
သင်္ကြန်သို့ လွမ်းခြင်း
တန်ခူးရည်မှတ်
ဖက်ဆွတ်ရည်တိုး
သင်္ကြန်မိုး ဟု
ဆိုရိုးစကား
ရှိခဲ့ ငြားလည်း
ဒို့ များ မြန်မာ
ကနေဒါ တွင်
ဖွေရှာ မှန်းဆ
ပိတောက်ညကို
တမ်းတ အိမ်မက် ခါခါတည်း ။ ။
( ရိုးရာ ရေမြေ နှင့် အတိတ် သင်္ကြန်ည များစွာကို လွမ်းရင်း
နေပြည်တော် မျော်လေတိုင်း ဝေးပြီလော...... )
သင်္ကြန်အလွမ်းပြေ
နှင်းပွင့် တွေကြား
ရေကစားသည့် 
ဒို့ များ မြန်မာ
ကနေဒါ တွင်
ဖွေရှာ တမ်းတ
အတိတ် ဘ၀ကို
မှန်းဆ ရေးရေး မျှသာတည်း ...။ ။
( ကနေဒါ ဧပြီလသည် အေးနေသေးသဖြင့်  ခန်းမကြီးများထဲတွင်သာ
သင်္ကြန် အတု ဖန်တည်း အလွမ်းဖြေလာခဲ့ ရသည်မှာ ဆယ်စုနှစ် ကြာ
ပြီဖြစ်သော မြန်မာတို့၏ဘ၀သည် နှစ်စဉ်ထွက်သမျှ သင်္ကြန်ခွေက
လေးများကို နားထောင်ရင်း ကြည့် ရင်း...မှန်းဆ ရေး ရေး မျှသာဖြင့် ...)
Type the rest of your post here.
ကဗျာ လေးဖတ်ပြီးသင်္ကြန် ကိုလွမ်း သွားပါတယ်ဗျာ၊၊
ReplyDeleteကိုယ်ချင်းစာတယ်ဗျာ
ReplyDeleteအကိုက ရောက်တိုင်း အိမ်လွမ်းအောင် အားကြီး လုပ်တာပဲ၊၊
ReplyDelete;(