Thursday, January 30, 2014
Tuesday, June 18, 2013
ကနေဒါ မှ ၈၈ မျိုးဆက်များ ညီလာခံ ဖိတ်ကြား လွှာ
ပြည်တွင်း ကချင် ပြည်သူ များ အတွက် ကနေဒါ အင် အား စု များ မှ တရုတ် သံ ရုံး ။အစိုး ရများ သို့  တောင်းဆိုချက်
မြန်မာ ကနေဒီယန် အသင်း ကြီး ၏ နှစ် နှစ်ဆယ် ပြည့်  ညစာ စား ပွဲ အမှတ် တရ
Sunday, June 10, 2012
ငါတို့ တိုင်းရင်းသား ရခိုင်အရေး စုစည်း တင်ပြချက်များ
Friday, March 16, 2012
Daw Aung San Suu Kyi ’s Strategy
14 march 2012 by-election Campaign Speech.
Record from Burma Radio Broadcast and MRTV.
The NLD Party accepts the democratic principle that the people has the right to choose
the candidate and party that they prefer. In order to do the right choice,
The campaign speech will assist the people in their decision as to which party to choose.
The NLD party will accept the choice and decision of the people.
The NLD party's policies to serve the people are presented in 3 main topics namely:
1. The rule of law
2. Cessation of Civil War
3. Amendment of the 2008 Constitution.
1. The Rule of law. Up till now the government controlled the Judicial system and
To solve the problem
- To immediately dissolve the oppressive laws
- To formulate laws that will protect the people
- The judicial system must be free and fair
- There must be media freedom
- To setup and widen the legal networks that will defend the people
- The judicial system must be in accordance with democratic principle and must function freely
- Before any guilty verdict, everyone must be regarded as innocent
- Nation wide cease fire must come into effect
- Political negotiation talks with ethnic groups
- To fulfill the demands of equal rights,
One obvious example that the 25% of Parliament representatives given to military
that are not elected by the people.
This should not be accepted as it is against the democratic principles.
In addition,
Daw Aung San Suu Kyi touched upon the following sectors.
- On International relation and development. To benefit the people.
- NLD had smooth relation with the developed democratic countries as well as neighbouring countries.
- And also with countries that will assist the development of our country.
- On economy, to establish free and stable market economy under the law.
- On poverty eradication, to guarantee equal employment opportunities to all citizens.
- On the problem of budget deficit, to find ways instead of printing moneys.
- On monetary system, to cooperate with the IMF,
Daw Aung San Suu Kyi ‘s strategy for Burma.( 1 April 2012 Elcetion)
မတ်လ ၁၄ ရက်နေ့တွင် မြန်မာ့ရုပ်သံက ထုတ်လွှင့်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒ၊ ရပ်တည်ချက်များနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ထဲမှာ
ပြည်သူ့လွှတ်တော်အတွင်းမှာ ရွေးကောက်ခံ မဟုတ်တဲ့
တပ်မတော်သားအမတ်များ ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ကိစ္စကို ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်ပြီး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးဖို့ တိုက်တွန်းသွားပါတယ်။
မြန်မာအာဏာပိုင်တွေရဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ စစ်တပ်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုများအား ဝေဖန်မှုများကို ဆတ်ဆတ်ထိမခံတဲ့
မြန်မာစစ်ခေါင်းဆောင်တွေဟာ အစိုးရရုပ်သံကနေ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်များကို မတ်လ ၁၄ ရက်နေ့မှာ
ထုတ်လွှင့်မယ်ဆိုရင်တော့ လက်ရှိ မြန်မာအစိုးရရဲ့ သဘောထားဟာ
ယခင် စစ်အစိုးရများရဲ့ သဘောထား ရပ်တည်ချက် လမ်းကြောင်းကနေ အနည်းငယ် သွေဖီလာနေပြီလို့ ပြောလို့ရနိုင်ပါတယ်
။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်သံထုတ်လွှင့်မှုဟာ မတ်လ ၁၄ ရက်နေ့တွင် မြန်မာ့ရုပ်သံက ထုတ်လွှင့်မှာ ဖြစ်သော်လည်း ယူကျူ့အင်တာနက်စာမျက်နှာပေါ်မှာ
မတ်လ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် မနက်ပိုင်းကတည်းက ပြန့်နှံ့နေပြီ ဖြစ်ပါတယ်။
