Sunday, March 18, 2012

မြောက်ပိုင်းတွင် ကြွေလွင့်သွားခဲ့သူများအား ဂုဏ်ပြုပွဲ(လန်ဒန်) ၁၂၊၀၂၊၂၀၁၂ အတွက် ပန်းချီထိန်လင်း ပေးပို့သော video clip 2

ကိုထိန်လင်း ပေးပို့ သော ဗီဒီယို ( ၁ )

ABSDF လူသတ်ပွဲဘယ်သူတရားခံလဲ အပိုင်း(၅)

Baydar LamKo Lin Wai Aung ABSDF လူသတ်ပွဲဘယ်သူတရားခံလဲ အပိုင်း(၅) -နောက်ထပ်ဖော်ထုတ်ရအုံးမယ့်အမှုတွေ-ရေးသားသူ ညီညီ (မြောက်ပိုင်းရဲဘော်ဟောင်း) အခန်း ၄ မှာတုန်းက ဆေးဆရာမတွေအကြောင်းကိုရေးခဲ့ပါတယ်။သူတို.နဲ.ပက်သက်ပြီးနဲနဲ ပြောစရာရှိပါသေးတယ်။ သူတို.ထဲကဆေးဆရာမ သိန်းဆွေ(တိန်.ဆွေ)နဲ.တင်စန်းဦးတို. နှစ်ယောက်ဟာ ပြည့်စိုးခိုင်သေသွားတော့အဲဒီသေတဲ့ I ရုံးထဲမှာ ခင်ချိုဦး(အသတ်ခံကျောင်း သူ) ကို သေနေတဲ့ပြည်စိုးခိုင်ရဲ.မတော်ရာကို ( Oral Sex ) လုပ်ခိုင်းတဲ့အထဲမှာပါခဲ့တဲ့သူတွေ ပါ။(ဝမ်းနည်းစရာကောင်းတာကအဲဒီနှစ်ဦးဟာအခုရန်ကုန်ရောက်နေပြီးကျနော်တို.ရဲဘော် ရဲဘက်ထဲကတဦး(အနှိပ်စက်ခံလွတ်မြောက်)ရဲ.အီမ်မှာဝင်ထွက်သွားလာနေကြတဲ့အထိရင်းနှီးနေ ကြတာပါ။ဒါကဘာကိုပြသလဲဆိုတော့ကျနော်တို.အထဲမှာကိုက ခင်မင်မှုအရဒီအမှုကြီးတ ကယ်ပြန်ပေါ်လာမှာကိုအားတပ်သရောမရှိကြသူတွေရှိနေသေးတယ်ဆိုတာပြနေတာပါပဲ။ တချို.ကြတော့လဲကိုယ်တိုင်အဖမ်းမခံရခင်က ကျုးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေ ပြန်ပေါ်လာမှာ ကြောက်လို.လဲဖြစ်နိုင်ပါတယ်။အပေါ်မှာနာမည်ပါတဲ့ဆေးဆရာ မနှစ်ဦးကတော့တရားစွဲခံရ မဲ့တရားခံစာရင်းထဲမှာသေချာပေါက်ပါမှာဖြစ်ပြီးအမှုအကြီးအသေးကတော့သူတို.ရဲ.ထွက်ဆို ချက်နဲ.ဘယ်လောက်ထိပူးပေါင်းဆောင်ရွက်သလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ဒါတွေက တော့တက်ကျွမ်းနားလည်တဲ့ဥပဒေပညာရှင်များနဲ.နိုင်ငံတကာတရားသူကြီးတွေရဲ.အလုပ်ပါ။ ကွန်မန်ဒို(တိုက်ခိုက်ရေး)များနဲ.ပက်သက်ပြီး စစ်ကိုင်းတိုင်း ABSDF ဖြစ်မြောက်ရေးကိုဦးဆောင်ကြိုးပမ်းခဲ့တဲ့ကိုကျော်ကျော်အုန်း တို.ကိုလိုက်သတ်တဲ့ကိစ္စကိုနောက်ပိုင်းမှာဆက်လက်ရေးသားပေးပါမယ်။ နောက်ထပ်ရေးချင်တာကကွန်မန်ဒိုထဲကအပြစ်လုပ်မထားတဲ့သူတွေအနေနဲ. မျိုးဝင်း နောက်ကျည်နဲ.သေတဲ့ပွဲမှာဘယ်သူတွေပါသွားသလဲ?အသက်ခံခဲ့ရတဲ့ဦးဝင်းကို ကိုလိုက်ပို.ခဲ့ တာဘယ်သူတွေလဲ?မျိုးဝင်း နောင်တောင်း ကိုဘာသွားလုပ်သလဲ၊?ရွှေလီမှာ ယွမ် ၁၁၀ တန် အခန်းမှာတည်းပြီးဘယ်သူတွေနဲ.တွေ.သလဲ?ဒါတွေကိုသိတဲ့လူတွေပြောကြပါ။နောက်တခါ အန်တီဒေါ်သောင်းလှအသတ်ခံရတဲ့ကိစ္စမှာတာဝန်ရှိသူတွေ၊နောက်ပိုင်းအမှုတွေဖြစ်တဲ့ ရင်ကျန်းဘေးကရှမ်းရွာမှာ ABSDF ကလက်နက်တွေအသီမ်းခံရတော့ ကျော်မြင့်ကထောင် အနှစ် ၂၀ ကျသွားတဲ့ကိစ္စမှာတာဝန်ရှိတယ်ဆိုပြီးတော့စွတ်စွဲပြီး နောင်ရော်ပါ မှာခုတ်သတ်ခံခဲ့ ရတာဘယ်သူလဲ?သူ.ကိုခုတ်တဲ့ထဲမှာ အောင်ဆွေဦး ပါလား၊ ရင်ကျန်း က ခါဂျာမုန်.ရောင်းတဲ့ သူကိုခေါ်ခုတ်တာ ကျော်ကျော် လို.ပြောနေတာဟုတ်လား?မဟုတ်ရင်ဘယ်သူတွေလဲဆိုတာ ပြောရပါမယ်။ခင်ဗျားတို.သုံးနေတဲ့စကားပြန်သုံးရရင် “ နိဂုံးချုပ် “ ပါတော့မယ်။နောက်ကျတဲ့ သူက ကျနော်တို.ကို ပြည်သူတွေကိုပြောပြရတာမဟုတ်ပဲ တရားရုံးမှာတရားခံတွေအဖြစ် ထွက်ဆိုနေရတာဖြစ်နေပါလီမ့်မယ်။ သံချောင်း ကငြီမ်းချမ်းရေးလုပ်ဖို.ကြီုးစားချိန်မှာ သိုက်ထွန်းဦးဟာ ငြီမ်းချမ်းရေးကိုဖျက်ဖို.ကြီုးစားခဲ့ပါတယ်။သူက ၅၀၁ ရင်းမှုးဆိုတော့ ၅၀၁ က မောင်ဦးကိုသုံးပြီး ဗန်းမော်ဗျုဟာက တပ်မတော်ဗျုဟာမှုးကိုလုပ်ကြံဖို. မောင်ဦးကို ခိုင်းရာမှာ KIA ကဖော်ထုတ်ဟန်.တားနိုင်ခဲ့ပါတယ်။သိုက်ထွန်းဦးဟာဒီလိုတက်ကြွတဲ့အလုပ် တွေကိုလုပ်ခဲ့သူပါ။သူနောက်ထပ်ဘာပြစ်မှုတွေလုပ်ခဲ့သေးလဲ?သိသူများဖော်ထုတ်ပေးကြပါ။ လွိုင်ဇာ ကအေးချမ်းမေ ခေါက်ဆွဲဆိုင်မှာ သိုက်ထွန်းဦး၊အောင်ဆွေဦး၊သန်းဇော်တို.နဲ.တွေ တော့ဘီယာတိုက်ခိုင်းလို.တိုက်ရင်း ကျနော်ဟာထောက်လှမ်းရေးမဟုတ်တဲ့အကြောင်းနဲ.၊ ထွန်းအောင်ကျော်နဲ.ကိုချိုကြီးတို.လဲထောက်လှမ်းရေးမဟုတ်တဲ့အကြောင်းဖွင့်ပြောခဲ့ဘူး ပါတယ်။အဲဒီလိုပဲ ပထမ အခေါက်အဖမ်းခံရအပြီး KIA ကပြန်အရောက် ဒုတိယအခေါက် အဖမ်းမခံရခင် သံချောင်းနဲ.စကားပြောရင်း “ဖမ်းမိတဲ့တရားခံတွေကို ဗီဒီယိုရိုက်၊စစ်ချက်ယူပြီး မီဒီယာတွေနဲ.တွေဆုံပြီးသတင်းစာရှင်းလင်းပွဲလုပ် နိုင်ငံရေးအမြတ်ထုတ်ပြီး ဖမ်းထားတဲ့သူတွေ ကိုပြန်လွတ်ဖို. အကြံပေးခဲ့ပါတယ်။(အဲဒီနေ.ညက ညီညီကျော် တယောက်ထဲထွက်ပြေးတဲ့ညပါ ထောက်လှမ်းရေးတွေကိုသတ်ရင်ကျောင်းသားလက်တွေသွေးစွန်းမယ် ၊သွေးမစွန်းစေပဲ နိုင်ငံရေးအမြတ်ထုတ်ဖို.ပြောရာမှာ သံချောင်းက လက်ခံပါတယ်။ဒါပေမဲ့နောက်တရက်မှာ ပယ်ချခံခဲ့ရပါတယ်။နောက်တခါ ကျနော်တို.ထဲက ၅၅ ယောက်ထွက်ပြေးအပြီး ကျနော်တို. အကျယ်ချုပ်ဖြစ်နေချိန်မှာ သံချောင်းကိုဖျောင်းဖြပြီး ဒီထဲမှာအမှားပါခဲ့တယ်ဆိုတာ ၀န်ခံခိုင်းဖို. လုပ်ခဲ့ပါတယ်။ “C S ကျနော်ကတော့ထောက်လှမ်းရေးက ဗိုလ်အစစ်ပါ။ဒါပေမဲ့ လူတွေ ၁၀၀ ကျော်မှာ တချို.များမှားနေမလားလို.ကျနော်အရာရှိတဦးအနေနဲ.သံသယ ရှိမိပါတယ်။အနာဂတ် နိုင်ငံရေးမှာ CS နဲ. ဥက္ကဌ က ကျနော်တို.ကိုဦးဆောင်ရမှာ၊အဲဒိအမှားတွေရှိခဲ့ရင် ဒီဂယက်တွေကိုခင်ဗျားတို. ၂ ယောက်ပဲခံရမှာ၊ဒီတော့ ဒီဖမ်းဆီးမှုတွေမှာအမှားအယွင်းတွေရှိခဲ့ တယ် အဲဒါတွေကို VCS လုပ်ခဲ့တာပါဆိုပြီးပုံချလိုက်ပါ”ဆိုတော့သံချောင်းကလက်ခံပါတယ်။ ဒါပေမဲ့နောက်ရက်မှာအောင်နိုင်ရောက်လာပြီးABSDFဘယ်တော့မှမမှားဘူးဖမ်းတဲ့အထဲမှာမှားတာတယောက်ပါရင်ကိုယ့်သာသာကိုယ်ကြိုးစင်တက်မယ်လို.ပြောပါတယ်။။ပြီးတော့ ကျနော်.ကို မင်းဒီစကားပြောတာထောက်လှမ်းရေးအလုပ်လုပ်တာပဲ၊သွေးခွဲတာပဲ၊နောက်တခါ ပြောရင်မင်းကိုတခါတည်းသတ်ပြစ်မယ်လို.ကြီမ်းပါတယ်။ ရေးသားသူ ညီညီ (မြောက်ပိုင်းရဲဘော်ဟောင်း) ဆက်လက်ရေးသားတင်ဆက်ပေးပါမည်။

Saturday, March 17, 2012

ABDF(north)1992




ခေတ်သစ်ကျေးညီနောင် ။
လွန်ခဲ့သော နှစ်ပေါင်း ၂၀ က မြောက်ပိုင်းတွင် ကြွေလွင့်သွားတဲ့ ကျောင်းသားများ အမှတ်တရ နေ့မှာ ABSDF အပတ်စဉ်(၃) ဆင်းဖြစ်သူ မိုးကြီး (ခ) ကိုမိုးဇော်ထွန်း ( လူ့ဘောင်သစ်၊ရန်ကုန်) ရဲ့ အမှတ်တရစကားပါ..။ ကြိုးစားတင်ပေးလိုက်ပါတယ်..။ ကိုဝိုင်ဝိုင်ကေ

Friday, March 16, 2012

Daw Aung San Suu Kyi ’s Strategy


 


Daw Aung San Suu Kyi ’s Strategy

14 march 2012 by-election Campaign Speech.
Record from Burma Radio Broadcast and MRTV.

The NLD Party accepts the democratic principle that the people has the right to choose
the candidate and party that they prefer. In order to do the right choice,

The campaign speech will assist the people in their decision as to which party to choose.

The NLD party will accept the choice and decision of the people.

The NLD party's policies to serve the people are presented in 3 main topics namely:
1. The rule of law
2. Cessation of Civil War
3. Amendment of the 2008 Constitution.
The judicial system and media kept under the control of government  and the population oppressed and living in fear without freedom of expression, under such circumstances democracy cannot be achieved.

1. The Rule of law. Up till now the government controlled the Judicial system and
 the nation lives under fear of its power.

To solve the problem
- To immediately dissolve the oppressive laws
- To formulate laws that will protect the people
- The judicial system must be free and fair
- There must be media freedom
- To setup and widen the legal networks that will defend the people
- The judicial system must be in accordance with democratic principle and must function freely
- Before any guilty verdict, everyone must be regarded as innocent

Everyone including the governing bodies must be under the law.
2. Cessation of Civil War, Burma has been engaged in civil war ever since independence and this has ravaged our country.
To solve the problem
- Nation wide cease fire must come into effect
- Political negotiation talks with ethnic groups
- To fulfill the demands of equal rights,
   self determination and formation of federal state according to Constitution.

I firmly believe that our ethnic population will not leave the Union

3. Amending the Constitution The 2008 Constitution must be amended in key sections that go beyond democratic principles, Serving to keep the military in power. The NLD party had already indicated the sections of the 2008 Constitution that should be amended.

One obvious example that the 25% of Parliament representatives given to military
that are not elected by the people.
This should not be accepted as it is against the democratic principles.

There’s no doubt that the armies through out the world are to defend their respective countries including our army, however, I am convinced that for development of the country, its participation is indispensable.
The Constitution of a country is contract between the rulers and the people,
therefore if necessary the Constitution must be amendable.

In addition,
Daw Aung San Suu Kyi  touched upon the following sectors.

- On International relation and development. To benefit the people.
- NLD had smooth relation with the developed democratic countries as well as neighbouring countries.
- And also with countries that will assist the development of our country.
- On economy, to establish free and stable market economy under the law.
- On poverty eradication, to guarantee equal employment opportunities to all citizens.
- On the problem of budget deficit, to find ways instead of printing moneys.
- On monetary system, to cooperate with the IMF,
  World Bank and International Financial Institutions.

 Daw Aung San Suu kyi  also touched upon the policies on education and health sectors,
 concentrating on compulsory primary education and improvement of health care for the poor.

 On agricultural sector, Agricultural land and marketing of agricultural products,
 Compensation and so on were discussed, and to encourage formation of Free Farmers Union.

Free Trade Unions for workers to be encouraged. Regarding the youths,
 as they are the future of the country, will encourage on education and job creation.
 To have good standard of education, teachers, salaries and qualification have to be improved.

Students' Union and Women rights and opportunities will be encouraged.
 To eradicate forced labour in cooperation with the ILO. Concluding,  Daw Aung San Suu Kyi  said that the above mentioned tasks sound nice to listen and whether implementable.
 She assures that with determination and hard work and with concerted efforts,
 they are doable. Finally Daw Aung San Suu Kyi  urged the people to vote for the NLD and its candidates.

Document Video  on youtube name is

Daw Aung San Suu Kyi ‘s strategy for Burma.( 1 April 2012 Elcetion)

http://www.youtube.com/watch?v=EQGoxPviwEc&feature=youtu.be 

 Created and edited By FBE ( Fourm of Burmese in Europe, 2012 group )

မတ်လ ၁၄ ရက်နေ့တွင် မြန်မာ့ရုပ်သံက ထုတ်လွှင့်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒ၊ ရပ်တည်ချက်များနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ထဲမှာ
 ပြည်သူ့လွှတ်တော်အတွင်းမှာ ရွေးကောက်ခံ မဟုတ်တဲ့
 တပ်မတော်သားအမတ်များ ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ကိစ္စကို ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်ပြီး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးဖို့ တိုက်တွန်းသွားပါတယ်။

 မြန်မာအာဏာပိုင်တွေရဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ စစ်တပ်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုများအား ဝေဖန်မှုများကို ဆတ်ဆတ်ထိမခံတဲ့
 မြန်မာစစ်ခေါင်းဆောင်တွေဟာ အစိုးရရုပ်သံကနေ
 ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်များကို မတ်လ ၁၄ ရက်နေ့မှာ
 ထုတ်လွှင့်မယ်ဆိုရင်တော့ လက်ရှိ မြန်မာအစိုးရရဲ့ သဘောထားဟာ
 ယခင် စစ်အစိုးရများရဲ့ သဘောထား ရပ်တည်ချက် လမ်းကြောင်းကနေ အနည်းငယ် သွေဖီလာနေပြီလို့ ပြောလို့ရနိုင်ပါတယ်

။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်သံထုတ်လွှင့်မှုဟာ မတ်လ ၁၄ ရက်နေ့တွင် မြန်မာ့ရုပ်သံက ထုတ်လွှင့်မှာ ဖြစ်သော်လည်း ယူကျူ့အင်တာနက်စာမျက်နှာပေါ်မှာ
မတ်လ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် မနက်ပိုင်းကတည်းက ပြန့်နှံ့နေပြီ ဖြစ်ပါတယ်။
 ယူကျူ့ဗီဒီယိုတွင် ကြည့်မြင်ရတာကတော့ ရုပ်သံရိုက်ကူးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အနည်းငယ် ကသိကအောင့် ဖြစ်နေပုံရသော်လည်း

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်များနဲ့ ပတ်သက်ပြီး သူ့ရဲ့ဟန်၊ သူ့ရဲ့မာန်များအတိုင်း ရှင်းလင်း ပြတ်သားစွာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
ထိုသို့ ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ထိပ်တန်း ရည်ရွယ်ချက် သုံးရပ်ဟာ
 တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး တို့ ဖြစ်ကြောင်း စတင် ရှင်းပြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဟောပြောချက်

by Sei Thu Naing on Tuesday, March 13, 2012 at 8:50am ·
ယခုလို ကျွန်မရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒသဘောတရားတွေကို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ တင်ပြခြင်းဟာ ပြည်သူတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုရခြင်းဖြစ်ပါတယ်။

မဲဆန္ဒရှင်များသာမက နိုင်ငံသူနိုင်ငံသားအားလုံးအနေနဲ့ မိမိတို့ကို ကိုယ်စားပြုလိုကြတဲ့ ပါတီအဖွဲ့အစည်း ပုဂ္ဂိုလ်တွေကို လေ့လာသုံးသပ်ပြီး ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကို ထောက်ခံရွေးချယ်မယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။

ဒီမိုကရေစီအခြေခံမူအရ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမှာဖြစ်တဲ့ ကျွန်မတို့ပါတီရဲ့ နိုင်ငံနဲ့ ပြည်သူတွေအတွက်ထားတဲ့ ရည်မှန်းချက်တွေကို အနှစ် ၂၀ ကျော် ကိုင်စွဲခဲ့တဲ့ မူတွေနဲ့တွဲပြီး ရှင်းပြချင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိက ရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ ကိစ္စသုံးရပ်ကတော့ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ပဲ ဖြစ်ပါတယ်။

တရားစီရင်ရေးကို အစိုးရယန္တရားအောက် သွတ်သွင်းခဲ့ပြီး မီဒီယာတွေကို အစိုးရပိုင်အဖြစ်ပြောင်းကာ ချုပ်ကိုင်လာခြင်း၊ တင်းကျပ်တဲ့ မီဒီယာနဲ့ ဆင်ဆာဥပဒေတွေ ပြဌာန်းပြီး ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောပိုင်ခွင့်၊ ရေးပိုင်ခွင့်၊ ကြားပိုင်ခွင့်၊ ဆန္ဒဖော်ထုတ်ပိုင်ခွင့်တွေကို ရုတ်သိမ်းပစ်ခဲ့ခြင်း စတဲ့ နည်းလမ်းစုံနဲ့ တရားဥပေဒစိုးမိုးမှုကို ခြေဖျက်ပစ်ခဲ့တာ ပြည်သူလူထုဘ၀မှာ အကြောက်တရားကသာ လွှမ်းမိုးခဲ့ပါတော့တယ်။

ပြည်သူလူထုဘ၀ အကြောက်တရားကလွတ်မြောက်ပြီး လူ့အခွင့်အရေးမရသေးတဲ့အထိတော့ ဒီမိုကရေစီစနစ် ထွန်းကားခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။

ဥပဒေစိုးမိုးမှုရှိမှသာ ပြည်သူတွေဟာ ဥပဒေရဲ့ကာကွယ်မှုကို အမှန်တကယ်ရနိုင်ပြီး လွတ်လပ်မှုရဲ့ အရသာကို အမှန်တကယ် ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ ဥပေဒစိုးမိုးရေးရှိခြင်းသည် သာမန်လူများ၊ နိုင်ငံတော်ဝန်ထမ်းများနဲ့ နိုင်ငံရေးသမားအားလုံးတို့ မိမိတို့ ရသင့်ရထိုက်တဲ့ အကာအကွယ် အစောင့်အရှောက်ပေးမှာဖြစ်ပါတယ်။

အာဏာရှိတဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အကြီးအကဲတွေက တစ်ချက်လွတ်အမိန့်နဲ့ ဘယ်သူ့ကိုမှ အရေးယူ အနိုင်ကျင့်နိုင်မှာ မဟုတ်ပါဘူး။
ဒါမှ ဒီမိုကရေစီလည်း ခိုင်မာထွန်းကားတယ်လို့ ဆိုနိုင်ပါမယ်။

ဥပဒေစိုးမိုးရေးအတွက် ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ခေတ်နဲ့ မလျော်ညီတော့တဲ့ ဥပဒေအချို့ကို မဆိုင်းမတွ ဖျက်သိမ်းပစ်ကြရပါမယ်။ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေကို ပြဌာန်းရေးဆွဲကြရပါမယ်။

တရားစီရင်ရေးစနစ်ကို လွတ်လပ်အောင်ထားပြီး သမာသမတ်ဖြစ်အောင်ဖြစ်အောင် ပြုပြင်ရပါမယ်။ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အ၀ပေးရပါမယ်။ ပြည်သူလူထုကို အကူအညီပေးမယ့် ဥပဒေအထောက်အကူပြု ကွန်ယက်တွေ တိုးချဲ့ရပါမယ်။

တရားစီရင်ရေးမဏ္ဍိုင်ဟာ ဒီမိုကရေစီသဘောထားနဲ့ ကိုက်ညီတဲ့ ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့နဲ့ လွတ်လပ်စွာရပ်တည်နေစေရပါမယ်။ တရားစီရင်ရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့အပေါ်မှာ အမြဲရှိနေမှာဖြစ်ပြီး ဥပဒေနဲ့ ငြိစွန်တဲ့ အုပ်ချုပ်သူ လူပုဂ္ဂိုလ် အဖွဲ့အစည်းမှန်သမျှကို တရားစီရင်ပိုင်ခွင့် ရှိစေရပါမယ်။ ဥပဒေအရ ပြစ်မှုထင်ရှားပြီး စီရင်ခြင်းမရှိသေးရင် ဘယ်သူ့ကိုမဆို အပြစ်ကင်းတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။

လွတ်လပ်ရေးနဲ့ ဖွားဘက်တော်အဖြစ်ပါလာတဲ့ ပြည်တွင်းစစ်ဟာ ကျွန်မတို့နိုင်ငံမှာ ဒီနေ့အထိ လောင်မြိုက်နေဆဲ ဖြစ်နေပါတယ်။ ၁၉၄၇ ခုနှစ်မှာ အမျိုးသားခေါင်းဆောင်ကြီးများ ရုတ်တရက် လုပ်ကြံခံရပြီးကတည်းက စတင်ခဲ့တဲ့ တိုင်းရင်းသားမျိုးနွယ်များအကြား သံသယပွားခြင်း၊ နိုင်ငံရေးအယူအဆ မတူသူများအကြား သဘောထားကွဲပြားခြင်း စတာတွေကို စားပွဲဝိုင်းမှာ တွေ့ဆုံညှိနှိုင်းဖြေရှင်းမှု မပြုနိုင်ကြသေးဘဲ လက်နက်အားကိုး အင်အားသုံးဖြေရှင်းဖို့ ကြိုးစားနေကြခြင်းဟာ ကနေ့အထိပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဥပေဒစိုးမိုးမှုမရှိတာကလည်း ပြည်တွင်းစစ်မီးကို အရှိန်မြင့်စေခဲ့ပါတယ်။ တိုင်းရင်းသားတွေရဲ့ လုံခြုံမှုနဲ့ အခွင့်အရေးတွေကို အကာအကွယ်မပေးနိုင်ခဲ့ဘဲ ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတစ်ခုအဖြစ် စစ်အာဏာရှင်စနစ်ကိုသာ ပေါ်ပေါက်စေခဲ့ပါတယ်။

ပြည်တွင်းစစ်မီးတောက်ကို အမြန်ဆုံးငြိမ်းသတ်ပြီး အမြန်ဆုံးငြိမ်းချမ်းအောင် လုပ်နိုင်မှသာ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းစစ် ရပ်ဆိုင်းပြီး ငြိမ်းချမ်းစေရေးအတွက် အဆင့်သုံးဆင့် ဆောင်ရွက်ရပါမယ်။

ပထမအဆင့်အနေနဲ့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရပါမယ်။
ဒုတိယအဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေကျင်းပပြီး ညှိနှိုင်းအဖြေရှာကြရပါမယ်။
တတိယအဆင့်အနေနဲ့ တိုင်းရင်းသားတွေလိုလားနေတဲ့အတိုင်း ပင်လုံရဲ့အခြေခံမူဖြစ်တဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေးပြဌာန်းခွင့်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာဆုံးဖြတ်နိုင်ခွင့်စတာတွေကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံစစ်စစ် တည်ထောင်နိုင်ဖို့ ဘုံဦးတည်ချက်ထားပြီး ကြိုးပမ်းရပါမယ်။

