Tuesday, April 24, 2012

ကျွန်တော် ကြုံတွေ့ခဲ့ရသော မြောက်ပိုင်း အေဘီ ။ (၁)

ကျွန်တော် ကြုံတွေ့ခဲ့ရသော မြောက်ပိုင်း အေဘီ ။ (၁) by Kyawzwar Winmg on Monday, 23 April 2012 at 16:16 · ကျွန်တော် ကြုံတွေ့ခဲ့ရသော မြောက်ပိုင်း အေဘီ ။ ၁၉၉၂ ခုနှစ် မေလ ၂၆ ရက်နေ့က ညနှောင်းပိုင်း လွယ်ဂျယ် (ဗန်းမော် ဒေသ) စခန်းမှာ လက်နက်ချပြီးတော့ ဂျွန်လ ၁ ရက် နေ့ နဲ့ ၃ ရက် နေ့တွေမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ဆုံမေူမြန်းခန်းပြီးကတည်းက စိတ်နာလွန်းလို့ ဒီအကြောင်း တွေကို ဘာမှ မပြောဖြစ်ခဲ့ဘူး။ ပြန်ရောက်ခါစက အိမ်တိုင်ရာရောက် လာပြီးလှောင်ပြောင်ခဲ့တဲ့သူတွေ ၊ ရိရိသဲ့သဲ့လုပ်တာတွေကို ရှောင်ရှားချင်လို့ နယ်မြေရပ်ခြားမှာ ခြောက်နှစ်လောက် သွားနေခဲ့သေးတယ်။ ဒါပေမယ့် သံချောင်း ကိစ္စကြီးပေါ်လာတော့ ငါ့ ရင်တွေ ဗလောင်ဆူ လာတယ်။ သံချောင်းကို Hero ကြိး တစ်ယောက်လိုတောင် တစ်ချို့က ပြောကြတယ်။ အစိုးရက ဖမ်းလိုက်တာနဲ့ အစိုးရမကောင်းပြောလိုက်တာနဲ့ ချက်ချင်း ဟီးရိုးတံဆိပ် တပ်ပေးလိုက်ကြတယ်လို့ ထင်တယ်။ မြောက်ပိုင်းလို့ ဒို့ခေါ်တဲ့ ဗမာပြည်မြောက်ပိုင်း ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ် မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ကာယကံရှင်တွေက လွဲလို့ ဟိုမျိုးဆက် ဒီမျိုးဆက် ဘယ်မျိုးဆက်ကမှ တိတိကျကျ မသိနိုင်ခဲ့ကြဘူး။ မသ်နိုင်တဲ့ အကြောင်းကလည်း ဒီလောက် လူမဆန်တဲ့ ယုတ်မာရိုင်းစိုင်းတဲ့ အကြောင်းအရာတွေကို ကာယကံရှင်တွေကလည်း ရေးချင်တဲ့ စိတ်၊ ပြောချင်တဲ့ စိတ် ရှိကို မရှိခဲ့ကြဘူး ။ အခုတော့ ပြောစရာ အကြောင်းတွေ ရှိလာပြီ ပြောရင် အတော်ရှည်တယ်။ ငါတို့ကို သတ္တိမရှိလို့ ပြန်ပြေးလာတဲ့ကောင်တွေ အလကား ကောင်တွေလို့ စွတ်စွဲတယ်။ ထောင်ကျဘူးမှ နိုင်ငံရေးသမား စစ်စစ်ကွ ဆိုပြီး အချောင်တိုက်ခိုက်တဲ့ ထောင်ထွက် အချို့လည်း ရှိခဲ့တယ်။ သဘောတရား ရှင်းရှင်းလေး တစ်ခုကနေ ငါ စပြောမယ် ။ ထောင်ထဲမှာ ထမင်းတော့ မငတ်ပါဘူးကွာ... မီးမွေးလို့ မရလို့ ဆန်ကို ရေစိမ်ပြီး ဝါးခဲ့ရတာတွေ.. စားစရာ ဘာမှ မရှိလို့ အငတ်ခံရတဲ့နေ့တွေ အများကြီး ငါတို့ ကြုံတွေ့ခဲ့ရတယ်။ ဒါပေမယ့် အဲဒီ ဒုက္ခတွေ ကြောင့် ငါတို့ (၅၅)ယောက် အုပ်စု ပြန်လာတာ မဟုတ်ဘူး ။ မင်းတို့ ထောင်ထွက်တွေထဲ ပြန်ကြည့်ပါဦး ဝန်ခံချက်တွေ လက်မှတ်တွေ ထိုးပြီးထွက်လာတဲ့သူတွေ အများကြီးပါ။ ခုမှ အသံကောင်း ဟစ်နေတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေ ဒု နဲ့ ဒေးပါ ။ အချင်းချင်းပြန်သတ်တဲ့ထုံးစံတွေက လက်နက်ကိုင် လမ်းစဉ်မှာ ရိုးနေပါပြီ။ ဒါပေမယ့် “ ကျောင်းသူ မိန်းမပျိုလေး တစ်ယောက် ကို လက်ပြန်ကြိုးတုတ် ကိုယ်တုံးလုံးချွတ်ပြီး လူသတ်ကုန်းကို ခေါ်သွားကြတာ ထိုင်ကြည့်နေရတဲ့ ငါတို့ ဘယ်လိုဘယ်လောက်ခံစားခဲ့ရမလဲ... ငါတို့ ကိုယ်တိုင်လည်း လက်ပြန်ကြိုးတွေ သံခြေခြင်းတွေနဲ့ အသတ်ခံရမယ့် နောက်အသုတ်အတွက် စောင့်ဆိုင်းနေရတဲ့အချိန်.. ဘယ်သူ..ဘယ်သူမှ မကူနိုင်ကြဘူး။ ဥဒေါင်းမင်း ဂါထာကို အပါက် အလမ်း မတည့်စွာ ရွတ်နေကြရတဲ့ အချိန်၊ အဲဒီအချိန်မှာ ကြားလိုက်ရတဲ့ အသံတွေက “ ကျွန်မကို သတ်ချင်ရင်လည်းသတ်ကြပါရှင်.. ဒီလိုတော့ မလုပ်ကြပါနဲ့.. တောင်းပန်ပါတယ်လို့ ပြောသံ...” “ ငါ့ ရဲပေါ်တွေ Full ကား မကြည့်ရတာကြာပြီ.. မရဘူးလုပ်မှာပဲ ” လို့ ပြန်ပြောတာတွေ မင်းတို့ ဆိုရင်ကော နှမချင်းစာနာစွာနဲ့ ဒီအသံတွေကို နားခံနိုင်မလား..။ အဲဒီနေ့က ၁၂-၂-၉၂ နေ့ ။ မှတ်မှတ်ရရ အသတ်ခံရတာ(၁၅)ယောက်၊ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(အထက်ဗမာပြည်)ဥက္ကဌ ကိုထွန်းအောင်ကျော် ၊ တပ်မှူးကြီးသာဓု ၊ ဒေါ်ချိုချိုကျော်ငြိမ်းရဲ့ သား မောင်မောင်ကြွယ်တို့လည်း အဲဒီ အထဲ ပါတယ်။ ( အဲ ထူးထူးခြားခြား မောင်မောင်ကြွယ် က အသတ်မခံရခင် မှာ နာနာကြည်းကြည်း နဲ့ အော်ဟစ် ရယ်မောပြီး အသတ်ခံသွားခဲ့တယ်)။ သတ်တဲ့လူတွေတောင် အမူးပြေသွားတဲ့ အထိ ညဘက်တွေမှာ အဲဒီရယ်သံကြီး ပြန်ပြန်ကြားနေရတယ် ဆိုပြီး သွေးပျက်နေခဲ့ကြသေးတယ်။ တောင်းပန်လို့ မရတဲ့ မိန်းမပျိုလေးက “ အားလုံးကို ကန်တော့ခဲ့ပါတယ်.. ဘဝဆက်တိုင်း ဒီအဖြစ်ဆိုးမှ ကင်းလွတ်ရပါလို၏ ဘုရား” ဆိုပြီး အသတ်ခံသွားခဲ့တယ်...။ အဲဒီ လူသတ် သဘင်ပွဲကြီးကို ဦးဆောင်ခဲ့တာ ဘယ်သူလဲ သိလား...