘုရားသ္ခင်ဟာ ငါတို့ ဘက်မှာရှိနေတယ့် စိတ်နဲ့ 
လမ်း လက်ဝဲ လက်ျာကို ကပ်ပြီး အသင့်အနေအထားဖြင့် သောင်းရင်းမြစ်ဆီသို့ ချီတက်ကြပါတယ် ။

တောငယ်လေးတခုလုံး တိတ်ဆိပ်နေမှုဟာ စစ်ဖိနပ်နင်းလိုက်ရင် ပြန်ကြားနေရပါတယ် ။
ပူပင်နေသော နှလုံးသားရဲ့ သွေးခုန်နူံးသံကို နားထင်သွေးကြောများမှတဆင့်
တဒုံးဒုံနဲ့ စစ်ဖိနပ်သံနဲ့ အညီ စည်းချက်ညီညီ ကြားနေရပါသည် ။

ဒုတိယပိုင်းဆက်ရေးပါမည် ။

ဌေးတင့်
နယ်သာလန်


၆ မေ ၂၀၁၀

Saturday, July 18, 2009

နှစ် ၂၀ ကျော်ကြာလာသော အခါ


နှစ် ၂၀ ကျော်လာသော တော်လှန်ရေး သမားများအပေါ် နားလည်စွာပြုံးမိပါသည် ၊ ကျွန်တော်တို့ နိုင်ငံရေး သို့ မဟုတ် နိုင်ငံချစ်စိတ်ဓါတ်ရှိသော သူတိုင်း တချိန်မဟုတ်တချိန် အထီးကျန်ဆန်ခြင်းမျိုးခံစားခဲ့ ရဘူးမည်၊ တခါမဟုတ်တခါ မိမိ အယူအဆအတွေးခေါ်နှင့် မတိုက်ဆိုင်သူများဆီမှအတွင်း ပတိပခ ဆန့် ကျင်ဖက်စကားများ ကြားရတပ်ကြပါသည်၊ ကျွန်တော်တို့ မြန်မာလူမျိုးအများစု၏အားနည်းချက်များမှာ မိမိ
ကိုမိမိ အထင်ကြီးတပ်ခြင်း တပါးသူကို အထင်သေးတပ်ခြင်း ၊ အခြင်းခြင်း အသိအမှတ်မပြုလိုခြင်း တို့ ဖြစ်ပြိး ထိုမသိစိတ်
များမှ တော်လှန်ရေး ၀ါ ဒီမိုကရေစီဘက်တော်သားအချင်း ချင်း ရန်သူထက်ပင် ပိုမိုစိတ်နာသွားကြရသည့် ဖြစ်ရပ်များစွာ
ဖြစ်နေကြပါသည်။ တော်လှန်ရေး တရပ်ကို အခြေအနေပေးသည့် နေရာမှစတင်ခဲ့ ရသည် ဖြစ်ပြီး အခြေနေအချိန်အခါအရ
မဟာဗျူဟာ နည်းဗျူဟာများ ပြောင်းလွဲနေခဲ့ ကြရကြောင်း ကျွန်တော်တို့ အနှစ်၂၀ ကျော် ကာလကို ကြည့် လျှင်ပင်မြင်နိုင်
ကြပါသည် လမ်းပေါ်မှာထွက်၍ ဆန္ဒပြ နည်း ဖြင့် တော်လှန်ရေးကို ပြည်သူများစု ၈၈ ကသုံးခဲ့ကြရသည်မှာ မိမိတို့ ရွေးချယ်
ခဲ့ ကြခြင်းမဟုတ်ပဲ အချိန်အခါနှင့် အချေအနေကတောင်းဆိုခြင်းကြောင့် ဖြစ်ခဲ့ ပါသည် ၊ ကျွန်တော်အပါအ၀င် အချို့ တောခို
ခဲ့ ကြသည် လက်နှက်ကိုက်တိုက်ပွဲဖြင့်  အပြုတ်တိုက်ရေး လမ်းစဉ် ဟုရဲရဲ ကြီးချမှတ်ကာ တော်ထဲတွင် နေခဲ့ ကြရသည်မှာ
လည်း အခြေအနေ အရပ်ရပ်ကြောင့် ထို အချိန်က ထို သို့ ကျွန်တော်တို့ အား ယုံကြည်စေခဲ့ စေခြင်းသာဖြစ်ပါသည် ၊ ဒေါ်စုနှင့် NLD ပါတီသည် အခြားလမ်းစည်များကို တော်လှန်သင့် ပါသလော ၊ တော်လှန်၍ရော ရပါမည်၊သင့် ပါမည်လော ၊ သူတို့ ၏
စိတ်ထဲ သို့ ဝင်ကြည့် ပါက စစ်အစိုးရကို သူတို့ ဘာလုပ်ချင်မည်ဟုထင်ကြပါသလည်း ၊ တောတွင်းလက်နှက်ကိုင်အဖွဲ့ စည်းများ ABSDF မှအစ ယနေ့ ဘာဖြစ်နိုင်သည် ဘာမဖြစ်နိုင်တော့ သည်ကို သူတို့ ကောင်းကောင်းကြီးသိသလို့ အချို့ လည်း နည်းဗျူ
ဟာများ ဗြောင်ပြောင်းလွဲ ခဲ့ ကြသည် မှာ အမှားမဟုတ် ၊ ရှက်စရာများမဟုတ်ကြပါ ၊ အချို့ မှာ သိလျှက်ပင် ထိုအရာ များကို
ဆက်လက် ကိုင်စွဲ နေကြရသည်မှာလည်း အကြောင်းရှိပါသည်..
ယနေ့ အခြေအနေအရ တောင်းဆိုနေသောအရာ မှာ လက်နှက်ကိုင်တိုက်ပွဲသာဖြစ်သည် သို့ သော် ယခင်ကလို လက်နှက်မျိုး
များကိုင်ကာ တောထဲတွင် အောက်ချေ စစ်သားများနှင့်  တိုက်နေရန် မဟုတ်တော့ ပါ...
ဒီနည်း ဗျူဟာကို တော်လှန်ရေး သမားတိုင်း နေရာဒေသတိုင်း က ထအော်နေ၍ မဖြစ်နိုင် မသင့် တော်ပါ သို့ သော်ကျွန်တော်
တို့ အားလုံး၏စိတ်ထဲတွင် ကျလိကလိဖြစ်နေအောင်ပင် ထောက်ခံနေကြသည် အားပေးနေကြသည်ကို သိစေချင်ပါသည် ။
မိမိ ဘော်လုံးအသင်း နှင့် အခြားအသင်း ကွင်းထဲတွင် ဘောလုံးကန်နေကြသည်ကို မိမိတို့ မှ အပြင်ကနေ စိတ်ရောကိုပါ အား
ပေးနေသလို မျိုး နေမထိထိုင်မသာဖြစ်နေသလိုမျိုးနှင့် တူပါသည် သို့ သော် အချို့ မှာ ကွင်းထဲသို့ ဝင်ကန်ရန် ဖြစ်နိုင်ပါ သို့ 
သော် လူအား ငွေအား ၊ အကြံညာဏ်အား နည်း မျိုးစုံဖြင့် အားပေး ကြပါစို့ သင့် တော်ရာလမ်းကြောင်း နည်း စပ်ရာလမ်း
ကြောင်းများမှ တပ်နိုင်သမျှ အားပေးကြပါစို့ ဟုသာ ကျွန်တော်အားလုံးသို့ တောင်းဆိုလိုပါသည် ။
ကျွန်တော်တို့ ၏ တစ်ဒေါ်လာမှ အစ ဘာညာ သာတကာ အဆုံး အားလုံး ထို ရဲရဲ တောက် အနစ် နာခံရဲသောလုပ်နိုင်သည့် 
သူများကို နည်းစပ်ရာ လမ်းကြောင်းများမှ ထောက်ပံကြစေလို ပါသည် ၊
ပြည်ပရောက် မိမိတို့ လွတ်လပ်သူများခြင်းခြင်း အမြင်မတူမှူများကို တပ်နိုင်သမျှ လျှစ်လှူ ရှူ ကြစေလိုပါသည် ။
ကျွန်တော်တို့ ရဲ့ တော်လှန်ရေး ဂရပ် မျဉ်းကျောင်းမှာ အမြဲ တမ်း ကျဆင်းနေသည် ၊ ကျွန်တော်တို့ သည် တော်လှန်ရေး ချောင်ပိတ်ရိက်ခံနေကြရသော ခွေးများကဲ့ သို့ ဖြစ်နေကြရသည် ကို ကျွန်တော်တို့ ဝန်ခံရင်း ...မိမိ တနိုင်တပိုင် ဘာဆက်လုပ်နိုင်သည်ကိုသာစဉ်းစားကြစေလိုပါသည် ..