ယူကျူ့ဗီဒီယိုတွင် ကြည့်မြင်ရတာကတော့ ရုပ်သံရိုက်ကူးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အနည်းငယ် ကသိကအောင့် ဖြစ်နေပုံရသော်လည်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်များနဲ့ ပတ်သက်ပြီး သူ့ရဲ့ဟန်၊ သူ့ရဲ့မာန်များအတိုင်း ရှင်းလင်း ပြတ်သားစွာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
ထိုသို့ ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ထိပ်တန်း ရည်ရွယ်ချက် သုံးရပ်ဟာ
တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး တို့ ဖြစ်ကြောင်း စတင် ရှင်းပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဟောပြောချက်
မဲဆန္ဒရှင်များသာမက နိုင်ငံသူနိုင်ငံသားအားလုံးအနေနဲ့ မိမိတို့ကို ကိုယ်စားပြုလိုကြတဲ့ ပါတီအဖွဲ့အစည်း ပုဂ္ဂိုလ်တွေကို လေ့လာသုံးသပ်ပြီး ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကို ထောက်ခံရွေးချယ်မယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။
ဒီမိုကရေစီအခြေခံမူအရ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမှာဖြစ်တဲ့ ကျွန်မတို့ပါတီရဲ့ နိုင်ငံနဲ့ ပြည်သူတွေအတွက်ထားတဲ့ ရည်မှန်းချက်တွေကို အနှစ် ၂၀ ကျော် ကိုင်စွဲခဲ့တဲ့ မူတွေနဲ့တွဲပြီး ရှင်းပြချင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိက ရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ ကိစ္စသုံးရပ်ကတော့ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ပဲ ဖြစ်ပါတယ်။
တရားစီရင်ရေးကို အစိုးရယန္တရားအောက် သွတ်သွင်းခဲ့ပြီး မီဒီယာတွေကို အစိုးရပိုင်အဖြစ်ပြောင်းကာ ချုပ်ကိုင်လာခြင်း၊ တင်းကျပ်တဲ့ မီဒီယာနဲ့ ဆင်ဆာဥပဒေတွေ ပြဌာန်းပြီး ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောပိုင်ခွင့်၊ ရေးပိုင်ခွင့်၊ ကြားပိုင်ခွင့်၊ ဆန္ဒဖော်ထုတ်ပိုင်ခွင့်တွေကို ရုတ်သိမ်းပစ်ခဲ့ခြင်း စတဲ့ နည်းလမ်းစုံနဲ့ တရားဥပေဒစိုးမိုးမှုကို ခြေဖျက်ပစ်ခဲ့တာ ပြည်သူလူထုဘ၀မှာ အကြောက်တရားကသာ လွှမ်းမိုးခဲ့ပါတော့တယ်။
ပြည်သူလူထုဘ၀ အကြောက်တရားကလွတ်မြောက်ပြီး လူ့အခွင့်အရေးမရသေးတဲ့အထိတော့ ဒီမိုကရေစီစနစ် ထွန်းကားခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။
ဥပဒေစိုးမိုးမှုရှိမှသာ ပြည်သူတွေဟာ ဥပဒေရဲ့ကာကွယ်မှုကို အမှန်တကယ်ရနိုင်ပြီး လွတ်လပ်မှုရဲ့ အရသာကို အမှန်တကယ် ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ ဥပေဒစိုးမိုးရေးရှိခြင်းသည် သာမန်လူများ၊ နိုင်ငံတော်ဝန်ထမ်းများနဲ့ နိုင်ငံရေးသမားအားလုံးတို့ မိမိတို့ ရသင့်ရထိုက်တဲ့ အကာအကွယ် အစောင့်အရှောက်ပေးမှာဖြစ်ပါတယ်။
အာဏာရှိတဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အကြီးအကဲတွေက တစ်ချက်လွတ်အမိန့်နဲ့ ဘယ်သူ့ကိုမှ အရေးယူ အနိုင်ကျင့်နိုင်မှာ မဟုတ်ပါဘူး။
ဒါမှ ဒီမိုကရေစီလည်း ခိုင်မာထွန်းကားတယ်လို့ ဆိုနိုင်ပါမယ်။
ဥပဒေစိုးမိုးရေးအတွက် ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ခေတ်နဲ့ မလျော်ညီတော့တဲ့ ဥပဒေအချို့ကို မဆိုင်းမတွ ဖျက်သိမ်းပစ်ကြရပါမယ်။ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေကို ပြဌာန်းရေးဆွဲကြရပါမယ်။
တရားစီရင်ရေးစနစ်ကို လွတ်လပ်အောင်ထားပြီး သမာသမတ်ဖြစ်အောင်ဖြစ်အောင် ပြုပြင်ရပါမယ်။ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အ၀ပေးရပါမယ်။ ပြည်သူလူထုကို အကူအညီပေးမယ့် ဥပဒေအထောက်အကူပြု ကွန်ယက်တွေ တိုးချဲ့ရပါမယ်။
တရားစီရင်ရေးမဏ္ဍိုင်ဟာ ဒီမိုကရေစီသဘောထားနဲ့ ကိုက်ညီတဲ့ ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့နဲ့ လွတ်လပ်စွာရပ်တည်နေစေရပါမယ်။ တရားစီရင်ရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့အပေါ်မှာ အမြဲရှိနေမှာဖြစ်ပြီး ဥပဒေနဲ့ ငြိစွန်တဲ့ အုပ်ချုပ်သူ လူပုဂ္ဂိုလ် အဖွဲ့အစည်းမှန်သမျှကို တရားစီရင်ပိုင်ခွင့် ရှိစေရပါမယ်။ ဥပဒေအရ ပြစ်မှုထင်ရှားပြီး စီရင်ခြင်းမရှိသေးရင် ဘယ်သူ့ကိုမဆို အပြစ်ကင်းတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
လွတ်လပ်ရေးနဲ့ ဖွားဘက်တော်အဖြစ်ပါလာတဲ့ ပြည်တွင်းစစ်ဟာ ကျွန်မတို့နိုင်ငံမှာ ဒီနေ့အထိ လောင်မြိုက်နေဆဲ ဖြစ်နေပါတယ်။ ၁၉၄၇ ခုနှစ်မှာ အမျိုးသားခေါင်းဆောင်ကြီးများ ရုတ်တရက် လုပ်ကြံခံရပြီးကတည်းက စတင်ခဲ့တဲ့ တိုင်းရင်းသားမျိုးနွယ်များအကြား သံသယပွားခြင်း၊ နိုင်ငံရေးအယူအဆ မတူသူများအကြား သဘောထားကွဲပြားခြင်း စတာတွေကို စားပွဲဝိုင်းမှာ တွေ့ဆုံညှိနှိုင်းဖြေရှင်းမှု မပြုနိုင်ကြသေးဘဲ လက်နက်အားကိုး အင်အားသုံးဖြေရှင်းဖို့ ကြိုးစားနေကြခြင်းဟာ ကနေ့အထိပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဥပေဒစိုးမိုးမှုမရှိတာကလည်း ပြည်တွင်းစစ်မီးကို အရှိန်မြင့်စေခဲ့ပါတယ်။ တိုင်းရင်းသားတွေရဲ့ လုံခြုံမှုနဲ့ အခွင့်အရေးတွေကို အကာအကွယ်မပေးနိုင်ခဲ့ဘဲ ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတစ်ခုအဖြစ် စစ်အာဏာရှင်စနစ်ကိုသာ ပေါ်ပေါက်စေခဲ့ပါတယ်။
