Wednesday, October 6, 2010
Waihnin Pwint Thon
ဝေနှင်း ပွင့်သန်
နာမည်က ကဗျာဆန်တယ်။
အေးမြမှုထုထည်က ကြီးမားတယ် ။
တိုးတက်မှုဟာ ဆက်လက်ရှင်သန်နေတယ် ။
ရုပ်ရည်ဟန်ပန်က တည်ကြည်မှုပေါ် အခြေပြု
ယုံကြည်မှု အပြည့်အဝနဲ့ မိန်းမပျိုလေး အသွင်။
သာမာန်ချိန်မှာ သိုးမလေး အသွင်နဲ့ 
လိုအပ်ချိန်မှာ ခြသေ့်မလေး ဝိဥာဏ်နဲ့ ။
အသံကို နားထောင်ကြည့်တော့
အေးမြပြီး စူးရှထက်မြက်နေတယ် ။
မိမိရဲ့ ခံစားချက်တွေကို
နားထောင်သူတွေ အားလုံး ရင်ထဲရောက်အောင်
ရသမျိုးစုံနဲ့  ရှင်းလင်း ပြောပြတတ်တယ် ။
ပြောပြနေတာတွေကတော့
သူ့ အတွက် မဟုတ်ပါဘူး
သူနေခဲ့တဲ့  တိုင်းပြည်က လူတွေအကြောင်း
လူသားတဦးရဲ့  ရပိုင်ခွင့်တွေ
အများအကျိုးအတွက် ဆောင်ရွတ်ရင်း
သူ့ ကိုမွေးဖွားခဲ့တဲ့
ထောင်ကို အိမ်လုပ်နေရတဲ့ ဖခင်အကြောင်း။
အသက်အရွယ်က ၂၁ နှစ်
ဖွံ့ ဖြိုးနေတဲ့ တိုင်းပြည်က လူငယ်တွေ
မိမိဘဝအတွက်
အပျော်ဆုံးအချိန်
ပညာတွေရှာတဲ့ ကာလမှာ။
ဒီကလေးမ ပုခုံးပေါ်မှာ
ကြီးမားတဲ့ အရှုပ်ထုတ်ကြီးကို
ရှာပြီးထမ်းပိုးထားတယ် ။
လူ့ အခွင့်အရေးတွေ ပျောက်နေတဲ့မြန်မာပြည်
အရာရာကို သေနပ်ပြပြီး အမိန့် ပေးတဲ့ တိုင်းပြည်
အများအကျိုးဆောင်ရွတ်သူတွေ ထောင်ထဲမှာဘဲနေခွင့်ရှိတဲ့ တိုင်းပြည်
မနာလိုမှုတွေကြီးထွားပြီး အလုပ်မရှိ အတင်းတုတ်တဲ့ တိုင်းပြည်
သူ့ ကို ဘယ်သူဝိုင်းကူကြမှာလည်း။
ဘယ်လို နည်းတွေနဲ့ ကူညီဲကမှာလဲ။
Monday, October 4, 2010
BSDO လူ့ အခွင့် အရေးပြခန်း နှင့်  CCIJ ပွဲတော်
October 2 ,2010 ညနေ၆နာရီကစပြီး CCIJ (Canadian Centre for International Justice)မှကျင်းပတဲ့ပြပွဲမှာ မြန်မာကျောင်းသားများဒီမိုကရက်တစ်အဖွဲ့(တိုရန်းတို)မှမြန်မာကိုယ်စားပြုဝင်ရောက်ပြသခွင့်ရခဲ့ပါတယ်၊
သံဃာ့ဥသျှောင်ဆရာတော်ဦးကောဝိဒလည်းကြွရောက်ချီးမြှင့်တော်မူပါတယ်။အားကစားကွင်းအတွင်းဓါတ်ပုံနှင့်နိုင်ငံတကာ
မှတရားမမျှတမှုများကိုဖေါ်ညွန်းအထောက်အထားများကိုကွင်းလုံးပြည့်ပြသရာမြန်မာနှင့်သက်ဆိုင်သောအထောက်အထား
များလည်းပါဝင်ခဲ့ပါတယ်။ထို့အပြင်ခန်းမထဲတွင်ပြသရန်နေရာရရှိသေး၍သီးသန့်ရှင်းလင်းတင်ပြခွင့်လည်းရရှိခဲ့ပါသည်။
လက်ကမ်းစာစောင်များ ၊ ကဗျာများ ၊ ပန်းချီကားများ လူအခွင့် အရေး ချိုးဖေါက်မှူ့ မှတ်တမ်း ဓါတ်ပုံ များ ၊ လက်မှတ်ကောက် ခံ လှုံ့ ဆော် မှူ့ များ ကို လည်း လုပ်ဆောင်နိုင်ခဲ့ ကြပါသည် ၊
Invitation CCIJ
Bsdo Flyer
Flyer 2 Oct CCIJ
Letters to the Permanent Representatives to the United Nations
Letterto UNSG October 2010 (2)
ပြခန်းမှ ဓါတ်ပုံ များ ကွင်းပြင်ထဲ မှ ဓါတ်ပုံ များ အပြည့် အစုံ ကို
http://www.yeyintnge.com/2010/10/c-c-i-j.html
ဒီမှာ ကြည့် ရှူ့ နိုင်ပါသေးသည်
www.bsdo.ca
Thursday, September 30, 2010
ဆက်သစ်တွေနှင့်  အားဖြည့် ဆက်လက်တိုက်ပွဲဝင်သွားမယ်
We need to make a commitment how to help the new generation? and working together as supporters not to lead them. They will find the way to lead by themselves. We need to give them full support without thinking about our selves, we have to think about it as our duty to promote them, help them to connect each others.
မိမိတို့ ဒေသဆိုင်ရာ နည်းစပ်ရာ နိုင်ငံတွေ အလိုက် မျိုးဆက်သစ်တွေ နိုင်ငံရေး စမ်း ၊ လုပ်ရည်ကိုင်ရည် ရှိသူ လူငယ်တွေကို ထမ်းတင်ပေးကြ ၊သူတို့ ကိုဆက်သွယ်ချိတ်ဆက်ပေးကြ ၊ ပြည်တွင်းပြည်ပ တွေကို ချိတ်ဆက် လုပ်ပေးကြပါစို...
ကနေဒါ မြန်မာ တစု
Type your summary here.Type the rest of your post here.
Monday, August 30, 2010
Burmese Canadian Activists urged to Government of Canada.
Letter to Hon Lawrence Cannon Minister of Foreign Affairs Canada( Nal )
ကနေ ဒါ ရောက် မြန်မာ အရေး လှုပ်ရှားသူများ မှ စာပို့ အပြီး ကနေဒီယန် အစိုးရ မှ ကြော်ငြာချက်
အောက်ပါအတိုင်း ထုတ်ပြန်ခဲ့ သည် ။
For Immediate Release
August 27, 2010
Liberals call on the Conservative government to support a United Nations Commission of Inquiry on the human rights situation in Burma
OTTAWA – The Liberal Party is calling on the Conservative government to support an international call for a special United Nations Commission of Inquiry into allegations of war crimes and crimes against humanity by the Burmese junta.
“Today, we are calling on Prime Minister Stephen Harper and Foreign Affairs Minister Lawrence Cannon to break their silence and join the United States, Britain, other countries and countless venerable human rights organizations in their appeal for a United Nations mandated Commission of Inquiry,” said Liberal Leader Michael Ignatieff.
“The alleged crimes committed by the junta against Burmese citizens are terrible and long-standing. An effective Commission of Inquiry would be an important first step toward justice for the people of Burma. Liberals believe that Canada has an obligation to advocate for this Inquiry.”
“The situation in Burma is dire,” said Liberal Foreign Affairs Critic Bob Rae. “Despite losing a national election in 1990 to the National League for Democracy, led by Aung San Suu Kyi, Burma’s dictatorial military-led government refused to step down and continues to violently repress any attempts by the people to assert their democratic rights. Burmese citizens are ruthlessly denied freedom of speech, association and assembly. The junta is also accused of vicious ethnic repression, as well as campaigns of systematic rape and forced labour.”
“In a display of solidarity, both myself and many of my Liberal colleagues have signed the Parliamentary Friends of Burma petition for the Inquiry organized by the Canadian Friends of Burma association,” continued Mr. Rae.
“The international community is questioning Canada’s silence. Before any Commission of Inquiry can proceed, it needs a mandate from the United Nations – and Canada’s support would go a long way to making that happen,” concluded Mr. Ignatieff. “Stephen Harper must heed the call to support the Commission of Inquiry as an important first step towards justice.” -30-
Contact:
Press Office
Office of the Leader of the Opposition
613-996-6740
Office of the Hon. Bob Rae, MP, 613-992-5234
Thursday, July 15, 2010
United Democratic Youth League

ဆရာကြီး အား အလေး အနက် ဦးညွတ် ဂုဏ်ပြုရင်း မိသားစုနှင့် အတူ ထပ်တူထပ်မျှ ၀မ်းနည်း
ပါကြောင်း ပြည်ပရောက် U.D.Y.L ပါတီအနေနှင့်  အလေးအနက် မှတ်တမ်းတင်အပ်ပါသည်။
U.D.Y.L
United Democratic Youth League
ဒီမိုကရက်တစ် လူငယ် ညီညွတ်ရေး အဖွဲ့ ချုပ်
(Outside Burma Branch )
ငါ ၏ တောက်ခေါက်သံများ" ဌေးတင့် (နယ်သာလန်) jul21 ,2010
အနှစ် ၇၀ ဆယ်ကျော် ကာလ တလျှောက်လုံး သေနတ်သံ နာကျည်းသံ ပြေးလွှားသံတွေက
နားစည်အိမ်ကို ရိုက်ခတ်ပြီး ရင်ထဲကို နက်နက်ရှိုင်းရှိုင်း နေရာယူလိုက်တယ် ။
အဆုတ်က သန့် ပြီး ဦးနှောက်ကို ပို့ လိုက်တဲ့ သွေးတွေထဲမှာ ပြင်းထန်နေတဲ့ ခံစားမှုတွေပါသွားတယ် ။
ဆက်တိုက် လှုပ်ရှားမှုတွေရဲ့ ဦးဆောင်သူ အားမာန်အသံ။
နိုင်ငံတကာရဲ့ ဝိုင်းဝန်း ကူညီဟန်တွေက စာမျက်နှာတွေကတဆင့်
မျက်လွှာကြည်ကို ဖေါက်ပြီး ဦးခေါင်းအနောက်နေရာမှာ မှတ်တမ်းတင်လိုက်တယ် ။
ဘုရားသခင်ထည့်ပေးလိုက်တဲ့  ဝိဥာဏ်လှုံ့ ဆော်မှုတွေနဲ့ အတူ
ရင်ထဲက ခံစားချက်တွေကို သိစိတ် နဲ့ မသိစိတ်က အဖြေတခုပေးလိုက်တယ် ။
အသက်ကို ဝအောင်ရှု-အံကိုတင်းတင်းကြိတ်-လက်သီးကို နာနာဆုတ်ထား။ မ
နက်ဖြန်တွေ အများကြီးထဲမှာ အာဏာရှင် ဆိုတာ မပါစေရ ။
တိုက်ပွဲ ဝင်ကြ ...တဲ့။
တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။
လုပ်နိုင်တာတွေထဲက အများဆုံးပဲလေ ။ဒီထက် ဘာများလုပ်နိုင်မှာလဲ ။
ကျွန်တော်တို့ မှာ ရှိနေတာကဖေါင်တိန်တွေ စာရွက်တွေ..ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။
နယ်ချဲ့ တိုက်ပွဲကို မြေအောက်က ကူညီခဲ့တယ် ။
ဂျပန်တော်လှန်ရေးအတွက် နယ်လှည့်ကပြပြီး ဆက်သားလုပ်ခဲ့တယ် ။
လွတ်လပ်ရေး အရယူရေးအတွက် ပြည်သူတွေကို အနုပညာနဲ့ လှုံ့ ဆော်ပေးခဲ့တယ် ။
အခြေအနေယိုင်နေတဲ့ အင်္ဂလိပ်တပ်ထဲက
အခြေအနေမဲ့  စစ်ကျွန်တွေနဲ့  ပေါင်းပြီး သေနတ်တွေ ခိုးဝယ်တဲ့ ..
အနံကြီး ကွင်းကျယ် ..ပညာတဝက် မောင်စောက ခိုးသေနတ်တွေနဲ
့ဗိုလ်ချုပ် အပါအဝင် တိုင်းပြည်ခေါင်းဆောင်တွေကို လုပ်ကြံလိုက်ကြပြီ ။
ဒုတိယအကြိမ် တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။
ဒီထက်ဘာများလုပ်နိုင်မှာလဲ ။
ကျွန်တော်တို့ မှာ ရှိနေတာကဖေါင်တိန်တွေ စာရွက်တွေ..ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။
လွတ်လပ်ရေးရပြီး အချိန်ကစပြီး မြန်မာ့ ယဉ်ကျေးမှုအနူပညာတွေကို လွတ်လပ်စွာ ဖေါ်ထုတ်ခဲ့တယ် ။
ကွဲပြားနေတဲ့ ပါတီတွေ အကြားမှာ ဒေါသထွက်နေတဲ့ လူထုတွေ အကြားမှာ
အနူပညာ စာပေနဲ့  ဒေါသမီးတွေကို ငြိမ်းရန်ကြိုးစားခဲ့တယ် ။
ပူးပေါင်းဆောင်ရွက်ရေး ၊ညီညွတ်ရေး တရားတွေကို သီချင်းစာသားရေးခဲ့တယ်။
ဦးနု က အရူးကို ဘုံမြှောက်လိုက်တယ်။ ရိုးရိုး သာမာန် အရူးမဟုတ်ဘူး။
စာတိုက်စာရေး ။
ပိုက်ဆံကို ဖြတ်လမ်းက ရှာတဲ့ မြင်းလောင်း သမား။
များများလိုချင်ရင် သေနတ်ကိုင်ရမယ်ဆိုပြီး
စစ်ထဲဝင်သွားတဲ့ နှာခေါင်းတို နေဝင်း။
၁၉၆၂ မတ်လမှာ အာဏာသိမ်းလိုက်ပြီ ..တဲ့။
လက်ရှိ ဒီမိုကရေစီ တိုင်းပြည်ခေါင်းဆောင်တွေ..လူမျိုးစုခေါင်းဆောင်တွေ အားလုံး ထောင်ထဲရောက်ကုန်ပြီ။
တတိုင်းပြည်လုံးက နိုင်ငံရေး ခေါင်းဆောင်ငယ်တွေပါ မလွတ်ဘူး။
နိုင်ငံရေးအရ ဦးဆောင်သူ ကင်းမဲ့သွားတဲ့ မြန်မာပြည် ။
တောက်ခေါက်သံနဲ့ အတူ သစ္စာစကား ရင်ထဲမှာ ဖြစ်ပေါ်လာခဲ့တယ် ။
အနာဂါတ်တိုင်းပြည်အတွက် ဒီမိုကရက်တစ် လူငယ်တွေ မွေးထုတ်ရတော့မယ် ။
(http://htaytintnl.blogspot.com/2010/07/leadership-development-academy.html)
ပြည်သူ့ ကြက်ရင်ဘတ်က နို့ ကို စစ်မြွေက မြင်သလို..စစ်မြွေခြေထောက်ကိုလည်း ပြည်သူ့  ကြက်က မြင်နိုင်တယ်လေ ။ မြွေမြွေခြင်း ခြေမြင်တယ်ဆိုတဲ့ စကားမသုံးချင်ပါဘူး။အတွေးအခေါ် တဖက်တည်း ဖြစ်နေလို့ ပါ ။
စစ်တပ်ထဲက သူဌေးရူးတွေ အားနည်းချက်ကို လိုက်လံ စနည်းနာပြီး လူငယ်တွေကို သင်ပေးခဲ့တယ် ။
တတိယအကြိမ် တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။
ဒီထက်ဘာများလုပ်နိုင်မှာလဲ ။
ကျွန်တော်တို့ မှာ ရှိနေတာက ဖေါင်တိန်တွေ စာရွက်တွေ ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။
၁၉၇၄ ပြည်လုံးကျွတ် ဆန္ဒခံပြီး မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် စနစ်နဲ့ တိုင်းပြည်ကို တိုးတက်အောင်လုပ်မယ်..တဲ့။
ညာချတဲ့ ခေါင်းပေါင်း အတုကြီးတွေနဲ့ သတင်းစာထဲမှာ ယုတ်ပုံ ကြီးတွေမှ အကြီးကြီး...