ရိုးသား နိမ့် ချစွာ ဖြင့် 

ကနေဒါ မြန်မာ တစု

Type the rest of your post here.

Saturday, May 23, 2009

ဒါတွေ လုပ်ဖို့ လို ပြီ


ဒါတွေ လုပ်ဖို့ လို ပြီ

( ၁ ) ပြည်ပြရောက် စိတ်တူသူ ရဲဘော်ဟောင်းတွေ အဲဒီ တိုက်ပွဲပုံသန်တန် ၂မျိုးစလုံးနဲ့ ဖြတ်သန်းဘူးသူတွေ
နည်းစပ်ရာ တွေနည်းမျိုးစုံနဲ့ ပြန်လည်စုစည်းဖို့ လိုတယ် စည်းလုံးဖို့ ပြောတာမဟုတ်ဘူး မလွယ်ဘူး ဘာ
လို့ အဲဒါအရင်လာရလဲဆိုရင်အင်အားအဓီကဟာပြည်တွင်းမှာရှိတယ်ဆိုပေမဲ့  ပြည်သူဆိုတာ ဘယ်တော့ မှ
တော်လှန်သူတွေရဲ့ အရှေ့ ကမထွက်ဘူး
( ၂ ) မိမိယုံကြည်ရာ နည်းလမ်းပေါင်းစုံနဲ့ ပြည်တွင်းမှာ လှပ်ရှားနေသူတွေကို ပြည်ပ က အဲဒီ တူညီ တဲ့ နည်း
လမ်းတွေနဲ့ လှုပ်ရှားနေသူတွေက တူရာ နည်းစပ်ရာ တွေစုပြီး ငွေအား ၊ အကြံညဏ်အား ၊ အခြား ဘာညာသာ
တကာ တွေ အထိ မိမိယုံကြည်ရင် ယုံ ကြည်သလို ထောက်ပံဖို့ လိုတယ် အမိန့် ပေးတာချည်းပဲ ၊ အကြံပေးတာ
ချည်းပဲ တော့ ဘယ်သူမှလိုက်မှာမဟုတ်ဘူး ရေရှည် လိုက်နိုင်မှာ မဟုတ်ဘူး ၊ စိတ်ဓါတ်ရေးရာကအစ ထောက်
ပံ့ ရေးတွေလိုတယ် မြန်မာပြည် ကို မြန်မာပဲ ကယ်တင်နိုင်မယ် နှစ်၂၀ လောက် အနည်းဆုံး ပြည်ပရောက်နေ
တဲ့ ကျုပ်တို့ တွေ တဦးခြင်း အတိုင်းအတာတခုအထိတော့ ပြန်လုပ်ပေးနိုင်သင့် တယ် ၊ အခြား ဘာညာ သရကာ
မလိုအပ်တာတွေကို လျှော့ ကြပြီး အဲဒီ ငွေတွေကို နည်းစပ်ရာ ၊ ယုံကြည်ရာ လမ်းကြောင်းတွေကတဆင့် ပြည်
တွင်းထဲကို ပို့ ကြပါ ဘာမှ ရှေရှေ ဝေးဝေး မတွေးပါနဲ့ ကျွန်တော်တို့ လည်း အခြားသူတွေ ပို့ ခဲ့ တဲ့ ငွေတွေ ကို
နယ်စပ်မှာ သုံးခဲ့ ကြပြီးပြီ ပဲ ..
( ၃ ) မိမိ ရောက်ရှိရာ နိုင်ငံ ၊ မြို့ တွေ မှာ ရှိ တဲ့ နည်း စပ် ရာသာမန် မြန်မာ ပြည်သူတွေကို စည်းယုံးကြပါ ပြည်
တွင်းထဲ က သန်း ၅၀ ကို ခေတ္တထား ပြည်ပ နိုင်ငံက မိမိ ဖုန်းတခေါ် ၊ တမြို့ ထဲနေကြတဲ့  မြန်မာပြည်ပြောင်းလွဲ
ရေးကို စိတ်မပါသွားကြတော့ တဲ့ ၊ သို့ မဟုတ် အစထဲ က စိတ်ဝင်စားခြင်းမရှိတဲ့  မြန်မာပြည်ဖွားတွေကို ချည်း
ကပ်စည်းယုံးပါ စည်းယုံးရေးကို မိမိ မျက်စေ့ ရှေ့ က စတင်ပါ ..
( ၄ ) တော်လှန်ရေးကို မိမိ ရောက်ရှိရာနေရာ မှ စတင် တာဝန်ယူပါ ၊ သံရုံးဝန်ထမ်းတွေ သံအမတ်တွေ ရုံးမတက်
