အမှန်တရားရဲ့ အနောက်
မြှောက်ပင့်တဲ့ လူတစုအကြား
ပြောက်သွားတဲ့ မှန်တချပ်..
ရစ်ပတ်ခဲ့ အမှားများစွာ
ဘ၀ပါသေဆုံး
အပြုံးတို့ ပျောက်ကွယ်
ယုံလွယ်တဲ့ဦးနှောက်
ဖေါက်ဖျက်ခဲ့ သစ္စာတရား
စေစားတဲ့ အတ္တစိတ်
အတိတ်ကကြီးမြတ်မှူ
ဘယ်သူကိုဘာ့အတွက်
ငဲ့ ကွက်နေရမှာလဲ ...
၁၉၈၉ ခုနှစ်
Sunday, June 22, 2008
Friday, June 20, 2008
အလွမ်းနဒီဘေးမှာ
အလွမ်းနဒီဘေးမှာ
အလွမ်း တပွင့်
ပန်းတပွင့် 
လမ်းသင့် လျှင်မျှော
လွမ်းရေကျောမှာ
လွမ်းသောသူကမျှောလိုက်သည် ။
အနမ်းတခါ
ပန်းတခါ
အကျင်နာချွေချ
တချိန်ကပေါ့
သူမပေးဆက်ဖူးပါသည် ။
အနမ်းကြောင့်ဆွေး
ပန်းခြောက်ကလေး
ဖြေးဖြေးချွေမွှ
သတိယရင်
တစစီလွှင့် ချွေ တပ်ပါသည်။
အနမ်းတဆ္ဆေ
ပန်းကဝေ
လွမ်းလေပြေခ
လသာညမှာ
သူမပျော်မွေ့ ဘူးပါသည် ။
အနမ်းအိမ်မက်
ပန်းချိန်စက်ဖြင့် 
အိပ်စက်ညများ
ဘ၀တပါးမှ
သူ့ အားတောင်းဆုပြုပါသည် ။
( ရိုးမချောင်းခြားဘ၀တပါးမှ သူမသို့ )
ရိုးမချောင်းခြားဘ၀တပါးမှ သူမသို့ 
အလွမ်း တပွင့်
ပန်းတပွင့် 
လမ်းသင့် လျှင်မျှော
လွမ်းရေကျောမှာ
လွမ်းသောသူကမျှောလိုက်သည် ။
အနမ်းတခါ
ပန်းတခါ
အကျင်နာချွေချ
တချိန်ကပေါ့
သူမပေးဆက်ဖူးပါသည် ။
အနမ်းကြောင့်ဆွေး
ပန်းခြောက်ကလေး
ဖြေးဖြေးချွေမွှ
သတိယရင်
တစစီလွှင့် ချွေ တပ်ပါသည်။
အနမ်းတဆ္ဆေ
ပန်းကဝေ
လွမ်းလေပြေခ
လသာညမှာ
သူမပျော်မွေ့ ဘူးပါသည် ။
အနမ်းအိမ်မက်
ပန်းချိန်စက်ဖြင့် 
အိပ်စက်ညများ
ဘ၀တပါးမှ
သူ့ အားတောင်းဆုပြုပါသည် ။
( ရိုးမချောင်းခြားဘ၀တပါးမှ သူမသို့ )
ရိုးမချောင်းခြားဘ၀တပါးမှ သူမသို့ 
Wednesday, June 4, 2008
ပွဲဖျက်မည့် သူ
ပွဲဖျက်မည့် သူ
ကမှာလား..
သွားသွား ကချေ...။
ကြည့် ရင်လည်း
ကဲ ကဲ ငြိမ်ငြိမ်ထိုင်....။
အလိုလေး
မကလည်းမက
မကြည့် လည်းမကြည့် 
ငတိလက်ထဲ
ခဲ နဲ့ ပါလား...။ ။
ကမှာလား..
သွားသွား ကချေ...။
ကြည့် ရင်လည်း
ကဲ ကဲ ငြိမ်ငြိမ်ထိုင်....။
အလိုလေး
မကလည်းမက
မကြည့် လည်းမကြည့် 
ငတိလက်ထဲ
ခဲ နဲ့ ပါလား...။ ။
သားမောင်စစ်သည်သို့ 
သားမောင်စစ်သည်သို့ 
အမေ့ ထံမှစာ
ပန်းတို့ ကြွေကာ
ရေမှာမျောရ
သောကပင်လယ်မှာဆုံး
ပန်းတကုံးသီဖို့ ဆိုရင်
ပန်းပင်ပေါ်ကမင်း
ဆင်းခဲ့ ပါတော့ ....
Type the rest of your post here.
အမေ့ ထံမှစာ
ပန်းတို့ ကြွေကာ
ရေမှာမျောရ
သောကပင်လယ်မှာဆုံး
ပန်းတကုံးသီဖို့ ဆိုရင်
ပန်းပင်ပေါ်ကမင်း
ဆင်းခဲ့ ပါတော့ ....
Type the rest of your post here.
Monday, June 2, 2008
မစည်းရုံးစေသူသာ
မစည်းရုံးစေသူသာ
အမှန်တရား
အမှားတရံ
ကျားကန်ငြင်းကြ
ငါအတ္တစွဲ
ငါပဲလူတော်
ထုတ်ဖေါ်ဒဿန
ဖွင့်ဟအတွေးအခေါ်
ဆော်ကြကော်ကြ
ထုကြနှက်ကြ
မရသည့် အဆုံး
ပြုံးဖြင့် ကြိတ်ကြံ
ဟန်ဆောင်အုပ်စုဖွဲ့ 
သူ့ ဖက်ငါ့ ဖက်နဲ့ 
ဦးတည်ချက်တွေလွဲ
အကွဲကွဲအပြားပြား
အင်အားချိနဲ့ 
ဒို့ ရဲ့ ရန်သူ
ဘယ်မှာလဲ ....။ ။
အမှန်တရား
အမှားတရံ
ကျားကန်ငြင်းကြ
ငါအတ္တစွဲ
ငါပဲလူတော်
ထုတ်ဖေါ်ဒဿန
ဖွင့်ဟအတွေးအခေါ်
ဆော်ကြကော်ကြ
ထုကြနှက်ကြ
မရသည့် အဆုံး
ပြုံးဖြင့် ကြိတ်ကြံ
ဟန်ဆောင်အုပ်စုဖွဲ့ 
သူ့ ဖက်ငါ့ ဖက်နဲ့ 
ဦးတည်ချက်တွေလွဲ
အကွဲကွဲအပြားပြား
အင်အားချိနဲ့ 
ဒို့ ရဲ့ ရန်သူ
ဘယ်မှာလဲ ....။ ။
Saturday, May 31, 2008
ယုံကြည်ချက်၊ခံယူချက်ကွဲတိုင်းရန်သူမဟုတ်
ယုံကြည်ချက်၊ခံယူချက်ကွဲတိုင်းရန်သူမဟုတ်
ရဲရဲတွေးရဲရဲရေးကိုရဲရဲလက်ခံကျင့်သုံးလာခဲ့ပြီးတဲ့နောက်လှေနံဒါးထစ်ဝါဒတွေကိုပြောင်း
လွဲရင်း စိတ်တံခါးကိုဖွင့်ထားခဲ့ကြပါတယ်၊ယုံကြည်ချက်ခံယူချက်အမြင်အဘောထာရှူ
ဒေါင့် ကွဲတိုင်းရန်သူမဟုတ်ကြပါလွတ်လပ်စွာကွဲလွဲပိုင်ခွင့်ရှိကြပါတယ်မိမိယုံကြည်ချက်
ကိုနိုင်းယှဉ်တင်ပြပိုင်ခွင့်ဆက်လက်ဆုပ်ကိုင်ထားပိုင်ခွင့် ထပ်မံကြိုးစားပိုင်ခွင့်ဆိုတာ
တွေဟာသဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေလက်ခံသည်ဖြစ်စေမခံသည်ဖြစ်စေ နေရာတိုင်းမှာဆက်လက်ရှင်သန်နေကြမှာပါ ဘယ်သူကို့ ဘယ်သူကမှပိတ်ထား၍မရ
ကြပါလမ်းကျဉ်းကလေးထဲမှာရှေ့ကရောက်နှင့်နေပြီးသားကားကလမ်းဖယ်မပေးရင် နောက်ကားကကျော်တက်လို့ မရခဲ့ ပေမဲ့ ဟိုက်ဝေးလမ်းမကျယ်ကြီးထဲ ရောက်သွား
ကြတဲ့ အခါမှာတော့တကားကိုတကားပိတ်မောင်းလို့ မရတော့ ပါဘူး ။
အဲ ဒါပေမဲ့ အရေးအကြီးဆုံးအချက်တခုကတော့  တရားမျှတစွာ ယှဉ်ပြိုင်နိုင်ခွင့် 
လိုပ်ကိုင်နိုင်ခွင့် ရှိဖို့ ပါ ၊အပြန်အလှန်တန်းတူလေးစားဆက်ဆံခြင်း ဆိုတာလည်း
လိုပါတယ် ။
လူဆိုတာလူ့ အတ္ထနည်းအများမကင်းကြပါဘူး လူကိုလိုအပ်တဲ့ အခါမှာထိမ်းချုပ်
တဲ့ စံနစ်တခု သို့ မဟုတ် ဥပဒေ တခုခိုင်မာစွာလွမ်းမိုးရပ်တည်ထားဖို့ တော့ လို
ပါတယ် ဘယ်စံနစ်ဘယ်ဝါဒ ဘယ်လောက်ပဲကောင်းနေစေကာမူ လူသဘောသ
ဘာဝ ကိုထည့် မတွက်ထားခဲ့ ဘူးဆိုရင်ဖြည်းဖြည်းခြင်းပျက်စီးဆုံးရှံးတိမ်မြုတ်
ပျောက်ကွယ်သွားပါလိပ့်မယ်လူတို့ ၏ယုံကြည်ချက်ခံယူချက်လုပ်ဆောင်ချက်
စိတ်ဓါတ်တွေဟာမိမိကြိုးစားနေရစဉ်ကာ
လနဲ့ မိမိအောင်နိုင်ပြီးကာလနေရာရပြီကာလ မတူတပ်ကြပါဘူး အမျိုးသားရေးစိတ်ဓါတ်အစစ်အမှန်တွေဟာ မိမိ
တိုင်းပြည်တကယ်ကောင်းစားတိုးတက်မယ်ဆိုရင် မိမိနောက်မှာနေရရင်၊ နောက်ဆုတ်ပေးလိုက်ရရင်လဲ ၀န်မ
လေးတပ်ကြသလို ၊ လိုအပ်ရင်လဲ စွန့် လွတ်အသက်စတေးဖို့ ကိုပင်ဝန်မလေးတပ်ကြကြောင်းတွေ့ ရကြမှာပါ၊
ဘယ်နေရာကီစ္စမျိုးမှာမဆိုသဘောထားတင်းမာသူတွေနဲ့ သဘောထားပျော့ ပြောင်းသူ တွေဆို ပြီးနှစ်မျိုး (နှစ်အုပ်စုမဟုတ်ပါ )ရှိနေတယ်ကြတာလဲအဆန်းတကျယ်မဟုတ်ကြတော့ပါဘူး တော်လှန်ရေးတစ်ရပ်
ဆိုတာ ဒေါသရှေ့ ထားဂလဲ့ စားချေခြင်းတစ်ရပ်မဟုတ်ပါဘူး လိုအပ်လို့ အပြေင်းအလွဲ တစ်ရပ်ကို ဖြစ်ပေါ်စေခြင်း မျှသာဖြစ်ပါတယ် ၊နိုင်ငံရေးတရပ်မှာလည်းပါတီစွဲ ၊လူမျိုးစွဲပြင်းထန်လွန်းရင် အမျိုးသားနိုင်ငံရေးပျောက်ဆုံးတပ်
ပြီးလမ်းမှားရောက်တပ်တာတွေလည်းရှိတယ်ပါတယ်။ ကမ္ဘာ့ သမိုင်းတွေကိုပြန်ကြည့် မယ်ဆိုရင်လည်းတော်လှန်
ရေးတိုင်းမှာသွေး ၊ချွေး ၊အသက်တွေစတေးခဲ့ ကြရတာကို တွေရမှာဖြစ်ပါတယ် ၊ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာတော့
အခြားအရှေ့ အလယ်ပိုင်းလုပ်ရှားမှူတွေ ၊ အာဖရိက ကလုပ်ရှားမှူတွေနဲ့ ရှင်ရင် ပျော့ ပြောင်းညင်သာတာကိုတွေ့ 
ရပါတယ်။ နှစ်ပေါင်း ၄၀ ကျော်ကြာ ကြောက်ရွံ့ မှူအရိုးစဲနေတော့လက်နက်မဲ့ အခြေအနေမပေးတာတွေလဲ ပါ
နေပါတယ်၊ ဒါတွေဟာစစ်အစိုးရအခွင့် ကောင်းရပြီးသက်ဆိုးရှည်နေခြင်းရဲ့ အဓိကအချက်ဖြစ်ပါတယ်။ UN တပ်
တွေ ၊ ဘာ တွေဆိုတာလဲ ဘယ်လို့ မှဝင်ဖို့ အခြေအနေဖြစ်မလာတော့ ပါဘူး။
သမိုင်းမှာကျွန်ုပ်တို့ ဟိုဖက်ဒီဖက်အားလုံး လေးစားခဲ့ ကြရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဖွဲ့ ဟာအ
င်္ဂလိပ်ကိုတိုက်ထုတ်ဖို့ ဂျပန်ကိုခေါ်လာခဲ့ တာဘယ်သူငြင်းမလဲ့ ဒီဆိုးကျိုးကောင်းကြိုးတွေကို သူတို့ ဟိုင်နန်ကျွန်း
မှာဂျပန်ဖက်စစ်တွေနဲ့ စစ်ပညာသင်ကြားနေစဉ် ကြိုတင်ခန့် မှန်းသိရှိခဲ့ ကြပါတယ်၊ သိုတို့ လဲ့ ဖြစ်နိုင်ရင်ဘယ်သူ့
အကူအညီမှမပါပဲ ပြည်သူတွေနဲ့ ဝေးရာနယ်မြေမှာ အင်္ဂလိပ်စစ်တပ်ကိုအမှန့် ကြိတ်ချင်ခဲ့တဲ့ သူတွေပါပဲ
တိုင်းပြည်တိုင်းမှာစစ်တပ်လိုပါတယ် ၊ဒါပေမဲ့ စစ်တပ်ရဲ့ အခန်းကန်ဏ္ဍဟာအကန့်အသတ်ဥပဒေ
ဘောင်ရဲ့ အောက်မှာလုံးဝရှိသင့် ပါတယ် ၊စစ်တပ်ဟာတိုင်းပြည်ကိုရွေချပေးနိုင်ရင်တောင်မှလုံးဝ အစိုးရမဖြစ်သင့်
ပါဘူး ယနေ့ ကမ္ဘာလူမှူအသိုင်းအ၀ိုင်းဟာ ကမ္ဘာစစ် ဖြစ်ခဲ့ ကြတဲ့ ကာလကြီးတွေနဲ့ မတူကြတော့ တာပြေင်းလွဲ
နေတာတွေ့ မြင်သတိထားမိဖို့ လိုပါတယ် ။ တရုပ်လို ၊ ရုရှနိုင်ငံလို နိုင်ငံတွေရဲ့ လူအင်အားနဲ့ အုပ်ချုပ်မှူစနစ်တွေ
ကို မြန်မာနိုင်ငံနဲ့ နိုင်းယဉ်လို့ မရပါဘူး ...