အသုဘ အခမ်းအနားလို ပါလာတယ် ။
မဆလ အစည်းအဝေးတွေမှာ သေးကြိုပြီး ပေါက်လာပါ..တဲ့ ။
ရေကြည်အိုင်မှာ ချီးအိုး ရှိတယ်။ အင်းစိန် အပါအဝင် ထောင်တွေမှာ ချီးအိုး သေးအိုးရှိတယ်။
ဆူးလေမှာ ညစ်ပတ်နေတဲ့ အများမသုံးချင်အောင် ညစ်ပတ်နေတဲ့ အိမ်သာရှိနေတယ် ။
မဆလ အစည်းအဝေးခန်းမ တွေမှာ အိမ်သာ မရှိပါဘူး။ လက်နက် ဝှက်မှာ စိုးလို့ ..တဲ့ ။
စတုတ္ထအကြိမ် တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။
ဒီလိုနဲ့ အချိန်မင်းကြီးက သူ့ တာဝန်အတိုင်း သွားနေခဲ့တယ် ။
ဒီထက်ဘာများလုပ်နိုင်မှာလဲ ။
ကျွန်တော်တို့ မှာ ရှိနေတာက ဖေါင်တိန်တွေ စာရွက်တွေ ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။
အာရှ စပါးကျည် ..ဆီကို ရေချိုး....စပါးတောင်လိုပုံ နေတဲ့ တိုင်းပြည်..... အဆင်းရဲဆုံး မွဲပြီ.....တဲ့။
လည်ပတ်နေတဲ့ ငွေသားတွေ စက္ကူစုတ် ဖြစ်သွားပြီ...တဲ့။
ရက်ပေါင်းများစွာ စဉ်းစားပြီး ရေးထားတဲ့ စာမူခတွေ မဆီမဆိုင် စာရေးလို့ မရတဲ့ စက္ကူစုတ် ဖြစ်ပြီ..တဲ့ ။
ကြေလွယ်လို့ အီအီးတောင် ကုန်းမရတော့ဘူး။
မျက်လှည့်ဆရာ နေဝင်းနဲ့  မဆလ အဖွဲ့ သားများပြကွက်လေ ။
ကြဲထားတဲ့ နိုင်ငံရေး မျိုးစေ့လေးတွေ နေရာအနှံ့ အပင်ပေါက်လာကြပြီ။
ဒီမိုကရေစီ မမြင်ဖူးတဲ့ လူငယ်တွေ... မကျင့်သုံးဖူးသေးတဲ့ လူငယ်တွေ.... အခြေခံက ညီညွတ်ရေး ဆိုတာနဲ့ စလုပ်တော့မယ် ။
ရင်ထဲက နာမည်တခု ပေးလိုက်တယ် ။
ဒီမိုကရက်တစ်လူငယ် ညီညွတ်ရေး အဖွဲ့ ချုပ်။

ပဉ္စမအကြိမ် တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။
ဒီထက်ဘာများလုပ်နိုင်မှာလဲ ။ကျွန်တော်တို့ မှာ ရှိနေတာက ဖေါင်တိန်တွေ စာရွက်တွေ ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။
ဆူးလေက စပြီး ရန်ကုန်တမြို့ လုံး..... ရန်ကုန်က စပြီး တတိုင်းတပြည်လုံးကို စစ်မြေပြင် သတ်မှတ်ပြီး၊
မြင်းသမား နေဝင်းတပ်တွေ...... ၁၉၈၈ စက်တင်ဘာလ မှာ
ဒုတိယမ္ပိ ဂန်းစာမိ.. တတိယမ္ပိ ကျည်ဆံကြည့်......
အာဏာသိမ်း လူသတ်ပွဲ ကျင်းပလိုက်တယ် ။
တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။
ပါတီပေါင်းစုံ ရွေးကောက်ပွဲ လုပ်ပေးမယ်...တဲ။့
ပြည်သူ့ ကြက်ရင်ဘတ်က နို့ ကို .....စစ်မြွေကမြင်သလို၊ စစ်မြွေခြေထောက်ကိုလည်း ပြည်သူ့  ကြက်က မြင်နိုင်တယ်လေ ။
ဒီတခါ တရားဝင် မှတ်ပုံတင်ပြီး၊ မြေပေါ်က တိုက်ရမယ့် အလှည့်ရောက်ပြီ။ မှတ်ပုံတင်လိုက်တယ် ။
အဓိက ဦးဆောင်ပါတီကြီးက ဗိုလ်ချုပ်သမီး ပါတီလေ ။
ဘေးက ဝိုင်းရံပေးရမှာက ပါတီငယ်လေးတွေ ။
အတွေ့ အကြုံနည်းပြီး ထောက်လှမ်းရေး မက်လုံးတွေကြောင့်..
ပါတီဝင်တွေ လမ်းတဝက်မှာ လုပ်ကြံမှု ၊ငွေကြေးချမ်းသာမှု ၊ရေနစ်ပြီး ကျဆုံးကုန်ပြီ ။
တတိုင်းပြည်လုံး ပါတီတခုလုံး ဆွေမျိုးတစုလုံး မိသားစုအားလုံး မပါတော့ဘူး။
တကိုယ်ရည် တယောက်တည်း ချမ်းသာရေးဆိုတဲ့ မြင်းလောင်းသမား နေဝင်းမူ ကိုင်ကြပြီ။
နောက်ဆုံးအကြိမ် ၂၀၁၀ မှာ တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။
ပြည်သူ့ ပါတီတွေထဲက နောက်ပိုင်း တက်လာတဲ့ လူထု ခေါင်းဆောင်အားလုံး၊
စစ်တိုင်းတပ်မ အမိန့် မလိုက်နာသူ အားလုံး၊ တရားမဝင်တဲ့..မရှိတဲ့ ဥပဒေ အမှုတွေနဲ့  ထောင်ထဲပို့ လိုက်ကြပြီ ။
တဘက်သတ် စစ်တပ်က တစညနဲ့ ကြံ့ ဖွံ့  ကို ရွေးပေးရမယ်..တဲ့။
အဲဒါ စစ်တပ်က လိုချင်တဲ့  ဒီမိုကရေစီ အဆင့်ဆင့် ပြောင်းလဲရေးမူ..တဲ့ ။
တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။
ဒီထက်ဘာများလုပ်နိုင်မှာလဲ ။ ကျွန်တော်တို့ မှာ ရှိနေတာက ဖေါင်တိန်တွေ စာရွက်တွေ ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။
ခင်ဗျားက လူငယ်ဆိုတော့ ပိုတတ်နိုင်တယ် ထင်တယ် ။ ဒီထက်ဘာများ ပိုပြီး လုပ်ချင် လုပ်နိုင်ပါလဲ ။ လုပ်ကြစမ်းပါလေ ။
ဌေးတင့် (နယ်သာလန် )
(၁၄.၇.၂၀၁၀ ရက်နေ့ (ဗုဒ္ဒဟူးနေ့ ) ညနေ (၅း၀၀)နာရီမှာ.. ဒီမို ရဲဖော်ရဲဖက်၊ ဇာဂနာရဲ့ ဖခင်ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇ နှစ်)ကိုဂုဏ်ပြုပြီး အနုပညာ ဝိဥာဏ်ဖြင့် ရေးသားပါသည် ။)
မြန်မာပြည်က စစ်အာဏာရှင်ကို ဆက်တိုက်ပွဲဝင်ဖို့ 
ကွန်ပြူတာ အခြေခံတတ်ဖို့ လိုတယ် ။
ကနေဒါမှာ ပြေလည်တဲ့ ဘဝရပ်တည်မှု တခုလိုတယ် ။
သင့်တင့်တဲ့ အလုပ်ကို ရှာဖွေနိုင်ဖို့ 
အင်္ဂလိပ်စာ အခြေခံ တတ်ဖို့ လိုတယ် ။
အမွေရတဲ့ ပစ္စည်းနဲ့  သွားကတော့
အသက်ရှင်ဖို့ နဲ့ မျိုးဆက်ပြန့် ပွားလို့ ဘဲရတယ် ။
http://www.directjobs.ca/search/
http://www.find-a-job-canada.com/
http://www.find-a-job-canada.com/employee.html
http://www.workopolis.com/EN/Common/HomePage.aspx
http://www.bestjobsca.com/
Wednesday, July 14, 2010
ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇ နှစ်)ကွယ်လွန်
United Democratic Youth League
ဒီမိုကရက်တစ် လူငယ် ညီညွတ်ရေး အဖွဲ့ ချုပ်
မိသားစုနဲ့ ထပ်တူ အထူး ဝမ်းနည်းပါကြောင်း....
မိတ်ဆွေ ရဲဘော်အပေါင်းတို့ ....
ကျွန်ုပ်တို့ ၏ မြန်မာ့ တော်လှန်ရေးကာလတလျှောက်လုံးတွင် သမိုင်းဝင် တော်လှန်ရေး ခေါင်း
ဆောင်များ သည် သူတို့ မြင်လိုသော တော်လှန်ရေး ပန်းတိုင်မရောက်မှီတွင်ပင် ကွယ်လွန်
သွားကြရလေသည် ။
ယခု တွင်လည်း ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇ နှစ်) သည် ကျွန်တော် တို့ ၏
U.D.Y.L ပါတီ ( United Democratic Youth League ) ဒီမိုကရက်တစ် လူငယ် ညီညွတ်ရေး အဖွဲ့ ချုပ် ကို စတင် တည်ထောင်ကာစ ၁၉၈၈ ခုနှစ် နိုဝင်ဘာလကပင် ပါတီ၏ နာယက အဖြစ် တာဝန်ယူခဲ့ ပြီး အခြားသော တော်လှန်ရေး နိုင်ငံရေး တာဝန်များကိုလည်း
နောက်ဆုံး အချိန်အထိ ထမ်းဆောင် ရင်း ကွယ်လွန်သွား ခဲ့ လေပြီ ။
ဆရာကြီး အား အလေး အနက် ဦးညွတ် ဂုဏ်ပြုရင်း မိသားစုနှင့် အတူ ထပ်တူထပ်မျှ ၀မ်းနည်း
ပါကြောင်း ပြည်ပရောက် U.D.Y.L ပါတီအနေနှင့်  အလေးအနက် မှတ်တမ်းတင်အပ်ပါသည်။
U.D.Y.L
United Democratic Youth League
ဒီမိုကရက်တစ် လူငယ် ညီညွတ်ရေး အဖွဲ့ ချုပ်
(Canada Branch & Malaysia Branch )
မိတ်ဆွေအပေါင်းတို့ ..
..ယနေ့  ၁၄.၇.၂၀၁၀ ရက်နေ့ (ဗုဒ္ဒဟူးနေ့ )ညနေ (၅း၀၀)နာရီမှာ..ကျွန်တော်တို့ ရဲ့ ရဲဖော်ရဲဖက်၊သူငယ်ချင်း ဇာဂနာ ရဲ့ ဖခင်ဦးအောင်သိန်း(ခေါ်)
ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇ နှစ်)ကွယ်လွန်သွားရှာပြီဗျာ...........။
လေးစားဦးညွတ်လျက်....ကျော်သူ
(မနက်ဖြန်...၁၅.၇.၂၀၁၀ရက်နေ့ နံနက်၁၁း၀၀နာရီမှာရေဝေးသုသ၁န်မှာသဂြိုလ်ရန်စီစဉ်နေပါကြောင်း. ...။)
နာရေးကူညီမှုအသငိး ဥက္ကဋ္ဌ ဦးကျော်သူမှ ပေးပို့လာပါတယ်။
မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းပါကြောင်း...
Type your summary here.Type the rest of your post here.
Monday, July 12, 2010
ငြိမ်းချမ်းရေးအသိတရား ခင်ဗျားတို့မှာ ရှိဖို့လိုပြီ
Type your summary here.Type the rest of your post here.
Friday, July 9, 2010
"ကျောင်းသားအတ္ထုပ္ပတိ"
(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်
အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံ ငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ရင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။
(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချိုင်းမြေမှာ
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်...
မင်းအတွက်...
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ် မလုံလောက်မှု
ဖောင်တိန် မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်…
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစဉ်ကို ထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။
(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်...
“အမျိုး ဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ယဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။
“ကောင်းမွန်စွာ
သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘ၀အဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် ... ။
(၄)
အိမ်ထရံမှာ
တခါတခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ် သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမဲ့ ...
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..
ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားရင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံဝေ
မင်းရောက်ရာအရပ်က ကြားပါစေ...
စစ်ခွေးတွေက ဒီလိုတစစီ ဖြိုဖျက်ခဲ့ကြတာ
(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်းစေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဘက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
သြော်..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်.... ။ ။
ရွှေဘုန်းလူ
__._,_.___
Type your summary here.Type the rest of your post here.
Sunday, July 4, 2010
48 Commemoration of 7 July (IFBNC)
Conflicting in Terrorism
In China, Junta Secretary 1 Vows 'Democracy, Stability and Development'

China will help Burma Army
The Burmese junta's Secretary 1, Gen Tin Aung Myint Oo, told Chinese officials he met with in Beijing on Monday that Napyidaw is “striving to push forward democracy, national stability and development,” adding that he appreciated China’s support for Burma, the Chinese media reported.
According to the Xinhua news agency, Tin Aung Myint Oo’s comment came during his meeting
with Li Changchun, the 5th ranked member of the Politburo Standing Committee of the Communist Party of China (CPC).
During the meeting, which highlighted the fact that the Burmese general’s visit to China was focused on political issues between the two countries, Li Changchun noted that Burma and China treated each other with “respect and equality” in bilateral ties.
Tin Aung Myint Oo’s words are almost identical to those used by Chinese Premier Wen Jiabao in October 2009, when he told Burmese Prime Minister Thein Sein at the 15th annual summit of the Association of Southeast Asian Nations in Hua Hin, Thailand, that Beijing hoped Burma “will achieve stability, national reconciliation and development.”
Tin Aung Myint Oo, who is also Quartermaster General of the Tatmadaw (Burmese armed forces), kicked off his China trip on Saturday, and Burma's state-run New Light of Myanmar newspaper reported on Sunday that junta-chief Snr-Gen Than Shwe, along with other top officials such as Vice Snr-Gen Maung Aye, Gen Shwe Mann and Prime Minister Thein Sein, were present to send him off.
According to the newspaper, Tin Aung Myint Oo and his delegation were invited by Chinese Vice Premier Li Keqiang, who is also a member of the ruling Chinese Communist Party's (CCP) Politburo Standing Committee. Li Keqiang is ranked 7th in the Chinese ruling hierarchy, and observers have tipped him as a possible successor of Wen Jiabao.
