Thursday, April 2, 2009

မြန်မာ ပြည် သင်္ကြန် သို့  အလွမ်း ပြေ ကဗျာ များ


သင်္ကြန်သို့ လွမ်းခြင်း

တန်ခူးရည်မှတ်
ဖက်ဆွတ်ရည်တိုး
သင်္ကြန်မိုး ဟု
ဆိုရိုးစကား
ရှိခဲ့ ငြားလည်း
ဒို့ များ မြန်မာ
ကနေဒါ တွင်
ဖွေရှာ မှန်းဆ
ပိတောက်ညကို
တမ်းတ အိမ်မက် ခါခါတည်း ။ ။

( ရိုးရာ ရေမြေ နှင့် အတိတ် သင်္ကြန်ည များစွာကို လွမ်းရင်း
နေပြည်တော် မျော်လေတိုင်း ဝေးပြီလော...... )

သင်္ကြန်အလွမ်းပြေ

နှင်းပွင့် တွေကြား
ရေကစားသည့် 
ဒို့ များ မြန်မာ
ကနေဒါ တွင်
ဖွေရှာ တမ်းတ
အတိတ် ဘ၀ကို
မှန်းဆ ရေးရေး မျှသာတည်း ...။ ။

( ကနေဒါ ဧပြီလသည် အေးနေသေးသဖြင့်  ခန်းမကြီးများထဲတွင်သာ
သင်္ကြန် အတု ဖန်တည်း အလွမ်းဖြေလာခဲ့ ရသည်မှာ ဆယ်စုနှစ် ကြာ
ပြီဖြစ်သော မြန်မာတို့၏ဘ၀သည် နှစ်စဉ်ထွက်သမျှ သင်္ကြန်ခွေက
လေးများကို နားထောင်ရင်း ကြည့် ရင်း...မှန်းဆ ရေး ရေး မျှသာဖြင့် ...)



Type the rest of your post here.

ငြိမ်းချမ်းရေးအိမ်မက်

ငြိမ်းချမ်းရေးအိမ်မက်

မျော်လင့် ချက်မှာ
စကားဘာသာ
ကမ္ဘာ အနှံ့ ပျံ့ နှံ့ လင့် ကစား.....။

မျှော်လင့် ချက်ကိုတွေး
ရေးရေးမြင်ရ
မြောက်အရပ်ကကြယ်လိုပ....။

မျှော်လင့် ချက်ကိုဖက်
အိမ်မက်ရှည်ညများ
လွင့် ပါးနေတဲ့ဟင်းလင်းပြင်
ဘာ မမြင်ရတောင်မှ.....။

မျှော်လင့် ချက်အတွက်
လွင့်ပျက်ခဲ့ ဘ၀တွေ
ရင့်ကျက်ခဲ့ ညတွေနဲ့ 
ရယ်နေတဲ့ အာရုဏ်ဦးတို့ 
လွန့် လူးနေဆဲ.....။

အခိုးအငွေ့ တွေမှာ
အရာရာမျှော်လင့် ချက်
နံနက်ဖြန်အတွက်စုစည်း
ပြုပြီးတဲ့ အရာတွေမှာ
အခါခါမျှော်လင့် ချက်
အရာရာမျှော်လင့် ချက်
မျှော်လင့် ချက်
မျှော်လင့် 
မျှော်.....

(မြန်မာပြည်၏ ငြိမ်းချမ်း ရေးကို သွေးဖြင့် 
တည်ဆောက်နေကြရပြီလော )



ဆက်လျှောက်

ဆက်လျှောက်

နီး နိး ဝေး ဝေး
တော် လှန်ရေး သည်
ဖြေး ဖြေး မှန် မှန်
ဆက်လျှောက်ရန်တည့် ။ ။

အနီး မှ စ တော်လှန်ကြလော့ 
အတ္တ မှောက်လှန်
သူ ဖေါက် ပြန်ပြီ


Type the rest of your post here.

Wednesday, March 11, 2009

သွေးမှတ်တမ်း

သွေးမှတ်တမ်း

ရဲဝန့် စွာရင်ဆိုင်မှူတဲ့ 
ရက်စက်ယုတ်မာတဲ့ သူတွေကို
တော်လှန်တာပေါ့ ...။

ဝေတော့ မဲ့ ပန်းကလေးတွေ
ငြိုးနွမ်းရတာလည်း
သူတို့ ကြောင့် ပဲ မဟုတ်လား...။

ရှည်လျှားတဲ့ အမှောင်ထုထဲ က
လှပတဲ့ ကြယ်ပွင့် ကလေးတွေကို တော့ 
ဘာနဲ့ မှဖုံးကွယ်လို့ မရခဲ့ ပါဘူးလေ....။

ပြုံးနေတဲ့ ကျောက်ရုပ်တွေလဲ
အံကြိတ်ထားဆဲ တခဏ
အငိုညရဲ့ သွေးကွက်များ
ပျောက်ဆုံးမသွားပါဘူး....။

တွေဝေနေမဲ့ အစား
သီးခြား ဒီမိုကရေစီနိုင်ငံတော်သစ်
မဖြစ်ဖြစ်အောင်
တည်ထောင်ကြပါစို့ ......။ ။

( ရိုးမရှိုက်သံ ကဗျာစုမှ )

Type the rest of your post here.

Tuesday, March 10, 2009

လားရှိးသိန်းအောင် နောက်ဆုံးသီချင်း

လားရှိုး သိန်းအောင် နောက်ဆုံး သီချင်း

La sho Thein Aung's latest song Video Click ဒီမှာနိပ်ပါ



အနုပညာရှင်တွေ ဘာလို့ တိုင်းပြည်က ထွက်သွားကြရတာ လဲ ၊ အစိုးရကို ဖါးတဲ့ အနုပညာရှင်တွေကို ပြည်သူ တွေကလေးစားကြပါသလား
၊ တွေးခေါ် ခံစားချက်များမှ ပေါက်ဖွားလာရ သော အနုပညာကို ထိမ်းချုပ်ကန့် သတ် သင့် ပါသလား ၊
စဉ်းစား၍ ပေါက်ဖွားစေမှာ လား ခံစား၍ပေါက်ဖွားစေမှာ လား စစ်အစိုးရဆိုသော သူများခင်ဗျား
ဘယ်သူ့  ဘယ်သူမှ မိုင်းမတိုက်ကျေး ၊ ပြည်သူများ ( လွတ်လပ်စွာ ) စဉ်းစားကြပါ
ဖြေကြပါ စို့ 


Sunday, March 1, 2009

ပန်းလှောင်အိမ်

ပန်းလှောင်အိမ်
( မြန်မာပြည်တွင်းမှနိုင်ငံရေးအကျဉ်းထောင်များသို့ )

စိတ်ကူးယဉ်ကာလ
ဒဿန ဥတုရဲ့ 
ယုယမဲ့ အခန်းလေးထဲမှာ
အမှောင်ကမ္ဘာ တခု
အတွေးစုတို့ ရှင်သန်
အမှန် အမှားတို့ 
မုန်ဝါးခဲ့ ကာလ
သွေးစ စွန်းထင်း
လွန်ရင့် ခြင်းကမ္ဘာမှာ
ဝေဒနာတစ္ဆေညနဲ့ အတူ
မန်မာနမျက်ရည်ဟာ
နံရံလွှာလေးဖက်
ကွဲအက်စေသတည်း... ။ ။

( အမှန်တရား၏ ပန်းပွင်းများ မြန်မာပြည်တွင် ဝေဆာလှပစွာပွင့် ဖူးစေရမည် )

(မတရားဖမ်းဆီးခံထားကြရသောနိုင်ငံရေးအကျဉ်းသားများ
အားလုံး အမြန်လွတ်မြောက်ကြပါစေဟု ,အမှောင်တိုက်ထဲမှ ဘ၀တူများ မျိုးဆက်သစ်များသို့ 
ရည်ဇူး၍ ....)


