Friday, June 20, 2008

အလွမ်းနဒီဘေးမှာ

အလွမ်းနဒီဘေးမှာ

အလွမ်း တပွင့်
ပန်းတပွင့် 
လမ်းသင့် လျှင်မျှော
လွမ်းရေကျောမှာ
လွမ်းသောသူကမျှောလိုက်သည် ။

အနမ်းတခါ
ပန်းတခါ
အကျင်နာချွေချ
တချိန်ကပေါ့
သူမပေးဆက်ဖူးပါသည် ။

အနမ်းကြောင့်ဆွေး
ပန်းခြောက်ကလေး
ဖြေးဖြေးချွေမွှ
သတိယရင်
တစစီလွှင့် ချွေ တပ်ပါသည်။

အနမ်းတဆ္ဆေ
ပန်းကဝေ
လွမ်းလေပြေခ
လသာညမှာ
သူမပျော်မွေ့ ဘူးပါသည် ။

အနမ်းအိမ်မက်
ပန်းချိန်စက်ဖြင့် 
အိပ်စက်ညများ
ဘ၀တပါးမှ
သူ့ အားတောင်းဆုပြုပါသည် ။

( ရိုးမချောင်းခြားဘ၀တပါးမှ သူမသို့ )


ရိုးမချောင်းခြားဘ၀တပါးမှ သူမသို့ 

4 comments:

  1. ကောင်းလိုက်တာဗျာ။ စကားလုံးလေးတွေက နူးညံ့လိုက်တာ။ ဘ၀တပါးသာ ပြောင်းမသွားရင် ဒီကဗျာကို သေချာပေါက်ခိုးသွားမှာ...ဟီ..ဟိ

    ReplyDelete
  2. ကဗျာရဲ့ ခံစားမှုနဲ့ စာဘောင် အနားကွတ်တွေက အရမ်းလှတယ်ဗျာ..

    ReplyDelete
  3. ကဗျာရဲ့ ရသလေးက စာဘောင် အနားကွတ်နဲ့ အရမ်းလှနေတယ်ဗျာ..

    ReplyDelete
  4. တတိတွေရနေတယ်ပေါ့လေ

    ReplyDelete

Positive comments welcome.
အပြုသဘောဆောင်သော အကောင်းမြင်ဝါဒဖြင့် ဝေဖန်အကြံပေးမှုများအားလုံးကို
ကြိုဆိုပါ သည် ။