Tin Aung Myint Oo's visit to China sparked a rumor among Burmese intellectuals in Rangoon that the junta decided to postpone the scheduled elections. Observers say the rumor was fueled by reports that if the junta shifts its election scheduled for this year, as secretary 1 of the junta, Tin Aung Myint is supposed to inform China, the junta's closest ally.
The past two months have been a significantly busy period of diplomacy between China and Burma, with officials from both nations making frequent trips between Naypyidaw and Beijing. Burmese and Chinese official media have reported that these trips are an attempt to boost bilateral ties to mark the 60th anniversary of the Sino-Burmese relationship.
Tin Aung Myint Oo's visit marked the fifth occasion of bilateral talks between Chinese and Burmese senior officials since the beginning of June, and came only one week after a visit to Burma by Chinese Vice Premier Zhou Tienong, who is also vice chairman of the Standing Committee of the National People’s Congress and president of the Chinese Association for International Understanding.
Zhou Tienong is not, however, a member of the ruling CPC. He is a member of the Revolutionary Committee of the Chinese Kuomintang (RCCK), one of eight non-communist parties in China.
During his visit to Burma, Zhou Tienong was believed to have discussed two significant issues with Burmese officials, including Prime Minister Thein Sein, who he met with on June 28 in Naypyidaw: Burma's 2010 elections and ethnic issues along the Sino-Burmese border.
Wen Jiabao visited Burma on June 2-3, just a few days ahead of the 60th anniversary. He also raised the issue of border stability with Than Shwe, as well as other bilateral concerns and areas of mutual economic and strategic interest.
Shortly after Wen Jiabao’s trip ended, Gen Fan Changlong, commander of the Chinese People’s Liberation Army’s (PLA) Jinan military region in eastern China, arrived in Burma for a five-day visit.
Gen Shwe Mann, the junta’s No. 3 and the joint chief of staff of the Burmese Army, Navy and Air Force, met the PLA delegation in Naypyidaw on June 8. Xinhua reported that the two generals exchanged views on matters of common concern between the two countries.
Sunday, June 20, 2010
Tuesday, June 15, 2010
လူနွား
လူနွား
မှန်သလား မှားသလား
ခွဲခြားမသိ ရှိသည့် ခွန်အား
ကြီးသော်ငြားလည်း
နဖါးကျိုး လစာ တာဝန် တံပိုး
ရိုကျိုး သခင့် ထံ နှင်တံ အမိန့် 
တံဆိပ် ချူ ဆွဲ ခိုင်းလည်းကောင်းအောင်
ဖေ့ သားမောင်ရေ..ကောက်ရိုး တွေစား
မင့် ခွန့် အား မှ စပါး ဆန် တို့ သူ ယူ၏ ။ ။
............ ( စိုးမိုးသူ )
Friday, May 28, 2010
ကိုသန်းနိုင်နဲ့ ကျွန်တော်တို့ ၆ယောက်( အတွဲ ၃)
ရင်ခုံသံဟာ ကျောက်မီးသွေး ရထားခေါင်းတွဲကဲ့သို့ ခန္တာကိုယ်ကို မောင်းစေခဲ့ပါတယ် ။
သောင်ရင်းမြစ်ကမ်းပါး ၁၀မီတာကျော် ကို သူငယ်ချင်း ကျောင်းသားများအတွက်
နှလုံးသားလေးထဲက ပူပင်နေသော စိတ်တွေက တွန်းပို့ ပေးလိုက်ပါသည် ။
ဘယ်လို ရောက်သွားမှန်းမသိဘူး ။
ခပ်ဝေးဝေးတုံးက မြူနှင်းတွေလို့  မြင်နေရခဲ့တဲ့ လေငွေ့ ထုကြီးဟာ
အနီးရောက်မှ မြင်ရတာက ဖုန်မှုံ့  တပ်ပေါင်းစုကြီးဖြစ်နေပါတယ် ။
မြေပြင်က ပျံတက်လာတဲ့ ပြည်သူ့ သစ္စာ သွေးမှုံတွေရယ်
နအဖက တညလုံး ပစ်လိုက်ခဲ့တဲ့ ၁၂၀ မမ ကျည်ငွေ့ တွေရယ်
တရားတဲ့ ခံစစ်ပွဲကို ဆင်နွဲနေတဲ့ မြေပြင်က မြေမှုံတွေရယ်
သောင်ရင်းမြစ်က အပြစ်မဲ့တဲ့ ရေမှုံတွေရယ် ဟာ
နံနက်ခင်း မိန်းမပျိုရဲ့ အလှသစ္စာ တရားကို ငြိမ်သက်စွာ ပကတိဖေါ်ကျူးနေပြတယ် ။
ရေစပ်ကို စစ်ဖိနပ်စီးထားတဲ့ ခြေထောက်ကို လှမ်းတော့မယ် ဆိုလိုက်တာနဲ့ 
အားလုံးရဲ့ ခေါင်းတွေဟာ တဦးကို တဦး ကြည့်လိုက်ကြပြီး
မေးခွန်းပေါင်းများစွာကို အသံတိတ်မေးလိုက်ကြတယ် ။
နောက်ဆုံးနှတ်ဆက် တဲ့အနေနဲ့  စစ်ဦးထုတ်ရှေ့ ကအပြားလေး တွေ ညိမ့်ပြကြတယ် ။
အေးမြနေတဲ့ ရေထဲကို ဆင်းလိုက်ခြင်းဟာ မြန်မာပြည်ထဲကို စတင်ဝင်ရောက်တဲ့ သက်ေတပါ ။
တနည်းအားဖြင့် နအဖ စစ်အာဏာရူးတွေ သိမ်းပိုက်လိုက်တဲ့ နယ်မြေ ။
ကျွန်တော်တို့ အတွက်ကတော့ ရန်သူ့ က အားလုံးအသက်ကို ချွေတော့မဲ့
သတ်ကွင်းတခုအဖြစ် တညအတွင်း ပြောင်းသွားခဲ့ပါသည် ။
မနေ့ ညကအထိတော့ လွတ်မြောက်ရာနယ်မြေ ။
အခုမနက်မှာတော့ ရန်သူ့ နယ်မြေပါ ။
ခဲတပစ်စာအဝေး ကျဉ်းနေတဲ့ သိမ်လှီနေတဲ့ မြစ်နေရာက စကူးပါပြီ ။
ဆောင်းတွင်းဆိုတော့ ရေကအေးမြပြီး တိမ်နေပါသည်
ဒူးဆစ် အထိ အေးပြီး ကျင်တက်သွားပါသည် ။
တခါတရံ ကျွန်တော်တို့ က ငယ်ပါချောင်းလို့ စနောက်ခေါ်ကြပါသည် ။
ခါးအောက်အထိ ရေအောက်ရောက်ရင်
အေးလွန်းလို့  ငယ်ပါလေးကကျုံ့ ပြီး အထဲကို ပြေးဝင်လို့ အတွဲလေးကို ကြိုးချည်ပြီးမှ ဆင်းရပါတယ်။
ရှမ်းပြည် ဆောင်းတွင်းမှာ ရေဆင်းချိုးသူတွေ နားလည်ပါတယ်။
မိုးတွင်းတုံးက တဝေါဝေါနဲ့  သစ်လုံးတွေ ဆင်တွေကို ဆွဲချဘူးတာ
သူနဲ့ မဆိုင်တော့တဲ့ နာဂစ်သင်တန်းက
အပျိုမလေးတွေလိုဘဲ ငြိမ်သက်စွာ အသံတိတ်နေတယ် ။
ရင်ထဲကအပူတွေဟာ အေးမြတဲ့ရေ မွန်းကြပ်နေတဲ့ ယမ်းငွေ့ တွေကြောင် တောင့်တောင့်ကြီးဖြစ်စေခဲ့တယ်။
ရေထဲကို စနစ်တကျ တဦးကိုတဦး ကာပစ် အနေအထားနဲ့  ဖြတ်ကူးကြပါတယ် ။
မြစ်ကိုကျော်ပြီး ကမ်းပါးကိုရောက်ပါပြီ ။
တဦးခြင်း သတိကြီးစွာနဲ့ သဲမြေကတဆင့် ကမ်းပါးပေါ်ကို တဆင့်တက် လိုက်ပါတယ် ။
မြေပြင်တခုလုံးဟာ ယမ်းငွေ့ တွေကြားမှာ ထိတ်လန့်  တုံလှုပ်ဖွယ်ကောင်းအောင် ငြိမ်သက်နေပါတယ် ။
ညင်သာတဲ့ လှုပ်ရှားသံလေး နားထဲကို ရိပ်ကနဲ ဝင်လာပါတယ် ။
အသံကြားရာကို သေနပ်ပြောင်းနဲ့ ထိုးချိန်လိုက်ပါတယ် ။
ဆေးတပိုင်းသုတ်ထားတဲ့ လှေဖက်ကပါ ။
လေးငါးလှမ်း လျှေက်ပြီး လှေအောက်ကို ငုံ့ ကြည်လိုက်တော့ ကရင်တပ်က ရဲဘော် လူငယ် ။
ဘာလုပ်နေတာလဲ မေးလိုက်တော့ မနက်ထမင်းချက် တာဝန်ကျလို့  ရေဆင်းခတ်တာ
လက်နက်ကြီးတွေ မိုးရွာသလိုကျတာနဲ့ ဝင်ပုံးနေရင်း အိပ်ပျော်သွားတာပါတဲ့ ။
လူကြီး(ဖထီး)ကို ပြန်မပြောနဲ့ နော်တဲ့ ။
ပြည်သူပြည်သားတွေရဲ့ ကောက်ပဲသီးနှံတွေနဲ့ 
တရုပ်ပြည်က အပေါစား ဒုံးကျည် အမြောက်တွေကို လဲလှည်ပြီး မိုးမွန်အောင် ပစ်ခတ်လို့ အားလုံးဆုတ်သွားလို့ 
သူ့ လူကြီး(ဖထီး)လဲမရှိတော့ဘူးလို့ ရှင်းပြလိုက်ပါတယ်
ကရင်ရဲဘော်လေးက ချက်ခြင်းဘဲ အမိုးနဲ့ အပါးကို သတ်ထားတဲ့ မြန်မာစစ်တပ်ကို
ဒီနေရာက မသတ်ရရင် တခြားနေရာက သွားသတ်မယ်ဟု ပြောပြီး မြစ်ကမ်းစပ်ကို ပြေးဆင်းသွားပါတယ် ။
( ၁၂၀ မမ ကျည်ဆံထိပ်ဖူးတလုံးသည် ၄၀၀၀ဘတ် (၁၅၀ ဒေါ်လာ)မှ ၆၀၀၀ ဘတ် (၂၀၀ ဒေါ်လာ)အထိရှိပါသည် ။
နအဖစစ်တပ်က တမိနစ်လျှင် အလုံး ၃၀ ပစ်ပါသည် ။
တမိနစ်လျှင် ဒေါ်လာ ၆၀၀၀ ကို လေထဲမှာ ခွဲလိုက်တာပါ ။
တနာရီ ဆိုလျှင် ၃၆၀၀၀ ဒေါ်လာ ပြည်သူ့ ငွေနဲ့ လုပ်အားကို ဖြုန်းတီးနေတာပါ၊
သေနပ်ပြောင်းဝက အာဏာနဲ့ ပြည်သူ့ လုပ်အားတွေနဲ့ ပြည်သူ့ အာဏာတွေ သိမ်းတဲ့ ပွဲ)
ကမ်းနဖူးပေါ်က နောက်ကာ ကတုတ်ကျင်းတွေ ဆက်သွယ်ရေးမြောင်းတွေ ကို အရေးပေါ် ဇော်ဂျီတွေလို
သေနပ်ကိုကိုင်ပြီး အပြေးတက်ကြပါတယ် ။
မတိုင်ပင်ထားတဲ့ ပြေးနေတဲ့ ပစ်မှတ်နေရာက ကျောင်းသားတပ်မတော် ရုံးတည်ရာ ကတုတ်ကျင်းဆီသို့  ။
တာဝန်ကျ ကျောင်းသား ၂ဦးက အနီးအနားမှာ ဗုံးမှန်လို့ သေနေတဲ့ ကြက်သေတွေကို
တယောက်က အမွေးနှတ်ပြီး တယောက်က ထမင်းချက်နေပါသည် ။
ကိုသန်းနိုင်က ဟေ့ကောင်တွေ နင့်မေကလွား ညကဘယ်မှာအိပ်နေတာလဲ ဟု မောမောပန်းပန်းနဲ့ မေးလိုက်ပါတယ် ။
