Thursday, October 4, 2012
သြော်.. သူမှ မသိရှာပဲ ကိုး..
Sunday, April 15, 2012
နန်းအောင်ထွေးကြည် ၏ နလုံးသားပဲ့ တင်သံ
Saturday, April 7, 2012
Tuesday, November 16, 2010
မင်္ဂလာပြည့်တဲ့ ၂၀၁၀ နံနက်ခင်း

မျှော်လင့်ချက်ရောင်ခြည်ကိုနမ်းဖို့ 
“စု” လာရာလမ်းဆီမှန်း
စုလာကြတဲ့ ပြည်သူ
ပုရွက်အုံပမာ
အရွယ်(၃)ပါးနဲ့ အတူ
ဘုန်းဘုန်းတွေလည်းပါရဲ့ ။
I love SU တဲ့
ရင်တွင်းချစ်ခြင်းပြည့်လျှံ
ရင်ဘတ်ပေါ်လည်း
“စု နှင့်အတူ ” စာတမ်းတူနဲ
တူညီဝတ်ဆင်
ကျန်းမာစေကြောင်း ဟစ်အော်သံတွေ
မင်္ဂလာအပြည့်ဝဆုံး မနက်ခင်းလေးပါ။
သူမဟာ
ကိုကျော်သူလက်ရာပန်းချီထဲက
ဥပမာပြု ပစ်တိုင်းထောင်ဖြစ်တယ်။
သူမဟာ
ကိုမျိုး ပုံရိပ်ပြသလို
ပန်းပန်လျှက် ဗေဒါပင်ဖြစ်တယ်။
သူမာဟာ
အိုဘာမား ချီးကျူးသလို
ငါတို့ အားလုံးရဲ့  သူရဲကောင်းဖြစ်တယ်။
သူမဟာ
ပြည်တွင်း တွင်မက
ပြည်ပရောက် နိုင်ငံမဲ့တွေအတွက်
အလင်း ခွန်အားဖြစ်တယ်။
သူမပြောတဲ့စကား
ပြည်သူမပါ
ဘယ်အရာမ
ပြီးပြည့် အောင်မြင်မှာမဟုတ်တဲ့ 
ဒီမိုကရေစီပန်းတိုင်လမ်းကို
အားလုံး အတူတူဖောက်ကြမယ်
အားလုံး အတူတူခင်းကြမယ်
အားလုံး အတူတူလျှောက်ကြမယ်
ပြည်သူတွေကနေ ပြည်သူတွေအတွက်
ပြည်သူတို့ ရဲ့  ဒီမိုကရေစီပုံရိပ်ကြီးတခုကို
မြန်မာနိုင်ငံတင်မက တကမ္ဘာလုံးဆီ တိုးသွားချင်သတဲ့ ။
သူမကတော့
ရင်ဘတ်ကိုဖွင့်
အားလုံးကို လက်ကမ်းကြိုဆိုလိုက်ပါပြီ
ကဲ -------
ကျနော်တို့ 
သူမနဲ့ အတူ
တကယ် အလုပ်လုပ်ကြဖို့ 
လက်ရုံးအားကို များများထုတ်
ဝီရိယတွေ စိုက်ထုတ်ကြမယ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ 
စိတ်အင်အားများ
ကျနော်တို့ ဆီ “ကူး” စေ။
ကျနော်တို့ ဆီ “ဆူး” စေ။
မီဒီယာများမှ ကြည့်ရှုလိုက်ရသည့် မြင်ကွင်းလေးအား ခံစားရေးပါသည်။
ဖိုးဇီဝ
(နိုဝင်ဘာ ၁၄။ ၂၀၁၀)
Type your summary here.Type the rest of your post here.
Monday, July 12, 2010
ငြိမ်းချမ်းရေးအသိတရား ခင်ဗျားတို့မှာ ရှိဖို့လိုပြီ
Type your summary here.Type the rest of your post here.