တရုတ်ဟာလူဦးရေအဆမတန်များလွန်းပြီး ရှားပါးဆင်းရဲတဲ့ နိုင်ငံဘ၀ဟာ လူတဦးချင်းစီရဲ့ 
ကျိုးစားမှူအရည်အချင်းတွေကို တန်းအားပေးခဲ့ ပါတယ် နောက်တခုကအာဏာရှင်အစိုးရဆိုတာ နည်းပညာတွေ
အခြားနိုင်ငံကနေခိုးဖို့ တရားမ၀င်နည်းလမ်းပေါင်းစုံနဲ့ ပြန်လည် ဖြန့်ချီဝေငှရောင်းဝယ်ဖေါက်ကားဖို့ ဝန်လေးတပ်
တဲ့ နိုင်ငံမဟုတ်ပါဘူး ၊ အနောက်နိုင်ငံကြီးတွေမှာလည်း ဒီလိုမျိုးရှိတယ်ပေမဲ့ ဥပဒေလမ်းကြောင်းပေါ်ကပြန်လည်
တရားစွဲလို့ ရပါတယ် ဥပမာ Patent Law လိုမျိုးပါ ၊ တရုပ်ဟာကိုယ်ပိုင်နည်းပညာတည်ထွင်မှူကိုအဓိကမထား
ပဲ ဂျပန်၊ရုရှ အပါအ၀င် အနောက်နိုင်ငံကြီးတွေက Technology တွေကို မြန်ဆန်စွာခိုးယူ ပြုပြင်သုံးစွဲခဲ့ ကြရာမှ
လူဦးရေများသဖြင့် လုပ်ခသက်သာပြီး ကမ္ဘာဈေးကွက်ကိုအမြန်ထိုးဖေါက်ဝင်ရောက်အောင်မြင်ခဲ့ တာပါ ၊ကျွန်
တော်တို့ နိုင်ငံလည်းအဲဒါမျိုးဖြတ်လမ်းမြန်မြန်လုပ်သင့် တယ်လို့ လောလောဆယ်မြင်ပါတယ်..။ ကောင်းတာဆိုး
တာ၊တရားတာမတရားတာကို ကျွန်တော်ပြောနေခြင်းမဟုတ်ပါ အခြေအနေမှန်ကိုပြောနေခြင်းသာဖြစ်ပါတယ်။
ဒေသဆိုင်ရာ အားနည်းချက်ကိုကြည့် မယ်ဆိုရင်လည်း မြန်မာစစ်အုပ်စုအုပ်ချပ်သူတွေနဲ့ အာဆီ
ယံနဲ့  အကျိုးတူစည်းပွားဖြစ်နေတာကိုတွေ့ ရပါတယ် မြန်မာပြည်သူတွေ၇ဲ့ ခံစားခွင့် ဘယ်လောက်အထိရှိနိုင်မှာ
လဲ ဆိုတာက အားလုံးသိကြပါတယ်၊ ထက်မျက်ရဲ ရင့် တဲ့ မြန်မာလူမျိုးတွေ၇ဲ့ သမိုင်းကို အာဆီယန်နိုင်ငံအများစု
က ကြောက်ကြပါတယ် မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ အစိုးရရဲ့ ဦးဆောင်မှူအောက်မှာ စင်္ကာပူနိုင်ငံလို ထောင်တက်
သွားပြီး သူတို့ နဲ့ ဒေသဆိုင်ရာ စီးပွားပြိုင်ဖက်နိုင်ငံဖြစ်လာမှာမျိုး ကို အာဆီယံနိုင်ငံအချို့ အထူးစိုးရိမ်နေကြပါ
တယ် ဒါကြောင်လည်းမြန်မာစစ်အစိုးရကို အသိမသာ မြှောက်ပင့် ထောက်ပံပေးပြီး ပြည်တွင်းရေးပြသနာကို အာဆီယံနိုင်ငံတွေက ဆွဲဆန့် ထားကြတာပါ ။ တရုပ်ကလည်း သူတပြည့် ပဲ ဖြစ်နေစေ ချင်ပြီး တောင်ကိုယီယား
ထိုင်း ဖိလပိုင် နိုင်ငံတွေလိုကမ္ဘာနဲ့ လွတ်လပ်စွာ မြန်မာနိုင်ငံဆက်ဆံ လာမှာမျိုးသူတို့ မလိုလားကြပါဘူး ။ဒါကြောင့် အာဆီယန်နိုင်ငံအချို့ ဟာမြန်မာပြည်မှာစစ်မှန်သောအစိုးရတရပ်ပေါမှာသူတို့ သိပ်မလိုလားတာပါ
မြန်မာနိုင်ငံကသယံဇာတတွေ သူတို့ ဈေးပေါပေါနဲ့ မရတော့ ဘူးပေါ့ 
လူဆိုတာအနဲအများဆိုသလိုအာဏာတို့ စည်းစိမ်တို့ မက်တပ်ကြတဲ့ သဘောကရှိလေတော့ ရှေ့ 
ခေါင်းဆောင်ကြီးဗိုလ်ချုပ်အကြီးဆုံးကြီးတွေကပေးဖို့ ကြံရွယ်တယ်ပဲထားဥိး နောက်တက်လာမဲ့ သူတွေကငါတို့ 
အလှဲ့ ပြီးမှ ပေးရင်တော့ ပိုကောင်းမှာပဲလို့ လက်တွေအကောင်အထည်မဖေါ်ရင်တောင်မှတွေးမိကြမှာပါပဲတ
ကယ်ကို ရိုးသားတဲ့ တပ်မတော်ခေါင်းဆောင်ကြီးတွေနဲ့ သူတို့ ရဲ့ မိသားစုတွေ အနီးကပ်သိပါတယ် သူတို့ ကိုယ်
တိုင်ပင်လျှင်ပြည်တွင်းထဲမှနေတုန်းက ယုံကြည်ချက်ခံယူချက်တွေနဲ့ ပြည်ပမှာအတန်ကြာနေထိုင်ပြီးသကာလ
အတွေးအခေါ်ယူဆချက်တွေဟာမတူညီပဲပြောင်းလွဲလာတာတွေရပါတယ်၊ ဧရာဝတီမြစ်ရေကို တားဆီးတမန်
တုပ်၍မရသလို ယနေ့ ကမ္ဘာကြီးနဲ့ ပြောင်းလွဲနေတဲ့ လူမှူအသိုင်းအ၀န်းကြီးနဲ့ ကိုက်ညီမဲ့ စနစ်ဆိုတာ ပြောင်းလွဲ
ရစမြဲပါ လူဟာလူပါပဲ အရှေ့ တိုင်းမှာနေလို့ ၊အနောက်တိုင်းမှာနေလို့  ဗုဒ္ဓဘာသာကိုးကွယ်လို့ ခရစ်ယန်ကိုးကွယ်
လို့ ဆိုတာတွေနဲ့ မဆိုင်ပါဘူး အားလုံးလွတ်လပ်မှူနဲ့ တရားမှတမှူကိုလိုလားကြတာပါပဲ
အားလုံးသိပြီးသားစကားတခုဖြစ်တဲ့ လူနှင့် ရုပ်ပတ်ဝန်းကျင်တို့ ၏အင်ညမညဖြစ်စဉ်ဆိုတဲ့ စကား
အတိုင်း ယနေ့ တိုးတက်ပြောင်းလွဲနေတဲ့ ရုပ်ဝထ္ထု ပစ္စည်းတွေ နည်းပညာတွေနဲ့ လိုက်ညီပြီးလူတွေရဲ့ စိတ်ဓါတ်
တွေတွေးခေါ်ခံယူပုံတွေဟာလည်းပြေင်းလွဲတိုးတက်နေတယ်ဆိုတာမေ့ လို့ မရပါဘူး ပြည်သူတတွေအပေါ်မှာ သတင်းအမှေင်ချ ၀ါဒဖြန့် ချီမှူ ဟာ ယနေ့ တရုပ်နိုင်ငံမှာရော မြန်မာနိုင်ငံမှာပါ ရေရှည်လုပ်လို့ မရတော့ ပါဘူး
ပြည်သူတွေကိုမျက်စေ့ ပိတ်နားပိတ်ထားချင်းဟာ လူမျိုးတမျိုးလုံး အနာဂတ်အညွန့် တုံးစေမဲ့  ဘိန်းကြွေးအုပ်ချုပ်
နေတာနဲ့ အတူတူပါပဲ
ဂဠုန် ဦးစော မျိုးနွယ်ဆက်တွေဖြစ်လာမဲ့ ကြံ့ ဖွတ်တို့ ၊ စွမ်းအားရှင်တို့ ဆို တဲ့ ပြည်သူတွေကို