တပ်ရင်းမှုး ကျွန်တော်တို့ ကမိုးလင်းချိန်ကင်း ဆိုတော့ တညလုံး ဆူနေတာနဲ့ 
ခေါင်းအုံးကို အပေါက်ဖေါက် ခေါင်းကိုစွပ်ပြီး ဆန်အိပ်တွေကြားမှာ ဝင်အိပ်နေတာဟု မှို့ တွေ ဖွေးဖွေးနဲ့  စပ်ဖြီးဖြီး ပြောပါတယ် ။
ကျွန်တော်တို့ တာဝန်တွေပြီးခါနီးပြီး ခဏနေရင် ထမင်းရော ဟင်းရော ရပြီဟု သတင်းဆက်ပို့ ပါသည် ။
ကိုသန်းနိုင် စိတ်ဆိုးပြီး တယောက်တည်း တပြစ်တောက်တောက်နဲ့ ဆဲပါတော့သည်။
ပြီးမှ ချက်ပြီးသားထမင်းဟင်းတွေ မင်းအဘတွေ ကျွေးမလို့ လားမေးရာ
ကျောင်းသား၂ ယောက်က တယောက်မျက်နှာ တယောက်ကြည့်ပြီ
ကျွန်တော်တို့ ဖက် မေးစေ့ငေါ့ပြီးမေးပါသည် ။
ကျွန်တော်တို့ လည်း ဘာပြန်ပြောရမှန်းမသိဖြစ်သွားပါတယ် ။
သူတို့ ၂ ယောက်ရဲ့ အူကြောင်ကြောင် အမူအရာကို ကြည့်ပြိး
ရီရမှာလား
ဒေါသထွက်ရမှာလား
စိတ်ဆိုးရမလား ။
ဒီလောက် အရေးကြီးတဲ့ အချိန်မှာ ရှိစုမဲ့စု ခေါင်းအုံးကို ဖေါက်ပြီး
ကမ္ဘာပျက်သွားတာ မသိလိုက်ဘဲ အိပ်နေတဲ့ သူ ၂ ယောက်
သင်လဲကျွန်တော်တို့ နေရာမှာဆိုရင်ကော
( ၂၀၁၀ အထိ မြန်မာပြည်ထဲမှာ ကမ္ဘာပျက်လောက်တဲ့ အဖြစ်အပျက်တွေ
အကြိမ်ကြိမ်ဖြစ်ပွားခဲ့တယ် ။
ဘီယာအိုး အရက်အိုး အတင်းအိုး အာဏာအိုးတွေထဲမှာ စိမ်ပြီး
အိပ်မောကျနေတဲ့ ကျောင်းသားတွေ ကျောင်းသူတွေ နိုင်ငံရေးသမားတွေ
အများကြီးဘဲလေ အစည်းပြေနေကြတာ )
၂ဖွဲ့ ခွဲမယ် ။ ကျန်တဲ့ကျောင်းသားတွေ လိုက်ရှာကြမယ် ။
ရန်သူနဲ့ အရင်တွေ့ သူက သေနပ်ဖေါက်အချက်ပေးပြီး စပြေးတော့ လို့ 
ကိုသန်းနိုင်က အမိန့် စပေးပါတယ် ကျွန်တော်နားလည်ပါသည်
ထိုစဉ်က ကိုသန်းနိုင်က စစ်မြေပြင်တာဝန်ခံပါ ဗဟိုကလူလည်း သူ့ အမိန့် နာခံရပါသည် ။
အဓိက တာဝန်က ကျန်နေသော ရဲဘော်ရဲဘက် ကျောင်းသားရှာရန်သာဖြစ်ပါသည် ။
ထို့ အတွက် အသက်ပေးသင့်ရင် ပေးရပါမည် ။
ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရာနေရာက ပွိုင့် ဖိုက်သံကမှန်မှန်ထွက်နေသေးပါတယ် ။
ကရင့်တပ်မတော်က ကွန်မန်ဒို တချို့ ရှိနေသေးတဲ့သက်ေတပါ ။
နေုာက်ဆုံးအချိန်ထိ တာဝန်ယူပြီး ဖလူးထိပ်တိုက်ကနေ သေဆုံးသည်အထိ
စစ်အာဏာရှင်စစ်တပ်ကို ကာပစ်ပြီး တာဝန်ယူသွာခဲ့သော
ကရင့်တပ်မတော်မှ ကွန်မန်ဒို ကရင်ရဲဘော်များကို ဒီနေရာက ဂုဏ်ပြုပါတယ်
ရန်သူနှင့်ပေါင်းသွားသော ကရင်များကို ပြင်းထန်စွာနာကျည်းပါသည် ။
ကျွန်တော်တို့  စစ်မြေပြင်ကို နောက်ဆုံး အကြိမ် စစ်ဆေးရမယ့် တာဝန်ဖြစ်လာပါသည် ။
ကတုတ်ကျင်းတွေထဲမှာတော့ မည်သူမျှမရှိတော့ပါ ။
နောက်မှသိရတာက ရန်သူ့ တပ်ခွဲ တခွဲ ဟာ ထိုင်းနိုင်ငံကို ည၁၂နာရီလောက်မှာ ခိုးဝင်ကာ
အနောက်ဖက်က ဝင်တိုက်တာပါ ။ အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေမှာ လုပ်ခွင့်မရှိပါဘူး ။
ခုခံရေးတာဝန်ကျသူတွေကလဲ သဝခ လို့ ခေါ်တဲ့  ကရင်အရံတပ်ခွဲကဆိုတော့ ခံစစ်ပေါက်ခဲ့တာပါ ။
သဝခမှာက အရံတပ်တွေဖြစ်ပြီး စစ်မြေပြင် အတွေ့ အကြုံနည်းကြပါတယ် ။
မကြာခဏဖြစ်ပွားခဲ့လို့ ထိုင်းစစ်တပ်ကရှောင်ခဲ့ရပါတယ်ကလိမ်ကကျစ်မြန်မာ့တပ်မတော်အစစ်ပါ ။
နောက်က ရန်သူဝင်ပြီး ပေါက်တာဆိုတော့ ပြန်ပြီး ပိတ်ဆို့ ရှင်းလင်းရေးလုပ်ဖို့ ကလဲ
ကရင်အရာရှိတွေက ဝလေက ခရစ်စမတ် ဘာသာရေးပွဲ မှာရောက်နေကြပါတယ် ။
ကျောင်းသားတပ်ခွဲမှုးတွေကလဲ ကျွန်တော်တို့ နဲ့  စခန်းအပြင်မှာပါ ။
အောက်ခြေကဆိုတော့ အဆက်အသွယ်ပြတ်ပြီး
ဆုတ်ရန်တခုထဲ နားလည်ပြီး ဆုတ်ခွာကြပါတယ် ။
မြန်မာ့အသံကတော့ အကြီးအကျယ်ကြွားလုံးထုတ်ပါတော့တယ် ။
ဖလူးတိုက်ပွဲကြီးကို ဘယ်လိုတိုက်ခဲ့ရတယ်။ ကြိုးစားခဲ့ရတယ်ပေါ့ ။
ကရင့်လက်နက်တွေ အစုလိုက် အပုံလိုက်ရတာကိုမြန်မာ့ ရုပ်မြင်သံကြားမှာ ပြတော့
ကျွန်တော်အံကြိတ်မျက်ရည်ကျပြီး ကြည့်ရပါတယ် ။
အဲဒီတုံးက ပြောပြချင်ပေမဲ့ အခြေအနေက မပေးခဲ့ပါဘူး။
ရန်ကုန် စစ်ရုံးချုပ်က လူကြီးနဲ့ နီးသူတွေရာထူးတွေ တက်ကုန်ပါတယ် ။
မိုးရွာသလို လက်နက်ကြီး ပစ်ခတ်မှုအောက်မှာ ဆက်သွယ်မှုမှားပြီးကရင့်တပ်က ဆုတ်ပေးလိုက်တာပါ ။
မြန်မာစစ်အာဏာရှင်ဖက်က တပ်စုမှုး တပ်ခွဲမှုး တပ်ရင်မှုး တချို့  သီဟတွေ သူရတွေ အချောင်ရသွားတာပါ ။
ပေါ်တာစရိပ်တွေ ဖြတ်ခုတ်ဝေစားပြီး ဗျုဟာမှုးတွေ အုပ်လိုက်ချမ်းသာပါတော့တယ် ။
မြန်မာပြည်တွင်းမှာ ပြဿနာ ဖြစ်နေသမျှ စစ်ဆင်ရေးစားရိတ်ကို ဝေစားမျှစားတာ
အကျင့်ဖြစ်နေပါပြီ ။
ကိုသန်းနိုင်၊ ကိုဇော်ဖော် ကိုကျော်မင်းဦး ကိုနေမျိုး ကိုအေးဝင်းတို့ က
မြစ်ကမ်းပါးတလျှောက် ကတုတ်တွေကို လိုက်စစ်ပါတော့တယ် ။
ကျွန်တော်နှင့် ကိုမောင်လှက အလယ်ကဖြတ်ပြီး ကရင့် ဆေးရုံဖက်သို့ သွားကြပါသည် ။
အချိန်က နံနက် ၆ နာရီကျော်ကျော်မှာပါ ။
ရန်သူမြန်မာစစ်တပ်ကလည်း စစ်ကြောင်း များဖြန့် ပြီး
ဖလူးစခန်းရှင်းလင်းရေး အတွက်ဝင်လာပါသည် ။
ဆင်နဲ့ ကျား လယ်ပြင်မှာတကယ်တွေ့ ခဲ့တဲ့ ပွဲပါ။
ရန်ငါ စည်းဆိုတာ အဲဒါပါဘဲ ။
ထိပ်တိုက်ရင်ဆိုင်ခြင်း အစစ်ပါ ။
သူသေ ကိုယ်ရှင် လုတဲ့ပွဲ အစစ်ပါ ။
စားပွဲပေါ်က လက်နက်ကိုင်တော်လှန်ရေး သမားများ
ပိုက်ဆံ ကောက်လို့ ကောင်းအောင် ရေးကြ ပြောကြနေပါတယ် ။
ပြည်ပနေ အာကြီး အာလေးများကို မှတ်ထားပါသည် ။
မကြာမှီ လာတော့မည့် စစ်ပွဲတွေကို ဖိတ်ခေါ်ပါသည် ။
မိုးလင်းကာစဆိုတော့ လူတရက်ကျော် မြက်ပင်တွေက နှင်းတွေ စိုနေပါသည် ။
စစ်ဘောင်းဘီကလည်း နှင်းတွေကြောင့် စိုရွဲနေပါသည် ။
တလှမ်းခြင်း ရှောက်လာရင်း မောင်လှက သတိထား ရှေ့ မှာ အသံကြားရတယ် ။
ရိပ်ကနဲ ရှေ့ ခပ်လှမ်းလှမ်း စစ်ယူနီဖေါင်းနဲ့ လူတစုကို ဘွားကနဲ တွေ့ လိုက်သည် ။
ပုခုံးတံဆိပ်ကို အမြန်ကြည့်လိုက်တော့ မဟာဗန္ဒုလ တံဆိပ်ကိုတွေ့ လိုက်တယ် ။
အနီးဆုံးမှ လူတရပခန့်  သစ်ပင်ငယ်နဲ့ ကျွန်တော်ပုခုံးက ဓါးနဲ့ လှံ တံဆိပ်ကို ကွယ်လိုက်တယ် ။
ဒီနေရာမှာ မှန်ကန်သော ဆုံးဖြတ်ချက် ဟာ အသက်ရဲ့ ထွက်ပေါက်ဆိုတာ တွေ့ လိုက်ရတယ် ။
ဘယ်ထွက်ပေါက်ကို ရွေးမှာလဲ
မြန်မာတပ်ကြပ်ကြီးက စပြီး ကျွန်တော့်ကို ပစ်ပါတယ် ။
မောင်လှက ကျွန်တော်နောက်မှာရပ်နေတာပါ ။
ဂျီသရီး ကျည်ဆံတွေ ကာဘိုင်ကျည်တွေ ဘေးကသစ်ပင်တွေကို ဖြတ်ချလိုက်ပါတယ် ။
ကျွန်တော် တက္ကသိုလ် အရံတပ်ရင်းမှာ တပ်ကြပ်အထိ မြန်မာစစ်ပညာ သင်ခဲ့ဖူးပါတယ် ။
တောတွင်းမှာလည်း နိုင်ငံတကာ သင်တန်းတွေ တက်ဖူးပါတယ် ။
ဘယ်မအေပေးတပ်စုလဲ မြေပုံညွန်းမှားလာတာ ၊ စကားဝှက်ပြောဟု ကျွန်တော်အော်ပြီးမေးလိုက်ပါသည် ။
ပုခုံးပေါ်က အနက်တစ်ပွင့်နဲ့  မျောက်တကောင် ခုန်ထွက်လာပါသည် ။
မောင်လှ တာဝန်သိပ်သိပါတယ်
ကျွန်တော့နောက်ကနေ အေကေ ၄၇ ကိုင်ပြီး ရှေ့ တက်ခါ ပစ်ပါတော့တယ် ။
အဲဒီတအုပ်လုံး ဂျွမ်းထိုးမှောက်ခုံဖြစ်သွားပါသည် ။
ပြည်သူ့ ကျောင်းသားနဲ့ လခစားစစ်သား အရည်အချင်းကွာပါတယ် ။
သတ္တိခြင်းလည်းကွာပါတယ် ။ ခံယူချက်ခြင်းလည်းကွာပါတယ် ။
လခစားနဲ့  ပုတ်သင်ညိုစား တာလဲကွာပါတယ် ။
၁၀ ယောက်တယောက် ပေးတိုက်ချင်တယ် ။
ကိုဌေးပြေးတော့ဆိုပြီး မောင်လှက အချက်ပေးပါတယ် ။
လမ်းကျွမ်းကျင်သော မောင်လှက လွှားကနဲ လွားကနဲ ရိပ်ကနဲ ရိပ်ကနဲ
သစ်ပင်များက နောက်မှာကျန်ခဲ့ပါသည် ။
ထိုစဉ်မှာဘဲ ကိုသန်းနိုင်တို့ ဖက်က သေနတ်သံမှာ ကြားပါတော့တယ် ။
ပြေးရမဲ့ လမ်းကြောင်းဟာ သေနပ်သံ ထွက်ခဲ့တဲ့ ၂ နေရာရဲ့ ဆန့် ကျင်ဖက်ကနေ
ထိုင်းနိုင်ငံကမ်းဖက်ဆီ ဆိုတာ ကွန်ပြူတာမေးရင် နောက်ကျနေအုံးမယ် ။
အသက် ၁၃ နှစ်သားကထဲက နည်းမျိုးစုံပြေးခဲ့ဘူးပါတယ် ။
ပေါ့ပါးခြင်း သွက်လက်ခြင်းဟာ ငှက်အသွင်ပါဘဲ ။
နောက်က ပြေးလိုက်လာတဲ့ ကာဘိုင် ဂျီသရီး ကျည်ဆံတွေက
ဘေးကမြက်ပင်တွေ သစ်ပင်ငယ်တွေကို ဒါးတွေနဲ့ လိုက်ရှင်းနေသလိုဘဲ ။
သေချာတာက ဖြောင့်ဖြောင့်မပြေးဘဲ အခုတ်ခံရတဲ့ သစ်ပင်ငယ်တွေကို ဖြတ်ပြေးတာပါ ။
အရှိန်နဲ့ လှည့်ပစ်နေတဲ့သေနပ်ပြောင်းဝဟာ ရုပ်တရက် ပြန်လှည့်ရန် ဘယ်လိုမှ မဖြစ်နိုင်ပါ ။
ဒီအတွက်သေဘေးကို တထွာကျော်က ၁၀မိနစ်အတွင်းမှာ လွတ်သွားပါတယ် ။
ကိုသန်းနိုင်တို့  ကိုဇော်ဇော်တို့ အုပ်များပြီး ရန်သူနဲ့ တွေ့ တော့ တိုင်ပင်စရာမလိုဘဲ
အေကေ ၂လက်ကို နောက်ပြန်ထမ်းပြီး ပစ်ခတ်ရင်း ရင်ဘောင်တန်းပြေးကြပါတယ် ။
သူတို့ အဖွဲ့ က ငှက်ပျောတောကို ဖြတ်ပြေးပြီး သောင်ရင်းမြစ်ကို ဖြတ်ကူးကြတာပါ ။
နှလုံးအားနဲနေတဲ့ ကိုသန်းနိုင်ကတော့ အမောဆို့ နေလို့  ၂ ခါလောက်နားပြီး