( အမှေင်တိုက်မှကဗျာများ စာအုပ်မှ )








Friday, February 27, 2009

ရွေသာလျှောင်း ရုပ်ပွားတော်ကြီး ဖျက်ဆီးခံရ

Malaysian Government demolish Buddhist Temple

ဘယ်ဘာ သာဝင်မဆို ၊ ဘယ်နိုင်ငံမဆို တကယ် ဘာသာရေး လွတ်လပ်ခွင့် 
ကို လေးစားတယ် လိုက်နာတယ်ဆိုရင် ဘာသာရေး အဆောက်အဦး တခု
အနေနဲ့ မဟုတ်ရင်တောင်မှ သမိုင်းဝင် ရှေးဟောင်း အဆောက်အအုံ တခု
အနေနဲ့ ထိမ်းသိမ်းစောင့် ရှောက်ထားဖို့ သင့် ပါတယ်

Malaysian Government demolish Buddhist Temple Video Click ဒီမှာနိပ်ပါ



လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် ဆိုရာဝယ်
မိမိဘာသာတရားကို သက်ဝင်ယုံကြည်လေးစားသလို
အခြားဘာသာရေးဆိုင်ရာ အထွတ်အမြတ်တွေကိုလည်း
အလေးစား စဉ်းစား သင့် ပါတယ် ၊ ဒီနေရာမှာ မြန်မာ
အစိုးရ မှ ယဉ်ကျေးမှူ ၀န်ကြီး`ဌါန သာသနာရေးဦးစီး
`ဌါန တွေဘယ်လို စဉ်းစားမလဲ အခြားဗုဒ္ဓဘာသာနိုင်ငံ
အစိုးရတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ
လွန်ခဲ့ သော ၅ နှစ်ခန့် ကလည်း အာဖဂန်နစ်စတန်
နိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုရားတွေကို မိုင်းခွဲ ဖျက်ဆီး
ကြလို့ ကမ္ဘာ နဲ့ အ၀ှမ်းမှာရှိကြတဲ့ ဘုဒ္ဓ ဘာသာဝင်
တွေ ဆန္ဒပြ ကန့် ကွက် ရှံ့ ချခဲ့ ကြပါတယ် ။

Wednesday, February 25, 2009

အစိုးရကို ဖါးရေးနေသော သတင်းစာ ဆရာများသို့ 

စလောင်းကိစ္စ ဆောင်းပါးကိုဖတ်ပြီး အဲဒီ သတင်းစာသမားယောင်ဆောင်
ထားကြသော ဖေါ်လံဖါး အတ္တသမားများ နှင့် ဖုန်း
ဆက်ကာ အေးအေးဆေးဆေးဆွေးနွေးလိုစိတ်ဖြစ်ပေါ်လာမိသည် ။ အကယ်ပင်
သူယုံကြည်သည်ကို သူရေးနေသလော သို့ မဟုတ်ပေါ်လစီ သီချင်း စာပေ ရုပ်ရှင်
စသည်တို့ လုပ်နေရသူများကဲ့ သို့ မိမိကိုယ်မိမိလည်းမိုင်းတိုက် အများပြည်သူကို
လည်း ဆက်လက်မိုင်းတိုက်လုပ်နေသလားဟု ဒေါသဖြစ်မိပါသည် ။ ယနေ့ ကမ္ဘာ
နိုင်ငံတွေမှာ အမှန်တကယ် လာတွေဖြစ် ပျက် နေကြသလဲ ဆိုတာ ထိုသူ တွေကိုယ်
တိုင်ကရော အမှန်တကယ် မသိချင် တော့ ဘူး လား ၊
ကဲကြည့် ပါဦးဗျာ

“စလောင်းကိစ္စဟာ ဘာမှ မဟုတ်ဘူးလို့ ထင်ရပေမယ့် အမျိုးသားရေး အမြင်နဲ့ ကြည့်
ရင် အတွင်း ရိုးတွင်းခြင်ဆီ ထိအောင် တဖြည်းဖြည်းနဲ့ လှိုက်စားနိုင်တဲ့ အိုင်းအနာကြီး
တခု စွဲကပ်နေခြင်း ဖြစ်တယ်” တဲ့ လေ