ကျွန်မတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေဟာ ခွဲထွက်ရေးကို လုံးဝမလိုလားဘဲ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးကိုသာ လိုလားတယ်လို့ ကျွန်မ တစ်ထစ်ချ ယုံကြည်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ထွက်ခဲ့ပြီးကတည်းက ဒီဥပဒေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘောမတူတာ ကြေညာခဲ့ပြီး ပြုပြင်ရမယ့် အချက်တွေကို ထောက်ပြခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပါတီစွဲ၊ အဖွဲ့စွဲ၊ လူပုဂ္ဂိုလ်စွဲတွေမထားဘဲ နိုင်ငံ့အကျိုးကိုသာရှေးရှုတဲ့စိတ်ဓာတ်နဲ့ ညီညွတ်တဲ့တပ်မတော်အင်အားစုအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အားလုံးက ညှိညှိနှိုင်းနှိုင်းလုပ်သွားကြရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့စစ်တပ်နဲ့ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံအသီးသီးရဲ့ စစ်တပ်များဟာ နိုင်ငံကာကွယ်ရေးအတွက် အဓိကအင်အားစုဖြစ်တယ်ဆိုတာကို အငြင်းပွားဖို့မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတွေ့အကြုံနဲ့ တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်များအရ လက်ရှိမြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာမှာ တပ်မတော်ဟာ မပါမဖြစ် ပါရန်လိုအပ်တယ်လို့ ကျွန်မယုံကြည်ပါတယ်။

ကျွန်မရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ဖိုပ အစဉ်အမြဲ အဆင်သင့်ရှိမယ်လို့လည်း ကျွန်မယုံကြည်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပေဒဆိုတာ ပြည်သူနဲ့ အုပ်ချုပ်သူတို့အကြားမှာ ထားရှိတဲ့ ပဋိဥာဏ်ဖြစ်တယ်ဆိုတဲ့အတိုင်း လိုအပ်တဲ့အခါတွေမှာ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်း တို့ကို ပြုလုပ်ကြရမှာဖြစ်ပါတယ်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကို တွေ့နေရပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုကိုပြောရမယ်ဆိုရင် .. ပြည်သူတွေကို ပြည်သူကတင်မြောက်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက အုပ်စိုးခြင်းကသာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ လွတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေတာကို ပြည်သူတွေအသိဖြစ်ပါတယ်။ ဆိုလိုတာက လက်ရှိလွှတ်တော်အသီးသီးမှာ ပြည်သူက ရွေးကောက်ထားခြင်းမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေတဲ့အတွက် ဒီမိုကရေစီမူများနဲ့ မကိုက်ညီပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒမှာ ပြင်ဆင်သင့်တဲ့ ပုဒ်မများကို ပြည်သူတွေကို အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးပြီးတဲ့နောက် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရတာ နှစ်ပေါင်း ၂၀ ကျော် အဖိနှိပ်ခံဘ၀နဲ့ ကြိုးပမ်းရုန်းကန်ခဲ့ရတာကို ပြည်သူတွေအသိဖြစ်ပါတယ်။

အဖွဲ့ချုပ်ရဲ့ သစ္စာရှိအဖွဲ့ဝင်တွေ အလုပ်ထုတ်ခံရတာ၊ ရှေ့နေတွေ လိုင်စင်ရုတ်သိမ်းခံရတာ၊ ဆရာဝန်တွေ လိုင်စင်ရုတ်သိမ်းခံရတာ၊ မတရားဖမ်းဆီးခံရပြီး အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ခံရတွေကြောင့် မိမိတို့ လူမှုဘ၀တွေပျက်စီး၊ မိသားစုစီးပွားရေးတွေ ပျက်စီးခဲ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့ချုပ်အဖွဲ့ဝင်တွေဟာ မိမိတို့ယုံကြည်ချက်ကို ဆက်လက်ထိန်းသိမ်းပြီး ပြည်သူတွေအတွက် အဖွဲ့ချုပ်အတွက် ရပ်တည်ခဲ့ကြပါတယ်။ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံမှု ချောမွေ့ပြေပြစ်ပြီး ပြည်သူများအတွက် အကျိုးရှိစေမယ့် ဆက်ဆံပေါင်းသင်းမှုကို တိုးမြင့်ဆောင်ရွက်ခဲ့ပါတယ်။

စီးပွားဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီစနစ် ထွန်းကားနေတဲ့ နိုင်ငံများနဲ့သာမက အိမ်နီးချင်းနိုင်ငံများနဲ့လည်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ထူထောင်နို်င်ခဲ့ပါတယ်။ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာရဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုများရရှိနိုင်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

စီးပွားရေးနဲ့ပတ်သတ်လို့ လွတ်လပ်မှု၊ တည်ငြိမ်မှုနဲ့ လူမှုရေးတရားမျှတမှုတို့ ဟန်ချက်ညီပြီး ဥပေဒေစိုးမိုးမှုကို အခြေခံတဲ့ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲဖို့ကို လုပ်ရပါမယ်။ ဆင်းရဲနွမ်းပါးမှု ပပျောက်ပြီး ဒေသလိုက် လူမျိုးများအကြား လူတစ်ဦးချင်းရဲ့ လူနေမှုအဆင့်အတန်း၊ လူမှုဘ၀သိက္ခာမြင့်မားစေဖို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးစုအားလုံး တန်းတူညီမျှ အလုပ်လုပ်ကိုင်နိုင်ခွင့်ရဖိုအတွက် အလုပ်အကိုင်ဖော်ထုတ်ရေး၊ အလုပ်လက်မဲ့ပြသနာဖြေရှင်းရေးကို ဦးတည်ဆောင်ရွက်ရပါမယ်။

စီးပွားရေးမှာ နိုင်ငံတော်ရဲ့ ဘတ်ဂျက် ရငွေ၊ သုံးငွေ လိုငွေပြနေတာကို ငွေစက္ကူအသစ် ရိုက်ထုတ်ပြီး ဖြေရှင်းတာမျိုးမဟုတ်ဘဲ တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းရပါမယ်။ လက်ရှိငွေရေးကြေးရေးစနစ်၊ ဘဏ်စနစ်မှာ အနှောင်အဖွဲ့ အဟန့်အတားဖြစ်နေတဲ့ အချက်တွေကို ဖယ်ရှားရမှာဖြစ်ပါတယ်။နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေအားလုံး ဖွံ့ဖြိုးဖို့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့၊ နိုင်ငံတကာဘဏ္ဍာရေးကော်မရှင်၊ ကမ္ဘာ့ဘဏ်တို့နဲ့ ရင်းရင်းနှီးနှီးပူးပေါင်းဆောင်ရွက်သွားဖို့ လိုပါတယ်။ NLD က ယခုစပြီး ဒီလိုပူးပေါင်းမှုများကို စတင်လမ်းစဖော်နေပါတယ်။

ပညာရေးပိုင်းမှာလည်း နိုင်ငံသားတိုင်း အရည်အသွေးပြည့်ဝတဲ့ ပညာသင်ယူခွင့်ရရှိဖို့၊ မသင်မနေရ မူလတန်းပညာရေးကို ကလေးတိုင်း အခမဲ့သင်ယူခွင့်ရရှိဖို့၊ အလယ်တန်း အထက်တန်းအဆင့် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ကျောင်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖွင့်လှစ်နိုင်ဖို့တို့ကို ဆောင်ရွက်ရပါမယ်။ မြန်မာဘာသာစကား အခက်အခဲရှိတဲ့ တိုင်းရင်းသားမျိုးနွယ်တွေရဲ့ ကလေးတွေအတွက် အထောက်အကူဖြစ်စေမယ့် ပညာလုပ်ငန်းအစီအစဉ်တွေကို ထည့်သွင်းရေးဆွဲရပါမယ်။
ပုံမှန်ကျောင်းပညာသင်ယူရန်အခက်အခဲရှိခဲ့တဲ့ အရွယ်ရောက်ပြီးကလေးများ၊ လူငယ်လူရွယ်များ ကျောင်းပြင်ပ ပညာရေးအတွက် အထူးအစီအစဉ်များ ဆောင်ရွက်ပေးရပါမယ်။

ကျွန်မတို့ပညာရေးအဆင့်အတန်းဟာ နိုင်ငံတကာပညာရေးအဆင့်အတန်းကို လိုက်မီစေဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှ အခုပြောနေကြတဲ့ လူ့စွမ်းအားအရင်းအမြစ် အစစ်အမှန်တွေ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဆရာ ဆရာမတွေ အရည်အချင်းပြည့်ဝဖို့ဟာလည်း အင်မတန် အရေးကြီးပါတယ်။ ဒီ့အတွက် ပြုပြင်ဆောင်ရွက်သွားရမှာဖြစ်သလို သူတို့ အရည်အချင်းနဲ့ တိုက်တန်တဲ့ လစာငွေကြေးရရှိဖို့ကိုလည်း စဉ်းစားပေးရပါမယ်။ ပညာရေးပြုပြင်ပြောင်းလဲရာမှာလည်း လက်ရှိပညာရေးစနစ်မှာတွေ့ကြုံနေကြရတဲ့ အတားအဆီး အဟန့်အတားများကို ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။

ကျန်းမာရေးအပိုင်းအနေနဲ့ နိုင်ငံတော်မှာ အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရှိရပါမယ်။ အများပြည်သူ အထူးသဖြင့် ချို့တဲ့တဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုရဖို့ ကျန်းမာရေး အာမခံစီမံကိန်းတွေကို သီးသန့်အားဖြင့် ထူထောင်နိုင်ရန် နည်းလမ်းများ   ရှာဖွေဆောင်ရွက်သွားရပါမယ်။ ဆေးပညာသင်ကြားရေးစနစ်၊ ဆေးပညာရပ်၊ ဆေးကုထုံးနည်း၊ ဆေးဝါးထုတ်လုပ်ရေးနည်းတွေကို
ခေတ်မီတိုးတက်လာအောင်လို့ နိုင်ငံတကာ ကပညာရှင်တွေ ဆေးပညာဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။

တောင်သူလယ်သမားများကို ဥပဒေနဲ့အညီ လယ်ယာလုပ်ပိုင်ခွင့်၊ လယ်ယာပိုင်ဆိုင်ခွင့်ရဖို့ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး ဆန်စပါး အပါအ၀င် လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ လွတ်လပ်စွာ စိုက်ပျိုး ကြိတ်ခွဲ ရောင်းဝယ်ခွင့်ရဖို့နဲ့ သင့်တော်တဲ့ ဈေးနှုန်းများရဖို့ကို ဦးစားပေးဆောင်ရွက်သွားရပါမယ်။ ကမ္ဘာတ၀ှမ်း လယ်ယာထွက်ကုန်ပစ္စည်းဈေးများတက်နေခြင်းကို သတိပြုပြီး အနာဂတ်ကိုရှေးရှုတဲ့ လက်ယာထွက်ကုန်စီးပွားရေးစနစ်ကို ထူထောင်ဖို့လိုပါတယ်။ တောင်သူလယ်သမားများရဲ့ နစ်နာဆုံးရှုံးမှုများကို ရပိုင်ခွင့်များ ပြသနာအရေးကိစ္စရပ်မျာကို ဆောင်ရွက်နိုင်ဖို့အတွက် ညီညွတ်သော တောင်သူလယ်သမားအဖွဲ့အစည်းများအား ဖွဲ့စည်းခွင့်ပေးသွားရပါမယ်။

အလုပ်သမားများးရဲ့ ရပိုင်ခွင့်များ အပြည့်အ၀ရရှိရေးအတွက် အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းနိုင်ရေး၊ အလုပ်သမားအခွင့်အရေးကို ဥပဒေနဲ့အညီ အကာအကွယ်ရရှိနိုင်ရေးကို ဆောင်ရွက်သွားရပါမယ်။ အလုပ်သမားတိုင်း တရားမျှတမှု၊ တန်းတူညီမျှ အခွင့်အရေးရရှိမှု၊ လုပ်ပျော်သော အလုပ်ခွင်အခြေအနေ၊ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေရရှိခွင့်၊ လုပ်ခလစာရရှိခွင့်၊ အလုပ်လက်မဲ့ဖြစ်ခြင်းမှ အကာအကွယ်ရရှိခွင့် ရစေရပါမယ်။ အဓမ္မအလုပ်စေခိုင်းခြင်းကို တားဆီးပိတ်ပင်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ပြဌာန်းချက်များနဲ့ ညီညွတ်စေရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားရပါမယ်။

လူငယ်တွေဟာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ အဖိုးအတန်ဆုံးအင်အားစုတွေဖြစ်လို့ လူငယ်တွေအတွက် ပညာသင်ကြားရေး အဆင့်အတန်းမြင့်စေဖို့၊ ပွင့်လင်းလွယ်ကူစေဖို့နဲ့ ပညာအဆင့်အတန်းနဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေမှာ အလုပ်အကိုင်ရရှိစေဖို့ အားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အလုပ်အကိုင်သစ်များဖန်တီးပေးရင်းနဲ့ လူငယ်တွေရဲ့ အလုပ်လက်မဲ့ပြသနာကို ဖြေရှုင်းဆောင်ရွက်ပေးရပါမယ်။ နိုင်ငံရဲ့ အနာဂတ်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ လူငယ်တွေရဲ့ စွမ်းရည်တွေကို ဖော်ထုတ်ပြီး နိုင်ငံတည်ဆောက်ရေးမှာ ခိုင်မာတဲ့စွမ်းအားစုအဖြစ် အသုံးပြုသွားပါမယ်။

ကျောင်းသားများကိုယ်တိုင်ဖွဲ့စည်းတဲ့ လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂများကိုလည်း ဥပဒေနဲ့အညီခွင့်ပြုသွားရပါမယ်။ နိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းမကဖြစ်တဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးများ ကာကွယ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတွင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို တိုးချဲ့ရေးတို့ကိုလည်း အလေးပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။

ယခု ကျွန်မတင်ပြသွားခဲ့တဲ့ မူဝါဒသဘောတရား အများအပြားကို ကျွန်မရဲ့ စည်းရုံးရေးခရီးစဉ် တလျှောက်မှာ ပြောပြီးဖြစ်ပါတယ်။ ဒါတွေဟာ နားထောင်လို့တော့ ကောင်းပါရဲ့ .. တကယ်ပဲ အကောင်အထည်ဖော်နိုင်ပါ့မလားလို့ ပြည်သူများက တွေးနေကြမယ်ထင်ပါတယ်။ လွယ်လွယ်နဲ့တော့ ကျွန်မတို့ လိုလားတောင့်တနေတဲ့ ပြည်ထောင်စုကြီးထူထောင်ဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့အားလုံး ညီညီညွတ်ညွတ်နဲ့ ဆန္ဒ၊ ၀ိရိယ၊ စိတ်ဓာတ်၊ ပညာဆိုတဲ့ အောင်မြင်ခြင်းတရား လေးပါးကို ဆုပ်ကိုင်ပြီး ကြိုးစားသွားကြရင်တော့ ဖြစ်နိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ခက်ခဲတဲ့ အလုပ်တာဝန်တွေကို ဇွဲ လုံ့လနဲ့ လုပ်ခဲ့ရတဲ့အတွေ့အကြုံတွေ ဆယ်စုနှစ်နဲ့ချီပြီး ရှိခဲ့ပါတယ်။ နိုင်ငံ့အတွက် နောက်တစ်ဆင့်တိုးပြီး ခက်ခဲတဲ့အလုပ်တွေကို အောင်မြင်စွာ ထမ်းဆောင်ပေးနိုင်ဖို့ တာဝန်ပေးတဲ့အနေနဲ့ ကျွန်မတို့ ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်များကို ထောက်ခံရွေးချယ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မတို့ရဲ့ တံဆပ်ကတော့ အနီရောင် အောက်ခံပေါ်မှာ ရွှေရောင်ခွပ်ဒေါင်းနဲ့ ၀ဲဘက်ထိပ်စွန်းနားမှာ ထောင့်ငါးထောင့်ရှိတဲ့ ကြယ်ဖြူကြီးပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ စာတန်းလည်း ပါပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေ မဲပေးကြပါ။

ကျေးဇူးတင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်



ဒေါင်းလုပ်ဆွဲရန်အခက်အခဲရှိသူများ အလွယ်တကူဖတ်ရှုနိုင်ရန်  ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောချက်များအတိုင်း ရေးသားထားခြင်းဖြစ်ပါသည်။






The followings are the Office Bearers of FBE (Forum of Burmese in Europe) appointed
among the attendees of the 18th FBE meeting held in Utrecht, THE NETHERLANDS on
the 28-29 of January 2012, in accordance with the Draft Constitution of FBE. The term of
the Office Bearers is 6 months or until the next FBE meeting.

Central Working Committee              Working Committee

1. U Kyaw Thwin (Norway)                        1. Ashin Zawana (The Netherlands)
kyawthwin2004@yahoo.com                   kawliya@gmail.com
2. Dr. Than Htike(Poland)                                     2. Daw Moe Moe Hnin (Belgium)
 htikemaungthan@gmail.com                  naga@fulladsl.be                
3. U Aung Than Oo (Germany)                3. U Moe Kyaw (The Netherlands)
atoburma@web.de                                      winmoekyaw@yahoo.com
4. U Htay Tint (The Netherlands)                        4. Sai Mya Han (The Netherlands)
htaytint@hotmail.com                              nationsai@gmail.com
5. U Maung Maung Aung (UK)                 5. U Htin Kyaw Lwin (France)
maungmaungag@gmail.com                    htinkyaw9954@hotmail.com
6. U Hla Myint Naing (The Netherlands) 6. U Myat Thiha (The Netherlands)
hlamyintnaing@yahoo.com                      myatthiha101@yahoo.co.uk
7. Daw Ohnmar Oo (UK)                            7. U Nai Htor Oo (Denmark)
shinminoo@gmail.com                             htoroo@gmail.com
8. Set Myo Oo (The Netherlands)
                                                                9.Kyaw Thu King (Norway)
                                                              10.Ko Htike (UK)




Thursday, March 15, 2012

ရော်နယ်အောင်နိုင်ကို ပြောချင်တာက လူသားတစ်ယောက်ရဲ့ အခွင့်အရေး....

ဟာဂျူလီ ကသာ ရေးသူဖတ်သူအဆင်ပြေအောင် ဇော်ဂျီ ဖောင့်နဲ့ပြောင်းရိုက်ပြီး ကူညီပေးတဲ့ ဆရာအောင်ပေါ်ထွန်း တာဝန်ခံအယ်ဒီတာ(The ...Messenger News Journa)ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ(ဟာဂျူလီ.ကသာ) ရော်နယ်အောင်နိုင်ကို ပြောချင်တာက လူသားတစ်ယောက်ရဲ့ အခွင့်အရေး.... တစ်နေ့က ကိုရော်နယ်အောင်နိုင်ပြောတာလေး ဖတ် လိုက်ရပါတယ်၊ ဘာတဲ့ ''မေးမြန်းဖို့လိုအပ်ဖို့ခေါ်ရင် သွားမှာပါ၊ ကျွန်တော်တို့ ဖုံးကွယ်ခဲ့တာ၊ စည်းမျဉ်း စည်းကမ်းဥပဒေတွေနဲ့ လွှဲချော်ပြီးလုပ်ခဲ့တာ ဘာမှမရှိ ပါဘူး...'' တဲ့။ ကိုရော်နယ်အောင်နိုင်ဆိုတာ ၁၉၉၂ ခုနှစ် ABSDF (မြောက်ပိုင်း) မှာ သတ်ဖြတ်မှုတွေဖြစ်နေ တဲ့ အချိန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့သူ၊ သူ့အရင် ဥက္ကဋ္ဌက ကိုထွန်းအောင်ကျော်၊ ကိုထွန်းအောင်ကျော်ကို ထောက်လှမ်းရေးပါဆိုတဲ့ စွတ်စွဲ၊ဖမ်းဆီး၊ချုပ်နှောင်၊ နှိပ်စက်၊ညှင်းပမ်းထားပြီး လစ်လပ်တဲ့ ဥက္ကဋ္ဌနေရာမှာ ဝင်ရောက်တာဝန်ယူနေတဲ့ ကိုရော်နယ်အောင်နိုင်ပါ။ ဖြစ်ကြ တာက လူ ၂ဝဝ ကျော်ရှိတဲ့ အဖွဲ့သားတွေထဲမှာ အဖွဲ့ သား ၁ဝဝ နီးပါးကို ထောက်လှမ်းရေးတွေပါဆိုပြီး ဖမ်းဆီးပါတယ်။ ပြီးတော့ သူလျှိုဟုတ် မဟုတ်ဆိုတာကို စစ်ဆေးပါတယ်။ခေါင်းစဉ်နဲ့ ဖမ်းဆီးထားသူအားလုံး ကို ရက်ရက်စက်စက်နှိပ်စက် ရိုက်နှက်တယ်။ အချို့ကို စအိုထဲဝါးလုံးထည့်ပြီး မွေ့တယ်၊ ပြီးတော့မှ စအိုဝကို ကျဉ်စက်နဲ့ တို့တယ်။ ကသာက အားဆိုက်ဆိုရင် အတွင်း ထဲက ကလိစာတွေ ပုပ်ပြီး အသေဆိုးနဲ့ သေသွားရတယ်။ အချို့ကျောင်းသားတွေဆိုရင် လေးလက်မသံချောင်းကို ဖြေနောင့်ထဲ ရိုက်ထည့်ပြီး လမ်းလျှောက်ခိုင်းတယ်။ ကတ္တရာ အခင်းပြားတွေ မီးရှို့ပြီး ဗိုက်ပေါ်ကို အစက်ချ တယ်။ အချို့တတွေကိုတော့ ဓားမြှောင်မီးကင်ပြီး ပေါင် တွေ ခြေသလုံးတွေထဲ ထိုးထည့်တယ်။ တချို့ကိုများ ဆိုရင် ညအချိန်မှာ ရေခဲပြင်ထဲထုတ်ပြီး ဝါးစိမ်းတုတ်နဲ့ ရိုက်လိုက်တာ ဝါးလုံးစည်းတွေ မွစာကျဲကုန်လို့ ထင်း ချောင်းနဲ့ ပြောင်းရိုက်တယ်။ အဲဒီလိုရိုက်လို့ အားရမှ နှင်းခဲပြင်ထဲမှာ ထုတ်ပြီး အအေးဒဏ်ကို ခံစားစေတယ်။ နောက်တစ်နေ့ မနက်မှာ ကားစင်တင်ပြီး နေလှန်းပြန်တယ်။ ကားစင်တင်ထားတဲ့ အချိန်မှာလည်း ကြာပွတ် တွေနဲ့ တစ်နေ့လုံး အလှည့်ကျရိုက်တယ်။ ကျောင်းသူ တစ်ဦးကိုဆိုရင် သူမရဲ့ တန်ဆာထဲမှာ လက်နက်ဖွက်ထား တယ်ဆိုပြီး နှိုက်ယူစစ်ဆေးတယ်။ ဖမ်းဆီးချုပ်နှောင် ထားချိန်မှာလည်း ညတိုင်းညတိုင်း အချုပ်ခံတွေအား လုံးကို လက်ပြန်ကြိုးတွေတုတ်၊ ခြေထောက်ကို ဒေါက်ခတ် ပြီး မျက်နှာကို အဝတ်မည်းစီးပြီးမှ အိပ်စေတယ်။ ဒါတင် မကသေးပါဘူး။ အနှိပ်စက်ခံကျောင်းသားတွေကို ကက်ဆက် လိုလုပ်ပြီး သူတို့နားထောင်ချင်တဲ့အချိန် သီချင်းဆို ခိုင်းတယ်။ ဆိုခိုင်းပုံကလည်း ကက်ဆက်ဖွင့်ချင်တယ်ဆို ရင် ညာဘက်ပါးကို ရိုက်လိုက်တယ်။ ဒီတော့ မျက်နှာ အဝတ်စည်းခံထားရတဲ့ သူဟာ ကိုယ့်ရဲ့ ညာဘက်ပါး ကို ဖြောင်းကနဲ အရိုက်ခံရပြီဆိုတာနဲ့ သီချင်းစဆိုပေ တော့၊ အိပ်ချင်တာတွေ၊ အိပ်နေတာတွေ၊ ဖျားနာတာတွေ မလိုဘူး။ စပြီး ဆိုပေရော့၊ အသံအတိုးအကျယ်ကို နား ပန်ဆွဲပြီး သတ်မှတ်ထားတယ်။ အဆိုကို ရပ်စေချင်ပြီ တော့ ဘယ်ဘက်ပါးကို အားကုန်ရိုက်ချလိုက်တာပဲ။ အဲ ကျောင်းသားအချို့ကိုတော့ စစ်ဆေးနေရင်း လက်ဖြတ် ခြေဖြတ် ပစ်တယ်။ အဲဒီလိုဖြတ်တယ်ဆိုတဲ့နေရာမှာလည်း ဓားတွေ ဘာတွေနဲ့ ခုတ်ဖြတ်တာမျိုးအပြင် ယမ်းကပ် ပြီး မီးရှို့ဖြတ်တောက်တာမျိုးလည်း လုပ်ကြတယ်။ အချို့ တတွေများဆိုရင် ထောက်လှမ်းရေး ဟုတ်မဟုတ် စစ် လိုက်တာ တစ်ညထဲနဲ့ အသက်ထွက်သွားတဲ့သူတွေတောင် ရှိကြပါတယ်။ ဒီတော့ အဖမ်းခံသူတွေအားလုံးဟာ ထောက်လှမ်းရေးတွေပါလို့ မရိုက်ခင်ကတည်းက ကြိုတင်ပြီး ဝန်ခံလိုက်ကြတယ်။ ဒါလည်းမရပါဘူး။ အနှိပ် စက်ကတော့ ခံရတာပါပဲ။ အဲဒီလို နှိပ်စက်ခံရတာတွေ ကလည်း တစ်ရက်တည်း တစ်ညတည်းမဟုတ်၊ အချို့ တတွေဆိုရင် ကိုးလ ဆယ်လ တစ်နှစ်အထိကြာခဲ့ကြရ တယ်။ နောက်တော့ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအဝင် ကျောင်းသား ၁၅ ယောက်ကို သတ်ပစ်ကြတယ်။ သတ်ပစ်ခံရတဲ့ ကျောင်းသားတွေ အားလုံးဟာ လက်ပြတ်၊ ခြေပြတ်တွေကြီးပဲ။ ဒါတောင် မသတ်ပဲ နှပ်စက်ခံရမှုဝေဒနာတွေနဲ့ သေသွားတာတွေ ရှိသေးတယ်။ စုစုပေါင်းဆိုရင် ၃၈ ယောက်တောင်သေ တယ်လို့ ဆိုကြတယ်။ နောက်ဆုံးတော့ အဖမ်းခံရတဲ့ ကျောင်းသား ၅၅ ယောက်ဟာ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြတယ်။ နောက်တော့ သူတို့ ရဲ့ ပတ်ဝန်းကျင်မှာ မျက်နှာငယ်ငယ်နဲ့ ဟုတ်နိုးနိုးအကြည့် စူးတွေအကြားမှာ နေခဲ့ရတယ်။ ခုအချိန်လွတ်လပ်ခွင့် တွေရလာပြီး အွန်လှိုင်းမီဒီယာတွေ ခေတ်စားလာမှ ရင်ဖွင့် ခွင့်ရကြရှာတာပါ။ ဒါတွေဟာ ဒီကနေ့အချိန်ထိမသေပဲ ပြောဆိုခဲ့ကြတဲ့ ဖြစ်စဉ်တွေပါ။ သူတို့အများစုက ကလဲ့ စားချေလိုလို့ ရင်ဖွင့်ကြတာမျိုး မဟုတ်ကြပါဘူး။ သူတို့ ရဲ့ သန့်စင်ခဲ့တဲ့ ဘဝကို ပြချင်တာ၊ နောက်ပြီး တာဝန်ရှိ သူတွေရဲ့ မှားခဲ့မိပါတယ်ဆိုတဲ့ တောင်းပန်သံကို ကြား ချင်ကြတယ်။ အဲဒီလို အခြေအနေမှာ ကိုရော်နယ်အောင်နိုင် က ''ကျွန်တော်တို့ ဖုံးကွယ်ခဲ့တာ စည်းမျဉ်း၊ စည်းကမ်း ဥပဒေတွေနဲ့ လွဲချော်ပြီးလုပ်ခဲ့တာ ဘာမှ မရှိပါဘူး...ဆို တော့ ကျွန်တော်အနေနဲ့ ကြားထဲက ငထွားနေရာဝင်ပြီး ခါးနာပြရပါတော့မယ်။ ကျွန်တော်ပြောချင်တာ ကိုရော်နယ်အောင်နိုင်တို့ ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ ကျောင်းသားတွေဟာ ထောက်လှမ်း ရေးဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာထက် လူသားတစ်ယောက် ဖြစ်တည်ခြင်းအကြောင်းပါ။ သူတို့ထဲက အချို့ဟာ ထောက် လှမ်းရေးဖြစ်နေခဲ့ရင်တောင် လူသားတစ်ဦးဖြစ်တာနဲ့ အညီလူသားတစ်ယောက်လိုပဲ ဆက်ဆံရမှာပါ။ အခြား အဖွဲ့တွေ ဟိုလိုလုပ်တယ်။ ဒီလိုလုပ်တယ်ဆိုတာ လက်ညိုးပြန်ထိုးဖို့ မကြိုးစားပါနဲ့၊ သူတို့က သူတို့ပါ၊ ကိုအောင်နိုင်တို့ ဘာဖြစ်လို့ တော်လှန်ခဲ့တာပါလဲ။ လူ့အခွင့်အရေး အတွက် တော်လှန်ခဲ့တာပါ။ အဲဒီလို လူသားအားလုံးရဲ့ အခွင့်အရေးရရှိရေး ရရှိဖို့ တောင်းဆိုတဲ့နေရာမှာ ရန်သူ ကိုလည်း ရန်သူရဲ့ အခွင့်အရေးကို ပေးခဲ့ကြရမှာပါ။ ကိုယ့်နဲ့မတူ ကိုယ့်ရန်သူလိုသဘောထားပြီး ရက်စက်ခဲ့ တာဆိုရင်တော့ ကိုအောင်နိုင်ဟာ မိမိအတွက် အတ္တကြီး သော လူ့အခွင့်အရေးအရေခြုံသူတစ်ဦးလို့ပဲ သတ်မှတ် ရမှာ၊ ကိုအောင်နိုင်ကို တစ်ခုမေးချင်တာက ကိုအောင်နိုင် အနေနဲ့ ကျောင်းသားတွေကို ချုပ်ထားတဲ့ အခန်းကို ရောက်ခဲ့တယ်လို့ ကျောင်းသားတွေက ပြောပြကြပါတယ်။ အဲဒီလို ရောက်တဲ့အချိန်မှာ ကိုအောင်နိုင် ခြေပြတ်၊ လက်ပြတ်ကျောင်းသားတွေကို မမြင်ခဲ့ဘူးလား။ ဖြေနောင့် သံရိုက်ထားတဲ့ကျောင်းသားတွေ၊ ထိပ်ပေါက်ခေါင်းကွဲ သွေးသံတရဲရဲ ပြည်(ပြီ)တစိုစိုနဲ့ ကျောင်းသားတွေကို ရော မတွေ့ခဲ့ဘူးလား။ မလိမ်ပါနဲ့ ကိုအောင်နိုင်.. တွေ့ဖူးခဲ့ မှာပါ။ ဒီလို မလုပ်ကြပါနဲ့ ကွာလို့ အဲဒီအချိန်က ကိုအောင် နိုင်ရဲ့ ရဲဘော်တွေကို ဟန့်ဖူးခဲ့ပါသလား။ အဲဒီတုန်းက အဲဒီလို မဟန့်ခဲ့တဲ့ ကိုအောင်နိုင်က အခုချိန်မှာ ''ကျွန်တော် တို့ ဖုံးကွယ်ခဲ့တာ၊ စည်းမျဉ်း စည်းကမ်းဥပဒေတွေနဲ့ လွဲချော်ပြီး လုပ်ခဲ့တာ ဘာမှ မရှိပါဘူး...'' ဆိုတော့ ရက်စက်တာ၊ နှိပ်စက်တာ၊ လက်ဖြတ်၊ ခြေဖြတ်တာ သတ်ဖြတ်တာတွေဟာ စည်းမျဉ်း စည်းကမ်းဥပဒေတွေ နဲ့ အညီလုပ်ခဲ့တာ ဆိုတာမျိုး ဖြစ်သွားရပါတယ်။ ဒါဆို ရင် အိမ်စွန့်ယာစွန့် ပညာစွန့်ပြီး သေပွဲတိုက်ပွဲဝင်ခဲ့တဲ့ အေဘီကျောင်းသားတပ်မတော်ကြီးဟာ မြန်မာ့နိုင်ငံရေး လောကမှာ အများပြည်သူ နှာခေါင်းရှုံ့စရာအဖွဲ့ကြီး ဖြစ်သွားရရှာတော့မှာပေါ့ဗျာ။ ဒီတော့ဗျာ ကိုယ်လူရာ ဝင်ဖို့အရေး ဘာဘာညာညာတွေ တွေးပြီး မပြောလိုက် စမ်းပါနဲ့၊ ရဲရဲဝံ့ဝံ့ ယောက်ျာပီပီပြောထည့်လိုက်စမ်းပါ။ ကျွန်တော် မှားခဲ့မိပြီဗျာ...လို့။ ဟာဂျူလီ(ကသာ)