Friday, July 9, 2010
"ကျောင်းသားအတ္ထုပ္ပတိ"
(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်
အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံ ငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ရင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။
(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချိုင်းမြေမှာ
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်...
မင်းအတွက်...
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ် မလုံလောက်မှု
ဖောင်တိန် မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်…
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစဉ်ကို ထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။
(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်...
“အမျိုး ဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ယဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။
“ကောင်းမွန်စွာ
သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘ၀အဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် ... ။
(၄)
အိမ်ထရံမှာ
တခါတခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ် သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမဲ့ ...
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..
ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားရင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံဝေ
မင်းရောက်ရာအရပ်က ကြားပါစေ...
စစ်ခွေးတွေက ဒီလိုတစစီ ဖြိုဖျက်ခဲ့ကြတာ
(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်းစေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဘက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
သြော်..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်.... ။ ။
ရွှေဘုန်းလူ
__._,_.___
Type your summary here.Type the rest of your post here.
Sunday, June 20, 2010
Tuesday, June 15, 2010
လူနွား
လူနွား
မှန်သလား မှားသလား
ခွဲခြားမသိ ရှိသည့် ခွန်အား
ကြီးသော်ငြားလည်း
နဖါးကျိုး လစာ တာဝန် တံပိုး
ရိုကျိုး သခင့် ထံ နှင်တံ အမိန့် 
တံဆိပ် ချူ ဆွဲ ခိုင်းလည်းကောင်းအောင်
ဖေ့ သားမောင်ရေ..ကောက်ရိုး တွေစား
မင့် ခွန့် အား မှ စပါး ဆန် တို့ သူ ယူ၏ ။ ။
............ ( စိုးမိုးသူ )
Tuesday, May 11, 2010
ရှစ်ဆယ် ရှစ် မျိုးဆက်များ
မော်ကွန်းမဲ့ သွေး
မော်ကွန်းမဲ့ သွေး
ရေးထိုးဖွင့် လှစ်
ရှစ် ဆယ့် ရှစ် လော ။
သွေးမဲ့ မော်ကွန်း
ရည်ညွန်းဖွဲ့ ဆို
ပန်းတွေကိုလော ။
မှောင်သော အရိပ်
တိတ် တ ဆိပ် ဉ်
ကြိတ်ကြိတ်ပြောက်သွား
ပန်းပွင့် များကို
မှတ်သားဂုဏ်ပြုကြစေလော ။ ။
Tuesday, April 20, 2010
တော်လှန်ရေးဆိုတာ အာဏာရှင်လေးတွေမွေးဖွါးပေးနေတာ မဟုတ်


http://88daun88.blogspot.com/ ............................. http://tayzathura.blogspot.com/
ကျွန်တော် ၏ ကဗျာများကို အထက်ပါ ဘလော့များမှပြန်လည် ကူးယူဖေါ်ပြပါသည် ( ကဗျာကို ထပ်ဆင့် ဖြန့် ဝေ ပေးသည့် အတွက်ထိုဘလော့ ပိုင်ရှင်များအား လည်း ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်လိုပါသည် ။ )
CanadaMyanmar
Type the rest of your post here.
Thursday, April 1, 2010
လူနွား
လူနွား
မှန်သလား မှားသလား
ခွဲခြားမသိ ရှိသည့် ခွန်အား
ကြီးသော်ငြားလည်း
နဖါးကျိုး လစာ တာဝန် တံပိုး
ရိုကျိုး သခင့် ထံ နှင်တံ အမိန့် 
တံဆိပ် ချူ ဆွဲ ခိုင်းလည်းကောင်းအောင်
ဖေ့ သားမောင်ရေ..ကောက်ရိုး တွေစား
မင့် ခွန့် အား မှ စပါး ဆန် တို့ သူ ယူ၏ ။ ။
............ ( စိုးမိုးသူ )
Type the rest of your post here.