ထိုစာရေးသူရဲ့ အတွေးခေါ် ဟာ ထို အိုင်းအနာကြီးထက် အဆပေါ်င်း များစွာ
အန္တရယ်ကြီးမားပါတယ် ၊ ပြည်သူအတွက်ရော တိုင်းပြည်အတွက်ပါ ဆက်လက်ဆင်းရဲ
တွင်းနစ်စေမဲ့ ၊ ကမ္ဘာ့ အလယ်မှာမြန်မာလူမျိုးတွေဟာလိုက်မမှီလောက်အောင်နောက်
ကျစေမဲ့ အတွေးအခေါ် တရပ်ကို စာပေသမားတယောက်အနေနဲ့  ဘာကြောင့် တင်ပြရ
ပါသလဲ.. ထိုသူဘယ်နှစ်နိုင်ငံရောက်ဘူးပါသလဲ ၊ နေဘူးပါသလဲ ၊ ဘာသာစကားဘယ်
နှစ်ခုပြောပါသလဲ ၊ ယနေ့ ကမ္ဘာ့ လူမှူအသိုင်းအ၀န်းကြီး ဘယ်လိုပြောင်းလွဲ တိုးတက်
နေပြီလဲ ဆိုတာကို ထိုသူတကယ်သိပါရဲ့ လား ၊ သိချင်ပါရဲ့ လား ၊ ကမာ့ နိုင်ငံတွေကို
မြန်မာ ပတ်စပို့  စာအုပ်ကိုင်ပြီး ခရီးသွားဘူးပါသလား ၊ ကျွန်တော်မေးသော မေးခွန်း
များကို သတင်းစာထဲမှာထည့် ၍ဖြေ ရဲ ပါသလား ၊
မြန်မာပြည်သူပဲဖြစ်ဖြစ် ၊ တရုပ်ပြည်သူပဲဖြစ်ဖြစ် ၊ အမေရိကန်ပြည်သူပဲဖြစ်ဖြစ် ယနေ့ 
ကမ္ဘာမှာ တကယ်ဘာတွေဖြစ်နေတယ် ဘာတွေပျက်နေတယ်ဆိုတာကို ဘယ်သူဆင်
ဆာ မှမရှိပနဲ့ တိုက်ရိုက်ကြည့် ရှူ့ ပြီး မိမိ ဖာသာ အကောင်းအဆိုးကို ဆုံးဖြစပြီးယူသင့် 
တာယူ ၊ ပယ်သင့် တာပယ်သင့် ပါတယ် ကိုယ်ပိုင်ဆုံးဖြတ်သင်ပါတယ် ၊ မြန်မာနိုင်ငံ
သားအားလုံးအတွက် ဆင်ဆာအဖွဲ့ လူနဲ စု ကဆုံးဖြတ် ပြီးဘယ်ဟာကောင်းတယ်မင်းတို့ 
ကြည့် နိုင်တယ် ၊ ဘယ်ဟာမကောင်းဘူး မင်းတို့ မကြည့် ကြနဲ့ လို့ လုပ်သင့် သလားဗျာ
ထိုသူတွေက ဘယ်လို ပညာအရည် အချင်းတွေ အတွေ အကြုံတွေ ပြည်သူတွေထက်
ပိုရှိနေလို့ လဲ မေးစရာများစွာရှိပါသည် ။
တိုင်းပြည်တပြည် သို့ မဟုတ် လူတယောက်တိုးတက်ဖို့ ဆိုတာ အမှားတွေ
ရော အမှန်တွေရော အားလုံးကို သိ မြင် ကြားဖူးပါမ ဘယ်အရာ ဘယ်လို ကိုက်ညီတယ်
မကိုက်ညီတယ်ဆိုတာ သိရှိနိုင်မှာဖြစ်ပါတယ် အမှားထဲကသင်ယူရတဲ့ သင်ခန်းစာတွေ
လည်း အများကြီးရှိပါတယ်
မြန်မာနိုင်ငံ အတွင်းထဲက သတင်းစာသမားယောင်ဆောင်ထားကြသောမရိုးသား
မရဲရင့် သည့် မိဒီယာစိတ်ဓါတ် မ ရှိသည့် ဖေါ်လံဖါး စာရေးသူများ ဆီသို ကျွန်ုပ်တို့ ၏
တော်လှန်ရေး ကို အာရုံ ကို မပြောင်းနိုင်အချိန်မပေးနိုင်ပါ၊ မပေးသင့် ပေ သို့ သော်
ထိုသူများသည် ကမ္ဘာကိုလည်းမျက်စေ့ ဖွင့် မကြည့်  ဖွင့် ကြည့် လိုစိတ်လည်း မရှိ သည့် 
အပြင် အဖိနိုပ်ခံ ပြည်သူများအပေါ် နားပိတ် မျက်စေ့ မှိတ်ပြီး ပိုမို မိုင်းတိုက်ထိမ်းချုပ်ထား
ရန်သာ ဆက်လက်ကြိုးစားနေကြဆဲဖြစ်သည် ထိုနည်းစနစ်ဟောင်းကြီး ကို နောက်ဆုံး
အချိန်အထိသုံးစွဲ သွားကြလိပ်ဦးမည် ဖြစ်သည်။
သို့ သော် ကနေကမ္ဘာကြီးကား ယောမ ကျွန်ခေတ် ၊ သက်ဦးဆံပိုင် ဘုရင်စံနစ်
ကိုလိုနီ နယ်ချဲ့ ခေတ်များကဲ့ သို့ မဟုတ်တော့ ပဲ လူသားတဦးချင်းစီ၏ အတွေးအခေါ် လုပ်
ရည်ကိုင်ရည် စူးစမ်းထိုးဖေါက်နိုင်မှူ ဥာဏ်စွမ်းရည် နှင့် ဆက်သွယ်ရေး စက်မှူ သိပ္ပံနည်း
ပညာများစွာတို့ ပြောင်းလွဲတိုးတက်လာသည့် အပြင် လူသားဆန်သည့် စိတ်ဓါတ် (အမှန်
တရား ၊ အကျင်နာတရား ၊ ကိုယ်ချင်းစာနာ စိတ် ၊ လူသားခြင်း ကူညီရိုင်းပင်းလိုစိတ်)
များသည် လည်း ပိုမိုမြင် မားလာကြသည် ။
ပြည်သူအရွေးချယ်မခံထားကြရပဲ လက်နှက် အားကိုးဖြင့် အုပ်ချုပ်လျှက်
ရှိသော နိုင်ငံတိုင်း အစိုးရတိုင်းသည် ပြည်သူများအပေါ်သို့ ထိုသို့ လုပ်လေ့ မျက်စေ့ 
ပိတ်နားပိတ် ထားလေ့ ၊ ကမ္ဘာနှင့် တပ်နိုင်သမျှ အဆက်အသွယ်ဖြတ်ထားကြလေ့ 
ရှိပါသည် ၊ သူတို့ ကိုယ်တိုင်လည်း ကမ္ဘာပြင်ပသို့ မထွက်ရဲ မဆက်ဆံ ရဲ ပဲ ၀ါးလုံး
ခေါင်းထဲ တွင် လသာနေလေ့ ရှိသည် ၊ နွားချေရာခွက်ထဲက ဖါးသူငယ်ကဲ့ သို့ ငါ့ 
နေသောရေအိုင် ကြီးလှချေ ရဲ့ ဟုသာ ထင်နေလေ့ ရှိသည်
အနောက်နိုင်ငံကမိဒီယာတွေအားလုံး ကောင်းသည် ဟုကျွန်တော်မ
ဆိုလိုပါ သို့ သော် ခေတ်ရေစီးကြောင်းကို ဘာနဲ့ မျှပိတ်ပင်တားဆီး၍ရမည် မဟုတ်
ပါ ၊ အမျိုးသားရေးအမြင်ဟုအကြောင်းပြကာ ဟောလီးဝုတ် ရုပ်ရှင်ကားများကိုပင်
ရုံမတင်ရဲ့ သည့်  စစ်အစိုးရ လက်အောက်ရှိမြန်မာပြည်သူများ ၏ ကမ္ဘာ့ နှင့် မျက်
ချေပြတ်နေမှူသည် အနာဂတ် မျိုးဆက် သစ် များအတွက် ကြီးမားသော နစ်နာဆုံး
ရှံး မှူများကို ဖြစ်ပေါ် ရှေးရှူလာနေပေသည် ၊
ပြည်သူတိုင်း ရရာနည်းလမ်းမျိုးစုံ ဖြင့် ဖေါက်ထွက်ကြဖို့ လို သည် ၊ မှားရွှင်း
သည့် ရှေးဟောင်းကြသည် ၊ ယနေ့ ခေတ်ကမ္ဘာ ကြီးနှင့် ယနေ့ လူမှူအသိုင်းအ၀န်းနှင့် 
မကိုက်ညီတော့ သည့်  အာဏာရှူး မျက်ကန်းများ၏ အတွေးအခေါ်များကို ပြတ်သားစွာ
ဆန့် ကျင်ကြရမည်
ပြည်တွင်းထဲတွင် ပြည်သူတို့ ဖက်က အမြင် များကို ပြန်လည်တင်ပြရေး
သားပိုင်ခွင့် ရှိပါသလော ၊ ဘာကြောင့် ပါလဲ ..ကျွန်တော်ဘယ်သူကို မှ ဘာမိုင်းမှ မ
တိုက်လိုပါ မိမိကိုယ်တိုင် တဦးချင်း လွတ်လပ်စွာ ဖြေကြည့် ကြ၍ အမှန်တရားများ
ဖက်မှ ရဲဝန့် စွာ ရပ်တည် နိုင်ကြပါစေ ၊
အမှန်တရားသည် ကြီးချင်ကြီးမည် သေးချင်သေးနေမည် ၊ ရှံးချင်ရှံးနေ
မည် ၊ သို့ သော် ပိတိ ကို မွေးဖွားစေသည် ၊ အမှန်တရားသည် ကမ္ဘာအလယ်တွင်
ရဲဝန့် စွာ ရင် ကော့ လမ်းလျောက်ရဲ ၏ .. သင်ဘာကို ယုံကြည်သည် ကို သင် ကိုယ်
တိုင် သိပါ သလော ....



Friday, February 20, 2009

သူတို့ ဘဝ



သူ တို့ ဘ ဝ

ပင်စည် ခုတ်ဖြတ်
သူ့ ကို သတ်လည်း
ကိုင်းထပ် ရှင်သန်
သူ့ အား မန်သည်
ဒဏ်ရာ ဒဏ်ချက်
ပြည့် နှက် ပါစေ
သူ မသေ တည့် ။ ။

(ပြည်တွင်း ပြည်ပ ရှိ ကြံ ကြံခံလျှက်ရှိသော မြန်မာ
တိုင်းရင်းသားတော်လှန်ရေး ရဲမေ ရဲ ဘော် အားလုံး
တို့ အား ထာဝရ ဦးညွတ် ဂုဏ်ပြု လျှက် )


( လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော
လက်ဆုပ်တွင်းသို့ကျရောက်နေရငြားသော်လည်း
ငါကား မတုန်လှုပ် မငိုကြွေးကံတရား၏ ရိုက်ပုတ
်ခြင်းဒဏ်ချက်တို့ကြောင့်ငါ၏ ဦးခေါင်းသည် သွေး
သံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ် )

ဗိုလ်ချုပ်အောင်ဆန်း(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု)


Type the rest of your post here.