နောက်ဆုံး တော့ ကိုဇော်ဇော် ကဘဲ တွဲ တဝက် ထမ်းတဝက်နဲ့ ပြေးခဲ့ရပါတယ် ။
သစ္စာတရားနည်းသွားတဲ့ 
မေတ္တာတရားကျဲနေတဲ့
မှားခဲ့သူကိုခေါင်းဆောင်ကိုးကွယ်တဲ့
မှန်တဲ့သူတွေကိုအပြစ်ရှာ တဲ့
၂၀၁၀ မှာ ဖြစ်နေတဲ့ အပုတ်ချ အစည်းပြေ တော်လှန်ရေးကာလ ဆိုရင်တော့
ကိုသန်းနိုင်ဆုံးတာ အဲဒီကထဲက တောထဲမှာ ကျန်ခဲ့ဘို့ ပါဘဲ ။
၂နေရာခွဲပြေးနေပေမဲ့ တူတာတွေရှိနေခဲ့တယ် ။
မောလွန်းလို့  အံဖတ်လားမသိပါဘူး ဆို့ တို့ တို့ ကြီး၊ ရေငတ်ပြီး အာတွေခြောက်လာပြီး
ချွဲတွေ သလိပ်တွေပြန်ထွက်လာတယ် ။
မျက်လှည့်ဆရာတွေ အတုယူနိုင်တဲ့ သင်ခန်းစာ တခုလဲပြီးသွားတယ် ။
သေနတ်ကိုင်ပြီး ဒုံးကျည်လိုပြေးနေရာကနေ စစ်ဝတ်စုံနဲ့ စစ်ဖိနပ်ကို အရှိန်မလျှော့ဘဲ ချွတ်တဲ့ နည်းပါ ။
မြန်မာစစ်တပ်က ဝတ်စုံပြည့် လက်နက်အပြည့်နဲ့  ထိုင်းနိုင်ငံကို ဝင်ရောက်ဖြတ်သန်းခဲ့ပါတယ် ။
ကျွန်တော်တို့ ကတော့ ထိုင်းနိုင်ငံကို ဖြတ်ဖို့  သေရေးလား ရှင်ရေးလားမသိခင်မှာ
အပြေးမပျက် စစ်ယူနီဖေါင်းကို အပြီးချွတ်နိုင်ခဲ့ပါတယ် ။
မောနေတဲ့ကြားက အချစ်ဆုံး သေနပ်ကိုလည်း သစ်ပင်ကြီး ၂ ပင်က
ဆွဲလာတဲ့ ကောက်ကြောင်းဆုံမှတ် ဖြတ်ရာမှာ သဲတူးပြီး အနားပေးလိုက်ပါတယ် ။
ပြီးတာနဲ့  ချောင်းထဲကို ဒိုင်ဗင် အတင်းထိုးရပါတယ် ။
ခေါင်းနဲ့ သဲဝင်ဆောင့်တဲ့အထိ ရေငုတ်လိုက်ပါတယ် ။
နောက်လိုက်ပစ်နေတဲ့ ကျည်ဆံတွေက ချောင်းထဲကို ခဲနဲ့ ပစ်နေသလိုပါဘဲ ။
မောင်လှကြီးပြောသလို ဘုရားသခင်က ကျွန်တော်တို့ ကို မခေါ်သေးလို့ ဆိုတာ မှန်သလို
သေနေ့ မစေ့သေးဘူးဆိုတာ သိပ်မှန်တာပါဘဲ ။
ဟောဟဲခတ်နေတဲ့ ကျွန်တော် ချောင်းတဝက်ကျော် ကူးမိတော့ အင်ဂျင်စက်သံကြီးတွေ စကြားပါတယ် ။
ထိုင်းနိုင်ငံ ကမ်းစပ်ရောက်တော့ ထိုင်းမြေပြင် လက်နက်ကြီး တပ်ရင်းက
ထိုင်းနယ်မြေကို စစ်ဆေးချိန်နဲ့ တိုးပါတော့တယ် ။
လက်နက်ကြီး သံချပ်ကာကားတပ်ဖွဲ့  ထိုင်း ရဲဘော်တွေက လံကွတ်တီ နဲ့ ကျွန်တော်တို့ ကို
ဖမ်းဆီးပြီး အထက်အရာရှိထံပို့ ပါတော့တယ် ။
ထိုင်းနိုင်ငံ စစ်မြေပြင် သတင်း ထောက် လည်းရောက်လာပါတယ် ။
ကျွန်တော့မိတ်ဆွေဟောင်းပါ ။
(လေယာဉ်ပျံ ကိုပြန်ပေးဆွဲရာမှာ ဘယ်လိုထင်လဲမေးတော့
ကျွန်တော်က သူရဲကောင်းတို့ လုပ်ရပ်ဖြစ်တယ်ဆိုတာ သဘောတူပြီး
ဘန်ကောက်ပို့ က ရေးပေးသူဖြစ်ပါတယ် ။
(ခင်ဗျားပြောတဲ့ လေယာဉ်က ရဲရင့် (အခု အမေရိက)၊ စန်းနိုင် (ရဲသီဟ)တို့ မြန်မာလေကြောင်းပိုင် ဖော်ကာကို ဆွဲပြီး ထိုင်းစစ်တပ်လေယဉ်ကွင်းမှာ ဆင်းခိုင်းတဲ့ကိတ်စ။ ဘန်ကောက်ပို့စ် မျက်နှာဖုံးမှာပါခဲ့တယ်။ လေယဉ်ကြီးကို သိပ်မနီးမဝေးကနေညဘက်မှာ ရိုက်ထားတာ။ မီးတွေထိန်လို့။
ခင်ဗျားက ဌေးတင့် အေဘီ စစ်ရေး ဌာနလုပ်လို့ ဒေါက်တာသောင်းထွန်း မြွေကိုက်သွားတယ်။ အေဘီစစ်ရေးဌာနရှိတယ်ဆိုလို့နိုင်ငံခြားအဖွဲ့ အစည်းတွေကို ဒိုင်ခံရှင်းလိုက်ရတယ်။မိတ်ဆွေတဦး)
အဲဒီ အစ ၈၈ကာလတုံးကထဲက မြန်မာပြည်ကို လက်နက်ကိုင်တိုက်ပွဲနဲ့  ပြောင်းလဲဖို့ ဆိုရင်
အကူအညီမရဘူးဆိုတဲ့မူနဲ့ သွားနေတာ အခုထိဘဲ ။ မဖေါက်နိုင်သေးဘူး ။
နာဂစ်မှာ စစ်သဘော်ကြီးတွေ ရိက္ခာအပြည့်နဲ့ အကူညီဝင်မပေးရဲကြဘူး။
တချို့ နိုင်ငံတွေတော့ လက်နက်တိုက်ပွဲကနေ
လွတ်လပ်ရေးရကုန်ပြီ။ ကြောက်တတ်ရင် လွဲဆိုတာမှန်သလားမသိ ။
ကျွန်တော်က ၁၉၈၈က ကျောင်းသားဆိုရင် လုပ်ဖေါ်ကိုင်ဖက် အမြဲတန်းသဘောထားပါတယ်)
လံကွတ်တီနဲ့ ကျွန်တော်တို့ ကို ဖါးခပ်မတ် လို့ ခေါ်တဲ့  ထိုင်းပုဆိုးလာပေးပါတယ် ။
မြန်မာပုဆိုးက ကွင်းဖြစ်အောင်ချုပ်ထားသော်လည်း ထိုင်းရေလဲပုဆိုးက အစအရှည်ကြီးပါ ။
ထိုင်းစစ်တပ်က တပ်ရင်းမှုးနဲ့ တွေ့ ကာ စစ်ဆေးခံပြီး အခြေအနေအရ ထိုင်းနိုင်ငံကိုဝင်လာခဲ့ပြီး
ကျောက်ခက်မှာ စခန်းချနေသော ကိုမျိုးချစ် တပ်ရှိရာသို့  ပြန်မည် ဖြစ် ကြောင်း တင်ပြသောအခါ
ယာယီဖြတ်သန်းခွင် လက်မှတ်ထုတ်ပေးလိုက်ပါသည်။
ကိုသန်းနိုင် အပါအဝင် ကိုဇော်ဇော်တို့ နှင့်ပြန်တွေ့ ကြပါသည် ။
တယောက်မျက်နှာ တယောက် အားပါးတရ ကြည့်ကြပါသည် ။
ပြန်မတွေ့ တော့ဘူးလို့ မနက်ကတင် ဆုံးဖြတ်ခဲ့ကြတာ ။
တော်လှန်ရေး သံယောဇဉ် ခံစားမှုနဲ့ အသက်ပေးပြီး
ကျန်ခဲ့ သူတွေကို စွန့် စွန့် စားစား ဝင်ကယ်နိုင်ခဲ့ပါတယ်
တယောက်မှ မှန်ကန်သော သစ္စာတွေကြောင့် ဒဏ်ရာမရခဲ့ပါဘူး ။
ကျွန်တော်တို့ အသက်ပေးပြီး ချစ်ခဲ့ဘူးကြပါသည် ။
ဒေါက်တာဆင်သီယာ ဆေးခန်းဖွင့်စမှာ အလှုရှင်က စောင်တွေပေးလို့ သွားယူခဲ့ပါသည် ။
ပိုသည့်စောင်များကို လိုအပ်နေသည့် ငှက်ဖျားပျောက်ဆေးဝယ်ရန် အတွက်ရောင်းလိုက်ပါသည်
ကိုသန်းနိုင်စောင်ရောင်းသည်ဆိုတဲ့ တဖက်သတ် အပုတ်ချသံဟာ
မဲဆောက်မြို့ နေ ကျောင်းသားစု ကထွက်လာပါသည် ။
အဲဒီတုံးက စတင်မွေးဖွားလိုက်တဲ့ အပုတ်ချစိတ်ဓါတ် ၊ အတင်းပြောစိတ်ဓါတ်တွေဟာ
အနှစ်၂၀ လုံးလုံး ကျွန်တော်တို့ အုပ်စုတွေ ဆီမှာ ကြီးထွားခဲ့ပါတယ် ။
ကိုသန်းနိုင်က ဒေါပွပြီး ရဲဘော်ကျောင်းသားတွေ
တောထဲမှာ စစ်တိုက်ရင်းငတ်နေတာ ဘယ်သူကမှ မမြင်ကြဘူး ။
လိုအပ်ရင် ဒမြတိုက်ပြီး တိုက်ပွဲဆက်ဝင်မည်ဟု ကြွေးကြော်လိုက်ပါသည် ။
ကြားဖူးနားဝနဲ အများက ဒမြသန်းနိုင်ဟု သေဆုံးသည်အထိ ခေါ်ကြပါသည် ။
တကယ် ဒမြတိုက်ခဲ့သူမှာ သူ့ လက်အောက်က
နာမည်ခံမည်ဆိုပြီးမှ ခွဲထွက်ခဲ့သူ အခြားတဦးဖြစ်ပါတယ် ။
၂၀၁၀ မှာ ကိုသန်းနိုင် ဆုံးတော့ ဘာမှသေသေချာချာ မမေးတော့ဘဲ ဒမြသန်းနိုင်ဆုံးပြီတဲ့ 
ကိုသန်းနိုင်မိဘတွေက ကြေးရည်တတ်တွေဖြစ်ပါတယ် ။
ဒီမိုကရေစီ တိုက်ပွဲအတွက် စည်းစိမ်နဲ့ နေရတဲ့ ဘဝကို စွန့် လွတ်ခဲ့သူတဦးပါ ။
တော်လှန်ရေးကို တခြားသူတွေလာသလို့ သွားနဲ့ ဟိုပစ္စည်း ၂ ခုတည်း လာခဲ့သူမဟုတ်ပါ ။
ရွေထုတ်နဲ့ လာခဲ့ပြီး သေနတ် စဝယ်ကိုင်ခဲ့သူပါ ။
၁၉၈၈ တောထဲရောက်ခါစက စိတ်ဓါတ်တွေ ဘယ်ရောက်ကုန်တာလဲ ရဲဘော်ရဲဘက်တွေ ဘယ်မှာလဲ ။
ဘယ်နတ်ဆိုးက ခိုးပြေးကုန်ပြီလဲ ။
သတင်းတွေ အတင်းတွေကြားရတာ ရင်ထဲမှာ တင်းကြပ်အောင်နာမိတယ် မျက်ရည်ကျမိတယ် ။
အရေးတော်ပုံမှာ အပစ်ခံကျောင်းသားတွေ
တိုက်ပွဲကျခဲ့တဲ့သူတွေ
ထောင်ထဲမှာ လက်နက်မချသေးတဲ့သူတွေ ကို
မေ့လိုက်ကြပြီ ။
အချင်းချင်းတွေလဲ အပုတ်သံတွေဘဲ ထွက်ထွက်နေတယ် ။
တရားခံကတော့ ၁၉၉၃မှာ အာဏာရူးတစုကြောင့် ကျောင်းသားတွေ ၂ ခြမ်းကွဲပြီး
ကျောင်းသားသွေးတွေ စွန်းရာက မြစ်ဖျားခံတာဘဲ ။
အခုတော့ ၁၈၈၄ တုံးကလို ဒို့ မြန်မာတွေ အစည်းပြေသွားပြီး
အဲဒီတုံးက နယ်ချဲ့ က ဝင်အုပ်ချုပ်တာ နှစ် ၁၀၀ လောက် ကြာသွားတယ် ။
အခုရော ၁၉၈၈ လူငယ် လူလတ်တွေ တိုက်ပွဲဝင်နေတာ ၂၀ နှစ်ရှိပြီ ။
အသက် ၄၀ နဲ့ ၅၀ အရွယ်ကောင်းတွေ နောက်ဘယ်လောက်ကြာမှာလဲ ၂၀ လား ၄၀ လား
၂၀၁၀ မှာ စုစည်းရေးမူ မချနိုင်သေးရင် အာဏာရှင်ကတော့ နောက် နှစ် ၁၀၀ ကျော်ဘဲလေ ။
ဌေးတင့်
၂၈ မေလ ၂၀၁၀
(ကိုသန်းနိုင်ကို ဂုဏ်ပြုပြီး ပြန်လည်ညီညွတ်ရေးအတွက် အမှန်တွေကို ရေးပြတာပါ )
(ကိုဇော်ဇော် (ကနေဒါ) ကိုကျော်မင်းဦး ( သတင်းပျောက်) ကိုမောင်လှ (မဲဆောက်)
ကိုနေမျိုး ကိုအေးဝင်းတို့ တသိုက်ကို
သန်းနိုင်သေဖို့ ဆိုတာတွေ .
စခန်းထဲက ရဲဘော်တွေ ၂ ယောက်ကို
ကယ်ထုတ်နိုင် ခဲ့ တာတွေ ။
ငှက်ပြောတောထဲ မှာ အံဖတ်ဆို့ လုနည်းပါး
ချွဲ တွဲကျ နေတာတောင် မရပ်ရဲပဲ ပြေးခဲ့ ကြတာတွေ ၊
သတင်း ထောက် ၊ လာတာတွေ ကို ရေး ပါ..
ဖလူးစခန်းကို ထိုင်းဖက်ကမ်း တောင်ပေါ်က ပြန်ကြည့် ပြီး မျက်ရည် ကျဖြစ်ကြတာတွေ
အဲဒီ ဒုတိယပိုင်း က ပိုပြီး အသက်ဝင်တဲ့ ကျုပ်တို့ ကျောင်းသားတွေ ရဲ့ အနစ်နာခံမူ့ တွေ စိတ်ဓါတ်
တွေကို မီမောင်းထိုးပြမဲ့ အပိုင်း ဖြစ်လိမ့် မယ်..
နောက်မှ ၀က်ဆိုက်ပေါ်မှာဖြေးဖြေးခြင်း ပြန်ပြင်လို့ ရတယ်
ပထမပိုင်းနှင့် ဒုတိယပိုင်း အရမ်းကြာသွားရင် မဖြစ်ပါ..
ခင်ဗျား စာရေး အား ကောင်းတာအရင်က မသိခဲ့ ပါ့ လား ..အမှန်တိုင်း
ပြောရ ရင် ဘယ်မှာမှ ခင်ဗျား ခုလိုရေးတာတွေမတွေ့ ခဲ့ ဘူးပါဘူး..
ကျပ်က မှ ကဗျာလေးကာတွန်းလေး အေဘီ ခွပ်
ဒေါင်း ဂျာနယ်မှာပါဘူးသေးတ.ယ်..
ဘာပဲ ဖြစ်ဖြစ် မျိုသိပ်ထားတာတွေ မအောင့် အီးနိုင်တော့လို့ 
နှစ်တရာ ကို တခါ
အားပြင်းစွာပေါက်ကွဲတပ်တဲ့ 
ဥရောပ က မီတောင် ကြီးလို့ ပဲ ခင်ဗျားကို တင်စားလိုက်ပါတယ်...)