မြောက်ပိုင်း ABSDF လူသတ်ပွဲအကြောင်းတစေ့တစောင်း

မြောက်ပိုင်း ABSDF လူသတ်ပွဲအကြောင်းတစေ့တစောင်း (လူသတ်ကောင် မျိုးဝင်းနဲ.သံချောင်း တို.ထွန်းအောင်ကျော်နဲ. ချိုကြီးကိုစစ်မေးပုံ မျိုးဝင်းက ကဲချိုကြီး အုန်းကြိုင်ရောက်လာပြီ၊မင်းတို.စက်ဘယ်မှာလဲပြောတော့။အုန်းကြိုင်က ကိုချိုကြီး ခင်ဗျားကိုယ်ပြသ၁နာ ကိုယ်ရှင်းပါလား၊ခင်ဗျာစက်နဲ.ကျနော် ဘာဆိုင်လို.တုန်း၊ VCS ဒီစက်တွေကိစ္စကျနော်လုံးလုံးမသိပါဘူး၊ သံချောင်း က ဟေ့ ချိုကြိး မင်းတို.ကဘာတွေတုန်း စကားတွေအမျိုးမျိုးပြောနေကြတာ၊မင်းတို.လူကြီးတွေပဲ၊ကိုယ့်ဟာကိုယ် တာဝန်ယူရမှာပေါ.။အဲဒီအချိန်မှာ ချိုကြိးက ကဲထွန်းအောင်ကျော် မင်းခေါင်းဆောင်ပဲကွာမင်းဘာသာမင်းရှင်းပါတော့၊အဲဒီတော့ ထွန်းအောင်ကျော်က ခင်ဗျာတို.သတ်ချင်လို.လုပ်တာဆိုလဲသတ်လိုက်ကြပါတော့ဗျာ။ကျနော်တို.မ ဟုတ်တာတွေနာလို.ပြောရင်းနဲ.မဆိုင်တဲ့သူတွေဒုက္ခရောက်ကုန်ပါပြီ။ကျနော်တို.ကိုသတ်လိုက်ပါ တော်လှန်ရေးကြီးကိုတောမသတ်လိုက်ပါနဲ.၊မျိုးဝင်း က ဓါးကို ကိုင်ပြီးရှေ.အတက် သံချောင်းက ကိုမျိုးဝင်းဒေါသမပါနဲ.၊ကျနော်ပြောတာကိုနားထောင်၊မျိုးဝင်းကလက်မပါဘဲ ချိုကြီး မင်းဘာပြောမလဲ ပြောစမ်း။ မင်းတို.သတ်ဖို. လုပ်တာမဟုတ်လား၊ဒီကိစ္စ ကမ္ဘာကမကြားဘူးထင်ရင်မင်းတို.လုပ်ပေါ.၊မင်းတို.လုပ်တဲ့အကျိုးဆက်မင်းတို.ခံစားရမှာပဲ။ဟုတ်ပြီကွာ ဆက်ပြောစမ်းပါအုံး၊ဒီအခုဖြစ် နေတဲ့အတိုင်းနောင်လဲဆက်ဖြစ်နေအုံးမှာပဲ၊သံချောင်း မင်းကိုမကြာခင် မျိုးဝင်းကသတ်လီမ့်မယ်။ဒါမင်းလဲတွေးပြီးသားနေမှာပါ။ မအေလိုးကောင် မင်းလက်ထုတ် စမ်း၊လက်မထုတ်လို.ထိုးတာကန်တာတွေလုပ် ပြန်မတ်တပ်ရပ်ပေးပြီးမှ ဟေ့ကောင်ထပ်နာချင်လို.လား လက်ထုတ်စမ်း၊ လက်ထုတ်လိုက်တာနဲ.တပြိုင်နက် မျိုးဝင်းက သူ.ခါးက ဓါးကိုဖြုတ်ပြီး ခုတ်ချလိုက်ပါရော၊လက်က လက်ကောင်ဝတ်ကပြတ်ကျသွားတယ်၊အဲဒီလက်ပြတ်ကိုမျိုးဝင်းက ဓါးဦးနဲ.ထိုးကော်ပြီး ထွန်းအောင်ကျော်ပါးစပ်မှာ လက်အပြတ်ဘက်ကနေတေ့ပြီး မင်းကိုက်ထား သွေးတွေမျိုချ ထွေးမပြစ်နဲ.။ထွေးရင်မင်းဇတ်ကိုခုတ်ဖြတ်ပြစ်မယ်၊အဲဒီအချိန်မှာ အားလုံးအသံမထွက်ပဲတိတ်ဆိတ်သွားတယ်၊ကျော်ဝေရဲ. ခေါင်း ခုတ်အဖြတ် ခံရအပြီးမှာအသံတွေတိတ်မသွားပေမဲ့ ကိုချိုကြီးရဲ. လက် အခုတ်ခံရအပြီးမှာတော့ အသံတွေတိတ်သွားခဲ့တယ်။အသံတွေတိတ်သွားရခြင်းဟာ သံချောင်နဲ.မျိုးဝင်းတို.နှစ်ယောက်အသံမထွတ်တော့လို.အားလုံးကြောက်ပြီးအသံမထွတ်တော့ပဲတိတ် ဆိတ်သွားကြတာပါ။သံချောင်းနားထဲမှာ ကိုချိုကြီးပြောခဲ့တဲ့စကားတွေကထွက်သွားပုံမရဘူး၊မျက်နှာထားတင်းတင်းနဲ. သံချောင်းက ဟေ့ကောင်တွေအကျဉ်းသား တွေကိုပြန်ခေါ်သွားတော့၊ချိုကြီးကိုဆေးခန်းခေါ်သွား တခါထဲကုပေးပြီးမှ အချုပ်ပို. ။မျိုးဝင်းလဲ ဘာမှာပြန်မပြောပဲ အများနဲ.အတူ ဆင်းလိုက်သွားတယ်၊။ မကြာခင်မှာပဲ သူတို.တွေ ထောင်ထဲကိုအားလုံးပြန်ရောက်လာကြတယ်၊ကိုချိုကြီက နာရီဝက်လောက်နောက်ကြတယ်ပေါ့။ကိုချိုကြီးကိုထောင်ထဲမှာ drip ချိတ်ပေးတယ်။အားလုံးစိတ်မကောင်းကြဘူး။ကျော်ဝေပြန်ပါမလာတာကိုထောင်စောင့်ကမမေးဘူး။ထောင်ထဲကိုမကောင်းတဲ့နိမိတ်တွေပြန်ရောက်လာပါပြီ။အရင်ကလဲ အောင်ဖိုးတို.၊ကျော်ဝေတို့လက်ဖြတ် ခြေဖြတ် ခံရပြီးချိန်မှာသေတဲ့လူတွေအများကြီး။အခုလက်ဖြတ်တာပြန်စပြီဆိုတော့ နောက်ဆက်တွဲတွေလာတော့မယ် ဆိုတာတွေလို့ရပြီ။ဒါကအယူသီးတာမဟုတ်ပါဘူး။ယုတ္တိဗေဒနည်းနဲ့တွေးခေါ်ကြည့်တာပါ။သူတို့ရဲ့ဒေါသတွေ၊ဆုံးဖြတ်ချက်တွေလက်လွန်ခြေလွန်ဖြစ်လာချိန်မှာ လုပ်ရပ်တွေကလဲလက်လွန်ခြေလွန်ဖြစ်တက်တဲ့သဘောပါ။ဒီတော်လှန်ရေးလုပ်နေတဲ့ကိစ္စကြီးတခုလုံးက အရူးထောင်ထဲက ဂီမ်းတခုလိုဖြစ်နေတယ်။ကျိုးကြောင်း ဆင်ခြင်မှုဆိုတာပျောက်နေပြီးနေရာတကာမှာ ငါ့ခြေ ငါ့လက်ဖြစ်နေတယ်။အသံကျယ်တဲ့သူတွေရဲ့ထင်မြင်ချက်တွေက အဆုံးအဖြတ်တွေဖြစ်ကုန်တဲ့နေရာတခု ဖြစ်သွားတယ်။ ဆက်လက်ဖော်ပြပါမည်။ ညီညီ(မန္တလေး) ABSDF မြေက်ပိုင်း ရဲဘော်ဟောင်း

ABSDF ဗဟို ဥက္ကဌ သံခဲ သို. အိတ်ဖွင့်ပေးစာ

ABSDF ဗဟို ဥက္ကဌ သံခဲ သို. အိတ်ဖွင့်ပေးစာ ထိန်လင်းနှင့်သံခဲ(အေဘီ)ဗဟိုလက်ရှိ ဥက္ကဌ တို.စကားပြောကြရာမှာ “ထမင်းစားပြီးတော့စကားပြောကြရင်း ကိုထွန်းအောင်ကျော်တို.တတွေထောက်လှမ်းရေးအဖြစ်အစွတ်စွဲခံခဲ့ရပြီးကျဆုံးခဲ့ရတာနဲ.ပက်သက်ပြီး လက်ရှိတောင်ပိုင်းအနေနဲ.အသက်ခံခဲ့ရတဲ့ကျောင်းသားတွေဟာ ကျောင်းသားအစစ်တွေသာဖြစ်တဲ့အကြောင်း ကြေငြာချက်ထုတ်ပေးဖို.သင့်မသင့်ကိစ္စစကားပြောမိခဲ့ပါတယ်။ဒီတော့သူကခပ်ရှင်းရှင်းပဲဒီလိုပြန်ပြောပါတယ်။သူငယ်ချင်းမင်းစဉ်းစားကြည့်။ဒီကိစ္စဖြစ်နေချိန်ငါကအနောက်ပိုင်း (အိန္ဒိယ)မှာပဲရှိသေးတာ မျက်စေ့နဲ.တက် အက်မြင်ခဲ့တာလဲမဟုတ်ဘူး၊ပြီးတော့ဒီကိစ္စှမှာတိုက်ရိုက်ပါဝင်ခဲ့တဲ့ပုဂ္ဂုလ်တွေသက်ရှိထင်ရှားရှိနေပါလျှက်နဲ.ဘာသဘောထားမှမပေးပဲရေငုံနေကြတာကိုငါကသဘောထားထုတ်ပေးဖို.ဘာမှမလိုပါဘူး လို.ပြောပါတယ်။ဒီစကားမှာတိုက်ရိုက်ပါဝင်နေကြသူတွေရေငုံနေကြတယ်ဆိုတဲ့စကားကိုငြင်းပါတယ်။ဒီသတ် ဖြတ်မှုနဲ.ပက်သက်ပြီးအစီုးရကကြီးမှူးပြီးသတင်းစာရှင်းလင်းပွဲ ၂ ခါလုပ်ခဲ့ပြီးပါပြီ။တခါ ဆမားညီညီ နာမည်နဲ. လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းကအင်တာနက်ကနေတဆင့်သတင်းဌါနတွေ၊နောက်ကာယကံမြေက်ကျုးလွန် ခဲ့သူတွေ၊နောက်သူတို.နဲ.ပက်သက်ခဲ့သူတွေကိုပေးပို.ခဲ့ပါတယ်။အဲဒီတော့ဒီစကားဟာ သံခဲအနေနဲ.ဗြောင်ငြင်းတဲ့စကားလို.ကျနော်အခိုင်အမာပြောပါတယ်။နောက်တခါသံချောင်းအဖမ်းခံရတဲ့အချိန်ကျတော့မျက်စေ့နဲ.တပ်အပ်မြင်ရတာမဟုတ်ပဲဘာကြောင့် ကိုသံချောင်းတော့ဘာမှ ခုခံချေပခွင့်မရပဲ အနှိပ်စက်ခံရတော့မှာပဲဆိုတဲ့ ဂရုဏာတရားထားနိုင်တဲ့သူက ကိုထွန်းအောင်ကျော်တို.၊ကိုချိုကြီးတို.ဘာမှခုခံ ချေပခွင့်မရပဲ အသက်ခံခဲ့ရတယ်ဆိုတဲ့ ဂရုဏာမျိုးမထားနိုင်ရတာလဲလို.မေးချင်ပါတယ်။နောက်တခါ မဒမ်သံခဲ ကလဲမန္တလေးမှာအလင်းဝင်ပြီးရောက်လာချိန်မှာ “ဒီမှာကိုညီညီ ဒီသတ်ဖြတ်မှုတွေမှာ CS သံချောင်းမှားခဲ့တယ် ဆိုရင်တောင်စေတနာအမှားပဲဖြစ်ရမယ်ဆိုပြီး အဲဒီတုန်းကမန္တလေးတရုပ်တန်းဈေးက ကျနော်.မိန်းမဆိုင်ရှေ.မှာ အော်ပြောတော့ကျနော်တောင်ဆဲလွှတ်လိုက်သေးတယ်။အဲဒီ မဒမ်သံခဲကပဲ ကိုထွန်းအောင်ကျော်ကို ကျမ ကိုယ်တိုင်ခေါင်းဖြတ်ပါရစေလို.သံချောင်းအီမ်ကိုတက်ပြီးတောင်းဆိုတယ်ဆိုတာအားလုံးပြောနေတဲ့ကိစ္စပါ။ (အဲဒီထွန်းအောင်ကျော်ရဲ.အစ်ကို ကိုချိုကြီးအီမ်မှာ မဒမ်သံခဲကိုမန္တလေးထောက်လှမ်းရေး ၁ က လိုက်ဖမ်းနေချိန်မဒမ်သံခဲနဲ.နောက်တယောက် ၁၀ ရက်လောက်တိတ်တိတ်လေးအိပ်စားသွားပြီး ကိုချိုကြီးကပဲတာဝန်ယူပြီးလွတ်မြောက်နယ်မြေကိုပို.ပေးခဲ့တာကို မဒမ်သံခဲမေ့နေပုံရပါတယ်)။နောက်တခုက အဲဒီလိုကိုယ်တိုင်ခုတ်ချင်ပါတယ်လို.ပြောလားလို.ကျော်စွာဝင်းမောင်က ကျော်ခိုင်ဝင်းကိုမန္တလေးပွဲမှာမေးတော့ အဲဒီတုန်းကတပ်ကအမျိုးသမီးထဲက ဒေါ်လိုင်ယောက်ပဲရှိတာ မေးမမေးတော့မသိဘူးလို.ဝေ့လည်ကြောင်ပတ် ဖြေသွားပါတယ်။ကျော်ခိုင်ဝင်းနဲ.တခြားစစ်ရုံးက စစ်ကြောရေးမှာပါဘူးတဲ့ရဲဘော်ဟောင်းများခင်ဗျာ…… နှစ်ဖက်လှမလုပ်ကြပါနဲ.၊လူတကာသိတဲ့ကိစ္စတွေကိုပြောပြီးတာလောက်နဲ.တဘက်ကိုပြောင်းလာပြီဆိုပြီးမလုပ် ကြပါနဲ.။ဒီဘက်ကိုတကယ်ပါချင်ရင်ဘယ်သူမှမသိတဲ့လျှို.ဝှက်ချက်တွေကိုဖော်ထုတ်ကြပါ။တစုံတဦးမထိခိုက် အောင်ဆိုပြီးနှစ်ဘက်လှလုပ်နေရင်မင်းတို.စစ်ကြောရေးမှာပါခဲ့တဲ့ကိစ္စတွေပြန်ပေါ်လာလီမ်.မယ်။အခုတို. အင်္ဂံလန်ကအဖွဲ.တွေနဲ.ဆက်သွယ်ပြီးအမှုမှန်ပေါ်အောင်လုပ်မှာပါ။သံခဲကိုပြန်မေးချင်တာက ABSDF ထဲက ရာဇဝတ်မှုကျုးလွန်ခဲ့သူတွေကို အရေးယူဖို.လုပ်မှာလား? နိုင်အောင်တို.၊အောင်နိုင်တို.ကိုကယ်မှာလား? စဉ်းစားပါ။အရေးယူမယ်ဆိုရင်လဲချက်ချင်းကော်မတီဖွဲ.ပြီးစုံစမ်းရေးစလုပ်ပါ။မနက်ဖြန်ဆိုရင်သိပ်နောက်ကြ သွားပါလီမ့်မယ်။သမိုင်းမှာလဲ နံမည်ဆိုးနဲ.ကျန်ခဲ့ပါလီမ့်မယ်။ ညီညီ(မြောက်ပိုင်းရဲဘော်ဟောင်း)

Monday, March 12, 2012

ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရား သတ်ဖြတ်ခံခဲ့ရသည့်အမှု] ABSDF လူသတ်ပွဲ ဘယ်သူတရားခံလဲ