Tuesday, February 3, 2009

ငါ့ ကိုယ်ငါ တော်လှန်ခြင်း

ငါ့ ကိုယ်ငါ တော်လှန်ခြင်း

တော်လှန်သတဲ့ 
ဘာ့ တွက်ဘယ်ကို
ကိုယ့် ကိုယ်ကို အရင်
သုံးသပ်ရတော့ မယ်...။


စိတ်ဓါတ်တွေမှား
သူတပါးအခက်
အုပ်စုဖွဲ့ အနိုင်ယူ
လူမိုက်ဆန်ဆန်ဖြေရှင်းကာ
အာဏာအလွဲသုံးစား
သူတပါးအထင်သေး
ကိုယ့် သွေးနားထင်ရောက်
အောက်ကျသည့် အမြင်
မခံခြင်စိတ်လား
မနာလိုစိတ်လား
အမှန်တရားမြတ်နိုးရင်
ကိုယ့် ကိုယ်ကိုအရင်သုံးသပ်
ပြတ်ပြတ်သားသားဝေဖန်
တော်လှန်တာအစ
ကိုယ်ကိုယ်ကို ကဖြစ်သင့်တယ်မဟုတ်လား...။

တော်လှန်သတဲ့ 
ဘာ့ အတွက်ဘယ်ကို
ကိုယ့် ကိုယ်ကို အရင်သုံးသပ်ရတော့ မယ်...။ ။

( ထိုနယ်မြေ၏နောက်ဆုံးနေ့ များကဗျာစာအုပ်မှ )




Sunday, January 18, 2009

ကိုယ်အတိုင်းအတာနဲ့ ကိုယ်

ကိုယ်အတိုင်းအတာနဲ့ ကိုယ်

အနီးအဝေး
ခရီးကလေးတခုမှာ
နီးတာ ဝေးတာ
ဘာကိုစံညှိ
မတိကျတဲ့ အတိုင်းအတာ
ဘယ်ဟာမှန်မလဲ ..။

အကြီးအသေး
ပစ္စည်းကလေးတခုဟာ
ကြီးတာသေးတာ
ဘာကိုစံထား
မမှားမဲ့ အတိုင်းအတာ
ဘယ်ဟာယူမလဲ ...။

လူတော်လူညံ
သတ်မှတ်တဲ့ အခါ
ညံ့ တာတော်တာ
ဘာကိုဆိုလို
ဘယ်လိုသတ်မှတ်
ဘယ်ဖြစ်ရပ်နဲ့ နိုင်း
ဘယ်လိုတိုင်းမလဲ ...။

အမှားအမှန်
ပုံသဏ္ဌန်တခုမှာ
ဘယ်ဟာအမှား
ဘယ်နားကအမှန်
ဘယ်ပေတံနဲ့ 
ဘယ်သူထံ
အဆုံးအဖြတ်ခံမှာလဲ ....။ ။


အမှန်အမှားသည်ပင်လျှင်အချိန်အခါနေရာဒေသပေါ်လိုက်၍ ပြောင်းလွဲတပ်ပြန်၏
သို့ သော် ထိုအချိန်ထိုနေရာထိုဒေသရှိ အများ၏ဆုံးဖြတ်ချက်ကိုသာလေးစားလိုက်နာသင့်
ပေသည်...။






Friday, January 9, 2009

ကလေးများအတွက် ကဗျာများ..

ကလေးများအတွက် ကဗျာများ..

( ၁ ) မွေးဌာနီ...

နှင်းပွင့် ကလေးတွေ ဖွေးရင်ကွယ်
သားလေးချမ်းလှတယ်
မေမေရယ် စောင်ခြုံပေး
ကနေဒါ ကအေး..။

ဖေဖေချစ်တဲ့ မြန်မာပြည်
သားလေး ရောက်ချင်သည်
မွေးဌာနီဘာကြောင့်များ
ဖေဖေ ပြန်မသွား... ။ ။


( ၂ ) လိမ်မာတဲ့ သားကလေး

ကြေးစည်ကလေးထုလို့ ရယ်
ဘုရားရှစ်ခိုးမယ်
ဦးချကွယ်သုံးကြိမ်မြောက်
ရွှေနိဗ္ဗန်သို့ ရောက်..။

လူတွေကြောက်တဲ့ ငရဲပြည်
သားတို့ မသွားပေ
ငြိမ်းချမ်းပါစေမြန်ပြည်သို့ 
ဆုတောင်းမေတ္တာပို့ ...။ ။




Thursday, December 25, 2008

ခရစ်စမတ် အထူး လက်ဆောင်

" GOD IS LOVE "


" ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မှူ၏ "

( ခရစ်စမတ်ဆိုသည်မှာ ပေးဆပ်ခြင်း၏ ပုံသက်သေ ဟူ၍လည်းယူဆ၍ ရနိုင်ပါသည် )

ဤကမ္ဘာမြေပေါ် ရှိ သက်ရှိ သတ္တ၀ါ တိုင်းသည် အသက်ရှင်သန်နေနိုင်ရန်အတွက် နီးစပ်ရာ ဆက်
စပ်ရာ သို့ မဟုတ် မိရှိးဖလာ အလိုက် အစား အစာတခုခုကို စားသုံးကြရသလို အဆင့် အမြင့်ဆုံး
သတ္တ၀ါဖြစ်သည့် လူသားများသည် ခန္ဓာကိုယ်ရှင်သန်နေယုံသာမကပဲ ၀ိညာဉ် ရေးရာဆက်လက်
ရှင်သန်နေနိုင်ရန်အတွက် ဘာသာတရားတခုခုကို မိရိုးဖလာအလိုက်ဖြစ်စေ ၊ မိမိကိုယ်တိုင်ရွေးချယ်
၍ ဖြစ်စေ ကိုးကွယ်ဆီးကပ်ပူဇော်ပသ တပ်ကြလေ့ ရှိသည် ။