ပြည်တွင်းစစ်မီးတောက်ကို အမြန်ဆုံးငြိမ်းသတ်ပြီး အမြန်ဆုံးငြိမ်းချမ်းအောင် လုပ်နိုင်မှသာ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းစစ် ရပ်ဆိုင်းပြီး ငြိမ်းချမ်းစေရေးအတွက် အဆင့်သုံးဆင့် ဆောင်ရွက်ရပါမယ်။
ပထမအဆင့်အနေနဲ့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရပါမယ်။
ဒုတိယအဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေကျင်းပပြီး ညှိနှိုင်းအဖြေရှာကြရပါမယ်။
တတိယအဆင့်အနေနဲ့ တိုင်းရင်းသားတွေလိုလားနေတဲ့အတိုင်း ပင်လုံရဲ့အခြေခံမူဖြစ်တဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေးပြဌာန်းခွင့်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာဆုံးဖြတ်နိုင်ခွင့်စတာတွေကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံစစ်စစ် တည်ထောင်နိုင်ဖို့ ဘုံဦးတည်ချက်ထားပြီး ကြိုးပမ်းရပါမယ်။
ကျွန်မတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေဟာ ခွဲထွက်ရေးကို လုံးဝမလိုလားဘဲ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးကိုသာ လိုလားတယ်လို့ ကျွန်မ တစ်ထစ်ချ ယုံကြည်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ထွက်ခဲ့ပြီးကတည်းက ဒီဥပဒေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘောမတူတာ ကြေညာခဲ့ပြီး ပြုပြင်ရမယ့် အချက်တွေကို ထောက်ပြခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပါတီစွဲ၊ အဖွဲ့စွဲ၊ လူပုဂ္ဂိုလ်စွဲတွေမထားဘဲ နိုင်ငံ့အကျိုးကိုသာရှေးရှုတဲ့စိတ်ဓာတ်နဲ့ ညီညွတ်တဲ့တပ်မတော်အင်အားစုအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အားလုံးက ညှိညှိနှိုင်းနှိုင်းလုပ်သွားကြရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့စစ်တပ်နဲ့ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံအသီးသီးရဲ့ စစ်တပ်များဟာ နိုင်ငံကာကွယ်ရေးအတွက် အဓိကအင်အားစုဖြစ်တယ်ဆိုတာကို အငြင်းပွားဖို့မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတွေ့အကြုံနဲ့ တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်များအရ လက်ရှိမြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာမှာ တပ်မတော်ဟာ မပါမဖြစ် ပါရန်လိုအပ်တယ်လို့ ကျွန်မယုံကြည်ပါတယ်။
ကျွန်မရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ဖိုပ အစဉ်အမြဲ အဆင်သင့်ရှိမယ်လို့လည်း ကျွန်မယုံကြည်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပေဒဆိုတာ ပြည်သူနဲ့ အုပ်ချုပ်သူတို့အကြားမှာ ထားရှိတဲ့ ပဋိဥာဏ်ဖြစ်တယ်ဆိုတဲ့အတိုင်း လိုအပ်တဲ့အခါတွေမှာ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်း တို့ကို ပြုလုပ်ကြရမှာဖြစ်ပါတယ်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကို တွေ့နေရပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုကိုပြောရမယ်ဆိုရင် .. ပြည်သူတွေကို ပြည်သူကတင်မြောက်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက အုပ်စိုးခြင်းကသာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ လွတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေတာကို ပြည်သူတွေအသိဖြစ်ပါတယ်။ ဆိုလိုတာက လက်ရှိလွှတ်တော်အသီးသီးမှာ ပြည်သူက ရွေးကောက်ထားခြင်းမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေတဲ့အတွက် ဒီမိုကရေစီမူများနဲ့ မကိုက်ညီပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒမှာ ပြင်ဆင်သင့်တဲ့ ပုဒ်မများကို ပြည်သူတွေကို အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးပြီးတဲ့နောက် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရတာ နှစ်ပေါင်း ၂၀ ကျော် အဖိနှိပ်ခံဘ၀နဲ့ ကြိုးပမ်းရုန်းကန်ခဲ့ရတာကို ပြည်သူတွေအသိဖြစ်ပါတယ်။
အဖွဲ့ချုပ်ရဲ့ သစ္စာရှိအဖွဲ့ဝင်တွေ အလုပ်ထုတ်ခံရတာ၊ ရှေ့နေတွေ လိုင်စင်ရုတ်သိမ်းခံရတာ၊ ဆရာဝန်တွေ လိုင်စင်ရုတ်သိမ်းခံရတာ၊ မတရားဖမ်းဆီးခံရပြီး အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ခံရတွေကြောင့် မိမိတို့ လူမှုဘ၀တွေပျက်စီး၊ မိသားစုစီးပွားရေးတွေ ပျက်စီးခဲ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့ချုပ်အဖွဲ့ဝင်တွေဟာ မိမိတို့ယုံကြည်ချက်ကို ဆက်လက်ထိန်းသိမ်းပြီး ပြည်သူတွေအတွက် အဖွဲ့ချုပ်အတွက် ရပ်တည်ခဲ့ကြပါတယ်။ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံမှု ချောမွေ့ပြေပြစ်ပြီး ပြည်သူများအတွက် အကျိုးရှိစေမယ့် ဆက်ဆံပေါင်းသင်းမှုကို တိုးမြင့်ဆောင်ရွက်ခဲ့ပါတယ်။
စီးပွားဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီစနစ် ထွန်းကားနေတဲ့ နိုင်ငံများနဲ့သာမက အိမ်နီးချင်းနိုင်ငံများနဲ့လည်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ထူထောင်နို်င်ခဲ့ပါတယ်။ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာရဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုများရရှိနိုင်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
စီးပွားရေးနဲ့ပတ်သတ်လို့ လွတ်လပ်မှု၊ တည်ငြိမ်မှုနဲ့ လူမှုရေးတရားမျှတမှုတို့ ဟန်ချက်ညီပြီး ဥပေဒေစိုးမိုးမှုကို အခြေခံတဲ့ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲဖို့ကို လုပ်ရပါမယ်။ ဆင်းရဲနွမ်းပါးမှု ပပျောက်ပြီး ဒေသလိုက် လူမျိုးများအကြား လူတစ်ဦးချင်းရဲ့ လူနေမှုအဆင့်အတန်း၊ လူမှုဘ၀သိက္ခာမြင့်မားစေဖို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးစုအားလုံး တန်းတူညီမျှ အလုပ်လုပ်ကိုင်နိုင်ခွင့်ရဖိုအတွက် အလုပ်အကိုင်ဖော်ထုတ်ရေး၊ အလုပ်လက်မဲ့ပြသနာဖြေရှင်းရေးကို ဦးတည်ဆောင်ရွက်ရပါမယ်။
စီးပွားရေးမှာ နိုင်ငံတော်ရဲ့ ဘတ်ဂျက် ရငွေ၊ သုံးငွေ လိုငွေပြနေတာကို ငွေစက္ကူအသစ် ရိုက်ထုတ်ပြီး ဖြေရှင်းတာမျိုးမဟုတ်ဘဲ တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းရပါမယ်။ လက်ရှိငွေရေးကြေးရေးစနစ်၊ ဘဏ်စနစ်မှာ အနှောင်အဖွဲ့ အဟန့်အတားဖြစ်နေတဲ့ အချက်တွေကို ဖယ်ရှားရမှာဖြစ်ပါတယ်။နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေအားလုံး ဖွံ့ဖြိုးဖို့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့၊ နိုင်ငံတကာဘဏ္ဍာရေးကော်မရှင်၊ ကမ္ဘာ့ဘဏ်တို့နဲ့ ရင်းရင်းနှီးနှီးပူးပေါင်းဆောင်ရွက်သွားဖို့ လိုပါတယ်။ NLD က ယခုစပြီး ဒီလိုပူးပေါင်းမှုများကို စတင်လမ်းစဖော်နေပါတယ်။
ပညာရေးပိုင်းမှာလည်း နိုင်ငံသားတိုင်း အရည်အသွေးပြည့်ဝတဲ့ ပညာသင်ယူခွင့်ရရှိဖို့၊ မသင်မနေရ မူလတန်းပညာရေးကို ကလေးတိုင်း အခမဲ့သင်ယူခွင့်ရရှိဖို့၊ အလယ်တန်း အထက်တန်းအဆင့် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ကျောင်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖွင့်လှစ်နိုင်ဖို့တို့ကို ဆောင်ရွက်ရပါမယ်။ မြန်မာဘာသာစကား အခက်အခဲရှိတဲ့ တိုင်းရင်းသားမျိုးနွယ်တွေရဲ့ ကလေးတွေအတွက် အထောက်အကူဖြစ်စေမယ့် ပညာလုပ်ငန်းအစီအစဉ်တွေကို ထည့်သွင်းရေးဆွဲရပါမယ်။
ပုံမှန်ကျောင်းပညာသင်ယူရန်အခက်အခဲရှိခဲ့တဲ့ အရွယ်ရောက်ပြီးကလေးများ၊ လူငယ်လူရွယ်များ ကျောင်းပြင်ပ ပညာရေးအတွက် အထူးအစီအစဉ်များ ဆောင်ရွက်ပေးရပါမယ်။
ကျွန်မတို့ပညာရေးအဆင့်အတန်းဟာ နိုင်ငံတကာပညာရေးအဆင့်အတန်းကို လိုက်မီစေဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှ အခုပြောနေကြတဲ့ လူ့စွမ်းအားအရင်းအမြစ် အစစ်အမှန်တွေ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဆရာ ဆရာမတွေ အရည်အချင်းပြည့်ဝဖို့ဟာလည်း အင်မတန် အရေးကြီးပါတယ်။ ဒီ့အတွက် ပြုပြင်ဆောင်ရွက်သွားရမှာဖြစ်သလို သူတို့ အရည်အချင်းနဲ့ တိုက်တန်တဲ့ လစာငွေကြေးရရှိဖို့ကိုလည်း စဉ်းစားပေးရပါမယ်။ ပညာရေးပြုပြင်ပြောင်းလဲရာမှာလည်း လက်ရှိပညာရေးစနစ်မှာတွေ့ကြုံနေကြရတဲ့ အတားအဆီး အဟန့်အတားများကို ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။
ကျန်းမာရေးအပိုင်းအနေနဲ့ နိုင်ငံတော်မှာ အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရှိရပါမယ်။ အများပြည်သူ အထူးသဖြင့် ချို့တဲ့တဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုရဖို့ ကျန်းမာရေး အာမခံစီမံကိန်းတွေကို သီးသန့်အားဖြင့် ထူထောင်နိုင်ရန် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရပါမယ်။ ဆေးပညာသင်ကြားရေးစနစ်၊ ဆေးပညာရပ်၊ ဆေးကုထုံးနည်း၊ ဆေးဝါးထုတ်လုပ်ရေးနည်းတွေကို
ခေတ်မီတိုးတက်လာအောင်လို့ နိုင်ငံတကာ ကပညာရှင်တွေ ဆေးပညာဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။
တောင်သူလယ်သမားများကို ဥပဒေနဲ့အညီ လယ်ယာလုပ်ပိုင်ခွင့်၊ လယ်ယာပိုင်ဆိုင်ခွင့်ရဖို့ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး ဆန်စပါး အပါအ၀င် လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ လွတ်လပ်စွာ စိုက်ပျိုး ကြိတ်ခွဲ ရောင်းဝယ်ခွင့်ရဖို့နဲ့ သင့်တော်တဲ့ ဈေးနှုန်းများရဖို့ကို ဦးစားပေးဆောင်ရွက်သွားရပါမယ်။ ကမ္ဘာတ၀ှမ်း လယ်ယာထွက်ကုန်ပစ္စည်းဈေးများတက်နေခြင်းကို သတိပြုပြီး အနာဂတ်ကိုရှေးရှုတဲ့ လက်ယာထွက်ကုန်စီးပွားရေးစနစ်ကို ထူထောင်ဖို့လိုပါတယ်။ တောင်သူလယ်သမားများရဲ့ နစ်နာဆုံးရှုံးမှုများကို ရပိုင်ခွင့်များ ပြသနာအရေးကိစ္စရပ်မျာကို ဆောင်ရွက်နိုင်ဖို့အတွက် ညီညွတ်သော တောင်သူလယ်သမားအဖွဲ့အစည်းများအား ဖွဲ့စည်းခွင့်ပေးသွားရပါမယ်။