[8888peoplepower] Fw: [ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရား သတ်ဖြတ်ခံခဲ့ရသည့်အမှု] ABSDF လူသတ်ပွဲ ဘယ်သူတရားခံလဲ အ... Forwarded Message ----- From: Ko MoeJee To: ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရား သတ်ဖြတ်ခံခဲ့ရသည့်အမှု <344699038880694@groups.facebook.com> Sent: Monday, 12 March 2012, 23:31 Subject: Re: [ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရား သတ်ဖြတ်ခံခဲ့ရသည့်အမှု] ABSDF လူသတ်ပွဲ ဘယ်သူတရားခံလဲ အ... Ko MoeJee commented on UZa Wana's post in ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရား သတ်ဖြတ်ခံခဲ့ရသည့်အမှု. (ညီညီ-မန္တလေး)အပိုင်း ၃(က)။ ၅၅... Ko MoeJee 11:31pm Mar 12 (ညီညီ-မန္တလေး)အပိုင်း ၃(က)။ ၅၅ ဦးထွက်ပြေးလွတ်မြောက်ပြီးတဲ့အချိန်မှာ မျိုးဝင်းနဲ.အဖွဲ.ရှေ.တန်းသွားရာမှာမျိုးဝင်းနောက် ကျည်မှန်ပြီးသေသွားတယ်။(ကျရှုံးသွားတဲ့ကွန်မန်ဒါတဦးကို အပြတ်ရှင်းတဲ့သဘောပါ)။အဲဒီမျိုးဝင်းတိုက်ပွဲကျတဲ့သတင်း ဌါနချုပ်ကိုဝင်လာတဲ့အချိန်ကနေ.လည်ခင်းမှာပါ။ဒါပေမဲ့အဲဒီသတင်းကိုလစ်လျှုရှုပြီး သံချောင်းနဲ.အဖွဲ.ရှေ.တန်းမှာအောင်ပွဲရလာလို.ဆိုပြီးအဲဒီညကကျောင်းသားတပ်ထဲမှာစတိတ်ရှိုးပွဲလုပ်ပြီးပျော်ပွဲရွှင်ပွဲကျင်းပခဲ့တယ်။ဒီနေရာမှာဒီလူသတ်မှုတွေရဲ.အကြောင်းရင်းမှာဘယ်သူတွေတာဝန်ရှိလဲဆိုတာစုံစမ်းရအုံးမှာဖြစ်ပေမဲ့ဘယ်သူတွေမှာတာဝန်မရှိဘူဆိုတာတော့ရှင်းးနေပါပြီ။ရှေ.မဆက်ခင်ကျနော် KIA ဘက်ကိုစာသင်ဖို.ခေါ်ရာမှာတပ်မဟာ ၅ တပ်မှုးဗိုလ်မှုးကြီးဆမ်လီက ကျနော့်ကိုသံချောင်းနဲ.အတူခေါ်တွေ.ပါတယ်။ကျနော်ကို ကျောင်းသားတပ်ထဲကဆွဲထုတ်ဖို.အတွက်ပါ။ကျောင်းသားတပ်ကိုအပြန်မှာသံချောင်းနဲ.ကျနော်ပြောခဲ့တဲ့စကားတွေကိုပြန်ပြောပြချင်ပါတယ်။အဲဒီအချိန်ကဘေးမှာသက်လင်းလည်းကျနော်တို.နဲ.အတူရှိနေပါတယ်။တပ်အပြန်မှာသံချောင်းက ကျနော့်ကိုစကားတွေအများကြီးပြောပါတယ်။စကားပြောတာထက် ရင်ဖွင့်တာလည်းဟုတ်ပါတယ်။ Comment History Ko MoeJee Ko MoeJee 11:27pm Mar 12 (ညီညီ-မန္တလေး)အပိုင်း ၂။ အဲဒီနောက်မှာကျနော်.ကို KIA ရဲ.စစ်ရုံးချုပ်ထောက်လှန်းရေးဌါနတာဝန်ခံ စစ်ဦးစီးချုပ် ပထမတန်း ဗိုလ်မှုးကြီးပန်းအောင်ရဲ.ကိုယ်ရေးအရာရှိအဖြစ်ခန်.လိုက်ပါတယ်။ ၅ ရက်လောက်အကြာ ရင်ကျန်းမြို.ကို ဗိုလ်မှုးကြီးပန်းအောင်နဲ.အသွားမှာ ဗိုလ်မှုးကြီးနဲ.ကျနော်တို.တည်းနေတဲ့တည်းခိုခန်းကို NLD (LA) က ဦးကျော်မြအရေးတကြီးလာရှာသွားတယ်လို.ကြားရတယ်။သူတည်းတဲ့ ဝိုင်မော် တည်းခိုခန်းကို လိုက်သွားတဲ့အခါ ဦးကျော်မြက သူ.မိန်းမရဲ.တူအရင်းဘာအပြစ်မှမရှိပဲ ကျောင်းသားတပ်မှာအ သတ်ခံရတဲ့အကြောင်းကိုဗိုလ်မှုးကြီးပန်းအောင်ကိုငိုပြီးတိုင်တန်းပါတယ်။"ဘာ-ဒီကောင်တွေ သတ်ကြပြန်ပြီးလား?"လို.ပြောပြီးအဲဒီပြောဆိုဆွေးနွေးဖို.တပ်ကိုချက်ချင်းပြန်သွားပါတယ်။ တရက်မှာ NLD (LA) လွတ်မြောက်နယ်မြေကလူတယောက် KIA စစ်ရုံးချုပ်ကိုရောက်လာပြီး ဦးကျော်မြပျောက်နေလို.စုံစမ်းပေးဖို.အမှု.လာတိုင်ပါတယ်။ စစ်ရုံးချုပ်ကစုံစမ်းစစ်ဆေးမှုချက် ချင်းစတင်ပြီး စုံစမ်းစစ်ဆေးစဉ်ကာလအတွင်း NLD (LA) ရုံးကလူတွေဘယ်သူမှအပြင်မထွက်ရအမိန်.ထုတ်လိုက်ပါတယ်။ စုံစမ်းစစ်ဆေးချက်အရ ဦးကျော်မြကို NLD (LA) ရုံးမှ ရုံးအကူ ဦးသာမြ(နမ္မတီး)နဲ.အခြားတယောက် (နာမည်မမှတ်မိ)တို.ကသတ်တာဖြစ်ကြောင်းနှင့် အလောင်းကို NLD (LA) ရုံးအတွင်းထမင်းစားဆောင်ရဲ.မြေစိုက်ထမင်းစားပွဲခုံရဲ.အောက်မှာ တူးမြုပ်ထားတာကိုတွေ.ရပါတယ်။ဒီ ဦးကျော်မြရဲ.တူရော၊ဦးကျော်မြရော အသတ်ခံရတာက ဦးကျော်မြရဲ.ကျောင်းသားတပ်မတော်အပေါ်ဝေဖန်မှု၊ဝန်ကြီး ဦးဝင်းကိုအသတ်ခံရတာကို တရားဝင်စုံစမ်းစစ်ဆေးဖို. NLD-LA ကိုတောင်းဆိုခဲ့လို.ဖြစ်ပါတယ်။ဦးကျော်မြကိုသတ်တဲ့ လူသတ်တရားခံ ၂ ဦးကို NLD-LA တာဝန်ရှိသူတွေဖြစ်တဲ့ ဒု-ဥက္ကဌ ဦးတင်အောင်နဲ.အရွေး ချယ်ခံအမတ် ဦးကြာမြတို.က အဓိကတာဝာန်ရှိသူ ကိုအလုပ်ကြမ်းနဲ.ထောင်ဒဏ် ၁၈ နှစ်၊ အားပေးကူညီသူကို အလုပ်ကြမ်းနဲ.ထောင်ဒဏ် ၅ နှစ်ချလိုက်ပါတယ်။လွတ်မြောက်နယ်မြေ မှာပဲချုပ်ထားပြီး အလုပ်ကြမ်းခိုင်းစေပါတယ်။နောက်သုံးလ လောက်အကြာမှာအဲဒီပြစ်ဒဏ်ကျကျဉ်းသားနှစ်ယောက်စလုံးကို ဦးတင်အောင်နဲ.ဦးကြာမြတို.ကအထွေထွေလွတ်ငြီမ်းချမ်းသာခွင့်ပေးပြီးပြစ်ဒဏ်ကနေကွင်းလုံးကျွတ်လွတ်ပေးလိုက်ပါတယ်။အဲဒီလွတ်ငြီမ်းချမ်းသာခွင့်ရသူနှစ်ဦးဟာသူတို.ကိုပြစ်ဒဏ်ချခဲ့ပြီး၊လွတ်ငြီမ်းချမ်းသားခွင့်ပေးခဲ့တဲ့သူနှစ်ဦးနဲ.အတူ NLD-LAရုံးအတွင်းပြန်နေပြီးအရင်လိုပဲအလုပ်တွေကိုပြန်တွဲလုပ်နေပြန်ပါတယ်။ Ko MoeJee Ko MoeJee 11:23pm Mar 12 UZa Wana .. ဘုန်းဘုန်းရေ။ မဖတ်ရသေးသူတွေ အမြန်ဖတ်နိုင်အောင်လို့ ကျန်ရှိနေတဲ့အပိုင်းကို တပည့်တော်ကို ဖြည့်စွက်ခွင့်ပြုစေချင်ပါတယ်။ Khun Gamanii Khun Gamanii 1:06pm Mar 12 NLD-LA ရဲ့ ဇာတ်ရှုပ်ပါ ပါလာပြီ Maung Than Swe Maung Than Swe 12:59pm Mar 12 FB နယ်ရဲ့အပြင်ဘက်ကလူတွေ၊ အဓိကအားဖြင့် ပြည်သူတွေဖတ်နိုင်အောင်တတ်သမျှမှတ်သမျှကော်ပီလုပ်ပြီးဖြန့်ပါတယ်။မရဘူး။ကိုညီညီ၊ကိုလင်းဝေအောင်၊ကိုဗေဒါလမ်းတို့အနေနဲ့ မေးလ်ဂရုတခုခုထဲကဖြန့်ပေးကြပါလားဗျာ။အများဖတ်ရတာပေါ့။ ကျနော်တို့လိုနည်းပညာမကျွှမ်းတဲ့လူတွေလည်းဆက်ဖြန့်လို့ရတာပေါ့။ Ko Baloi Ko Baloi 8:16am Mar 12 အစုလိုက်အပြုံလိုက် မ- ပ မတရားစွတ်စွဲခံရတဲ့ လုပ်ကြံသတ်ဖြတ်မှုကြီးက တဖြည်းဖြည်းနဲ့ ရုပ်လုံးတွေပေါ်လာပါပြီး။ ဒီလို ရုပ်လုံးတွေပေါ်လာတာ ဒီဂရုထားရှိခြင်းရဲ့ ရလဒ်အကျိုးကျေးဇူးကြောင့်ပဲလို့ ယုံကြည်ပါတယ်။ ဒီဂရုကို ဖွဲ့ထားတဲ့ admin တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ View All Comments Original Post UZa Wana UZa Wana 6:18am Mar 12 ABSDF လူသတ်ပွဲ ဘယ်သူတရားခံလဲ အပိုင်း(၁) ဖတ်ဖြစ်အောင်ဖတ်ပါ(၊ရေးသားသူ ညီညီ-မန္တလေး ) မကဒတ(မပ)မှာ ကိုထွန်းအောင်ကျော်နဲ. ၁၅ ဦးကိုရက်ရက်စက်စက် သက်ဖြတ်မှုကြီးအပြီးမှာအဲဒီကိစ္စတွေကိုစုံစမ်းစစ်ဆေးအစီရင်ခံစာတင်ဖို. NLD (LA) ကနေ အဝေးရောက်အစိုးရအဖွဲ.၀န်ကြီးဦးဝင်းကိုနဲ. ဒုဥက္ကဌ (မိုးညင်း-မိုးကောင်း-နမ်းမား ဒေသခံ)ဦးတင်အောင်တို.မြာက်ပိုင်းဒေသလွတ်မြောက်နယ်မြေကိုရောက်လာပါတယ်။။အဲဒီအချိန်မှာ ကျနော်(ညီညီ-မန္တလေး)ကို KIA ဘက်ကအင်္ဂံလိပ်စကားပြောသင်တန်းဖွင့်ဖို.ဆိုတဲ့ရည်ရွယ်ချက်ဆိုတာကြီးနဲ.ခေါ်ယူထားပြီးပါပြီ။ညနေပိုင်းမှာအင်္ဂံလိပ်စကားပြောသင်တန်းဖွင့်နေပါတယ်။ကျနော်.ကိုစစ်ရုံးချုပ် G3 လိုင်စမ်းရဲ.အီမ်မှာထားပါတယ်။ဦးဝင်းကိုကနောက်ပိုင်းကျနော်နဲ.ရင်းနှီးသွားပြီးတဲ့နောက်မှာသူရဲ.လာ ရင်းကိစ္စကိုဖွင့်ပြောပါတယ်။စစ်တပ်ကထောက်လှမ်းရေးရဲ.ဗိုလ်လို.စွတ်စွဲခံရသူတဦးကို KIA ထောက်လှမ်းရေးဌါနရဲ.ရုံး စစ်ရုံးချုပ်မှာခေါ်ထားတယ်ဆိုကတည်းက ဒီကိစ္စမဖြစ်နိုင်ဖူးဆိုတာသူသိ ပါတယ်တဲ့။သူကလွတ်မြောက်နယ်မြေရုံးကိုခေါ်လို.အကြီမ်ကြီမ်သွားပြီးဒီထောက်လှန်းရေးလို.စွတ်စွဲကာဖမ်းဆီးမှု၊နှိပ်စက်မှု၊အတင်းအဓ္ဓမ၀န်ခံထွက်ဆိုစေမှု၊သတ်ဖြတ်မှုတွေကိုရှင်းပြခဲ့ပါတယ်။ဦးဝင်းကိုကအကူအညီတောင်းလို.အဝေးရောက်အစိုးရအဖွဲ.က ကုလသမဂ္ဂမှာတင်တဲ့အင်္ဂလိပ်စာတန်းကိုမြန် မာလို ဘာသာပြန်ပေးခဲ့ပြီး ကျောင်းသားတပ်နဲ. KIA တပ်ထဲကိုလဲဖြန်.ချီခဲ့ပါတယ်။အဲဒီရုံးကိုကြီမ်ဖန် များစွာသွားရောက်ခဲ့ရာမှာ အဲဒီမှာရှိတဲ့အရွေးချယ်ခံအမတ် ဦးကြာမြနဲ.ဒု-ဥက္ကဌ ဦးတင်အောင်တို.ဟာကျနော်ကိုမလိုလားကြောင်းကိုယ်နှုတ်အမူအရာနဲ.အကြီမ်ကြီမ်ပြခဲ့ကြပြီး၊ကျနော်နဲ.တကြီမ်မှစကားမပြောခဲ့ကြပါဘူး။မိုးညင်းမြို.နယ် NLD စည်းရုံးရေးမှုးဦးကျော်မြကတော့သူသိသမျှကိုဝင်ရောက်ပြော ဆိုပြီးကျောင်းသားတပ်ရဲ.လွဲမှားမှု တွေကိုထောက်ခံဆွေးနွေးလေ့ရှိပါတယ်။ မတ်လဆန်းမှာ ၀န်ကြီးဦးဝင်းကို တရုပ်ပြည်ခွေးမှင်(ကူမင်း) ကတဆင့်အမေရိကန်ကိုပြန်ပါတယ်။ဒါပေမဲ့သူဟာ အမေရိကန်မပြောနဲ. ကူမင်းမြို.တော်တောင်မ ရောက်ခဲ့ပါဘူး။လမ်းခုလတ် တရုပ်ပြည်မန်ရှီမြို.က သူတည်းခိုတဲ့ဟိုတယ်အခန်းထဲမှာဓါးထိုးလုပ်ကြံခံ ခဲ့ရပါတယ်။ဝန်ကြီးရဲ.အပြန်ခရီးကိုတာဝန်ခံပို.ဆောင်ခဲ့တဲ့သူတွေဟာ ABSDF (NB) ကွန်မန်ဒိုတပ်က ဖြစ်ပါတယ်။နောက်တရက်ခြားမှာ ABSDF(NB) ကစစ်ရေးတာဝန်ခံ သံချောင်း၊၀ါဒဖြန်.ချီရေးက အရာခံဗိုလ် စိန်သန်း၊တပ်ကြပ်ကြီးစောမြအောင်နဲ.ထောက်လှမ်းရေးက ရဲဘော်သက်လင်း တို.၄ ရောက် KIA က ကျနော်နေတဲ့ဗိုလ်ကြီးလိုင်စမ်း G3 ရဲ.အီမ်ကိုရောက်လာပြီးကျနော်ကို ABSDF ကိုပြန်ခေါ်ဖို.ဆိုပြီး ဒေါသတကြီးနဲ.ရောက်လာပါတယ်။ဗိုလ်ကြီးလိုင်စမ်းကပြန်မထဲ့ပေးသေးပဲ KIA ရဲ.စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဇော်မိုင်ကိုသွားတင်ပြပါတယ်။ဗိုလ်ချုပ်ဇော်မိုင်ရဲ.အမိန်.နဲ.ကျနော်ကိုသံချောင်း ပြန်ခေါ်ခွင့်မရပါဘူး။နောက်တခါ ကျနော်ကိုချက်ချင်း KIA အဖွဲ.၀င်အဖြစ်ကျမ်းသစ္စာကြီမ်ဆိုခိုင်းပြီးစာရင်းသွင်းမှာဖြစ်လို.နောက်နောင် ကျနော်ရဲ.လုံခြုံရေးကိုမထိပါးဖို.သံချောင်းကိုအမိန်.ပေးလိုက်ပါ တယ်။ သံချောင်းကဗိုလ်ချုပ်အီမ်ကပြန်ဆင်းလာပြီး “မင်းကံကောင်းသွားတယ်မှတ်၊မင်းအတွက် ငါ ကျင်းတူးခဲ့ခိုင်းခဲ့ပြီးပြီ၊ မင်းတပ်ပြန်မရောက်ဖူး လမ်းတင်ရှင်းပြစ်ခဲ့မလို. ၊အေးကွာနောက်တော့တွေ. တာပေါ.” လို.မချင့်မရဲနဲ.ကြီမ်းဝါးသွားခဲ့ပါတယ်။ဆက်လက်ရေးသားပါမည်။ ညီညီ မန္တလေး

Wednesday, March 7, 2012

အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ ( မကဒတ )

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ ထုတ်ပြန်ကြေငြာချက် ( ၁/၂၀၁၂) ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) သည်၊ အမှန်တရားနှင့် တရား မျှတမှု ဖော်ထုတ်နိုင်ရေးအတွက် ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၁၂)၊ ဆုံးဖြတ်ချက် အမှတ်(၂)အရ အောက်ပါ ရည်မှန်း ချက်များကိုဖော်ဆောင်နိုင်ရန် အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ (က) သမိုင်းစာမျက်နှာပေါ်တွင်အကြောင်းနှင့်အကျိုးဆိုင်ရာဖြစ်ရပ်မှန်များကိုစုံစမ်းဖော်ထုတ်သွားနိုင်ရေး။ (ခ) ပါဝင်ပတ်သက်သူများအားလုံးအတွက် တရားမျှတမှုနှင့်အမှန်တရားပေါ်ထွန်းရေး။ (ဂ) သက်ဆိုင်သူများအားလုံးနားလည်ကျေနပ်မှုနှင့်ပြန်လည်သင့်မြတ်မှုရရှိစေရေး။ (ဃ) မကဒတ၊ ကျောင်းသားထုနှင့် ပြည်သူလူထုအတွင်း ခိုင်မာသောစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းတည်ဆောက်သွား နိုင်ရေး။ (င) အနာဂတ်မြန်မာနိုင်ငံတွင် တာဝန်ရှိမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေးတို့-ဖြစ်သည်။ ၂။ အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့သည် ၁၉၉၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က မကဒတ (မြောက်ပိုင်း) ဒေသတွင် ဖြစ်ပျက်ခဲ့သော သွေးထွက်သံယိုဖြစ်မှုအပါအ၀င်၊ ယင်းကိစ္စနှင့် ဆက်နွယ်ပတ်သက်ခဲ့သော ဖြစ်စဉ် များအား မကဒတ လက်နက်ကိုင်တော်လှန်ရေးအတွင်း ၀မ်းနည်းကြေကွဲဖွယ်ရာ သမိုင်းဖြစ်ရပ်တခုအဖြစ် ရှုမြင်သုံးသပ်ပြီး အောက်ဖော်ပြပါလုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ (က) ဤဖြစ်ရပ်ဖြစ်စဉ်များနှင့်ပတ်သက်၍ ဓမ္မဓိဌာန်ကျသည့် သမိုင်းမှတ်တမ်းတခုဖော်ထုတ်မှတ်တမ်းတင်နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။ (ခ) နစ်နာခဲ့ရသူများအတွက် တရားမျှတမှုရရှိရေးအတွက် အလေးထားပြီး လေးနက်တည်ကြည်စွာရပ်တည် ဆောင်ရွက် သွားမည်။ (ဂ) မကဒတ အတွင်း လက်ရှိတာဝန်ထမ်းဆောင်နေသော ရဲဘော်များ၊ ရဲဘော်ဟောင်းများနှင့် မြန်မာနိုင်ငံ ကျောင်းသားထု အကြား ခိုင်မာမြဲမြံသော နားလည်မှုနှင့်စည်းလုံးညီညွတ်ရေးကို စဉ်ဆက်မပြတ် တစိုက်မတ်မတ် တည်ဆောက်သွား မည်။ (ဃ) ဤဖြစ်ရပ်ဖြစ်စဉ်များနှင့်ပတ်သက်၍တာဝန်ရှိမှု၊တာဝန်ယူမှုနှင့်တာဝန်ခံမှုကိုဖော်ထုတ်သွားမည်။ (င) အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့၏ အချက်အလက်စုဆောင်းခြင်းနှင့် အစီရင်ခံစာရေးသားခြင်း လုပ်ငန်းအား ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ်ဆောင်ရွက်သွားမည်။ ၃။ အထက်ပါ လုပ်ငန်းစဉ်များအား အချိန်မီအောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ နှင့် နိုင်ငံတကာတွင် နေထိုင်လျက်ရှိသော မကဒတ ရဲဘော်ဟောင်းများ၊ သက်ဆိုင်သူများနှင့်အမှန်တရား နှင့် တရားမျှတမှု ကို မြတ်နိုးသူအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ်အပ်ပါသည်။ ဖြောင့်မတ်တည်ကြည်စွာဖြင့် အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ မကဒတ (ကျောင်းသားတပ်မတော်)။ ရက်စွဲ ။ ။ ၂၀၁၂ ခုနှစ်၊ မတ် လ ၇ ရက်။ ဆက်သွယ်ရန်။ ။ ရဲဘော်မြင့်ဟိန်း Tel +66 810 229 208၊ Email: julianoo98@gmail.com ရဲဘော်ကျော်ကျော်လင်း Tel +66 862 140 161၊ Email: kyawlin7@gmail.com -- ABSDF-HQ e-mail: absdfhq@csloxinfo.com website: www.absdf8888.org

ABSDF(မြောက်ပိုင်း)သတ်ဖြတ်မှုများနှင့်မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း- အပိုင်း( ၂ )