Saturday, March 20, 2010
အေးစက်ပူလောင်နေတဲ့ည
အေးစက်ပူလောင်နေတဲ့ည
တိုးတိတ်ဆူညံ အသံနက်တွေ
Type the rest of your post here.
Monday, February 22, 2010
တောထဲမှာကျဆုံးသော ကျောင်းသားရဲဘော်များသို့ 

သံသယ ဘီလူး ....
( စိုးမိုးသူ )
ဟိုး...............
ရှေးရှေးတုန်းက ဒသနပြည်မှာ
တပ်စွစုံလင် ရှင်ဘုရင်နှင့် 
လုလင်မင်းသား မူးမတ်များစုံ
သင်းထုံ ပညာရှိ ပေါများဘိ၏...။
တိုင်းသူပြည်သား လူအများလည်း
တိုးပွားဆန်ရေ ဥစ္စာတွေနှင့် 
ဘုရင့် တိုင်းပြည်သာ ရာစည်ခိုက်....။
ယုတ်မာဘီလူး အသားစားကျုးဘို့ 
ပြည်သို့ ဝင်ရန် သူကြံသော်လည်း
စစ်ကဲတံခါး များပြားစောင့် ကြပ်
မြင့်မြတ်သည့် ဘုန်း စည်းရုံးမြဲ မြံ
ဝန်းကာရံသော် ၀င်ရန်မရ
ယုတ်စွအကြံ ကလိန်ဉာဏ်ဆင်၍
ရသေ့ ယောင်ဆောင်လျှက်နေလေ၏..။
မိုးသောက်နံနက် မြို့ ပြင်ထွက်၍
လယ်ထွက်ယာသွား အလုပ်များသော်
မသူတော်ရသေ့  လူတွေရှေ့ မှာ
ဆိတ်စွ ဣနြေ္ဒ တင်ပျင်ခွေထိုင်ကာ
ဘာဝနာတရား ပွားများနေ၏..။
ရွာသူရွာသား ကြည်ညိုပွား၍
များပြားလှူရှာ ၀တ်ပြုကာပင်
" အရှင်ဘုရား ကျွန်တော်များ၏
တည်ရှိပြည်ရွာ ကြွမြန်းပါ၍
ပျော်မွေ့ သီတင်းသုံးပါ ဖရား"..ဟု
လျှောက်ကြားလေသော်....။
မသူတော်ရသေ့  အကြံစေ့ ကာ
" ဒီမှာတကာ... ကြွလာချင်ပေမဲ့ 
သင်တို့ ပြည်မှာ လူယောင်ဆောင်ထား
ဘီလူးများရှိလို့  ကြွဘို့ မရဲ ဘူး
ဒကာ ကြီးတို့ ..".... တဲ့ .....။
ဤသို့ ဆိုသော် ထိုပြည်တော်တွင်
ပြည့် ရှင် ရွာသား လူအများတို့ 
ကြောက်ရွံ့ ထိတ်လန့်  သတင်းပြန့် ကာ
သူငါကြည့် ကြ သံသယ ဖြင့် 
စု ကြတီးတိုး ရွပိုးထိုး ကာ
ခြောက်ခြားလာ ၏....။
ညဖက်ဆိုလည်း မအိပ်ရဲ ပဲ
မဲ မဲ မြင်ရာ စိတ်ထင်ကာ ဖြင့် 
တူရာစု ကြ သံသယမှာ
ဖမ်းဆီးကာပင် ရွာအပြင်သို့ 
သတ်ပြီးပို့ ၏....။
ဘုရင်က အစ စန္ဒာလအထိ
ကြည့် ကြပြူးပြဲ ဘီလူးပဲထင်ရာ
တစ်ချို့ မှာလည်း ကံမွဲသည့် ဘုန်း
လူတွေမုန်းလို့ စုဂုံးချောကာ
သန်ပြန်ပါရော.......။
ရွာအပြင်ပို့  အလောင်းတို့ ကို
ဆို့ မျို ပျော်ပါး အောင်သွားသူ့ အကြံ
သူထပ်မံလို့ " ဒကာတို့ ပြည်မှာ
နောက်ထပ်ရှာဦး လူ့ ဘီးလူး တို့ 
ကျန်သေး၏.." .....တဲ့ .....။
သာစွပြည်မှာ ခြောက်ခြားလာပြီ
မစည်မကား ကုန်သည်များလည်း
ရဲရဲမလာဝံ့  တချို့ စွန့် သွား
မင်းသားပညာရှိ သာသည့် တိုင်းပြည်
ပြောင်းရွေ့ လေ ပြီ.......။
တိုင်းပြည်မှာလည်း သူ့ မဲ ငါ့ မဲ
တူရာတွဲကာ အစိတ်စိတ်ကွဲပြား
ဂလဲ့ စားတန်ပြန် မူမမှန်ဖြတ်ထုံး
အမုန်းနောက်ဆုံးမှာ.....