နိုင်အောင် သူတို့ အိမ်ရှေ့ မှာ လမ်းပိတ်ဆန္ဒပြကြပါ ၊ ၄င်းတို့ ရဲ သားသမ္မီးတွေ ဆွေမျိုးတွေနဲ့ နည်းစပ်အောင်ကြိုး
စားပါ ၊ သံအမတ် အိမ်က အိမ်ဖေါ်တွေ အလုပ်သမားတွေ ( နည်းဆုံး ၂ ယောက်ရှိ ) ကို ရအောင်ဆက်သွယ်ပြီး
နိုင်ငံရေး ခိုလှုံ ခွင့် လျှောက်ပေးပါ ၊ သူတို့ ရဲ ဖိနိပ်ခံနေရမှူတွေ ကို မိဒီယူတွေနဲ့ ဆက်သွယ်ပြီး ဖေါ်ထုတ်ပေးပါ ၊
မြန်မာပြည်ကို မပြန်အောင် ဆွဲဆောင်စည်းယုံးပါ လုပ်ပေးပါ ။
( ၅ ) မြန်မာ့ တော်လှန်ရေး ကမ္ဘာမှာ ဘာကြောင့် အခြားနိုင်ငံတွေနဲ့ စာရင် မှေးမိန်နေလည်း အဖြေရှာပါ ၊ ငါတို့ 
လူုမျိုးတွေ ဘာကြောင့် အခြားလူမျိုးတွေလောက် သွေး မရဲ တာလဲ့ ၊ ဒါမှမဟုတ် အခြားနိုင်ငံတွေလို ပြည်တွင်း
မှာ လက်နှက် တွေ မရှိနိုင်ကြလို့ လား စသည်တို့ ကို သုံးသပ်ပါ လိုအပ်သလို တော်လှန်ရေး ပုံသန်တန်တွေကို
ပြောင်းပါ..
( ၆ ) ဟိုအဖွဲ့  ဒီ အဖွဲ့  ဟိုလူကြီး ဒီလူကြီးတွေကို ဝေဖန်နေမဲ့ အစား မိမိနင့် အမြင်မတူ သော်လည်း ဦးတည်ချက်
တူလျှင် ဆက်သွယ်မှူများတိုးမျှင့် ကြပြီး အပြန်အလှန် သင်ယူကြပါ ဖလှည်ကြပါ ၊ သို့ သော် မိမိ ယုံကြည်ရာ
နည်းစပ် ရာ သင့် တော်ရာ လမ်းကြောင်းမှ တဆင့်  အုပ်စု ငယ် ပျောက်ကြားတော်လှန်ရေး ပုံသန်တန်ကိုသာ
ဆက်သွားကြပါ
( ၇ ) ပြည်တွင်းက ၀ါးရင်းတုတ်သာ ကိုင်ထားသော ကြံဖွတ်များ ၊ စွမ်းအားရှင်ဆို သော ဂလေကချေများအား
၈၈ တုန်းကလို လျှို့ ဝှက် ပြောက်ကြား ဆုံး မ လက်စင် ပေး ကြပါ...
( ၈ ) ပြည်တွင်းက လှုပ်ရှားသူ များလည်း ပြည်ပ ကို ဘလောက်များ ၊ အီးမေးများ မှ တဆင့်  အဆက် အသွယ်
မပြတ် ကြပါနှင့် .. အနည်းငယ်စီ အပြန်အလှန် ကူညီနိုင်က ကူညီ ကြပါ..
( ၉ ) ပြည်တွင်း က သတင်း တွေ ၊ အကြံညဏ်တွေ ၊ တောင်ဆိုမှူ အကူအညီတွေကို အဆက်မပြတ် လျှိဝှက်
အလေးထား ဆက်သွယ် ဖြည့် စည်း ပေးကြပါ..ပြည်ပက ဘယ်လောက်အော်နေအော်နေ ပြည်တွင်းကငြိမ်
သွားရင် ကမ္ဘာက ဂရုမစိုက်တော့ တဲ့ အပြင် စစ်အစိုး ရ က ပြည်သူတွေကို ချုပ်ကိုင်နိုင်သွားပြီ ပြည်သူတွေ
ကျေနပ် သွားကြပြီ ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားနိုင်တယ် ၊ ပြည်သူသည် မီးဝေး ချိတ် ဖြစ်ရင် အေးစက် မာကျော
သွားတိုင်ပါသည်..


Type the rest of your post here.

