Friday, February 20, 2009

သူတို့ ဘဝ



သူ တို့ ဘ ဝ

ပင်စည် ခုတ်ဖြတ်
သူ့ ကို သတ်လည်း
ကိုင်းထပ် ရှင်သန်
သူ့ အား မန်သည်
ဒဏ်ရာ ဒဏ်ချက်
ပြည့် နှက် ပါစေ
သူ မသေ တည့် ။ ။

(ပြည်တွင်း ပြည်ပ ရှိ ကြံ ကြံခံလျှက်ရှိသော မြန်မာ
တိုင်းရင်းသားတော်လှန်ရေး ရဲမေ ရဲ ဘော် အားလုံး
တို့ အား ထာဝရ ဦးညွတ် ဂုဏ်ပြု လျှက် )


( လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော
လက်ဆုပ်တွင်းသို့ကျရောက်နေရငြားသော်လည်း
ငါကား မတုန်လှုပ် မငိုကြွေးကံတရား၏ ရိုက်ပုတ
်ခြင်းဒဏ်ချက်တို့ကြောင့်ငါ၏ ဦးခေါင်းသည် သွေး
သံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ် )

ဗိုလ်ချုပ်အောင်ဆန်း(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု)


Type the rest of your post here.

4 comments:

  1. ကဗျာလေးကကောင်းတယ်။ ကျွန်မတော့ မျော်လင့်ချက် ကင်းမဲ့နေတဲ့ လူငယ်တစ်ယောက်ကနေ ခံစားသွားတယ်

    ReplyDelete
  2. ကျွန်တော် အစ်ကိုနဲ့ အတူ ထာဝရ လက်တွဲ ရင်း ကျွန်တော့ရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ ပြည်သူတွေဖက်ကနေ အသက်ထက်ဆုံး ကူညီသွားမှာပါ အစ်ကို။

    ReplyDelete
  3. ကဗျာလေး ဖတ်ပြီး ခွန်အားဖြည့်သွားတယ် အစ်ကိုရ။ ဒီဘလော့ဂ် လေးကို လင့်ခ်လုပ်ထားလိုက်တယ်အစ်ကို။

    ReplyDelete
  4. သရုပ်ဖော်ပန်းချီကို အတော်သဘောကျနေတယ် အစ်ကို
    အစ်ကိုဆွဲတာလား .. လောလောဆယ်တော့ ဘယ်သူဆွဲဆွဲ သိမ်းထားလိုက်ပြီဗျ .. အဟေးဟေး

    ReplyDelete

Positive comments welcome.
အပြုသဘောဆောင်သော အကောင်းမြင်ဝါဒဖြင့် ဝေဖန်အကြံပေးမှုများအားလုံးကို
ကြိုဆိုပါ သည် ။