Wednesday, March 11, 2009

သွေးမှတ်တမ်း

သွေးမှတ်တမ်း

ရဲဝန့် စွာရင်ဆိုင်မှူတဲ့ 
ရက်စက်ယုတ်မာတဲ့ သူတွေကို
တော်လှန်တာပေါ့ ...။

ဝေတော့ မဲ့ ပန်းကလေးတွေ
ငြိုးနွမ်းရတာလည်း
သူတို့ ကြောင့် ပဲ မဟုတ်လား...။

ရှည်လျှားတဲ့ အမှောင်ထုထဲ က
လှပတဲ့ ကြယ်ပွင့် ကလေးတွေကို တော့ 
ဘာနဲ့ မှဖုံးကွယ်လို့ မရခဲ့ ပါဘူးလေ....။

ပြုံးနေတဲ့ ကျောက်ရုပ်တွေလဲ
အံကြိတ်ထားဆဲ တခဏ
အငိုညရဲ့ သွေးကွက်များ
ပျောက်ဆုံးမသွားပါဘူး....။

တွေဝေနေမဲ့ အစား
သီးခြား ဒီမိုကရေစီနိုင်ငံတော်သစ်
မဖြစ်ဖြစ်အောင်
တည်ထောင်ကြပါစို့ ......။ ။

( ရိုးမရှိုက်သံ ကဗျာစုမှ )

Type the rest of your post here.

2 comments:

  1. ကျွန်တော် မိုင်တွေဘရ်လောက်ဝေးတဲ့နေရာက ဘယ်လိုပဲ ခက်ခဲလွန်းတဲ့ ခရီးတွေ
    မိတကွဲ ဖတကွဲ နဲ့  ရှေ့ကို ဘရ်လိုပဲ လျှောက်လှမ်းနေရပါစေ
    အစ်ကိုတို့ နဲ့ ခရီးဆုံးမှာ အတူရှိနေပါ့မယ်၊၊
    ကျွန်တော် စကားမှန်ကန်ပါက အားလုံးမျှော်လင့်နေတဲ့ စစ်မှန်တဲ့ လူ့ အခွင့်အရေး ဆိုတဲ့ လွတ်လပ်ခွင့် အမြန်ဆူံး ကျွန်တော်တို့ နိုင်ငံမှာ ရရပါလို၏၊၊

    ReplyDelete
  2. တွေဝေနေမဲ့အစား
    သီးခြားဒီမိုကရေစီနိုင်ငံတော်သစ်
    မဖြစ်ဖြစ်အောင်
    တည်ထောင်ကြပါစို့ ...။

    သိပ်မှန်တာပေါ့။ ကဗျာလေးကြိုက်တယ်ကိုကနေဒါရေ.
    ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအမြန်ဆုံးတည်ဆောက်နိုင်
    ကြပါစေ။
    လေးစားစွာဖြင့်,
်Freedomfighter88

    ReplyDelete

Positive comments welcome.
အပြုသဘောဆောင်သော အကောင်းမြင်ဝါဒဖြင့် ဝေဖန်အကြံပေးမှုများအားလုံးကို
ကြိုဆိုပါ သည် ။