Wednesday, May 12, 2010
တော်လှန်ရေးကို မိမိမျက်စေ့ ရှေ့ က စတင်ကြဖို့ လိုပါပြီ
အပ်လာကြခြေပြီ ၊ ပြည်ပ မှ ပြည်တွင်းထဲကို UG တွေထားသလို ပြည်တွင်းထဲမှလည်း ပြည်ပ သို့ ပြန်လည် ၍ UG များထားကာ အပြန်အလှန် ညပ်ပူးညုပ်ပိတ် ၊ ပါးကိုက်လျှင် နားကိုက် စစ်ဆင်ရေးမူ ဖြင့် ရ ရာ နည်း လမ်း ပေါင်းစုံ ဖြင့် မိမိတို့ ရောက်ရှိရာ နေရာ ဒေသ တိုင်းတွင် မိမိ တို့ ၏ နည်းစပ်ရာ ပြစ်မှတ်များကို အသီးသီး တာဝန်ယူ စတင် ကြရ တော့ မည် .. ပြည်တွင်း မှ တိုက်ပွဲ များကို ပြည်တွင်း မှ သူများက ရရာ နည်းလမ်းပေါင်းစုံ ဖြင့် စွမ်းစွမ်းတမံ အသက်စွန့် တာဝန်ယူဆောင်ရွက်နေကြသလို ကျွန်ုပ်တို့ ပြည်ပရောက် တော်လှန်ရေး ရဲဘော်ကြီးများကလည်း ပြတ်ပြတ်သားသား ထိထိရောက်ရောက် စစ်တပ် နှင့် ၎င်း တို့ ၏ သားသမီးများ ဆွေမျိုးများ နည်းစပ်ရာ စစ်အစိုးရ ၏ သံရုံးများ ကို မိမိတို့ ရောက်ရှိရာ ဒေသခံများနှင့် ပေါင်းပြီး နည်းမျိုးစုံ ဖြင့်  တော်လှန် ဆန့် ကျင်ကာ မြန်မာ စစ်အစိုးရ ကို အချက်ပြ သတင်း ပို့ ရတော့ မည် အချိန်ရောက်ပြီ ဖြစ်သည် ၊ ကျွန်ုပ်တို့ တော်လှန်ရေး ကြီး၏ အထိကရ ပြစ်မှတ်ကြီး တခုဖြစ်သည့်  NLD ပြည်တွင်းခံတပ်ကြီးကို စစ်အစိုးရမှ အပြီးသတ်ချေမုံးရန် တိုက်ပွဲ
ခေါ်လိုက်ပြီဖြစ်သည် ၊ ပထမ ဆင့် တွင် ထိုသူများကို ကျန်ုပ်တို့ ဖက်ပါလာအောင် စည်းယုံး ရမည် ၊ သ
ဘောထား ဆွေးနွေးရမည် ဖြစ်သည် ၊ ဒုတိယအဆင့် တွင် ပုဂိုလ်ရေး အရမဟုတ်ပဲ စစ်အစိုးရကို မိမိတို့ 
တော်လှန်နေသည့်  လုပ်ရပ်တိုင်း ၊ စတိတ်မန့် တိုင်းကို ထိုသူတို့ ကို တိုက်ရိုက်ပေးရမည် ဖြစ်သည်
သံရုံး မှ သူများ ၄င်းတို့ ၏ သားသမီးများ နှင့်  ကြိုးစားဆက်သွယ် စကားပြောကာ မြန်မာပြည်သို့ မပြန်
ရန် ၊ မိမိရောက်ရှိ၇ာ နိုင်ငံတွင် နိုင်ငံရေး ခိုလုံခွင့် လျှောက်ရန် လုပ်ဆောင် ကူညီပေးရမည် ။ ဥေ၇ာပ
အမေရိက နှင့် ကနေဒါ နိုင်ငံ စသည် တို့ တွင် နာမည် မဖေါ်ပြလိုသော်လည်း ထိုသို့ ဖြစ်ရပ်များ အောင်မြင်ပြီးဖြစ်သည် အချို့ အများစုမှာ နိုင်ငံေ၇းခိုလုံချင်နေကြသူများ မြန်မာအစိုးရကို တနည်းနည်း
ဖြင့် အတွင်းစိတ်ထဲ မှ ကြိတ်၍ မကျေနပ်နေကြသူများဖြစ်ကြသည်... သံရုံးရှေ့ တွင် မတ်တပ် ရပ် ၍
ဆန္ဒပြကြရမည့် အချိန် ကုန်ဆုံးသွားခဲ့ ပြီဖြစ်သည် ကျွန်ုပ်တို့ ကြိမ်ဖန်များစွာ ငြိမ်းချမ်းစွာ လုပ်ပြီးခဲ့ ပြီ
ဖြစ်သည် ၊ သံရုံးအထသို့ ဝင် ရောက် တွေ့ ဆုံ ကြရတော့ မည် အချိန်ဖြစ်သည် ၊ ပြည်တွင်းတွင်လည်း
လမ်းပေါတွင် ငြိမ်းချမ်းစွာ ဆန္ဒ ပြ တန်းစီ လှည့် လည်ခဲ့ ကြပြီးပြီဖြစ်သည် ၊ ပြည်သူတို့ သည် အကြောက်
တရား ဖြင့် ငြိမ် ၀ပ် သွားကြမည် မဟုတ် ပဲ ပေါက်ကွဲတပ်သည့် ယမ်းတို့ ကို စုစည်း ဖိသိပ်ထားသကဲ့ သို့ 
၎င်းတို့ အစိုးရအတွက် အန္ဒရယ် ကြီးကြောင်း ၄င်းတို့ သဘောပေါက်သင့် ကြပြီဖြစ်သည် ။
ရောက်ရာ နေရာ က တပ်နိုင်သောနည်းလမ်းများဖြင့်  တော်လှန်ရေး အရှိန်အဟုန်မြှင့် တင်ကြ..
http://www.youtube.com/watch?v=cM7VIetsvdE&feature=player_embedded
Type your summary here.Type the rest of your post here.
Tuesday, May 11, 2010
ရှစ်ဆယ် ရှစ် မျိုးဆက်များ
မော်ကွန်းမဲ့ သွေး
မော်ကွန်းမဲ့ သွေး
ရေးထိုးဖွင့် လှစ်
ရှစ် ဆယ့် ရှစ် လော ။
သွေးမဲ့ မော်ကွန်း
ရည်ညွန်းဖွဲ့ ဆို
ပန်းတွေကိုလော ။
မှောင်သော အရိပ်
တိတ် တ ဆိပ် ဉ်
ကြိတ်ကြိတ်ပြောက်သွား
ပန်းပွင့် များကို
မှတ်သားဂုဏ်ပြုကြစေလော ။ ။
Friday, May 7, 2010
ကိုသန်းနိုင်နှင့် ကျွန်တော်တို့ ၆ ယောက်( အပိုင်း၂)
စာမူကို အချောသတ်ရန်စီစစ်နေပါသည် ။ မှားနေသည့်နေရာများ အချက်အလက်များကို အကြောင်းအရာများကို
ဝေဖန်လိုသူများကို ဖိတ်ခေါ်ပါတယ် ။ သင့်အတွက် မဟုတ်သလို ကျုပ်အတွက်လည်း မဟုတ်ပါ ။
တော်လှန်ရေးကို ရေသာခို လိုက်နေသူများနှင့် လူငယ် လူသစ်များ ဖတ်ရန်ဖြစ်ပါသည် ။ ပါဝင်ရေးသား အကြံပြု ကြပါ
အေးစက်နေတဲ့ သေနပ် ဖိုင်ဘာအစိတ်အပိုင်းကို ပူပန်နေစိတ်နဲ့  တင်းတင်းဖိကိုင်ရင်း ပူနွေးလာပါတယ် ။
၁၉၈၈ စက်တင်ဘာလက စစ်အာဏာသိမ်းပြီး စစ်ရူးတွေအမိန့် ကို အောက်ခြေကရဲဘော်လေးတွေက သေနပ်တွေနဲ့  ကျောင်းသားပြည်သူတွေကို ပစ်သတ်ခဲ့ပါတယ် ။ ကျောင်းသားတွေ အုပ်စုလိုက် လူမျိုးစုတွေဆီမှာ လက်နက်တောင်းဖို့ သွားခဲ့ကြပါတယ်
သေနပ်ဆိုတာ လူသတ်လက်နက်ပါ ။ ထက်နေတဲ့ ဒါးတောင် မကိုင်တတ်ရင် မိမိလက်ကို လှီးမိပါတယ် ။ သေနပ်မကိုင်တတ်ရင် အန္တရာယ်ရှိပါတယ် ။
ထိုအတူ သေနပ်ကိုင်ထားသူရဲ့  ဦးနှောက်ထဲမှာ အများစုအတွက် ပြည်သူ့ လုံခြုံရေးအတွက် ခံယူချက်မရှိရင်လဲ
သူခိုးထက်နဲနဲသာသူ ဒါးပြ အဆင့်ပါဘဲ ။ ဒီကနေ့ မြန်မာပြည်ထဲက နေပြည်တော်လက်အောက်ခံ လက်နက်ကိုင်သူတွေ အားလုံးဟာ
၁၉၆၂ ခုနှစ်က စပြီး ပြည်သူ့ အာဏာ လုယူခဲ့လို့  သူခိုး ဒါးမြ အဆင့်ပါ။ ဆိုရှယ်လစ်ကို နားမလည်ဘဲ ဖုတ်ပူမီးတိုက် သင်တန်းတွေနဲ့  ရိုက်ထဲ့ပေမဲ့ လဲ ၁၉၈၇ မှာ မြန်မာပြည်ဟာ အဆင်းရဲဆုံး အဆင့်ကိုရောက်သွားပါတယ် ။
သူခိုး ဒါးပြ ပီပီ ဖြစ်လာတဲ့ပြသနာတွေကိုလည်း သူခိုးနည်းနဲ့ ဖုံးဖိ လိမ်ညာခဲ့ ကြတဲ့အဆုံး ၁၉၈၈ က အမှန်တရားဘက်တော်သား ကျောင်းသားက စပြီးတော်လှန်လို့ နာမည်ခံ မဆလကြီး ပြုတ်ခဲ့ပါတယ် ။ နေဝင်း စိန်လွင် မောင်မောင် ၃ ဆက်ပါ ။
၂၀၁၀ မှာလည်း လူညီရင် အဖွဲ့ တွေ ညီညွတ်ရင် အာဏာရှင်ပြုတ်နိုင်ပါတယ် ။
အစိုးရသစ်အတွက်လဲ ၁၉၈၈ တုံးကလို သိပ်ရှာစရာမလို အဆင်သင့်ဘဲ
သူခိုး ဂျပိုး လူသတ်သမား ဒါးမြ ဇာတိရုပ်က ဆိုရှယ်လစ်နဲ့ အုပ်ထားတာ ဘွားကနဲ
၁၉၈၈ က ၁၈ စက်တင်ဘာလမှာ ပေါ်သွားပါတယ် ။
အခုတော့ တော်လှန်ရေးနယ်မြေထဲမှာ သင်တန်းပြီးတဲ့ ကျောင်းသားတွေ လက်နက်ကိုယ်စီနဲ့  တိုက်ပွဲဝင်ကြပြီ ။
အေကေ ၄၇ သေနပ်မှတဆင့် ဥက္ကဌကြီး စောမော်ရယ်(၁၉၈၈ ၁၉၈၉ NDF) ၏အသံများ နားထဲ စီး ဝင်လာ ပါသည် ။
အဲဒီ၁၉၈၈ အောက်တိုဘာလမှာတုံးက ကျွန်တော်က ဟွေစေတီ စခန်းကော်မတီ
လုပ်ငန်း စစ်ဆေးရေး အတွင်းရေးမှုး တာဝန်ယူနေတဲ့အချိန်ပါ ။
၁၉၈၈ လူထုအုံကြွတောင်းဆိုမှုကနေ ကြားဖြတ်အစိုးရဖွဲ့ စည်းနေတုံး စစ်တပ်ကအာဏာသိမ်းလို့ 
လက်နက်ကိုင် တော်လှန်ရေးနဲ့ အပြီးတိုက်ပွဲဝင်နေတာ နှေးနေတယ် သုံးသပ်မိပါတယ် ။
ီ ဦးစောမော်ရယ် လှေနဲ ရောက်လာကာ ကျွန်တော့ ဝါးတဲကို လာပြီးကျောင်းသားတွေ ရှာစားတာ ကင်းလိပ်ချောနဲ့ ပုတ်သင်ညိုတွေကုန်ပြီကြားတယ် ။ လိုက်ခဲ့ကြ ငှက်ပစ်ထွက်မယ် ။
ကိုဂဏန်း ကိုတင်ဝင်းအောင် ကိုသိန်းနိုင် ကိုဇော်လင်း(မကသ) ကိုဂါမဏိ(လက်ဝှေ့ ) ကို မန္တလေးတို့ ကမျက်စိမှိတ်ပြပါတယ် လိုက်သွားတဲ့ ။
ကိုဆန်နီ (အထွေထွေအတွင်းရေးမှုး) ရစ်ချပ်ဌေးရယ်(ဥက္ကဌကျောင်းသားစခန်း) တို့ လည်းနောက်က ပါလာသည်
အန်ဒီအက်ဖ် ဥက္ကဌ လှေကိုစုန်စီးပြီး ငှက်ပေါသည့် တောထဲရောက်တော့
လူနဲတာနဲ့  ရင်ထဲက အောင့်ထားတာတွေ မေးမိပါတယ် ။
စခန်းမှာနေတုံးက ဦးပြည်မရှိရင် တကျီကျီနဲ့  ကျောင်းသားတွေ ပြောနေကြတဲ့
အဘတို့ လူမျိုးစုတပ်ပေါင်းစုက ရေဒီယိုကနေပြီး ကျေညာခဲ့တယ် ။
ပြည်တွင်းက ကျောင်းသားတွေကို လိုအပ်တာတွေအကူအညီပေးဖို့ ဆုံးဖြတ်ထားတယ်ဆို ။
အခု လက်တွေ့ မှာ ငပိတောင် နပ်မမှန်ဖြစ်နေပြီ ။ လက်နက်ဆိုတာ အဝေးကြီးလဲ ။
ကျွန်တော် လူထုလွတ်မြောက်ရေး ဒီမိုကရေစီတော်လှန်ရေးအတွက် အားမနာတော့ပါ ။
စခန်းထဲမှာ နားပူနဆာ အမြဲလုပ်ခံနေရတဲ့ ကိစ္စမေးပါတော့တယ် ။
ဦးစောမော်ရယ်က ခပ်ပြုံပြုံး ရင့်ကျက် လေသံအေးအေးနဲ့ 
ခင်ဗျားတို့ ကျောင်းသားတွေ လက်နက်လိုချင်တာ နားလည်ပါတယ် ။
ခင်ဗျားတို့ ကျောင်းသား တော်လှန်ရေးကို အခုမှ စတင်ပြင်ဆင်နေတာပါ ။
ကျွန်တော် စိတ်ထဲက မရိုးမရွဖြစ်သွားပါတယ် ။
နယ်စပ်မှာ စခန်းတွေ အခိုင်အမာဆောက် ကားတွေ လက်နက်တွေ အများကြီးနဲ့ 
ငါတို့ က ငပိတောင် နပ်မမှန်တဲ့ ဘဝ မို့ 
အဂ်လိပ် လက်အောက်လွတ်လပ်ရေး တိုက်ပွဲဝင်စဉ်က စလာတဲ့ သမိုင်းကို ချန်ထားပြီး
ဒါဆိုရင် အဘတို့ ဘယ်လို စိတ်ဓါတ်နဲ့ တည်ဆောက်လာတာလဲဟု ငတ်ငတ်နဲ့  ရွဲ့ ပြီးမေးလိုက်ပါသည် ။
မောင်ရင်လေးတို့  ကျောင်းသားတွေကို ရှင်းပြဖို့ စောင့်နေတာကြာပါပြီ ။
ဘယ်သူမှ ဒီမေးခွန်းမမေးလို့ စောင့်နေတာပါ ။
ဦးစောမောရယ်က သစ်ပင်ဖျားကို မော့ကြည့်လိုက်ပါတယ် ။
အသက်ကို ပြင်းပြင်းရှုရင်းက သူ့ မျက်လုံးတွေဟာ တစတစနဲ့  ရီဝေလာပါတယ် ။
ကျုပ်တို့ ပိုင်တဲ့ မြေကို ကျုပ်တို့ လူမျိုးတွေ စည်းလုံးညီညွတ်စွာ အုပ်ချုပ်ခဲ့ဖို့ ကြိုးစားခဲ့တယ် ။
ပင်လုံစာချုပ်ထဲမှာ ကရင်နီ လက်မှတ်မထိုးပါဘူး ။
ရလာတဲ့ အကျိုးဆက်က ပြည်မကြီးက စစ်တပ်တွေ
၁၉၄၈က စပြီး အကြိမ်ကြိမ် စစ်ဆင်ခဲ့ တာပါ ။
On August 9th 1948 at 04:00, the AFPFL military police attacked the headquarters of
the Karenni National Organization in Myaleh Daw.