။ ဆက်လက်ဖော်ပြပါမည်။ ကျော်စွာဝင်းမောင် ၁၄-၆-၀၇ ၁၂-၂-၉၂ by Kyawzwar Winmg on Saturday, 21 April 2012 at 11:35 · ၁၂-၂-၉၂ အကြောင်းအမျိုးမျိုးကြောင့် အခြေအနေ အထွေထွေကြောင့် ခင်ရွှေလှိုင် နဲ့ ပတ်သက်လို့ ကျွန်တော့် ကို အမျိုးမျိုး ချောင်ပိတ်မေးနေကြသူတွေကို ကျွန်တော်ပြောပြမယ်။ “ ၄၀၁ က ကျွန်မရဲ့ ရဲဘော်တွေ ဆိုတာ ” သူက မင်းတို့ ရဲ့ ဗိုလ်ကြီး မမ လား ဆိုတဲ့ မေးခွန်းမှာ မဟုတ်ပါ ။ဲပြည့်စိုးနိုင်(ခ)မျီုးနိုင် A/5881 ကျော်စွာဝင်းမောင် A/5882 ခင်ရွှေလှိုင် A/5883 အေဘီ(ဗဟို)မှ တရားဝင်ထုတ်ပေးသော ကိုယ်ပိုင် နံပါတ် တွေပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် မရွှေ ဟာ ကျွန်တော့်ရဲ့ အချစ်ဆုံး ရဲဘော်ရဲဘက် တစ်ဦးပါ။ I never count male or female ဒါပေမယ့် ၁၂-၂-၉၂ ဆိုတဲ့ ခေါင်းစဉ် နဲ့ Punk သီချင်း တစ်ပုဒ်ကိုတော့ အောင်နိုင် ၊ နိုင်အောင် နဲ့ ကျူးလွန်ခဲ့တဲ့သူတွေ ရော ခံခဲ့ရတဲ့သူတွေ အတွက်ရော ရည်ညွှန်းလိုက်ပါတယ် ။ ၁၂-၂-၉၂ (သီချင်း) Punk Beat တိမ်တွေ ပြိုနေပြီ.... ငါ့ရဲ့ အခန်းထဲမှာ ဆေးသားပန်းချီ ပြယ်လွင့်သွား... အိပ်မက်များ .. စာတန်တွေရယ်... မြူးတူးကခုန် သလား ... ပျောက်ဆုံးသွားတဲ့ မျှော်လင့် တံခါးများ...။ နေရောင်မကယ်နီုင်ပြီ.... အတ္တ အမှောင်ထုကြီးကို... ပင့်ကုမျှင်နဲ့ အကျဉ်းချထား... ပိုးဟတ်များ.. နောင်တတွေနဲ့... အရှုံးပေးရမှာလား.... ကြေမွသွားတဲ့ ပန်းငယ်ရိုင်းများ..။ ကျိန်စာ ဝင်နေတဲ့ ... ည ဦးဏှောက်ကို ဖောက်စား ဆယ့်နှစ်ကြိုးတပ် ကဝေမရဲ့ ရေရွတ်သံများ ... အာဆံမြေရဲ့ တေးသွားများက နားထဲ မချိုလည်း လေလွင့်သွားတဲ့ မီးခိုးငွေ့များထဲ....။ Cho; အချိုမြိန်ဆုံး နမိတ် တစ်ခု ငါကြားခဲ့ရပြီ ဟေ့ အမှောင်ယံထဲမှာ လွတ်မြောက် သွားမဲ့ ငါ့ရဲ့ အတ္တ နှလုံးသား .... ... ရည်ညွှန်း (၁၂-၂-၂၀၁၂) ========================== ငါ့ အမ မငယ်လဲ ကျွန်တော် ဆီ စာရေးပါဦး.....။ ကျော်စွာဝင်းမောင် ၂၁-၄-၁၂ Kyawzwar Wingmg facebook မှကူးယူဖော်ပြသည်။

No comments:

Post a Comment

Positive comments welcome.
အပြုသဘောဆောင်သော အကောင်းမြင်ဝါဒဖြင့် ဝေဖန်အကြံပေးမှုများအားလုံးကို
ကြိုဆိုပါ သည် ။