တိုက်ကြပါရော အချင်း ချင်း...
သတ်ကြပါရော အချင်းချင်း....။
အင်း.................
တိုင်းပြည်လည်းပျက် ကျိုးပဲ့ကန်းတည်း
အဆိုးချည်းကျန်မှ သံသယဘီလူး ကုန်သွား၏..။
ထိုအခါမှကြွယ်ဝပရိယယ်
ဘီလူး တကယ် မှာ ဟင်္သာကိုးသောင်း
ပျက်စီကြောင်းဖြင့်  ဖြားယောင်းဇတ်ခင်း
သူသိမ်းသွင်း၏...။
လူတုံးလူအ ကျန်သမျှလည်း
ရင်ထဲနောင်တ ခုမှရကား....
" အသားစားဘီလူးသာ ရွာဝင်ပါလည်း
ရွာထဲ ဒီလောက်မပျက်စီးတဲ့ ..." ။
သံသယ ဘီလူး ပါ ရွာဝင်ကာမှ
ယုတ်စွအဆုံး ပြုတ်ပြုတ်ပြုန်း၍
ရွာလုံးကျွတ်မျှ နောင်တရ သည်...
ရိုးမ ပုံ ပြင်ပါ တကား....။ ။
( စိုးမိုးသူ )
( ကဗျာပုံပြင်ပြီး၏ ၁၉၉၂ )
( အဇ္ဈထ မဂ္ဂဇင်း မှ ...)
Type the rest of your post here.
Sunday, August 9, 2009
အလည်ကျ ခေါင်းဆောင်
ငကန်း သေတော့ 
င စွေ ပေါ် ၏ ။
ငကျော် ပြေး က
ငအေး လာ၏ ။ ။
ငပြာပြောင်း က
ငသောင်း ကျန်၏ ။
စိုးမိုးသူ..
Type the rest of your post here.
Friday, July 24, 2009
ခေါင်းဆောင်ဟုဆိုသူ တဦးအကြာင်း
စိုးမိုးသူ
• အ၀င် အထွက်
အတက်အဆင်း
အနင်း အကျော်
အလှော် အခတ်
အကြပ် အပွား
တပ်သွားပြီးနောက်
လူ တစ်ယောက်သည်
ရောက်သည့် နေရာ
သူဆရာ လုပ်
ရုတ်ရုတ် သဲ သဲ
ပွဲတိုင်းမြင်ရာ
သူ ၀င်ပါလျှက်
တက်တက်ကြွကြွ
ဟန်ရေး ပြ၍
လှ ပ အပြုံး
လူတွေ သုံးကာ
အုံးအုံး ကျွက်ကျွက် ညံသတည်း ။ ။
စိုး မိုး သူ ( ၂၁ နှစ်မြောက် ရှစ်လေးလုံး အမှတ်တရ )
Tuesday, July 7, 2009
VOICE FROM THE DARK EARTH
• The world is rounding
on its pole…..