အလုပ်သမားများးရဲ့ ရပိုင်ခွင့်များ အပြည့်အ၀ရရှိရေးအတွက် အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းနိုင်ရေး၊ အလုပ်သမားအခွင့်အရေးကို ဥပဒေနဲ့အညီ အကာအကွယ်ရရှိနိုင်ရေးကို ဆောင်ရွက်သွားရပါမယ်။ အလုပ်သမားတိုင်း တရားမျှတမှု၊ တန်းတူညီမျှ အခွင့်အရေးရရှိမှု၊ လုပ်ပျော်သော အလုပ်ခွင်အခြေအနေ၊ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေရရှိခွင့်၊ လုပ်ခလစာရရှိခွင့်၊ အလုပ်လက်မဲ့ဖြစ်ခြင်းမှ အကာအကွယ်ရရှိခွင့် ရစေရပါမယ်။ အဓမ္မအလုပ်စေခိုင်းခြင်းကို တားဆီးပိတ်ပင်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ပြဌာန်းချက်များနဲ့ ညီညွတ်စေရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားရပါမယ်။
လူငယ်တွေဟာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ အဖိုးအတန်ဆုံးအင်အားစုတွေဖြစ်လို့ လူငယ်တွေအတွက် ပညာသင်ကြားရေး အဆင့်အတန်းမြင့်စေဖို့၊ ပွင့်လင်းလွယ်ကူစေဖို့နဲ့ ပညာအဆင့်အတန်းနဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေမှာ အလုပ်အကိုင်ရရှိစေဖို့ အားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အလုပ်အကိုင်သစ်များဖန်တီးပေးရင်းနဲ့ လူငယ်တွေရဲ့ အလုပ်လက်မဲ့ပြသနာကို ဖြေရှုင်းဆောင်ရွက်ပေးရပါမယ်။ နိုင်ငံရဲ့ အနာဂတ်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ လူငယ်တွေရဲ့ စွမ်းရည်တွေကို ဖော်ထုတ်ပြီး နိုင်ငံတည်ဆောက်ရေးမှာ ခိုင်မာတဲ့စွမ်းအားစုအဖြစ် အသုံးပြုသွားပါမယ်။
ကျောင်းသားများကိုယ်တိုင်ဖွဲ့စည်းတဲ့ လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂများကိုလည်း ဥပဒေနဲ့အညီခွင့်ပြုသွားရပါမယ်။ နိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းမကဖြစ်တဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးများ ကာကွယ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတွင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို တိုးချဲ့ရေးတို့ကိုလည်း အလေးပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။
ယခု ကျွန်မတင်ပြသွားခဲ့တဲ့ မူဝါဒသဘောတရား အများအပြားကို ကျွန်မရဲ့ စည်းရုံးရေးခရီးစဉ် တလျှောက်မှာ ပြောပြီးဖြစ်ပါတယ်။ ဒါတွေဟာ နားထောင်လို့တော့ ကောင်းပါရဲ့ .. တကယ်ပဲ အကောင်အထည်ဖော်နိုင်ပါ့မလားလို့ ပြည်သူများက တွေးနေကြမယ်ထင်ပါတယ်။ လွယ်လွယ်နဲ့တော့ ကျွန်မတို့ လိုလားတောင့်တနေတဲ့ ပြည်ထောင်စုကြီးထူထောင်ဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့အားလုံး ညီညီညွတ်ညွတ်နဲ့ ဆန္ဒ၊ ၀ိရိယ၊ စိတ်ဓာတ်၊ ပညာဆိုတဲ့ အောင်မြင်ခြင်းတရား လေးပါးကို ဆုပ်ကိုင်ပြီး ကြိုးစားသွားကြရင်တော့ ဖြစ်နိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ခက်ခဲတဲ့ အလုပ်တာဝန်တွေကို ဇွဲ လုံ့လနဲ့ လုပ်ခဲ့ရတဲ့အတွေ့အကြုံတွေ ဆယ်စုနှစ်နဲ့ချီပြီး ရှိခဲ့ပါတယ်။ နိုင်ငံ့အတွက် နောက်တစ်ဆင့်တိုးပြီး ခက်ခဲတဲ့အလုပ်တွေကို အောင်မြင်စွာ ထမ်းဆောင်ပေးနိုင်ဖို့ တာဝန်ပေးတဲ့အနေနဲ့ ကျွန်မတို့ ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်များကို ထောက်ခံရွေးချယ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မတို့ရဲ့ တံဆပ်ကတော့ အနီရောင် အောက်ခံပေါ်မှာ ရွှေရောင်ခွပ်ဒေါင်းနဲ့ ၀ဲဘက်ထိပ်စွန်းနားမှာ ထောင့်ငါးထောင့်ရှိတဲ့ ကြယ်ဖြူကြီးပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ စာတန်းလည်း ပါပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေ မဲပေးကြပါ။
ကျေးဇူးတင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
ဒေါင်းလုပ်ဆွဲရန်အခက်အခဲရှိသူများ အလွယ်တကူဖတ်ရှုနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောချက်များအတိုင်း ရေးသားထားခြင်းဖြစ်ပါသည်။
Tuesday, February 14, 2012
Sunday, December 12, 2010
အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး နေ့ ထုတ်ပြန် ကြော်ငြာချက်
Statement on 62 Anniversary of International Human Rights Day
for more information , Please contact at...
( 1 ) U Than Aung ( Edmonton )
( 2 ) U Nyunt Hla ( Saskatoon )
( 3 ) U Timothy Zaw Zaw ( Toronto )
( 4 ) U Htay Aung ( Vancouver )
( 5 ) U Mya Thwin ( Vancouver )
Burma Canadian Network Group...