လည်း အတွေးခေါ်ရေးရာတိုက်ပွဲ သဘောတရားရေးရာစည်းယုံးမှူတွေနဲ့  ချည်းကပ်ကြိုးစားယူဖို့ လိုပါတယ်ပြည်
သူကို ပြည်သူနဲ့ ပြန်လှည့် တိုက်ပေးတဲ့ ဖက်ဆက်နာဇီတို့ ရဲ့ လုပ်ထုံးလုပ်နည်းထောင်ချောက်ထဲ မှာသိပ် အချိန်ကုန်ခံနေလို့ အဖြစ်ပါဘူး စစ်တပ်ကွဲဖို့ ဆိုတာကို ဗေဒင်ဆရာရဲ့  ထီပေါက်ကိန်းဟောစာတမ်းလို့ စိတ်ကူး
ယဉ်ဖက်တွယ်ပြီး ရသေ့ စိတ်ဖြေလုပ်နေလို့ မရတော့ ပါဘူး လက်တွေကျတဲ့ ချေလှမ်းတွေကိုစတင်သင့်ပါတယ်
တလှမ်းပဲဖြစ်ဖြစ်ပေါ့ ။မိမိတို့ နဲ့ အနည်းဆုံးမှာရှိတဲ့ မျက်စေ့ ရှေ့ ကအနည်းဆုံးပြစ်မှတ်သည်သာ မိမိတာဝန်ဖြစ်
တယ်လို့ ခံယူသင့် ပါတယ် ။
တမျိုးသားလုံးပြန်လည် နလံထူလာဖို့ အတွက် ရိုးသားတဲ့ အမျိုးသားရေး စိတ်ဓါတ်အတွေးအခေါ်
နည်းလမ်းတရပ်မှာ သဘောထားကွဲလွဲသူတိုင်းယုံကြည်ချက်ခံယူချက်မသူတူတိုင်းဟာ ရန်သူမဟုတ်ဘူး ဆိုတဲ့ 
သဘောတရားရေးကိုလက်ခံထားကြပါတယ် အမျိုးသားပြန်လည် ထူထောင်ရေး ( သင့် မြတ်ရေး အပြီး ) အ
တွက် အမျိုးသားရေးစိတ်ဓါတ်အခြေခံရှိသောသူတိုင်းနဲ့ လက်တွဲလုပ်ဖို့ အချိန်ကြရောက်လာနေလေပြီ ကျွန်
တော်အနေနှင့် တော့ ဒီမိုကရေစီစံနစ်ကိုမြတ်နိုးသောသူလက်ခံသောသူများမှသာတိုင်းပြည်ကိုချစ်ကြသည်လို့ 
မခံယူပါ သို့ သော် ပြည်သူမှစစ်မှန်စွာရွေးချယ်တင်မြှောက်သောအစိုးရတရပ်သာလျှင် စစ်မှန်သောအမျိုးသား
ရေးနှင့် ကမ္ဘာ့အဆင့် အတန်းမှီတိုင်းပြည်ကိုပြန်လည်ထူထောင်နိုင်မည်ဟုသာယုံကြည်ပါသည်...

Thursday, May 29, 2008
ပဲ့ တင်ငှက်
ပဲ့ တင်ငှက်
ပြည်သူနံရံ
ပဲ့ တင်သံမှာ
နာခံချီတက်
အတွေးငှက်သည်
ရှေ့ ဆက်ပျံသန်း
မနားတမ်းတည့် ....။ ။
ပြည်သူနံရံ
ပဲ့ တင်သံမှာ
နာခံချီတက်
အတွေးငှက်သည်
ရှေ့ ဆက်ပျံသန်း
မနားတမ်းတည့် ....။ ။
Tuesday, May 27, 2008
ငှက်ငယ်များ
ငှက်ငယ်များ
လရင်ခွင်ထက်
အတွေးငှက်တို့ 
လွင့်ထွက်ပျံပြေး
ဟိုအဝေးမှာ......။
ဒဏ်ရာတစ
မျက်ရည်ကျလျှက်
ကြွေကျကန့် ကော်
ဒို့ ကိုမျှော်နေ.......။
ကန်ရေအင်းယား
အလွမ်းများနဲ့ 
တွေးသွားရှိုက်ငို
လွမ်းချင်းဆိုဆဲ....။
အမိရင်ခွင်ထက်
အပျံခက်သည့် 
အတွေးငှက်များ ( ငှက်များနားပါစေ )
နားပါစေ......။
( သက်သက်မဲ့ မိုးစီရီးမှ )
လရင်ခွင်ထက်
အတွေးငှက်တို့ 
လွင့်ထွက်ပျံပြေး
ဟိုအဝေးမှာ......။
ဒဏ်ရာတစ
မျက်ရည်ကျလျှက်
ကြွေကျကန့် ကော်
ဒို့ ကိုမျှော်နေ.......။
ကန်ရေအင်းယား
အလွမ်းများနဲ့ 
တွေးသွားရှိုက်ငို
လွမ်းချင်းဆိုဆဲ....။
အမိရင်ခွင်ထက်
အပျံခက်သည့် 
အတွေးငှက်များ ( ငှက်များနားပါစေ )
နားပါစေ......။
( သက်သက်မဲ့ မိုးစီရီးမှ )
Type the rest of your post here.
တော်လှန်ရေးဆိုတာ ဘာလဲဘယ်လဲ
တော်လှန်ရေးဆိုတာ ဘာလဲဘယ်လဲ
တော်လှန်ရေး
ဆွေးမြေ့ တဲ့ စရိုက်
အမှိုက်ကစတော်လှန်
မမှန်ကန်တဲ့ လုပ်ရပ်
ပြတ်ပြတ်သားသား
ဆန့် ကျင်သွားရမယ်.....။
ဒီမိုကရေစီ
ညီညာတဲ့ သဘောထား
အများက အုပ်ချုပ်
ညစ်စုတ်တဲ့ အာဏာရှင်
မြင်မြင်သမျှတော်လှန်
စစ်မှန်တဲ့ခေါင်းဆောင်
ဒို့ ထူထောင်ရမယ်...။
အာဏာရှင်ဝါဒ
မညီမျှတဲ့ ဥပဒေ
ပြည်သူတွေကိုလှည့် စား
အမှားနဲ့ အမှန်
တယူသန်ဆုံးဖြတ်
ရပ်တည်မှူလူရွေး
သူပေးတဲ့ အပြစ်ဒဏ်
ဒို့ ဖီဆန်ရမယ်...။
အာဏာရှင်ဝါဒ
တိုက်ဖျက်ကြဖို့ ထက်
ဒို့ ရဲ့ ရှေ့ မှာ
အာဏာရှင်အသစ်
ထပ်မဖြစ်ဖို့ အရေး
အလေးပေးဆောင်ရွက်ကြရမယ်....။ ။
( အာဏာရှင်ကြီးများကိုတော်လှန်တိုက်ခိုက်နေခြင်းသည်
အာဏာရှင်ကလေးများကို လေ့ကျင့် ပြုစုပျိုးထောင်ပေးနေခြင်းမဟုတ်စေရ)

Monday, May 26, 2008
ငြိမ်းချမ်းရေးအိမ်မက်
ငြိမ်းချမ်းရေးအိမ်မက်
မျော်လင့် ချက်မှာ
စကားဘာသာ
ကမ္ဘာ အနှံ့ ပျံ့ နှံ့ လင့် ကစား.....။
မျှော်လင့် ချက်ကိုတွေး
ရေးရေးမြင်ရ
မြောက်အရပ်ကကြယ်လိုပ....။
မျှော်လင့် ချက်ကိုဖက်
အိမ်မက်ရှည်ညများ
လွင့် ပါးနေတဲ့ဟင်းလင်းပြင်
ဘာ မမြင်ရတောင်မှ.....။
မျှော်လင့် ချက်အတွက်
လွင့်ပျက်ခဲ့ ဘ၀တွေ
ရင့်ကျက်ခဲ့ ညတွေနဲ့ 
ရယ်နေတဲ့ အာရုဏ်ဦးတို့ 
လွန့် လူးနေဆဲ.....။
အခိုးအငွေ့ တွေမှာ
အရာရာမျှော်လင့် ချက်
နံနက်ဖြန်အတွက်စုစည်း
ပြုပြီးတဲ့ အရာတွေမှာ
အခါခါမျှော်လင့် ချက်
အရာရာမျှော်လင့် ချက်
မျှော်လင့် ချက်
မျှော်လင့် 
မျှော်.....