ABSDF(မြောက်ပိုင်း)သတ်ဖြတ်မှုများနှင့်မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း- အပိုင်း( ၂ ) by Ko Lin Wai Aung on Tuesday, March 6, 2012 at 6:26am · ( ၁၈.၃.၁၉၉၂ ) ၄း၀၀နာရီထိုးတော့ တည်းခိုခန်းကထွက်ပြီး ညဈေးဘက်သွားကြတယ် အဝေးပြေးဂိတ်မှာကားတစ်စင်း ငှားပြီးနယ်စပ်ဂိတ်ဘက်သွားကြတယ် မြန်မာဂိတ်ကမဖွင့်သေးတော့ တရုပ်ပြည်ဘက်ကိုလမ်းကြိုလမ်းကြားက ဖြတ်ပြီးနာရီဝက်လောက်သွားရတယ် တရုပ်ပြည်ကြယ်ခေါင်ဂိတ်ကို ရောက်သွားတယ် မူဆယ်နဲ့ကြယ်ခေါင်က မြေတစ်ဆက်တည်းဘာမှမခြားဘူး နယ်ခြားကျောက်တိုင်လေးဘဲခြားထားတယ် တရုပ်ပြည်ထဲရောက်တော့ ဂိတ်မဖွင့်သေးလို့စောင့်နေရသေးတယ် စောင့်ရင်းနဲ့အိမ်သာသွားကြတော့ အိမ်သာကဗမာအိမ်သာတွေနဲ့လုံးဝမတူဘူး တစ်ခုနဲ့တစ်ခုဘေးအကာနိမ့်နိမ့်လေးတွေဘဲကာထားတယ်ရှေ့တည့်တည့်မှာအကာလုံးဝမထားဘူး ညစ်ပတ်တာလည်းအလွန်ဘဲ ရေလုံးဝမသုံးဘူး နောက်တစ်ကြိမ်မသွားချင်တော့ဘူး။ ၆း၀၀နာရီထိုးတော့ဂိတ်ဖွင့်တယ် နေ့ကူးလက်မှတ် တစ်လှည့်စီ သွားလုပ်ကြတယ်ပြီးတော့ တရုပ်ကားနဲ့ရွှေလီကို ဆက်ထွက် ခဲ့တယ် နာရီဝက်လောက်နေတော့ ရွှေလီမြစ်ကိုဖြတ်တဲ့ တံတားကိုဖြတ်ရတယ် နောက်တော့ ရွှေလီမြို့ထဲကိုရောက်လာကြတယ်။ ယိုးဒယားတန်းကိုဖြတ်ပြီး ချစ်လ္ဘက်ရည်ဆိုင်ကိုသွားကြတယ် ချစ်လ္ဘက်ရည် ဆိုင်က ABSDF ကဖွင့်ထားတဲ့ဆိုင်ပေါ့ အဲဒီမှာစခန်းနဲ့ ဆက်သွယ်ပေးမည့်သူနဲ့သွားတွေ့ရတယ် ရောက်ရောက်ချင်း မတွေ့ရသေးဘူး CS သံချောင်းရဲ့ ရဲဘော်လေး မိုးကြိုးဆိုတာနဲ့တွေ့တယ် အသက်၂၀တောင်ရှိပုံမရဘူး မိုးညှင်းဘက်ကလို့ ပြောတယ် လ္ဘက်ရည်ဖျော်တဲ့ မောင်ညွန့်ဆိုတာတွေ့တယ် နံပြားတို့ပလာတာတို့လုပ်တဲ့ ကိုကျော်စိန် ဆိုတာလည်းရှိတယ် ဒီဆိုင်မှာဘဲအစားအသောက်မှာစားကြတယ် မကြာခင်မှာဘဲ အရပ်ရှည်ရှည် ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးနဲ့ ကုလားတစ်ယောက် ရောက်လာတယ် ကိုမောင်မောင်နဲ့ပြောကြပြီးနောက် မိတ်ဆက်ပေးတယ် သားသမီးတွေနေကောင်းကြရဲ့လားလို့မေးကြတယ် အားလုံးကောင်းပါတယ်လို့ ပြောတယ် နောင်တောင်းမှာ PASSPORT လုပ်ကြဘို့ ကိုမောင်မောင်ကစီစဉ်တယ် တရုပ်ငွေလဲဘို့လုပ်ကြရတယ်။ ကိုယ်တို့ကတော့ဆိုင်မှာဘဲကျန်နေခဲ့ကြတယ် မကြာခင်မှာ ရှေ့နားက စားပွဲကနေ ကျောင်းသား၃ယောက် ကွက်ကြည့်ကွက်ကြည့်နဲ့လုပ်နေတယ် ကျော်မြင့်နဲ့လည်း တိုးတိုးပြောနေကြတယ် အဲဒီမှာအောင်နိုင်ကိုတွေ့တယ် ကျန်တဲ့သူတွေကိုမသိဘူး အောင်နိုင်ကို သိတာက သားကဘောင်ဒရီလမ်း သူတို့ပါတီမှာနေတုံးက ကိုယ်သွားရင်းလာရင်းနဲ့ မန္တလေး(ဆေး)က အောင်နိုင်လို့ ပြောပြထားလို့သိတာပါ ဒါပေမယ့်သူက မမှတ်မိတာလား မသိချင် ဟန်ဆောင်နေတာလား မသိဘူး ကိုယ်ကလည်းသိပေမယ့် မသိဟန်ဆောင်နေပါတယ် သူ့ကို ဥက္ကဋ္ဌဆိုတာလည်း သိပါတယ် ဘာကြောင့်လည်းဆိုတော့ မြက်ခင်းသစ်ထဲမှာ သူတို့အကြောင်းပါထားတာကိုး သွားခါနီး သမီးအကြီးက အောင်နိုင်အဲဒီမှာဥက္ကဋ္ဌ ဖြစ်နေတာလို့ပြောလိုက်သေးတယ် ဒါပေမယ့်သူတို့အဖွဲ့က ကိုယ်တို့အဖွဲ့ကိုဘာမှ နှုတ်ဆက်တာမရှိဘူး စိတ်ထဲမှာတော့တော်တော်လူပါးဝတယ်လို့ သူတို့ကိုယ်သူတို့ ဥက္ကဋ္ဌတွေဆိုပြီး မိဘတွေကို မခန့်လေးစားလုပ်တယ်ဆိုပြီးတော့ပေါ့လေ။ ကိုမောင်မောင်တို့ပြန်လာတော့ မနက်ဖြန်သွားဘို့တိုင်ပင်ကြတယ် ကားခကတရုပ်ငွေ၅၀၀ကျပ်ကျတယ်တဲ့ ကိုယ်တို့အဖွဲ့က၃၀၀ခံရမယ် သူတို့က၂၀၀ကျခံမယ်တဲ့ ငွေ၃၀၀နဲ့အခြေအတင်ပြောနေရင်စိတ်ခုပြီးကလေးတွေကိုတခုခု လုပ်မှာစိုးလို့ ပေးပါ့မယ်လို့ပြောကြတယ် သိရတာက ကိုယ်တို့ကို ရွှေလီကနေ စခန်းအရောက် စရိတ်ကို သူတို့ကုန်ကျခံမှာလို့ ပြောထားတာ ဘာစိတ်ကူးပေါက်သွားလည်းမသိဘူး စရိတ်တ၀က်ခံခိုင်းတာ ပြီးတော့ နောင်တောင်းကို ညအိပ်လက်မှတ်သွားလုပ်ကြရတယ် နောင်တောင်းကရွှေလီရဲ့အနောက်ဘက်လို့ထင်တယ် နာရီဝက်လောက် သွားရတယ် မြေပြန့်ဒေသဆိုတော့ ပဲ၊ဂျုံ၊ဟင်းသီးဟင်းရွက် အသီးအနှံ တွေစိုက်ထားတာ တွေ့ရတယ် နောင်တောင်းရောက်တော့ ကလေးမလေးတွေက စက်ဘီးငှားမလားဆိုပြီး အပြေးအလွှားမေးကြတယ် နောက်မှသိရတာက စက်ဘီးငှားစီးသွားရင် နမ့်ခမ်းထိသွားလို့ရတယ်လို့သိရတယ် တရုပ်ရဲစခန်းရောက်တော့ ၁၂း၀၀နာရီထိုးပြီ အရာရှိက ပုံစံစာရွက်တွေ သော့ခတ်ထားခဲ့လို့ ညနေ၃း၀၀ မှရမယ်ဆိုလို့ စောင့်ရတယ် ကားသမားက၄း၀၀နာရီမှပြန်လာခေါ်မယ်ဆိုပြီးကားဆွဲဘို့ထွက်သွားတယ် ကိုယ်တို့လည်းဗမာပြည်လိုမှတ်ပြီး အမြန်ပြီးအောင် ပိုက်ဆံနဲနဲ ပေးလိုက်ပါလား လို့ပြောတော့ တရုပ်ပြည်ကဒီလို လာပ် ပေးလာတ်ယူ လုပ်လို့မရဘူးတဲ့ ဒါနဲ့ခရီးကလည်းပန်း ခြေထောက်ကလည်းညောင်းမို့ ရုံးရှေ့ကခုံရှည်ပေါ်မှာထိုင်ရင်း ခြေထောက်ကိုအပေါ်တင်ပြီး တင်ပလ္လင်ခွေထိုင်နေလိုက်တယ် အဲဒါတရုပ် ရဲဝန်ထမ်းတစ်ယောက် ရှူးရှူးရှဲရှဲရောက်လာပြီး ဒီလိုမထိုင်ရဘူး ခြေထောက်အောက်ချထိုင်ရ မယ် ပြောလို့ အရေးတကြီးချထိုင်ရတယ်…သြော်.. သူတို့ယဉ်ကျေးမှုကို တော်တော်အလေးပေးသားဘဲပေါ့ ဒါပေမယ့်အိမ်သာကတော့ ကမ္ဘာပေါ်မှာအညံ့ဆုံးနဲ့ အညစ်ပတ်ဆုံးပါဘဲ အိမ်သာမဖြစ်မနေသွားတော့လည်း အထဲမှာ အဖွားကြီး၃ယောက်တန်းစီ ငုတ်တုတ်ထိုင်နေတာတွေ့တယ် ပထမတော့လန့်သွားတာပေါ့ နောက်တော့မထူးပါဘူးဆိုပြီး သူတို့ဘေးကအလွတ်မှာဝင်ထိုင်ပြီး အပေါ့ အလေးသွားရတယ်။ နယ်စပ်ကယူနန်တရုပ်တိုင်းရင်းသားတွေက ရင်ဖုံး(သို့)ရင်စေ့ အင်္ကျီနဲ့ထဘီဝတ်တယ် ဘီးကျော့ပတ် တွေနဲ့ အညာအဖွားကြီး တွေနဲ့တူတယ်….နမ့်ခမ်းနဲ့နီးတော့တရုပ်လိုရော ရှမ်းလိုရောပြောတတ်ကြတယ် ၃း၀၀နာရီမှာတရုပ်အရာရှိရောက်လာလို့ FORM တွေဖြည့်ရတယ် ကိုမောင်မောင် အရင်လာတုံးက စာအုပ်ရှိထားလို့ထပ်လုပ်စရာမလိုဘူး FORM ဖြည့်ပေးမယ့် ကားသမားမရှိလို့ စတိုးဆိုင်က တရုပ်မလေးကို တစ်ယောက်၃၀ကျပ်စီ ပေးပြီးဖြည့်ခိုင်းရတယ် အားလုံးပြီးတော့ ကားသမားကိုစောင့်ပြီး ရွှေလီက ချစ်လ္ဘက်ရည်ဆိုင်ကိုပြန်ခဲ့ကြတယ်။ အဲဒီမှာ ဥက္ကဋ္ဌ နဲ့အဖွဲ့ကိုတွေ့တယ် ဘာမှမပြောဘူး ကျော်မြင့်က မနက်၆း၃၀ လာဘို့ချိန်းတယ် ငြိမ်းချမ်းတည်းခိုခန်းမှာ သွားတည်းကြတယ် ညနေစာကို ၇၈၆ ဆိုင်မှာသွားစားကြတယ် ဦးအေးနိုင်က တရုပ်လိုမမှာတတ်လို့ လက်ညှိုးထိုးပြပြီးမှာရတယ် အနားက စားပွဲမှာလက်တွေမြှောက်ပြီး အော်ဟစ်နေတာတွေ့လို့ မေးတော့ အဲဒါကစားနည်းတစ်မျိုးတဲ့ ရှုံးတဲ့သူကအရက်သောက်ရတယ်တဲ့ မူးလဲတဲ့အထိတဲ့ သူတို့ကစားနည်းကတစ်မျိုးပါလားပေါ့ မသိတဲ့သူဆို ရန်ဖြစ်နေကြတယ်ဆိုပြီး ဆိုင်ထဲကထွက်ပြေးသွားမလားဘဲ စားသောက်ပြီးကြတော့ ပိုက်ဆံရှင်းဘို့ ခေါ်တော့ အမျိုးသမီးက ဘာဟင်းတွေနဲ့စားကြတာလည်းလို့ ဗမာလိုပြောရော ဦးအေးနိုင်ကဒေါသအရမ်းဖြစ်သွားပြီး ထပြီးရိုက်ချင်စိတ်တောင် ပေါက်လာတယ်လို့ပြောတယ် ဟင်းမှာ တုံးက ဗမာလိုလုံးဝမတတ်သလိုနေနေပြီး ငွေရှင်းမယ်ဆိုတော့မှဗမာလိုပြောတယ်ဆိုပြီးပေါ့ ရွှေလီမှာအဲဒီလို အကျင့်ရှိတယ်တဲ့ ပြီးတော့ တည်းခိုခန်း ပြန်အိပ်ကြတယ် ။ ( ၁၉.၃.၁၉၉၂ ) နံက်၆း၃၀မှာချစ်လ္ဘက်ရည်ဆိုင်ကို သွားကြတယ် ဒီနေ့ကလေးတွေနဲ့ တွေ့ကြရမယ်ဆိုပြီး ၀မ်းသာနေကြတယ် အဲဒီမှာစောင့်ရင်းနဲ့ ၁၀း၀၀နာရီထိုးတော့တာဘဲ ဥက္ကဋ္ဌနဲ့အဖွဲ့ကလည်းအစဉ်သင့်ဘဲ ဥက္ကဋ္ဌကပြောတယ်တဲ့သူ့ကိုဥက္ကဋ္ဌလို့လည်းမသိပါစေနဲ့ ဘယ်သူနဲ့မှလည်းမိတ်မဆက်ပေးပါနဲ့လို့ပြောတယ်တဲ့ သူ့ကိုသွားစကားမပြောဘို့ကိုမောင်မောင်က ပြောတယ် သူလည်းကိုယ်တို့နဲ့အတူ စခန်းကို ပြန်လိုက်မယ်လို့ ပြောတယ်တဲ့ ဗျူဟာ( ၂ ) ဘက်ကပြန်လာတာလို့နောက်မှသိရတယ် ဗျူဟာ(၂)ကဗန်းမော်ဘက်မှာရှိတာလို့ သိရတယ် တည်းခိုခန်းမှာကတည်းက တိုင်ပင်လာတာက ကလေးတွေပါလာရင် ရွှေလီမှာ၂ရက်၃ရက်နေပြီး စားချင်တာစား ၀ယ်ချင်တာဝယ်ပြီးမှ ပြန်မယ်လို့ပြောထားကြတယ် ၁၀း၃၀လောက်ရွှေလီကထွက်လာကြတယ် တောတောင်တွေ တွေ့လိုက်၊ မြို့ရွာတွေ တွေ့လိုက်နဲ့ပေါ့ ကား ကက်ဆက်ထဲကနေ ကျောင်းသားတွေဆိုတဲ့ ဒီမိုကရေစီ သီချင်းတွေဖွင့်ပြတယ် နောက်တော့ဥက္ကဋ္ဌက ကိုမောင်မောင်ကို မိဘတွေနဲ့မိတ်ဆက်ခိုင်းတယ် တဦးချင်းမိတ်ဆက်ပြီး စကားနဲနဲပြောတယ်နောက်ဘယ်သူမှစကားမပြောဖြစ်ကြတော့ဘူး။ ကလေးတွေနဲ့တွေ့ရဘို့အတွက် စိတ်ကူးနေကြတယ် ပုတီးစိတ် ဂါထာရွတ်သူကရွတ်ပေါ့ ကလေးတွေနဲ့တွေ့တဲ့အခါ အကောင်းပကတိမှတွေ့ရပါ့မလား ခြေကျိုးလက်ကျိုးမျက်စေ့ကန်းနဲ့ တွေ့ရမလား….ဟာ… ကျနော်တို့စစ်ရင်းနဲ့ လက်လွန်သွားလို့ဆိုပြီး မြေပုံဘဲတွေ့ရမလား လာပေါင်းများစွာနဲ့တွေးရင်းလိုက်လာရတယ် ဥက္ကဋ္ဌကလည်း ခပ်တည်တည်နဲ့ ဖေါ်ဖေါ်ရွေရွေမရှိတော့ ပိုပြီးသံသယ၀င်တာပေါ့ ဒီလိုနဲ့ယင်ကျန်းကို၁း၃၀နာရီလောက်ရောက်တယ် တရုပ်စားသောက်ဆိုင်တခုမှာဝင်ပြီးစားကြတယ် ဥက္ကဋ္ဌနဲ့အဖွဲ့ကလည်း ဟင်းကောင်းကောင်းမှာပြီး ကျွေးပါတယ် ကားသမားအပါအ၀င် ၁၁ယောက်စားကြတာ ၆၀၀ကျပ်လောက်ကျတာ ဥက္ကဋ္ဌကဘဲထုတ်ရှင်းလိုက်တယ် ၂း၃၀လောက် ကားဆက်ထွက်လာတာ ၄နာရီလောက်ကြာတော့ ဆမားဆိုတဲ့မြို့ကိုရောက်တယ် ဆမားမှာ PASSPORT စာအုပ်လေးတွေ ပြန်အပ်ခဲ့ရတယ် သွားအပ်နေတုံးမှာနောက်နားက ကျောင်းသားတစ်ယောက်က စပြီးနှုတ်ဆက်တယ်။ ကားပေါ်မှာ ဥက္ကဋ္ဌရယ်၊သူ့ရဲဘော်လေးရယ်၊၅၀၁ရင်းမှူးရယ်ပါတယ် ကိုယ်တို့နောက်က တစ်ယောက်က(၅၀၁)ရင်းမှူး သိုက်ထွန်းဦးဆိုတာ သိရတယ် သူလည်း တလမ်းလုံးစကားမပြောဘဲ လိုက်လာတာ ဆမားရောက်မှ ကိုယ့်ကိုအန်တီက ကိုရဲအမေလား ကိုရဲဖမ်းတုံးကသူမျက်ရည်ကျရတဲ့အကြောင်း ကိုရဲနဲ့သူနဲ့အတူအိပ် အတူစား နေခဲ့ရတဲ့အကြောင်း ရှေ့တန်းသွားလည်း အတူတူဖြစ်တဲ့အကြောင်း သူကရင်ပြည်နယ်ဘက်ကလာခဲ့တဲ့အကြောင်းနဲ့ MASTER တက်နေတာဖြစ်တဲ့အကြောင်း ကိုရဲပြောပြလို့ မခိုင်ကို အာယုတို့အတန်းကလို့သိရကြောင်း သူတို့ကို စာဂျပိုးတွေမို့ သိပ်မသိကြောင်း ၀င်းဝင်းကြိုင်ကိုတော့ သိကြောင်း ပြောပြတယ် အာယုလည်း အမေရိကားကို ပညာသင်ပါသွားကြောင်းပြောပြတယ် ( ကိုအာယု ဆိုတာက ကိုဇာဂနာရဲ့ညီတစ်ဝမ်းကွဲပါ)။ နောက်မိနစ်၄၀လောက်မောင်းရင် စခန်းကိုရောက်မှာဖြစ်ကြောင်း ပြောတယ် ဒါနဲ့သားနေကောင်းရဲ့လားမေးတော့ ဟိုတလောကထုံဖြစ်လို့ဆေးထိုးရတဲ့အကြောင်း သူတို့ကိုဘယ်လိုမှ မထင်ပါနဲ့တဲ့ စိတ်မရှိပါနဲ့တဲ့ဖမ်းထားတာဆိုတော့ အချုပ်ထောင်ထဲမှာနေရတာဆိုတော့ အပြင်မှာလိုမဟုတ်ကြောင်း ပြောတယ် ၀ဏ္ဏဇော်အကြောင်းလည်းပြောပြတယ် ဒီလိုနဲ့ဆက်ထွက်လာကြတာ ရှားဟော့ပါဆိုတဲ့ရွာ ကိုဖြတ်ပြီးတဲ့နောက် ကချင်ဒေသဖြစ်တဲ့ လိုင်စင်စခန်းကိုဝင်လာခဲ့တယ် KIA ဂိတ်ကိုပထမတွေ့ရတယ် KIA ရဲမေတွေစောင့်တယ် ကားဝင်ဘို့တံခါးမောင်းတံဖွင့်မပေးဘူး အဲဒါဥက္ကဋ္ဌဆင်းပြီး ဖုန်းဆက်တော့မှ တံခါးဖွင့်ပေးတယ် ကားဝင်ခွင့်ပေးတယ် ကိုက်၅၀လောက်သွားပြီးတော့ ABSDF ဂိတ်ကိုရောက်တယ် မိန်းကလေးစောင့်နေတာ တန်းဖွင့်ပေးတယ် နဲနဲကားလှိမ့်လာတော့ ရောက်ကာနီးမှကားစက်ရပ်သွားတယ်။ ညာဘက်ကတောင်ကုန်းပေါ်မှာABSDF ခွပ်ဒေါင်းအလံ လွှင့်ထားတာတွေ့တယ် အဲဒီရှေ့မှာကျောက်တုံးတွေနဲ့ABSDF စာလုံးဖေါ်ထားတာတွေ့တယ် ကိုယ့်ကိုယ်ကိုအိပ်မက်မက်နေသလားထင်မိတယ် တခါမှမမျှော်မှန်းမိတဲ့ အရပ်ဒေသ အဖွဲ့အစည်း သူပုန်စခန်းကိုရောက်နေတာ အရမ်းအံ့သြမိတယ် ဒါနဲ့ကားစက်ပြန်နှိုးလို့ရတော့ တောင်ကွေ့တစ်ခုလည်း ကွေ့လိုက်ရော ခန်းမတစ်ခုရှေ့မှာကားကိုထိုးရပ်လိုက် တယ် ကားပေါ်ကဆင်းတော့ မိန်းကလေးတွေယောင်္ကျားလေးတွေ ၀ိုင်းလာကြတယ် သူတို့ကKIAကအဖွားကြီးတွေပါလာတယ်ထင်လို့ နောက်မှမိဘတွေမှန်းသိပြီးအထုတ်တွေ ၀ိုင်းဆွဲကြပြီး စစ်ရုံးဆီခေါ်လာကြတယ် စစ်ရုံးရှေ့မှာ ပါလာတဲ့အထုတ်တွေကိုရှာဖွေကြတယ် နောက်အခန်းထဲခေါ်သွားပြီး ကိုယ်တို့အမျိုးသမီးတွေကို ကျောင်းသူလေးတွေက တစ်ယောက်စီ ကိုယ်ပေါ်မှာရှာကြတယ် အားလုံးရှာဖွေပြီးတော့ ကိုမောင်မောင်နဲ့ဦးအေးနိုင်ကိုထားခဲ့ပြီး ကိုယ်တို့၅ယောက်ကို စစ်ရုံးထက်မြင့်တဲ့ တောင်ကုန်းပေါ်ခေါ်သွားတယ် စခန်းလည်းရောက်ရောအေးလိုက်တာအလွန်ပါဘဲ အပေါ်ရောက်တော့ နေရာထိုင်ခင်းပေးတယ်။ ၀ါးနဲ့လုပ်ထားတဲ့အိပ်စင်လေးတွေပေါ့ တစ်ခန်းမှာအိပ်စင်၂ခုရှိတယ် ၂ခန်းရှိတယ် တစ်ယောက်ပိုနေတော့ ကိုယ်နဲ့အန်တီစန်းက အိပ်စင်တစ်ခုမှာ၂ယောက်အိပ်ရတယ် ကိုယ်တို့ကို စောင့်ရှောင့် ကျွေးမွေးဘို့ ရဲမေ၂ယောက်ထားတယ် ထမင်းလည်းအရေးတကြီးချက်ကျွေးတယ် ရောက်ခါစ ဆိုတော့ မိန်းကလေးတွေရော ယောင်္ကျားလေးတွေရောလာကြ သတင်းမေးကြပေါ့ ထောက်လှမ်းရေးတာဝန်ခံ သန်းဇော် ကလည်း ရေအဆင်သင့် သုံးရအောင် ရေတစ်ပုံးဆွဲပြီးလာပို့တယ် ညရေးညတာထရင် မိန်းကလေး၂ယောက်ကိုနှိုးဘို့ပြောတယ် ဆေးဆရာမ ဘောက်မိုင်တို့လည်းလာလည်ကြတယ် အနွေးထည်တွေလာပေးကြတယ် ဘာမှအားမနာဘို့ သားသမီးတွေနဲ့ နောက်နေ့ပေးတွေ့မှာဖြစ်တဲ့ အကြောင်းပြောပြကြတယ် မိန်းကလေးအုပ်စုက သူတို့မိဘတွေလာသလို မျိုးပျော်နေကြတယ် အဲဒီနေ့ကမောမောနဲ့အိပ်ရာဝင်လိုက်ကြတယ်။ ( ၂၀.၃.၁၉၉၂ ) မနက်စောစောထတော့ ကုတင်ခြေရင်းမှာ ရေတွေနင်းမိလို့အန်တီစန်းကိုပြောလိုက်တယ် အန်တီစန်းကတရေးနိုးတော့အပြင်မထွက်ရဲဘူး ကင်းတွေနဲ့တွေ့ရင်လူမှားပစ်မှာစိုးလို့ဆိုပြီး ကျွတ်ကျွတ်အိတ်ထဲ အပေါ့သွားပြီး ကုတင်တိုင်မှာချိတ်ထားလိုက်တာတဲ့ ကျွတ်ကျွတ်အိပ်ကို ကြည့်တော့အပေါက်ကြီးနဲ့ ဘာမှမရှိတော့ဘူး မြေကြီးမှာရောက်ကုန်တာပေါ့ ပြောပြောပြီးရီမိကြတယ် မနက်ကျတော့ဥက္ကဋ္ဌလည်းတဲပေါ်တက်လာတယ် အေးအေးဆေးဆေး အားမနာဘဲနေကြဘို့ ကလေး တွေကိုပေးတွေ့မှာဖြစ်တဲ့အကြောင်းပြောတယ် ကိုယ့်ကိုလည်းအန်တီ့ကိုမြင်ဘူးတယ်တဲ့….ဟုတ်တယ်။ ဘောင်ဒရီလမ်းကကိုရဲတို့ဆီလာလာနေတာလို့ပြောတယ် အောင်ဇော်မင်းကိုလည်းသတိရကြောင်း ပြောပေးပါလို့ ပြောတယ် နောက်စကားနဲနဲပြောပြီးပြန်ဆင်းသွားတယ် အဲဒါအပြင်ထွက်ကြည့်ပြီး ကလေးတွေကို ဘယ်မှာထားသလဲ မေးတော့ ကိုယ်တို့ရှေ့က အလံတိုင်ရှိတဲ့ တောင်ကုန်းရဲ့နောက်က အနိမ့်ပိုင်းထဲမှာထားတယ်လို့ပြောတယ် ကလေးတွေ မိဘတွေရောက်တာသိပြီးပြီလားမေးတော့ မပြောရသေးဘူးလို့ပြောတယ် ကလေးတွေနဲ့ ဒီနေ့ပေးတွေ့မယ်ပြောတော့ ၀မ်းသာနေကြတယ် ရဲမေ၂ယောက်က ထောက်လှမ်းရေးတဲမှာ ထမင်းသွားချက်နေတုံး သက်လင်း(တာတီးပိုး)နဲ့ ဖိုးနှောင်းတို့က တစ်လှည့်စီ လာစောင့်ကြတယ် သူတို့ကိုလည်း သားတွေအကြောင်းမေးရတာပေါ့ ကိုရဲဆိုရင် ထုံဖြစ်လို့ ခြေတွေလက်တွေမြှောက်မရလို့ ဆေးထိုးလိုက်မှပျောက်သွားတယ်လို့ပြောတယ် ထောက်လှမ်းရေးလို့ထင်တဲ့ ကျောင်းသားတွေကိုဖမ်းပြီး ဘယ်လိုရိုက်တာ ဘယ်လိုစစ်တာ ဘယ်လိုသေနတ်နဲ့ပစ်လိုက်တာဆိုတာကို ဒီ၁၇နှစ်သားသာရှိသေးတဲ့ ထောက်လှမ်းရေးတပ်စုက တပ်သားတာတီးပိုးကမြိန်ရေယှက်ရေပြောပြနေတာ နားထောင်ရတာကျောထဲကစိမ့်ပြီး အရမ်းကိုရွံရှာမုန်းတီးသွားတယ် ကျောင်းသားအရွယ် လူငယ် အဖွဲ့အစည်းတွေထဲမှာ ၀ါရင့်လူသတ်သမားကြီးတွေလို ရက်စက်ယုတ်မာတဲ့လူသတ်ဝါဒဟာ ၀င်ရောက်နေပါလား ဘ၀တူဇာတ်တူသားကို စားနေကြတာပါလား။ ကွန်မြူနစ်ဝါဒတွေမှိုင်းမိ နေကြတာလား သူတို့အဖွဲ့အစည်းထဲမှာကွန်မြူနစ်တွေများ စိမ့်ဝင်နေသလားလို့ထင်ရတယ် ကိုယ်တို့အားလုံးကရောက်တာနဲ့ဘုရားရှီခိုး…ပုတီးစိပ်…ဂါထာရွတ်နဲ့တောင်ကုန်းတစ်ခုလုံး တရားသံ တွေဝေနေတယ် အဲဒါပဋ္ဌာန်း(၂၄)ပစ္စည်းမှာပါတဲ့ အဓိပတိပစ္စယောလို့ရွတ်တာကို ဒီထောက်လှမ်းရေးက ကလေးက မထိတထိပစ္စယောလို့ ပြောင်ဆိုသေးတယ်…..သြော်…တော်တော်အသိနက်တဲ့ကလေးပါလားလို့…သူ့ပြောကြားချက်အရ ကျောင်းသားတစ်ယောက်ကိုဖမ်းပြီး လက်ပြန်ကြိုးတုတ်ထားတာ အဲဒီကျောင်းသားက ဂါထာမန္တယားတွေရွတ်တော့ ကြိုးပြေသွားတာကို မင်းဂါထာကတယ်အစွမ်းထက်ပါလား နောက်မင်း ကြိုးမပြေရအောင် ရွတ်ချင်တဲ့ဂါထာရွတ်ဆိုပြီး လက်ဝါးကပ်တိုင်မှာကပ်ပြီး လက်ကောက်ဝတ်နှစ်ဘက်ကို ဓါးမြှောင်နဲ့ထိုးစိုက်ပြီး တစ်ညလုံးပစ်ထားလိုက်တာ သွေးလွန်ပြီးသေသွားတယ်လို့ ဂုဏ်ယူပြီးပြောတာ ရွံရှာစွာနဲ့ဘဲ နားထောင်နေရတယ် ။ မနက်၉း၀၀နာရီလောက် မနက်စာထမင်းကျွေးတယ် မုန်ညင်းနဲ့အာလူးကအမြဲပါတယ် ၀က်သား အာလူး၊ အမဲသားအာလူး၊ ကြက်ဥကြော် တစ်ပတ်(၂)ခါလောက် စားရတယ် ကျန်တာကမုန်ညင်းကို ချဉ်ရည်ချက်လိုက် ကြော်လိုက်၊ဂေါ်ဖီကြော်၊ မြေပဲကြော်၊အမျိုးမျိုးကို ရှိတာလေးနဲ့ဖြစ်အောင်ချက်ကျွေးတတ်တဲ့ တင်စန်းဦးနဲ့မငွေ တို့ကိုမမေ့ပါဘူး အေးကလည်းအေးတော့ ရောက်တဲ့နေ့ကစပြီး မီးဖိုမှာမီးလှုံရင်း စကားပြောရတယ် ရန်ကုန်မှာနွေဖြစ်ပေမယ့် အဆများစွာအေးတယ် ညရောက်တော့ဂွမ်းကပ်တွေကရေခဲတုံးလိုအေးစက်နေတယ် တော်တော်နဲ့ မနွေးလာဘူး ထုတ်တန်းမှာဝါးလုံးတန်းပြီး တန်းမှာသံကြိုးတချောင်းချပြီး အဖျားမှာချိတ်တစ်ခုတပ်ပြီး ရေနွေးအိုးတည်ရတယ် ရုပ်ရှင်ထဲကသူပုန်စခန်းတွေမှာ ရေနွေးအိုးတည်တဲ့အတိုင်းဘဲ သားသမီးတွေ အသက်ရှင်ရေးအတွက် သက်စွန့်ဆံဖျား သူပုန်စခန်းလာပြီး သူတို့ဓလေ့ သူတို့ထုံးစံအတိုင်း နေရတာလို့ အောင့်မေ့မိတယ် ညနေစာစားပြီးတော့ ဒေါ်မြင့်မြင့်ကြည်ကို ဘိုဘိုနဲ့တွေ့ဘို့ခေါ်တယ် မကြာဘူးအရီကို ၀ဏ္ဏဇော်နဲ့တွေ့ဘို့ခေါ်တယ် နောက်တော့အန်တီကြီးနဲ့ အန်တီစန်းကို သူတို့သားသမီးတွေနဲ့ တွေ့ဘို့ခေါ်တယ် (၃)နှစ်ကျော်လောက် သားသမီးတွေနဲ့မတွေ့ရတော့တာ ခုမှပြန်တွေ့ရတော့ ဝမ်းသာဝမ်းနဲဖြစ်ကြတာပေါ့ အန်တီကြီးကနှလုံးရောဂါရှိတော့ စိတ်ထိမ်းပါလို့မှာရတယ် မမြင့်ကြည်နဲ့အရီကို သူတို့သားတွေနဲ့ပေးတွေ့ပြီး ဥက္ကဋ္ဌ တဲမှာ VIDEO ကြည့်ဘို့ ခေါ်သွားတယ်တဲ့ အန်တီကြီးနဲ့အန်တီစန်းကည၁၀း၀၀နာရီကျော်တဲ့အထိပြန်မလာဘူး တဲမှာက ကိုယ်ရယ် ကိုမောင်မောင်ရယ် ရဲမေ၂ယောက်ရယ်ကျန်တယ် အဲဒါဒီနေ့တော့ မတွေ့ရတော့ဘူး ထင်ပြီး အိပ်ယာထဲ ၀င်အိပ်နေလိုက်တယ် ၁၅မိနစ်လောက်ကြာတော့ ကျောင်းသားရဲဘော်တစ်ယောက်က အန်တီစိန်ရေဆိုပြီးလာခေါ်တယ် မှောင်မဲမဲမှာသူတို့ကိုတွဲပြီးတောင်အောက်ဆင်းလိုက်သွားတယ် အောက်ရောက်တော့ မနေ့ကတည်းကကွဲသွားတဲ့ ဦးအေးနိုင်ကိုတွေ့တယ်။ ခဏနေတော့ ဦးအေးနိုင်သား ကျော်နိုင်ဦးနဲ့ ကိုယ့်သား ရဲလင်းတို့နှစ်ယောက်တွဲဝင်လာတယ် ၀င်လာလာချင်းမိဘတွေကို ထိုင်ကန်တော့ကြတယ် သားတို့မေမေတို့လာမှန်းသိလားဆိုတော့ မနက်ကသိတယ်တဲ့ ခုလည်းသူများတွေ လာလာခေါ်လို့ သူတို့ကိုလည်းလာခေါ်မှာဘဲဆိုပြီး စောင့်နေကြတာတဲ့ အသားကလည်းမဲတူး ခြေတွေလက်တွေကလည်း မဲတူးညစ်ပတ်လို့ မီးသွေးအိတ်ထမ်းတဲ့လူတွေရဲ့ ခြေလက်တွေကမှ သန့်ဦးမယ် တွေးရင်းစိတ်မကောင်းဖြစ်လိုက်တာ မငိုမိအောင်စိတ်ထိမ်းထားရတယ် ထောက်လှမ်းရေးတာဝန်ခံသန်းဇော်ရယ် ရုံးအုပ်တစ်ယောက်လက်နှိပ်စက်ရိုက်တယ် ကျန်တာက နေဒွန်းတို့သက်ထွန်းတို့ပေါ့ သူတို့ရှေ့မှာဘဲ ကဲ မင်းတို့လုပ်ခဲ့တဲ့လုပ်ရပ်တွေ မင်းတို့မိဘတွေကိုပြော လိုက်ဆိုတော့ သားက သူန၀တထောက်လှမ်းရေးအလုပ်ကို ၁၉၈၅ထဲကလုပ်တာတဲ့ ငွေယားတောင်ကို ဗိုလ်သင်တန်းသွားဖြေတာမဟုတ်ဘူး ထောက်လှမ်းရေးသင်တန်း(၆)လသွားတက်ရတာ အဲဒီထောက်လှမ်းရေးအလုပ် လုပ်ဖို့ အဖေကဆက်သွယ်ပေးတာ ဘဏ်မှာလုပ်တာက ထလရ အလုပ်ကိုကာဘာယူဘို့လုပ်တာ လစာ၅၅၀ ကျပ်ရတာကိုလည်း အမေမသိအောင် သုံးပစ်တာတဲ့ သူပြောတာတွေနားထောင်ပြီး ကြောက်လို့ လန့်လို့ လိမ်ပြီးပြောတဲ့ လိမ်စဉ်ဇာတ်လမ်းဆိုတာ ကိုယ့်ရင်ထဲမှာသိနေတယ် ယုံလည်းမယုံဘူး ရင်ထဲမှာ သရောသရီရီနေရတယ် တစ်လျှောက်လုံးလည်း VIDEO ကရိုက်နေတယ် ဒါပေမယ့်ကိုယ်ကပြန်ပြောလိုက်တယ် သားကိုမေမေသိတာက ကျောင်းသားအရေးကိစ္စနဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတာလို့ဘဲသိတယ် မင်းကိုဒီလိုအလုပ် လုပ်နေတယ်ဆိုတာလည်း မသိဘူး မင်းအဖေလည်းဒီစာရတော့ တက်တခေါက်ခေါက် ဖြစ်နေတယ် လို့ပြောလိုက်တယ်။ အဲဒီတော့သန်းဇော်က ဒီအလုပ်လုပ်ခိုင်းတာ မိဘတွေမသိဘဲ လုပ်ခိုင်းတာဘဲ ဘယ်မိဘသိမလဲလို့ပြောတယ် ကိုယ့်စိတ်ထဲမှာ ငါ့သားဟာ န၀တ ထောက်လှမ်းရေးမဟုတ်ဖူး ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေတဲ့ ကျောင်းသားဘဲ လို့ငြင်းလိုက်ချင်တာအသဲကိုယားနေတာဘဲ ဒါပေမယ့်ကိုယ်တို့က လက်နက်မဲ့ သူတို့မှာအချိန်မရွေးသတ်လို့ရတဲ့ လက်နက်တွေရှိတယ် သူတို့လက်ခုတ်ထဲကရေဖြစ်နေတော့ ရေငုံနှုတ်ပိတ် နေရတယ်။ အိမ်ကအစ်မတွေ ညီတွေညီမတွေအကြောင်းမေးတယ် အစ်ကိုနဲ့အစ်မအိမ်ထောင်ကျသွားပြီဆိုတဲ့အကြောင်း အဖေနဲ့အမေအသက်ကြီးလာပြီဖြစ်လို့ သားကိုဘဲအားကိုးစရာရှိတဲ့အကြောင်း….ပြောတော့ သားကသူတို့ဘက်လှည့်ပြီး ကျနော်ဘဲအကြီးဆုံးရှိတော့တာ အမေအဖေတို့ကိုလုပ်ကျွေးဘို့ ပြန်လိုက်သွားမယ်လို့ပြောတယ် အဲဒါပြောဆိုပြီးတော့ သူ့ကိုလည်းထောင်ထဲပြန်ထည့် ကိုယ်တို့လည်း တောင်ကုန်းပေါ်ပြန်တက်ခဲ့ ရတယ် တဲကိုပြန်ရောက်တော့ ၀ိုင်းမေးကြတာပေါ့ ကလေးတွေအားလုံးက ပြန်မယ်ပြောတဲ့အကြောင်း ကလေးတွေကျန်းမာရေးအခြေအနေ မကောင်းတဲ့အကြောင်း ပြောကြတယ် ထောက်လှမ်းရေးတဲမှာဘဲ မိဘတစ်ဦးချင်းရဲ့ကိုယ်ရေးရာဇ၀င်ရေးပြီး ကိုယ့်ရဲ့သားသမီးတွေပြောပြချက်အရ ထောက်လှမ်းရေးလုပ်မှန်းသိရပါတယ် နောက်နောင်ကို မလုပ်စေရပါဘူး ဒီကိုလာတာလည်းန၀တက သွားချင်သွား…မသွားနဲ့လို့လည်းမပြောဘူး….သွားပါလို့လည်းမပြောပါဘူးလို့ ပြောတယ်ဆိုတဲ့အကြောင်း ၀န်ခံလက်မှတ်ရေးထိုးခဲ့ရတယ် အားလုံးလည်း ဒီစာသားအတိုင်း လက်မှတ်ရေးထိုးခဲ့ရတာပါ ကလေးတွေနဲ့တွေ့ရတော့ နဲနဲစိတ်ချမ်းသာပြီး အိပ်ပျော်သွားကြတယ်……

