Wednesday, April 30, 2008

ဂျာမဏီ ညများသို့ ...

ဟစ်တလာညများသို့ ....

ဟစ်တလာည
သိပ်လှပ၏..။

သူ၏သမိုင်း
ဘယ်သို့ ရိုင်းလည်း
သူ့ တိုင်းပြည်အတွက်
သူလုပ်ခဲ့ တာ
ယနေ့ ကမ္ဘာမှာ
ဂျာမဏီ....။

သူမည်သည်ကား
သမိုင်းမှားလည်း
ရဲရဲစွန့် ခဲ့ 
တိုင်းပြည်အတွက်မို့ 
သူ့ ရဲ့ ပြည်သား
သူ့ လေး စား၏....။

သူ၏ပြည်မှာ
ဟစ်တလာည
သိပ်လှပ၏...။ ။


( 1996, ဖရန့် ဖို့ ညများသို့ အမှတ်တရ )
ခေထ္ထ ဂျာမဏီ


( ဟစ်တလာအား လေးစားစရာ သူရဲ ကောင်းတဦးအနေနှင့် 
ရေးသားခံစားထားခြင်း မဟုတ်ပါ ၊ သမိုင်းမှာ အမှားလုပ်တာ
ရက်စက်တာခြင်းတူရင်တောင်မှ မြန်မာ စစ်ခေါင်းဆောင်များ
၏ မိမိလူမျိုးခြင်းအပေါ် ရက်စက် မှူများကို နိင်းယှဉ် ခံစားဖွဲ့ 
ဆိုထားခြင်းမျှသာ ဖြစ်သည့် အပြင် မိမိလူမျိုးချင်းအပေါ်သာ
အနိုင်ကျင့် ရဲ သော အိမ်ကျယ် မြန်မာ စစ် အစိုးရကို မီးမောင်း
ထိုးပြခြင်း သာဖြစ်ပေ၏ ။


Monday, April 28, 2008

ဂျဏီဗာ မှဦးညွတ်ခြင်း

ဦးသန့် သို့ အမှတ်တရ

ထိုဓါတ်ပုံ ရှေ့ 
တမေ့ တ မော
ရပ်နေသောငါ
ဂျီဏီဗာတွင် ( Geneva )
ငါပင်မြန်မာ
ဝင့် ကြွားစွာဖြင့်
ထပ်ဆင့် ရှင့် ပြ
ဂုဏ်ယူရခဲ့ 
အတိတ်ရဲ့ ကြီးမြတ်
ဘ ဘ သန့် သည်
တပ်လှန့် နိုး ကြား
ခွပ်ဒေါင်းများ၏
ကြိးမားမှတ်တိုင်ပါတကား ။ ။

( ခေတ္တ ဆွစ်ဇာလန် ) Oct 03, 1996
( UNHCR - Room XVII, NGOs Conference သို့ အမှတ်တရ

မြန်မာပြည်မှာ သေရမယ်။
အကြောင်းအမျိုးမျိုးကြောင့်
ရေမြေခြားကိုရောက်နေရပေမယ့်
တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။
အခွင့်အရေး တစ်စုံတစ်ရာကြောင့်
နိုင်ငံခြားသားလုပ်ဖို့
ဘယ်တော့မှ စိတ်မကူးလေနဲ့။

(ဦးသန့်)

ဦးသန့်  အား စိတ်မှန်းဖြင့် တောင်းပန်အပ်ပါသည်....
ယနေ့  လက်ရှိ မြန်မာနိုင်ငံအခြေအနေအရပ်ရပ် အရ တော့ 
ကမ္ဘာ မှာ မြန်မာ ပြန့် ရမယ် လို့  ကျွန်တော်ယုံကြည်ပါသည်။

Friday, April 25, 2008

စိတ္တဇကွန်ခြာထဲမှာ

စိတ္တဇကွန်ခြာထဲမှာ

အနည်းနှင့် အများ
အမှားနှင့် အမှန်
သဏ္ဌာန်တူကွာခြားချက်
အဖက်ဖက်ရှူ့ ဒေါင့် များနဲ့ 
အနားမညီ ဗဟုဂံကတစ်ခု ။

အတုအပ အပြိုင်အဆိုင်
စတိုင်ဟန်ထုတ်
သရုပ်ဆောင်မှူပီပြင်
ရုံမတင်သော ကပွဲများ ။

ခြစားဖုံတက်
ရင်ကျက်ဟောင်းနွမ်း
လရောင်လမ်းမှ
မျှော်မှန်းအိမ်မက်
အတွေးနက်မည့် 
စာအုပ်တွေ ။