Friday, May 22, 2009

မလေးရှားရောက် မြန်မာ သံရုံး အတွင်းရေး


မလေးရှားနိုင်ငံ မြန်မာသံရုံး အတွင်း မသမာ စီးပွားရေးဈေးကွက်နှင့် စီးပွားရှာသူများ

မလေးရှားနိုင်ငံမှာ မြန်မာပြည်မှ တရားဝင်အလုပ်သမား မြောက်များစွာလာရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။ ပုံမှန်အားဖြင့် လုပ်အားခ တစ်နေ့  ရင်းဂစ် ၁၈ မှ ၂၀ သာရရှိပြီး Overtime အချိန်ပိုလုပ်အားခကို အဓိက အားထားနေရပြီး တစ်လကို ရင်းဂစ် ၉၀၀၊ ၁၀၀၀ လောက်ရလျှင် အတော်လေး အဆင်ပြေသော အလုပ်လို့ ပြောလို့ ရပါတယ်။ အဲဒီ ၉၀၀-၁၀၀၀ ထဲကမှ လဲဗီးကြေး တစ်လကို ၁၅၀-၂၀၀ လောက်နုတ်ရပါသေးတယ်။ ပြီးတော့ နေ့ စဉ်စားသောက်စရိတ် ချိုးခြံချွေတာစားမယ်ဆိုလျှင် တစ်လကို ၁၅၀-၂၀၀လောက်တော့ ကုန်ပါတယ်။

ဒါတောင် ဆေးလိပ်၊ ကွမ်းယာ၊ အခြေခံလိုအပ်သော ပစ္စည်းအသေးအမွှား ၀ယ်ယူစရိတ်၊ ခရီးသွားလာစရိတ် စသဖြင့် နုတ်လိုက်လျှင် တစ်လအသားတင် လစာမှာ ၅၀၀-၆၀၀ ၀န်းကျင်လောက်သာ ကျန်နိုင်ပါတယ်။ ထိုကဲ့သို့ အဆင်မပြေသော အလုပ်သမားများဘ၀ကို မစာနာပဲ ခေါင်းပုံဖြတ် မသမာစီးပွားရှာနေသောသူများ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအတွင်း၌ ရှိနေကြောင်း သံရုံးအား လေ့လာစောင့်ကြည့်နေသူတစ်ဦးမှ သတင်းပေးပို့ ခဲ့ပါတယ်။ သံရုံးအတွင်း၌ဖြစ်ပေါ်နေသော မသမာစီးပွားရေးသမားတစ်စုမှာ မြန်မာနိုင်ငံကူးလက်မှတ်ကို သံရုံးကောင်တာ၌ သက်တမ်း တိုးမည်ဆိုလျှင် ပုံမှန်အားဖြင့် မနက်တင် ညနေလောက်မှ ရပြီး အဆိုပါ သံရုံးအတွင်း၌ မသမာစီးပွားရှာသူများ(ပွဲစားများ)ထံ၌ မိနစ် ၂၀ အတွင်း ရရှိနိုင်ပါတယ်။ သို့ သော် ထိုသူများအား တစ်ယောက်လျှင် ရင်းဂစ် ၅၀သာ ပိုပေးရပါတယ်။

ဒါ့အပြင် ၀င်ငွေခွန် မပေးဆောင်ပဲ သက်တမ်းတိုးမည်ဆိုလျှင် ပွဲစားအား သက်တမ်းတိုးကြေး ရင်းဂစ် ၄၀၀ ပိုပေးလိုက်ရုံပါပဲ။
တရားဝင်သက်တမ်းတိုးကြေးမှာ ရင်းဂစ် ၆၀၀ဖြစ်၍ ပွဲစားကို ၄၀၀ ပိုပေးပြီး ရင်းဂစ် ၁၀၀၀ ဖြင့် ၀င်ငွေခွန်ဆောင်ရန်မလို သက်တမ်းတိုးပြီးသား စာအုပ်ကို ရရှိနိုင်ပါတယ်။ အကယ်၍ Passport စာအုပ်ပျောက်ဆုံးလို့ အသစ်ပြန်လျှောက်မည်ဆိုပါက ရင်းဂစ် ၁၅၀-၂၀၀ ပေးရပါမည်။ စာအုပ်ပျောက်ဆုံးလျှောက်ထားချိန်၌ နေထိုင်ရန် သံရုံးမှ ထောက်ခံစာထုတ်မည်ဆိုလျှင် တစ်ယောက်၊ တစ်စောင်လျှင် ၅၀ပေးရပါတယ်။ ထို့ အပြင် စာအုပ်စာမျက်နှာကုန်ဆုံး၍ စာအုပ်အသစ်လျှောက်လျှင် ၁ပတ်မှ ၂ပတ်အထိကြာမြင့်တတ်ပါတယ်။ ဒါပေမဲ့ ပွဲစားများထံတွင် နေ့ ချင်းပြီး ရရှိနိုင်၍ မလေးရင်းဂစ် ၇၀၀ တိတိ ပိုပေးရပါတယ်။
သာမန်အားဖြင့် စာအုပ်အသစ်တစ်အုပ်လျှင် ရင်းဂစ် ၁၂၀၀ ဟု သတ်မှတ်ထားသဖြင့် ပွဲစားများအား စာအုပ်အမြန်ရလိုသူများက ရင်းဂစ် ၁၉၀၀ ပေးလိုက်ခြင်းဖြင့် နေ့ တွင်းချင်း ရရှိနိုင်ပါတယ်။