ABSDFမြောက်ပိုင်းသတ်ဖြတ်မှုများနှင့်မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း-အပိုင်း(၁)

ABSDFမြောက်ပိုင်းသတ်ဖြတ်မှုများနှင့်မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း-အပိုင်း(၁) by Ko Lin Wai Aung on Tuesday, March 6, 2012 at 6:00am ( ၃.၃.၁၉၉၂ ) ဒီနေ့ဒီရက်ဟာဖြင့် ကိုယ့်အဖို့ ဘယ်လိုမှမျှော်မှန်း မထားမိခဲ့တဲ့ အရာတခုကို တွေ့ကြုံရလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး။နံက်၉နာရီအရောက် အလက(၄) ကို စတုတ္ထတန်းအဖြေလွှာစစ်ဆေးဘို့ အတွက်အိမ်က ထွက်လာခဲ့တယ် ကျောင်းရောက်တော့ကိုယ် စစ်ဆေးရမဲ့ ENGLISH ဘာသာရပ်အတွက် နံပါတ် ၁+၂+၃ ကိုစစ်ဆေးရတယ် ဒီနေ့မှာလဲကျောင်းအလုပ်တွေက ဆုံနေတော့ ဒီကပြီးရင် အခြေခံပညာသွားဘို့ ချိန်းထား တာလဲရှိတာနဲ့ ကိုယ်စစ်ရမဲ့နံပါတ်တွေအပြီးစစ်ဆေးပြီးရင် နေ့လည်တစ်နာရီလောက် အခြေခံပညာသွားဘို့ အုပ်စုခေါင်းဆောင် ဆရာမကြီးကိုခွင့်ပန်လိုက်တယ် ဆရာမကြီးကလည်း ခွင့်ပြုတယ် ဒါနဲ့နေ့လည်တစ်နာရီမှာ ကိစ္စပြီးပြီမို့ မြို့နယ်ပညာရေးမှူးရုံးကို ဆိုက်ကားနဲ့ထွက်လာလိုက်တယ် ရုံးရှေ့လဲရောက်ရော ကိုယ့်ကျောင်းကအထွေထွေလုပ်သားနဲ့ အမက(၁၆)က အထွေထွေလုပ်သား(၂)ယောက် ထိုင်နေတာတွေ့ရတယ် တွေ့တွေ့ချင်းဘဲကိုယ့်ကျောင်းက အထွေထွေလုပ်သားက ဆရာမကြီးအိမ်က စာလာပေးတယ်ဆိုပြီး စာထုတ်ပေးတယ် အိမ်ကစာပေးလာတယ်ဆိုတော့ ကိုယ့်ရင်ထဲထိတ်သွားတာပေါ့။ စာကိုထုတ်ဖတ်လိုက်တော့ သူငယ်ချင်း ဆရာမကြီးက ရေးပေးလိုက်တဲ့စာ အိမ်မှာဧည့်သည်နှစ်ယောက် ရောက်နေလို့ အမြန်ပြန်လာဘို့ နောက်ပြီး သားကိစ္စဆိုတာလဲပါတယ် ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိတဲ့ သားဆီက လူကြုံလာတယ်ဆိုတော့ ၀မ်းသာအားရနဲ့ ဆိုက်ကား ငှားပြီး အိမ်ကိုအမြန်ဆုံးပြန်လာတယ် ရုံးကိုလဲ ကိုယ့်အထွေထွေ လုပ်သားနဲ့ဘဲ အခြေခံပညာမသွားတော့ဘူးလို့ ပြောခိုင်းလိုက်တယ် အိမ်ကိုကားစီးသွားရင်တစ်ကျပ်ပဲကုန်မယ်ဆိုတာ သိရဲ့သားနဲ့ ကားစောင့်ရင်ကြာမှာစိုးလို့ ဆိုပြီး ဆိုက်ကားငှားစီးသွားတာ ဆိုက်ကားကလဲနှေးလိုက်တာ ရောက်ချင်ဇောနဲ့ ဆင်းပြီးတောင် ပြေးချင်စိတ် ပေါက်လာတယ် နောက်မှဘဲ အချိန်တန်တော့ရောက်မှာဘဲဆိုပြီး ကြိတ်မှိတ်ပြီး လိုက်လာတယ် ဒါနဲ့အိမ်နားရောက်လာတယ် အိမ်ကိုအမြန်ပြေးဝင်လာတာပေါ့ အိမ်ထဲကိုမ၀ံ့မရဲနဲ့ဝင်လာတော့ ကိုယ့်အမျိုးသားနဲ့ ဧည့်သည်(၂)ယောက်တွေ့ရတယ် ကိုယ်ကလဲ ကိုယ့်အမျိုးသားကို ရှင်ကဘယ်လို ရောက်နေတာလဲ မေးတော့ မင်းရဲ့သမီးစုနန္ဒာလွင် ဖုန်းဆက်လို့ ပြန်လာရတာတဲ့။ “ကဲမင်းသားရေးလိုက်တဲ့ စာဖတ်အုံးဆိုတော့ ဧည့်သည်နှစ်ယောက်ကို နှုတ်မဆက်မိဘဲ စာကိုအလောတကြီး ဖတ်လိုက်တယ် စာထဲမှာက အဖေနဲ့အမေတဲ့ ကျွန်တော်ဟာ န၀တ ထောက်လှမ်းရေးလုပ်မိလို့ ကျွန်တော့်ကို ကျောင်းသားတပ်မတော်က ဖမ်းထားပါတယ်တဲ့ အဲဒါ ကျွန်တော့်ရဲ့အသက်ရှင်ရေးအတွက် အဖေနဲ့အမေ တယောက် ယောက်လာရောက် အာမခံပြီးခေါ်မှ အသက်ချမ်းသာရမှာလို့ သူရှိရာတပ်စခန်းကို အမြန်ဆုံးလိုက်လာဘို့ ခေါ်တဲ့ စာဖြစ်နေတယ်” ဒါနဲ့ကိုယ်လဲအရမ်းကို စိတ်တွေထူပူလာပြီး ဒီစာကိုဘယ်လိုရတာလဲ ဘယ်သူကပေးလိုက်တာလဲ မေးတော့ စောစောက ဧည့်သည်နှစ်ယောက်ထဲက ကိုမောင်မောင်ဆိုတဲ့သူက သူပြီးခဲ့တဲ့ဇန္န၀ါရီလက သူ့ညီလဲ အဲဒီထဲရောက်နေတာ အရဲစွန့် သွားတာ ဟိုရောက်တော့ကျောင်းသား(၈၀)ကျော်ကိုဖမ်းထားပြီး န၀တ ထောက် လှမ်းရေးလို့စွပ်စွဲပြီးတော့ (၁၅) ယောက်ကိုသတ်လိုက်ကြတယ် ကျန်တဲ့(၆၅)ယောက်ထဲက စီစစ်ပြီး မိဘလက် ထဲပြန်အပ်သင့်တဲ့သူကို ပြန်အပ်မယ် သူတိုနဲ့လက်တွဲရမယ့်လူကို ဆက်ပြီးလက်တွဲမယ်ဆိုပြီးတော့ သူ့ညီအပါ အ၀င် ကျွန်မတို့မိဘ(၆)ဦးနဲ့ ပေါင်း(၇)ဦးကိုခေါ်ပေးပါဆိုလို့ ဒီစာနဲ့အတူလာရတဲ့အကြောင်း စခန်းကို(၂၀)မတ် အရောက်သွားရမဲ့အကြောင်း လိုက်မယ်ဆိုရင်လဲမန္တလေးကို (၁၂.၃.၉၂) အရောက်လာဘို့အကြောင်း ပြောပြီး သူ့လိပ်စာနဲ့ သူ့ကိုမယုံမှာစိုးလို့ မန္တလေးထောက်လှမ်းရေးကဗိုလ်ကြီးနာမည်နဲ့ ဖုန်းနံပါတ်ကိုပေးတယ်။ လှမ်းပြီးမေးကြည့်ပါတဲ့…နောက်ပြီးလိုက်မယ်ဆိုရင် ကလေးတွေအတွက်အ၀တ်အစား ကိုယ်တို့လိုက်မဲ့ သူတွေအတွက် အနွေးထည် ခြေအိပ် လက်အိပ် ခေါင်းစွပ်ကစ လုံလုံလောက်လောက်ယူခဲ့ဘို့ အကြောင်းနဲ့ ရန်ကုန်ကကိုယ်နဲ့ ဘ၀တူလိပ်စာတွေလဲပေးခဲ့တယ် ကိုယ်လဲဒါဖြင့် နယ်မြေထောက်လှမ်းရေးကို သတင်းပို့မှဖြစ်မယ်ဆိုတော့ ရပါတယ်ပို့ပါတဲ့ သူလဲအားလုံးကိုသတင်းပို့ပြီးမှ လာတာပါလို့ပြောတယ် အဲဒီလိုပြောနေတုံးမှာဘဲ နယ်မြေထောက်လှမ်းရေးက (၂)ယောက်ရောက်လာပြီး ဧည့်သည်(၂)ယောက် ကိုအကျိုးအကြောင်းမေးတော့ ကိုမောင်မောင်က သူသွားခဲ့ရပုံနဲ့ ခုထိအခြေအနေကိုရှင်းပြတယ် ဒါနဲ့ကိုမောင်မောင်တို့နှစ်ယောက်နဲ့ ကျွန်မသား စာကိုပါယူသွားပြီး ကားနဲ့ခေါ်သွားတယ် ဒါနဲ့ဘဲကိုယ်လဲ ကိုမောင်မောင်နဲ့ စကားသိပ်မပြောလိုက်ရဘူး ခေါ်သွားတယ်ဆိုတော့ စိတ်ထဲမှာထင့်နေတာပေါ့ လိမ်တဲ့လူဆိုရင်တော့ ဘာဖြစ်ဖြစ်ပေါ့ စေတနာနဲ့လာတဲ့သူတွေဆိုရင် အားနာစရာတွေဖြစ်ကုန်ပြီပေါ့ဆိုပြီး စိတ်မကောင်းဘူးပေါ့လေ။ ဒါနဲ့ကိုယ်တို့လင်မယားနှစ်ယောက်ပဲကျန်တော့ ကဲ မင်းဘဲလိုက်ရမှာ မင်းသားကိစ္စဘဲ ငါ့တော့ကို မောင်မောင်က မလိုက်ရဘူးပြောတယ် ဒါနဲ့ကိုယ်လဲလိုက်မယ်လို့ဆုံးဖြတ်လိုက်တယ် ကဲ ကိုယ်လိုက်ရင် ကိုယ့်ကို ဟိုဘက်ကသူပုန်က သတ်ပစ်ရင်ဘယ်လိုလုပ်မလဲ မတတ်နိုင်ဘူးလေ သတ်ပစ်လဲသတ်ပစ် ဖမ်းလဲဖမ်းပါစေ ငါ့သားအသက်ရှင်ရေးအတွက် သွားကိုသွားမယ်လို့ ဆုံးဖြတ်လိုက်တယ် အဲဒါနဲ့ဘဲ ကန်ဘဲ့လမ်းက အန်ကယ်ကြီးရောက်လာတယ် စာလာတယ်ဆိုတဲ့ အကြောင်းနဲ့ သွားရင်အား လုံးတိုင်ပင်ပြီး သွားကြဘို့လာပြောတယ် ၀ဏ္ဏဇော်အိမ်ကိုလာရှာတာ မတွေ့သေးတဲ့ အကြောင်းပြောတယ် ကိုယ်လဲသူတို့ ဇီးကွက်မှတ်တိုင်နားမှာ နေတဲ့အကြောင်း သွားပြောပေးမယ်ဆိုတဲ့အကြောင်း ပြောလိုက်တယ် အန်ကယ်ကြီးတို့က ဖေဖေါ်ဝါရီလမတိုင်ခင်ကတည်းက သိနေတယ်ဆိုတာ နောက်မှသိရတယ် ကိုမောင်မောင်လဲ သာယာဝတီနဲ့ပဲခူးကမိဘတွေဆီ ဆက်ပြီးသွားရမှာဆိုတဲ့အကြောင်း သိရတယ်။ စာရတဲ့နေ့ကကိုယ်တို့လင်မယားနှစ်ယောက် မအိပ်နိုင်ကြဘူး သားဆီကစာအကြောင်းဘဲစဉ်းစားနေကြတယ် စစ်တပ်ကဘဲဖမ်းမိလို့ နယ်စပ်တနေရာကနေခေါ်ပြီး မိဘထံပြန်အပ်ဖို့လား ABSDF ကဖမ်းထားတာဆိုတော့ ကိုယ့်သားကစပြီးလှုပ်ရှားကတည်းက ကျောင်းသားဖက်က ဒီမိုကရေစီရရှိဘို့အတွက် ဆန္ဒပြပွဲတွေမှာပါတယ် ပါတီထောင်ပြီး ဒုဥက္ကဋ္ဌလုပ်တယ် နောက် န၀တ အစိုးရကဖမ်းမှာစိုးလို့ တိမ်းရှောင်နေတယ်ဆိုတာ ဘဲ သိတယ် ဘယ်နေရာရောက်နေလဲဆိုတာမသိဘူး ဒါပေမယ့် သူတို့ဟာ န၀တ ဆန့်ကျင်ရေးလုပ်တဲ့သူတွေဆို တော့ တောတွင်းတနေရာရောက်နေမှာဘဲလို့ထင်တယ် နှစ်ကလည်း(၂)နှစ်ကျော်ပြီဆိုတော့ သူ့အတွက် စွန့် လွှတ်ပြီး ပူပန်သောကတွေကို ဘုရားနဲ့ဖြေပြီးနေရတယ် ဘုရားဖက်တော့ အသက်ရှည်ဆိုသလို ကိုယ်လဲ အရင် ကလို တပိန်ပိန် တလိန်လိန် မဟုတ်တော့ဘူး ကျန်းမာရေးကောင်းပြီး စိတ်ချမ်းသာမှုရနေတာပေါ့လေ တနေ့တော့မသေရင် ပြန်တွေ့ရမှာဘဲလို့ ယူဆပြီးစိတ်ဖြေနေရတယ်။ ဗေဒင်တို့အကြားအမြင်တို့မေး လိုက်ရင်လည်း အသက်ရှင်လျှက်ရှိတယ် မကြာခင်သတင်းစကားဖြစ်စေ လူဖြစ်စေအဆက်အသွယ်ရမယ်လို့ ဟောထားတော့ ငါ့သားတော့မသေသေးဘူး လို့ဆိုပြီး စိတ်ကိုဖြေနေရတဲ့အချိန်မှာ ဒီစာကိုရလာတော့ အိပ်မ ပျော် စားမ၀င်နဲ့ တိုင်ပင်လိုက် ဆွေးနွေးလိုက်နဲ့ အဲဒီညကအချိန်ကုန်တာပါဘဲသူ့အစ်မကြီးရှိတဲ့ ဒဂုံမြို့သစ်ကိုသွားပြောခိုင်းလိုက်တော့ ၀မ်းသာလွန်းလို့ သူလာခဲ့မယ်ဆိုတာပြောလိုက်တယ် သတင်းအစအန ပျောက်နေတဲ့ သားဆီက စာလေးတစောင် ရောက်လာလို့ တအိမ်သားလုံး ၀မ်းသာမဆုံး တွေးတောမဆုံး ဖြစ်နေရတယ်။ ( ၄.၃.၁၉၉၂ ) ကိုယ်တို့ကျောင်းကလည်း မပိတ်သေးတော့ စိတ်တွေလှုပ်ရှားနေပေမယ့် ကျောင်းကိုသွား ရုံးကိုသွားနေရတယ် ရုံးမှာလဲဖွံ့ဖြိုးရေးကိစ္စကရှိနေသေးတော့ ရုံးကိုအမြဲသွားနေရတယ် ကိုယ့်ကိစ္စလဲလုပ်ရင်း၊ ကျောင်းကိစ္စလဲ လုပ်ရင်း ပေါ့လေ ရုံးရောက်တော့ အစ်မကြီးလိုခင်တဲ့ ဆရာမကြီးကိုပြောပြတော့ ညကBBC ကလည်းကျောင်း သားတွေအကြောင်း အသံလွှင့်တဲ့အကြောင်းပြောတော့ ပိုပြီးစိတ်ပူနေတာပေါ့ ကိုမောင်မောင် ပြန်လာတာက ကြာပြီဆိုတော့ ဒီကြားထဲမှာများ သတ်များသတ်ပစ်လိုက်ပြီလား အသက်မှရှိသေးရဲ့လားနဲ့ ပူနေရတာပေါ့ အမျိုးသားကလည်း သူရုံးမသွားခင် ဗဟိုထောက်လှမ်းရေးကဗိုလ်မှူးတစ်ယောက်နဲ့ ဗိုလ်ကြီးတစ်ယောက်လာတဲ့ အကြောင်း ဒီစာကိုရတဲ့အတွက်သွားပါလို့မတိုက်တွန်းကြောင်း မသွားပါနဲ့လို့လဲမပြောလိုကြောင်း လူမှုရေးကိစ္စ ဖြစ်နေတော့ သူတို့အနေနဲ့ဘာမှမပြောလိုကြောင်း တကယ်လို့သွားမယ်ဆိုရင်လည်း သူတို့ဆီကို သတင်းပို့ပါလို့ ပြောသွားတဲ့အကြောင်းနဲ့ NATIONS သတင်းစာမှာ - ကျွန်မတို့ကလေး( ၇ ) ယောက်ထဲက(၃) ယောက်နဲ့ တစ်ခြားကလေး(၂)ယောက် (၅) ယောက်ပုံပါလာပြီး ကျောင်းသားတွေရဲ့လုပ်ရပ်ကို ရေးထားတဲ့ အကြောင်း ဓာတ်ပုံလည်းပြတယ်တဲ့ အဲဒီထဲကမိန်းကလေးက အန်ကယ်ကြီးသမီးဖြစ်နေတယ် ဒါနဲ့ကိုယ်တို့လင်မယားလည်း မအိပ်နိုင်မစားနိုင်နဲ့ သားရဲ့စာသားရဲ့ကိစ္စကိုဘဲ အမျိုးမျိုးထင်ကြေးတွေ ပေးပြီး တစ်ညကုန်ရတော့တာပါဘဲ။ (၅.၄.၁၉၉၂)-ဗုဒ္ဓဟူးနေ့ ဒီနေ့မှာလည်း ရုံးနဲ့ကျောင်းကိုဘဲဆက်သွားနေရတယ် အမျိုးသားကိုလည်းသွားဘို့ကိစ္စ ၀ိုင်းပြီးငွေရှာ ပေးဘို့ပြောတယ် သူလည်းမရှာတတ်ဘူးတဲ့ ပိုက်ဆံမရှိရင် မသွားနဲ့လို့လည်းပြောပြန်ရော ဒါနဲ့ကိုယ်လည်း ကျောင်းနဲ့ရုံးကိုသွားတယ် အဲဒီနေ့လုပ်သားသတင်းစာထဲမှာ မကဒတ(မပ)ကကျောင်းသား(၈၀)ဖမ်းပြီး န၀တ ထောက်လှမ်းရေးလို့ စွပ်စွဲထာတဲ့အကြောင်း (၁၅)ဦးကိုသတ်ပြီး ကျန်တဲ့သူတွေကို မိဘဆီအပ်မည့်သူနဲ့ သူတို့နဲ့ပြန်လက်တွဲမည့်သူ တွေကိုစီစစ်နေတယ် ဆိုတဲ့သတင်းလဲဖတ်ပြီးရော ရုံးကခွင့်ယူထားတဲ့လူက သူ့သားအတွက်အရမ်းစိတ်ပူသွားပြီး ရုံးသွားတက်တယ် ညနေကျတော့ ငွေ၃၀၀၀ကျပ် ကိုယ့်ကိုလာပေးတယ် ငါ့သားဆီလိုက်သွားဖြစ်အောင်လိုက်သွားတဲ့ သားကိုအပါခေါ်လာခဲ့ဆိုပြီးမှာတယ် အဲဒီနေ့မှာဘဲ မနက်ပိုင်း ၀ဏ္ဏဇော်အမေ ဒေါ်ရီရီခင်ဆီသွားတော့ သူအတော်အံ့သြနေတယ် ကိုယ်ကသာ သူ့သားပါမှန်းသိတာကိုး သူကကိုယ့်သားပါမှန်းမသိဘူး ဒါနဲ့လိုက်ဘို့ မလိုက်ဘို့မေးတော့ ဆွေမျိုးတစ်ချို့က မလိုက်နဲ့ တစ်ချို့ကလည်းလိုက်သွား သမီးကလည်းမလိုက်စေချင်ဘူး ငွေရေးကြေးရေးကလည်းရှိသေးတယ် တဲ့ ကိုယ်ပါမှန်း လိုက်မယ်မှန်းသိတော့ သူလိုက်မယ်တဲ့ အစကတော့ မသိတဲ့သူတွေနဲ့ သွားရမှာဆိုတော့ သူလိုက်ဘို့စဉ်းစားနေရတယ်တဲ့ ကိုယ်လည်းသူပါတယ်ဆိုတော့ အားရှိသွားတာပေါ့ လမ်းမှာဘာကိစ္စဘဲဖြစ် ဖြစ် ကိုယ်နဲ့တိုင်ပင်ဖေါ်ရတာပေါ့။ ညနေကျတော့အန်ကယ်ကြီးတို့လင်မယားရောက်လာကြတယ် အတူသွားရမဲ့လူတွေရင်းနှီးအောင်လို့ ဆိုပြီး ခေါ်လာတဲ့အကြောင်းနဲ့ သားတွေသမီးတွေရေးပေးလိုက်တဲ့စာကို လဲလှယ်ဖတ်ကြည့်တော့ လက်ရေးမတူ ပေမယ့် စာသားကတစ်ပုံစံတည်းဖြစ်နေတာတွေ့ရတယ် ဒါဆိုတွေးရတာပေါ့လေ အကြပ်ကိုင်ပြီးရေးခိုင်းတာ လား လို့တော့ မိဘတွေကတွေးကြတာပေါ့ မိဘတိုင်းကသားသမီးတွေဟာ ဘာအတွက်လုပ်တယ်ဆိုတာ သိတာဘဲ ဒီလို န၀တ ထောက်လှမ်းရေး လုပ်တယ်လို့ ရေးထားတာ လိမ်ညာပြီး ရေးတယ်ဆိုတာ အားလုံးကသိနေကြတယ် သူတို့ရဲ့အသက်ဘေး ကြောင့်ရေးရတာဆိုတာကိုလည်း တွေးမိပါတယ်။ သွားဘို့ရက်ကိုလည်း ( ၁၁.၃.၁၉၉၂ ) ရက်နေ့သွားဘို့ဆုံးဖြတ်ထားကြတယ် သားသမီးတွေကိုပထမ မွေးဖွားစဉ်က ဆေးရုံမှာအသက်စွန့်ပြီးမွေးခဲ့ရသလို ခုလဲသားသမီးတွေကို ဒုတိယအကြိမ်မွေးဖွားပေးကြရမှာ ဖြစ် တဲ့အကြောင်း ဒီတစ်ခါမွေးဖွားရတာက ပထမအကြိမ်မွေးဖွားတာထက် ခက်ခဲပြီး ပိုပြီး အသက်စွန့်ရမှာဖြစ်ကြောင်း ပြောဖြစ်ကြတယ် ကိုယ်ကလည်းမန္တလေးကို လုံးဝမရောက်ဖူးတော့ အန်ကယ်ကြီးတိုနဲ့တဲတာကအစ နေတာအဆုံး အတူလိုက်မယ်လို့ ပြောလိုက်တယ် အန်ကယ်ကြီးကလက်မှတ်ဝယ်တဲ့အခါ အထက်တန်းလက်မှတ်ဝယ်မယ်လို့ ပြောသွားတယ် ကိုယ်တို့ကငွေရေးကြေးရေးကသူတို့လောက်အစဉ်မပြေတော့ ရိုးရိုးတန်းကဘဲလိုက်မယ်လို့ ပြောလိုက်တယ် အဲဒီအကြောင်း အမျိုးသားပြန်လာတော့ပြောပြတယ် သူက အထက်တန်းကဘာမှပိုကုန်တာ မဟုတ်ဘူး အထက်တန်းကဘဲသွားဆိုလို့အထက်တန်းကဘဲယူဘို့ဆုံးဖြတ်လိုက်တယ်။ ( ၆.၃.၁၉၉၂ ) နဲ့ ( ၇.၃.၁၉၉၂ ) မှာတော့ ကျောင်းကိစ္စ ရုံးကိစ္စနဲ့ဘဲအချိန်ကုန်တယ် ကျောင်းကဆရာမ တွေကို အကျိုးအကြောင်းပြောပြီး လွှဲစရာရှိတာလွှဲ မှာစရာရှိတာမှာနဲ့ဘဲအချိန်ကုန်သွားတယ် အိမ်ပြန်ရောက် တော့လည်း ကိုယ့်ဓာတ်ပုံ(၃)ပုံ သားအတွက်ဓာတ်ပုံစီစဉ်ရတယ် သားအတွက် လိုင်စင်ဓာတ်ပုံကမရှိတော့ ကျောင်းမှာ စာအုပ်ထုတ်တဲ့ကဒ်ပြားကပုံကိုဘဲကူးယူရတယ် ကူးလဲပြီးရော ဓာတ်ပုံပေါ်မှာ လုပ်သားကောလိပ်လို့ ပါနေတာ ကူးလိုက်တော့ လုပ်သားကပျက်ပြီး တပ်သားလို့ပေါ်နေတယ် အလိုလိုကမှ န၀တ ထောက်လှမ်းရေး လို့စွပ်စွဲနေရတဲ့အထဲ ဓာတ်ပုံမှာတပ်သားလို့ပါနေတော့ ကတ်ကျေးနဲ့ညှပ်ပစ်လိုက်ရတယ်။ ( ၈.