အပြုံးအမဲ့ နဲ့ 
ကဲ့ ရဲ့ ရှုတ်ချရင်း
အတ္တမြင်းစီး
အမှောင်ခရီးနှင်
မပီပြင်သော
ခရီးသွားကတချို့ ။

ကောင်းကင်မြေထက်
နေထွက်လ၀င်
အသွင်သဏ္ဌာန်ပြောင်း
လဟောင်းနှစ်ထပ်
လည်ပတ်နေမည့်  ကမ္ဘာမြေ ။ ။


Tuesday, April 22, 2008

သံသယ ဘီလူး .... ( ကဗျာပုံပြင်)

သံသယ ဘီလူး .... ( ကဗျာပုံပြင်)


ဟိုး...............
ရှေးရှေးတုန်းက ဒသနပြည်မှာ
တပ်စွစုံလင် ရှင်ဘုရင်နှင့် 
လုလင်မင်းသား မူးမတ်များစုံ
သင်းထုံ ပညာရှိ ပေါများဘိ၏...။

တိုင်းသူပြည်သား လူအများလည်း
တိုးပွားဆန်ရေ ဥစ္စာတွေနှင့် 
ဘုရင့် တိုင်းပြည်သာ ရာစည်ခိုက်....။

ယုတ်မာဘီလူး အသားစားကျုးဘို့ 
ပြည်သို့ ဝင်ရန် သူကြံသော်လည်း
စစ်ကဲတံခါး များပြားစောင့် ကြပ်
မြင့်မြတ်သည့် ဘုန်း စည်းရုံးမြဲ မြံ
ဝန်းကာရံသော် ၀င်ရန်မရ
ယုတ်စွအကြံ ကလိန်ဉာဏ်ဆင်၍
ရသေ့ ယောင်ဆောင်လျှက်နေလေ၏..။

မိုးသောက်နံနက် မြို့ ပြင်ထွက်၍
လယ်ထွက်ယာသွား အလုပ်များသော်
မသူတော်ရသေ့  လူတွေရှေ့ မှာ
ဆိတ်စွ ဣနြေ္ဒ တင်ပျင်ခွေထိုင်ကာ
ဘာဝနာတရား ပွားများနေ၏..။

ရွာသူရွာသား ကြည်ညိုပွား၍
များပြားလှူရှာ ၀တ်ပြုကာပင်
" အရှင်ဘုရား ကျွန်တော်များ၏
တည်ရှိပြည်ရွာ ကြွမြန်းပါ၍
ပျော်မွေ့ သီတင်းသုံးပါ ဖရား"..ဟု
လျှောက်ကြားလေသော်....။

မသူတော်ရသေ့  အကြံစေ့ ကာ
" ဒီမှာတကာ... ကြွလာချင်ပေမဲ့ 
သင်တို့ ပြည်မှာ လူယောင်ဆောင်ထား
ဘီလူးများရှိလို့  ကြွဘို့ မရဲ ဘူး
ဒကာ ကြီးတို့ ..".... တဲ့ .....။

ဤသို့ ဆိုသော် ထိုပြည်တော်တွင်
ပြည့် ရှင် ရွာသား လူအများတို့ 
ကြောက်ရွံ့ ထိတ်လန့်  သတင်းပြန့် ကာ
သူငါကြည့် ကြ သံသယ ဖြင့် 
စု ကြတီးတိုး ရွပိုးထိုး ကာ
ခြောက်ခြားလာ ၏....။

ညဖက်ဆိုလည်း မအိပ်ရဲ ပဲ
မဲ မဲ မြင်ရာ စိတ်ထင်ကာ ဖြင့် 
တူရာစု ကြ သံသယမှာ
ဖမ်းဆီးကာပင် ရွာအပြင်သို့ 
သတ်ပြီးပို့ ၏....။

ဘုရင်က အစ စန္ဒာလအထိ
ကြည့် ကြပြူးပြဲ ဘီလူးပဲထင်ရာ
တစ်ချို့ မှာလည်း ကံမွဲသည့် ဘုန်း
လူတွေမုန်းလို့ စုဂုံးချောကာ
သန်ပြန်ပါရော.......။

ရွာအပြင်ပို့  အလောင်းတို့ ကို
ဆို့ မျို ပျော်ပါး အောင်သွားသူ့ အကြံ
သူထပ်မံလို့ " ဒကာတို့ ပြည်မှာ
နောက်ထပ်ရှာဦး လူ့ ဘီးလူး တို့ 
ကျန်သေး၏.." .....တဲ့ .....။