( ဖလူးစခန်း ယန်းငွေ့  မြူနှင်းငွေ့ များကြားမှ )

စစ်တပ်ကို တိုက်ခိုက်နေတာမဟုတ်ပါ သို့ သော်
အိမ်မက်ထဲက ခင်ဗျားနဲ့ က္ဈန်တော်
စစ်တပ်ကိုတိုက်ခိုက်နေတာမဟုတ်ဘူး...
တိုင်းပြည်အတွက်မတရားမှူကိုတွန်းလှန်နေတာပါ..
အဲဒါပေမဲ့ မတရားသူအများစုကစစ်တပ်ထဲမှာရှိနေတော့ 
သူတို့ ကိုပြစ်မှတ်ထားရတာပေါ့ ..
ဗျာ ... ဒါ ပေါ့ .......
ကျဉ်ဆံကုန်တဲ့ အခါလည်းခေတ္တနားချင်နားမယ်
ဗိုက်ဆာတဲ့ အခါလည်း ခေတ္တနားချင်နားချင်နားနေမယ်
အဲဒါလက်နှက်ချသွားတာမဟုတ်ဘူး...
အင်း..ဘယ်သူကမှ ခိုင်းလို့ မဟုတ်ဘူး..
သွေးတွေ ၊မျက်ရည်တွေရဲ့ တွန်းအား
နာကျည်းမှူတွေရဲ့ တွန်းအား
မာန တွေရဲ့ တွန်းအား
မတရားမှူကို မခံချင်စိတ်ရဲ့ တွန်းအားတွေကလာတာပါ
ဒါပေါ့ ကောင်းတာတွေလည်းရှိပါတယ်
ဒါပေမဲ့ တိုင်းပြည်ကိုရွှေချပေးရင်တောင်
စစ်တပ်ကိုအစိုးရအဖြစ်လက်မခံနိုင်ပါဘူး
ပြည်သူကရွေးချယ်တင်မြှာက်ထားထားတဲ့ တရားဝင်အစိုးရမှနိုင်ငံသိက္ခာရှိမှာပေါ့
ဟုတ်တယ်....ပင်ပန်းတယ်...
ဝတ်ကြွေးလို့ ပဲဆို ဆို
ဝါသနာလို့ ပဲပြောပြော
ကို့ ကို ကိုယ် မှရပ်ပြစ်လို့ မရတာ...
စဉ်းစားတယ်လေ....
အမှန်တရားအတွက် ချွေးသုတ်ရင်း
ရင်ကော့ လမ်းလျှောက်နေမလား
အမှားတွေကိုချိုမိန်စွာပွေ့ ဖက်ရင်း
နောင်တရပုန်းအောင်းနေမလားဆိုတာကိုပါပဲ
တစ်သက်မှာတခါပဲ လူဖြစ်ရတဲ့ ဘ၀မှာ
စစ်မှန်တဲ့ ကြည်နူးစိတ်ချမ်းသာမှူဟာ
တရားမျှတမှူကလာတယ်လို့  မထင်ဘူးလားဗျာ....

Tuesday, May 20, 2008
လတ်တလောလှုပ်ရှားဓါတ်ပုံမှူများ
Burma: Global Day of Action ( Toronto )
http://flickr.com/photos/photopia/sets/72157605125829779/?page=2
Burma Relief: Local Donation Sites by Countries
နိုင်ငံအလိုက် အလူ ငွေထည့် ဝင်နိုင်သော နေရာများ
http://nagris-donations.blogspot.com
http://flickr.com/photos/photopia/sets/72157605125829779/?page=2
Burma Relief: Local Donation Sites by Countries
နိုင်ငံအလိုက် အလူ ငွေထည့် ဝင်နိုင်သော နေရာများ
http://nagris-donations.blogspot.com
Monday, May 19, 2008
Sunday, May 18, 2008
ဆင်းရဲဘေးဒုက္ခမှလွတ်ငြိမ်းကြစေရန်
မြန်မာပြည်သူပြည်သားအားလုံးသို့ပန်ကြားချက်
မြန်မာလူမျိုးများ၏သေရေးရှင်ရေးကို မြန်မာလူမျိုးများသာလျှင်အဓိကတာ
ဝန်ရှိကြပါသည်... အားလုံးတပ်နိုင်သမျှအဖက်ဖက်မှဝိုင်းဝန်းလုပ်ဆောင်နေ
ကြသည်ကို အားလုံးသိရှိလေးစားကြပါသည်.. မိမိတို့ ရသမျှ သတင်း ၊ ဓါတ်ပုံ များ ၊ဇတ်လမ်း များ ကို တပ်နိုင်သမျှလမ်း ကြောင်းအမျိုးမျိုးမှ သတင်းဌါနများ၊ သူငယ်ချင်းများ ၊ ကမ္ဘာနိုင်ငံအသီးသီး
သို့ ထပ်ကာတလဲ လဲ ပို့ ဆောင်ပေးကြစေလိုပါသည်..
တရုပ်ပြည်၏ ငလျှင်ဘေးဒဏ်သည် ကျွန်တော်တို့မုန်တိုင်းဘေးဒုက္ခလောက်မကြီးလှပါ

ကမ္ဘာအရပ်ရပ်ရောက်တရုပ်လူမျိုးတို့ ၏လှုပ်ရှားမှူသည် ကျွန်တော်တို့ မြန်မာ မုန်တိုင်း အရေးကြီးနောက်ရောက်သွားမည်ကို အထူးစိုးရိမ်မိပါသည်..
ယနေ့ ကျွန်တော်ကုန်တိုက်ကြီးတစ်ခုသို့ သွားရာ ထိုကုန်တိုက်ရှေ့ တွင် တရုပ်လူမျိုးများသည် ဆင်တူ အဖြူ
ရောင် ( တရုတ်ငလျှင်ဘေးဒုက္ခသယ်များကို ကူညီကြပါ ဟုရေးထားသော ) ၀တ်စုံ ကိုဝတ်ဆင်ပြီး ဓါတ်ပုံ ပိုစတာ များ လက်ကမ်းစာစောင်များ အလှူခံပုံးများကို ခေါက်လျှက် မရှက်မကြောက်အော်နေကြပါသည်. ထိုသို့ နေရာအ နှံ့ အပြားသူတို့ လုပ်နေကြကြောင်း သိရပါသည်...ကျွန်တော်လည်း ငွေအလှူထည့် ဝင်ခဲပါသေးသည
်ဘဏ်များ သို့ မည်သူမဆို ပိုမို လွယ်ကူစွာ တိုက်ရိုက်လှူနိုင်သောစနစ်များ ပြုလုပ်ထားသည့် အပြင် သက်ဆိုင်ရာ အစိုးရသို့ ဝင်ထွက်မှူမှာလည်း သွက်လှပါသည်..တရုပ်လူမျိုးများ၏ငလျှင်ဘေးဒုက္ခကို စာနာသနားမိသော်လည်း ပိုမိုကြီး မားသည့်  ကျွန်တော်တို့ မြန့် မာ လေမုန်တိုင်းဘေးဒုက္ခကြီး ဖြေးဖြေးခြင်း မှေး မှိန်သွားမှာကို စိုးရိမ်မိပါသည်.. ကျွန်တော်တို့ ချည်းပဲ မနိုင်ပါ ကမ္ဘာ့ အကူအညီ မလွဲ မသွေလိုအပ်ပါသည်.. ရေရှည်ထိတိုင် လိုအပ်ပါသည်... ယနေ့ ကျွန်တော်ကုန်တိုက်ကြီးတစ်ခုသို့ သွားရာ ထိုကုန်တိုက်ရှေ့ တွင် တရုပ်လူမျိုးများသည် ဆင်တူ အဖြူ
ရောင် ( တရုတ်ငလျှင်ဘေးဒုက္ခသယ်များကို ကူညီကြပါ ဟုရေးထားသော ) ၀တ်စုံ ကိုဝတ်ဆင်ပြီး ဓါတ်ပုံ ပိုစတာ များ လက်ကမ်းစာစောင်များ အလှူခံပုံးများကို ခေါက်လျှက် မရှက်မကြောက်အော်နေကြပါသည်. ထိုသို့ နေရာအ နှံ့ အပြားသူတို့ လုပ်နေကြကြောင်း သိရပါသည်...ကျွန်တော်လည်း ငွေအလှူထည့် ဝင်ခဲပါသေးသည
ကျွန်တော်တို့ နိုင်ငံသည် ပို မိုဆင်းရဲပြီး ကျွန်တော်တို့ အစိုးရသည် မိမိတို့ အာဏာမြဲဖို့ ဆိုလျှင်ပို မို ၍ လူသား
ခြင်းစာနာမှူကင်းမဲ့ သည့် အပြင် ကမ္ဘာပြည်သူတို့ ၏အကူအညီများကို လည်း ရသင့် သလောက်မရခဲ့ ကြသော
အခြေအနေတွင် ..အဘယ်မျှကြာအောင် ၊ ဘယ်လောက်အထိအောင် ကူညီကြရမည် ကို ကျွန်တော်တို့ အား
လုံးအသိဖြစ်ပါသည်..
