Saturday, July 26, 2008

ဆွစ်ဇာလန်မှ အတွေး

ဦးသန့် သို့ အမှတ်တရ

ထိုဓါတ်ပုံ ရှေ့ 
တမေ့ တ မော
ရပ်နေသောငါ
ဂျီဏီဗာတွင် ( Geneva )
ငါပင်မြန်မာ
ဝင့် ကြွားစွာဖြင့်
ထပ်ဆင့် ရှင့် ပြ
ဂုဏ်ယူရခဲ့ 
အတိတ်ရဲ့ ကြီးမြတ်
ဘ ဘ သန့် သည်
တပ်လှန့် နိုး ကြား
ခွပ်ဒေါင်းများ၏
ကြိးမားမှတ်တိုင်ပါတကား ။ ။

( ခေတ္တ ဆွစ်ဇာလန် ) Oct 03, 1996
( UNHCR - Room XVII, NGOs Conference သို့ အမှတ်တရ

မြန်မာပြည်မှာ သေရမယ်။
အကြောင်းအမျိုးမျိုးကြောင့်
ရေမြေခြားကိုရောက်နေရပေမယ့်
တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။
အခွင့်အရေး တစ်စုံတစ်ရာကြောင့်
နိုင်ငံခြားသားလုပ်ဖို့
ဘယ်တော့မှ စိတ်မကူးလေနဲ့။

(ဦးသန့်)

ဦးသန့်  အား စိတ်မှန်းဖြင့် တောင်းပန်အပ်ပါသည်....
ယနေ့  လက်ရှိ မြန်မာနိုင်ငံအခြေအနေအရပ်ရပ် အရ တော့ 
ကမ္ဘာ မှာ မြန်မာ ပြန့် ရမယ် လို့  ကျွန်တော်ယုံကြည်ပါသည်။





Type the rest of your post here.

2 comments:

  1. ပညာရှင်တွေ မပြန့်ပဲ အလုပ်ကြမ်း သမား ၊ အရက်သမား၊ ဘိန်းစား၊ ဆေးသမား၊ သန့်ရှင်းရေး နဲ့ ရူးချင်ယောင် ဆောင်စားတဲ့ လူတွေ ပဲ များ နေရင် တော့ သိပ် မကောင်းလှ ဘူး ဗျာ ...

    မြန်မာတွေ ဘယ်ရောက်ရောက် အမြင့်စား ... အထက်တန်းစားပဲ ဖြစ်အောင် တော့ ကူညီ ဝိုင်းဝန်း ကြိုးစား ဖေးမပေး စေချင် ပါတယ် ...

    လေးလေး နက်နက် တောင်းဆိုတာပါ ... ဘာ ဘက်လိုက်မှုမှ မပါပါဘူး ... မြန်မာ နိုင်ငံ တိုင်းပြည် နဲ့ လူမျိုး ကောင်းစားဖို့ တစ်ခုတည်းအတွက် ဆိုရင် အားလုံး က တစ်ဖက်တည်းမှာပါ ... ဘယ်သူမှ အဖျက်သမား မဟုတ်ပါဘူး ... အပြုသမားတွေပဲ ဖြစ်နေမှာပါ ... မှန်မှန် ကန်ကန် ရိုးရိုး သားသား ကြိုးကြိုး စားစား လုပ်ကြဖို့ ပဲ လိုတယ် လို့ ယုံကြည်ပါတယ် ...

    လေးစားပါတယ် ... ကျေးဇူးတင်ပါတယ် ခင်ဗျာ ...

    ReplyDelete

Positive comments welcome.
အပြုသဘောဆောင်သော အကောင်းမြင်ဝါဒဖြင့် ဝေဖန်အကြံပေးမှုများအားလုံးကို
ကြိုဆိုပါ သည် ။