ထိုကဲ့သို့ ကိစ္စအ၀၀ မြောက်များစွာ အစုံအလင်ကို မလေးရှားရှိ မြန်မာသံရုံးကောင်တာတွင်တမျိုး အဆိုပါ ပွဲစားများတွင်တမျိုး နှစ်မျိုးဖြစ်နေရခြင်းမှာ ဘာကြောင့်ဖြစ်နေသလဲဆိုတာ လူတိုင်းတွေးဆကြည့်နိုင်ပါလိမ့်မည်။ ထိုကိစ္စများကို ဆောင်ရွက်ပေးနေသော သူများ၏ အမည်များကို အတိအကျ ဖော်ပြပေးလိုက်ပါတယ်။ ထိုပွဲစားများမှာ သန်းနိုင်၊ မင်းအောင်၊ ထွန်းထွန်း၊ တင်အောင်မိုး၊ အောင်မြတ်၊ တင်စိုး၊ ထွန်းခိုင်တို့ ဖြစ်ကြပါတယ်။ ဒီအဖြစ်အပျက်များမှာ သပုပ်လေလွင့် အပုတ်ချပြောဆိုခြင်းမဟုတ်ပါ။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းမျိုး လုံးဝမဟုတ်ပါ။ အရုပ်ဆိုး အကျည်းတန်လှတဲ့ ကိစ္စများ သံရုံးကောင်တာအတွင်း၌ ဖြစ်ပေါ်နေခြင်းကို သံရုံးအကြီးအကဲများ မသိနိုင်စရာ မရှိဟု ယုံကြည်ပါတယ်။ သံရုံးရောက်ဖူးသူတိုင်းလဲ သိကြပါတယ်။ ဒါ့အပြင် ထိုပွဲစားများမှာ နေ့ စဉ်ကိစ္စအ၀၀ကို လာရောက်ဆောင်ရွက်ကြသူများနှင့် စကားမပြောခြင်လဲ အတင်းဝင်ရောပြောဆိုပြီး အလုပ်ကိစ္စများကို ဖျားရောင်းသွေးဆောင်ပြီး "ဆောင်ရွက်ပေးမယ်။ ဘယ်လောက်ကျမယ်။ သူတို့ ကိုမယုံလျှင် အမြဲလာခဲ့ပါ ဒီသံရုံးထဲမှာ အမြဲရှိတယ်"လို့ ပြောပါသေးတယ်။ ဘာကြောင့်များ စီးပွားရှာသူတွေကို ဒီလိုမြန်မာသံရုံးမှာ တွေ့ နေရတာ စဉ်းစားစရာပါ။ ထိုကိစ္စရပ်များနှင့် ဆက်စပ်မည် ထင်သော သတင်းတစ်ခုပါ သိစေချင်ပါတယ်။

မြန်မာအလုပ်သမားပေါင်း ၃၀၀ကျော် ရှိသော Outsourcing Company တခုမှာ အခြားသော Company များသို့ အလုပ်သမား အငှားချပေးထားသော အလုပ်သမားများထဲမှ စာအုပ်သက်တမ်းတိုးဖို့ လိုလျှင် အဆိုပါ Outsourcing Company မှ အလုပ်သမားများကို သံရုံးသို့ လိုက်စရာမလိုပဲ သံရုံးသို့ ပေးဆောင်ရမည့် တရားဝင်သက်တမ်းတိုးကြေးအပြင် ၀န်ဆောင်ခအတွက် ရင်းဂစ် ၃၀၀ လစာထဲမှ ဖြတ်တောက်ခြင်းခံရကြောင်းသိရပါတယ်။ ဘာကြောင့်အဖြတ်ခံရတာလဲ ရင်းဂစ် ၃၀၀ ကြီးများတောင်လို့ မေးတဲ့အခါ သံရုံးကောင်တာမှ လူမပါလျှင် ကိုယ်စားလာလုပ်လို့ မရဘူးလို့ မင်းတို့ သံရုံးက ပြောကြောင်း ဒါပေမဲ့ သူတို့ သံရုံးထဲမှာရှိသော ပွဲစားများနှင့် လုပ်လျှင်ရကြောင်း၊ ထိုပွဲစားကိုလဲ ပေးရကြောင်း၊ ကျန်တာက ကားခ၊ လာရောက်ဆောင်ရွက်ခ စုစုပေါင်း တစ်ယောက်ကို ရင်းဂစ် ၃၀၀ ပေးရကြောင်း ထိုကုပ္မဏီမှ လိုက်လံဆောင်ရွက်ပေးသူ မလေးတရုတ်က ပြောသွားပါတယ်ဟု သိရှိရပါတယ်။

ပြည်သူများ အကျိုးဆောင်ရွက်ရန် ဖွင့်လှစ်ထားသော သံရုံးအတွင်း၌ အဆင်မပြေလှသော ဘ၀များဖြင့်နေထိုင်နေရသော မြန်မာပြည်သားအလုပ်သမားများ အပေါ်၌ မသမာသောနည်းလမ်းများဖြင့် စီးပွားရှာနေသောသူများကို သံရုံးအတွင်းရှိ အကြီးအကဲများမည်သည့် အကြောင်းနှင့် မျက်စိစုံမှိတ်ငြိမ်နေကြပါသလဲ။ စဉ်းစားစရာ အလွန်ကောင်းလှပါတယ်။ အကြီးအကဲများကိုယ်တိုင် ဆောင်ရွက်လျှင် နာမည်ပျက်မှာ စိုး၍ ထိုပွဲစားများမှာ သံရုံးရှိအကြီးအကဲများ၏ ပြယုဂ်သာ ဖြစ်နိုင်ကြောင်း။ ထို့ အပြင် သက်တမ်းတိုးလျှင် ၅၀၊ ပျောက်ဆုံးလျှင် ၁၅၀၊ စာအုပ်အမြန်ထုတ် ၅၀၀၊ အခွန်မဆောင်လိုလျှင် ၁၀၀၀ စသဖြင့် ဈေးနှုန်းများ အတိအကျရှိခြင်း၊ ပုံမှန်အားဖြင့် ရုံးအတွင်းတွင် ထိုကဲ့သို့ အတိအလင်း ဆောင်ရွက်နေခြင်းမှာ သံရုံးရှိ အကြီးအကဲများ မသိနိုင်စရာမရှိခြင်း၊ ၀န်ထမ်းများက အခြားသော ပွဲစားများ (ပြင်ပမှ) လာရောက်ဆောင်ရွက်ပေးလျှင် ပွဲစားလက်မခံဘူးဟု ပြောဆိုမောင်းထုတ်သော်လည်း ရုံးအတွင်းရှိ ပွဲစားများမှာ မည်သည့်ကိစ္စမဆို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်းများကို မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အဖြစ်အပျက်မှန်များကို အများပြည်သူ သိရှိစေချင်တဲ့ ဆန္ဒအမှန်ဖြင့် သံရုံးသို့ တစေ့တစောင်းလေ့လာမိသူတစ်ဦးမှ အမှန်ကို ဖော်ထုတ်လိုက်ပါတယ်။

မလေးရှားမြန်မာ သံရုံးအကြောင်းလေ့လာနေသူ တစ်ဦး (မလေးရှား)


Type the rest of your post here.

Wednesday, May 20, 2009

Tetris Bloggers ဘလော့ အဖျက်သများများသို့ 


အဖျက်သမား ဘလော့ ဂါ များလော ..သို့ မဟုတ်.....