ထိုသို့ ကိုးကွယ်ကြရာတွင် ကယ်တင်သောအရှင် မစသောအရှင် သို့ မဟုတ် လမ်းပြသောအရှင်
စသည့် ကြီးမြတ်သော ထူးခြားသော ပုဂ္ဂိုလ် တို့ ကိုတို့ ကို ပူဇော်ဆီးကပ်ကိုးကွယ်ကြလေ့ ရှိရာ
အဘယ်အရာသည် ဘုရားဖြစ်တော်မူသနည်း အဘယ်ကြောင့် ထိုသူကို ကိုးကွယ်ဆီးကပ်ကြရ
ပါနည်း ၊ ထိုကိုးကွယ်သင့် သောပုဂ္ဂိုလ်သည် အခြားသောသူများထက် အဘယ်သို့ ထူးခြားနေ
သင့် ပါသနည်း စသည့် မေးခွန်းများကို မိမိကိုယ်မိမိ မေးမြန်းရန် လူအများစုတို့ သည် မေ့လျှော
နေတပ်ကြပေရာ ရှူဒေါင့် တခုမှနေ၍ အချို့ ကျမ်းချက်များကို ကိုးကား၍ဝေငှ လိုက်ပါသည် ။
" Whoever does not love does not know God, because God is Love "
( 1 John
4:8 )
တွင် " ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်ကိုမသိ ၊ အကြောင်းမူကား ဘုရားသခင်
သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ ။ " ( ဓမ္မသစ်ကျမ်းပိုင်း စာမျက်နှာ ၃၁၇ ၊ ရှင်ယောဟန်သြ၀ါဒစာ
အခန်းကြီး ၄ ၊ အခန်းငယ် ၈ )
တွင် ဆိုထားပေသည်
ထိုအခါ မေတ္တာဆိုသည် ကိုကျမ်းစာက အဘယ်သို့ ဆက်လက်ဖွင့် ဆိုထားပါသနည်း ဟု
လေ့ လာကြည့် သော် " Love is patient, Love is kind. It does not envy, it does not boast,
it is not proud, it is not rude, it is not self-seeking, it is not easily angered, it keeps no
record of wrongs. ( 1 Corin 13:4-5 ) " ငါ့ ၌ မေတ္တာမရှိလျှင်အကျိုးမရှိ ၊ မေတ္တာသည် စိတ်ရှည်
တပ်၏ ၊ ကျေးဇူးပြုတပ်၏ ၊ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ ၊ ၀ါကြွားခြင်းမရှိ ၊ မာန်မာနမရှိ ၊ မလျှောက်
ပတ်စွာမကျင်တပ် ၊ ကိုယ်အကျိုးကိုမရှာတပ် ၊ ဒေါသအမျက်မထွက်တပ် ၊ အပြစ်ရှိသည်ဟုမထင်တပ်
မတရားသောအမှူ၌ ၀မ်းမြောက်ခြင်းမရှိတပ် ၊ သမ္မာတရား၌ ၀မ်းမြောက်တပ်၏ ခပ်သိမ်းသောအရာ
တို့ ကိုဖုံးအုပ်တပ်၏။ " ဟုဆိုထားပေသည် ။
ခရစ်တော်ဘုရားသခင်ကိုယ်တော်တိုင်ကလည်း လူသားခြင်းမေတ္တာပြကူညီကြရန် ဤသို့ 
မိန့် မှာခဲ့ ဘူးပါသည် ။ " A new command I give you: Love one another . As I have Loved
you, so you must love one another." ( John 13:34 ) " သင်တို့ သည် အချင်းချင်း တယောက်
ကို တယောက် ချစ်ကြလော့ ။ ငါသည် သင်တို့ ကိုချစ်သည့် နည်းတူ အချင်းချင်းချစ်ကြလော့ ဟုပ
ညတ်သစ်ကိုငါပေး၏ " ဘုရားသခင်သည် လူအများတို့ ကိုအဘယ်ကဲ့ သို့ ချစ်ကြခဲ့ ပါသနည်း ၊ ချစ်
ရန်တိုက်တွန်းမိန်မှာခဲ့ ပါသနည်း ဟု ကျမ်းစာများ၌လေ့ လာကြည့် ပြန်သော် ..
( ၁ ) စွန့် ကြဲ ပေးကမ်းကူညီခြင်း
( ၂ ) စွန့် လွတ်အနစ်နာခံကူညီခြင်း
( ၃ ) စွန့် စား ကယ်တင်တော်မူခြင်း
စသည့်  စွန့်  ၃ စွန့် ကို အဓိကထားကူညီလမ်းပြ သွားကြောင်း ကြမ်းစားများတလျှောက်တွေ့ ရှိရ
ပါသည် ။
လူသားအချင်းချင်း လူမျိုးအချင်းချင်း မိမိရောက်ရှိရာ နေထိုင်ရာ မွေးဖွားရာ ပတ်ဝန်းကျင်
တွင်မိမိတပ်နိုင်သည့် ဖက်များမှ ကူညီကြရာတွင်
( ၁ ) အချိန်ပေးကူညီခြင်း
( ၂ ) ငွေပေးကူညီခြင်း
( ၃ ) အကြံ ပေးကူညီခြင်း
( ၄ ) သတိပေးကူညီခြင်း
( ၅ ) လုပ်အားပေးကူညီခြင်း
( ၆ ) ဆုတောင်း ကူ ညီခြင်း
စသည် ဖြင့် မိမိတပ်နိုင်သည့် ဖက်များမှ တပ်နိုင်သလောက် အနစ်နာခံကူညီကြခြင်းသည် မင်္ဂလာ
ရှိသော လုပ်ရပ်များဖြစ်ကြောင်း ဘာသာတရားတိုင်းက လက်ခံထားကြပေသည် ။ လူတိုင်းသည်
မပြည့် စုံ ခြင်း အလျှင်းရှိသည့် အလျှောက် တပ်နိုင်သလောက် အကောင်းမြင်ဝါဒ ဖြင့် သာ သဘော
ထားကြီး မေတ္တာပြ သဘောထားကြီး ကူညီ အနစ်နာခံကြရန် ကြိုးစားသင့် ပေသည် ။
ယနေ့ ကမ္ဘာပေါ်တွင် လူသားအများစုကလေးစားကြရသော နိုဘယ်ဆုရှင်ပုဂိုလ်ကြီးများ
ကမ္ဘာကျော်ပုဂိုလ်ကြီးများကိုအနည်းစပ်ဆုံးလေ့ လာကြည့် ကြမည် ဆိုလျှင် သူတို့ ၏ ပညာမြင့် မား
တပ်မြောက်ခြင်း ၊ ချမ်းသာကြွယ်ဝကြခြင်း ၊ သြဇာအာဏာမြင့် မား ခြင်းတို့ ကြောင့် မဟုတ်ကြပဲ
ထိုသူနှင့် ဆက်ဆိုင်သော လူအများစုအတွက် အဘယ်မျှ အနစ်နာခံ ကိုယ်ကျိုးစွန့် စွန့် စားလုပ်
ဆောင်ခဲ့ ကြသည် ဆိုသည် ဖြင့် သာအများသဘောတူတိုင်းတာ လေးစားကြလေ့ ရှိ့ ကြောင်း
တွေ့ မြင်ကြရပါသည် ။ အခြားအရည်အချင်းများကြောင့် အထင်ကြီးချင်ကြီး ကြပါလိပ်မည် ၊ ကြောက်
ရွံ့ ချင်ကြောက်ရွံ့ ကြပါလိမ့် မည် သို့ သော် နောက်ကွယ်တွင် မလေးစားတပ်ကြပါ ။ လူအများ၏
စစ်မှန်သောအလေးစားခံရတပ်မှူသည် အဘယ်မျှအနစ်နာခံခဲ့ခြင်းဖြင့် သာ တိုက်ရှိက်အချိုးကြ
လျှက်ရှိကြောင်းရိုးရှင်းစွာ တွေရပေသည် ။
သို့ သော်ထိုသူအများစုတို့ သည် အလေးစားခံခြင်၍ အနစ်နာခံပြကြခြင်းမဟုတ်ကြ
ပဲ မိမိတို့ ၏ ၀ါသနာ ၊ စေတနာ ၊ အနစ်နာ တို့ နှင့် မခံခြင်စိတ် တို့ ၏တွန်းအားများကြောင့် သာ
တဖြေးဖြေး ၀င်ရောက် ပတ်သက်လာကြရကြောင်း တွေ့ ရတပ်ပေသည် ။ ထိုအနစ်နာခံ ဦး
ဆောင်လိုစိတ်အများစုတို့ သည် ပြည်သူ အများစုအပေါ် မေတ္တာ၊ စေတနာ ထားမှူများမပေါက်
ဖွားလာတပ်ပေရာ မေတ္တာသည်သာ အမြတ်ဆုံးဖြစ်ကြောင်းတွေ့ ရပေသည် ။
" Whoever does not love does not know God, because God is Love " ( 1 John
4:8 )
တွင် " ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်ကိုမသိ ၊ အကြောင်းမူကား ဘုရားသခင်
သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ ။ " ဟုသာဖေါ်ပြလိုပါသည်
ယနေ့ ကမ္ဘာကြီးပေါ်တွင် ဘာသာတရားတိုင်း၌ အစွန်းရောက်ဝါဒီများရှိတပ်ကြ
သလို။ အ ကောင်းအဆိုး အားနည်းချက်အားသာချက် နှင့် လူအမျိုးစုံ တို့ ကို ဒွန်တွဲ၍ဘာသာတိုင်း၌
တွေ့ ရှိနိုင်ကြပေရာဘာသာတရားအားလုံး၏ ဘုံ လေးစား ထိုက်သော တူညီသော အမြင့် မြတ်ဆုံး
သော အရာသည် ကား Love ချစ်ခြင်းမေတ္တာ ဖြစ်ကြောင်း ရိုးသားနိမ့် ချစွာ ဝေငှလိုက်ရပါသည် ။

