Saturday, March 20, 2010

အေးစက်ပူလောင်နေတဲ့ည

အေးစက်ပူလောင်နေတဲ့ည

(တောကျောင်းသား)

ဒီလိုညမျိုး ကန်ဘောင်ရိုးထိပ်
တိုးတိတ်ဆူညံ အသံနက်တွေ
ပြေးလွှားနေဆဲ
ဘယ်လိုတွေလဲလူလေးရယ်။

ခုလိုညမျိုး ခြံရိုးအပြင်
သခင်ပျောက်ကို ဆီးကြိုရမ်းယောင်
အောင်နက်ဟောင်သော်
အမေခေါင်းထောင်ကြည့်မိတယ်။

ခုလိုညမျိုး ဟိုတမိုးက
ခဏလေးပါ အမေ့မှာခဲ့
ထွက်သွားတဲ့သား
အလည်လွန်လှ ချည့်လားကွယ်။

ခုလိုညမျိုး မိုးထဲလေထဲ
တိုးခွဲဝင်ရောက် ပျောက်သွားတဲ့သား
ဖျားနာတဲ့အခါ
အမေအိမ်ကိုပြန်လာနော်။

ခုလိုညမျိုး ရိုးတိုးရိပ်တိတ်
အိပ်မက်ထဲမှာ အိမ်ပြန်လာတဲ့
အမေ့ရဲ့သား
မျက်နှာညိုလှချည့်လားကွယ်။

ခုလိုညမျိုး ကန်ဘောင်ရိုးထိပ်
တိုးတိတ်ဆူညံ
အသံတွေ အသံတွေ
အမေ မကြားရပါစေနဲ့ကွယ်။ ။

ထိုင်းနိုင်ငံဘန်ကောက်တွင်ကွယ်လွန်သွားခဲ့သော (ကျော်ဇေယျ)"တောကျောင်းသား"သို့အမှတ်တရ





Type the rest of your post here.

No comments:

Post a Comment

Positive comments welcome.
အပြုသဘောဆောင်သော အကောင်းမြင်ဝါဒဖြင့် ဝေဖန်အကြံပေးမှုများအားလုံးကို
ကြိုဆိုပါ သည် ။