ကျွန်တော်တို့ မြန်မာတမျိုးသားလုံး၏ အမျိုးဂုဏ်သိက္ခာနှင့် အဏာဂတ်အောင်မြင် မှူလမ်းစများအတွက် ပြည်တွင်းနှင့် ပြည်ပ သည်..တဦးကို တဦးအပြန်အလှန်အားကိုးအလေးထား သွားကြရမည့် အနေအထားဖြစ်ပါသည်
ပြည်တွင်းရှိရဟန်းရှင်လူ ပြည်သူများ ၊ တော်လှန်ရေးခေါင်းဆောင်များသည် သေနတ်ပြောင်းဝရှေ့ နှင့် ထောင်
နုတ်ခမ်းဝများတွင် တိုက်ပွဲ ၀င်နေကြသလို ပြည်ပရောက်မြန်မာ့ တိုင်းရင်းသား အင်အားစုတစ်ရပ်လုံးသည်
လည်း မိမိတို့ နှင့် အနီးစပ်ဆုံးဖြစ်သည့် စစ်အစိုးရယန္တရားများ အပေါ်တွင်တိုက်ပွဲဝင်နေကြပါသည်..မိမိတို့ နေ
ထိုင်ရာနိုင်ငံအစိုးရအဆင့် ဆင့် နှင့် လည်း ပူးပေါင်းတိုက်ပွဲဝင်လျှက်ရှိသလို မိမိတို့ လက်လှမ်းမှီသ၍ နီးစပ်ရာ မြန်မာပြည်သူများအပေါ် တွင်လည်း အလျှင်းသင့် သလို့ စီးယုံး လျှက်ရှိနေကြပါသည်..
မြန်မာနိုင်ငံတွင် ဘယ်အစိုးရ ဘယ်လို ပင် ထပ်မံပေါ်ပေါက်စေတော့ လက်ရှိစစ်အစိုးရထက်ကောင်းမှာသေချာ
ပါသည်.. ယခုကဲ့ သို့ ကမ္ဘာက မြန်မာပြည်သူများကို သနားအာရုံစိုက်နေသည့် အချိန်တွင် ပြည်ပအဖွဲ့ အစည်းများ၊ သတင်း မီဒီယာများ ရှေ့ တွင် ပြည်သူအုံကြွမှူကြီးထပ်မံဖြစ်မည် ကို မြန်မာ စစ်အစိုးရ ကြောက်ရွံ့ လျှက်ရှိသဖြင့်အလှူပစ္စည်းများကို ပင် လျှင် ဒုက္ခရောက်နေသောပြည်သူတို့ ၏ မျက်ရေ ကို မငှဲ့ ပဲ တားဆီးလျှက်ရှိနေရသည်.နိုင်ငံခြား သားများပြည်တွင်းသို့ ဝင်မှကို အစဉ်အမြဲကြောက်နေသော တံခါးပိတ်အစိုးရ ၊ အိုးမှုတ်ခွက်အောက်ကဖါးအစိုးရ ၀ါးလုံးခေါင်းထဲ လသာသည်သည့် အစိုးရဖြစ်ပါသည်.. သူတို့ ကိုယ်တိုင်လည်း ဘယ်နိုင်ငံမှမထွက်ရဲပါ ၊ အာရှနိုင်ငံအ ချို့ သို့ သေရေးရှင်ရေးသွားရသည့် ကိစ္စမျိုးရှိလျှင်ပင် စကား ကျယ်ကျယ်မပြောရဲသော ၊ရင်ကော့ လမ်းမလျှောက်
ဝင့် သော အစိုးရဖြစ်ပါသည်.. ပြည်တွင်းမှပြည်သူများကို သာ လက်နှက်အားကိုးဖြင့် အနိုင်ကျင့် ရဲပြီး ပြည်ပမှ ခေါင်းဆောင်အချင်းချင်းကြားတွင် အမှီးကုတ်နေလေ့ ရှိသော အိမ်ကျယ် အစိုးရဖြစ်ပါသည်.. ဒင်းတို့ မည်သို့ ပင် ချိမ်းခြောက်အနိုင်ကျင့် အုပ်ချုပ်ပါစေ အမှန်တရား သည် အင်အားအဖြစ် တနေ့ ပေါက်ကွဲ အုံ ကြွ ရမည် မှာ ကမ္ဘာသမိုင်းအစဉ်အလာဖြစ်ပါသည်... နာကြီးမှူအဆင့်ဆင့် အဆက်ဆက် ဒေါသမီးများသည် .. စစ်အစိုးရတို့ ၏ ယမ်းတိုက်များကို ဆက်လက်ကူးစက်လောင်မြိုက်စေ ရမည်... လက်တွေကျသော မျက်စေ့ရှေ့ မှတော်လှန်ရေးသည် .. မိမိလက်တကမ်းအတွင်းရှိပြည်သူများ၊ သံရှံးများမှစ တင်ကြရမည်ဖြစ်သည်...
အကယ်၍သာယခုနေစစ်မှန်၍တရားမျှတသော ပြည်သူများမှ ရွေးချယ်ထားသည့် အစိုးရတရပ် အုပ်ချုပ်နေပါ
က မြန်မာပြည်သူများ သဘာဝဘေးအန္တရယ်ခံစားရဦးတော့ ဤမျှလောက် နာတာရှည် ဖြစ်နေ ကြမည်မဟုတ်
ပါ မြန်မာပြည်သူများ ၏ အမှန်စင်စစ်ရေရှည် ဆင်းရဲဒုက္ခတွင်းမှ လွတ်မြောက်ရာ လမ်းကြောင်းသည်ကား မြန်
မာစစ်အစိုးရ ပြုတ်ကျရေးပင်ဖြစ်သည်ကို ကျွန်ုပ်တို့ မေ့ လျှောမနေကြပေ..
Thursday, May 15, 2008
ကူညီလက်မှတ်ထိုးပေးကြပါ.....
I need your urgent help to save the hundreds of thousands lives in Burma if not millions. Please sign the petition immediately and here is the link. Pls forward as much as you can.
Thank you very much.
TO SIGN CLICK လက်မှတ်ထိုးကြပါHERE
Bloody River came from China Video Click ဒီမှာနိပ်ပါ
Global Day of Action on Burma HERE
မိမိတတ်နိုင်သည့် ဖက်မှ ၀ိုင်းဝန်းကူညီကြပါရန်....
ဆက်လက် လက်ဆင့် ကမ်း ပေးကြပါရန်...

Wednesday, May 14, 2008
ဒီမိုကရေစီမုန်တိုင်းကြီး ထပ်မံ ဖြစ်ပေါ်လာဦးမည်...

သွေးချောင်းစီးတဲ့ မြန်မာပြည် VIDEO HERE
အင်္ဂလိပ် အခက် ဗမာ အချက်
ဟူ၍ နယ်ချဲ့ တော် လှန်ရေးခေတ်က စကားပုံပေါ် ပေါ်က်ခဲ့ ဘူးသည်..