" Qualities of a Leader "

" Patience, Vigilance and industry, Liberality , compassion and hope-these are the qualities
of a leader; these the qualities that should be wished for by the righteous. "

နာယကဂုဏ် ၆ ပါး

" ထကြွ နိုးကြား သနား သည်းခံ ဝေဖန် ထောက်ရှူ ဤခြောက်ခု ကြီးသူ ကျင့် ဝတ်သာ ။ "




Thursday, December 18, 2008

စိတ္တဇကွန်ခြာထဲမှာ

စိတ္တဇကွန်ခြာထဲမှာ

အနည်းနှင့် အများ
အမှားနှင့် အမှန်
သဏ္ဌာန်တူကွာခြားချက်
အဖက်ဖက်ရှူ့ ဒေါင့် များနဲ့ 
အနားမညီ ဗဟုဂံကတစ်ခု ။

အတုအပ အပြိုင်အဆိုင်
စတိုင်ဟန်ထုတ်
သရုပ်ဆောင်မှူပီပြင်
ရုံမတင်သော ကပွဲများ ။

ခြစားဖုံတက်
ရင်ကျက်ဟောင်းနွမ်း
လရောင်လမ်းမှ
မျှော်မှန်းအိမ်မက်
အတွေးနက်မည့် 
စာအုပ်တွေ ။

အပြုံးအမဲ့ နဲ့ 
ကဲ့ ရဲ့ ရှုတ်ချရင်း
အတ္တမြင်းစီး
အမှောင်ခရီးနှင်
မပီပြင်သော
ခရီးသွားကတချို့ ။

ကောင်းကင်မြေထက်
နေထွက်လ၀င်
အသွင်သဏ္ဌာန်ပြောင်း
လဟောင်းနှစ်ထပ်
လည်ပတ်နေမည့်  ကမ္ဘာမြေ ။ ။




Type the rest of your post here.

Sunday, December 14, 2008

' C '

* c ၊ ပ ၊ ဂ နှင့် ၁ *

မင်းမမှားပါ
ငါလည်း မှန်တယ်
အလည် မှာ င
ဘက်စုံ မှ ကြည့် 
ရှိသည့် သန်တန် မတူပြန်ဘူး
သူ ငယ် ချင်း ။


Friday, November 28, 2008

VOICE FROM THE DARK EARTH

VOICE FROM THE DARK EARTH


The world is rounding
on his pole…..

But some parts were
dark forever….

They are trying to dawn..

If you love human rights…

If you like rightness….

If you have sympathy
for the oppressed ….

If you have compassion….
for these humans in darkness.

Give a voice to
freedom from fear….



Friday, November 21, 2008

အမှန်တရားကိုရှာဖွေခြင်း

အမှန်တရားကိုရှာဖွေခြင်း

အဆန်းဆုံးဆိုတာတွေဟာ
ရိုးသွားပြီးတဲ့ နောက်
အဆိုးဆုံးလူတယောက်
အကောင်းဖက်ပြန်ရောက်တဲ့ အခါမှာ
အမှန်တရားဟာ အမှားတရံလားတဲ့
လောကရဲ့ ဒဿနအသစ်
အချစ်ရဲ့ အဆုံး အမုန်း
အပြုံးရဲ့ တဖက် အမဲ့ 
ကဲ့ ရဲ့ ခြင်းဆိုတာ
အခါခါမချီးမွမ်းနိုင်တော့ လို့ ပါ
ရိုးသားမှူတွေဟာ
ရိုးသွားခဲ့ ရ
ဘ၀ရဲ့ အစွန်းနှစ်ဖက်
ရောက်ခဲ့ ပြီးတဲ့ အခါ
ကမ္ဘာကြီးဟာလည်နေကြောင်း
ကောင်းကောင်းသဘောပေါက်
နားလည်ခဲ့ ရပါပြီလေ....။ ။


( ချီးမွမ်းခုနှစ်ရက် ၊ ကဲ့ရဲ့ ခုနှစ်ရက်အား ဖွဲ့ ဆိုပါသည် )


Type the rest of your post here.

Saturday, November 15, 2008

ဒီမို ဘာလဲ ဘယ်လဲ

ဒီမို ဘာလဲ ဘယ်လဲ

၈ မှဒီမိုကရေစီတော်လှန်ရေးကြီးစပြီး ပြည်တွင်းပြည်ပရှိမြန့် မာပြည်သူတွေကြားထဲမှာ အဓီကအုပ်စု
သုံးစုပေါ်ပေါက်ခဲ့ ပါတယ်။
( ၁ ) ပြည်သူမှစစ်မှန်စွာရွေးချယ်တင်မြှောက်သော အစိုးရတစ်ရပ်မြန်မာပြည်အတွက်ပေါ်ပေါက်သင့် ပြီဟု
ယူဆသော ပြည်သူများ ။
( ၂ ) ဘယ်သူတွေကမိမိကိုဘယ်လိုစံနစ်နဲ့ အုပ်ချုပ်သည်ဖြစ်စေ မခံစားတပ်၊မခံစားလို
မတွေးတောချင်၊မိမိနှင့်ဆိုင်သည်ဟုမထင်သောသဗေသတ္တာကံမသကာပြည်သူများ ။
( ၃ ) မှားသည်မှန်သည်ကိုသိသော်လည်းတိုက်ရိုက်သော်၎င်း၊သွယ်ဝိုက်၍သော်၎င်းပတ်
သက်ဆက်စပ်အကျိုးခံစားနေရ၍ မျက်စေ့ မှိတ်ကျားကန်ထောက်ခံနေကြရသောပြည်သူများ၊အုပ်ချုပ်သူများ ၊ အကြောင်းအမျိုးမျိုးကြောင့် အာဏာကို ဆက်လက်ဆုတ်ကိုင်ထားရန်လိုအပ်နေသေးသောသူများ
ဟူ၍ဖြစ်ပါသည် ၊
မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံမှာကြီးပြင်းခဲ့ ကြသော ကျွန်တော်တို့ မြန်မာလူမျိုးအချင်းချင်း
တဦးနှင့် တဦးနားလည်ခန့် မှန်းသုံးသပ်ရန် မခဲရင်းလှပါ ။

( ၁ ) ပါတီစုံဒီမိုကရေစီ(၀ါ)စစ်မှန်သောပြည်သူ့ အစိုးရကိုလိုလားသောမြန်မာပြည်သူများသည် နံပါတ်တစ်အများ
ဆုံးသောအုပ်စုဖြစ်သည်ဟုရဲဝန့် စွာဝံခံရပါမည်။
ဘ၀ပျက်အသက်အသေခံအနစ်နာခံရဲ့ ဝန့် စွာပြင်းထန်စွာတွန်းလှန်တိုက်ခိုက်နေသူများမှအစပျော့ပျောင်းညင်သာစွာဆန္ဒဖေါ်ထုတ်ကြသည့် 
ပြည်သူများအလည် နောက်ကွယ်မှ နည်းမျိုးစုံဖြင့်ထောက်ခံအားပေးနေသူများအဆုံးအားလုံးပါဝင်ပါသည် ။