မေလ ၁၈ ရက်နေ့ က စ၍ တော်လှန်ရေး ဘလော့ များစွာတို့ ၏ စိဘောက်များ ( ဥပမာ ကို
ဖိုးတရုတ် ၊ ကနေဒါ မြန်မာ ၊ ရဲ ၀င့် သူ ၊ တာတာ့ စိတ်ကူး စသည် များ ) သို့  မြန်မာ ဘ
လော င်္ဂဂါ ဟူ၍ ဖေါ်ပြပါ IP Address များ ကို အ သုံးပြု ကာ IP 61.19.65.245 နှင့် 
IP 61.19.65.92 ပေါ် တင် လိုက်လံ ဆဲရေး တိုင်းထွာ ရန်စ ခြင်းများ လုပ်လျှက်ရှိပါသည် ။
ထိုသူ များ၏ အဆင့် အတန်း နှင့် ဘယ်နိုင်ငံတွင် ဘယ်သို့ သော အလုပ်မျိုးများကို လုပ်ကိုင်
စားသောက်နေသည် ကို ကျွန်တော် မ
သိချင်ပါ ။ သူတို့ ၏ ဘလော့ စီဘောက်သို့ ကျွန်တော် လိုက် သွား၍ လွတ်လပ်စွာ ရေး သား
ပြောဆိုခွင့် ကို မနှောက်ယှက်ပါရန် ၊ မိမိယုံကြည်ရာ လမ်းကြောင်းကို မိမိဖါသာ သွား ကြ ပါ
ရန် သတိပေး ပါသော်လည်း နုတ်ကြမ်းတော့ အမိ ၊ ကိုယ်ကြမ်းတော့ အဖ ဆိုသည့် အတိုင်း
ပိုမို ရိုင်းပြစွာ လာရောက်ဆဲရေး တိုင်တာသည် အထိဖြစ်လာခဲ့ ပါသည် ။
ကျွန်တော် ၏ အချီန်ကို ထိုသူများအတွက် မပေးနိုင် သလို ၊ ကျွန်တော်တို့ ၏ တော်လှန် ရေး
အာရုံကို လည်း ထိုကြံ့ ဖွတ် ၊ စွမ်းအားရှင်စသည်တို့ နှင့် တန်းတူသော လက် ကိုင်တုတ် များ
ဆီသို့  လမ်းကြောင်း မပြောင်းနိုင်ပါ ။ တော်လှန်ရေး မျက်ချေ ပြတ်ခံနိင်ပါ ။ ခွေးဟောင်တိုင်း
ထမကြည့် လိုသော်လည်း နောက်နောင် အိပ်ရေးမပျက်စေရန် သူတို့ ၏ IP Address များကို
ဘန်း လိုက်ပါ သည် ။ ကွန်ပြူ တာ ဘယ် နှစ်နေရာ သုံး၍ ထိုအကျိုးမရှိသည့် အောက် တန်း
ကျသည့် ၊ ပေါကြောင်ကြောင်နိုင်သည့် ၊ ယောင်္ကျားမဆန်သည့် ၊ သူရဲ ဘော ကြောင် သည့် 
အလုပ်မျိုးကို ဆက်လက်လုပ်ကြမည် မသိပါ ။
Gmail မှ ဖုန်း ထဲ မှ တိုက်ရိုက် စကားပြောရန် ဆွေးနွေးရန် စိန်ခေါ်ခြင်းကို လည်း သူတို့ မိမိ
ကို မိမိ ယုံကြည်ဟန် မတူပါ ။ ဤစာကိုသူတို့ ဖတ်နေသောအချိန်တွင်သူတို့ အချင်းချင်းကြား
၌ ရှက်နေကြမည် ၊ ဒေါကန်နေကြမည် ကို ကျွန်တော်ခန့် မှန်းမိပါသည် အရင်ကလည်း ဒီလို
ဟာမျိုး အခြား ဘလော့ များတွင် စီဘောက်များတွင် သူတို့ လုပ်ဘူးကြပါသည် ။ သူတို့ ကိုအ
ဖက်လုပ်၍ ဘယ် သူမှ မပြောသောအခါတွင် ငြိမ်ကျသွား ကြရာမှ ယခု ဒေါ် အောင်ဆန်း စု
ကြည် ကိစ္စပေါ်လာသောအခါ ထိုသူတို့ သွေး ရူးသွေးတန်းဖြစ်ကာ နေမထိထိုင်မသာ ဖြစ်ကာ
လုပ်မိလုပ်ရာ ကြံရာ မရ ပဲတွေ့ ရာသိရာ မိမိ နှင့် မှီရာ များ ထလုပ်ကြပြန်ပါသည်။ သို့ မဟုတ်
Attentions လိုချင်နေကြသူများလော ..။
သူတို့ IP Address များ အရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့  Krung Thep Mahanakh ဒေ သ မှ
ဖြစ်ပြီး Longitute 100.5170 နှင့်  Latitude 13.7500 အတွင်းရှိပြီး City ID 4815 ဇုန်မှဖြစ်ပါ
သည် အကယ်၍ Spam Relay နည်းဖြင့်  IP address အတု မှ ထွက်လာသည်ဆိုလျှင်လည်း
California နှင့် New Jersey တို့ တွင်အခြေစိုက်သောInternational Email Abuse Agency
နှင့်  Spy Service providing Network များသို့ လည်းသတင်း ပို့ ထားပြီး ဖြစ်ပါသည် အပြင်
အာရှဒေသဆိုင်ရာ ဆိုက်ပန် ကျွန်ပေါ် ရှိ ASNA စခန်း သို့ လည်း အီးမေးပို့ ထာပါသည်။
