ငြိမ်းချမ်းရေးအသိတရား ခင်ဗျားတို့မှာ ရှိဖို့လိုပြီ
အရိုးမရှိတဲ့ လျှာနဲ့
အကျိုးမရှိမဲ့ဟာ သူလုပ်
ရှုပ်ရှုပ်ရှက်ရှက်
ကွက်ကျော်ရိုက်ချက်များနဲ့
လိမ်လည်လှည့်ဖျားတာများလဲ
ဝူးဝူးဝါးဝါး ၊ တူးတူးခါးခါး နာကျင်ပေမဲ့
ဆူးစူးမလား တွေးမကြောက်တော့
ငြိမ်းချမ်းရေးပန်းပွင့် လှမ်းဆွတ်မိပြီ......။
ငြိမ်းချမ်းရေး အသိ
တန်ဖိုးသိမှ တန်ဖိုးရှိမယ် ၊
လျှို့ဝှက်ချက် မြှုပ်ကွက်တွေနဲ့
ညှိနှိုင်းလိုက် ရွေ့ဆိုင်းလိုက်
ငြိမ်းချမ်းရေး ဆွေးနွေးချက်ကို
ဈေးကွက် စီးပွားရေးလို
ဈေးတွက် တွက်မရ ။
မလျှော့မတင်း စောင်းကြိုးညှင်းသလို
စစ်မခင်းပဲ
စားပွဲဝိုင်းမှာ ရှင်းသင့်ပြီ ၊
ပြည်တွင်းစစ်ရဲ့ အနိဋ္ဌာရုံ
အာရုံမှာ ထင်ဟပ်
သတ်ကြ ဖြတ်ကြ သွေးမြေကျ
ငတ်မွတ်တဲ့ ဘ၀များကို စာနာ
တရားသဘောနဲ့
မတရားမှုကို ဆန်းစစ်ဆင်ခြင်
အမှန်တရား မြင်ဖို့သင့်ပြီ ။
ဝိစိကိစ္ဆာ သံသယစိတ်နဲ့
ဝိ၀ါဒ ကွဲလွဲမှု ညှိနှိုင်းယူ
အကျင့်ရိုင်းတွေ ရှောင်သင့်
အခါမလင့်ခင်
ဝါရင့်ပုဂ္ဂိုလ်များ
အကျွတ်တရား ရသင့်ပြီ ။
တရားသေ၀ါဒ ၊ ခ၀ါချကြ
အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်တဲ့
သွေးချောင်းစီးဆဲ ၊ ပြည်တွင်းစစ်မက်
ပြည်ပနိုင်ငံတွေရဲ့
လက်နက်ဈေးကွက် ဖြစ်နေပြီ ။
ငြိမ်းချမ်းရေး သစ်ရိပ်အောက်
ဒေါသနဲ့ ပူလောင်မှုတွေ ဖြေဖျောက်
ဖြတ်သန်းခဲ့ လမ်းဟောင်းတလျှောက်
စစ်ရိပ် စစ်ငွေ့နဲ့စစ်မီးတောက်ထဲ
စစ်တောင်တန်းတွေ အထပ်ထပ်
မျိုးတူခြင်းသတ်ဖြတ်တဲ့ ဟင်္သာဇာတ်လို
မြန်မာတွေကြာရင် မျိုးပြုတ်ပြီး
ကမ္ဘာကြီးမှာ စုံးစုံးမြုပ်မယ် .....။
အောင်ခိုင်မြင့်
Thanks
Aung Khaing Myint
Type your summary here.Type the rest of your post here.
No comments:
Post a Comment
Positive comments welcome.
အပြုသဘောဆောင်သော အကောင်းမြင်ဝါဒဖြင့် ဝေဖန်အကြံပေးမှုများအားလုံးကို
ကြိုဆိုပါ သည် ။