ထိုသူတို့ သည် ဒီမိုကရေစီရသွားလျှင်၊ စစ်အစိုးရပြုတ်ကျသွားလျှင်မြန်မာနိုင်ငံကြီးနေ့ တွင်းညတွင်းခြင်း
ချမ်းသာလာတော့ မည် ပြည်သူတို့ ရွေးချယ်တင်မြှောက်လိုက်သော ဒီမိုကရေစီအစိုးရသည် သန့်ရှင်း
မြင့် မြတ်စဉ်ကျယ်သော ခေါင်းဆောင်များချက်ခြင်းရလာလိမ်မည်ဟုမျှော်လင့် မထားကြပါ။
စစ်အစိုးရလုပ်သမျှတစ်ခုမှမကောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများ အားလုံးရက်စက်ရုတ်မာ
သည်ဟုကျွန်တော်တို့ မဆိုလိုပါ။
ဒီမိုကရေစီအခြေခိုင်ခန့် နေပါပြီဆိုသော ကမ္ဘာ့ နိုင်ငံကြီးများတွင်ပင်လျှင် အစိုးရထဲမှချစားမှူများ
မတရားမှူများရှိနေတယ်ပါသေးသည် သေနပ်ပြောင်းဝ မှအာဏာကို ဆက်လက်ထိမ်းသိမ်းဖက်
တွယ်ထားသော ပြည်သူ့ အာဏာကိုမလေးစားသော အာဏာရှင်နိုင်ငံများတွင်လည်း အတုယူ
စရာများရှိတပ်ပါသည်။ လူဟာဘယ်စံနစ်မှာမဆိုအနည်း
နဲ့ အများဖေါက်ပြန်တယ်ပါတယ် ဖေါက်ပြန်နေမှာပါပဲ ရာထူးအကြီးအသေးအလိုက်ပေါ့ 
တိုင်းပြည်တခုဟာလွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းကို ဘယ်လောက်ထိမ်းထားနိုင် သလဲဆိုတဲ့ အချက်က
ထိုတိုင်းပြည်နဲ့ ထိုပြည်သူတွေအတွက် အခြေခံကျပါတယ် အုပ်ချုပ်သူတွေဘာလုပ်လုပ် မျက်စေ့ မိတ်ပြီးမကောင်း
ထိုင်ပြောနေမယ်ဆိုတဲ့ အတွေးမျိုးဟာတော်လှန်ရေးမဟုတ်ပါဘူး သူတို့ လုပ်မှအောင်မြင်မယ် ၊ ငါတို့ လုပ်မှ
အောင်မြင်မယ်ဆိုတဲ့ ငါစိတ် လွန်ကဲခြင်းဟာလည်း ထွက်ပေါက်မရှာနိုင်သော ပြည်သူအများစုနှင့် မျက်နှာငယ်
နေသောတိုင်းပြည် နစ်နာရုံမတပါးအခြားကောင်းကျိုးမရှိနိုင်ပါ ။ မြန်မာပြည်သားတိုင်းအဖြစ်မှန်ကို ရိုးသား
စွာမြင်တပ်ဖို့ လက်ခံတပ်ဖို့ အရေးကြီးပါသည် ။ မြန်မာပြည်သူပြည်သား တဦးချင်းစီရဲ့  လွတ်လပ်ခြင်း ၊ တရားမျှတခြင်း နဲ့ အခြေခံလူ့ 
အခွင့် အရေးတွေကို ဘယ်သူတွေက ဘယ်အချိန်မှာ အာမခံချက်ပေးနိုင်မှာလဲ ဆိုတဲ့ မေးခွန်းကို မိမိဖာသာ စိတ်အေးအေးထားပြီးတဦးချင်းစီအနေနဲ့ ဖြေ
ကြည့် ကြရအောင်ပါ ။ ဒါဟာယနေ့ ကမ္ဘာလူမှူအသိုင်းအ၀ိုင်းမှာ တိုင်းနိုင်ငံတိုင်း ပြည်သူတိုင်းအတွက်အခြေခံလိုအပ်ချက်တွေပါ
အဲဒါတွေရှိလာမှတဦးချင်းစီရဲ့ ကျိုးစားမှူတွေဟာညီမျှစွာအရာထင်လာပြီး တိုင်းပြည် တခုလုံး လူမျိုးတမျိုးလုံး
အဆင့် ဆင့် တိုးတက်လာမှာဖြစ်ပါတယ် ။
ီဒီမိုကရေစီစံနစ်သည်သာ တစ်ခုတည်းသောတိုင်းပြည်နှင့် လူမျိုးကိုတိုးတက်စေသောစံနစ်တခုဟုကျွန်တော်
တပ်အယ်မပြောလိုပါ သို့ သော် သူအလိုအလျှောက်ဖြစ်နေသောအစိုးရ ( သဘာဝပေါက်ပင်အစိုးရ) မျိုးများ
သည်မနေခောတ်ကမ္ဘာနှင့် မကိုက်ညီတော့သည်မှာသေချာပါသည်။ ဒါကိုစိတ်ထဲကကြိတ်၍သဘောပေါက်နား
လည်နေသောစစ်အစိုးရများ၊ တိုင်းပြည်ကိုကယ်တင်လိုက်ရပါသည် စိတ်မချသေး၍ဆက်လက်ထိမ်းသိမ်းထား
ရပါသေးသည်ဆိုသောအစိုးရခေါင်းဆောင်ကြီးများနိုင်ငံကြီးများသည် အကင်းပါးစွာဖြင့် မသိမသာပြောင်းလွဲ
လွတ်လပ်မှူများကို လျှောပေါ့ ပေးလာရသည်ကို တရုတ် ၊ ရုရှ ၊ ကျုးဘား ၊ စသည့်နိုင်ငံများတွင်ထင်ရှားစွာတွေ
မြင်နိုင်ပေသည် ၊ အာဏာရှင်ဆန်သောလေသံများဖြေးညှင်းစွာပပြောက် လာသည် ၊ သို့ သော် မိမိပြည်သူများ
ကို တပ်နိုင်သမျှ ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်ထားနေဆဲဖြစ်သည် ။
ထို အလိုအလျှောက်ဖြစ် အစိုးရများသည် သေနတ်ပြောင်းဝမှအာဏာကို ဗြောင်မသုံးရဲတော့ ပဲ မျက်စေ့ ပွင့် 
နေသောပြည်သူများကို မျက်စေ့ မပွင့်နေသောပြည်သူများဖြင့် လှဲ့ တိုက်ပေးသောနည်းဗျူဟာကိုတဖက်လှည့် 
သုံးစွဲလာခဲ့ သည် ။ အမှန်တရားကို သူတို့ နားလည် ၏သို့ သော် တပ်နိုင်သမျှ ၊ ဖြစ်နိုင်သမျှ ၊ ကြာနိုင်သမျှ သူ
တို့ ထိမ်းချုပ်ထားချင် အချိန်ဆွဲထား ကြဦးမည်ဖြစ်သည်။
နောက်ကွယ်မှ သေနတ်ကိုင် ပြီးကလိန်စေ့ညာဏ်ဆင်၍ အာဏာဆုပ်ကိုဖက်တွယ်ထားကြမည့် အစား ပြည်သူ
လူထုစင်မြင့် ရှေ့ မှောက်ပေါ်သို့ ရဲဝန့် စွာရင်ကော့ တက်လာပြီး မဲဆွယ်စီးယုံး ၍ ခေါင်းဆောင်နေရာကို ထိုက်
တန်စွာရယူ ကြစေလိုပါသည် ။
ကမ္ဘာာပေါ်ရှိထို အလိုအလျှောက်ဖြစ် အစိုးရများသည် ဝေဖန်တပ်သောပြည်သူများနှင့် သတင်းမီဒီယာများကို
နည်းမျိုးစုံဖြင့် ဖိနိပ်ဟန့်တားလေ့ ရှိသည် မိမိတို့ ၏သတင်းများကိုလည်း အာဏာသုံ၍နည်းမျိုးစုံဖြင့် ဖြန့်ချီမိုင်း
တိုက်လေ့ရှိသည် အဘယ်ကြောင့် ထိုတိုင်းပြည်ခေါင်းဆောင် ဟုအတင်းအဓမ္မခံယူထားသော ပုဂ္ဂိုလ်များသည် အဝေဖန်မခံရဲရပါသနည်း မီဒီယာများကိုပိတ်ဆို့ ထားရပါသနည်း ကမ္ဘာနှင့် ပြည်သူကို မျက်ချေဖြတ်ရပါသနည်း
ဆိုသည့် အဖြေကို တိုင်းပြည် ၏အခြေခံလူတန်းစားများမှအစ အသိပညာအတပ်ပညာရှင်များအဆုံး တဦးချင်းစီ
လွပ်လပ်စွာဖြေကြည့် ကြစေချင်ပါသည်
ယနေ့ ကမ္ဘာနိုင်ငံအများစု ( အနောက်နိုင်ငံကြီးတွေကိုထားပါဦးတော့ ) သည် ( ဥပမာ အိမ်ဒိယ ၊ ထိုင်း ၊ စင်္ကာ
ပူ၊ ဖိလိပီး ) နိုင်ငံအများစု၏အစိုးရနှင့် ပြည်သူဆက်ဆံရေးကိုပြည်တွင်းမှ ပြည်သူများလေ့ လာရန် အခွင့် အရေး နည်း ပါး သည့် ကြားမှ လေ့ လာကြည့် ကြစေလိုပါသည် ရာနှုံးပြည်ကောင်းမွန်သောစံနစ်ဟုမဆိုလိုပါ အားနည်း
ချက်အားသာချက်များစွာ ရောပြွန်းနေသေးလင့် ကစား ပြည်သူတို့ ၏လွတ်လပ်ခွင့် ၊ ကမ္ဘာမှပြည်သူနှင့် နိုင်ငံအ
စိုးရကိုလေးစားအသိအမှတ်ပြုမှူ အတွေးခေါ် ပညာရေးနှင့် ကမ္ဘာကြီးကိုလွတ်လပ်စွာဆက်သွယ်နိုင်ခွင့် တို့ သည်
တရုပ် ၊မြောက်ကိုရီးယား ၊ မြန်မာစသည့် နိုင်ငံတို့ နှင့် ယှဉ်လျှင် လွန်စွာကွာခြားကြောင်း သိသာလှပါသည် ။
ဒီမိုကရေစီနိုင်ငံကြီးများသည်သာ ကောင်းသည့် အစိုးရစံနစ်ဖြစ်သည် မဟုတ်ကြောင်းကျွန်ုပ်ထပ်ခါတလည်း
လည်း သတိပေးလိုပါသည် သို့ သော်မည်သို့ ဆိုစေ ယနေ့ ခေတ်ကမ္ဘာကြီးတွင် မိမိမမွေးခင်ကပင် အလိုအ
လျှောက်ဖြစ်နေပြီးဖြစ်သောအစိုးရမျိုး ၊ အတင်းအဓမ္မဖြစ်ထွန်းလာသောအစိုးရမျိုး လက်နှက်အားကိုးဖြင့်ရွေး
ချယ်ခံခဲ့ ရသောအစိုးရမျိုး ၊ ဘုရင်စံနစ် စစ်အာဏာရှင် စံနစ် ဆန်ဆန်အစိုးရမျိုးများသည် တဖြေးဖြေး ပြောင်း
လွဲ ပပြောက်လာကြသည်ကို ရိုးသားစွာဝန်ခံကြပါစို့ ။
လူမျိုးချင်းအတူတူ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား ဘာကြောင့် တိုးတက်မှူကွာခြားလာရတာလဲ ဂျပန်
နဲ့ တရုပ်အောင်မြင်တာတူရင်တောင် ကမ္ဘာကလက်ခံတာ မြင်တာဘာကြောင့်မတူကြတာလဲ ၊ ရိုးသားစွာစဉ်း
စားကြရအောင်ပါ ၊ ပဒေသရဇ် ခေတ်ကာလတွေမှာ ဘုရင်တွေ သားစဉ်မြေးဆက် ကံကောင်းယုံနဲ့ အုပ်ချုပ်ကြ
တာမျိုး ၊ ကမ္ဘာစစ်ကာလတွေမှာ စစ်တပ်ကနိုင်ငံကိုအုပ်ချုပ်ကြရတာမျိုး မဆန်းပေမဲ့  ယနေ့ ခေတ်ကမ္ဘာကြီး
မှာ မြန်မာစစ်တပ်အခန်းကဏ္ဌဘယ်နေရာမှာရှိသင့် ပါသလဲ ၊ ကမ္ဘာက လေးစားဆက်ဆံအသိအမှတ်ပြုလာ
ဖို့ ဘာတွေလိုက်နာဖို့ လိုအပ်ပါသလဲ ၊ ကမ္ဘာကလူရာမသွင်းရင် ရေရှည် ပြည်သူနဲ့ နိုင်ငံဘာတွေဖြစ်လာမ
လဲ ( ဒီနေရာမှာလူဦးရေများနေသောတရုပ်ကိုတုမိုက်၍မရပါ )၊ လူတိုင်းစဉ်းစားနိုင်ပါသည် ၊ ဒါဆို ယနေ့ 
စစ်တပ် လာလုပ်နေသလဲ့ ၊ ဘယ်လမ်းကြောင်းပေါ်မှာဘယ်လို ဦးတည်ချီလှမ်းနေသလဲ ၊ အတိုက်အခံတွေ
အပေါ်တရားမျှတမှူရှိသလော၊ ပြုစုပြိုးထောင်အားပေးမှူရှိသလော၊ ဒီအဖြေတွေကို မိမိဖါသာ မိုင်းတိုက်မခံ
ပဲ လွပ်စွာ သဦးချင်းစီဖြေကြည့် ကြပါ ၊ ဒါဆိုရင် တိုင်းပြည်လူမျိုးအတွက်ဘယ်ဘက်ကရပ်တည်တာမှန်တယ်
ဆိုတာ မိမိသမိုင်းကိုမိမိလိပ်ပြာလုံပါလိမ့် မယ်
ယာရီ အရှုံးအနိုင်သည် အခြေအနေအချိန်အခါအရပ်ရပ်ပေါ်တွင်ရပ်တည်နေသဖြင့် အဓိကမကြပါ မိမိ စိတ်
ဓါတ် ယုံကြည်ချက် သန့် စဉ်မှူသာလျှင် သမိုင်းမျိုးဆက်တွေက မှတ်ကျောက်တင်သွားပါလိမ့် မည်