http://1001burmese.blogspot.com/ ထို ဖေါ်ပြပါ ၄င်းတို့ ၏ ဘလော တွင် ရေးချင်သူ
ဘာရေး ရေး ဖတ်ချင်သူများ ဘာဖတ်ဖတ်ကျွန်တော်တို့ စိတ်မ၀င်စား မနှောက်ရှက်လိုပါ ဘ
လော့ တခု စတင် တည်ဆောက်စဉ် ဘယ်လို စည်းကမ်းချက်များလိုက်နာရမည်ကိုထိုသူတို့
့နားမလည် ကြပြီလော၊ သူတို့ ၏ ဘလော့ အကြောင်း ကို NWA ဌါနချုပ်ကိုသတင်းပို့ သူ မ
ရှိသေးသည်လော တော့ မသိပါ။
International Email Account များ Blobs အကောင့် များ ဖွင့် ရာတွင် သက်ဆိုင်ရာ လိုက်နာ
ရမည့် စည်းမျဉ်း စည်းကမ်းများကို ထိုသူတို့ သတိမပြုမိကြပြီလော မသိပါ ၊
ကျွန်တော်သည် မြန်မာခြင်း ဆွေးနွေးရန် ၀န် လေးသူ မဟုတ်ရပါ ၊ ကျွန်တော်သည် ဂျဏီ
ဗာ ကုလသမဂ္ဂ အစည်းအဝေးများတွင် ၄င်း ဂျာမဏီ NGOs ပွဲများတွင် ၄င်း မြန်မာအစိုးရ
အဆင့် မြင့် သန်တမန်များနှင့်  ပင် တွေ့ ဆုံ စကားပြော ဆွေးနွေးခြင်းဉ် ပြည်ပရောက် မြန်
မာ အချင်းချင်း အေးဆေးဖေါ်ရွှေစွာ တွေ့ ဆုံနိုင်သည့် အပြင် ယနေ့ တိုင်လည်း က မေ ရိ
ကား ၊ အင်္ဂလန် တို့ မှ မိတ်ဆွေဟောင်း များထဲတွင် အမြင်မတူသူများ စွာ ရှိနေ ပြောဆို
ဆက်ဆံနေဆဲ လည်း ဖြစ်ပါသည် ။
သင်စိတ်ဆိုးပါသလားဟုမေးလာလျှင် ကျွန်တော်စိတ်မဆိုးပါ မိတ်ဆွေတိုးပွးရန်အလို့ ငှါ
ဖွင့် ထားပါသော ကျွန်တော်၏ စီဘောက်ထဲ သို့ သူတောင်းစား မှ အစ မအေ အထိအကြိမ်
ကြိမ် လာရောက်ဆဲသည်ကို ဖတ်ရသောအခါ ၊ ဆဲသူတို့ ၏ ဘလော့ ကိုပင် ဗျောင်ဖွင့် ထား
ပေသေးရာ အံ့ သြရပါသည် အင်း ငါ့ နဲ့ နော် ဘယ်လို လူတွေနဲ့ များလာတွေ့ နေရပါလိမ့် 
မြန်မာ အမျိုးသားခြင်းပဲ အယူအဆ အမြင် မတူစေဦးတော့  ထိုသို့ ပြု၇န်မသင့်ပါ အကယ်
ပင် ယုံကြည်ချက်ပြင်းထန်သူများဖြစ်၍ ဆွေးနွေးလိုပါလျှင်လည်း Gmail ဖုန်း စသည်တို့ 
မှ ရိုးသား ရဲ ၀န့် စွာ ဆွေးနွေးနိုင်ကြသည်ပဲ ၊ ကျွန်နော့် အမြင် မှားနေပါ က ကိုယ်ပိုင်လေ
ယဉ်ပျံ ဘိုး အကုန်ခံ ကာ အလင်းပြန်ဝင်ရန် ၀န်မလေးပါ သင် တို့ အမြင်မှားနေပါက လည်း
အမြင်ဖလှည်ခြင်းအတွက် ဗဟုသုတ ရနိုင်ပါသည် ၊ မိမိ အမြင်ရုံးသွားသည့် တိုင် ထိုအယူ
အဆကို ဆက်လက် ဆုတ်ကိုင်လို က ဆက်လက်ဆုတ်ကိုင်ထားနိုင်ကြသးသည် ၊။
အဘယ်အကျိုးမျှ မရှိသော ၍ ကလေးဆန် သော လုပ်ရပ်မျိုးကို ဘာကြောင့် များ ဘာရည်
ရွယ်ချက်နှင့် အချိန်ကုန်ခံ ၍ ကြိုးစားပန်းစား လိုက်လံ လုပ်ဆောင်နေကြရပါသနည်းဟု
သာ သြ ချယုံ မှ တပါး ပုဂိုလ်ရေး အရ မသိသောသူများဖြစ်နေပါသဖြင့်  စိတ်မဆိုးနိုင်ပါ။
ဒီမိုကရေစိနည်းလမ်းအရ လွတ်လပ်စွာတွေးခေါ်ရေး သားဖြန့် ဝေခြင်းကို ယုံကြည်ဝါသနာ
ပါသည့် အလျှောက် တွေ့ ဆုံဆွေးနွေး အဖြရှာရေး ငြိမ်းချမ်းစွာ အတူယဉ်တွဲ နေထိုင်ရေး ၊
တန်းတူ လေးစားအသိအမှတ်ပြုရေး စသည့်  ငြိမ်းချမ်းရေး နည်းဗျူဟာများကို လက်
ကိုင်ထားသူဖြစ်ရကား ပြန်ဆဲရန် စဉ်းတောင် မစဉ်းစားမိပါ ။
ထို့ ကြောင် ယနေ့ ထို ဘလော့ ကာ ပိုင်သူ များသို့ ကျွန်တော်ပြောလိုသည်မှာ အကယ်ပင်
ရိုးသားစွာ ယုံကြည်ချက်ပြင်းထန်လျှင် ကွဲလွဲသော အမြင်များရှိပါစေ ယဉ်ကျေး ပြင်းထန်
စွာ ဆွေးနွေးကြရန် ကျွန်တော်တို့ ၏ Gmail များသို့ ၎င်း ဖုန်း မှတဆင့် ၎င်း ဆက်သွယ်
ရန် အထူးဖိတ်ခေါ်လိုပါသည် ။