Email : BurmaCanadianNetwork@gmail.com
Friday, December 3, 2010
Saturday, October 30, 2010
မြန်မာကနေဒီယန်စကိုက် ကွန်ဖရင့်ဆွေးနွေးပွဲအမှတ်စဉ် (၃/၂၀၁၀)
နေ့စွဲ၊၂၀၁၀ခု၊အောက်တိုဘာလ(၂၃)ရက်
ဆွေးနွေးပွဲတက်ရောက်သူများ
(၁) ဦးအောင်တင်(တိုရွန်တို)
(၂) ဦးဇော်ဇော် (တိုရွန်တို)
(၃) ဦးဝင်းမောင်(တိုရွန်တို)
(၄) ဦးတင်ထွဋ်(တိုရွန်တို)
(၅) ဒေါ်သက်သက်ထွန်း(မွန်ထရီယယ်)
(၆) ဒေါ်မော်လီ(ဆတ်ဆကာတွန်း)
(၇) ဦးညွန့်လှ(ဆတ်ဆကာတွန်း)
(၈) ဦးမြသွင်(ဗန်ကူးဗား)
(၉) ဦးတင်မောင်ထူး(အော်တာဝါ)
(၁၀) ဦးသန်းအောင်(အက်ဒမင်တန်)
ယနေ.ဆွေးနွေးပွဲတွင်၊ဦးသန်းအောင်က သဘာပတိအဖြစ် ဆောင်ရွက်ကာ ဆွေးနွေးပွဲကို အောက်ပါအတိုင်း ဆက်လက် ဆောင်ရွက် ပါသည်၊
၁။ တက်ရောက်သူများအချင်းချင်းမိတ်ဆက်ခြင်း
ဆွေးနွေးပွဲ တက်ရောက်လာကြသူများ အချင်းချင်း အပြန်အလှန် မိတ်ဆက်စကားပြောကြားကြပါသည်။
၂။ သဘာပတိမှ အမှာစကားပြောကြားခြင်း
သဘာပတိဦးသန်းအောင်က၊ မြန်မာကနေဒီယန် စကိုက်ကွန်ဖရင့် ဆွေးနွေးပွဲတွင် ကနေဒါတွင် အခြေချနေထိုင်ကြသော မြန်မာတိုင်းရင်း သားများအားလုံး ပါဝင် ဆွေနွေးခွင့်ရှိပြီး၊ ပြင်ပမှ ကျွမ်းကျင်သူများကိုမူ လိုအပ်သလို အခါအားလျှော်စွာ ဖိတ်ခေါ်ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် တက်ရောက်သူတိုင်းတွင် တန်းတူအခွင့်အရေးရှိပြီး၊ ကနေဒါရောက် မြန်မာတိုင်းရင်းသားများ အကျိုးရှိမည့် မည်သည့်အကြောင်းအရာကို မဆို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ပါကြောင်း တိုက်တွန်းပြော
ကြားပါသည်။
၃။ မြန်မာကနေဒီယန် စကိုက်ကွန်ဖရင့်ဆွေးနွေးပွဲ အကြောင်း အရာများကို ဆွေးနွေးခြင်း
အခန်းအနားမှူး ဦးဇော်ဇော်က အခန်းအနား အစီအစဉ်အတိုင်း ဆွေးနွေးကြရန် တက်ရောက်သူများကို ဖိတ်ခေါ်ပါသည်၊
လူမှုရေးနှင့်ယဉ်ကျေးမှုကဏ္ဍ
(က) ကနေဒါရောက်မြန်မာလူမျိုးများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုတိုးတက်ရေး (ဦးသန်းအောင်၏ အမှာစကား)
ကနေဒါနိုင်ငံဟာ တနေရာနှင့်တနေရာ၊ ပြည်နယ်တခုနင့် တခု အလွန်ဝေးကွာပြီး၊ ကမ္ဘာ့နိုင်ငံ အသီး သီးမှ လူမျိုးပေါင်းစုံ လာရာက် နေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်၊ တရုတ်လူမျိုးများ ကနေဒါ နိုင်ငံသို့ လာ ရောက်အခြေချနေထိုင်တာနှစ်ပေါင်း(၁၀၀)ခန့် ရှိပါပြီ၊ အလားတူပင် အခြားလူမျိုး များလဲ မြန်မာ လူမျိုးများထက် ကနေဒါနိုင်ငံသို့ နှစ်ပေါင်းများစွာ စောပြီး လာရောက် အခြချ နေထိုင်ခဲ့ကြပါတယ်။
ဒါ့ထက်ပိုအရေးကြီးတဲ့ အချက်ကတော့၊ အဆိုပါလူမျိုးများဟာ အချင်းချင်း အပြန်အလှန် ဆက်သွယ်မှု အားကောင်းကြပြီး၊ ဖွံ့ဖြိုး တိုးတက်နေကြတဲ့ အချက်ဖြစ်ကြောင်း တင်ပြလိုပါ တယ်၊
မြန်မာလူမျိုးများဟာ အဆိုပါလူမျိုးများရဲ့ နမူနာကောင်းများကို အတုယူပြီး ၎င်းတို့ကဲ့သို့ တိုးတက်စေရန် ကနေဒါနိုင်ငံရဲ့ ပြည်နယ် အသီးသီးမှာ ပြန့်ကျဲနေထိုင်ကြတဲ့ တဖွဲ့နှင့်တဖွဲ့ အပြန်အလှန် ဆက်သွယ်ပြီး ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်အကျိုးရှိမည့်သတင်းများ ဖလှယ်ပြီး ထိရောက်စွာ ကူညီနိုင်မည့် နည်းလမ်းများဖြင့် အစားထိုး အကောင်အထည် ဖေါ်နိုင်ရေးကို စုပေါင်းအဖြေရှာရန်။
လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍတို့ အတွက် တူညီသောရည်မှန်းချက်များကို အမြန်နိုင်ဆုံး စုပေါင်း ရှာဖွေကြရန် နှင့် အဆိုပါတူညီသောရည်မှန်းချက်များကို အခြေခံပြီးတဦးနှင့် တဦးသာမက ပြန့်ကျဲ နေသော လူမှုရေးနှင့်ယဉ်ကျေူမှုအသင်းများ အချင်းချင်း အမြန်ဆုံး ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အင်အားစိုက်ထုတ် ကျိုးပမ်းကြရန် လိုမည်ဟုယူဆ ပါကြောင်းဆွေး နွေးပါသည်။
(ခ) ကနေဒါရှိ မြန်မာလူမျိုးများ၏ အလုပ်အကိုင်၊ ပညာရေးနှင့် ကျန်မာရေး ဖွံ့ဖြိုးတိုးတက်ရေး
ဦးသန်းအောင်
အချိန်သည် ငွေဟုတင်စားပြီး အချိန်၏အရေးကြီးပုံကို လူတိုင်းပြောဆိုကြပါတယ်၊အချိန်ဟာ အခွင့်အလမ်းနဲ့ ဆက်နေပါတယ်၊ အခွင့်အလမ်းကို ဖေါ်ပြအသိပေးတဲ့ သတင်းအချက်အလက် ကို လူတိုင်းအချိန်မှီရဘို့ လိုပါတယ်၊ မြန်မာလူမျိုးများအနေနဲ့ ကနေဒါနိုင်ငံအတွင်း မှာအခြား လူမျိုးများနည်းတူ တရားဝင်ရရှိနိုင်တဲ့ အခွင့်အလမ်းများစွာရှိပါတယ်၊ အဲဒီအခွင့်အလမ်း တွေကို ဖေါ်ပြပေးတဲ့ သတင်းအချက်အလက်တွေကို မြန်မာလူမျိုးများ အချိန်မှီရရှိရေးဟာ မြန်မာလူမျိုးများ တိုးတက်ဖွံ့ဖြိုးရေးအတွက် အဓိကအရေးအကြီးဆုံးအချက်ဆိုရင် မှားမယ် မထင်ပါ၊ ထိုကဲ့သို့ အရေးကြီးသော သတင်းအချက်အလက်များကို မြန်မာများ ဝိုင်းဝန်း ရှာဖွေစုစည်း ပြီး၊မြန်မာလူမျိုးအားလုံး အလွယ်တကူ ထုတ်ယူအသုံးပြုနိုင်မဲ့၊နေရာတခု ဖန်တည်းထားရှိဘို.အရေးတကြီး လိုအပ်နေကြောင်းတင်ပြဆွေးနွေးပါသည်။
ဦးဇော်ဇော်
မြန်မာကနေဒီယန်အသင်း(ဘီစီအေအို)ကို ၁၉၉၀ခုတွင်ဖွဲ.စည်းတည်ထောင်ခဲ့ပြီးမြန်မာလူမျိုး
(တိုင်းရင်းသားအားလုံး)အားလုံးအကျိုးရှိမဲ့သတင်းအချက်အလက်များကိုအသိပေးလာခဲ့တာ
အခုဆိုရင်နှစ်ပေါင်း(၂၀)ကျော်ရှိပြီဖြစ်ကြောင်း၊အသုံးလိုတဲ့မြန်တိုင်းရင်းသားအားလုံးအနေဖြင့်
ဘီစီအေအိုဝက်ဆိုက်တွင်သတင်းအချက်အလက်များထုတ်ယူအသုံးပြုနိုင်ပါကြောင်းဆွေးနွေး
တင်ပြပါသည်။
ဒေါ်သက်သက်ထွန်း
မြန်မာပြည်အရပ်ရပ်မှ ကနေဒါသို့ ရောက်ရှိလာသော မြန်မာလူမျိုးများအား ကဏ္ဍအသီးသီး အတွက် လိုအပ်သော သတင်းအချက်အလက်များပေးနိုင်ရန် ထားရှိမည့် ဝက်ဆိုက်အတွက် လိုအပ်သော အကူအညီများပေးနိုင်ပါကြောင်းတင်ပြဆွေးနွေးပါသည်။
ဦးတင်မောင်ထူး
မြန်မာလူမျိုးများ အနေများသော အော်တိုဝါမြို့တွင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တစ်ခု ဖွင့်လှစ်နိုင်ရန် ဝိုင်းဝန်း ကြိုးပမ်းသင့်ကြောင်း ဆွေးနွေးပါသည်။
ဦးဝင်းမောင်နှင့် ဒေါ်သက်သက်ထွန်းတို့မှလည်း ဘုန်းတော်ကြီးကျောင်း ထားရှိခြင်းသည် စိတ်ဓါတ်ရေးရာအတွက် အထောက်အကူပြုသလို သာရေးနာရေးများကို မြန်မာများ ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် လိုအပ်ကြောင်း ထောက်ခံပြောကြားကြပါသည်။
နိုင်ငံရေးကဏ္ဍ
၂၀၁၀ခုနိုဝင်ဘာလ(၇)ရက်နေ.တွင်စစ်အစိုးရရဲ.အထွေထွေရွေးကောက်ပွဲကျင်းပတော့မှာဖြစ်တဲ့အတွက်၊ရွေးကောက်နဲ့ ပတ်သက်ပြီး၊ ကနေဒါရောက်မြန်မာများ အနေဖြင့် ဘယ်လိုအခန်း ကဏ္ဍ ကနေပြီး၊ ပါဝင်ကြ မလဲ၊ခုထဲက ဘာတွေပြင်ဆင်ထားပြီးပြီလဲ။ ဆက်လက်ပြီး ဘယ်လို အစီအစဉ်တွေကို စုပေါင်းလုပ် ဆောင်မလဲ ဆိုတဲ့အချက်များကို ဆွေးနွေးပွဲတက်ရောက်သူ များက အောက်ပါအတိုင်း ဆွေးနွေး ညှိနှိုင်းကြပါသည်-
ဦးတင်မောင်ထူး