ဆက်ရေးပါဦးမည် ...



Saturday, November 8, 2008

အုပ်စုဥပဒေ

အုပ်စုဥပဒေ

တော်လှန်သူဟာ
ဗမာပြည်ကွန်မြူနစ်တဲ့ ...
ညစ်ပတ်တဲ့ ဥပဒေ
ပြည်သူတွေကို စွပ်စွဲ
ထောင်ထဲကိုသွင်းလို့ 
ဒို့ တတွေ ရှောင်တိမ်းလာတာ
ဒီနေရာမှာပြန်တွေရ
မ ဆ လ တဲ့ စွပ်စွဲ
အဲဒီလူ ဟာ သူလျှို
မလို သူတွေတစု
ပြုလုပ်တဲ့ ဥပဒေ
ဒီနယ်မြေမှာ
မရှိပါစေနဲ့ ...။ ။


( ၁၉၉၀ ရိုးမ၏ရှိုက်သံများ ကဗျာစာအုပ်မှ )


Saturday, November 1, 2008

အတ္တ၏သားကောင်များ

အတ္တ၏သားကောင်များ

သိ၍မဟုတ်
ကျွန်နုပ်သိ၏...။

မကြား၍မဟုတ်
ကျွန်နုပ်ကြား၏..။

မမြင်၍မဟုတ်
ကျွန်နုပ်မြင်၏..။

သိ ကြား မြင်လည်း
ရဲရဲမ၀န့် 
ကျွန်နုပ်အဖြစ်ကား
ဘာများတပ်နိုင်ဦးမည် နည်း..။ ။


( စိတ်ကောင်းရှိသော တပ်မတော်အရာရှိကြီးများသို့ )