ယခုလည်း မြန်မာစစ် အစိုးရ၏ ပြည်သူတို့ အား အနိုင်ကျင့် အာဏာာ
သိမ်းပိုက် အုပ်ချုပ်ထားမှူသည် အခက်အခဲ များ နှင့် ပိုမို တွေ့ ကြုံ လာ
တော့မည်.. ထူထုအုံကြွမှူများ ထပ်မံဖြစ်ပေါ်လာဦးမည်.
ပြည်တွင်းအခြေနေများကိုကြည့် မည်ဆိုလျှင်လည်း စားနပ်ရိက္ခာ၊လောင်
စာဆီ၊ရာသီဥတုဖေါက်ပြန်မှူ၊စသည် တို့ ၏ ကွင်းဆက်များကို ပြည်သူ
တို့ ပိုမိုခံစားရတော့ မည့်အပြင် ကာကွယ်ခြင်း၊ကယ်ဆယ်ခြင်း၊စောင့် 
ရှောက်ခြင်းမပေးနိုင်သည့် အစိုးရ ၊ ကမ္ဘာနိုင်ငံအများစုနှင့် ဆက်ဆံရေး
မပြည်လည်သည့် အစိုးရကို ပြည်သူတို့ ၏မုန်းတည်းမှူသည်ပိုမိုအားကောင်းလာ
နေသည်
ကမ္ဘာ့ မျက်နှာဇာတွင် လည်း မြန်မာစစ်အစိုးရ၏ အသုံးမကျ ညံဖျင်း
မှူသည် ကမ္ဘာနိုင်ငံအသီးသီးကပိုမိုအာရုံစိုက်လာသည့် အပြင် ကမ္ဘာက မြန်မာ
ပြည်သူများအပေါ်ပိုမိုဂရုဏာ သက်လာနေချိန်ဖြစ်သည်..
မြန်မာစစ်အစိုးရသည်လည်း ကမ္ဘာ့ မိဒီယာများ၊ လူမှူကူညီကယ်ဆယ်ရေးအသင်း
အဖွဲ့ များ မြန်မာနိုင်ငံအတွင်းဝင်ရောက် နေထိုင်နေကြမည်ကို တွေးတောကြောက်
လန့် နေချိန်ရလည်း ဖြစ်သည်...
နိုင်ငံတကာရောက် မြန်မာလူမျိုးအသီးသီး၊ ဒီမိုကရေစီအင်အားစုအသီးသီးသည်
လည်း ပြည်တွင်းရှိ မိမိ လူမျိုးများ ၊ ဆွေမျိုးများ အတွက် တပ်လှန့် နိုးကြား..
စိတ်အားတက်ကြွနေချိန်လည်းဖြစ်သည်..
လတ်တလောပြရုပ်ဖြစ်သည့် ပြည် သူများလေဘေးသင့် သည် ကိစ္စ
ကိုပင်လျှင်ပြည်သူများအား ကာကွယ် သတိပေးခြင်းမပြုနိုင်သည့် 
အပြင် ကယ်ဆယ်ရေး စောင့် ရှောက်ရေးအပိုင်းဉ်လည်း အားမကိုးလောက်
သည့် ဤတရားမ၀င်စစ်အုပ်စုသည် ... သူခိုးကြီးတော့ ဒမြ ၊ ဒမြကြီး
တော့ သူပုန် ၊ သူပုန်ကြီးတော့ အစိုး ရဟူသည့် စကားအတိုင်း သူခိုး
ကြီးများအဆင့် သာ ကမ္ဘာကအသိအမှတ်ပြုထားသဖြင့် ဒုက္ခသယ်
များကိုပေးမည့် ပစ္စည်းများကို ပင် သူတို့ အား မယုံကြည် ကြတော့ 
ပေ.........
ဤသည် မှာ မြန်မာပြည်သူများအတွက်၊ဒီမိုကရေစီဘက်တော်သား
များအတွက် အကွက်ကောင်းအချက်ကောင်းဖြစ်၏...မြန်မာပြည်သူ
အချို့ ၏ မုန်တိုင်း ဘေးအန္တရယ်မှ ကယ်ဆယ် လိုက်ရုံတင်မကပဲ မြန်
မာပြည်သူတစ်ရပ်လုံးအတွက် နာတာရှည်ခံစားနေကြရသည့် 
အာဏာရှင်တို့ ၏မတရားမှူ မုန်တိုင်းကြီး၏
ဘေးရန်မှ ကယ် တင် ရန် ..မိမိတို့ နိုင်ရာ သန် ရာ ယုံကြည်ရာ
လက်လှမ်းမှီရာ ဘက်အသီးသီးမှ ဒီမိုကရေစီမုန်တိုင်းကြီး
မြန်မာ နိုင်ငံအ၀ှမ်းတွင် စတင်တိုက်ခိုက်ရတော့ မည့် နှစ် ဖြစ်ပေ တော့ သည်...
အင်း မုန်တိုင်းဆိုကထဲ က အနဲ နှင့် အများ တော့ တိုင်းပြည်ပျက်စီးဆုံးရှံးနစ်နာ
ရဦးမည် ပင်...
သို့ သော်.....
မုန်တိုင်း ပြီးလျှင် လေပြေလာစမြဲ ဖြစ်သည်.....
ယနေ့ အရှိန်အဟုန်နှင့်တိုးတက်နေသော ကမ္ဘာ့ နိုင်ငံအသီးသီးအလည်တွင်
ငါ့ နိုင်ငံ ငါ့ လူမျိုးသည် အဘယ်ကြောင့် ဆက်တိုက်ကံဆိုးနေရပါသနည်း..
Monday, May 12, 2008
ငါ၏သေနပ်များ...
ငါ၏သေနပ်များ...
ငါ့ သေနပ်ဟာ
မင်းခန္ဓာကိုယ်ကိုလည်း
ထိမှန်နိုင်တယ်....။
ငါ့ သေနပ်ဟာ
မင်း ဦးနှောက်အတွေးခေါ်ကိုလည်း
ထိမှန်နိုင်တယ်....။
ငါ့ သေနပ်ဟာ
မင်း နှလုံးသားခံစားချက်ကိုလည်း
ထိမှန်နိုင်တယ်... ။
အဲဒါပေမဲ့ 
ငါ့ သေနပ်ဟာ
မင်းလက်ထဲက လူမမယ်ကလေးငယ်ကို
မထိမှန်စေရဘူး....။ ။
( ၁၉၉၂ )
ကမ္ဘာ့ နိုင်ငံအသီးသီးရှိ တော်လှန်ရေးတိုင်းတွင်
စစ်ရေးလက်နှက် ၊ စီးယုံးရေးလက်နှက် ၊ စီးပွားရေးလက်နှက် ၊
ဆက်သွယ်ရေးလက်နှက် ၊ ၀ါဒဖြန့် ချီရေးလက်နှက်
စသည် တို့ ကို သုံးရတပ်သည် ....။ ။

မှတပါး....
မှတပါး....