• But some parts were
dark forever….
• They are trying to dawn..
• If you love human rights…
• If you like rightness….
• If you have sympathy
for the oppressed ….
• If you have compassion….
for these humans in darkness.
• Give a voice to
freedom from fear…
Type the rest of your post here.
Sunday, June 28, 2009
7 July
စိုးမိုးသူ
မိုး...................
အညိုး နှင့် ရွာလာ
အပြာရောင်ကောင်းကင်
ဖိတ်စင်လွင့်ပြောက်
မိုးပေါက်မျက်ရည်
လေပြင်းထန်ခိုက်
အသဲတိုက်ပြောက်ဆုံး
နှလုံးသားကြေမွ
ကြွေကျရွက်နု
အချစ်ထူပျိုကွဲ
ရင်ထဲစူးနစ်
ဆက်မချစ်နိုင်
မျက်ရည်အိုင်ဘေး
လွမ်းတေးသီဆို
လွမ်းသလိုပေါ့ 
မိမိုးကိုတော့...ဒို့ ......
စိတ်နာတယ်.......။ ။
ဇွန်လ ၂၀ရက် ၁၉၈၈ ( RASU ) သက်သက်မဲ့ မိုးစီးရီးမှ
ထိုစဉ်က တက္ကသိုလ်၊ကောလိပ်ကျောင်းများတွင် ၇ ဇူလိုင် ၀ိညာဉ် ကိန်းအောင်းနေ
ကြသော်လည်း ဗျောင် တည့် တည့် ရေးဖွဲ့ စပ်ဆို ရဲ ခြင်း မရှိခဲ့ ကြပါ ။ မဆလ ခေတ်
တွင် မိုး = စစ်အစိုးရ အဖြစ် သွယ်ဝိုက် ၍ အချစ် ကဗျာ ပုံသန်တန်မျိုးဖြင့် လက်ကမ်း
စာစောင်များတွင် ဖရောင်းဖေါက် စက်ဖြင့် ပုံနိပ်ကာ ရေးသားဖြန့် ဝေခဲ့ ကြရပါသည် ၊
တော်လှန်ရေး ၀ိညာဉ်ကိန်းအောင်းနေခဲ့ မှန်း မိမိကိုမိမိပင် မသိခဲ့ ကြပါ ။
မိုး = တပါတီ အာဏာရှင် အစိုး ရ
အညှိုးနှင့်  = ကျေင်းသားများကို အညှိးထားသော ပညာတပ်လူငယ်များကို တန်ဖိုးမထားသော
အပြာရောင်ကောင်းကင် = မြင့် မားသော လူငယ်များ
လေပြင်းထန်ခိုက် = စစ် အမိန့် အာဏာ ပေး သံ
အသဲတိုက် = ကျောင်းသာ သမဂ္ဂ အဆောက် အဦး
နှလုံးသာကျေမွ = ပြည်သူတို့ ၏ ရင်နှစ် သည်းချာများ
ကြွေကျ ရွက်နု = လူငယ်များ သေဆုံ ရခြင်း
အချစ်ထုပျိုကွဲ = ကျောင်းသားလူငယ်တို့ ၏ စည်းယုံ ခြင်းကို ဖျိုခွဲ
ရင်ထဲစူးနစ် = စစ်တပ် ၏ သေနပ် ကျဉ် ဆံ များ
စိုးမိုးသူ..
UDYL ( Party ) Statement
on Seven July
( historic day of Burma )
July 7 is the historic day on the page of Burma history on which the students bravely pioneered the struggle against the Burmese military dictatorship sacrificing their lives for the sake of the people. In other words, students as a whole, since this day, have been alerted to spearhead against militarism in Burma.