သာစွပြည်မှာ ခြောက်ခြားလာပြီ
မစည်မကား ကုန်သည်များလည်း
ရဲရဲမလာဝံ့  တချို့ စွန့် သွား
မင်းသားပညာရှိ သာသည့် တိုင်းပြည်
ပြောင်းရွေ့ လေ ပြီ.......။

တိုင်းပြည်မှာလည်း သူ့ မဲ ငါ့ မဲ
တူရာတွဲကာ အစိတ်စိတ်ကွဲပြား
ဂလဲ့ စားတန်ပြန် မူမမှန်ဖြတ်ထုံး
အမုန်းနောက်ဆုံးမှာ.....
တိုက်ကြပါရော အချင်း ချင်း...
သတ်ကြပါရော အချင်းချင်း....။

အင်း.................
တိုင်းပြည်လည်းပျက် ကျိုးပဲ့ကန်းတည်း
အဆိုးချည်းကျန်မှ သံသယဘီလူး ကုန်သွား၏..။

ထိုအခါမှကြွယ်ဝပရိယယ်
ဘီလူး တကယ် မှာ ဟင်္သာကိုးသောင်း
ပျက်စီကြောင်းဖြင့်  ဖြားယောင်းဇတ်ခင်း
သူသိမ်းသွင်း၏...။

လူတုံးလူအ ကျန်သမျှလည်း
ရင်ထဲနောင်တ ခုမှရကား....
" အသားစားဘီလူးသာ ရွာဝင်ပါလည်း
ရွာထဲ ဒီလောက်မပျက်စီးတဲ့ ..." ။

သံသယ ဘီလူး ပါ ရွာဝင်ကာမှ
ယုတ်စွအဆုံး ပြုတ်ပြုတ်ပြုန်း၍
ရွာလုံးကျွတ်မျှ နောင်တရ သည်...
ရိုးမ ပုံ ပြင်ပါ တကား....။ ။

( ကဗျာပုံပြင်ပြီး၏ 19** )
( အဇ္ဈထ မဂ္ဂဇင်း မှ ...)

Friday, April 18, 2008

လူနွား


လူနွား

မှန်သလား မှားသလား

ခွဲခြားမသိ ရှိသည့် ခွန်အား

ကြီးသော်ငြားလည်း

နဖါးကျိုး လစာ တာဝန် တံပိုး

ရိုကျိုး သခင့် ထံ နှင်တံ အမိန့် 

တံဆိပ် ချူ ဆွဲ ခိုင်းလည်းကောင်းအောင်

ဖေ့ သားမောင်ရေ..ကောက်ရိုး တွေစား

မင့် ခွန့် အား မှ စပါး ဆန် တို့ သူ ယူ၏ ။ ။

............ ( စိုးမိုးသူ )..

( ၁၂ ရက် ၈ လ ၁၉၈၉ ခုနှစ် အရေးတော်ပုံဂျာနယ် - ပြည်တွင်း ) မှ

( ၁၂ ရက် ၁ လ ၁၉၈၉ ခုနှစ် ဒို့ ခွပ်ဒေါင်း စာစောင် - ABSDF ) မှ

ကျေဇူးကန်းကြသူများ


ကျေးဇူးကန်းကြသူများ

အမျိုးသားမန် ဇာတိမန်
ရှင်သန်နိုးကြား တိုင်းတပါးတွင်
ငါလျှင် မြန်မာ မမေ့ ပါနှင့် ..။

ဤမြေမှာနေ ဤရေကိုသောက်
လူလားမြောက်ခဲ့ ဒို့ ရဲ့ သိဥာဏ်ဝန်ခံပါလျှင်
ရှေးစဉ် ဘိုးဖွား သင်ကြားပေးခဲ့ 
အတိတ် ရဲ့ မြန်မာ ကျေးဇူး သာ လော...။

မြန်မာ ပြည်မှာမွေး
မြန်မာ ကလေးဖြစ်ပေမဲ့ 
မြန်မာ ချစ်တဲ့ စိတ်ဓါတ်
မြင့် မြတ်မှ ရှိ မှာပေါ့ ....။

မြန်မာတော့ မြန်မာ
ကာလကြာရွေ့ လျှား
မေ့ သွားခဲ့ ဘဝ
အတ္တ ရဲ့ အဏာဂတ်မှာ
" ငါ " ကနေဒီယန် တဲ့ လေ.......။ ။

. ......... ( စိုးမိုးသူ ) ......
၂၀၀၁ - မြန်မာ့ စောင်း စာစောင် ( မြန်မာ ကနေဒီယန် အသင်း ) မှ