ကလောင်တလက်
တဖက် သေနပ်
မပြတ်တော်လှန်
ဒေါင်းအလံကို
မိုးယံဝင့် ဝင့် 
လွင့် ထူမည် ...၊၊ ။
( ၁၉၈၈ )
ကလောင်တလက်
တဖက် သေနပ်
မပြတ်တော်လှန်
ဒေါင်းအလံကို
မိုးယံဝင့် ဝင့် 
လွင့် ထူမည် ...၊၊ ။
( ၁၉၈၈ )
တော်လှန်ရေးမှာ
တော်လှန်ရေးမှာ
တွေဝေလွန်သောလက်
တွက်ချက်လွန်သောဦးနှောက်
ဖျောက်ဖျက်လွန်းသောအမှား
များပြားလွန်းသော အတ္တစိတ်
ထိတ်လန့် လွန်းသောအတွေး
နှေးကွေးလွန်းသောလုပ်ရပ်
မပြတ်သားလွန်းသော အတွေးအခေါ်
မမျှော်မြင်လွန်းသောဆုံးဖြတ်ချက်နဲ့ 
မနက်ဖြန်ကို စောင့် ဆိုင်းခြင်း
မင်းသတိထားရလိမ့် မယ်...။ ။
( ၁၉၈၉ )
တွေဝေလွန်သောလက်
တွက်ချက်လွန်သောဦးနှောက်
ဖျောက်ဖျက်လွန်းသောအမှား
များပြားလွန်းသော အတ္တစိတ်
ထိတ်လန့် လွန်းသောအတွေး
နှေးကွေးလွန်းသောလုပ်ရပ်
မပြတ်သားလွန်းသော အတွေးအခေါ်
မမျှော်မြင်လွန်းသောဆုံးဖြတ်ချက်နဲ့ 
မနက်ဖြန်ကို စောင့် ဆိုင်းခြင်း
မင်းသတိထားရလိမ့် မယ်...။ ။
( ၁၉၈၉ )
Saturday, May 10, 2008
အတ္တမုန်တိုင်း ကြီး
နာဂစ်မုန်တိုင်းထက်အဆပေါင်းများစွာ ကြီးမားသော
စစ်အာဏာရှင်တို့ ၏ အတ္တမုန်တိုင်း ကြီးလာဦးမည်
VDO ဗီဒီအို ဖြင့် ကြည့် ရန်
http://www.youtube.com/watch?v=8PemtGzevT4&eurl=http://diaryinthelife.blogspot.com/
မုန်တိုင်းကြားကပြည်သူများ ( အတ္တမုန်တိုင်း )
ထိုသတင်းကြားရသော နေ့ က ......
ကျွန်ုပ်တို့ ရင်ထဲ တွင် ဒေါသမုန်တိုင်းကြီးတိုက်ခတ်လျှက်ရှိ၏၊ ထိုမုန်တိုင်းနှင့် အတူ ဂရုဏာ
မျက်ရည်မိုး ပေါက်တို့ လည်း ရွာဆင်းလာလေသည်...
တောက်......... ကိုယ့် ပြည်သူတွေကို ကာကွယ်မှူမပေးနိုင်တဲ့ အစိုးရ၊လူသားခြင်းကယ်
ဆယ်ရေးထက် မိမိအာဏာတည်မြဲ ရေးကို ပိုမို အာရုံစိုက်နေသောအစိုးရ..စစ်အသုံးစ
ရိတ် ( ၀ါ ) စစ်တပ်အာဏာ ပိုမိုခိုင်ခန့် ကြီးများလာရေး အတွက်ကိုသာ
ပိုမိုသုံးစွဲ ခဲ့ ကြသည့် အပြင် အရာရှိကြီးငယ်တို့ ၏အဆင့် ဆင့် လဒ်စားမှူ များက ပြည်သူ
တို့ ကို ပိုမိုဆင်းရဲတွင်းနက်စေခဲ့ သည်၊ မြန်မာ ပြည်သူတို့ ဘ၀မှာ မိုးမှောင်ကျ
လမ်းစ ပျောက်နေကြရသည် မှာ ကြာလှပြီဖြစ်သည် ..ယခုဆိုလျှင်ဧရာဝတီတိုင်း အထိနာသွား
သဖြင့် မြန်မာနိုင်ငံ၏ဆန်ဈေးနှင့် အခြားကောက်ပဲသီးနှံဈေးများ ကမောက်ကမဖြစ်
လာကာ အထိကရုံးများပိုမိုဖြစ်လာတော့ မည်၊ ကမ္ဘာပြည်သူတို့ ၏အာရုံစိုက်မှူက
လည်း ပိုမိုအရှိန်အားကောင်းလာနေသည် စစ်အစိုးရ၏နေ၀င်ချိန်ပို၍နီးလာပြီ
မိုးလေ၀သနှင့် ဇလဗေဒ ဦးစည်းဌါနတွင် ခေတ်မှီနည်းပြညာများ ၊ ခေတ်မှီ
မိုးလေ၀သ တိုင်းတာရေး ၊ ထောက်လှမ်းရေး ကရိယာများ မရှိ
သည့် အပြင် အိမ်နည်းခြင်းနိုင်ငံများ၏ သတိပေးချက်ကိုပင် အလေးမထားခဲ့ ပေ..
အမှန်တစ်ကယ်တော့ မြန်မာပြည်သူအများစု ၏ဘ၀သည် အတင်းအဓမ အုပ်ချုပ်သော
စစ်အာဏာရှင်တို့ ၏ အတ္တ မုန်တိုင်း ၊ လောဘ မုန်တိုင်းများ ကြားတွင် လမ်းစပျောက်
ဒုက္ခရောက်နေ ကြရ သည်မှာ ကြာလှပြီဖြစ်သည်၊
နာဂစ်မုန်တိုင်းသည် မြို့ အချို့ ရွာအချို့ ပျက်စည်းပြီး လူသိန်းချီ၍သေ ကြေခဲ့ ရလေ
ပြီ သို့ သော် ထို့ ထက်ကြီးမာသောစစ်အာဏာရှင်တို့ ၏ အထ္ထမုန်တိုင်းကြီးကား မြန်မာ
တစ်နိုင်ငံလုံး တစ်မျိုးသားလုံးကို ချေမုန်းတိုက်ဖျက်ပြစ်ရန် မြန်မာပြည် အလည်ပိုင်း ဒေသ
တွင် ဗဟို ပြုလျှက် စတင်အရှိန် ယူနေပေပြီဖြစ်သည်။
ထို မြန်မာစစ်အာဏာရှင်ကြီး များ၏ ၁၉၈၈ အတ္တမုန်တိုင်းများကြောင့် ပြညာတပ် များ
ကျောင်းသားများ၊ ပြည်သူများ ပြောက်ဆုံးခဲ့ ရပြီးပြီ၊ ယခုနှစ်ဦးပိုင်းကလည်း သံဃာတော်များ
စွာ သေကြေ ပျက်စီးပျောက်ဆုံးခဲ့ ရပြီးပြီ ဖြစ်သည်..ရွာပေါင်းများစွာ အတင်းပြောင်းရွေ့ ခိုင်း
ခြင်းအားဖြင့် ပျက်စီး ပျောက်ဆုံးခဲ့ ရပြီးပြီဖြစ်သည်၊ ပြည်သူများ၏ အဏာဂတ်များစွာ
ဘ၀များစွာမိုးမှောင်ကျ ပျောက်ဆုံးခဲ့ ကြပြီးပြီ ဖြစ်သည်..
မြန်မာပြည်သူများ၏ ဘ၀ ရှေ့ ရေး သည် ရှေ့ ဆက်၍ အဘယ်မျှ ပျောက်ဆုံးနေ
ကြရဦးမည်နည်း... အဘယ်သို့ ကာကွယ်တားဆီးကြမည် နည်း ၊ အဘယ်သူ လာ
ရောက်ကယ်တင် ကြမည် နည်း ဆို သည့် မေးခွန်းများ ကို မိမိတို့ အဏာဂတ်ကို
မိမိတို့ ဖန်တည်းလို သော မြန်မာ ပြည်သားတစ်ယောက်စီတိုင်း စဉ်းစားအဖြေထုတ်
သင့် ပါသည်၊
ပြည်သူမှတရားဝင်ရွေချယ်ထားခြင်းမရှိသော အာဏာရှင်စစ်အစိုးရမည်သည်ကား
တိုင်းပြည်ကို ရွေချ ပေးလျှင်တောင်မှ အမှန်တရားကို မြတ်နိုးသော ကျွန်ုပ်တို့ နှင့် 
ယနေ့ ကမ္ဘာ မှ လေးစားလက်ခံမည်မဟုတ်ပါ...
အဘယ်ကြောင့်ဆိုသော် ..ယနေ့ ကမ္ဘာမည်သည်ကား လွတ်လပ်ခြင်း၊တရားမျှတခြင်းတို့ နှင့် အတူ...
ကိုယ့်င်္ကြမ္မာကိုယ်ဖန်တည်းခွင့် တို့ ကို တန်ဖိုးထားမြတ်နိုးလာ ကြသောကြောင့် ဖြစ်သည်
စစ်ဏာနာရှင် တို့ ၏ အတ္တမုန်တိုင်း၊ လော ဘမုန်တိုင်း ကြီး၏ဘေးကို လည်း
ကြိုတင်ကာကွယ်တားဆီးကြပါ စို့ ...

Subscribe to:
Posts (Atom)