Military regime that came in power through military coup from democratic government and has been ruling the people under fear since March 2, 1962, has always restricted and intentionally crackdown the
every students and their activities that have always stand by the
people and fought against suppression of military dictatorship.
Adhering to the commitment of 7 July of the students in generation, today students of new generation have fought against
military regime and the popular uprising of 8.8.88 emerged. Having actively participated the old students of 1962, 1974 and 1976 as well as entire people of Burma in this uprising, it earned the international intention. It was also able to made the people aware widely of lack
of democracy and human rights under the military regime in Burma.
Furthermore, commitments to fighting against the military dictatorship were firmly developed.
No matter what kind of suppression they faced, we had to go on
fighting against military dictatorship with clear cut spirit.
We today all party and activists hand in hand with our old brother students have always been going on fighting, bearing in mind the spirit of 7 July, against military dictatorship in several means inclusive of underground and arm struggle.
We UDYL would seriously like to urge the activists in fighting
for democracy for Burma, bearing in mind the spirit of 7 July to rise our revolution highest disregarding the difficulties we encountered toward our victorious goal together with the people.
We go on fighting against military dictatorship for good that has always hindered democracy and human rights
We support and surround Daw Aung San Suu Kyi ( NLD ) who has been demanding political dialogue at all time so that national reconciliation can be found that is essential for genuine inter peace
* May the spirit of 7 July last
* Militarism must be failed
* Democracy struggle must be successful.
United Democratic Youth League ( Canada )
Date: July 7, 2009
Friday, June 19, 2009
မပျော်ဖြစ်ခဲ့ သော မွေးနေ့ များ

Unhappy Birthday in Prison
• Hero of Burma
sincere and brave..
• Daughter of Burma Hero
so that her duty carry on..
• Novel peace price winner
other side her life never peaceful...
true for Burma..
rightness for Burma..
Democracy for Burma..
• innocent leader in Prison
she can save Burma
who can save her...
http://www.lsuc.on.ca/latest-news/b/archives/index.cfm?c=1029&i=11693
Type the rest of your post here.
Thursday, April 2, 2009
မြန်မာ ပြည် သင်္ကြန် သို့  အလွမ်း ပြေ ကဗျာ များ

သင်္ကြန်သို့ လွမ်းခြင်း
တန်ခူးရည်မှတ်
ဖက်ဆွတ်ရည်တိုး
သင်္ကြန်မိုး ဟု
ဆိုရိုးစကား
ရှိခဲ့ ငြားလည်း
ဒို့ များ မြန်မာ
ကနေဒါ တွင်
ဖွေရှာ မှန်းဆ
ပိတောက်ညကို
တမ်းတ အိမ်မက် ခါခါတည်း ။ ။
( ရိုးရာ ရေမြေ နှင့် အတိတ် သင်္ကြန်ည များစွာကို လွမ်းရင်း
နေပြည်တော် မျော်လေတိုင်း ဝေးပြီလော...... )
သင်္ကြန်အလွမ်းပြေ
နှင်းပွင့် တွေကြား
ရေကစားသည့် 
ဒို့ များ မြန်မာ
ကနေဒါ တွင်
ဖွေရှာ တမ်းတ
အတိတ် ဘ၀ကို
မှန်းဆ ရေးရေး မျှသာတည်း ...။ ။
( ကနေဒါ ဧပြီလသည် အေးနေသေးသဖြင့်  ခန်းမကြီးများထဲတွင်သာ
သင်္ကြန် အတု ဖန်တည်း အလွမ်းဖြေလာခဲ့ ရသည်မှာ ဆယ်စုနှစ် ကြာ
ပြီဖြစ်သော မြန်မာတို့၏ဘ၀သည် နှစ်စဉ်ထွက်သမျှ သင်္ကြန်ခွေက
လေးများကို နားထောင်ရင်း ကြည့် ရင်း...မှန်းဆ ရေး ရေး မျှသာဖြင့် ...)
Type the rest of your post here.