On August 17, 1948 the United Karenni States Independent Army (UKSIA) was formed.
On August 19, 1948 the Karen National Defense Organization occupied Mawchi.
On December 29, 1948 the Kalaw-based Burmese troops attacked Loikaw.
On February 9, 1949 Saw Maw Reh,
a guard commander of Sawpja Saw Shwe was arrested by Burmese troops.
ဘတပြန် ကျားတပြန် ကရင်နီလွတ်လပ်ရေး တိုက်ပွဲတွေနဲ့ အတူ
ကြိုးပန်းနေတုံး
၁၉၆၂မှာ ဗိုလ်နေဝင်း အာဏာသိမ်းလိုက်တယ် ။
ကျွန်တော်တို့  မျှော်လင့်ချက် ကုန်သွားပါတယ် ။
တိုင်းရင်းသားတွေ တိုးတက်မှု အတွက် ကိုယ်ပိုင်လုပ်ပိုင်ခွင့်လေးရှိဘို့ ပါ ။
On July 5, 1963 the KNPP sent a letter, signed by Saw Maw Reh,
responding to the Burmese peace announcement.
On August 28, 1963 the Karen National Union,
New Mon State Party and KNPP jointly sent a letter to the Burmese regime
as a three-coalition party asking for a joint meeting to negotiate peace.
On October 4, 1963 leaders of the three parties arrived in Rangoon for
peace negotiation with the Burmese regime. However,
negotiation was collapsed and
the Burmese troops pushed three parties’ leaders back into the jungle.
In December 1964 Saw Maw Reh was elected to be the seventh KNPP chairman.
In 1976 the PNDF was renamed the National Democratic Front.
KNPP was a member of it and later withdrew from the NDF in 1996.
သေချာတာက အဲဒီတုံးက ကရင်နီသမိုင်းကို တိတိကျကျမလေ့လာခဲ့ဘူးပါဘူး။
ကရင်နီမှာ နေခဲ့စဉ်က ကြားခဲ့သည်များကို ပြန်ရေးတာပါ ။ မှားခဲ့ရင် နားလည်မှုပေးပါ။
သမိုင်းအမှန် အစစ်အမှန်က
http://www.karennihomeland.com/ArticleArticle.php?ContentID=55 မှာရေးထားပါတယ်
ကျေးဇူးတင်ပါတယ် ကိုဇော်လေး ၊ သမိုင်းမှန်ကို လမ်းညွန်ပေးလို့ 
အေးချမ်းပြီး ဖေါ်ရွေရိုးသားတဲ့ ကရင်နီပြည်ကို
မသေခင်လောက်တော့ ပြန်လည်ချင်ပါသေးတယ် ။
ဆရာရေမင်ထူး ဆရာဖုန်းနိုင် မိသားစုတို့ ပြောခဲ့ဘူးပါတယ်
ကျောင်းသားလေးတွေ ကရင်နီကို ပြန်လာလည်ပါအုံးတဲ့ ။
ကျွန်တော်တို့ ကတောင်ပေါ်မှာနေကြတာ ။
တောင်ပေါ်ရဲ့ သဘာဝ ရေမြေတော တောင်တွေကို နားမလည်ဘဲ
မြေပြန့် ကလူတွေက အာဏာရူးတွေ ဘယ်လိုအုပ်ချုပ်မလဲ ။
ကျွန်တော်တို့  ဘိုးဘွားပိုင် သယံဇာတတွေ ပျက်စီးတော့မှာလို့ မြင်မိတယ် ။
မြန်မာပြည်မက နိုင်ငံရေးသမားတွေနဲ့  နေဝင်း စစ်တပ်ဟာ တနေ့ ကြရင်
ကယားပြည်နယ်(ကရင်နီနိုင်ငံ) ကို ကျူးကျော်ပြီး လူထုကို နှိပ်စက်လာနိုင်တယ် ။
ကရင်နီလူထုကို ပြည်မနဲ့ ဝေးရာမှာ နေပြီး အင်အားစုပြည့်စုံတဲ့ တချိန်မှာ သီးခြားလွတ်လပ်သော
ကရင်နီနိုင်ငံထူထောင်မယ်ဆိုတဲ့စိတ် တခုထဲနဲ့ နယ်စပ်ဘက်က တောထဲကိုထွက်လာခဲ့တာပါ ။
ကျောင်းသားတွေ တောထဲရောက်တော့ နေစရာ စားစာတွေနဲ့ ပါ ။
တော်လှန်ရေးနယ်မြေဆိုတာ တည်းခိုခန်း မှာနေသလိုတော့ ဘယ်ပြည့်စုံပါ မလဲ ။
ကျွန်တော့ လူတချို့  တောထဲကို စပြောင်းတော့ ၂ ပေလောက်ရှိတဲ့ ဓါးမကြီးတချောင်းဘဲ ပါလာပါတယ် ။
စစ်တပ်ကတော့ ကျွန်တော့ကို တောခိုတယ်လို့  နောက်ကလိုက်ပြီး သမုတ်တာ နောက်မှသိပါတယ် ။
ဓါးမကြီးတချောင်းနဲ့  တော်လှန်ရေး စလုပ်ဖို့ တိုက်တွန်းခဲ့သူ ဦးစောမော်ရယ် က
၁၉၈၈မှာ လူ လက်နက်ကိုင် ၃သောင်းကျော်ပါဝင်တဲ့
NDF ကိုဦးဆောင်နေတဲ့ ဥက္ကဌ နေရာမှာ တာဝန်ယူနေ တုံးလေ ။
ကျွန်တော်စိတ်ဝင်စားသလို စာဖတ်သူများနဲ့ နောက်လူငယ်တွေလည်း စိတ်ဝင်စားမယ်ထင်ပါသည် ။
ကရင်နီ တွေချောင်းဘေးမှာ တဲဆောက် တဝမ်းစာ တောင်ယာခုတ်ပြီး ရိက္ခာစပြီးစုပါတယ် ။
အချိန်ရရင် ရွာတွေဝင်ပြီး မြန်မာ ရဲ စစ်တပ်နဲ့ ပြတ်ဿနာဖြစ်ပြီး ရွာမှာနေလို့ မရသူတွေကို ခေါ်လာပြီးလူစုကြတယ် ။
သိုင်းသင်ကြတယ် ။ နောက်တော့ ရဲကင်းစခန်း ငယ်ငယ်လေးတွေကို ဓါးမတွေနဲ့ တက်ခုတ်ပြီး သေနပ်လုကြပါတယ်တဲ့ ။
ကရင်နီက လွတ်လပ်ရေးလိုချင်သူတွေ ကြိးစားခဲ့သူတွေသမိုင်း
တိုင်တရာကို ချိန်သားကိုက်ရင် ယင်ကောင်တောင် မလွဲတဲ့ ရိုင်ဖယ်ခေတ်ကပါတဲ့ ။
ဒီလိုနဲ့ တစတစနဲ့  လွတ်လပ်ရေးတိုက်ပွဲ သက်တမ်းရှည်လာပါတယ်ဟုပြောပါသည် ။
ကျောင်းသားတွေ ဦးဆောင်မှုနောက်မှာ လူထုရှိရင် တော်လှန်ရေးဟာ ခဏပါဘဲလို့ ပြောခဲ့ပါတယ် ။
ကျောင်းသားတွေကတော့ အဆင်သင့်ပါဘဲ ။
လူမျိုးစု ကျောပေါ်ကနင်းပြီး အောင်မြင်အောင် လုပ်ကြ ဟုပြောပါသည် ။
ကျောင်းသားနဲ့ ပြည်သူ အစေးမကပ်အောင် ထောက်လှန်းရေးကလဲ နည်းမျိုးစုံ သုံးခဲ့တာ အခုထိဘဲ ။
(တချို့ ကျောင်းသားတွေ တကယ်ယုတ်မာပြီး လုပ်ခဲ့ပါသည် ။
၁၉၈၈ကို ဝေလေလေ အဖွဲ့ ထဲမှာပါလာပြီး ဇွဲမရှိဘဲ
ကြိုဆိုရေးစခန်းမှ ပြန်ကာ မြက်ခင်းသစ် စာစောင်ထုတ်ပြီး
အဝီစိမှာ ဂျိုးကပ်အောင် စော်ကားပြီးရေးကြပါတယ်
အခုလည်း အီးမေးအုပ်စုတွေထဲဝင်လာပြီး သတ်သျှိုစာတွေ ရေးနေတုံးပါ ။ )
ကျွန်တော် နားလည်သဘောပေါက်သွားပါသည် ။
တခါတည်း ရစ်ချက်နဲ့ ဆန်နီကို ခေါ်ပြီး ကျောင်းသားများ စစ်သင်တန်းကိစ္စများ
လက်နက်ဝယ်ယူဖို့ သစ်ရောင်းရန် စသည်တို့ ကို ဆွေးနွေးခွင့်တောင်းဖြစ်ပါသည် ။
တော်လှန်ရေးနယ်မြေ တည်တန့် ခိုင်မာနေသမျှ
ကျောင်းသားတော်လှန်ရေးကြီးထွားလာရေး မူဖြစ်ပါတယ်။
(၃၀၃ တပ်နာမည် မရခင်ကပင် ကရင်နီက ကျောင်းသားတွေ
စစ်သင်တန်းများပြီးကာ နယ်မြေ လုံခြုံရေး တွဲပြီးယူခဲ့ပါသည် ။
သံလွင်မြစ်ကမ်းပါးတွေမှာ ခံစစ်စခန်းတွေ နေရာချခဲ့ပါသည် ။
တောင်ပေါ်က လက်ထောင်းဆန်ကြမ်းနီနီစေးစေး နဲ့ 
လက်ကြိတ်မြေပဲဆီကတော့ ပေါင်မုန့် ထောပတ်နဲ့ မလဲနိုင်ပါ ။
ပဲပုတ် လတ်လတ်ဆတ်ဆတ် အခြောက်က မီးဖုတ်ရင်
KFC ကြက်ကျော်တောင် နောက်ဆုတ်ရမယ်နော့်
၁၉၈၈ နိုဝင်ဘာ မှာ ပြည်တွင်းကို ယူဂျီတွေ စဝင်ကြပါပြီ။
ကယားပြည်နယ်ထဲမှာ ကျောင်းသားပါတဲ့ တိုက်ပွဲငယ်တွေ စနေပြီဖြစ်ပါသည်၊
ရေကျော်မှာခေါင်းဆောင်တွေ စကားနိုင်လု စကားများလို့ ကောင်းနေ ပါသေးသည် ။
(အသေးစိတ်ရေးပါမယ်)
ကျွန်တော် မယ်နပလော လူမျိုးစု စစ်ဆင်ရေးရုံးတွင်
ဦးခိုင်စိုးနီုင်အောင် ဗိုလ်ချုပ်မောင်မောင် (ကေအန်ယူ)နဲ့ လက်နက် ကိစ္စများ ညှိနှုင်းပြီး
ကရင်နီပြည် ကျောင်းသား စခန်းသို့ ပြန်ခဲ့ပါသည် ။
ဒီဇင်ဘာလ ရှေ့ တန်းက အပြန် မယ်နပလောမှာ သင်တန်းတက်ပြီး
ပြည်တွင်း လှုပ်ရှားမှုနဲ့ နယ်စပ် စစ်ဆင်ရေး အတွက်
ကျောင်းသားတပ်မတော် ဌါနချုပ်စစ်ရေးကော်မီတီကို ဝင်ရောက်တာဝန်ယူရပါသည် ။
စစ်အာဏာရှင် စစ်တပ်တွေ ကရင်နယ်မြေကို စစ်ဆင်သောအခါ
ကရင်ပြည်နယ် ကာကွယ်ရေးမလုပ်နိုင်ဟု တချို့ ကအော်ကာ
အနေအစား ချောင်သည့် ဘုရားသုံးဆူ မဲဆောက် မဲအောင်ဆောင် တက်ပြေးသူများရှိ ဘူးပါတယ် ။
တပ်ရင်း ၂၀၆ မှ ကိုသန်းနိုင်တပ်ခွဲ (၁) နဲ့  ကိုမျိုးချစ် တပ်ခွဲ (၄) က
ကရင်နယ်မြေ ခုခံစစ်အတွက် ဖလူးတွင်တာဝန်တွဲယူမည်ဟု အကြောင်းကြားပါသည် ။
ထိုအချိန်တွင် ဝမ်ခစစ်မြေပြင်မှာလည်း ကျောင်းသားတပ်ရင်း ၂၁၁ ( မူလဖွဲ့ စည်းပုံက၂၀၁ ဟုသတ်မှတ်ပါသည် )
က တာဝန်ယူပြီး ကရင့်တပ်မတော်နှင့် အတူတိုက်ပွဲ ဝင်နေပါသည်။
ဘုရားသုံးဆူမှ ကျောင်းသားတပ်ကလဲ တပ်ခွဲမှုး ကိုကျော်သက်တို့ ဦးဆောင်ပြီး စစ်ကူလိုက်လာပါတယ် ။
ပြန်စဉ်းစားမိလျှင် ပါဝင်ခဲ့သူများကိုယ်စား ကြက်သီးများ ထအောင် ဂုဏ်ယူမိပါသည် ။
လက်နက်ကိုင်တော်လှန်ရေး လုပ်ရန် တောထဲဝင်ခဲ့သူ ကျောင်းသားခေါင်ဆောင်တချို့ 
ငလျှင်လှုပ်သလို ဖြစ်နေသော ခံစစ်စစ်မြေပြင်ကို ကြောက်ကြပါပြီ။
အဆိုတော် ကို မွန်းအောင်ကတော့ ဗုံးသံတွေ ပွိုင့် ဖိုက်သံ တွေ
နားထောင်ရင်း သီချင်း အသစ်တွေရေးသွားပါသည် ။
အတွေးလွန်သွားပြီး ခလုပ်တိုက်ကာ လဲမလို ဖြစ်သွားပါသည် ။
သေသေချာချာ မမြင်လို့  သဲသဲကွဲကွဲ မြင်အောင် ငုံ့ ကြည့်လိုက်တော့
သဲရောထားတဲ့ မြေပြင်ဟာ သွေးတွေ ပက်ထားသလိုပါဘဲ ။
တိုက်မိတဲ့ ခလုပ်ကြီးက စစ်ဘောင်းဘီနဲ့ စစ်ဖိနပ်ကြီးပါလား ။
ခြေထောက်နဲ့ ကန်လိုက်တော့ စစ်ဖိနပ်စီးထားတဲ့ ခြေပြတ်ကြီးပါလား ။
ဖလူးက ဆုတ်ခွာပြေးရင်း ပြတ်ကျန်ခဲ့တဲ့ ပိုင်ရှင်မဲ့ ခြေထောက်ပြတ်ကြီးပါလား ။
သွေးတွေ အလုံးလုံးနဲ့ ပိုင်ရှင်က စွန့် ခဲ့ပြီနော် ။