မြန်မာနိုင်ငံ၏ ကနေဒီယန်မိတ်ဆွေများအသင်း(စီအက်အိုဘီ)၏ ရွေးကောက်ပွဲနှင့် ပတ်သက် ပြီး ပြင်ဆင်ပြီးစီးမှု အခြေအနေကို တင်ပြပါသည်၊ ထိုင်းမြန်မာနယ်စပ်တွင် တာဝန်ယူလှုပ်ရှား နေသော Network for Democracy ၏ ခေါင်းဆောင်ဒေါက်တာနိုင်အောင်ကို ကနေဒါသို့ လာ ရောက်ပြီး စီအက်အိုဘီနှင့်အတူ ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်ရေး စီမံချက်တွင် ပါဝင်ရန် စီစဉ်ထားကြောင်းတင်ပြပါသည်၊၂၀၁၀-ခုနိုဝင်ဘာလ(၆)ရက်တွင် တကမ္ဘာလုံး အတိုင်းအတာ ဖြင့် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ကနေဒါရောက် မြန်မာ့ ဒီမိုကရေစီ ရေး လှုပ်ရှားသူများ အနေဖြင့် သင့်တော်တဲ့ အစီအစဉ်များဖြင့် ပါဝင်သင့်ကြောင်း ဆွေးနွေးပါသည်။
အထက်တွင်ဖေါ်ပြထားသည့် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုနှင့်ပတ်သက်၍ ဆွေးနွေးပွဲတက်ရောက်ကြသည်၊ ဦးမြသွင်၊ ဦးညွန့်လှ၊ ဒေါ်မော်လီ၊ ဦးဝင်းမောင်၊ ဒေါ်သက်သက်ထွန်း၊ ဦးအောင်တင်၊ ဦးသန်းအောင်၊ ဦးတင်ထွဋ်နှင့် ဦးဇော်ဇော်တို့မှ အသေးစိပ်ပြန်လည် ဆွေးနွေးတင်ပြကြပါသည်၊ အောက်တွင် ဖေါ်ပြပါအတိုင်း ဆက်လက်ဆောင်ရွက်ကြရန် သဘောတူကြပါသည်၊
၂၀၁၀-ခုနိုဝင်ဘာလ(၆)ရက် မတိုင်မှီကျန်ရှိနေသော ရက်များအတွင်း၊ ကနေဒါရောက် မြန်မာ့ ဒီမိုကရေစီအရေး ဆောင်ရွက်သူများအနေဖြင့် မိမိတိုပြည်နယ်အသီးသီးတွင် မိမိတို့ အတွက် အသင့်တော်ဆုံးသော အစီအစဉ်များဖြင့်၂၀၁၀-ခုရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားများကို စီစဉ်ဆောင်ရွက်ရန် ၂၀၁၀-ခုနိုဝင်ဘာလ(၆)ရက်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွင်လည်း ကနေဒါရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် မြန်မာ့ ဒီမိုကရေစီရေး အဖွဲ့အစည်းများက အတတ်နိုင်ဆုံး ပါဝင်လှုပ်ရှားကြရန် ကနေဒါအစိုးရ ထံသို့ ကနေဒါရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့များက၂၀၁၀-ခုနိုဝင်ဘာလ(၇)ရက်နေ့တွင် ကျင်းပမည့် မြန်မာပြည်သူအားလုံးကို စစ်ကျွန်ပြုလုပ်မည့် စစ်အစိုးရ၏ ရွေးကောက်ပွဲကို အသိအမှတ် မပြုရေး တောင်းဆိုသည့်စာ ရေးသားပေးပို့ရန်
၎။သဘာပတိမှနိဂုံးချုပ်စကားပြောကြားခြင်း
သဘာပတိဦးသန်းအောင်က ဒီနေ့ဆွေးနွေးပွဲအတွက် ပေးထားတဲ့အချိန်ဟာ (၂)နာရီဖြစ်သော်လဲ၊ လက်တွေ့မှာ (၃)နာရီပင်ကျော် သွားပါတယ်၊ ဒါကိုကြည်ခြင်းအားဖြင့်၊ ဒီနေ့ကျင်းပတဲ့ မြန်မာ ကနေဒီယန်စကိုက်ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့သူများ အနေဖြင့် အမိမြန်မာနိုင်ငံနှင့် သန်း(၅၀)သော ပြည်သူလူထုကြီးတရပ်လုံးအတွက် သေရေးရှင်ရေး လိုအရေးကြီးတဲ့ စစ်အစိုးရးရဲ့ လိမ်ညာမှု၊ အကြပ်ကိုင်အနိုင်ကျင့်မှုများ အခြေခံထားတဲ့တရားမျှတမှုလု့းဝမရှိတဲ့၂၀၁၀-ခု နိုဝင်ဘာလ(၇)ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတက်တက်ကြွကြွ ဆွေးနွေးကြ တာကို တွေ့ရလို့ အထူးပင် ကြေနပ်ဝမ်းမြောက်မိပါကြောင်း၊ ဒီနေ့ဆွေးနွေး သဘောတူညီိချက်တွေကို အောင်မြင်အောင် လိုအပ်သလို ဆက်လက်ညှိနှိုင်းဆောင်ရွက်ဘို.မေတ္တာရပ်ခံကြောင်း ပြောကြားပါ သည်။
၆။နောက်တကြိမ်ဆွေးနွေးပွဲအတွက်ရက်သတ်မှတ်ခြင်း
အရေးပေါ်စကိုက်ကွန်ဖရင့်ဆွေးနွေးပွဲကို ၂၀၁၀-ခုနိုဝင်ဘာလ(၅)ရက်နေ့ သောကြာနေ့တွင် ကျင်းပရန် ယနေ့ဆွေးနွေးပွဲကို ညနေ(၆)နာရီတွင် စတင်ကျင်းပပြီး၊ ည(၉)နာရီခွဲတွင်ပြီးဆုံးပါသည်။
ဆွေးနွေးပွဲမှတ်တမ်းပြုစုသူ- ဦးသန်းအောင်(အက်ဒမင်တန်မြို)
နေ.စွဲ၊ ၂၀၁၀ခု၊အောက်တိုဘာလ(၂၇) ရက်


