ကိုယ်အတိုင်းအတာနဲ့ ကိုယ်
အနီးအဝေး
ခရီးကလေးတခုမှာ
နီးတာ ဝေးတာ
ဘာကိုစံညှိ
မတိကျတဲ့ အတိုင်းအတာ
ဘယ်ဟာမှန်မလဲ ..။
အကြီးအသေး
ပစ္စည်းကလေးတခုဟာ
ကြီးတာသေးတာ
ဘာကိုစံထား
မမှားမဲ့ အတိုင်းအတာ
ဘယ်ဟာယူမလဲ ...။
လူတော်လူညံ
သတ်မှတ်တဲ့ အခါ
ညံ့ တာတော်တာ
ဘာကိုဆိုလို
ဘယ်လိုသတ်မှတ်
ဘယ်ဖြစ်ရပ်နဲ့ နိုင်း
ဘယ်လိုတိုင်းမလဲ ...။
အမှားအမှန်
ပုံသဏ္ဌန်တခုမှာ
ဘယ်ဟာအမှား
ဘယ်နားကအမှန်
ဘယ်ပေတံနဲ့ 
ဘယ်သူထံ
အဆုံးအဖြတ်ခံမှာလဲ ....။ ။
အမှန်အမှားသည်ပင်လျှင်အချိန်အခါနေရာဒေသပေါ်လိုက်၍ ပြောင်းလွဲတပ်ပြန်၏
သို့ သော် ထိုအချိန်ထိုနေရာထိုဒေသရှိ အများ၏ဆုံးဖြတ်ချက်ကိုသာလေးစားလိုက်နာသင့်
ပေသည်...။
လူတွေကို ဘယ်လောက်တန်ဖိုးထားလဲ ဆိုတဲ့ပေတံသုံးရင် ကောင်းမယ်ထင်တယ်နော် :)
ReplyDeleteမှန်တယ်ဗျာ၊ ကျွန်တော်အခုအချိန်အထိ ဘယ်ဟာက အမှား၊ အမှန်ဆိုတာ မသိနိုင်သေးဘူးဗျာ ၊ ခပ်ရှက်ရှက် :D
ReplyDeleteအော် အသက် ၂၀ ကျော်ပါပြီ၊ ဘယ်ဟာက အမှန်ဆိုတဲ့စကား ဘယ်ဟာက အမှားဆိုတဲ့စကားလုံး၊ သိသေးဘူးဗျ၊ ဟဲဟဲဟဲ :D
ReplyDeletethis poem have gravy..
ReplyDeletesaw nan
this poem have many pravy
ReplyDeletei think
hae........ :)