ပိုင်ရှင်က ကရင်တပ်က ရဲဘော်လား ကျောင်းသားတပ်က ကျောင်းသားလား
လျှောက်နေတဲ့ ခြေလှမ်းတွေ
သူငယ်ချင်းကျောင်းသားတွေ အတွက်
ရင်နှစ်ခြမ်း ဗျန်းဗျန်း ကွဲပါစေ
ဘယ်ကလာ မှန်းမသိတဲ့ သေမင်းကို
မင်းလားကွသေမင်း
ဒူးမထောက်နဲ့  လက်မမြောက်နဲ့ သူငယ်ချင်း
ထိတ်တိုက်လဲရင်ဆိုင်ဘူးတယ်
လှံစွပ်ချင်းလဲထိုးဘူးတယ်
သူသေ ကိုယ်ရှင်လဲ ပစ်ဘူးတယ်
မကြောက်တတ်တဲ့ အင်အားကို
ပြည်သူ့ ဆီကရထားတာ
ဌေးတင့်
နယ်သာလန်
Thursday, May 6, 2010
ကိုသန်းနိုင်နဲ့ ကျွန်တော်တို့  ၆ ယောက်
ကရင့်တပ်မတော် လက်အောက်ခံ မူဆလင်တပ်ဖွဲ့ ဝင်တဦးရဲ့ တဲငယ် ။
အချိန်ကာလက ၁၉၈၉ အေးချမ်းလှတဲ့ ဒီဇင်ဘာ ၂၆ နံနက် ဝေလီဝေလင်းစ
အခြေအနေကတော့ အာဏာရှင်စစ်တပ်သည်
၁၉၈၈ကျောင်းသားများ လက်နက်ကိုင်တော်လှန်ရေး မလုပ်နိုင်ရန် နှင့်
အမြစ်ပြတ် ခြေမှုံးရန် လူမျိုးစုနယ်မြေ အားလုံးကို နည်းမျိုးစုံဖြင့် ထိမ်းချုပ်ရေး စီမံချက်ကာလ
ချောင်းရေသည် ကြည်လင်နေပြီး အောက်ခြေကို ရှင်းရှင်းကြီးမြင်နေရသည် ။
နံနက်လင်းခါစ နေစထွက်သည်ဆိုသော်လည်း အလင်းရောင်ပြပြသာမြင်ရသည် ။
နေလုံးသည် တောင် ၂ လုံးကြားက ချောင်းကိုတိုက်ရိုက် အလင်းရောင်မကျနိုင်သေးပါ ။
ခပ်လှမ်းလှမ်းမှာ ဆိုလျှင် ရေငွေ့ ဖြူဖြူ မြူမူန်များ တွေ့ နေရသေးသည် ။
ရှုလိုက်သောလေထဲမှာလဲ သစ်ပင် သစ်ရွတ် အနံ့ နှင့်အတူ တချက်တချက် ပန်းရနံ့ များရပါသည် ။
စစ်ရေဘူးထဲကရေကို လက်ခုတ်နဲ့ ရေခပ်ပြီး အာလုပ်ကျင်းလိုက်ပါသည် ။
ပြောပြမတတ်သော လေးပင်သည်လား ဆိမ့်နေတာလား မသိသော
ရေ၏အရသာသည် နှတ်ခမ်းဖျားကို စိုစွပ်ပြီး အာခေါင်အဖျားအထိ ရောက်သွားသည် ။
အော် မြန်မာပြည်က ထွက်ကုန်တွေထဲက ရေတောင် အရသာရှိပါလားလို့ တခြားနိုင်ငံတွေ ရောက်မှ တန်ဖိုးကိုနားလည်မိသည် ။
သောင်ရင်းမြစ်ကို တချက်ကြည့်ပြီး မိမိတို့ ရုံးရှိရာဖုက်ကို မျှော်ကြည့် လိုက်သည် ။
မီးခိုးမှုတွေကြားမှာ သဲသဲကွဲကွဲ မမြင်ရသေးပါ ။
အခုလောက်ဆို စားဖိုဖုတ် က ချက်ပြုတ်ပြီးလောက်ရောပေါ့
ကျောင်းသားရဲဘော်တွေလည်း တညလုံးတာဝန်ယူထားတာဆိုတော့ ဆာကြပြီပေါ့ ။
(အမြောက်ကျည်ဆံ ဒဏ်ခံရန် သစ်လုံးများအောက်တွင် ၁၀ပေ ပတ်လည် အနက် ၅ ပေ ကျင်းတူးပြီး အိပ်သည့် ကျည်ကွယ်မျက်ကွယ်ကို ခေါ်ပါသည် ။တချို့ က ဘန်ကာ ဟုလည်းခေါ်ပါသည် )
နောက်မှ ချွတ်ချွတ် အသံ ခြုံကြားမှ လှည့်ကြည့်လိုက်တော့ ကိုသန်းနိုင် ။
စစ်ဘောင်းဘီရှည် ဇစ်ကို ဆွဲရင်း ကားရား ကားရား တောထိုင်ရာက ကမန်းကတန်းပြန်လာပုံရပါသည် ။
အားလုံး နိုးကုန်ကြပြီလား ။ စခန်းပြန်မယ် ။ ကျွန်တော့ ရဲဘော်တွေကို စိတ်ပူနေပြီ ။
ယိုင်နဲ့ နဲ့ ဝါးတဲ ထဲမှ ကိုဇော်ဇော် (၈၈ တတိယနှစ် မှာ တတိယနှစ် ကျောင်းသား ယခု ကနေဒါမှာနေ) ကိုကျော်မင်းဦး ( ၈၈စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသား ။ သတင်းပျောက်)
ကိုမောင်လှ (မဲဆောက်) ကိုနေမျိုး ကိုအေးဝင်းတို့ တသိုက် အိပ်ချင်မူးတူးနှင့် ထလာကြပါသည် ။
မရှိလို့ ထွက်ဝယ်တာ အေးအေးဆေးဆေးပေါ့လို့  ကိုနေမျိုးက လည်ချောင်းကွဲသံဖြင့်ပြောလိုက်သည် ။
ကိုသန်းနိုင်မျက်နှာညိုညိုက ရဲကနဲ မဲသွားပါသည် ။
ငါတို့ ဒီဘက်ကမ်းကို အပျော်လာတာမဟုတ်ဘူး ။
တိုက်ပွဲဖြစ်နေတဲ့ စခန်းထဲမှာ ကျောင်းသားရဲဘော်တွေ ထမင်းဆာပြီ ။
ရိက္ခာ တာဝန်ခံ ကိုဇော်ဇော် အထုတ်တွေ အဆင်သင့်လုပ် ပြီးရင် ထွက်မယ် ။
ကိုသန်းနိုင်က ကျွန်တော့နားကပ်လာပြီး တိုးတိုးလေးပြောပါတယ်
“ကိုဌေးတင့် ကျွန်တော်က အရမ်း စိတ်ပူတတ်တယ် ။
သပိတ်မှာကထဲက အတူတူ သေဖေါ်သေဖက်လုပ်လာကြတာ ဘာရယ်လို့ မဟုတ်ပါဘူး
သူတို့ အားလုံးအတွက် စိတ်ပူလို့ ပါ ။
ကိုသန်းနိုင် စိတ်ပူလွန်ပြီး အမေရိက ရောက်တော့ နှလုံးကို ဖြုတ်လိုက်ပြီး စက်နဲ့ အစားထိုးရတယ်နော်”
နောက်ဆုံးတော့ လူကကောင်းကောင်းကြီး အပူလွန်တဲ့စိတ်ကို စက်နှလုံးက မလိုက်တော့ဘူးထင်တယ် ။
အသံပြာပြာ နားထဲဝင်လာပါသည် ။ ကြားလား ကြားရင်အကြောင်းပြန် သန်းနိုင် ။။ နားနားကပ်အော်လိုက်တာပါ ။
ကျွန်တော်လည်း ညကအရှိန်နဲ့  အော်ဟုတ်လားဟု မူးကြောင်ကြောင် အဖြေပေးတတ်တာ အခုထိထင်ပါတယ် ။
ကိုဇော်ဇော်ကတော့ လူငယ်ပြီပြီ သွက်လက်ချက်ချာပါတယ် ။အခုထိပါဘဲ ။
နေမျိုးတယောက် အခုထိမူးနေတုံးဘဲလား မသိဘူးနော် ။
မောင်လှကတော့ စကားနည်းတယ် ။ အမြဲတန်းတခုခုကို ငြီမ်ပြီးစဉ်းစားနေတတ်တယ် ။
အခုများတော့လဲ တကမ္ဘာစီမဟုတ်သော်လည်း
တနိုင်ငံစီ ဝေးကုန်ကြပြီနော် ။
ကျောပိုးအိတ် တလုံးစီနဲ့ ရိက္ခာတွေထမ်းပြီး သောင်ရင်းမြစ်ဆီသို့ ချီတက်ကြပါတယ် ။
မြစ်နားနီးလာတော့ စစ်ယူနီဖေါင်း အချို့ ကို လမ်းဘေးတွေမှ ပစ်ထားတာ မသဲမကွဲ မြင်ရပါတယ် ။
ရေတွေလဲ လမ်းမှာစိုနေပါတယ် ။ မကောင်းတဲ့ အတိတ်နမိတ်ပါဘဲ ။
ကိုသန်းနိုင်နဲ့ ကျွန်တော်က ရေစိုဝတ်တွေကို ကိုင်ကြည့်ရင်း စခန်းထဲမှာ တခုခုဖြစ်နေပြီ။
ဒီဇင်ဘာလ ၂၅ ရက်နေ့ ည မှာ စခန်းတာဝန်ခံ ကရင်ခေါင်းဆောင်တွေ
ဝါလေ ဌါနချူပ်မှာ ပြန်စုပြီး ယေရှုခရစ်တော်မွေးနေ့ ကျင်းပနေကြတယ် ။
မြန်မာအာဏာရှင် စစ်တပ်ကတော့ အစွမ်းကုန်ယုတ်မာပြီ ထင်တယ် ။
ကျွန်တော်တို့ အခြေအနေကို သုံးသပ်ပြီး ခေါင်းနပန်း ကြီးသွားပါသည် ။
စခန်းကို စွန့် ခွာကြပြီလား ။ စခန်းကျပြီ လား ။ ငါတို့ ဘာလုပ်ကြမလဲ ။
တိုင်ပင်စရာမလိုဘဲ ရ ယောက် ခေါင်းခြင်းဆိုင်လိုက်ပါသည် ။
ကိုသန်းနိုင်က ကျွန်တော်ရသလောက် စခန်းထဲကို ခိုးဝင်မယ်
၄၅ဘို့ ပစ္စတိုချိတ်ထားသော ခါးဘက်ကို လက်ထောက်ပြီး ပြောလိုက်ပါသည် ။
ကျောင်းသား ရဲဘော်တွေရဲ့ အခြေအနေကြည့်ဘို နဲ့ ကူညီဘို့ အသက်ပေးသင့်ရင် ပေးရမယ် ။
ဘယ်သူလိုက်မလဲ ဟုမေးပါသည် ။
ကျွန်တော်လိုက်မယ် ဆိုတဲ့အသံက ၆ ယောက်စလုံး စက္ကန့် မခြားဘဲ
တပြိုင်ထဲ ထွက်လာပါသည် ။
ကျွန်တော်အပါအဝင် စခန်းမှာနေစဉ်က တာဝန်ခွဲတဲ့ ရွေးကောက်ပွဲတွေမှာ
နောက်က ပုန်းနေတတ်သူတွေပါ ညနေ ထမင်းစားပြီး လေပေါကြရင် နားထောင်တတ်သူတွေပါ ။
စကားကို အပိုမပြောဘဲ အလိုပြောတတ်ကြသူတွေပါ ။
အခုကာလမှာလို ပြည်ပမှာ ခေါင်းဆောင်နေရာလုသူတွေ ရေဒီယိုမှ ဖိုးပြောချင်တွေကို
ခေါ်သွားချင်ပါသည် ။
သူငယ်ချင်း ကျောင်းသားတပ်ဖွဲ့ ဝင်တွေအတွက် အသက်စွန့် ကူညီရန် အဆင်သင့်ဖြစ်ကြပါဘီ ။
ကျွန်တော်တို့ အားလုံး အပိုပစ္စည်းများ သစ်ပင်ကြီး တပင်အောက်တွင် သစ်ခက်များနှင့် ဖုံးပြီးဖွက်လိုက်ပါသည် ။
အေကေ ၄၇ တလက်စီ ကျည်ထိုး ။ လက်ပစ်ဗုံးများကို အလွယ်ပစ်ရန် ရင်ပတ်မှာ တွယ်လိုက်ပါသည် ။
အသက်တွေကို ဝဝရှုလိုက်ကြသည် ။
ကျည်ဆံ သေမင်းတမံဟာ အချိန်မရွေး ရင်ဘတ်ထဲကို ဝင်မည့်
စခန်းထဲသို့  ဝင်ကြတော့မယ် ။
အမှန်တရားနဲ့  ဘုရားသ္ခင်ဟာ ငါတို့ ဘက်မှာရှိနေတယ့် စိတ်နဲ့ 
လမ်း လက်ဝဲ လက်ျာကို ကပ်ပြီး အသင့်အနေအထားဖြင့် သောင်းရင်းမြစ်ဆီသို့ ချီတက်ကြပါတယ် ။
တောငယ်လေးတခုလုံး တိတ်ဆိပ်နေမှုဟာ စစ်ဖိနပ်နင်းလိုက်ရင် ပြန်ကြားနေရပါတယ် ။
ပူပင်နေသော နှလုံးသားရဲ့ သွေးခုန်နူံးသံကို နားထင်သွေးကြောများမှတဆင့်
တဒုံးဒုံနဲ့ စစ်ဖိနပ်သံနဲ့ အညီ စည်းချက်ညီညီ ကြားနေရပါသည် ။
ဒုတိယပိုင်းဆက်ရေးပါမည် ။
ဌေးတင့်
နယ်သာလန်

၆ မေ ၂၀၁၀
Tuesday, April 20, 2010
တော်လှန်ရေးဆိုတာ အာဏာရှင်လေးတွေမွေးဖွါးပေးနေတာ မဟုတ်


http://88daun88.blogspot.com/ ............................. http://tayzathura.blogspot.com/
ကျွန်တော် ၏ ကဗျာများကို အထက်ပါ ဘလော့များမှပြန်လည် ကူးယူဖေါ်ပြပါသည် ( ကဗျာကို ထပ်ဆင့် ဖြန့် ဝေ ပေးသည့် အတွက်ထိုဘလော့ ပိုင်ရှင်များအား လည်း ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်လိုပါသည် ။ )
CanadaMyanmar
Type the rest of your post here.
Thursday, April 1, 2010
လူနွား
လူနွား
မှန်သလား မှားသလား
ခွဲခြားမသိ ရှိသည့် ခွန်အား
ကြီးသော်ငြားလည်း
နဖါးကျိုး လစာ တာဝန် တံပိုး
ရိုကျိုး သခင့် ထံ နှင်တံ အမိန့် 
တံဆိပ် ချူ ဆွဲ ခိုင်းလည်းကောင်းအောင်
ဖေ့ သားမောင်ရေ..ကောက်ရိုး တွေစား
မင့် ခွန့် အား မှ စပါး ဆန် တို့ သူ ယူ၏ ။ ။
............ ( စိုးမိုးသူ )
Type the rest of your post here.
Saturday, March 20, 2010
အေးစက်ပူလောင်နေတဲ့ည
အေးစက်ပူလောင်နေတဲ့ည
တိုးတိတ်ဆူညံ အသံနက်တွေ
Type the rest of your post here.
