Thursday, September 4, 2008

ဆူး

ဆူး

တဆစ်ဆစ်
နစ်ခဲ့ တဲ့ ဆူး....

မထူးဘ၀အသဲစမှာ
ရက်လရှည်ကြာ ဝေဒနာအဖြစ်
အမြစ်တွယ်ဆဲ မနုပ်ရဲလို့ 
အသဲဆိပ်သင့် ကြွေလွင့်မျက်ရည်
ကြိပ်ခံနေဆဲ တယောက်ထဲငါ
ရင်မှာတမ်းတ ဆူးမှဆူးရယ်
သိပ်ချစ်တယ်ပေါ့ .....

ကြွေတော့ ရာသီ နာရီတွေပြောင်း
ဒဏ်ရာဟောင်းက ကုမရချိန်
အသဲအိမ်စူးနစ် တဆစ်စစ် နဲ့ 
နုပ်ပြစ်ဖို့ လည်း ဒို့ မရဲ လို့ 
ဒို့ အသဲ လည်း ကြွမ်းတော့ မယ်....

1997 , June , မဟေသီမဂ္ဂဇင်းမှ




3 comments:

  1. မထူးဘ၀အသဲစမှာ
    ရက်လရှည်ကြာ ဝေဒနာအဖြစ်
    အမြစ်တွယ်ဆဲ မနုပ်ရဲလို့ 
    အသဲဆိပ်သင့် ကြွေလွင့်မျက်ရည်
    ကြိပ်ခံနေဆဲ တယောက်ထဲငါ
    ရင်မှာတမ်းတ ဆူးမှဆူးရယ်
    သိပ်ချစ်တယ်ပေါ့ .....

    ဒီနေ့ ကဗျာတွေ လာဖတ်တယ်---အားလုံး
    တော့မဖတ်ပြီးသေးဘူး---
    မဟေသီမှာ ရေးခဲ့တဲ့ ဆူး ဆိုတဲ့ ကဗျာလေး
    တော့ အရမ်းကြိုက်တယ်---
    ကိုကနေဒါက ကဗျာအရေးကောင်းတယ်နော်
    ခင်မင်လျက်
    မသက်ဇင်

    ReplyDelete
  2. ကိုကနေဒါရေ....
    ကဗျာလေးကိုခံစားမိပါတယ်။အရေးအသားလေးကလည်း တော်တော်ထိမိတယ်။

    ReplyDelete
  3. ကိုကနေဒါရေ....

    ကဗျာလေးက ကောင်းလိုက်တာ.ခံစားမိပါတယ်.

    ReplyDelete

Positive comments welcome.
အပြုသဘောဆောင်သော အကောင်းမြင်ဝါဒဖြင့် ဝေဖန်အကြံပေးမှုများအားလုံးကို
ကြိုဆိုပါ သည် ။