ကနေဒါ မှ မြန်မာ တစု ..


Type the rest of your post here.

Saturday, May 16, 2009

Who is Tay Za

Tay Za

From Wikipedia, the free encyclopedia

Jump to: navigation, search

Tay Za

တဇေ

Born 18 July 1967


Occupation Chairman, Htoo Trading

Tay Za (Burmese: တဇေ, also spelled Tayza or Teza) (born 18 July 1967)[1] is a Burmese business tycoon, and a close associate of the country's head, Than Shwe.

Contents [hide]

1 Business holdings

2 Relationship with the junta

3 Sanctions

4 References


 

[edit] Business holdings

His major business interests include Htoo Holdings and Air Bagan, the country's first and only fully privately-owned airline.[2] In 2006/2007 Htoo Trading, a division of Htoo Holdings involved in teak log exports, was Burma's top private exporter and fifth largest overall, with gross revenues of $65.1 million.[3] His son, Thiha Zaw, recently bought the London Cigarette Company, a large cigarette maker in Burma, and is believed to control the tobacco industry.[2]

Other activities include construction, tourism, infrastructure projects, and mobile phone services. He maintains close relations with the military leadership - a son of key junta member General Thura Shwe Mann serves on the board of Htoo Trading, and his Myanmar Avia Export, Burma’s sole representative of Russia’s Export Military Industrial Group and of the Russian helicopter company Rostvertol,[ 4] was instrumental in the junta’s 2002 purchase of advanced MiG-29 fighters for US$130 million.[5][ 2]

 

[edit] Relationship with the junta

Sean Turnell, an economics professor at Australia's Macquarie University who specializes in Myanmar, calls Tay Za "easily the most flamboyant of the tycoons that Burma has produced".[6] According to Thailand-based opposition sources, he and former drug baron Lo Hsing Han paid for the $300,000 wedding of the daughter of Senior-General Than Shwe in 2006, and he is reported to be romantically involved with another daughter.[7] Than Shwe's family frequently stay at a Tay Za-owned resort at Ngwe Saung on Burma's northwest coast,[8] and he is reported to act as a business agent for the family in Singapore.[4]

Tay Za is reported to be in the process of establishing an art museum in Rangoon and is reported to be buying paintings by contemporary Burmese artists through a US citizen (to avoid US sanctions). The art museum will be on Kaba Aye Pagoda Road near Inya Lake in Rangoon.[9]

 

[edit] Sanctions

In 2007, following protests against the junta on the streets of many cities in Burma, the United States government imposed sanctions against Tay Za and the companies he controls including Htoo Trading and Air Bagan.[10][11]

 

[edit] References

^ Jay Solomon and James Hookway (2007-10-24) . "U.S. Focuses on Myanmar Tycoon". The Wall Street Journal. http://online. wsj.com/article/ SB11931666891716 8700.html?.

^ a b c Money Men. The Irrawaddy. September 2008. http://www.irrawadd y.org/article. php?art_id= 14151.

^ Ye Lwin and Kyaw Thu (4-10 June 2007). Govt dominates foreign trade as gas sales pump up exports. The Myanmar Times. http://www.mmtimes. com/no369/ b004.htm.

^ a b Wai Moe (2007-10-23) . "Tay Za Grounded". The Irrawaddy. http://www.irrawadd y.org/article. php?art_id= 9085.

^ Peter Beaumont and Alex Duval Smith (2007-10-7). "Drugs and astrology: how 'Bulldog' wields power". The Guardian. http://www.guardian .co.uk/world/ 2007/oct/ 07/burma. peterbeaumont.

^ "Tay Za: Junta links prove lucrative for Myanmar tycoon". The Strait Times. 5 May 2008. http://www.straitst imes.com/ print/Latest+ News/Asia/ STIStory_ 234209.html.

^ "Than Shwe Watch". The Irrawaddy. 2008-12-08. http://www.irrawadd y.org/article. php?art_id= 5597&page=6.

^ Cathy Scott-Clark and Adrian Levy (24 May 2008). "At home with the general". Mail and Guardian. http://www.mg. co.za/article/ 2008-05-24- at-home-with- the-general.

^ Tay Za, the Artful Dodger, The Irrawaddy, December 2008, pp. 11 ^ Executive Order: Blocking Property and Prohibiting Certain Transactions Related to Burma ^ "HP-807: Treasury Action Targets Financial Network of Burmese Tycoon and Regime Henchman Tay Za". US Department of Treasury. 2008-02-05. http://www.ustreas. gov/press/ releases/ hp807.htm.

Retrieved from "http://en.wikipedia .org/wiki/ Tay_Za"


Bush Gulati

62 Summerhill Avenue
Toronto, ON M4T 1A8
Canada




Global Action day - Rally in Toronto for Burma's democracy icon Aung San Suu Kyi


Nobel Peace Prize recipient Daw Aung San Suu Kyi is Burma’s most celebrated and beloved person in the struggle for democratic governance in Burma. She has been under house arrest continuously since May 2003 and for a total of more than 13 of the past 19 years.

The release from her house arrest was due on the 27th of May. However, on May 13, Daw Suu and her two female caregivers were detained after an incident when an American national allegedly swam across Inya Lake and stayed at her house for two days. Aung San Suu Kyi has been charged under the regime’s Law Safeguarding the State from the Dangers of Subversive Elements and is being held in the notorious Insein Prison. Her trial is scheduled for May 18.


Her health has deteriorated recently, and due to the tight restrictions of her detention, she has often been denied access to her doctor, who was arrested last Thursday at the time of his monthly visit.

Burmese democracy movements and supporters around the globe are planning a ‘Global Day of Action’ scheduled on May 18, 2008 to demand her release and the release of all political prisoners in Burma.

In Canada, we will show our deepest concern for her well-being and our strong solidarity with her in a ‘Global Day of Action’ on Monday, May 18, 2008, by holding protests in Toronto, Ottawa and Vancouver.

We request all freedom loving Canadians to join us in our action in support of Aung San Suu Kyi and freedom and democracy in Burma.

The event in Toronto:

Date: Monday, May 18, 2009

Time: 1:30 pm

Place: Queen’s Park (in front of Ontario Provincial Legislative Building)

Contact Persons:


Zaw Wai Kyaw, phone: 416 358 2318

Aung Tin, phone: 647 343 7871

Timothy Zaw, phone: 416 735 4128