၃.၁၉၉၂ ) ဒီနေ့မှာဒေါ်ရီရီခင်အိမ်သွားပြီး လက်မှတ်ဝယ်ဘို့ကိစ္စရှိတာကြောင့် အန်ကယ်ကြီးအိမ်(3/C )ကန်ဘဲ့ကို သွားတော့ ကိုယ်တို့ရှေ့မှာတင် ကားတစ်စီးဝင်သွားတယ် အထဲရောက်တော့ စမ်းချောင်းကဧည့်သည် (၂)ယောက် လည်းရောက်နေတယ် အားလုံးတိုင်ပင်ကြပြီး ဟိုရောက်ရင် ဘယ်လိုပြော ဘယ်လိုနေ ဆိုတာတွေ ကိုအန်ကယ်ကြီးက ပြောပြတယ် စမ်းချောင်းကဒေါ်မြင့်မြင့်ကြည်တို့သားအမိလည်း လိုက်မယ်လို့သိရတယ် လက်မှတ်ကို မနက်ဖြန်မနက် ၀ယ်ရအောင် ဘူတာကြီးမှာဆုံဘို့ချိန်းခဲ့ကြတယ် ပြီးတော့မှကိုမောင်မောင်တဲတဲ့ မြကန်သာဟိုတယ်ကို ဒေါ်ရီရီခင်နဲ့ သွားခဲ့ကြတယ် မတွေ့ခဲ့ရလို့စာရေး ထားခဲ့ရတယ် ည၉နာရီဖုန်းထပ်ဆက်မှတွေ့ရတယ် ကိုမောင်မောင်က ဦးဇော်ခင်သူတည်းတဲ့နေရာကို ဘယ်လို သိလဲမသိဘူး ရောက်လာပြီးတော့ ဟိုတယ်ရှေ့ကနေ မန္တလေးကMI နှစ်ယောက် ထွက်လာခဲ့ဆိုပြီး အော်နေတယ်တဲ့ ဆဲနေတယ်တဲ့ ချော့ခေါ်ပြီးအရက်နဲ့ဧည့်ခံလိုက်ရတယ်တဲ့ အရက်ဖိုးကိုလည်း ခင်ဗျားကMI ဆိုတော့ ဒီဘက်မှာစာရင်းပြတောင်းပေါ့ မဟုတ်လဲဟိုဘက်ကဆိုရင်လဲ ဟိုဘက်ကသူပုန်ဆီမှာစာရင်းပြ တောင်းဆိုပြီး ပြောသွားတယ်တဲ့ ကိုမောင်မောင်လည်းမနက်ဖြန်ည၉နာရီ ပြန်မယ်ဆိုတဲ့အကြောင်းပြောတယ် မန္တလေးကို၁၂.၃.၉၂ အ ရောက်လာမယ်ဆိုတာလည်းပြောလိုက်တယ်။ ( ၉.၃.၁၉၉၂ ) မနက်၎နာရီ ရထားလက်မှတ်သွားတန်းစီရတယ် လက်မှတ်တန်းစီတာကျော်ပြီးစီလို့ တရုပ်မ၃ယောက်နဲ့ စကားများရသေးတယ် အားလုံးအတွက် အထက်တန်းကချည်းရတယ် သာယာဝတီကတစ်ယောက်လည်းပါတယ် ပဲခူးကမိဘတစ်ယောက်က သူ့အစီအစဉ်နဲ့သွားပြီး မန္တလေးကျမှဆုံမယ်လို့သိရတယ် လက်မှတ်ဝယ်ပြီး မိဘတွေက ခုမှသိရတာဆိုပေမဲ့ ဘ၀တူတွေဆိုပြီး ပိုပြီးခင်မင်မှုရကြတယ် ရထားလက်မှတ်ရပြီးတာနဲ့ ကျောင်းမှာမိဘဆရာအသင်း အစည်းဝေးရှိလို့ သွားရတယ် နာယက(ရ၀တ)ဥက္ကဋ္ဌနဲ့စာရင်းစစ်(မိဘ)တို့လာတယ် ခရီးသွားမည့်အကြောင်း ကျောင်းကိုအပ်ထားခဲ့တဲ့အကြောင်း ပြောခဲ့ရတယ် လုပ်စရာရှိတာတွေ ဆရာမအတွင်းရေးမှူးနဲ့ အဖွဲ့ဝင် ဆရာမကို မှာခဲ့ရတယ် လုပ်ရမည့်လုပ်ငန်းတွေကို စီစဉ်ပေးခဲ့ရတယ်။ ( ၁၀.၃.၁၉၉၂ ) သွားမယ်ဆိုတာကိုလည်း ဗဟိုထောက်လှမ်းရေးကို ဖုန်းဆက်အကြောင်းကြားပြီးတော့ ကျောင်းကိုဆက် သွားရသေးတယ် ဆရာကြီးကိုဝင်တွေ့ပြီး သားကိစ္စသွားမယ့်အကြောင်းနဲ့ ခွင့်စာတင်ခဲ့တဲ့အကြောင်းပြောပြတယ် ပြောပြီးရုံးမှာ ဆရာမကြီးတစ်ယောက်နဲ့ ထိုင်နေတုံး ဗိုလ်ကြီးတစ်ယောက်ရောက်လာပြီး ခဏလိုက်ခဲ့ ပါဗိုလ်မှူးနဲ့ စကားပြောရအောင် ကျောင်းကိစ္စပြီးပြီလားဆိုတော့ ပြီးပါပြီဆိုပြီးလိုက်သွားတော့ ရုံးအပြင်မှာကားရပ်ထားတယ် ကားထဲမှာဝင်ပြီး စကားပြောကြတယ် ဗိုလ်မှူးက လိုက်သွားမယ်ဆိုတော့ ဘာတွေအကူအညီလိုသလဲ လိုအပ်တာ ပြောပါလို့ပြောတယ် ကိုယ်ကဘာမှမလိုပါဘူးလို့ပြောလိုက်တယ် ဒါဆိုရင်စကားပြောတာကအစ ဆင်ဆင်ခြင်ခြင် ပြောဘို့ကိုယ့်သားသမီးရရှိရေးအတွက် အတိုက်အခံပြောရတဲ့အချိန်မှာ တစ်ဖက်ကို ပုတ်ခတ်ပြီးမပြောဘို့ ပြောတယ် အဲဒီတော့ကိုယ်က ဗိုလ်မှူး ကျမဟာ ကျမလုပ်တဲ့ဆရာမအလုပ်ကို ၀ါသနာပါလွန်းလို့လုပ်လာတာပါ ၂၈ နှစ်တောင်ရှိပါပြီ ကျမအလုပ်ကိုထိခိုက်မဲ့စကား နိုင်ငံတော်ကိုထိခိုက်မည့်စကား သစ္စာဖေါက်တဲ့အလုပ်ကို မလုပ်ပါဘူးလို့ပြောတယ် အဲဒီတော့ဗိုလ်မှူးက နောက်ပိုင်းကျောင်းကိစ္စတွေကို သူတို့ကူညီလုပ်ပေးပါ့မယ် ဆရာကြီးကောပြောပြ ထားလားမေးတော့ အပြည့်အစုံတော့မပြောပြထားပါဘူး အရိပ်အမြွတ်လောက်တော့ သိပါတယ်လို့ပြောလိုက်တယ် ကောင်းပါတယ် အများကြီးသိတော့လည်း ကျွန်တော်တို့ဘက်ကဘာမှမဖြစ်ပါဘူးတဲ့ ဟိုဘက်က သိရင်ကလေးတွေ အတွက် အခက်အခဲဖြစ်မှာစိုးလို့ ပြောပြီး အားလုံးအစဉ်ပြေမှာပါလို့ပြောတယ် ကျမကရုံးမှာ နေခဲ့ပြီး ဒေါ်ရီရီခင်ကိုတော့ ဓာတ်ပုံရွေးစရာရှိတယ်ဆိုလို့ မြို့ထဲကိုလိုက်ပို့လိုက်ကြတယ် အိမ်ရောက်တော့ မနက်ခရီးထွက်ဘို့ လိုအပ်တာတွေ ၀ယ်ရတယ် ဒေါ်ရီရီခင်ကိုလည်း အိမ်လာအိပ်ဘို့မှာထားတာ ၈နာရီထိမလာသေးလို့ ဆိုက်ကားအသွားအပြန်ငှားပြီး လိုက်သွားတယ် ဘေးအိမ်ကစောစောကဘဲသုဝဏ္ဏကိုသွားတယ်ပြောလို့ပြန်ခဲ့ရတယ် အိမ်ရောက်တော့ သူရောက်နှင့်နေတယ် မနက်သွားဘို့စိတ်စောနေတော့ တစ်ညလုံးအိပ်မပျော်တော့ဘူး။ ( ၁၁.၃.၁၉၉၂ ) မနက်၂နာရီလောက်ထဲကနိုးနေကြတယ်….မနက်၎နာရီထိုးတော့သမီးတစ်ယောက်နဲ့အတူ ဘူတာကို ဆင်းကြတယ် ရထားပေါ်တက်တော့ အန်ကယ်ကြီးတို့လင်မယား၂ယောက်၊မမြင့်ကြည်တို့သားအမိ၂ယောက် သာယာဝတီကတစ်ယောက် နောက်မှဦးအေးနိုင်မှန်းသိတယ် ရထားထွက်တော့လိုက်ပို့တဲ့သူတွေပြန်သွားကြတယ် မနက်၆နာရီရထားထွက်တော့ ၀မ်းသာဝမ်းနဲပေါ့ ၀မ်းသာတာကများပါတယ် ဒုက္ခရောက်နေတဲ့ သားသမီးတွေကို သွားခေါ်ရမှာဆိုတော့ ၀မ်းသာနေကြတာပေါ့ ပဲခူးကျော်တာနဲ့ဝဲယာတောင်တန်းကြီးတွေ တွေ့ရ တယ် ပျဉ်းမနားကျော်တော့ ကိုယ်မရောက်ဘူးသေးတဲ့ဒေသမို့ အသစ်အဆန်းတွေဖြစ်နေတယ် မလှိုင်၊၀မ်းတွင်းရောက်တော့ မှောင်ပြီး ဘာမှမမြင်ရတော့ဘူး မန္တလေးရောက်တော့အန်ကယ်ကြီးတို့အဒေါ်အိမ်ကို သွားကြတယ် ရေမီးအစုံနဲ့ဆိုတော့ တည်းရတာအစဉ်ပြေပါတယ်။ ( ၁၂.၃.၁၉၉၂ ) မနက်စောစောထပြီး တို့ဟူးပျော့နဲ့ရှမ်းခေါက်ဆွဲသွားစားကြတယ် အန်ကယ်ကြီးကအားလုံးအတွက် ၀ယ်ကျွေးတယ် အဲဒီကမှ ၈၂လမ်းကကိုမောင်မောင်အိမ်ကိုသွားကြတယ် ကိုမောင်မောင်တို့သားအမိကိုမတွေ့ဘူး ထောက်လှမ်းရေးကခေါ်သွားလို့ဆိုပြီး စောင့်နေကြရတယ် ပဲခူးကအန်တီစန်းတို့လင်မယား လည်းရောက်နေကြတယ် မိတ်ဆက်ကြတယ် မကြာဘူးကိုမောင်မောင်တို့ရောက်လာကြတယ် နောက်ထောက်လှမ်းရေးက ဆရာကြီးတစ်ယောက်လာပြီး လိပ်စာနဲ့ကလေးတွေဓာတ်ပုံတစ်ပုံစီယူသွားတယ် ခရီးထွက်ဘို့ တစ်ယောက်၁၀၀၀ကျပ်စီ ပေါင်းကြတယ် ကိုမောင်မောင်က ခေါင်းဆောင်သွားမှာဆိုတော့ ပူးတဲ့ငွေသူ့ကိုအပ်ထားကြတယ် လားရှိုးလက်မှတ်ကို ကိုမောင်မောင်ဘဲ သွားဝယ်တယ် ကိုမောင်မောင်ဆီကအပြန် ဈေးချိုထဲမှာထမင်းစားပြီး ဘုရားကြီးကိုသွားကြတယ် တည်းတဲ့အိမ်မှာမနက်ကတည်းက ထမင်းချက်ထားပေမဲ့ ညနေကျမှစားဖြစ်ကြတော့တယ် တည်းတဲ့အိမ်ကိုလည်း ဘုရားဖူးလာတယ်လို့ဘဲပြောကြတယ်။ ( ၁၃.၃.၁၉၉၂ ) စောစောထ ရေမိုးချိုးပြီးမနေ့ကဆိုင်မှာဘဲ ရှမ်းခေါက်ဆွဲစားကြတယ် စားပြီးဈေးချိုဘက်သွား ကိုမောင်မောင်ဆီရောက်တော့ လက်မှတ်အစဉ်ပြေတာသိရတယ် ဒီအချိန်မှာထောက်လှမ်းရေးကဆရာကြီးနဲ့ အဖွားကြီးတစ်ယောက်ပါလာတာတွေ့ရတယ် မိဘတွေလိုက်သွားမယ်ဆိုလို့ သူလဲလိုက်ချင်တဲ့အကြောင်း ဇွတ်ပြောနေလို့ ခေါ်ခဲ့ရတယ်ဆိုတာပြောတယ် ကိုမောင်မောင်နဲ့အားလုံးကလည်း သက်ဆိုင်ရာမိဘတွေသာ ခေါ်ခိုင်းတာမို့ လူပိုမခေါ်ခဲ့ဘို့မှာထားတဲ့အကြောင်း ရှင်းပြပြီး စာပေးလိုက်မယ်ဆိုရင်တော့ ပေးပေးပါ့မယ်လို့ ပြောလိုက်ကြတယ်။ ( ၁၄.၃.၁၉၉၂ ) အန်ကယ်ကြီးတို့ဇနီးမောင်နှံက သူတို့အဖိုးအဖွားလက်ထက်က လှူဒါန်းခဲ့တဲ့ မိုးကုတ်ဝိပဿနာ ကျောင်းတိုက်ကိုလိုက်ပို့တယ် အန်ကယ်ကြီးတို့က လှိုင်းတက်မင်းသမီးအဆက်တွေလို့သိရတယ် အဖိုးအဖွားမိဘ တွေကအစ မင်းမှုထမ်းတွေဆိုတာသိရတယ် ရှမ်းစော်ဘွားအဆက်တွေဆိုတာလဲသိရတယ် မာနမကြီးဘဲ သဘောကောင်းလို့ ၀မ်းသာရတယ် သူတော်ကောင်းတွေနဲ့တွေ့ရတာဘဲလို့အောက်မေ့ရတယ် အန်ကယ်ကြီးတို့က ကျန်ခဲ့ပြီး အိမ်တော်ရာဘုရားကိုဆက်သွားကြတယ် ဈေးချိုမှာပစ္စည်းတစ်ချို့ဝယ်တယ် ကျောင်းသားထောက်လှမ်းရေးက မှာတယ်ဆိုတဲ့ ဒေါ်မြရင်ဝက်အူချောင်းတစ်ပိဿလည်း ၀ယ်ခဲ့ကြရတာ မှတ်မိတယ် ပြီးတော့အိမ်ပြန်ရေမိုးချိုးပြီး အ၀တ်၃စုံဘဲထည့်ထားပြီး မလိုတာတွေကို မန္တလေးမှာဘဲထားခဲ့ကြ တယ် အိမ်ရှင်တွေကိုဘုရားဖူးဆက်ထွက်မယ်ဆိုပြီး ပြောခဲ့ရတယ်။ ( ၁၅.၃.၁၉၉၂ ) နံက်၎နာရီအဝေးပြေးဂိတ်ကိုသွားကြတယ် အဲဒီမှာကိုမောင်မောင်နဲ့ပဲခူးကအန်တီစန်းတို့နဲ့တွေ့တယ် အဲဒီမှာကျောင်းသားအဖွဲ့ကမှာလိုက်တဲ့ လမုန့် ထိုးမုန့်တို့ကို ကိုမောင်မောင်က၀ယ်လာတယ် ၀က်အူချောင်းကိုတော့ ဦးအေးနိုင်က၀ယ်လာတယ် ကားရောက်တာနဲ့ကားပေါ်တက်ကြတယ် နံက်၅း၃၀မှာကားစထွက်တယ် အန်ကယ်ကြီးက ကျောက်မဲအထိလိုက်လာတယ် ဒေါ်မြင့်မြင့်ကြည်အမေကအစမှာဟိုအထိလိုက်ဘို့ဘဲ လူပိုမလိုက်ရဘူးဆိုလို့ မန္တလေးမှာကျန်ခဲ့တယ် ၁၆.၃.၉၂မှာအန်ကယ်ကြီးနဲ့အတူပြန်ဘို့စီစဉ်ထားတယ် ကျန်ခဲ့တဲ့ အန်တီစန်း အမျိုးသားနဲ့ဒေါ်မြင့်မြင့်ကြည်အမေ ဒေါ်တင်တင်တို့က လက်ပြနှုတ်ဆက်ပြီးကျန်ခဲ့တယ်။ မန္တလေးကစထွက်တော့ သားတွေနဲ့တွေ့ဘို့နီးပြီဆိုပြီးဝမ်းသာကြတာပေါ့ ကျောက်မဲမြို့နယ်ထဲရောက်တော့ ၁၁း၀၀နာရီလောက်ရှိပြီ အန်ကယ်ကြီးကကျောက်မဲမှာဆင်းနေခဲ့တယ် သူလည်းအန်တီကြီးအတွက် စိတ်မချလို့ အတန်တန်မှာတယ် ကိုယ်တို့ကလည်းမိဘလိုသဘောထားပြီး ကောင်းအတူ ဆိုးအတူ ကူညီပြီးသွားပါ့မယ်လို့ မှာခဲ့ကြတယ် လားရှိုးကို၎း၃၀လောက်ရောက်တယ် ဂိတ်နဲ့နီးတဲ့တည်းခိုခန်းမှာဘဲတည်းကြတယ် ပိုင်ရှင်က ဆရာမ တစ်ယောက်ပဲ သဘောလည်းကောင်းတယ် ကိုယ်တို့ကတော့ပစ္စည်းစုံအောင်စစ်ပြီးနားကြတယ် ကိုမောင်မောင်က မနားရဘူး လားရှိုးထောက်လှမ်းရေး၉ကိုသတင်းပို့ရသေးတယ် တာဝန်မှူးနဲ့ဘဲ တွေ့ပြီးမှာခဲ့တဲ့အကြောင်းပြောတယ် မနက်ခရီးဆက်ထွက်ဘို့ လက်မှတ်ကြိုဝယ်ရတယ်။ ( ၁၆.၃.၁၉၉၂ ) မနက်၅း၀၀နာရီထိုးတော့ ကားဂိတ်သွားပြီး မူဆယ် လားရှိုး နမ့်ခမ်း ကားပေါ်တက်ကြတယ် ၅း၃၀မှာကားစထွက်ပြီး လားရှိုးအထွက်စစ်ဆေးရေးဂိတ်မှာ အစစ်ဆေးခံဘို့ ကားတွေတန်းစီစောင့်ကြရတယ် စစ်ဆေးရေးအဖွဲ့တွေက၇း၃၀မှလာကြမှာကိုး ၇း၃၀လည်းပြီးရော စစ်ဆေးရေးအဖွဲ့တွေရောက်လာကြတယ် ရှာဖွေရေးအဖွဲ့တွေက တစ်ကားပြီးတစ်ကားတက်ရှာလိုက် စီးတဲ့လူမှတ်ပုံတင်စစ်လိုက်နဲ့ ကိုယ်တို့(၆)ယောက် အစဉ်ပြေပြေဘဲ ကားပေါ်ပြန်တက်ရတယ် ကိုမောင်မောင်အလှည့်ကျတော့ ပြဿနာတက်တော့တာဘဲ မွတ်ဆလင် ကုလားတွေကို တရုပ်ပြည်နယ်စပ်ဘက်မသွားဘို့ဆိုပြီး ညွှန်ကြားချက်ထုတ်ထားတယ်တဲ့ ဘယ်လိုမှပြောလို့မရဘူး မူဆလင်ဆိုပေမယ့် နိုင်ငံသားကဒ်ကိုင်ထားတာပါ ကိုယ်တို့က ကားပေါ်က စောင့်နေတယ် တစ်နာရီလောက် ကြာလာတော့ ကားပေါ်ကသူတွေ ပွက်လောရိုက်ကုန်ရော အချိန်မှီ ရောက်ချင်တယ် သူ့ကိုထားခဲ့ပြီးကားထွက်ပါလို့ ပြောကြတယ် ဒရိုင်ဘာကသဘောကောင်းပြီးစောင့်ပေးတယ် ကိုမောင်မောင်ကထောက်လှမ်းရေး၉ကိုဖုန်းဆက်မေးတယ် ဗိုလ်ကြီးကမရှိတော့ အားလုံး ကားပေါ်က ဆင်းနေခဲ့ကြရတယ် ကားကဆက်ထွက်သွားတယ် အစဉ်မပြေဖြစ်တော့ ၂၀ရက်နေ့အမှီဟိုကိုမရောက်မှာအရမ်းစိတ်ပူနေကြတယ်။ ကားငှားပြီးမနေ့ကတည်းခိုခန်းကိုပြန်လာကြတယ် ကိုမောင်မောင်လည်းမန္တလေးထောက်လှမ်းရေးကိုဖုန်းဆက်၊ ထောက်လှမ်းရေး၉ကိုဖုန်းဆက်နဲ့အလုပ်များသွားတယ် တည်းခိုခန်းမှာ နေတုံး ၁း၀၀နာရီမှာ ထလရ၉က ဗိုလ်ကြီးက အားလုံးနဲ့တွေ့ချင်တယ်ဆိုလို့ သွားရတယ် ဗိုလ်ကြီးသုတဆွေကိုတွေ့တယ် တပ်မှူးကိုလည်းတင်ပြထားကြောင်း သွားမည့်သူအမည်နဲ့ သားတွေရဲ့အမည်ကိုမှတ်ထားလိုက်တယ် မြို့နယ်မှူး(လ၀က)ကို လည်းဖုန်းဆက်တယ် မနက်ဖြန်(၇)ဦးကို လွှတ်လိုက်ဘို့ပြောလိုက်တယ် ဒါနဲ့တည်းခိုခန်းပြန်ကြတယ် ကိုမောင်မောင်က လက်မှတ်ပြန်ဝယ်ရတယ် မနက်တုံးကလည်း ဂိတ်မှာကိုယ်တို့(၇)ယောက်ကိုလူတွေက ဘယ်လိုထင်မလဲ ဒီကုလားကမိန်းမ(၅)ယောက်ကိုနယ်စပ်ခေါ်သွားပြီး ဘာလုပ်မှာလဲ မိန်းမ(၅)ယောက်ကလည်း အဖွားကြီးတွေဆိုတော့ ဘာလုပ်တာပါလိမ့်ဆိုပြီး ပြောကြမှာလို့ ဟာသ ပြောပြီးရီကြသေးတယ် ၀က်အူချောင်းတွေယူလာလို့ အထစ်အငေါ့ဖြစ်တာလားလို့ တွေးမိကြသေးတယ်။ အန်တီကြီးကညဘက်ခေါပုတ်ကင်စားချင်တယ်ဆိုလို့ သွားစားကြတာ အန်တီကြီးပိုက်ဆံအိတ်ကျပျောက်သွားတယ် ၂၀၀၀ကျပ်လောက်ပါသွားတယ် ည၁၂နာရီလောက်တံခါးကိုတ၀ုန်းဝုန်းထုသံကြားလို့ဖွင့်ပေးတော့ ဧည့်စာရင်းစစ်တာတဲ့ သားတွေရေးလိုက်တဲ့စာတွေကလည်းပါလာတာဆိုတော့ လန့်နေကြတာပေါ့ နောက်မှသိရတာက တည်းခိုခန်းနဲ့ မနီးမဝေးမှာ ယောက်ကျားတစ်ယောက်ကိုမိန်းမ(၄)ယောက်ကသတ်သွားလို့ဆိုဘဲ တော်သေးတာပေါ့ ကိုယ်တို့က (၅)ယောက်မို့ဆိုပြီးစိတ်အေးရတယ်။ ( ၁၇.၃.၁၉၉၂ ) ဒီနေ့တော့အားလုံးအစဉ်ပြေစွာနဲ့ ဆက်ထွက်ဖြစ်ကြတယ် သိန္နီလွန်ပြီး ကွတ်ခိုင်ရောက်တော့ ထမင်း စားကြတယ် ကွတ်ခိုင်ကျော်တော့နမ့်ဖတ်ကာထဲရောက်တယ် ဒီလိုနဲ့မူဆယ်ထဲဝင်လာတော့ လမ်းတွေအရမ်း ဆိုးတယ် ကားခုန်ရင်ခေါင်းနဲ့အမိုးနဲ့တက်ဆောင့်တဲ့အထိဖြစ်တယ် ၅း၀၀နာရီလောက်မူဆယ်ကိုရောက်တယ် လှိုင်းတက် တည်းခိုခန်းမှာ ဘဲတည်းကြတယ် အမျိုးသမီး(၅)ယောက်ကအခန်း(၁၃)မှာရတယ် အန်တီကြီးက ၁၃ဂဏန်းမကြိုက်လို့ ( A )လို့ပြောင်းရေးပေးကြတယ်…ကိုမောင်မောင်ကထလရ(၂၃)/ဆွယ်ကို သတင်းပို့ရတယ် ဗိုလ်ကြီးမင်းလွင်နဲ့ တွေ့တယ် လားရှိုးကလိုဖြစ်မှာစိုးလို့ပြောတော့ မနက်စောစောဒီဘက်ဂိတ်မဖွင့်ခင် ထွက်သွားပါလို့ ပြောတယ်တဲ့ မူဆယ်ညဈေးတန်းသွားပြီး ထမင်း၅ကျပ်ဟင်း၅ကျပ်နဲ့စားကြတယ် မနက်ဖြန် တရုပ်ပြည်ဘက် ကူးမဲ့အကြောင်း အိမ်တွေကိုစာရေးကြတယ်…စာတွေမရောက်ဖူးဆိုတာနောက်မှသိရတယ်။

Sunday, February 26, 2012

သူ့ကြွေးရှိက ဆပ်ရမည်။ (၆) တောင်ပိုင်း အေဘီ

သူ့ကြွေးရှိက ဆပ်ရမည်။ (၆) from Soe Lynn's Facebook Notes by Soe Lynn ကျွန်တော့်ကိုဖမ်းပြီး သံလွင်စခန်းမှာ ချုပ်ထားရာက စစ်ရေးအခြေအနေကြောင့် ထိုင်းဘက်ကမ်းကိုပြောင်းထားပါတယ်။ အောက်ဖက် မှာ အေဘီဗဟိုရုံးရှိပြီး တောင်ဘက်မှာ တပ်ရင်း ၂၀၉ (သံလွင်စခန်း)ရှိပါတယ်။ ဘယ်သူနဲ့မှ စကားမပြောရပေမယ့် ဗဟိုပြန်ကြားရေးက အကျယ်ကြီးဖွင့်တဲ့ သတင်းတွေကိုတော့ ညတိုင်းကြားနေရပါတယ်။ တစ်ရက်မှာတော့ မြောက်ပိုင်းမှာ အစ်ကိုကြီးအပါအ၀င် လူ ၁၅ ဦးကို သတ်လိုက်တဲ့အကြောင်း ဘီဘီစီနဲ့ ကိုအောင်ထူးရဲ့အင်တာဗျူးကိုနားထောင်လိုက်ရပါတယ်။ကျွန်တော့်အထင် နောက်တစ်လကျော်လောက် အကြာမှာပဲ တပ်ရင်း ၂၁၀ အ ပေါ်ကုန်းမှာရှိတဲ့ ကျောင်းသားစစ်ကြောရေးစခန်းကို ညဘက်ကြီးမှာ ပြောင်းရပါတယ်။ စားဖိုဆောင်နားက ခွေးအိမ်လေးမှာ ကျွန်တော့်ကိုထားပါတယ်။ အဲဒီစခန်းမှာ ကိုလှဌေး၊ ကျော်ကျော်(ကချင်)၊ ခင်မောင်ဆွေ (တပ်ရင်း ၂၁၆)နဲ့ ကိုဖိုးထောင်ဦးဆောင်တဲ့ တပ်ရင်း ၃၀၃ က ရဲဘော်တွေရှိပါတယ်။ သူတို့က ကိုနိုင်အောင်ပြန်ရောက် နေပြီ မင်းညာဖို့မကြိုးစားနဲ့တော့ဆိုပြီး စစ်ကြောရေးစ၀င်ပါတယ်။ ကျွန်တော်ထောက်လှမ်းရေးမဟုတ်တဲ့အကြောင်း အတန်တန်ပြောပါတယ်။ စိတ်ရော ရုပ်ရောပင်ပန်းရပါတယ်။ ဒီကောင် well trained ကွ။ သေချာရအောင်စစ်ဆိုတဲ့ အသံတွေလည်းကြားနေရပါတယ်။ ကျွန်တော်မခံနိုင်တော့ပါဘူး။ သက်သာအောင်ဝန်ခံလိုက်ဖို့ဆိုတာလည်း စစ်ထောက်လှမ်းရေးဖွဲ့စည်းပုံ၊ ကိုယ်ပိုင်နံပါတ်ဘယ်နှလုံးဆိုတာ ကအစမသိတော့ အတော်ဒုက္ခရောက်ပါတယ်။ နောက်ဆုံးတော့လည်း မခံနိုင်ပါဘူး။ အဲဒီလိုကြီး မဟုတ်ဘဲနဲ့သေသွားမှာ ကျွန်တော်ကြောက်ပါတယ်။ ၀န်ခံပါ့မယ်။ ၂ ရက်လောက် စဉ်းစားခွင့်တောင်းရပါ တယ်။ သူတို့လိုက်စုံစမ်းလို့မရနိုင်တဲ့(ကျွန်တော့်အတွေးပေါ့)စစ်တပ်ကအထူးလေ့ကျင့်ပေးထားတဲ့ ကျောင်းသားထောက်လှမ်းရေးလုပ်ဇာတ် တစ်ခု ခင်းရပါတယ်။ ကိုယ်ပိုင်နံပါတ်အတွက် ဗိုလ်ချုပ်အောင်ဆန်းစီးတဲ့ ကားနံပါတ်ကို နည်းနည်းပြောင်းပေးလိုက်ပါတယ်။ RC-2874 ။ RCကိုစဉ်းစားရင် ဒေသကောလိပ်နဲ့ ရိုမန်ကတ်သလစ်ပဲ ထွက်နေလို့ pc (particular cell) လုပ်လိုက်ပါတယ်။ ဒုတိယနှစ် ရူပဗေဒသင် တုန်းက ကြားဖူးတဲ့ particular ပါ။ pc ၂၈၇၄ ပေါ့။ သင်တန်းအမှတ် ၂/၈၇ က သင်တန်းသားနံပါတ် ၄ စသည်ဖြင့်ပေါ့။ ကိုယ်ပြောထား တာတွေ မမေ့အောင် ပြန်ကျက်နေရတာလည်း တစ်ဒုက္ခပါပဲ။ (ကျွန်တော်ဝန်ခံပြီး သိပ်မကြာခင်ပဲ ကိုနိုင်အောင်ကို တစ်ခေါက်တွေ့လိုက်ရတယ်။ နောက်ပိုင်းမှာ ကိုမျိုးဝင်း(မင်းသမီး)လည်း အဲဒီစခန်းကို ရောက်လာတတ်ပါတယ်) ကြိုတွေးထားတာတွေ သူတို့မေးရင် အဆင်ပြေပေမယ့် မထင်တာတွေ မေးရင်လည်းအိုးနင်းခွက်နင်းပါ။ အဲဒီကျရင် တော့ ခံလိုက်ဦးပေါ့။ စိတ်အဆင်းရဲရဆုံး မေးခွန်းက ဗဟိုမှာ မင်းတို့လူတွေ မရှိဘဲ ဒီကို မင်းလာမှာ မဟုတ်ဘူးတဲ့။ ကျွန်တော် ငိုရပါတယ်။ ဘယ်လိုမှ ရှောင်လို့ မရတော့ပါဘူး။ ဆရာ နေ၀င်းအောင် နာမည် ပြောမိပါတယ်။ (ခွင့်လွှတ်ပါ ဆရာ၊ သူတို့ လမ်းကြောင်းပေးတာလို့ ကိုယ်လွတ်မရုန်းချင်ဘူး) မိုးသီးဘက်မှာလည်း မင်းတို့ လူရှိရမယ် ဆိုပြန်ရော။ အန္တာရယ်မဖြစ်လောက်ဘူး ထင်လို့ ကိုဋ္ဌေးနိုင်ကို ပြောမိပါတယ်။ (ကျွန်တော် တောင်းပန်ပါတယ် ကိုဋ္ဌေးတင့်) ဆရာ့ကို ဖမ်းပြီး စစ်မေးသံတွေ ကျွန်တော်ကြားလာရပါတယ်။ မင်း ချန်ထားသေးတယ်။ ငါတို့အပေါ် မရိုးသားဘူး ဆိုပြီး ထပ်မေးလာပြန်ပါ တယ်။ တစ်ယောက်ပြော တစ်ယောက်ဖမ်းဆိုရင် မကောင်းတော့ဘူး တွေးပြီး ဒုဥက္ကဋ္ဌ ကျော်ကျော်(မင်းသမီး) က စလို့ ကိုဒီ၊ အောင်သူ တို့အထိ လူ ၂၀ နီးပါး ပြောလိုက်တယ်။ နောက်ပိုင်းမှာ ကိုဋ္ဌေးနိုင်၊ အောင်သူတို့တွေ အကြောင်း ကြားရတော့ ကျွန်တော် နင့်နေအောင် ခံစားရပါတယ်။ အဲဒီ အမှန်တရား အတွက် ကျွန်တော် ဆက်လက်တိုက်ပွဲ ၀င်သွားမှာ ဖြစ်တယ်။ မြောက်ပိုင်းကိစ္စတွေနဲ့ပတ်သက်လို့ မေးရင်တော့ အစပိုင်း ရမ်းပြောနေရတယ်။ တစ်ရက်တော့ တပ်ရင်း ၂၁၀ မှာ မြောက်ပိုင်းကိစ္စ ဗီဒီယိုခွေကို အကျယ်ကြီးဖွင့်တာ ကျွန်တော် ကြားရပါတယ်။ အဲဒီအချိန်က ၂၁၀ ရဲဘော်တွေကို ပြန်မေးကြည့်နိုင်ပါတယ်။ အဲဒီနောက်ပိုင်းတော့ မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောရလွယ်သွားပါတယ်။ နန်းအောင်ထွေးကြည် ပြောတဲ့ ရေလှိုင်းစစ်ဆင်ရေး ဆိုတဲ့စကားကိုလည်း ပြန်ပြီး ဖောက်သည်ချနိုင် ခဲ့ပါတယ်။ သူက ဒုဗိုလ်ဆိုတော့ ကျွန်တော် ဗိုလ်စိုးလင်း လုပ်လိုက်ရပါတယ်။ (ပြည်တွင်း ပြန်ရောက်တော့ စစ်တပ်အသိုင်းအ၀ိုင်းနဲ့နီးတဲ့ သူငယ်ချင်း ၀န်ထမ်းတစ်ဦးက ပြောမှ ထောက်လှမ်းရေးမှာ ဒုဗိုလ်နဲ့ ဗိုလ် ရာထူးတွေ မရှိမှန်း သိရပါတယ်) ကိုဖိုးထောင်ဦးဆောင်တဲ့ ၃၀၃ က ရဲဘော်တွေကိုလည်း ကျွန်တော် စိတ်မနာပါဘူး။ ရိုးရိုးသားသားနဲ့ အမိန့်အတိုင်း သူတို့လုပ်ခဲ့ကြတာပါ။ ဖိလစ်၊ ဖလမ်း၊ အောင်ငှဲ၊ ကျူးကျူ၊ ရွှေဘ၊ ချယ်ရီ၊ ကျော်မင်း၊ မောင်မိုး၊ နတားလယ် အားလုံးက ဖြူစင်တဲ့ တိုင်းရင်းသား ကျောင်းသားရဲဘော်လေးတွေပါ။ တစ်ခါတစ်လေကျ နာမည်တွေကအစ မှတ်မိနေပေမယ့် ကျွန်တော် မေ့ကျန်နေတဲ့ မစဉ်းစားမိတဲ့ ကိစ္စတွေလည်း ရှိဦးမှာပါ။ အတတ်နိုင်ဆုံး တိတိကျကျဖြစ်အောင်တော့ ကျွန်တော် ကြိုးစားရေးသားသွားမှာပါ။ အခုဆိုရင် ဖေဖော်ဝါရီ ၁၂ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ၏ သဘောထားထုတ်ပြန် ကြေညာ ချက်ကို အားလုံးဖတ်ပြီး ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့က သမိုင်းအမှန်တရား တစ်ခု ဖော်ထုတ်ပေးဖို့ ရိုးရိုးသားသား တောင်းဆိုနေတာပါ။ မကဒတဟာ ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲမှာ ယနေ့တိုင် ရှိဆဲပါ။ မကဒတရဲ့ ရည်ရွယ်ချက်လေးခုကို ကျွန်တော်အခုထိ မမေ့သေးပါဘူး။ တိုင်းရင်းသားအဖွဲ့အစည်း တွေ အရေးနဲ့ပတ်သက်လို့လည်း တတ်နိုင်သလောက် လုပ်နေတုန်းပါ။ မန္တလေးအိုးဘိုထောင်ထဲမှာ ရောက်နေတဲ့ ကယန်းပြည်သစ်ပါတီက ကိုစောလွင် (ကိုဋ္ဌေးအောင် ယခင် အေဘီ) ပြန်မလွတ်လာခင်အထိ ကျွန်တော်၊ မြင်းခြံက အောင်မြင့်ဟန်(ယခင် သေဘောဘိုး)၊ ရန်ကုန်က နုနုအောင် (ယခင် လူ့ ဘောင်သစ်) တို့ မန္တလေးက ဒေါ်သွယ်သွယ်စန်းနဲ့အတူ အပြင်ကနေ တတ်နိုင်သလောက် ကူညီခဲ့ကြပါတယ်။ ၂၀၁၁ ဒီဇင်ဘာလတုန်းကလည်း ( နိုဝင်ဘာ ၁၅မှာ ကျွန်တော့် အမေဆုံးသွားပါတယ်) ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် ရန်ကုန်က နာရေးကူညီမှုအသင်း၊ ၈၈မျိုးဆက်ကျောင်းသားများ၊ မန္တလေးက ဘ၀အလင်းပရဟိတအသင်းတွေနဲ့ လိုက်သွားရင်း ဘ၀အလင်း အခမဲ့ဆေးပေးခန်းမှာ တိုင်းရင်းသား ဒုက္ခသည်တွေကို ကျွန်တော်တို့ မိသားစု ဆေး ကုသပေးခဲ့ကြပါတယ်။ ကျွန်တော်က အမှတ်စဉ်နဲ့ လူနာအမည်ခေါ်၊ အမျိုးသမီးနဲ့ အခြားဆရာဝန်နှစ်ဦးက ဆေးကုပေး၊ သားက ဆေးပုလင်းတွေ သူသိသလောက် လိုက်ရှာပေးနဲ့ပေါ့။ (ကျွန်တော့် အမျိုးသမီးက ဒေါက်တာနီလာဝင်းပါ၊ ရွှေပြည်ဦးဘတင်ရဲ့ မြေး၊ ကလိ ဦးတင်ဝင်းရဲ့ သမီး၊ ဦးဝင်းဖေ (ယခု VOA ) ရဲ့ တူမပါ)ကျွန်တော့် အမျိုးသမီးရဲ့အစ်ကို ကိုစည်သူဆိုရင် မြောက်ပိုင်းယူဂျီကိစ္စနဲ့ ထောင်ကျခဲ့ရပြီး အပြင်ပြန်ရောက်မှ ကွယ်လွန်သွားခဲ့ရတာပါ။ ကျွန်တော့်အနေနဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ရည်ရွယ်တိုက်ခိုက်တာမျိုး မလုပ်ချင်ပါဘူး။ တာဝန်ရှိသူတွေက ၀န်မခံသေးလို့ သမိုင်း အမှန်တရားအတွက် မလွဲမရှောင်သာ အမည်တပ် ရေးသားနေရတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၂ မတိုင်မီ ကိုနိုင်အောင် မြောက်ပိုင်း ရောက်နေတယ်ဆိုတာက မြောက်ပိုင်းပြန် ရဲဘော်တစ်ချို့ အခိုင်အမာ ပြောလို့ ကျွန်တော် ရေးခဲ့တာပါ။ ကိုနိုင်အောင်ဘက်ကတောင် ကျွန်တော့်ကို ထောက်လှမ်းရေးလို့ ယုံ ကြည်ပြီး စစ်ကြောရေးဝင်ခိုင်းခဲ့တာ ကျွန်တော်က ကျွန်တော့်ကိုဖမ်းတုန်းက ကိုနိုင်အောင်ပြောတဲ့ စကားနဲ့ ပြန်လာပြီး စစ်ကြောရေးဝင်တဲ့ ကာလကို စဉ်းစားပြီး ကိုနိုင်အောင် မြောက်ပိုင်း ရောက်တယ် ရေးခဲ့တာ။ (ကျွန်တော့်မှာရော အဲလို ရေးခွင့် မရှိဘူးလား) မဟုတ်ဘူးဆိုရင် ကိုနိုင်အောင် ရှင်းပြနိုင် ရမယ်။ ဖေဖော်ဝါရီ ၁၄ရက်RFA အင်တာဗျူးမှာ ကိုနိုင်အောင် ပြောပါတယ်။ မြောက်ပိုင်းကို မပိုင်ပါဘူး။ အမိန့်ပေးလို့ မရပါဘူး။ အဲဒီစကားက ဖြစ် နိုင်ချေရှိပါတယ်။ အားလုံးစဉ်းစားကြည့်ဖို့ အချက်လေးတွေ ကျွန်တော် ပြောကြည့်ချင်တယ်။ ကျွန်တော့်ကို ဖမ်းပြီး သုံးလကျော်အကြာမှာ မြောက်ပိုင်းလူသတ်ပွဲ ဖြစ်ပါတယ်။ ၉၂ ဖေဖော်ဝါရီ ၁၂ လူသတ်ပွဲကို ၉၂ မတ်လ ၁ရက်မှာ ဗဟိုကော်မတီ အတွင်းရေးမှူး ၁ က စာထုတ်ပါတယ်။ ကြားထဲမှာ ၁၇ရက်ပဲ ခြားပါတယ်။ နောက် မေလ ၃၁ရက်မှာ ဥက္ကဋ္ဌ ကိုနိုင်အောင်က ရှင်းလင်းစာ ထုတ်ပါတယ်။ မြောက်ပိုင်းနဲ့ ဆက်သွယ်ရတာ ဘယ်လောက် ခက်ခဲတယ်ဆို တာ ကျွန်တော် အသိဆုံးပါ။ ၁၇ရက်လေး အတွင်းမှာ ဗဟိုကော်မတီက စာထုတ်နိုင်လောက်အောင် မြောက်ပိုင်းကပဲ ဗဟိုကော်မတီကို ပိုင်သလား။ ဒါမှ မဟုတ် အမိန့်ပေးလို့ရသလား။ စဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်တောင် မြောက်ပိုင်းရဲ့ စစ်ကြောရေးပြင်းထန်တာ၊ ခေါင်းဖြတ်ပြီး ရက်ရက်စက်စက် သတ်တာကို မသိခဲ့ပါဘူး။ အဲဒီအချိန်က ဗဟိုကော်မတီဝင် အများစုလည်း ကျွန်တော့်လိုပဲ ဖြစ်မှာပါ။ ကိုအောင်ထူး ကိုယ်တိုင်တောင် သေသေချာချာ သိခဲ့ရဲ့လား။ သိခဲ့ရင်ကော အဲဒီလိုစာမျိုး လက်မှတ်ထိုးပြီး ထုတ်မှာလား။ အမြန်ဆုံး စာထုတ်ရလောက်အောင် ဘယ်လိုအရာမျိုး ဘယ်လိုလူ မျိုးက တွန်းအားပေးခဲ့တာလဲ။ ဒီအချိန်မှာတော့ အဖြေထွက်သင့်ပါပြီ။ ကျွန်တော်ဖတ်ဖူးတဲ့ လူထုဦးလှရဲ့ ထောင်စာအုပ်တွေထဲက စာသားလေးတစ်ပိုဒ်ကို မျှဝေပါဦးမယ်။ အပြစ်ရှိတဲ့ ရာဇ၀တ်သား ဆယ်ယောက် လွတ်ချင် လွတ်သွားပါစေ။ အပြစ်မဲ့တဲ့ လူတစ်ယောက် အပြစ်ဒဏ် မခံရစေနဲ့ တဲ့။ ကိုနိုင်အောင် မြောက်ပိုင်း သွား မသွားကို ခဏဘေးဖယ်ထားလိုက်ပါ။ RFAမှာ သူပြောသွားတဲ့ ဒီလောက်များတဲ့ လူတွေ စပိုင်ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာပဲကိုး ဆိုတဲ့ စကား။ ဒါက ခေါင်းဆောင်မပီသတဲ့ စကားပါ။ ကျွန်တော် အဲလို မရိုးသားတာမျိုးကို အမုန်းဆုံးပဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကသာ သူဒီလို အတွေးမျိုးရှိခဲ့ရင် အေဘီဗဟိုမှာ ရင်နာစရာတွေ ဆက်ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်ရော ဆရာနေ၀င်းအောင်ရော အိပ်မက်ဆိုးတွေ မက်ခဲ့ရမှာ မဟုတ်ပါဘူး။ ကိုဋ္ဌေးနိုင်ရော၊ အောင်သူရော ကြွေလွင့်ခဲ့ကြရမှာ မဟုတ်ပါဘူး။ မြောက်ပိုင်းမီးစ တောင်ပိုင်းကို ကျခဲ့မှာ မဟုတ်ပါဘူး။ (နောက် အပိုင်းမှာ ကျွန်တော်တို့ကို ကျောင်းသားစစ်ကြောရေးစခန်း (ဒါးခွင်) ပြောင်းပြီး ရုံးထုတ် ထောင်ချခဲ့တာတွေကို ရေးသွားပါဦးမယ်)